🌿ကျောင်းကြီးထဲမှာ တစ်ညတာ 🌿
…………………………………………….

ကျွန်ပ်နယ်မြေသစ်သို့ ခရီးထွက်ရန်အကြောင်းဖန်လာ၏။
အကြောင်းကား တရုတ်ပြည် ဝူဟန်မြိ ု့မှစ၍တကမ္ဘာလုံးတိုင်ကူးစက်ပျံ့ပွားကုန်သော ကိုဗစ် ၁၉ ကြောင့်ပင်ဖြစ်တော့၏။

ထိုေ၇ာဂါဆိုးအကြောင်းအားလုံးသိပြီးဖြစ်ကြ၍
အကျယ်တ၀င့်မရှင်းပြတော့ပါ။

ရန်ကုန်တွင် ရုံးများ၊စက်ရုံအလုပ်ရုံများလည်းရောဂါကြောင့်
တစ်ခုပြီးတစ်ခု ပိတ်ကုန်၏။

ရောဂါအခြေအနေကြောင့် သယ်ယူပို့ဆောင်ေ၇းကားဂိတ်၊ရထားဂိတ်များလည်း ပိတ်ကုန်သောကြောင့်
ကျွန်ပ်မှာ အခက်တွေ့၇တော့၏ ။

စော၍နယ်မပြန်မိခြင်းအတွက် ယခုမှနောင်တ၇နေမိ၏။ ရန်ကုန်တွင်လည်း ယခုလိုအခြေအနေမျိးတွင်ဆက်မနေချင်။ ပြန်ရရန်လည်းမလွယ်ကူသောကြောင့် ဘေးကျပ်နံကြပ်ရှိနေတော့သည်။

ကျွန်ပ်ကား ငှားထားသောအခန်းကျဉ်းလေးတွင်
ရှိစုမဲ့စု ပစ္စည်းလေးများ သိမ်းဆည်းထုတ်ပိုး၍
အထုတ်ပုံဘေးထိုင်ကာ အကြံအိုက်ကာ ခြေပစ်
လက်ပစ်ထိုင်နေစဉ် ကျွန်ပ်ဟန်းဖုန်းမြည်လာသော
ကြောင့် ကြည့်လိုက်၇ာ ကျွန်ပ်မသိသော
ဖုန်းနံပတ်စိမ်းတစ်ခုဖြစ်နေသည်။

” … ဟလို… အမိန့်ရှိပါ….”

” ကျော်ဇင်လား ခုဖုန်းကိုင်တာ…. “

“…ဟုတ်ပါတယ် ခုကဘယ်သူပါလဲ… “

” ဟေ့ကောင် ငါ့တောင်မမှတ်မိဘူးလား
ငါကျော်စွာလေကွာ မင်းနဲ့တခန်းတည်းကပ်ရက်
အတူနေ ခဲ့သူတောင်မမှတ်မိဘူးလား……”

” ဟာ…ကျော်စွာ ဆောရီး ဖုန်းကနံပတ်စိမ်း
ဖြစ်နေလို ကျော်စွာ…. “

“…အေး ကျော်ဇင် ငါလည်းနေပြန်ေ၇ာက်နေတာကြာပြီ
၇န်ကုန်ကေ၇ာဂါအခြေအနေသိချင်လို့
မင်းဆီဖုန်းဆက်ကြည့်တာ အခြေအနေဘယ်လိုလဲ…. “

” အေးကွ ၇န်ကုန်ကစက်ရုံအလုပ်ရုံတွေပိတ်လိုက်ပြီ
တချို့မြိ ု့နယ်တွေ လော့ဒေါင်း ချမယ်ကြားတယ်
ငါလည်း ၇န်ကုန်မှာသောင်တင်နေပြီ… “

ဖုန်းဆက်လာသူကား လွန်ခဲ့သောတစ်နှစ်ခန့်က
ကျွန်ပ်နဲ့အဆောင်ခန်းကပ်၇က်တွင်ငှား၇မ်းနေထိုင်
သွားသူပင်။
တစ်ယောက်နဲ့တစ်ယောက်လည်း ညီ၇င်းအစ်ကိုပမာ ရင်းနှီးခင်မင်မိကြ၏။

၇န်ကုန်မြေကိုကျောခိုင်း၍ နယ်ပြန်၍
မိဘ အလုပ်များ လုပ်မည်ဆိုကာ ပြန်သွားသည်မှာ
လအတန်ကြာချေပြီ။ ကျွန်ပ်ကား အလုပ်ကိစ္စ၊လူမူေ၇းကိစ္စများနဲ့လုံးချာလည်ကာ သူ့ကိုပင်ဖုန်းမဆက်မိ။
သူကလည်း ကျွန်ပ်ထံဖုန်းဆက်မလာသောကြောင့်မေ့လျောနေ၇ာမှယခုမှ ဖုန်းဆက်လာခြင်းပင်။

ကျွန်ပ်မှာ ၇န်ကုန်တွင်ကြုံ၇သမျအခြေအနေများကိုကျော်စွာအားပြောပြမိ၏။

“…ဟ.. မင်းအခြေအနေက မလွယ်ပါလား
အလုပ်မရှိတော့
နေထိုင်စားသောက်ဖို့ကခက်ခဲနိူင်တယ်
ဒီလိုလုပ်ပါလား.. မင်းငါ့ဆီလာခဲ့ပါလား… “

” လာချင်လည်းလာဖို့မဖြစ်နိူင်ဘူး ကျော်စွာရာ
ကားတွေလည်းပိတ်လိုက်ပြီ ….”

” မင်းလာချင်ရင်ပြော ငါရအောင်စီစဉ်ပေးမယ်
လာခဲ့ကွာ ငါတို့့ချင်းလည်းမတွေ့ရတာကြာပြီ… “

“..အေးကွာ လာလို့အဆင်ပြေရင် ငါလာခဲ့မယ်…”

“ကောင်းပြီ… ညကျရင်ငါဖုန်းဆက်လိုက်မယ်
မင်းဖက်က အဆင်သင့်သာပြင်ထားပေတော့… “

ကျွန်ပ်ကားယခုအခြေအနေမျိုးတွင်
ကျော်စွာ ဖိတ်ခေါ်ခြင်းကို လက်ခံလိုက်မိ၏။
ညနေစောင်းတွင်
ကျော်စွာထံမှ ဖုန်းပြန်ခေါ်လာသည်။
သူတို့နယ်ဖက်မှကွမ်းလာပို့သောကား သီရိမဂ်လာစျေးသို့မနက်ဖြန်ေ၇ာက်မည်။
ထိုကားဖြင့်ကျွန်ပ်လိုက်လာ၇န်၊ကားသမား ဖုန်းနံပတ်တစ်ခု မက်ဆေ့ ပေးပို့လာ၏။

နောက်တနေ့ညနေစောင်းတွင်
ကျွန်ပ်မှာ ကွမ်းကား ပေါ်တက်၍ ကျော်စွာတို့
နယ်သို့ခရီးဆက်ခဲ့တော့၏။

ရန်ကုန်မှညနေလေးနာ၇ီစထွက်သော
ကားမှာ ညရှစ်နာရီခန့်တွင်ကျော်စွာရှိ၇ာ ရွာငယ်လေးသို့ေ၇ာက်ရှိခဲ့တော့သည်။

ပထမဦးစွာ ကျော်စွာ နေထိုင်၇ာနေ၇ာကို
ပြောပြပါမည်။
ရန်ကုန်န ဲ့မဝေးလှသော
ဧရာဝတီတိုင်းဒေသမှ အိမ်ခြေတရ့ာငါးဆယ်ခန့်ရှိ
ရွာငယ်လေးတစ်ရွာဖြစ်၏။

ရွာစီးပွားရေးမှာ ကွမ်းစိုက်ပျိုးရောင်းချခြင်းဖြင့်
စီးပွားရေးပြေလည်သော ရွာတစ်ရွာဖြစ်သည်။
ကျော်စွာ တို့မိသားစုမှာ လေးယောက်ဖြစ်ပြီး
သူ့အောက်မှညီတစ်ယောက်ရှိကာ စီးပွားရေးမှာ
အများနည်းတူကွမ်းခြံသုံးလေးခြံစိုက်ပျိုး၍စီးပွားရေးချောင်လည်ကြ၏။

ယခုမူကား ကွမ်းတင်ပို့ခြင်းလုပ်ငန်း
ရပ်ဆိုင်းထားရသောကြောင့် စီးပွားရေးထိခိုက်ကုန်ကြ၏။

သူတို့ရွာသို့ ကျွန်ပ်လိုက်ပါလာသောကားမှာ ကွမ်းလာပို့သော နောက်ဆုံးကားဟုဆိုရမည်ပင်။
ကျော်စွာမှာ ကျွန်ပ်ရောက်လာခြင်းအတွက်
ဝမ်းသာအားရ ဧည့်ဝတ်တာဝန်ကျေပြွန်စွာ
ကျွေးမွေးဧည့်ခံရှာ၏။ မိသားစုဝင်များကလည်း
သဘောမနောကောင်းကြသူများပင်ဖြစ်သည်။

ကျွန်ပ်အနေအထိုင်မကျဉ်းကျပ်စေရန်
ပြောဆိုဆက်ဆံကြသည်မှာမိသားစုရင်းခြားကဲ့သို့ပင်။
သို့ရာတွင်ဘေးပတ်ဝန်းကား ကျွန်ပ်ကိုမယုံသင်္ကာ
ကြည့်နေကြသည်ကို ကျွန်ပ်ရိပ်စားမိ၏။

ရောဂါဆိုးကြောင့် သူတို့စိတ်တွင်းဖြစ်ပေါ် နေသောခံစားချက်ကို ကျွန်ပ်နားလည်မိ၏။ အပြစ်မတင်မိပေ။

ထိုသို့ဖြင့်………..
ကျွန်ပ်ထိုရွာသို့ရောက်ပြီးသုံးရက်မြောက်နေ့။
နေ့လည်စာစားပြီး၍ ကျွန်ပ်နဲ့ကျော်စွာဧည့်ခန်းတွင်
ရေနွေးကြမ်းသောက်ရင်း ရောက်တတ်ရာရာ
ပြောနေကြချိန်…..

“…ကျော်စွာ… ဟေ့… ကျော်စွာ… အောက်ခနဆင်းခဲ့ပါအုံး မင်းအိမ်ကဧည့်သည်ပါခေါ် ခဲ့…. “

ခေါ် သံကြောင့်အိမ်ဝရန်တာမှ ကျွန်ပ်နဲ့ကျော်စွာ
လှမ်းကြည့်လိုက်ကြရာ လူဆယ်ယောက်ခန့်မျ
အိမ်ရှေ့တွင်တွေ့လိုက်ရ၏။

ထိုအထဲမှခပ်ဝဝလူမှစကားပြောလာ၏။ (နောက်မှသိရသည်မှာကျေးရွာလူကြီး)

” ဘာကိစ္စရှိလို့လဲ ဦးသာအောင်…. “

” အေး.. ကိစ္စကိုစကားပလ္လင်ခံမနေတော့ဘူးကွာ
အားနာနေလို့လည်း မဖြစ်ဘူး အားနာနေရင်
တစ်ရွာလုံးအသက်အန္တရယ်အတွက်စိုးရိမ်ရတယ်.. “

“…ဟင်… ဘယ်လိုကိစ္စများလဲ ကျွန်တော်နဲ့ရောဘာပတ်သက်လဲ… “

” မင်းနဲ့တော့တိုက်ရိုက်မပတ်သက်ဘူးပေါ့ကွာ
ခုကမင်းဧည့်သည်ကို ထိန်းသိမ်းထားဖို့ ငါတို့လာခေါ်တာပဲ… “

” ဟာ အဓိပ္ပာယ်မရှိတာပဲ ဉီးသာအောင်
ကျွန်တော်ဧည့်သည်ဘာအမှားလုပ်မိလို့လဲ “

” မင်းလည်းသိပါတယ် ခုဖြစ်နေတဲ့ရောဂါအခြေအနေကို ခုဆိုရင်
ရွာသားဖြစ်ပါစေ တခြားတနယ်သွားလို့
ပြန်လာရင် ရွာထဲဝင်ဖို့ ထိန်းသိမ်းရေးစခန်း
နှစ်ဆယ့်တစ်ရက်ဝင်ပေးရတဲ့လုပ်ဆောင်ချက်
စနေပြီ ခုလည်းမင်းဧည့်သည်ကို နှစ်ဆယ့်တစ်ရက်
ထိန်းသိမ်းရေးစခန်းဝင်ခိုင်းမလို့ လာခေါ်တာပဲ “

” ဟာဗျာ သူကရန်ကုန်ကလာတာ
နိူင်ငံခြားကလာတာမဟုတ်ဘူး
ဘာရောဂါမှလည်းမရှိဘူး… “

” ဒါ ငါ့သဘော ငါ့ဆန္ဒလုပ်တာမဟုတ်ဘူး
ကျော်စွာ တစ်ရွာလုံးက လုပ်ပေးဖို့ပြောလို့
ငါဦးဆောင်လုပ်ပေးရတာ “

ကျော်စွာ နဲ့ ဦးသာအောင် အပြန်အလှန်စကား
ပြောဆိုရင်း အခြေအနေသည်တင်းမာစပြုလာ၏။
ကျော်စွာက ကျွန်ပ်ဖက်မှ အကြောက်အကန်ရပ်တည်ပေးသော်လည်း
ယခုအခြေအနေက ကျွန်ပ်တို့ဖက်က မှားနေသောကြောင့် စကားဝိုင်းသို့ ကျွန်ပ်ဝင်ပါရတော့မည်မှန်းသိလိုက်၏။

” ဟုတ်ကဲ့ ဒီကဦးမင်းတို့စီစဉ်ထားတဲ့အတိုင်း
ကျွန်ပ်နေပေးပါ့မယ် စီစဉ်ထားသလိုလုပ်ပါ “

” ဟာ ကျော်ဇင်….. “

“ငါ့အပေါ်အားနာပြီး တရွာလုံးနဲ့ တစ်ယောက်
ဘက်ကန်မနေနဲ့ကျော်စွာ… ခုကတစ်နိူင်ငံတည်း
အရေးမဟုတ် ကမ္ဘာ နဲ့ပါဆိုင်တဲ့ရောဂါ
ငါနားလည်ပါတယ်…. “

“ခုလိုနားလည်မူထားပေးလို့ကျေးဇူးပဲတူမောင်ရေ
ခုတခါတည်းသွားကြရအောင် လိုက်ခဲ့ပေးပါ “

” ကျော်ဇင်ရယ် ငါအားနာတယ်ကွာ ငါ့ဆီလာမှခုလိုဖြစ်ရတယ်လို့… “

” မင်းနဲ့ မဆိုင်ပါဘူး နေရာတိုင်းမှာ ခုလိုဖြစ်နေတဲ့ကိစ္စပဲငါလိုက်သွားတော့
မယ်ကျော်စွာ….”

” အေးသူငယ်ချင်း မင်းအသုံးဆောင်တွေ ညနေစာလာပို့ရင်းယူလာပေးမယ် …
ဘာမှအားမငယ်နဲ့ “

ကျွန်ပ်အပေါ်အားနာနေသောကျော်စွာကိုအားနာစရာမရှိကြောင်းပြော၍ ရွာလူကြီးများခေါ်ဆောင်ရာနောက်လိုက်ပါခဲ့တော့သည်။
နောက်သို့တချက်လှည့်အကြည့်တွင်
စိတ်မကောင်းသောမျက်လုံးများဖြင့်လှမ်းကြည့်နေကြသောကျော်စွာတို့မိသားစုအားတွေ့လိုက်ရမိသည်။

ကျွန်ပ်မှာ ရွာလူကြီးဦးသာအောင်တို့အဖွဲ့ခေါ်ဆောင်ရာနောက်သို့လိုက်ပါလာခဲ့ရတော့၏။

ရွာလူကြီးများခေါ်ဆောင်သွားသောနေရာမှာ
ရွာနဲ့ ခပ်ခပ်လှမ်းလှမ်းတွင်ရှိသော အဆောက်အဦးတစ်ခုဆီသို့ဖြစ်သည်။

အနီးရောက်သောအခါမှထိုအရာမှာ
ဆောက်လုပ်ပြီးစစာသင်ကျောင်းတစ်ခုဖြစ်မှန်းသိရ
တော့၏ ။
ရွာလူကြီးများကကျွန်ပ်နေရန်အောက်ထပ်မှအခန်းတစ်ခန်းကိုပြပေး၏။

အထဲတွင်သန့်ရှင်းရေးလုပ်ထားပုံကို
ထောက်၍ ကိုဗစ် ထိန်းသိမ်းရေးသမားများအတွက်
ကြိုတင်ပြင်ဆင်ထားဟန်တူသည်။
သို့ရာတွင်
ထိန်းသိမ်းခံရသူ၍ စုစုပေါင်းမှကျွန်ပ်တစ်ယောက်တည်းသာရှိနေသည်။ ရွာလူကြီးများပြန်သွားသောအခါမှ ကျောင်းကိုသေချာလေ့လာကြည့်မိ၏။

ကျောင်းမှာအထက်တန်းကျောင်းဖြစ်ပြီးအောက်ထပ်တွင် ကိုးတန်း စာသင်ခန်းများတွေ့ရကာ အပေါ်ထပ်တွင်ဆယ်တန်းခန်းထားပုံရသည်။

စာသင်ကျောင်းမှာ ဂငယ်ကွေ့ပုံစံဆောက်လုပ်ထားပြီး
အောက်ထပ်တွင်ကျွန်ပ်နားရမည့်အခန်းခေါင်းရင်းခန်းမှာစာအဖြေလွာစစ်ရာ အခန်းကျဉ်းဖြစ်ပြီးထိုအခန်းဘေးတွင်အပေါ် ထပ်သို့တက်ရန်လှေကားရှိသည်။

လှေကားဘေး တွင်အခန်းနှစ်ခန်းရှိပြီး၊
ကျွန်ပ်ယူထားသောအခန်းအောက်ဖက်တွင် အခန်းတစ်ခန်းရှိနေသည်။ ရောဂါကြောင့်ကျောင်းများယခုချိန်ထိပိတ်ထားရသောကြောင့်ထိန်းသိမ်းရေစးခန်းအဖြစ်သုံးရန်ရည်ရွယ်ထားဟန်တူ၏။
ကျောင်းဘေးတွင်ရေဘုံဘိုင်တစ်ခုရှိနေပြီး
ဖွင့်ကြည့်ရာ ကံကောင်းထောက်မစွာ ရေလာနေသည်။
နောက်ဖေးတွင်ကား ကျား အိမ်သာ သွားလမ်း
မအိမ်သာ သွားလမ်း ညွန်ပြထားသော သုံးခန်းတွဲအိမ်သာ သုံလုံးအား ခပ်လှမ်းလှမ်းစီ
ဆောက်လုပ်ထားသည်။
ကျွန်ပ်မှာ ကျောင်းကိုပတ်ကြည့်ရင်း
ပျင်းရိလာသောကြောင့်ရွာဖက်ဆီမျော်ကြည့်မိပြန်သည်။
ရွာနဲ့ကျောင်းမှာ
ခြေကျင်လျောက်ပါက မိနစ်နှစ်ဆယ်နီးပါးမျ
လျောက်ရမည်ဖြစ်ကာရွာနဲ့ကျောင်းသွားရာလမ်းဘေးတစ်ဖက်စီတွင်လူတစ်ရပ်သာသာကြူပင်များဖုံးလွမ်းလျက်ရှိနေသည်။

ကျောင်းဘေးပတ်လည်တွင်ကား ပျဉ်းမပင်များပတ်ချာလည်ပေါက်လျက်အပြာရောင် ပျဉ်းမပန်းများက အပင်ပေါ်တချို့ဝေ၊မြေပြင်ပေါ်တချို့ကြွေဖြင့်ရှိနေသည်။

ပျဉ်းမပန်းများကြည့်ရင်း ကျွန်ပ်စိတ်တွင်း
အမျိုးအမည်ဖော်ပြရန်မတတ်သောစိုးရွံ့စိတ်တစ်ခုဝင်လာနေမိ၏ ။
တစ်ခြားနယ်တွင်ပျဉ်းမပန်းကိုမည်သို့အယူထားကြသည်မသိသော်လည်း ကျွန်ပ်တို့နယ်တွင်မူ
ပျဉ်းမပန်းနဲ့ပတ်သက်၍အယူရှိ၏။

မိန်းမပျိုတစ်ယောက်သာ ပျဉ်းမပန်းပန်မိပါက
ထိုမိန်းမပျိုမှာ ဘဝတစ်လျောက်လုံး၊ ကံဆိုးမူများကြုံရတတ်သည်ဟူ၏။

ပျဉ်းမပန်းမည်မျလှစေကာမူ ဘုရားပန်းလည်းမထိုး၊ အိမ်တွင်လည်းအလှမဆင်ကြပေ ခိုက်သည်ဟူသောအယူကြောင့်ပင်။

အိမ်ခြံအတွင်းပျဉ်းမပင်ရှိပါက ခုတ်လှဲပစ်တတ်ကြသော အယူအဆကျွန်ပ်တို့နယ်ဖက်တွင်ယနေ့တိုင်ရှိနေဆဲဖြစ်၏။

ပျဉ်းမပန်းနဲ့ပတ်သက်၍တစ်ယောက်တည်း
အတွေးနယ်ချဲ့နေမိရာမှ ပြန်၍သတိဝင်လာချိန်
ကျွန်ပ်နောက်ကျောဖက်ဆီမှတစ်စုံတစ်ယောက်စိုက်ကြည့်သလိုခံစားနေရမိသည်။

ထိုခံစားမူမျိုးလူတိုင်းခံစားဖူးမည်ပင်။
ထို့ကြောင့် ကျွန်ပ်သည် ကိုယ်ခန္ဓာအားနောက်သို့ဆတ်ခနဲလှည့်လိုက်မိသည်။

“…….ဟင်…… “

ကျွန်ပ်နောက်သို့ဆတ်ခနဲလှည့်အကြည့်တွင် အပေါ်ထပ်ကျောင်းဝရံတာမှကျောခိုင်းကာအခန်းထဲဝင်သွားသောပုံရိပ်တစ်ခုလှစ်ခနဲနောက်ကျောအားတွေ့လိုက်ရသည်။

အဖြူ၊ အစိမ်းကျောင်းဝတ်စုံလေးဝတ်လျက်
ကျောလယ်ခန့်ရှိဆံနွယ်ရှည်ကို နှစ်ဖက်ခွဲစည်းထားသော ကောင်မလေးတစ်ယောက်ပုံရိပ်ပင်။

ကျွန်ပ်ကားဘာကြောင့်ရယ်မသိ တစ်ကိုယ်လုံးကြက်သီးမွေးညှင်းများထမိ၏။

” ဘာတွေ ငေးနေတာလဲကွ ကျော်ဇင် “

” ဘာမှမဟုတ်ပါဘူးကွာပျင်းလို့ကျောင်းထဲ
လှည့်ပတ်ကြည့်နေမိတာ “

” အေး ဒီမှာ မင်းအဝတ်အစား အသုံးအဆောင်ရယ်
ညနေစာထမင်းချိုင့်ရယ် ဖျာ၊ ခြင်ထောင် ခေါင်းအုံး
လိုအပ်တာမှန်သမျ အကုန်ယူလာတယ် “

” ကျေးဇူးတင်ပါတယ်သူငယ်ချင်းရာ မင်းတို့လည်းငါ့ကြောင့်အလုပ်ပိုနေပြီ
ကျေးဇူးတင်ရင် ငါ့ကိုဝိုင်းသယ်ပေး
ငါတစ်ယောက်တည်းမနိူင်ဘူးကွ “

” အော် အေးပါကွ …သယ်မှာပေါ့… “

ကျွန်ပ်ကား လှစ်ခနဲမြင်ရသော ပုံရိပ်ကိုကြည့်ကာ
အံ့အြမှင်သက်နေချိန်။

ကျော်စွာတစ်ယောက်ဆိုင်ကယ်ဖြင့်အထုတ်အပိုးများတင်ကာ ကျောင်းရှေ့ရောက်နေသည်ကိုပင်
သတိမမူမိလိုက်ပေ။

” ရေကတော့ရတယ်မလား ညနေစောင်းနေပြီ
ရေချိုးတော့ကွာ…မီးကတော့မဆင်ရသေးဘူး ကျောင်းကခုနှစ်မှဆောက်တာဆိုတော့ မီးမသွယ်ရသေးဘူး… “

” ဒါနဲ့ကျော်ဇင် ဒီကျောင်းမှာလူနေသေးလား “

” ဟင် ဘာဖြစ်လို့လဲ မင်းဘာတွေ့ရလို့လဲ
ဒီမှာက မင်းကလွဲပီး ဘယ်သူမှမနေဘူးလေ “

” ဘာမှမဟုတ်ပါဘူးကွာ မင်းကြည့်ရတာအထိတ်တလန့် ဘာဖြစ်လို့လဲ….”

” ဘာမှ မဟုတ်ပါဘူးကွာ ကဲ မင်းရေချိုး
ငါပစ္စည်းတွေနေရာချပေးထားမယ် “

ကျွန်ပ်လူရိပ်တွေ့သောကိစ္စမေးချိန် ကျော်စွာ
တစ်ယောက် မျက်စိမျက်နှာ အကြီးအကျယ်ပျက်
သွား၏။

မည်သည့်အကြောင်းကြောင့်မဆိုနိူင်ပေ။ ကျွန်ပ်စကားကိုလှီးလွဲပြောဆိုသော်လည်း သူတွင်
ကျွန်ပ်မသိအောင်ထိန်ချန်ထားသောကိစ္စတခုခုရှိနေမည်မှာဧကန်မလွဲပေ။

ကျွန်ပ်ကား ရေချိုးရင်းအပေါ်ထပ်တွင်မြင်လိုက်ရသော မြင်ကွင်းကိုသေချာပြန်တွေးကြည့်မိရာ သေချာမြင်လိုကာရသော
မြင်ကွင်းမျိုးမှန်သော်လည်း အမြင်မှားခြင်းဟူ၍သာ
ဖြေတွေးနေရသည်။ ယခုလိုနေရာမျိုးသို့ မိန်းခလေးတစ်ယောက်လာစရာ အကြောင်းမရှိသောကြောင့်ပင်။

” မှောင်တော့မယ် ကျော်ဇင် ထမင်းစား
ငါချိုင့်ပြန်ယူသွားမယ် ရော့ ဒီမှာ မင်းဖုန်း
အားဖြည့်လာတယ် ဒီနေရာက မီးမသွယ်ရသေးဘူး
ဖယောင်းတိုင်၊မီးခြစ် လက်နှိပ်ဓတ်မီးယူလာတယ်
မင်းအိပ်ယာဘေးခုံမှာ တင်ထားတယ် …
တခုခုဆိုဖုန်းဆက်ပေါ့ကွာ…. “

ကျွန်ပ်ကားရေချိုးပြီးချိန် ကျော်စွာ ယူလာသောထမင်းချိုင့်ကို
စားသောက်ပြီးချိန် ညမှောင်ရီသန်းစပင်ပြုလာပြီဖြစ်သည်။

“ကျေးဇူး သူငယ်ချင်း ထမင်းစားရတကယ်မြိန်တယ်… “

” အေးပါကွာ ငါကမင်းကိုအားနာနေတာ
စိတ်ထဲဘာမှမထားနဲ့နော် မှောင်နေပြီ
ငါပြန်တော့မယ် သူငယ်ချင်း တစ်ခုခုဖြစ်ရင်
ဖုန်းဆက်ပါ… “

ကျော်စွာထံမှထိုစကားဒုတိယအကြိမ်ကြား
ပြန်ကြားရသောစကားပင်။

သူ့ပုံစံက ကျွန်ပ်အားထားခဲ့ရမည်ကို စိတ်မချဟန်
ကမျက်နှာတွင်အထင်းသားပေါ်နေ၏။

” စိတ်မပူပါနဲ့ သူငယ်ချင်းရာ ငါအဆင်ပြေပါတယ်
စိတ်ချလက်ချသာပြန်
ရွာကအဝေးကြီးမှမဟုတ်တာ…. “

ကျော်စွာစိတ်မချမည်စိုး၍ကျွန်ပ်အဆင်ပြေကြောင်းပြန်ပြောပြီးချိန် ကျော်စွာကား ကျွန်ပ်ကိုနူတ်ဆက်၍
ဆိုင်ကယ်ပေါ်တက်၍ရွာဖက်ဆီမောင်းနှင်ထွက်ခွာ
သွားတော့သည်။

ယခုကား တိတ်ဆိတ်နေသော အခန်းအတွင်း
ကျွန်ပ်တစ်ယောက်တည်းသာရှိနေ၏။

ကျွန်ပ်ကား ကျော်စွာယူလာသောဖယောင်းတိုင်ကို
ခုတင်ဘေးခုံပေါ်တွင်ထွန်းညှိ၍ကုတင်ပေါ်
လဲလျောင်းကာဖုန်းကြည့်နေမိသည်။

” ရှပ်… ရှပ်….. ရှပ်…. ရှပ်….. “

ကျွန်ပ်ကား ဖေ့ဘုတ်မှသတင်းတစ်ခုဖတ်နေစဉ်
အပေါ်ထပ်မှခြေသံတရှပ်ရှပ်ကြားလိုက်ရသော
ကြောင့်ဆတ်ခနဲထထိုင်၍သေချာနားစွင့်မိ၏။

ကျွန်ပ်နားကြားမှားခြင်းမဟုတ်ခြေသံဆက်လက်ထွက်ပေါ်နေဆဲပင်ဖြစ်သည်။

ကျွန်ပ်ခေါင်းနားပန်းများကြီးသွားမိခြင်းမှာ
အပေါ်ထပ်တွင်တစ်ယောက်ယောက်ရှိနေပြီမှာ
သေချာနေပြီမို့ မည်သူနည်းထိုအဖြေကို ကျွန်ပ်သိလိုလှ၏။

ထို့ကြောင့် အိပ်ယာမှအသာဆင်း၍ လက်နှိပ်ဓတ်မှီးကိုယူကာအပေါ်ထပ်သို့တက်ရန်လှေကားအနီးခြေသံဖွ၍လက်နှိပ်ဓတ်မှီးကိုမီးမဖွင့်ပဲ အပေါ်ထပ်သို့ခြေဖော့၍တက်လာခဲ့တော့၏။

အပေါ်ထပ်ရောက်သောအခါ ခနရပ်ကာ ကျွန်ပ်အခန်းတည့်တည့်အခန်းဝဲဖက်သို့ ငဲ့စောင်း၍လက်နှိပ်ဓတ်မှီးကိုဆတ်ခနဲ ခလုတ်နှိပ်လိုက်ရာ….

” ဟိတ်.. မင်းဘယ်သူလဲ…ဟေ့မပြေးနဲ့လေ
မင်းကိုငါအန္တရယ်မပေးပါဘူး… “


ညနေကတွေ့ရသောမိန်းခလေးမှာ
ကျွန်ပ်အခန်းအပေါ်တည့်တည့်မှအခန်းသို့ လှစ်ခနဲပြေးဝင်သွားသောကြောင့် ကျွန်ပ်ကာ
လှမ်းအော်ပြောလိုက်ခြင်းပင်။

ထို့အတူ………..
ကျွန်ပ်လည်းအခန်းအတွင်းပြေးဝင်လိုက်တော့သည်။

” ဟာ…. ဘယ်ရောက်သွားပါလိမ့်
ဘယ်သူမှရှိမနေပါလား…. “

ကျွန်ပ်အံ့အြသင့်ကကြောင်တောင်တောင်ပင်
ဖြစ်သွားရခြင်းအကြောင်းကား မိန်းမပျိုလေးဝင်သွားရာအခန်းသို့ကျွန်ပ်လိုက်ဝင်သွားကာ အခန်းတစ်ခုလုံးလှည့်ပတ်၍ လက်နှိပ်ဓတ်မီးဖြင့်ထိုး၍ရှာသော်လည်း
လူဆို၍အရိပ်အယောင်မျမမြင်တွေ့ရသောကြောင့်ပင်။
ကျွန်ပ်ကားဝေခွဲရခက်စွာဖြင့်အောက်ထပ်သို့ဆင်းလာကာ အခန်းထဲဝင်၍အိပ်ယာပေါ်လှဲရင်း ပဟေဋ္ဌိဆန်ဆန်ပျောက်ဆုံးသွားသော ကျောင်းဝတ်စုံနဲ့မိန်းခလေးအကြောင်းကိုတွေးနေမိ
တော့၏ ။

……အူ…. ဝူး….. ဝူး…… ဝူး…..

အဝေးဆီမှဆွဲဆွဲငင်ငင်အူလိုက်သောခွေးတစ်ကောင်ကြောင့်တခြားခွေးများပါလိုက်အူကြသံကြောင့် ကျွန်ပ်တစ်ကိုယ်လုံးကြက်သီးမွေးညှင်းများထောင်ထလျက်ကျောထဲစိမ့်သွား မိ၏။

ထိုကြောင့်ခြင်ထောင်ချလိုက်ရင်းဖယောင်းတိုင်မီးမှိတ်၍ ဘုရားရှိခိုးပြီးအိပ်စက်ရန်ပြုလိုက်၏။

သို့ရာတွင် ရုတ်တရက်အိပ်မပျော်သေးပဲမျက်လုံး
မှေးနေမိတော့၏ ။

“…..ဒေါက်….. ဒေါက်……. ဒေါက်….. “

ကျွန်ပ်ခေါင်းရင်းပိတ်ထားသောမှန်တံတခါးကို
တစ်စုံတခု လာတိုက်သံကြောင့် ကျွန်ပ်ကိုယ်
ဆတ်ခနဲတုန်သွားမိသည်။

ထို့နောက်ကို့ဟာကိုအားတင်း၍ ထထိုင်လျက်လက်နှိပ်ဓတ်မှီးဖြင့်ပြတင်းပေါက်မှန်ကိုထိုးကြည့်လိုက်၏။

” အား…. အောင်မလေးဗျ…. “

ကျွန်ပ်ကားဆံပင်မွေးများထောင်ထလျက်
ခေါင်းသည်ပုတ်လုံးခန့်ကြီးသွားပြီထင်မှတ်မိ၏။
ထို့အတူ
ကြောက်လန့်မူဖြင့်အသံခြစ်အော်လိုက်သော်လည်း
အသံမှာပြာလျက်အက်ရှရှသာထွက်နိူင်တော့သည်။

ကျွန်ပ်လက်နှိပ်ဓတ်မီးရောင်အောက်တွင်မြင်
တွေ့ရသောမြင်ကွင်း မျက်ဖြူကြီးလန်ကာ၊
ဆံပင်ဖိုးရိုးဖားယားဖြင့်မျက်နှာပြင်တစ်ခုလုံး၊ သွေးများ
လတ်လတ်ဆတ်ဆတ်စီးကျနေသောရုပ်သွင်တစ်ခုသည်ကျွန်ပ်ခေါင်းရင်း မှန်ပြတင်းပေါက်အပြင်ဖက်တွင်
ရှိနေသောကြော့င့်ဖြစ်၏။
ကျွန်ပ်ကားအိပ်ယာပေါ်ထိုင်လျက်သားဖြင့်
တစ်ကိုယ်လုံးလူပ်ရှားမရအောင်ဖြစ်နေမိသည်။ လက်နှိပ်ဓတ်မှီးကမူ ထိုကြောက်လန့်စရာ မျက်နှာကို
ထိုးရက်သားဖြစ်နေ၏။
ထိုမကောင်းဆိုးဝါးကြောက်စရာ မျက်နှာကြီးမှာ
ကျွန်ပ်ကြည့်နေစဉ်မှာပင် တဖြည်းဖြည်းမှန်အနားသို့နီးနိုင်သမျနီးအောင်တိုးကပ်လာတော့သည်။ ကျွန်ပ်ကား အူ၊ အသည်းအစရှိသော
အတွင်းကလီစာများ ပြုတ်ထွက်ကုန်ပြီထင်ရအောင်
ကြောက်လန့်နေ၏။ထွက်ပြေး၍ ငယ်သံပါအောင်
အော်ဟစ်လိုက်ခြင်သည်။
သို့ရာတွင်နေရာမှ အနည်းငယ်မှလူပ်၍မရ။
အာစေးထည့်ခံထားရသူလိုပါးစပ်ပင်ဟမရ။ ရင်ဘတ်မှစ၍ ဟစ်ကြွေးမည်အော်သံမှာ လည်ချောင်းနားအရောက်တွင်ပျောက်ကွယ်ကုန်သည်။
ကျွန်ပ်ကြောက်လန့်မူကိုဖော်ပြရန်စကားလုံးပင်မရှိပြီ။
ထိုမကောင်းဆိုးဝါးမျက်နှာကြီးမှန်တခါးဖောက်ကာ
ရှေ့ဆက်မတိုးလာပါစေနဲ့ဟူ၍သာကြိတ်၍
ဆုတောင်းနေမိသည်။

သို့ရာတွင် ကျွန်ပ်ဆုတောင်းမပြည့်ပေ။
ကြောက်စရာ မကောင်းဆိုးဝါးကြီးမှာမှန်ကိုဖြတ်လျက်တဖြည်းဖြည်းကျွန်ပ်နဲ့မျက်နှာနဲ့မနီးမဝေးသို့ရောက်လာသည်။

စူးရှ၊ ပုတ်အက်သော အပုတ်နံ့ကြီးက
ကျွန်ပ်နှာခေါင်းသို့မခံရပ်နိူင်စွာတိုးဝင်လာ၏။
ကျွန်ပ်ကားဝမ်းတွင်းအော်ဂလီဆန်၍ ရင်ဘတ်မှပျို့တက်ကာ အန်မိမတတ်ဖြစ်သွားရသည်။

ထိုအချိန်မှာပင်….

..အု…. အစ်…. အစ်… အစ်…. အစ်…..

မှန်ကိုကျော်၍လက်နှစ်ဖက်ပါထွက်လာပြီး ကျွန်ပ်လည်ပင်းအားဖျစ်ညှစ်လိုက်သောကြောင့်
ကျွန်ပ်မှာ မျက်လုံးကြီးပြူး၊ ပါးစက်ကြီးဟကာ
လည်ပင်းမှတင်းကြပ်စွာညှစ်ထားသောလက်နှစ်ဖက်ကြောင့်အသက်ရူမဝဖြစ်နေရတော့သည်။

ကျွန်ပ်လက်မှလက်နှိပ်ဓတ်မီးမှာလည်း
ခုတင်အောက်သို့ပြုတ်ကျသွား၏။

ကျွန်ပ်ကား တင်းကြပ်စွာလည်ပင်းညှစ်ခံရမူကြောင့် အသက်ရူ
ကြပ်ကာခေါင်းပင်မူးနောက်ကာ သတိလစ်ချင်သလိုလို
ဖြစ်လာသည်။
ကျွန်ပ်ကားသေရတော့မည်အရေးနဲ့ရင်ဆိုင်နေရပြီဖြစ်သည်။ ကျွန်ပ်လည်ပင်းအားညှစ်ထားသောလက်မှာ
ပို၍တင်းကြပ်လာ၏။ ကျွန်ပ်ကားဇောချေမျွားပြန်လျက်လူပ်ရှားရုန်းကန်ကြည့်သေးသည်။ လူကနေရာမှတစ်လက်မပင်မရွေ့ချေ။
ထိုအချိန်တွင်ကျွန်ပ်ကိုယ်ထဲတွင်အင်အားကြီးမားသောအားတစ်ခုပေါ်ပေါက်လာသည်။

လူတစ်ယောက်၏ကြောက်ဇောကြောင့်ဖြစ်သော
အားမျိုးဟု ဆိုရမည်ပင်။

ကျွန်ပ်ကိုယ်လက်များသည် တဖြည်းဖြည်းလူပ်ရှား
၍ရလာလျက် လက်နှစ်ဖက်ဖြင့် ကျွန်လည်ပင်းအားဖျစ်ညှစ်ထားသော စိုစွတ်စွတ်။ စေးထန်းထန်းလက်နှစ်ချောင်းအားခက်ခင်ခဲခဲ
ဆွဲဖြုတ်နေမိသည်။
ကျွန်ပ်ကားတစ်ကိုယ်လုံးအကြောများထောင်ထသည်
အထိ လက်နှစ်ဖက်အားဆွဲဖြုတ်နေရာ တဖြည်းဖြည်းဖြင့် ညှစ်ထားသောလက်များပြေလျော့သွား၏။

.. ဝုန်း…

….အ… ဟူး…..ရူး… ဟင်း… ဟင်း …

ကျွန်ပ်လည်ပင်အား ဖျစ်ညှစ်ထားသော လက်နှစ်ဖက်ကိုဆွဲဖြုတ်၍ လက်နှစ်ဖက်အား
ရှေ့သို့တွန်းထုတ်ထား ချိန်ထိုလက်နှစ်ဖက်ကကျွန်ပ်ကိုအားဖြင့်ဆတ်ခနဲ
ဆောင့်တွန်းချလိုက်ရာ ကျွန်ပ်မှာကုတင်ပေါ်မှ
ဒလိမ့်ခေါက်ကွေးအောက်သို့ပြုတ်ကျသွားတော့သည်။
နာကျင်မူနဲ့အတူကျွန်ပ်ကား နေရာမှမထနိူင်သေးပဲ
အသက်ကိုအငမ်းမရရူရိူက်နေမိတော့သည်။
တစ်ကိုယ်လုံးလည်းချွေးများဖြင့်ချွဲနစ်လျက်
လူကမောပန်းတုန်ရီလျက်ရှိနေ၏။

ကျွန်ပ်ကား တုန်လူပ်ခြောက်ခြား။ ကြောက်မက်ဖွယ်ရာကြုံလိုက်ရသောအဖြစ်ကြောင့်သွေးပျက်ကြောက်လန့်နေမိ၏။
လက်နှိပ်ဓတ်မှီးမှာကျွန်ပ်လက်မှလွတ်ကျကာကျွန်ပ်လဲကျနေရာမနီးမဝေးကျနေသောကြောင့်
လက်နှိပ်ဓတ်မှီးအားလက်လှမ်းယူလိုက်သည်။ မီးကား
ပွင့်လျက်အနေထားအတိုင်းပင်။

ကျွန်ပ်ကား ပတ်ဝန်းကျင်အမှောင်အတွင်း
မလုံမလဲဓတ်မီးထိုးကြည့်ကာ ခုတင်ပေါ်ထိုင်၍
ဖယောင်းတိုင်အားမီးထွန်းညှိလိုက်သည်။
အလင်းရောင်အနည်းငယ်မြင်လိုက်ရမှစိတ်နည်းနည်း
တည်ငြိမ်သွားရသည်။ လူတစ်ကိုယ်လုံးသည်ကား
တစ်နေကုန်အလုပ်ကြမ်းလုပ်ထားရသူကဲ့သို့မောပန်းနူံးချိလျက်ရှိနေတော့၏ ။

မကောင်းဆိုးကောင်လက်မှ
လွတ်မြောက်ရန်အားထုတ်ကြိုးပမ်းစဉ်က ဖြစ်ပေါ်လာသော အားအင်မျိုးမှာ။

အိမ်မီးလောင်သောလူတစ်ယောက်မှာ လူသုံးယောက်ခန့်သယ်ရမည်ဖြစ်သော မှန်ဗီဒိုကြီးကိုမီးလွတ်ရာတစ်ယောက်တည်း သယ်ယူ၍ အိမ်မီးငြိမ်းသွား၍ ပြန်သယ်ခိုင်းသောအခါ ပြန်မသယ်နိူင်သော
အဖြစ်မျိုးကျွန်ပ်မြင်ဖူးကြုံဖူး၏။

ကျွန်ပ်အဖြစ်ကား ထိုအဖြစ်မျိုးနဲ့ဆင်ဆင်တူ၏။
အသက်ဘေးကြောင့် မမြင်နိူင်သော စိတ်ဇောစွမ်း
အားတစ်ခုကကျွန်ပ်အသက်ကိုကယ်လိုက်ခြင်းပင်
ဖြစ်၏ ။

ကျွန်ပ်ကား ယခုနေရာတွင်ဆက်၍မနေလိုတော့ပေ။
ထို့ကြောင့် ကျော်စွာ အားအကူညီတောင်းရန်
သူ့ဖုန်းနံပတ်အားဆက်လိုက်၏။

ကျွန်ပ်စိတ်ပျက်လက်ပျက်ဖြစ်သွားရမိသည်။
ဖုန်းစက်ပိတ်ထားသည်ဟူသောဖြေဆိုသံကြားလိုက်ရသောကြောင့်ပင်။ ကျွန်ပ်အခြေအနေမှာ ဘေးကြပ်နံကြပ်ဖြစ်ချေပြီ။ ယခုအချိန်ရွာသို့ပြန်သွားပါက ရွာသားများသိပါက
တစ်ရွာလုံးအမျက်ဒေါသဖြင့်ရင်ဆိုင်ရနိူင်၏။

ကျွန်ပ်သည်စောင့်ကြည့်ရေးလူနာတစ်ယောက်။
ဒီမှာဆက်နေရန်ကလည်း ယခုပင်သေဘေးကလွတ်လာသောအဖြစ်။

မည်သို့လုပ်၍လုပ်ရမည်မသိတော့ပေ။ ကူကယ်ရာမဲ့နေသူလို စိတ်အတွင်းခံစားနေရမိသည်။

ကျွန်ပ်ဖုန်းမှနာရီအားကြည့်လိုက်ရာညတစ်နာရီကျော်ခန့်ရှိနေသည်ကိုတွေ့ရ၏။
ယခုတစ်ညကိုဒီမှာပဲနေ၍ နောက်နေ့မှ
ကျေးရွာလူကြီးများကိုအကူအညီတောင်းကာ
နေရာရွေ့ခိုင်းရန်တွေးထားလိုက်သည်။

…တောက်… တောက်…. ဝေါ… ဖျန်း… ဖျန်း

….ဟာ… သွေး… သွေးတွေ… အမလေးဗျ….

…ဝှစ်… ဘုတ်….

ကျွန်ပ်ကားဖုန်းဆက်မရ၍ဖုန်းကိုကိုင်ကာရှေ့ဆက်ဘာလုပ်ရမည်တွေးနေစဉ်၊ ဖုန်းမှန်ပေါ်သို့တစ်တောက်တောက်ဖြင့်ကျသံကြားရ၍
ဖုန်းစကရင်ဖွင့်လိုက်ရာ မျက်လုံးများပြူးကျယ်သွားရသည်။
ဖုန်းစကရင်မီးဖြင့်ဖုန်းမှန်ပေါ်မြင်နေရသည်မှာ
သွေးစက်များဖြစ်နေသောကြောင့်ပင်။
သွေးစက်များသည်အပေါ်မှဆက်တိုက်ပင်ကျဆင်းလာနေသည်။
ကျွန်ပ်ကား လက်နှိပ်ဓတ်မှီးဖြင့် သွေးစက်ကျရာ
အပေါ်သို့ ထိုးကြည့်လိုက်ရာ ထိတ်လန့်စပြေပျောက်သေးခင်နောက်ထပ်ကြောက်မက်ဖွယ်ရာမြင်ကွင်းတွေ့ရပြန်သည်။

ကျွန်ပ်အပေါ်မျက်နှာကျက်တွင်ကား
ခေါင်းတစ်ခုလုံးကြေနေကာ မျက်နှာမှာ ရုပ်ပျက်ဆင်းပျက်ကြေမွချိုင့်ခွက်၍ ကိုယ်ခန္ဓာမှာလည်း
အရိုးများကြေမွလျက် ဗိုက်ထဲမှအူများမှာ အပြင်သို့
တွဲလောင်းကျလျက်ဖြင့် လူတစ်ယောက်မှ ကျွန်ပ်မျက်နှာကျက်အပေါ်တွင်ကပ်လျက်ရှိနေကာ
သူ၏နောက်စေ့သို့ထိမည့်တိုင်ခွက်ဝင်နေသော
ခေါင်းကြီးလိမ်လျက်ဖြင့်ရှိနေကာ။ သူ့ကိုယ်မှသွေးစိမ်း
ရှင်ရှင်များသည်။ ကျွန်ပ်ကိုယ်ပေါ်ရေချိုးသကဲ့သို့
ကျလာသောကြောင့် ကျွန်ပ်ကားကြောက်လန့်တကြား
အော်ဟစ်လိုက်မိ၏။

ကျွန်ပ်အော်သံကြောင့် ထိုကြောက်စရာကောင်းသောအကောင်ကြီးကား
မျက်နှာကျက်တစ်လျောက် အရှေ့သို့လျင်မြန်စွာပြေး
သွားပြီး နံရံတဝက်တစ်ဆင့် ဘုတ်ခနဲခုန်ချရင်း
ကြမ်းပြင်ပေါ်ရောက်သောအခါ ကြမ်းပြင်တစ်လျောက်လျင်မြန်စွာပြေးလွား၍
ကျွန်ပ်ကုတင်အောက်ပြေးဝင်သည်ကိုရိပ်ခနဲ
တွေ့လိုက်ရသည်။

ကျွန်ပ်ကား ညှီစို့စို့သွေးများတစ်ကိုယ်လုံး
ပေစွန်းလျက်ကြောက်ရွံ့မူများကြီးစိုးနေတော့၏ ။

ကုတင်အောက်သို့လည်းကြောက်စရာကောင်း
သောအကောင်တစ်ကောင်ဝင်သွားသောကြောင့်
ခုတင်ပေါ်ဆောင့်ကြောင့်ထိုင်လျက်ဖြင့်….

ဘယ်ဖက်အခြမ်းကထွက်ကာ ကျွန်ပ်ကိုသတ်ဖြတ်မည်လား။

ညာဖက်အခြမ်းမှထွက်လာမည်လား။

အောက်ဖက်ခြေရင်းမှထွက်လာမည်လားတွေးကြောက်၍အရပ်လေးမျက်နှာဓတ်မီးဖြင့်ထိုးကြည့်
နေမိတော့၏ ။
ခုတင်ခေါင်းရင်းပိုင်းမူကားနံရံဖြင့်ကပ်ထားသောကြောင့်ခေါင်းရင်းဖက်တိုးကပ်နေမိ၏ ။

သို့ရာတွင် အစောကကြုံရသလို မှန်ပြတင်းပေါက်မှ
ထွက်လာမည်ကိုလည်း ကြောက်နေမိပြန်သည်။

တိတ်ဆိတ်နေသောည။ လူခြေတိတ်သောနေရာ။

သရဲခြောက်သောနေရာရောက်နေရသော ကျွန်ပ်အဖြစ်ကား မည်မျကြောက်ရွံ့ထိတ်လန့်မည်ကို
ခန့်မှန်းနိူင်ကြပေလိမ့်မည်။

…..ဂျိ….. ဂျိ…. ဂျိ…. ဝုန်း… ဝုန်း…

…ဘုရား… ဘုရား… ကယ်တော်မူပါ….

အရပ်လေးမျက်နှာ ကျီးလန့်စားကြည့်နေစဉ်မှာပဲ
ခုတင်အောက်မှ အသဲယားစဖွယ် တဂျိဂျိမည်သံကြားရပြီး ခုတင်မှာ လူသုံးလေးယောက်ကိုင်မြောက်သလို အပေါ်သို့ ဝုန်းခနဲဝုန်းခနဲ သုံးလေးချက်မျမြောက်တက်သွား၏။
ကျွန်ပ်ကားခုတင်အောက်ပြုတ်ကျမည်စိုး၍ကုတင်ခေါင်းရင်းတန်းအား ကျစ်ကျစ်ပါကိုင်ရင်းဘုရားတနေမိတော့သည်။

….ဂစ်. ဂစ်….. ဂစ်….. ဂစ်…..

….အူ….. ဝူး…..ဝူး……..

ကုတင်လူပ်ပြီးသော် အခန်းမှာ အပ်ကျသံကြားရလောက်အောင်ပင်မိနစ်ပိုင်းမျငြိမ်သက်သွားပြန်သည်။
ကျွန်ပ်အခန်းအနီးခေါင်းရင်းပြတင်းပေါက်ဘေးတွင်
ပေါက်နေသော ပျဉ်းမပင်မှ ငှက်ဆိုးထိုးသံကြားရပြီး
တစ်ဆက်တည်းကျောင်းအနီးမှ ခွေးတစ်ကောင်၏
ဆွဲငင်စွာအူသံက ကြောက်ရွံ့နေသော ကျွန်ပ်ကို
ပိုသွေးပျက်စေပြန်သည်။
….ေဝါ့… ဖြီ…. ဖြီ…. ဖြီ…..

ထိုခနမှာပင်အပုတ်နံကြီးတစ်ခုသည်ကျွန်ပ်နှာခေါင်းဝ
သို့တိုးဝင်လာသောကြောင့် တဝေါ့ဝေါ့ အန်ချလိုက်မိတော့၏။

…ရှပ်. ရှပ်. ရှပ်…. ရှပ်..

ကျွန်ပ်အန်လိုက်သောအခါမှအနည်းငယ်လူကသက်သာသလိုခံစားလိုက်ရ၏။

ထိုအချိန်မှာပင်

ကျွန်ပ်ခြေရင်း ဖက်အခန်းမှခြေသံများကြားလိုက်ရသလို ခုန်ရွေ့သံ၊
စကားပြောသံများကြားနေရသည်။
လူလေးငါးဆယ်ထက်မနည်းသောလူတစ်စု
ကျွန်ပ်ခြေရင်းခန်းဆီတွင်ရောက်နေကြဟန်တူသည်။
တစ်ယောက်တစ်ပေါက်စကားပြောသံများကြားနေရသောကြောင့်ပင်။
ကျွန်ပ်အံ့အြသင့်မိရပြန်သည်။ ယခုအချိန်တွင်မည်သူတွေကများ ကျွန်ပ်ခြေရင်းဖက်အခန်းရောက်နေကြသလဲဆိုသော
မေးခွန်းကို ကျွန်ပ်မတွေးတတ်။
ဖုန်းကိုဖွင့်၍နာရီကြည့်မိရာ သုံးနာရီထိုးလုပြီ
နောက်သုံးလေးနာရီအောင့်အီးနေလိုက်လျင်မိုးလင်းတော့မည်။
သို့ရာတွင် အောက်ဖက်ခန်းမှလူများမှာမဘယည်သူများ
ဖြစ်သည်ကို သိချင်စပ်စုချင်မိ၏။

ထို့ကြောင့်သွားကြည့်ရန်ဆုံးဖြတ်၍
ကုတင်ပေါ်မှခြေတစ်ဖက်ချလိုက်သည်။
ပြီးမှခြေကိုချက်ခြင်းအပေါ်ပြန်မတင်လိုက်မိသည်။
အောက်တွင် ကြောက်စရာ မကောင်းဆိုးဝါးတစ်ကောငါဝင်သွားသည်ကိုသတိရမိသောကြောင့်ပင်။
ထိုမကောင်းဆိုးဝါးအောက်တွင်ရှိမရှိသိလိုသောကြောင့်
ခုတင်စောင်းဘေးတွင်ဗင်ဘူးတောင်ထောင်၍လက်ကအရင် ကုတင်အောက်သို့ဓတ်မီးထိုးထားလိုက်သည်။
ပြီးမှမရဲတရဲ အောက်သို့ခေါင်းကိုဖြည်းဖြည်းခြင်းမရဲတရဲကြည့်မိသည်။
စိတ်အတွင်းထိုမကောင်းဆိုးဝါးရုပ်သွင်မြင်ယောင်လျက်ဖြင့်အကယ်၍ ကျွန်ပ်ကိုခုန်၍ လည်ပင်းကိုချိုးလိမ်လိုက်ပါကဟူသော အတွေးမျိုး
တွေးနေမိသေးသည်။

…ဟူး…. တော်ပါသေးရဲ့.

ယခုမှပင်စိတ်ကိုဖြေလျော့ကာလေပူတစ်ချက်မူတ်ထုတ်လိုက်မိသည်။
ကု တင်ပေါ်မှဆင်းကာ ခြေဖွနင်းလျက် ဘေးဘီဝဲယာသို့လက်နှိပ်ဓတ်မီးဖြင့်အခန်းပတ်လည်စိတ်မချစွာထိုးကြည့် မိသည်။
ဘာမျမရှိသည်သေချာသောအခါမှ
ကျွန်ပ်လည်းအခန်းတခါးဆီလျောက်သွား၍ အသံမကြားစေရန်အသာကြိတ်ဖွင့်လိုက်သည်။
ပြီးမှအခန်းချင်းကပ်ရက်အောက်ဖက်ခန်းသို့သွား၍
ကျွန်ပ်ရင်ဘတ်ခန့်အမြင့်မှန်တခါးမှတဆင့်အတွင်း
သို့ ချောင်းကြည့်လိုက်၏။

…..ဟာ……

အာမေဋိတ်သံပြုပြီးမှအပြင်သို့အသံထွက်မည်စိုးကာ
ကိုယ့်ပါးစပ်ကိုလက်ဖြင့်ပြန်အုပ်လိုက်မိသည်။

အံ့အြမူ။ မယုံကြည်နိူင်မူ။ နားလည်ဝေခွဲရခက်ခဲမူ။
စသောစိတ်ခံစားမူများ ကျွန်ပ်စိတ်တွင်းတစ်လှည့်စီ
ဖြတ်ပြေးနေကြသည်။ မျက်လုံ၏ မြင်ကွင်းကို
ဦးနှောက်က လက်မခံနိူင်သောမြင်ကွင်းမျိုးကြောင့်ဟု
ဆိုလျင်လည်းမမှားပေ။

ကျွန်ပ်ခြေရင်းခန်းမှအခန်းတွင်
ဆရာမတစ်ယောက်နဲ့ကျောင်းသားတစ်စု ကျောင်းတက်နေကြ၏။
တစ်ဖက်ခြောက်ခုံ။ စာသင်ခုံများချလျက်
အလယ်မှလျောက်လမ်းထားကာ အဖြူ စိမ်း ဝတ်ထားသော ကျောင်းသား ကျောင်းသူများမှာ
ဘယ်၊ ညာခွဲထိုင်၍ အဖြူ၊ စိမ်းဝတ်ဆရာမတစ်ယောက် ဘလက်ဘောတွင်
ရေးနေသောစာကိုလိုက်ကူးနေကြသည်။
ယခုလိုအချိန်မျိုးတွင်ထိုမြင်ကွင်းမှာ
မယုံကြည်နိူင်ဖွယ်ရာပင်။
နောက်ထူးခြားချက်တစ်ခုကား
အခန်းအပြင်အဆင်ပင်။ ယခုစာသင်ကျောင်းမှာဆောက်လုပ်ပြီးစဆိုသော်လည်း
ယခုအခန်းမှာ အိုမင်း၊ ဟောင်းနွမ်းယိုယွင်းလျက်ရှိနေသည်။ နောက်ထူးခြားမူတစ်ခုမှာ အခန်းထဲတွင် မီးချောင်းများ
ထွန်းညှိထားခြင်းမရှိပဲ နေ့ဖက်ကဲ့သို့ အလင်းခပ်ပါးပါး
လင်းနေသည်မှာ ထူးခြားလွန်းလှ၏။
ကျွန်ပ်
ပြတင်းပေါက်မှတစ်ဆင့်ထူးဆန်းလွန်းသောမြင်ကွင်းကို
ကြောင်ငေးကြည့်နေမိစဉ်။ ဘလက်ဘောပေါ်တွင်
စာလှည့်ရေးနေသောဆရာမမှာ စာရေးခြင်းကိုရပ်၍
ကျောင်းသားများဖက်လှည့်လာသည်။
ပြီးနောက် ကျွန်ပ်ရပ်နေရာ ပြတင်းပေါက်ဖက်သို့
စိုက်ကြည့်လာရာ စာငုံရေးနေသော ကျောင်းသားလေးများမှာလည်း ကျွန်ပ်ရှိနေရာ ပြတင်း
ပေါက်ဖက်ကြည့်လာကြ၏။

….ဟာ…..

တစ်ကိုယ်လုံရှိအမွေးအမှင်များထောင်ထကုန်သည်
စိတ်တွင်းထင်မိသလို၊ ကျောရိုးတစ်လျောက်လုံးစိမ့်တက်လာလျက်ရှိနေ၏။

ကျွန်အား စိုက်ကြည့်နေကြသော ဆရာမ အပါအဝင်ကျောင်းသားကျောင်းသူအားလုံးမျက်လုံးများမှာအဖြူထည်သီးသန့်ဖြစ်လျက်မျက်ဆန်ဖြူကြီးဖြစ်နေကြသောကြောင့် ကျွန်ပ်ကြောက်လန့်မိခြင်းဖြစ်၏။
ကြောက်ရွံ့နေသည့်ကြားမှတစ်ခုသတိထားမိသည်
မှာကား ဆရာမ နဲ့ကျောင်းသူလေးများခေါင်းတွင်
ပျဉ်းမပန်းအပြာများပန်ဆင်ထားကြခြင်းပင်ဖြစ်၏။

ခနမျသာ ကျွန်ပ်ရှိရာလှည့်ကြည့်ပြီး
ခေါင်းများဟိုဖက်ပြန်လှည့်ကာ စာဆက်သင်နေကြပြန်သည်။

ကျွန်ပ်အပေါ်အန္တရယ်ပြုမည့်အရိပ်အယောင်မ
မတွေ့ရ၍စိတ်သက်သာရာရမိသည်။
ထို့ကြောင့်
ပြတင်းပေါက်မှလှည့်ထွက်ရန်အလုပ် မြေပြင်သည်
သိမ့်ခနဲတုန်သွား၏။

…..ဝေါ…. ဝေါ. ..ဝုန်း… ဝုန်း…..

…သေပါပြီ… အမလေး…. ကယ်ကြပါအုံး…

…အား…. အီး….. အား… သေပါပြီ….

…အမေရေ….ကယ်ကြပါအုံး……..


ကျွန်ပ်လှည့်ထွက်ရန်ပြုစဉ်မြေပြင်မှသိမ့်ခနဲတုန်သွားပြီးစာသင်ခန်းမျက်နှာကျက်မှအုပ်ချပ်များကွာကျကုန်သလိုနံရံများမှာလည်း အခန်းအတွင်းပြိုကျလဲကုန်သောကြောင့် အခန်းအတွင်းမှကျောင်းသားကျောင်းသူများမှာသွေးသံတရဲရဲဖြင့် နာကျင်စွာအော်ညည်းသံများမှာ ငရဲပွက်သံမျတခဏတာအတွင်းဆူညံ့ကုန်၏။

ကျွန်ပ်ကား ခနကြောင်ကြည့်နေမိရာမှ
ရွာမှလူများပြေးခေါ်ရန်သတိရကာ ထိုနေရာမှရွာဆီသို့ တဟုန်ထိုးပြေးခဲ့တော့၏။

ကျွန်ပ်မှာကျောင်းသားများနဲ့ဆရာမ၏ထူးခြားသော
အခြေအနေများကိုသတိမရတော့ ၊ လတ်တလော
ငလျင်ကြောင့် ကျောင်းပြိုကျခြင်းကြောင့် အားလုံး
ဒုက္ခရောက်ကုန်နေကြပြီဟူသောအတွေးသာခေါင်း
တွင်ကြီးစိုးလျက်ရှိနေ၏ ။

လက်နှိပ်ဓတ်မီကိုးလက်တဖက်မှကိုင်ကာ နေ့လယ်ကလာခဲ့သောလမ်းမှတဆင့်ရွာဆီသို့အမောဖောက်မတတ်ပြေးလာခဲ့မိစဉ်ကျွန်ပ်တည့်တည့်သို့ရွာဖက်ဆီမှဆိုင်ကယ်တစ်စီးမီးရောင်လှမ်းမြင်လိုက်ရသောကြောင့်ဝမ်းသာအားတက်သွားမိသည်။
“” ဗျို့… ဆိုင်ကယ်ဆရာ… ခနရပ်ပါအုံး “”

,, ဟင်… ကျော်ဇင်…တစ်ကိုယ်လုံးသွေးတွေနဲ့ ဘယ်လိုတွေဖြစ်လာတာလဲ… “

“ဟာ.. ကျော်စွာ အရမ်းအရေးကြီးနေပြီ..
ရွာကိုအမြန်သွားရအောင်…. “

” ဘာဖြစ်လာတာလဲ ငါ့ကိုအရင်ပြောစမ်းပါ
ကျော်ဇင်ရာ… ငါစိတ်ပူနေပြီ… “

ဆိုင်ကယ်မှာ ကျွန်ပ်အနီးရောက်သောအခါရပ်သွား၏။
မီးရောင်ကြောင့်ဆိုင်ကယ်သမားကို သဲကွဲစွာ
မတွေ့ရ၍ မီးကိုလက်ကာကြည့်နေစဉ် ကျော်စွာ
နူတ်ဆက်ခြင်းဖြစ်၏။

ညီဖြစ်သူလည်းဆိုင်ကယ်နောက်တွင်ပါလာသည်။
ကျွန်ပ်က ငလျင်လူပ်၍ ကျောင်းသားများနဲ့ဆရာမ
အခန်းပြိုကျ ပိသွားကြောင်းပြောပြလိုက်ရာ
ကျော်စွာနဲ့ညီဖြစ်သူအမူအယာကားအလန့်တကြား
ဟန်ပြောင်းသွားကြကာ ကျောင်းဖက်သို့ကြည့်၍
ကြောက်လန့်နေကြဟန်ဖြင့်ရှိနေကြ၏ ။

” တက်… တက်… ကျော်ဇင် …ဆိုင်ကယ်ပေါ်
အမြန်တက်… “

ကျော်စွာက အလောတကြီးဆိုင်ကယ်ပေါ်ကျွန်ပ်အားတက်ခိုင်း၍ရွာသို့ တရှိန်ထိုးမောင်းထွက်ကာ သူ့အိမ်ဝိုင်းထဲ
မောင်းဝင်ခဲ့၏ ။

‘” တက်..ကျော်ဇင် အိမ်ပေါ် အမြန်တက် “

” ဆရာမတွေ ကျောင်းသားတွေ အခန်းထဲပိမိနေကြတာ လူကြီးတွေ သွားပြော
ကြရအောင်လေကွာ… “”

“” ဟာ ဒီကောင်… အပေါ်ရောက်မှငါ ရှင်းပြတယ် “”

အိမ်ပေါ်ထပ်ရောက်သောအခါ ကျော်စွာ ညီက မီးများအားလုံးဖွင့်လိုက်သောကြောင့်တအိမ်လုံး
လင်းထိန်သသွားည်။ ကျော်စွာ မိဘများလည်း
အိပ်ယာမှနိူးလာကြကုန်၏။

“” မင်းဖုန်းဆက်တုန်းက ငါဂိမ်းဆော့ရင်း
ဖုန်းဘက်ထရီဒေါင်းသွားလို့ အားသွင်းထားတာ
တရေးနိူးမှဖုန်းယူကြည့်တော့ မင်းခေါ်ထားတဲ့
ဖုန်းကောတွေအများကြီးတွေ့လို့လိုက်လာတာ
တော်သေးတာပေါ့… လူဘာမှမဖြစ်တာ… “”

“” ဟေ့ကောင်… ငါက ဘာဖြစ်ရမှာလဲ… “

” ရော့… ရေသောက် ပြီးရင် ငါပြောတာသေချာ
နားထောင် “

ကျွန်ပ်ကား တညလုံးကြောက်လန့်ရပြေးလွားရနဲ့
အာခေါငင်ခြောက်ကပ်နေပြီမို့ကျော်စွာပေးလာ
သောရေခွက်ကိုအငမ်းမရမော့ချလိုက်မိ၏။

” နားထောင်ကျော်ဇင်
လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ဒီနယ်မှာ ငလျင်အကြီးအကျယ် လူပ်သွားဖူးတယ်…
ငလျင်ဒဏ်ကြောင့်ပဲ အိုမင်းဟောင်းနွမ်းနေတဲ့
ကျောင်းကြီးပြိုကျပြီး အတန်းပြီးပေမယ့် အချိန်ပို
ဆက်သင်နေတဲ့ စာသင်ခန်းက ကျောင်းသားကျောင်းသူတွေနဲ့ ဆရာမ တစ်ယောက်
အပါအဝင်တစ်ခန်းလုံးအုတ်ပုံအောက်ရောက်သွားတယ် ပြီးမှအဲကျောင်းကြီး
အသစ်ပြန်ဆောက်လိုက်တယ်…
မင်းကိုထားတာ အဲဒီကျောင်းပဲ… ကျော်ဇင်… “

” ဟင်…. ဒါ.. ဒါဆို…. “

“ဟုတ်တယ် ကျော်ဇင် မင်းကြုံခဲ့ရတာ
ပရလောကသားတွေပဲပေါ့……”

”… ငါသွေးပူပြီးမတွေးမိတာက
ညအချိန်ဘယ်သူတွေက စာသင်မလဲ နောက်အခန်းအခြေအနေမတူတာတွေရော။ မူမမှန်တာတွေရော အစစကွာ ဟူး… ငါတော့
တစ်ညလုံး သရဲခြောက်ခံရတာ ကြောက်လို့သေတော့မယ်… “”

“”မနက်ကျမှ လူကြီးတွေအကျိုးအကြောင်းပြောပြပြီး
နေရာပြောင်းခိုင်းမယ်ကွာ …ငါအစကတည်းကစိတ်ထင့်နေတာကွ
မင်းတကိုယ်လုံးသွေးတွေနဲ့ ညှီစော် စုတ်ပြတ်နေတာပဲ သွေးတွေကဘယ်ကပေလာလဲ ရေချိုးလိုက်အုံး …”

“” ရေ ချိုးတာတော့ ဟုတ်ပါပြီ ရေချိုးမယ့်နေရာ ငါမသွားရဲဘူး… မင်းပါလိုက်ခဲ့
သွေးပေတဲ့အကြောင်းရေချိုးရင်းပြောပြမယ်… “”

ကျွန်ပ်နဲ့အတူ ကျော်စွာ မိသားစုမှာမိုးလင်းအထိ
ကျွန်ပ်ကြုံခဲ့ရသော ခြောက်လှန့်မူအကြောင်း စိတ်ဝင်တစားနားထောင်ရင်းညကိုကုန်ဆုံးခဲ့ကြ
တော့၏ ။

နောက်တရက်တွင် ရပ်ရွာလူကြီးများကိုအကျိုးအကြောင်းပြောပြ၍ ကျော်စွာကကျွန်ပ်အတွက်နောက်နေရာတခုထားပေးဖို့တောင်းဆိုရာဘုန်းကြီးကျောင်းဝင်းအတွင်း
ဇရပ်တွင် နေခိုင်းစရာအသစ်ပေးလာ၏ ။

ကျွန်ပ်တစ်ညတည်းခိုခဲ့ရာ စာသင်ကျောင်းသို့ ကျွန်ပ်ကျော်စွာနဲ့တခြားလူသုံးလေးယောက်သွားကာကျွန်ပ်ပစ္စည်းများကျန်ခဲ့သည်ကိုသွားယူဖြစ်ကြ၏။

ကျွန်ပ်ကား တခြားသူများ ပစ္စည်းထုတ်ပိုး နေချိန်ကျွန်ပ်ညက မြင်တွေ့ခဲ့ရသော ငလျင်ကြောင့်ပြိုကျကာ ကျောင်းသားကျောင်းသူ
များ သွေးသံတရဲရဲ မြင်ကွင်းတွေ့ခဲ့ရသော တခါးပိတ်ထားသောထိုအခန်းကို ကျွန်ပ်ညက ချောင်းကြည့်သောနေရာမှနောက်တကြိမ်ပြန်
ချောင်းကြည့်မိသည်။ အခန်းသည်ကား
ဆေးသစ်များသုတ်ကာ ပုံမှန်အတိုင်းပင်။

သို့ရာတွင်

လေးဖက်လေးတန်ပြတင်းတခါးများပိတ်ထားသော
ထိုအခန်းတွင် ပျဉ်းမပွင့် ပွင့်ဖတ်များ ခန်းလုံးပြည့်
ပြန့်ကျဲနေသည်ကို တွေ့လိုက်ရပါတော့သတည်း။

။။။။။။။။။။။။။။။။ ပှီးပါပှီ။။။။။။။။။။။။။။။။။။။

မြူခိုးအလင်္ကာ
#ပရလောက