ဖြစ်ရပ်မှန်

ဒီဖြစ်ရပ်လေးကတော်တော်တော့ ကြာခဲ့ပီ။ လွန်လေခဲ့ပီးသော
အတိတ်ရဲ့ အချိန်ကာလလေးတစ်ခုမှာပေါ့။ခုနှစ်အားဖြင့် ကြည့်ရင်
တော့ ( ၂၀၁၄) ခုနှစ် လောက်တုန်းက ကျုပ် ကိုယ်တွေ့ကြုံခဲ့ရတဲ့
ရင်ကွဲဆို့နင့် ထိတ်လန့်ဖွယ်…ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်လို့
ပဲဆိုရမှာပေါ့ဗျာ။ ကျုပ် ဒီအကြောင်းကို ရေးသင့်မရေးသင့်အကြိမ်
ကြိမ်အခါခါ ချင့်ချိန်စဉ်းစားနေခဲ့သေးတယ်။

နောက်တော့ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးမှာ ပါဝင်ခဲ့ကြတဲ့ အဓိကကာယကံရှင် သူငယ်ချင်းဖြစ်သူ ကိုမျိုး(ကွယ်လွန်)ရဲ့ မိဘများရဲ့
သဘောတူခွင့်ပြုချက်နဲ့အတူ ဒီအကြောင်းကို ယနေ့ကျုပ်ပြန်လည်
တင်ဆက်ဖော်ပြပေးလိုက်တာပဲ ဆိုပါတော့။

ကျုပ်မှာငယ်စဉ်ကလေးဘဝတည်းက အခုချိန်ထိညီကိုလို ချစ်ခင်တွယ်
တာရတဲ့ ကျောင်းနေဖက်သူငယ်ချင်း ( ၃ ) ယောက်ရှိတယ်ဗျ။အဲဒီ ( ၃ ) ယောက်ရဲ့နံမည်တွေကတော့” ကိုမျိုး / သုတ / ဇာနည် “ဆိုတဲ့ သူငယ်ချင်းတွေပဲဗျို့။

ကျုပ်တို့ ထဲမှာ ကိုမျိုးကတော့ ငပွေးဗျ။ စိတ်ထင်ရာတဇွတ်ထိုး လုပ်
တက်တဲ့ခပ်ရွတ်ရွတ် ပေတေတေလူစားမျိုးပေါ့ဗျာ။ကျုပ်တို့ တက္က
သိုလ် ပထမနှစ်ရောက်တော့ ကိုမျိုးကကျောင်းဆက်မတက်ပဲ သဘောင်္တက်သွားတာ။

ဒီကောင် မိဘတွေကလည်း သူ့ကိုမနိုင်တော့ လုပ်ချင်ရာလုပ်ဆိုပီး
လွှတ်ထားရတာဗျ။အားလုံးထဲမှာတော့ ကိုမျိုးက ကျုပ်ကို အချစ်ဆုံးနဲ့အတွယ်တာဆုံးဗျ။ ဒီကောင်ခုလုိရုတ်တရက်ခွဲသွားတော့ ကျုပ်လည်း သတိရနေမိတာပေါ့ဗျာ။

ဒီနေ့ တော့ကျုပ် အိမ်မှာနေရတာပျင်းတာနဲ့လမ်းထိပ်မှာ လက်ဖက်ရည်
ထွက်သောက်မယ်ဆိုတဲ့ အတွေးနဲ့ အိမ်ကနေ ဆိုင်ကယ်လေး စီးပီး
ထွက်လာခဲ့တာဗျို့။

” ပွမ် !! ပွမ် !! ပွမ် !! “

ဟာ!! ကျုပ်ရုတ်တရက် လန့်သွားတာဗျို့။လမ်းကအကျယ်ကြီးဗျ။ကျုပ်
က ဆိုင်ကယ်ကိုလမ်းဘေးကပ်မောင်းနေတာလေဗျာ။ ဒါကိုနောက်
ကနေ ကားဟွန်းသံ ကိုတမင်အဆက်မပြတ်ကြီးတီးနေတော့ ဒေါပွသွားတာပေါ့။ တင်းပီးတော့ဆိုင်ကယ်ကိုလမ်းဘေးထိုးရပ်ပီးနောက်က ဟွန်း
တီးတဲ့ကားကိုကြည့်လိုက်တော့…ကျုပ် ဘယ်လိုမှ မထင်မှတ်ထားတဲ့
လူတစ်ယောက်ကို တွေ့လိုက်ရတယ်။

” ဟာ !! ငမျိုးးး !! မင်းး!! မင်းးး !! “

ဟုတ်တယ်ဗျ။ ကျုပ်ဖြင့်အံ့သြလွန်းလို့စကားကိုဆုံးအောင်မပြောနိုင်
တော့ဘူး။

” ဟားးးးဟားးဟားးးး !! ငရဲ … ငရဲ ယောကျာ်းရင့်မာကြီးဖြစ်ပီး ကား
ဟွန်းသံလေးကိုတောင် ကြောက်ရသလားကွာ “

” ခွေးကောင် !! ငမျိုး!! ရုတ်တရက်ဆိုတော့ လန့်တာပေါ့ကွ
နေစမ်းပါဦး… မင်းဘယ်တုန်းက ပြန်ရောက်တာလဲ “

” ဟီးးးးဟီးးးး မင်းကို စချင်လို့ပါ ယောက်ဖရာ… ငါဒီမနက်ပဲ ပြန်
ရောက်တာကွ…ရောက်ရောက်ချင်း မင်းအိမ်ကိုအရင်လာတာ
မင်း မားသားကြီးက ဆိုင်ကယ်နဲ့လမ်းထိပ်ထွက်သွားတယ်ဆို
လို့နောက်ကအမှီလိုက်လာတာကွ”

” မင်းကွာ …ငယ်ငယ်တည်းက မျက်ခွပ်ပြောင်တဲ့ အကျင့်ကခုထိမ
ပျောက်ဘူး ငါလန့်ပီး ဆိုင်ကယ်တောင်မှောက်တော့မလို့”

” ကဲ !! ထားပါကွာ။ သုတနဲ့ ဇာနည်ကော ဒီကောင်တွေဘာတွေ
လုပ်နေကြလဲ။ ငါပြန်ရောက်တုန်း သူငယ်ချင်းတွေဆုံပီးပျော် ချင်
ပါးချင်တယ်ကွာ “

” ဟာ !! ဇာနည်နဲ့ သုတ ကအလုပ်လုပ်နေကြပီလေ။ဒီမှာ မနေ
ဘူး တာမွေမှာ တိုက်ခန်းငှားနေကြတာကွ..ဒီကောင်နှစ်ကောင်
လုံး company တစ်ခုထဲလုပ်နေကြတာ…ခုချိန်လည်းရုံးဆင်းသေးမှာမဟုတ်ဘူး ညနေ( ၅ )နာရီလောက်မှရုံးဆင်းတာဟ “

” ဒါဆိုလည်း…ဒီကောင်တွေ အလုပ်ပီးတဲ့ချိန် ဒိုးကြမယ်လေကွာ။မင်း ကြိုချိတ်ထားလိုက်…အခုမင်းလည်း သွားစရာရှိတာသွား…ငါလည်း
စော်ဆီလစ်လိုက်ဦးမယ်ည( ၇ ) နာရီမှာ ငါတို့ဆုံကြမယ် သားကြီး “

“အေး!! အေး!! ငါ မင်းပြန်ရောက်နေတဲ့အကြောင်းပြောရင်း ဆုံဖို့ချိန်းလိုက်မယ်…ဒီကောင်တွေ လည်းမင်းကိုသတိရနေတာပါကွာ “

” အိုကေ … ငရဲ … ဒါဆို ငါလစ်ပီ… ညနေ( ၆ ) နာရီထိုးတာနဲ့ ငါ
မင်းကိုလာခေါ်မယ်…ရယ်ဒီ သာလုပ်ထား ယောက်ဖ “

” အေး!! သူငယ်ချင်းး…စိတ်ချပါကွာ “

” ဝူးးးးးးးး !! “

ဟာ!! ကျုပ်စကားတောင် မဆုံးသေးဘူး ဒီကောင်က ကားကိုခပ်ကြမ်း
ကြမ်းမောင်းထွက်သွားတာဗျ။ အေးပေါ့ဗျာ… (၂) နှစ်နီးပါး
ချစ်သူနဲ့ ခွဲနေရတာဆိုတော့လည်း ဒီလောက်တော့ရှိမှာ ပေါ့ဗျ။

ကျုပ်လည်း ဆိုင်ကယ်လေးစက်ပြန်နိုးပီးအိမ်ကိုပဲပြန်ခဲ့တာပေါ့ဗျာ။
အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုး ဇာနည်နဲ့ သုတ တို့ကိုလည်းဖုန်း
ဆက်ပီး လှမ်းပြောရသေးတာဗျ။ ငမျိုး ပြန်ရောက်နေပီဆိုတာသိရတော့ ဒီကောင်တွေလည်း လွှတ်ပျော်နေကြတာဗျ။ညနေ ( ၆ ) နာရီထိုး
တော့ …

” ဝူးးးးးး !! ကျွီ !! ကျွီ !!

” ပွမ် !! ပွမ် !! ပွမ် !! “

ဟော !! အိမ်ရှေ့မှာ ကားရပ်သံကြားရပီး ဟွန်းတီးသံကြောင့်ကိုမျိုး ေ
ရောက်ပီဆိုတာ ကျုပ်သိလိုက်ပီဗျို့။အိမ်မှာက ကျုပ်တစ်ယောက်ထဲဗျ။မာမီနဲ့ ဒယ်ဒီက ကိစ္စရှိလို့ အပြင်ကိုညနေတည်းက ထွက်သွားတယ်။ကျုပ်လည်း ကိုမျိုးရောက်တာနဲ့အိမ်တံခါးတွေအကုန်ပိတ်ပီးအပြင်ကို လှမ်းထွက်လိုက်တာပေါ့ဗျာ။

” ဟေ့ကောင် !! အချိန်တိကျ လှချည်လားဟ “

” ဟာ !! ငရဲ …မင်း သူငယ်ချင်းက နိုင်ငံခြားသင်္ဘောသား ဆိုတာ မင်းမေ့နေတာလား”

” အော် !! အေးပါကွာ …ဟုတ်ပါပီ ကိုနိုင်ငံခြားသဘောင်္ပြန်
ကြီးရယ် “

ကျုပ် ဒင်းကို အငေါ့တူးပီးကားပေါ်လှမ်းတက်လိုက်တယ်ဗျ။

” ငရဲ …ဟိုကောင်တွေကို ပြောပီးပီ မဟုတ်လား”

” အေး !! ပြောပီးပီလေကွာ…ဒီကောင်တွေလည်းမင်းကိုအရမ်း
သတိရပီးတွေ့ ချင်နေတာဟ “

“ဟေ!! ဟုတ်လား…ငါလည်းအားလုံးကို သတိရပါတယ်ကွာ.
ဒါနဲ့ အခု ငါက ဘယ်ကိုမောင်းရမှာလဲ ယောက်ဖရ “

” မင်္ဂလာတောင်ညွန့်က music bar ကိုမောင်းကွာ…အဲဒီမှာ ချိန်းထားတာ…ငါလမ်းပြပေးမယ်။ မင်းက ရန်ကုန်ကလမ်းတွေ စိမ်းနေပီ
မဟုတ်လား “

” အေး!! အေးး ယောက်ဖ “

ဒီလိုနဲ့ သူငယ်ချင်း နှစ်ယောက် စကားလေးတပြောပြောနဲ့ကား
လေးမောင်းလိုက်တာချိန်းထားတဲ့ဆိုင်ကို ရောက်လာကြပီဗျို့။

” ငရဲ … ဟိုကောင်တွေ ရောက်နေပီလား “

” ရောက်နေလောက်ပီကွ …ဒီကောင်တွေက တာမွေမှာပဲနေတာလေ
…မရောက်သေးလည်း အထဲဝင်စောင့်နေတာပေါ့ကွာငါ special room မှာထားတာကွ..ဒီကောင်တွေကိုအခန်းနံပါတ် ပြောပီးသား ပူမနေပါနဲ့ ယောက်ဖရာ “

ကျုပ်တို့လည်း ဆိုင်ထဲဝင်ခဲ့ကြတယ်။ဆိုင်ထဲက ဧည့်ကြို အကိုကြီးက ကျူပ်တို့ကို ပြာပြာသလဲ ခရီးဦးကြိုပြုရှာတယ်။ ကျုပ်မှာထားတဲ့ အခန်းထဲကိုရောက်တော့…ငတိ နှစ်ကောင်ကရောက်နှင့်နေပီဗျ။ စားပွဲမှာ
အခန့်သားထိုင်နေကြတာဗျို့။

” ကိုမျိုး !! မင်းက မျက်နှာလိုက်တာလား…ပြန်ရောက်တာနဲ့ ငါတို့ကို
တောင်မဆက်သွယ်ဘူး…ငရဲ ဆီကိုကျတော့အရင်ဆုံးသွားတယ်ပေါ့ ဟုတ်လား”

ကျုပ်တို့အခန်းထဲဝင်တာ နဲ့ဇာနည်က ငမျိုးကိုဆီးပြောတာဗျို့။

” ဟားးးဟားးးဟားးးး!! မဟုတ်ရပါဘူး သားကြီးရာ မင်းတို့အိမ်
တွေလည်းသွားပါသေးတယ်ဟ…မင်းတို့အိမ်က နင့်သူငယ်
ချင်းတွေက တာမွေ မှာ တိုက်ခန်းငှားနေကြတယ်ဆိုတာနဲ့
ငါ လည်း ငရဲဆီကို အရင်ရောက်သွားတာပါကွာ “

” ကဲ !! ကဲ !! ဟိတ်ကောင်တွေ ပြောစရာရှိတာ နောက်မှပြော
ကြကွာ…ဒီမှာ ဝိတ်တာလေးစောင့်နေတယ် မှာစရာရှိတာအရင်
ဆုံးမှာကြ “

ကျုပ် အဲဒီလိုဝင်ပြောတော့မှ ငမျိုးက ဝိတ်တာလေးကိုကြည့်ပီး…

” ညီလေး !! ကိုယ့်ကို Black label တစ်လုံးချကွာ ပီးတော့
ဒီစားပွဲပေါ်မှာ မင်းတို့ဆိုင်ကအကောင်းဆုံးဆိုတဲ့အစားသောက်
တွေ အပြည့်ချပေးကွာ…ဟေ့ကောင်တွေမင်းတို့လည်း ကြိုက်
တာမှာကြ…ငါရောက်တုန်းပြုစုရတာ “

” ငါတို့ ကတော့ ရွှေမြန်မာပဲ ဟေ့ အပြင်းတွေ မရဘူး “

သုတကဝင်ပြောတာဗျ။

” ကဲ !! ညီလေးရေ ဒါဆိုလည်း အကိုတို့ ( ၃ ) ယောက်လုံးကို မြန်မာပဲ ပေးကွာ “

ကျုပ်ပဲ ကျန်တဲ့နှစ်ယောက်ကိုယ် စား အဆင်ပြေအောင်မှာ ပေးရတာ
ပေါ့ဗျာ။ခဏကြာတော့မှာ ထားတာတွေ ရောက်လာတယ်။ စားပွဲကြီး
တစ်ခုလုံးဟင်းပွဲတွေဆိုတာ ပြည့်လျှံနေတာပါပဲ ဗျာ။

” ကိုင်း !! ဘော်ဒါတွေ ကမ်းပေ့ ကွာ”

ကိုမျိုးကအရင်စပီး ခွက်မြောက်လိုက်တာဗျ။ ဒီတော့အကုန်လုံး ခွက်
ကိုယ်စီမြောက်ပီး ကမ်းပေ့ လုပ်လိုက်ရတာပေါ့။

” ချီးးယားး !! တို့အားလုံးပဲ အောင်မြင်ပါစေ ဟေ့ “

ကျုပ်တို့ လေးယောက်သား ပျော်ပျော်ပါးပါးစတင် သောက်
စားကြတာပေါ့ဗျာ။စားရင်းသောက်ရင်းငယ်ငယ်ကသူငယ်ချင်း
လေးယောက်ပေါင်းပီး ဆိုးခဲ့ပေခဲ့ တဲ့အကြောင်းတွေ ပြောဆို
ပီး တဟားဟား ပွဲကျနေလိုက်ကြတာဗျာ သီးသန့်ခန်းထဲမှာ မို့
တော်သေးတာဗျို့။အပြင်မှာသာထိုင်ရင်တခြားဝိုင်းက လူတွေ
အမြင်ကပ်ပီး ထတောင် ရိုက်နိုင်တယ်ဗျ။

ဒီလိုနဲ့ တဖြည်းဖြည်း ညနက်လာပီပေါ့ဗျာ။ကျုပ်တို့သုံးယောက် က
ဘီယာပဲသောက်တာဆိုတော့သိပ်တော့ မမူးဘူးဗျ။ကိုမျိုးကတော့ မရ
တော့ဘူး…ခေါင်းတောင် စိုက်နေပီတော်တော်လည်းမူးသွားပုံရတယ်။

” ကဲ !! ငမျိုးရေ ဒီနေ့တော့ဒီလောက်နဲ့တော်ကြရအောင် မင်းလည်း
တော်တော်မူးနေပီ…နောက်နေ့ ငါတို့အလုပ်ပိတ်ရက်ကြ ထပ်ဆုံကြတာပေါ့ကွာ…အခုတော့လစ်ကြစို့ “

ဇာနည်က ပြန်ဖို့စကားစလိုက်တာဗျ။

” အေး !! ပြန်ကြမယ်ကွာ…ငါလည်းမူးသွားပီ…ငရဲ ပြန်ရင် ကားကို
မင်းပဲမောင်းတော့ကွာ “

ငမျိုးက အာလေးလျှာလေးနဲ့ကျူပ်ကိုပါ တစ်ဆက်တည်းလှမ်း
ပြောလိုက်တာဗျ။

” အော် !! အေးပါကွာ သူငယ်ချင်းရာ ငါပဲ မင်းကို အိမ်ထိပြန်
မောင်းပို့ပေးပါ့မယ် “

ကျုပ်လည်း ဒီကောင်အရက်မူးပီး မောင်း မဲ့ကားကို မစီးရဲတာ
နဲ့ အတော်ဖြစ်သွားတာပေါ့ဗျာ။

ဒါနဲ့ ကျသင့်ငွေရှင်းပီး ကျုပ်တို့ သူငယ်ချင်းတွေပြန်လာခဲ့ကြတယ်ဗျ။ဇာနည် နဲ့ သုတ ကတော့ တာမွေတင်ပြန်ရမှာဆိုတော့ နီးတယ်လေဗျာ။ ကျုပ်နဲ့ ကိုမျိုးက ထောက်ကြန့်ထိ ပြန်ရမှာဗျ။ကျုပ်လည်း ကားကို ဂရုစိုက်မောင်းလာခဲ့တယ်ဗျ။

” ငရဲ ကားကိုဂရုစိုက်မောင်းဦးနော်”

” အောင်မာ!!မင်းကပဲပြောရတယ်ရှိသေး။ငါက မင်းထက်အရင်
ကားမောင်းတက်တာပါ မင်းကားမောင်းတာကမှကြမ်းသေးတယ် “

“သိပါတယ် သားကြီးရာ…မင်းလည်းသောက်ထားတာဆိုတော့ငါကစိတ်ပူလို့ပါ…ဒါနဲ့ မင်းအခုတလော ပရလောက စာပေ
groupတွေထဲမှာသရဲ ဝတ္ထုတွေ ရေးနေတယ်ဆို ဟုတ်လား “

” အေး !! ဟုတ်တယ်လေကွာ…ငါ ငယ်ငယ်တည်းကစာရေးတာ ဝါသနာပါတာ မင်းလည်းအသိပဲ ဟာ “

” ဟားးးးး!!ဟားး!! မင်းက အဲဒါတွေရေးရအောင်… မင်းကသရဲဆိုတာကို မြင်ဖူးလို့လား သရဲခြောက်တာကော ခံရဖူးလို့လားကွာ “

ငမျိုးက မူးတာနဲ့ သူ့ထုံးစံတိုင်းအနားမှရှိတဲ့သူကိုရစ်တက်တာဗျ။

” ဟ !! ဘာဆိုင်လဲ ကွာ…မင်းပြောပုံကလဲ မသိရင် ငါအပါဝင် တခြား
ပရလောက စာရေးသူတွေ အားလုံးကသရဲ ခြောက်ခံရမှ သရဲကိုမြင်ဖူး
မှပဲ စားရေး ရမလိုဖြစ်နေပါလား “

“ဟားးးးး !!ဟုတ်တယ်လေကွာ မင်းက သရဲဆိုတာ ဘာမှန်းတောင်မသိပဲ စာတွေ ရေးနေတယ်ဆိုတော့ ငါရီချင်တာပေါ့…ဒါနဲ့ နေစမ်းပါဦး …မင်းက သရဲတစ္ဆေ ဆိုတာကိုယုံလို့လား “

” ဟာ !! ဟေ့ကောင် ကိုယ်မမြင်ဖူးတာနဲ့ပဲ သရဲဆိုတာမရှိဘူး
မယုံဘူးလို့ပြောလို့မရဘူးလေကွာ…သုံးလောက ထွတ်ထား
သဗ္ဗေညုတ ဥာဏ်တော်ရှင်ဗုဒ္ဓ မြတ်စွာဘုရား ဟောကြားခဲ့တဲ့
သုံးဆယ့် တစ်ဘုံထဲမှာ ငရဲ / ပြိတ္တာ /အသူရကယ်ဘုံဆိုတာပါ
ပီသားလေကွာ “

” ငါတော့ အဲတာတွေ မသိဘူး ငရဲ…ငါ့မျက်လုံးနဲ့တပ်အပ် မမြင်ရရင် ဘာကိုမှ မယုံဘူးဟေ့”…ဘာကောင်မှလည်းမကြောက်ဘူး။အခုနေသာ တွေ့လိုက်ရ ရင် မင်းရှေ့မှာတင် နပန်းလုံးပြ လိုက်ချင်စမ်းပါပေ့ကွာ “

ဒီကောင်တော်တော်မူးနေပီဗျ။ကျုပ်လည်းဒီကောင်နဲ့ ပြိုင်မပြောချင်
တာနဲ့ပဲ တိတ်တိတ်လေးပဲနေပီးကားကိုသာ ဂရုစိုက်မောင်းလာခဲ့တာ
ပေါ့။အချိန်ကလည်းမနည်းတော့ဘူးဗျို့။ပြည်လမ်း မကြီးပေါ်မှာကျုပ်
တို့ကား ကလွဲလို့ တခြားကားတွေ သွားလာနေတာတောင်မတွေ့ရ
တော့ဘူးဗျ။

” ငရဲ …ကားခဏ ရပ်ပေးကွာ…ငါအပေါ့သွားချင်လာလို့ “

” အော် !! အေးးအေးးး !! ယောက်ဖ “

ကျုပ်လည်းကိုမျိုး စကားကြောင့်ရှေ့နား ဓာတ်မီးတိုင်အလင်းရောင်နည်းတဲ့နေရာမှာကားကိုလမ်းဘေးချပီးရပ်လိုက်ရတာပေါ့ဗျာ။ဒီကောင်
က မူးကြောင်ရူးကြောင်နဲ့ကားတံခါးဖွင့်ပီးဆင်းလိုက်တာဗျ။ပီးတော့ ကျုပ်ကိုလည်း ကားပေါ်ကဆင်းခိုင်းတယ်ဗျို့။ကျုပ်ကားပေါ်ကနေ မြေ
ကြီးပေါ်ချေချရုံပဲရှိသေးတယ်ဗျ။ ကိုမျိုးက ကျုပ်ကို လှမ်းပြောတာဗျို့…

” ဟေ့ကောင် ငရဲ !! မင်းနဲ့ငါ ငြင်းခုန်နေတဲ့ပွဲကမပီးသေးဘူးနော်…မင်းယုံတယ်ဆိုတဲ့ သရဲကို ငါအခုစိန်ခေါ်ပြမယ်…တကယ်လာရင်တော့
မင်းနိုင်တယ်…မလာရင်တော့ မင်းရှုံးပီ “

” ဟာ !! ဟေ့ကောင် ငမျိုးမှားမယ်နော် မလုပ် …မလုပ်နဲ့ “

ဟာ !! ကျုပ်တားချိန်တောင်မရလိုက်ဘူးဗျို့…ကိုမျိုးက သူ့ရှေ့
မှာရှိနေတဲ့သစ်ပင်ကြီးကို ရုတ်တရက်သေးနဲ့ပန်းပစ်လိုက်ပီဗျို့။
ပါးစပ်ကလည်း ညစ်တီးညစ်ပတ်တွေပြောပီး စိမ်ခေါ်နေတာဗျ။

” ဒီအနီး နားမှာ ရှိတဲ့ သရဲ နာနာဘာဝဆိုတဲ့ အကောင်တွေရှိ
တယ်ဆိုရင် အခုထွက်လာစမ်း…ခွေးမသား သရဲတွေ …ငါ့ကို
ကိုယ်ထင်ပြစမ်း မင်းတို့နဲ့နပန်းလုံးချင်လို့ဟေ့ ဟားးးဟားးး”

“ဟာ ငမျိုးမင်းဘာတွေလုပ်နေတာလဲဒုက္ခတော့ရောက် ရောက်”
အမလေးဗျာ!! ကျုပ်စကားတောင်မဆုံးလိုက်ဘူးဗျို့…

” ဝုန်းးးးး!! ဝုန်းးးးး !! ဝုန်းးး !! ဖြောင်းးး!! ဖြောင်းးး!!

ကိုမျိုး သေးနဲ့ပန်းနေတဲ့သစ်ပင်ကြီးပေါ်ကနေ မဲမဲအကောင်ကြီးတစ်
တစ်ကောင် ဇောက်ထိုးကြီး ဆင်းချလာတာ။နည်းတဲ့အကောင်ကြီးလားဗျာ။ခန္ဓာကိုယ်ကြီးကသစ်ပင်ပေါ်မှာပဲ ရှိသေးတယ်…အောက်ကို တွဲ
လောင်းကျနေတဲ့ လျှာကြီးက မြေကြီးကိုတောင် ထိနေတာဗျ။

နားရွက်ကြီးတွေဆိုတာ အကြီးကြီးပဲ။ မျက်လုံးကြီး တွေဆိုတာနီရဲနေပီးတစ်လုံး တစ်လုံးကိုဟင်းသောက်ပန်းကန်ကြီးလောက်ကို ရှိတာဗျ။
လမ်းမီးတိုင်အလင်းရောင် ဝိုးတဝါးနဲ့ဆိုတော့ ပါးစပ်ထဲကနေအပြင်ကိုထွက်နေတဲ့ အစွယ်ဖွေးဖွေးကြီးတွေကိုပါ မြင်နေရတာဗျို့။ကြောက်ဖို့
ကောင်းလိုက်တာဗျာ။ ကျုပ်ရုတ်တရက်
အလန့်တကြားထအော်ပီးပြေးမိတာဗျို့။

” အောင်မလေး !! ဟေ့ကောင် !! ငမျိုး ပြေးးး… ပြေးးး… ပြေးတော့
မသေချင်ရင်လွတ်အောင်သာပြေးတော့ဟေ့ !! “

ကျုပ်လည်း ကြောင်ပီးရပ်နေတဲ့ ကိုမျိုးကို အော်ဟစ်သတိပေးပီးတာနဲ့ ချာခနဲလှည့်ပြေးတော့တာပဲဗျို့။

” အားးးးးးး !! “

ဟာ !! ကျုပ်ခြေလှမ်းဆယ်လှမ်းလောက်ပဲပြေးရသေးပါတယ်ဗျာ။
ကိုမျိုး ဆီက အားခနဲအော်လိုက်တဲ့ အသံကြီးကို ကြားလိုက်ရ
တာဗျို့။လှည့်ကြည့်လိုက်တော့ ကိုမျိုးက လမ်းပေါ် မှာ မှောက်
ခုံကြီး လဲနေတာဗျ။အပင်ပေါ်က ဆင်းလာတဲ့ အကောင်ကြီးကို
တော့ မတွေ့ရတော့ဘူးဗျို့။ကျုပ်လည်း စိုးရိမ်စိတ်နဲ့ ကိုမျိုးဆီ
ကို ပြန်ပြေးသွားရတာပေါ့ဗျာ။အမှန်ပြောရ ရင်ကျုပ်သေလောက်
အောင် ကြောက်လန့်တုန်လှုပ်နေတာဗျ။

ကျုပ်နေရာမှာ ခင်များတို့ဆိုလည်း ချီး…သေးထွက်မတက်ကြောက်ရွံ့
နေမှာသေချာပါတယ်ဗျာ။ဒါပေမဲ့ ကိုမျိုးဆိုတာ ကျုပ်ဘဝမှာ အချစ်ရဆုံးသူငယ်ချင်းဗျ။ ကျုပ်အချစ်ဆုံးသူငယ်ချင်းကိုတော့ မျက်နှာလွဲ ခဲပစ် ထားမသွားနိုင်ဘူးလေဗျာ။ ကျုပ် မှောက်ခုံကြီးလဲနေတဲ့ ကိုမျိုးနားကို
ရောက်တာနဲ့အတင်းပွေ့ထူ လှုပ်နှိုး လိုက်တယ်။

” သူငယ်ချင်း !! ကိုမျိုး !! ဟေ့ကောင်ထပါဦးကွ…ဘာဖြစ်သွား
တာလဲ …ငမျိုး ငါခေါ်နေတာကြားလား “

” ဟာ !! အောင်မလေးဗျာ “

ဟုတ်တယ်ဗျ။ ကျုပ်အလန့်ထကြားကို ထအော်မိတာ ကျုပ်
အတင်းလှုပ်နိူးနေတဲ့ ကိုမျိုးက မျက်လုံးကြီး ဖျတ်ခနဲပွင့်လာပီး
ရုတ်တရက် ငုတ်တုပ်ကြီးထထိုင်လိုက်တာလေဗျာ။မျက်လုံးကြီး
တွေက နီရဲပီး အပြင်ကို အဆမတန်ပြူးထွက်နေတာဗျ။အသား
တွေလည်း တဆတ်ဆတ်တုန်ပီး လက်သီးတွေကိုကျစ်ကျစ်ပါ
အောင်ဆုပ်ထားတာဗျို့ … ကျုပ် မလန့်ပဲနေမလားဗျာ။

” ဟင်းးးး !! ဟင်းးးးဟင်းးး ငါ့ကို အသားလွတ်ရန်စစော်ကား
တဲ့ကောင် အသေကိုသတ်ပစ်မယ်ဟေ့ “

ဟာ !! ငမျိုးက အသံနက်ကြီး နဲ့ ထအော်တာဗျို့။ ကျုပ်သူငယ်ချင်း
ငမျိုးရဲ့အသံနဲ့ လုံးဝ မတူတော့့သလိုပါပဲ ဗျာ။အသံကြီးကို ကြားရတာ
စူးရှပီး ကျောချမ်းစရာကောင်းလိုက်တာဗျို့။ကျုပ်နား တွေမခံနိုင်အောင်
ကို အူထွက်သွားတာဗျ။ ဒါနဲ့ မူမမှန်တော့တဲ့ ကိုမျိုးကို ကြည့်ရင်း
သတိပေးလိုက်တယ်။

” ကိုမျိုး!! သူငယ်ချင်းစိတ်ထိန်းဦးလေ ဘာတွေပြောနေတာလဲ”

” ဟဲ့ကောင် !! ပါးစပ်ပိတ်ထား …ငါ နင့်သူငယ်ချင်းမဟုတ်ဘူး
ငါက နင့်သူငယ်ချင်းကိုအသေသတ်မဲ့ ကောင်ပဲဟေ့ “

ဟာ !! ဒီလောက်ဆို ကျုပ်သဘောပေါက်သွားပီဗျို့။ကျုပ်ကို အသံနက်
ကြီးနဲ့ အော်ပြောနေတဲ့ ကိုမျိုးက မူမမှန်တော့ဘူးလေဗျာ။ဒါ ခုနက
ပျောက်သွားတယ်ထင်ရတဲ့ အပင်ပေါ်က မဲမဲကောင်ကြီး ဝင်စီးသွားတာပဲ ဖြစ်မယ်ဗျ။ကျုပ်လည်း ကြောက်ကြောက်နဲ့ ပြောလိုက်ရတယ်။

” ကျုပ်…ကျုပ်တောင်းပန်ပါတယ်ဗျာ။ကျူပ်သူငယ်ချင်းက မသိနားမ
လည်လို့တစ်ကြိမ်တစ်ခါမိုက်မဲမိတာပါခွင့်လွှတ်ပေးပါဗျာ”

” ဟားးး!! ဟားးး!! ဟားးး!!ဟီးးးဟီးးး လုံးဝ ခွင့်မလွှတ်နိုင်ဘူး
ဟေ့ …ငါ့ကို ဘာများမှတ်နေလဲ…ငါက ဒီနေရာမှာ နေနေတာ အနှစ် သုံးရာ ကျော်သက်တမ်းရှိတဲ့ သဘက်ကြီးပဲဟေ့ … ငါ့ကိုစော်ကားတဲ့ကောင် အခုပဲ အသေသတ်ပစ်မယ်..ကဲကွာ!!”

” ဝုန်းးးး!! ဝုန်းးးး !! ဝုန်းးး !! ဘုန်းးးး!! အုန်းးး !! “

ဟာ!! ငုတ်တုပ် ထိုင်နေတဲ့ ကိုမျိုးက ချက်ချင်းခုန်ထပီး ဂျွမ်းတွေပစ်နေတာဗျို့။ ခင်များ တို့ကိုပြောရင်ယုံမှာတောင်မဟုတ်ဘူးသူ တစ်ချက်ဂျွမ်း ပစ်လိုက်တာက လမ်းဘေးမှာ ရှိတဲ့ သစ်ပင်တွေ ဓာတ်တိုင်တွေ ထပ်
တောင်မြင့်နေသေးတာဗျို့။

မြေပြင်ကို ပြန်ကျတော့ ခြေပစ်လက်ပစ်ကြီးကိုကျတာ။ ပက်လက်ကြီးကျလိုက်…မှောက်ခုံကြီး ကျလိုက်နဲ့ပေါ့ဗျာ။သူဝင်ပူးထားတဲ့ ကျုပ် သူ
ငယ်ချင်း ကိုမျိုးရဲ့ခန္ဓာကိုယ်က အရိုးတွေ ကျိုးကုန်လောက်ပီတောင်
ထင်ပါရဲ့ဗျာ။ တမင်တကာကိုအမြင့်ကြီးခုန်ပီး ပစ် ပစ်ချနေတာဗျ။

” မ … မလုပ်ပါနဲ့တော့ဗျာ…ကျုပ် တောင်းပန်ပါတယ်…ကျေနပ်တဲ့
ထိ လည်းလုပ်ဆောင်ပေးပါ့မယ်…သင့် ကိုစော်ကားသလိုဖြစ်သွားတဲ့ ဒီခန္ဓာ ပိုင်ရှင်ကို လည်း တောင်းပန်ခိုင်းပါ့မယ်…သူ့အသက်ကို ချမ်းသာပေးလိုက်ပါ ဗျာ “

” မရဘူးဟေ့ …မရဘူး…မကျေနပ်နိုင်ဘူး…ဒီကောင်သေမှကို ဖြစ်
မှာဟေ့ “

” ကိုင်းကွာ!! “

” ဝုန်းးးဝုန်းးးဝုန်းးး!! “

” ဖောင်းးး!! ဒိုင်းး !! ခွပ်!! ခွပ် “

ဟာ !! ကျုပ် တောင်းပန်လိုက်မှ ပိုဆိုးသွားတာဗျို့။ခုန်ပီး ဂျွမ်းပစ်နေရာကနေ သူဆင်းလာတဲ့သစ်ပင်ကြီးဆီကိုပြေးသွားပီးခေါင်းနဲ့ပြေးဆောင့်
…လက်သီးတွေနဲ့ထိုး ခြေထောက်တွေနဲ့အားရ ပါးရ ကြီးကို လှိမ့်ကန်
နေတာဗျို့။

ကိုမျိုးခေါင်းကထွက်လာတဲ့သွေးတွေဆိုတာ ရဲနေတာပဲ မြင်လို့တောင်
မကောင်းပါဘူးဗျာ။မထူးတော့ဘူးဗျို့။ ကြာရင် ကျုပ် သူငယ်ချင်းသေ
တော့မှာဗျ။ ဒီတော့ ဖြစ်ချင်ရာဖြစ်ကွာဆိုပီးသူဝင်ပူးထားတဲ့ ကိုမျိုးရဲ့
ခန္ဓာ ကိုယ်ကြီးကို ကျုပ်အတင်း ပြေးဝင်ပီး ဝင်ချုပ်လိုက်ရတာပေါ့ဗျာ။

” အောင်မာ !! မလောက်လေး မလောက်စားကောင်ကများ ငါ့ကို လာတားချင်နေသေးတယ် နင်ပါသေချင်လို့လား …”

” ကဲ ဟာ !! “

” ဝှီးးးး !! ဒုတ် !! “

” အားးးးး!! အောင်မလေး သေပါပီဗျ… “

သဘက်ကြီးက သူ့ကို ဝင်ဖက်ချုပ်ထားတဲ့ ကျုပ်ကို လက်တစ်ဖက်ထဲ
နဲ့ ဂုတ်ကနေဆွဲပီး သစ်ရွက်လေးလို လွှင့်ပစ်လိုက်တာဗျ။ ရပ်ထားတဲ့ ကားနဲ့ဝင်ဆောင့်မိပီး ကျုပ်လုံးဝကိုမထနိုင်တော့ဘူးဗျာ။ တစ်ကိုယ်လုံးက အရိုးတွေပါ ကျိုးသွားပီလား အောက်မေ့ရတာဗျို့။အဲဒီ အချိန်လေးမှာပဲ…

” ဟေ့ !! ဘယ်သူတွေလဲ …ဘာတွေဖြစ်နေကြတာလဲဟေ့!! “

မေးသံနဲ့ အတူဓာတ်မီးအလင်းရောင်တွေနဲ့ ပြေးလာနေကြတဲ့
ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်တွေကို ကျူပ်တွေ့လိုက်ရတာဗျို့။ကျုပ်
နာကြင်မူတွေကြားက ဝမ်းသာအားတက်သွားတာဗျ။

” အားးး!!ကျွတ် !! ကျွတ် !! ကျွတ် !! ဆရာတို့ လုပ်… လုပ်
ကြပါဦးဗျာ…ကူညီကြပါဦး…ကျုပ်သူငယ်ချင်းကိုသရဲကြီးဝင်ပူး
နေတာဗျ။”

“ဟေ !! သရဲပူးနေတာဟုတ်လား…ငါတို့ကလှည့်ကင်းပတ်ရင်း
မင်းတို့ ဆူဆူညံညံသံတွေ ကြားရလို့ ပြေးလာကြတာကွ”

“ဟုတ်ပါတယ်ဗျာ…တကယ်ပါ..ဟိုမှာတွေ့လား…သစ်ပင်ကြီး
ကို လက်သီးနဲ့ထိုး ခေါင်းနဲ့ဆောင့်ပီး သောင်းကျန်းနေတာ…
ဝိုင်းတားပေးကြပါဗျာ ကြာရင်ကျုပ်သူငယ်ချင်းသေတော့မှာဗျ “

ကျုပ်စကားကိုကြားတော့ ရဲတွေလည်းအံ့သြသွားတာဗျို့။ ပီးတော့သစ်
ပင်ကြီးကို တဖုန်းဖုန်းတဒိုင်းဒိုင်းနဲ့ ထိုးကြိတ်ကန်ကျောက်နေတဲ့
ကိုမျိုးအနားကို ချဉ်းကပ် သွားကြတာ။ သူတို့ထဲက ခေါင်းဆောင်
တပ်ကြပ်ကြီးဖြစ်သူက…ကိုမျိုးကို ကြည့်ပီးလေသံမာမာနဲ့ ပြောလိုက်
တယ်။

” ဟေ့ကောင်!! အခုရပ်စမ်း…မင်းကဘာကောင်လဲ…ဘာလို့
သစ်ပင်ကို အသားလွတ်ထိုးကြိတ်နေတာလဲ “

” ဟီးးဟီးးးဟီးးး !! ဟိုးးးဟိုးးးဟိုးးး!! ဟားးးး ဟားးး!! “

ဟာ !! သဘက်ကြီးဝင်ပူးနေတဲ့ ကိုမျိုးက ရဲတပ်ကြပ်ကြီးကိုဘာမှပြန်
မပြောပဲ တဟီးးဟီးးရီပီး သစ်ပင်ကြီးကိုပဲ ထိုးကြိတ်ကန်ကျောက်နေတာဗျို့။ ရဲတပ်ကြပ်ကြီးလည်း သူ့စကားကို အရေးမလုပ်တဲ့ ကိုမျိုးကို
ဒေါပွသွားပုံရတယ်။ သူ့လူတွေဘက်ကိုလှည့်ပီး အမိန့်ပေးလိုက်တာဗျို့။

” အော် !! မင်းကဒီလိုလား !! ကဲ !! ရဲဘော် တို့ ဒီကောင့်ဘာသာ ဘာကောင်ကြီးပဲဖြစ်ဖြစ် အတင်းဝင်လုံးပီးလက်ထိတ်ခတ်ကြစမ်းကွာ “

ဟာ !! တပ်ကြပ်ကြီး စကားအဆုံး ရဲဘော်လေးတွေ အားလုံး
ကျုပ်သူငယ်ချင်း ကိုမျိုးကို အတင်းဝင်လုံးကြတော့တာပဲဗျို့။

” ကိုင်းကွာ !! ဝုန်း!! ဝုန်း !! ဖြောင်း !! ဒိုင်း!! “

” အားးးး!! အမလေး !! သေပါပီဗျို့ “

ဟာ!! သဘက်ကြီး ဝင်ပူးထားတဲ့ ကိုမျိုးကသူ့ကို ဝိုင်းချုပ် ဝင်လုံးနေကြတဲ့ ရဲဘော်တွေကို တစ်ယောက်ပီးတစ်ယောက်ကန်ထုတ်ပစ်လိုက်တာဗျို့။အကုန်လုံးလွင့်ထွက်ကုန်ကြတာဗျ။ ဒါကိုမြင်တော့ ရဲတပ်ကြပ်ကြီး
လည်း လန့် သွားပီးကြက်သေ သေသွားတာဗျို့။

အဲဒီချိန်မှာကျုပ်က လည်း သူငယ်ချင်းဖြစ်သူအတွက် အရမ်းစိတ်ပူနေပီဗျ။မတက်နိုင်ဘူးဗျာ…နောက်ဆုံးအနေနဲ့ ကျုပ်အဲဒီအနှစ်၃၀၀ ကျော်
သက်တမ်းရှိပါတယ်ဆိုတဲ့ သဘက်ကြီးနားကို ပြေးသွားပီးဒူးထောက်ချ လိုက် တာဗျို့။

” အဘ သဘက်ကြီးခင်မျာ…အဘကို ကျုပ်အနူးညွှတ်တောင်း
ပန်ပါတယ်။အဘကို စားပွဲ သောက်ပွဲများနဲ့လည်းတောင်းပန်ပါ့
မယ်…ကျုပ်သူငယ်ချင်းရဲ့အသက်ကို ချမ်းသာပေးပါဗျာ”

“ဟီးးးးးဟီးးးးးဟားးးဟားးး!! မလိုဘူးဟေ့ …ဘာစားပွဲမှ မလိုချင်ဘူး
…ငါလိုကောင်တွက် အဲဒါတွေလိုမယ်ထင်လား…ငါကြိုက်တဲ့ကောင်
ကို ခေါ်ပီးခိုင်းလို့ရတယ်ကွ …ဒီကောင်အသက်ကိုပဲ ယူမယ်ဟေ့ “

ဟာ !! ကျုပ်သူငယ်ချင်းကိုဝင်ပူးထားတဲ့ အသက်၃၀၀ကျော် သဘက်
ကြီးကတော့ ဘယ်လိုမှကိုတောင်းပန်လို့ မရတော့ဘူးဗျို့။ကူညီမဲ့သူလည်းမဲ့နေပီဗျာ။မြေပြင်ပေါ်မှာမတ်တပ်ရပ်နိုင်တဲ့သူဆိုလို့ကျုပ်နဲ့ရဲတပ်ကြပ်ကြီး ပဲရှိတယ်ဗျ။သူလည်းအရမ်းကြောက်နေပုံရတယ်ဗျ။ ကျန်
တဲ့ ရဲဘော်လေးတွေကတော့ သဘက်ကြီးလက်ချက်နဲ့မြေပြင်ပေါ်က မထနိုင်ကြဘူးလေဗျာ။

” ဟင်းးဟင်းး!! ဒီတစ်ခါတော့ ဒီကောင့်ရဲ့ အဆုံးသတ်ပဲ “

” ဝှီးးးး !! ဖုတ် !! ဖုတ် !! ဖုတ် !! “

အမလေးဗျာ !! သဘက်ကြီးကအသံနက်ကြီးနဲ့ကြိမ်းဝါးပီးကားလမ်းမ
ပေါ်ကိုပြေးတက်သွားတာဗျို့။ ရုတ်တရက်မို့ကျုပ်လည်းကြောင်သွားတာပေါ့ဗျာ။အဲဒီချိန်မှာ ပြည်လမ်းမကြီးရဲ့တစ်ဖက်ယာဉ်ကြောကနေ
မောင်းလာနေတဲ့ကားမီးရောင်စူးစူးကြီးကို ကျုပ်မြင်
လိုက်ရတာပဲဗျို့။

သဘက်ကြီးပြေးသွားတာအဝေးကလာနေတဲ့ကားကြီး ဘက်ကိုဗျ။
ကျုပ်ချက်ချင်း သဘောပေါက်သွားပီ။ ဒါကြောင့်လည်း နောက်ဆုံးလက်
ကျန် အင်အားနဲ့ သဘက်ကြီးဝင်ပူးနေတဲ့ ကိုမျိုး နောက်ကို အတင်း ပြေးလိုက်တာပဲဗျို့။

” ဝူးးးး!! ကျွီ !! ကျွီ !! ကျွီ !! ဝေါ !! “

” ဒုန်းးးး!! ဝုန်းးး!!

” အားးးးးးးးးး!! “

ဟာ!! သွားပီ… သွားပီဗျို့။ကျုပ်လက်မတင်လေးနောက်ကျသွားပီဗျာ။ကျုပ် ကိုရောက်ဖို့လက်တစ်ကမ်းအလို လေးမှာပဲပြည်လမ်းပေါ်မှာ
အရှိန်နဲ့မောင်းချလာတဲ့ ခြောက်ဘီးကားကြီးကကိုမျိုးကိုတိုက်ချသွားပီဗျို့။ အဲဒီလိုမတိုက်ခင်မှာ ကိုမျိုးရဲ့ ခန္ဓာကိုယ်ထဲကနေ မဲမဲအရိပ်ကြီး
တစ်ရိပ်ထွက်သွားတာကိုလည်း ကျုပ်မြင်လိုက်ရတယ်။

ကားနဲ့တိုက်မိတဲ့ချိန်မှာအားးးးခနဲကြားလိုက်ရတဲ့ အသံကြီးကိုတော့ ကျုပ်ဘဝ တစ်သက်တာမှာဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူးဗျို့။အဲ့ဒါ သနားစရာကောင်းလွန်းတဲ့ ကျုပ်သူငယ်ချင်းကိုမျိုးရဲ့ အသံ စစ်စစ်ကြီးပါဗျာ။

” သူငယ်ချင်း ကို…ကိုမျိုး…ထ…ထပါဦးကွာ …သူငယ်ချင်း “

သွေးအိုင်ထဲမှာ လဲနေတဲ့ကိုမျိုးကိုကျုပ် အရူးကြီးတစ်ယောက်လို
တတွတ်တွတ်ခေါ်ပီး လှုပ်နိုးနေမိတာဗျ။ ကျုပ်သူငယ်ချင်းကတုပ်တုပ်
တောင်မလှုပ်တော့သလို ဝင်ပူးနေတဲ့ သဘက်ကြီးလည်းဘယ်နား
ရောက်သွားမှန်းမသိတော့ပါဘူးဗျာ။ ရဲတပ်ကြပ်ကြီးလည်း အနားကို
ရောက်လာပီး သွေးတွေအလိမ်းလိမ်းနဲ့ပေလူးနေတဲ့ကိုမျိုးရဲ့ သွေးခုန်
နူန်းကို စမ်းကြည့်တယ်။ နှာခေါင်းဝကိုလည်း လက်နဲ့အသာတေ့
ကြည့်သေးတယ်။ ပီးမှ စိတ်မကောင်းတဲ့ မျက်နှာနဲ့ ခေါင်းကိုခါရမ်း
ရင်း တစ်လုံးချင်းပြောလိုက်တာ။

” စိတ်မကောင်းပါဘူးငါ့ညီ…မင်းသူငယ်ချင်းအသက်မရှိတော့ဘူး “

” ဗျာ!! “

ကျုပ် ယောကျာ်းရင့်မာကြီးတစ်ယောက်ဖြစ် လျက်နဲ့ဟန်တောင်
မဆောင်နိုင်တော့ပါဘူးဗျာ။ကိုမျိုးရဲ့ အသက်ဝိဥာဉ် ကင်းမဲ့နေပီ
ဖြစ်တဲ့ခန္ဓာကိုယ်ကြီးကိုတင်းနေအောင်ပွေ့ပီး ချုံးပွဲချ ငိုချလိုက်
မိတော့တာပဲဗျို့။

ခုတော့ အားလုံးပီးသွားပီပေါ့ဗျာ။တန်ဖိုးရှိလှတဲ့လူ့အသက်တစ်ချောင်း ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ပေးဆပ်ခဲ့လိုက်ရပီဗျ။အနှစ် ၃၀၀ကျော်
တောင် သက်တမ်းရင့် နေပီဖြစ်တဲ့သဘက်ကြီးလည်းကျေနပ်သွား
လောက်ပီထင်ပါရဲ့ဗျာ။

ဒါဘာပဲပြောပြော ကျုပ်တို့အမှားလုပ်မိလို့ပေးဆပ်လိုက်ရတာပဲ။
ပထမဆုံးအမှားကတော့ ပရလောက နာနာဘာဝကိုမယုံကြည်လို့ေ
စော်ကားမိတဲ့ ကျုပ်သူငယ်ချင်း ကိုမျိုး …

နောက်ထပ်ဒုတိယအမှားလုပ်မိတဲ့သူကတော့.. သူငယ်ချင်းဖြစ်သူရဲ့
အသက်ကိုမကာကွယ်နိုင်ခဲ့တဲ့ကျုပ်…သူငယ်ချင်းကောင်းမပီသတဲ့
ကျုပ်…ကိုမျိုး အစားသေဖို့ထိုက်တန်တဲ့ကျုပ်ပဲပေါ့ဗျာ။ မျက်ရည်တွေ
စိုစွတ်ပီးအမြင်တွေဝါးလာတဲ့ကြားထဲကပဲ… ကျုပ် ရင်ပွင့်မတက် အော်
ဟစ်ပစ်လိုက်တယ်။

” ကိုမျိုးရေ မင်းဘယ်ဘဝ ရောက်ရောက် …. ငါ့ကို ဘဝဆက်တိုင်း
လုံးဝ ခွှင့်မလွှတ်ပါနဲ့ကွာ…… “

ကျုပ် ဒီအကြောင်းကို ရင်နာနာနဲ့မေ့ထားပစ်ခဲ့တာကြာပါပီဗျာ။
ဒါပေမဲ့ နောင်လာမဲ့ခေတ်ရဲ့ ညီငယ် ညီမငယ်လေးတွေ ကျုပ်
တို့ အဖြစ်ကိုသိပီး မဖြစ်သင့်မဖြစ်ထိုက်တာတွေ မဖြစ်ရအောင်
ဒီလို မိုက်ရူးရဲဆန်တဲ့ အကျိုးမဲ့လုပ်ရပ်တွေ မလုပ်မိကြအောင်
သတိပေးချင်တဲ့စေတနာနဲ့တင်ပြလိုက်တာဗျ။

ကျုပ် နောက်ဆုံးသတိပေးချင်တာတစ်ခုကတော့ လောကမှာ ထူးခြား
ဆန်းပြားနက်နဲတဲ့အရာတွေကို ကိုယ့်မျက်စိနဲ့မတွေ့ရတိုင်း…မရှိဘူး
… မယုံဘူးလို့တထစ်ချကြီး ဆုပ်ကိုင်မထားဖို့ပါပဲ။ မယုံကြည်ရင် နေပါစိမ်ခေါ်တာတို့…ရန်စတာတို့… စော်ကားတာမျိုးတော့ မလုပ်မိကြ
စေနဲ့ပေါ့ဗျာ။

××××××××××××××××××××××××××××××××××
ပြီးပါပီ။ (ဖြစ်ရပ်မှန်)

#ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိနိုင်ပါစေ သူငယ်ချင်း(ကိုမျိုး)