ကွင်းမှောက်တဲ့ည (စ-ဆုံး)

ဝေါးးးးးဝေါးးးးးးဝေါးးးးးးးး

”မိန်းမရေ မိုးရွာပြီးဟေ့ ငါခဏထွက်လိုက်ဦးမယ်”

ရုတ်တရတ် ရွာချလိုက်သော မိုးသံကြောင့် ကိုအောင်တင်
ဝမ်းသာသွား ခြင်းဖြစ်လေသည်။

မိုးဦးကာလ ဖြစ်၍ မိုးသည် ရွာမည့် လဏ္ခာမပြ
ရွာချင်ရွာ တက်သည်
တစ်ခါတစ်လေ ရွာမလို နှင့် အုပ်ဆိုင်းပြီး
မရွာဘဲလည်း နေတက်သည် ယခုမူ မိုးရွာ၍
ကိုအောင်တင် ခေါင်းမီးများ မှိန်းများ ပြင်ကာ ဖားရိုက်ထွက်ရန်ပြင်ဆင် တော့၏။

မိုးဦးကာလတွင် ဖားအပေါက်မှ စ၍ တွင်းအောင်းဖားကြီး
များ အစီအရီထွက်သောအချိန်ဖြစ်၏ လယ်ကွက်၊မြေသား
တို့ ထွန်ယှက်ထားသဖြင့် မီးဖြင့်ထိုးကြည့်ယုံမျှဖြင့်
အလွယ်တစ်ကူတွေ့ရှိ ဖမ်းယူနိုင်သည် မိုးလယ်နှင့့််
မိုးနှောင်းတွင် ဖားရှိသော်လည်းစပါးပင်များကတစ်ကြောင်း
ရေများသည်က တစ်ကြောင်းမို့ ဖားရှာထွက်သူ
အလွန် နည်းပါးလေသည်။

”ကိုအောင်တင် ဂရုလည်းစိုက် သွား တော် စောစောလည်းပြန်ခဲ့နော်”

”အေးပါ ကွာ ငါဒီနားလေးတင်ပါ”

ဒီနားလေးတင်လို့သာ အလွယ်တကူပြောသော်လည်း
ဖားကျမည့် နေရာမှ ဖားက ရတက်သည် စောစောပြန်ဖို့
ကလည်း ဖားဇောနှင့်မို့ အချိန်က မတိကျ မရလျှင်
စောစောပြန် ရလျှင် မိုးလင်းပေါက်တက်သည်မှာ
ကိုအောင်တင် အကျင့်ဖြစ်သည်။

ကိုအောင်တင် အိမ်ဝ မှ ထွက်၍ လယ်ကွင်းသို့ ကြည့်လိုက်
သောအခါ မီးရောင်များမှာ အလျှိုလျှို ရောက်ရှိနေကြပြီး
ဖြစ်သည် ။

ဟာ ငါတောင် နောက်ကျ ပါကောလား
မိုးလေးတစ်ဖြောက်ဖြောက်နှင့် မို့ သူ့လို ဖားရှာသူများ
လည်း လယ်ကွင်း အသီးသီးသို့ ဖားရှာနေကြပြီးဖြစ်၏။

လယ်ကွင်းသို့ ရောက်သောအခါ သူဖားကျမည်ဟု
ထင်သော နေရာများ လျှောက်ကြည့်ရာ ဖားအသေးများ
ဖားပေါင်စဉ်းတို့ သာ နည်းနည်းပါးပါးရှိလေသည်။

”ဟ ကိုအောင်တင် ဘယ်နှယ့်လည်းဗျ အခြေအနေ”

”အေ ကျောက်ခဲရေ အကြီးတစ်ကောင်မှမတွေဘူးဟေ့
လာရတာ ရှုံးပြီး ထင်တယ်”

”ရွာမ ကွင်းဘက်သွားမလား အဲ့ဘက်က ရေနည်းနည်း
တင်တယ် ဗျ ဖားထွက်လောက်တယ်”

(ကွင်းဆိုသည်က လယ်ကွင်းမြေသား ကျယ်ပြနိ့သော
မြေနေရာများကို ခေါ်ဆိုသော တောဓလေ့စကားတစ်
ခုဖြစ်လေသည်။)

”အေသွားကွာ ကိုယ့်ကွင်းမရှိတော့လည်း သူများကွင်း
သွားရတာပေါ့’

ကျောက်ခဲနှင့်အဖော် ရသဖြင့် ကိုယ့်ကွင်းကိုကျော်ကာ
ရွာမ ကွင်းဘက်သို့ ထွက် လာကြလေသည်။

ကွက်းးးးကွက်းးးးကွက်းးးးးးးးကွက်းးး

တွံင်းအောင်းဖားအော်သံများက ရွာမ ကွင်းဘက်မှ
ဆူညံနေသည် မိုးကလည်း ကောင်းနေ၍
ဖားမြူးနေပုံရသည်။

”ဟုတ်တယ်ဟေ့ ဒီမှာဖားကျတယ်ကျောက်ခဲရေ
လူခွဲဟေ့”
ဖားရိုက်လျှင် တစ်ယောက်မီးတစ်ပြန် အကွာအဝေးမှာ
နေပါက မြင်ကွင်းက ပို၍ ရှင်းလင်းလှပေသည်။

ဖားရသ၍ အောင်တင်နှင့် ကျောက်ခဲတို့ ရိုက်၏
အောင်တင် မီးတစ်ချက် ပြန်အဝေ့ နီရဲ့လှသော
မျက်လုံးဝိုင်းဝိုင်းအားတွေ့လိုက်သည်။

အောင်တင် စိတ်ထဲဝမ်းသာသွားသည် ထိုမျက်လုံးအနေအထား
အရ ဖား၅၀သား အထက်ရှိနိုင်သည် မီးမှိတိကာ
တွေ့လိုက်သောနေရာသို့မှန်းလျှောက်လေသည်။

ဖားကို မျက်လုံးအဓိက ထား၍ ရှာရသည်ဖြစိသဖြင့်
မီးရောင်ကြောင့် ဝပ်သွားလျှင် ရှာရ ခက်မည်ဆိုးသောကြောင့်
ထိုသို့ မီးမှိတ်ကာ အနားသွား၍ ဆက်ကနဲထိုးကား
ဖမ်းခြင်းက ပိုကောင်းသော လုပ်ရပ်ဖြစ်လေသည်။

ချောက်!!!!!

ပွင့်လာသော မီးရောင်အောက်တွင် ဖားက ငြိမ်သက်လျှက်ပင်
လက်ထဲက ကိုင်ထားသော တုတ်ချောင်းအား ကိုအောင်တင်
လွဲရိုက်ချတော့သည်။

ဖုနျးးးးးဖုနိးးးးးဖုနျးးးးး

ရိုက်ချက်က တစ်ချက်မက သုံးချက်ဆက်ရိုက်ခြင်းဖြစ်၏
သို့သော်ဖားကို ပထမ ထိချက် တိမ်စောင်း၍
တစ်ချက်ခုန်သွားသည်။

”တောက်!!”!ငါလခွမ်းမှ $&$*-_ဖား ရော့ကွာရောကွာ”

ကိုတင်အောင်၏ ပါးစပ် မှ မထင်မှတ်ပဲ ဖားဇောဖြင့်ဆဲလိုက်
ခြင်းဖြစ်ပေသည်။

ဒုတ်းးးးးဒုတ်းးးးဒုတ်းးးးးးးး

”ဟာ!!!!!!ကျောက်ခဲရေ လာပါဦးဟ”

ကိုတင်အောင် ရိုက်နေသောဖားမှာ တဖြည်းဖြည်း
ကြီးလာပြီး မာကျောသောအရာ တစ်ခုကို
ရိုကိရသလိုဖြစ်လာသည် မီးရောက်အောက်မှာပင်
ပိုပိုကြီးလာ၍ ကိုတငိအောင်ကြောက်လာတော့သည်။

ဟာ ဖားသရဲဆိုတ ဒါများလား

”ကျောက်ခဲရေ ကျောက်ခဲရေ လာပါဦးဟ”

မီးရောင်လည်း မတွေ့တော့ ဘူး ပြန်သွားပြီးလား
ကိုအောင်တင် ဖားလာမရိုက်ခင်ကမှ ကျောက်ခဲ်
ရျှိနသေးသညျ တစ်ဖြည်းဖြည်းနှင့် ကိုအောင်တင်
အသံများတုန် ရီလာလေသည်။

သူ့မီးရောင်အောက်တွင် အရောင်တစ်ချို့ က တစ်လှပ်လှပ်ဖြင့်သူရှိရာသို့ နီးကပ်လာလေသည်။

အားးးးးးးမြွေတွေးးမြွေတွေးးးး

ကိုအောင်တင် လာရာလမ်းသို့ ခြေကုန်ပြေးတော့သည်။

မီးရောင် အနည်းငယ်ပင် မဝေ့ရဲအနားတွင်မြွေများက
နေရာလွတ်ဟူ၍ မရှိသူသိခဲ့သည် သူကို ကွင်းမှောက်လေပြီး။

စောစောက သူ ရွာမ ကွင်းဘက်တွင် မထင်မှတ်ပဲ
ဆဲမိသည် လူကြီးများကလည်း ဆဲဆိုခြင်းမပြုလုပ်ရန်
မှာထားသောလည်းသူက သတျိမရလိုကျခွငျးဖွစျ၏
အတော်လှမ်းလှမ်းကို ခြေကုန်လက်ပမ်းကျ သွားနေသော
လည်း ထိုနေရာပင် ပြန်၍ ရောက်ရောက်လာသည်။

မီးကလည်း မထိုးရဲပေ သူကွင်းမှောက်ထားပြီးထဲံက
မီးထိုးလည်း မြွေပဲ တွေ့ရမည်ကိုသူသိသည်။

ကွင်မှောက်သောသူများအများစုကာ ထင်သည့်နေရာကို
သွား တစ်လွဲချည်းပင် ဆဲဆိုခြင်းမကြိုက်သော
ကွင်းများမှာ ရေကြီးခြင်း။မြွေများလိုက်ခြင်းစသည့်
ကြောက်မက်ဖွယ် အမူအယာတို့ဖြင့် ခြောက်လှန့်ကြလေ
သည်။

ကိုတင်အောင် မှာ မည်သည့်နေရာမှ မသွားတော့ပဲ
နေရာတစ်ခုတွင်သာ မိုးလင်းထိုင်စောင့်ရတော့သည်။

မနက်လင်းသောအခါ သူထိုင်နေသော နေရာက
ရွာမ ကွင်းအလယ်ထီးထီးကြီးမှာသာဖြစ်သည်
ရွာသို့ပြန်လာသောအခါ ရွာဝ၌ ကျောက်ခဲဖြင့်တွေ့လေသည်။

”ဟ ကိုအောင်တင်ကြီး ခင်ဗျား က အတူသွားသူအချင်း
ချင်းတောင်လက်မကုပ်ဘူး ဖားကျတဲ့
ဂွင်ကောင်းမိတော့ ကျုပ်ကိုထားခဲ့တာပေါ့”

ကိုအောင်တင်ကို မိုးလင်းမှ ပြန်လာ၍ ဖားဇောကပ်နေသည်
ဟုကျောက်ခဲထင်နေသညိ။

”အေ ကျောက်ခဲရေ မင်းသာ ငါ့နေရာဆို ငိုလို့ဆုံးမှာမဟုတ်ဘူ”

”ဘာလိုတုန်းဗျ”

”ညကကွင်းမှောက်တာ ဟကောင်ရေ ဖားထုတ်တောင်
ဘယ်နားပြုတ်ကျခဲ့မှန်းမသိဘူး လျှောက်ပြေးလိုက်ရတာ”

ကိုအောင်တင်မှာ မျက်နှာငယ်လေးဖြင့် အိမ်ရှိရာသို့
ထွက်ခွာသွားလေတော့သည်။