” ခေတ် ပုံရိပ် ”
နေ့လည်ခင်းဆယ့်တစ်နာရီလောက် ရှိမည်ထင်သည်
အိမ်ရှေ့ကို… အမျိုးသ္မီးတစ်ဦး …လာရပ်ခါ …
အလုပ်ခိုင်းစရာမရှိဘူးလားဟု….မေးရင်း …
အလုပ်ခိုင်းစရာရှိလျှင်… လုပ်ပေးမည့်အကြောင်းနှင့် အလုပ်လုပ်ပေးသည့်အတွက်ငွေကြေးပေးစရာမလိုပဲ သူတို့သားအမိတွေကို ထမင်းလေးတစ်နှပ်ကြွေးရင်
ရပါတယ်ဆိုတဲ့အကြောင်း….ပြောနေသဖြင့်….
သူ့ကိုအသေအခြာကြည့်လိုက်တော့ လေးငါးနှစ်အရွယ်လောက်ရှိိမည့်… ကလေးတစ်ဦးကို…
လက်မှာဆွဲထားပြီး…. ကျန်တဲ့တစ်ဖက်ကလည်း…
နို့စို့အရွယ်ကလေးတစ်ဦးအား ပွေ့ချီထားလျှက်
တွေ့ရသည်….ပြီးတော့….သူ့ကိုကြည့်ရတာက
အလုပ်လုပ်မည်ဟုသာ…ပြောသော်လည်း ….
လုပ်နိုင်မည့်ပုံလည်းမပေါ်ပါ စကားပြောတဲ့လေသံက
တုန်တုန်ရင်ရင်ဖြင့်….မနက်ကတည်းက….
ထမင်းစားရသေးဟန်မတူခြေ လူက…ကတုန်ကရင်
ဖြစ်နေရှာသည်…..ပြီးတော့သူနဲ့ပါလာတဲ့…
ကလေးတွေကို…. ကြည့်လိုက်တော့လည်း…
လက်မှာဆွဲထားတဲ့ကလေးက…မျက်နှာငယ်လေးနှင့်
ရင်ခွင်ပိုက်ကလေးကလည်း….အဟာရမရှိသော…
မိခင်ထံမှ…မထွက်သောနို့ကို….စို့နေရသဖြင့်…
ဗိုက်စာနေကာ….ငိုကြွေးနေရှာလေသည်….
ခက်တော့ခက်နေပြီ….ကိုယ်တွေကလည်း….
ပိုပိုလျှံလျှံလူတွေထဲကမဟုတ်တော့ မိသားစုအတွက်
ဝေပုံကျချက်ထားတဲ့….ထ္မင်းနှင့်ဟင်းသာရှိသည်…
အဲ့ဒါနဲ့….ကျွန်တော်လည်း…ပိုက်ဆံပဲပေးလိုက်ရင်ကောင်းမလား…ရှိတဲ့ထ္မင်းဟင်းကိုပဲသူတို့ကို…
ထည့်ကြွေးလိုက်ပြီး….ထ္မင်းဟင်းအသစ်ပြန်ပြီး
ချက်လိုက်ရင်ကောင်းမလားလို့…တွေဝေနေဆဲ…
ရှိသေးသည်…သူထံမှစကားတစ်ခွန်းထွက်လာသည်
ကျွန်မတို့ကိုရှိတဲ့…ဘာအလုပ်ဖြစ်ဖြစ်ခိုင်းပါ….
လုပ်နိုင်ပါတယ်…ထ္မင်းလည်းအများကြီး….
ကြွေးစရာမလိုပါဘူး…မိသားစုအတွက်တစ်ပန်းကန်
စာလောက်ကြွေးလျှင်ရပါတယ်ဟု…ဗိုက်စာနေရှာတဲ့
အသံတုန်တုန်ရင်ရင်ဖြင့်….ပြောနေရှာသဖြင့်….
ကိုယ်တွေလည်း….ဗိုက်အရမ်းစာနေရှာတဲ့….
သူတို့မိသားစုကိုကြည့်ကာ….နောင်အခါလာ…
နောက်အခါစျေးဟု…သဘောထားပြီး….
လောလောဆယ်မပို့မဖြစ်တဲ့…စျေးသမားအတွက်…
တစ်ယောက်စာ ထ္မင်းဟင်းလေးချိုင့်ထဲဖယ်ထားလိုက်ပြီး…ကျန်တဲ့မိသားစုလေးယောက်စာ….
ထမင်းဟင်းကို…ခူးခပ်ပေးပြီးကြွေးမိတော့….
ကျွန်မဘာအလုပ်…လုပ်ပေးရမလဲဟုမေးနေး….
သေးသဖြင့်…ထ္မင်းစားကိုအရင်စားပါ…
ပြီးမှ.,..အလုပ်အကြောင်းပြောတာပေါ့ဟုပြောကာ..
( တကယ်တန်းမှာလည်း …ကိုယ်တွေက ပိုပိုလျှံလျှံ
မိသားစုထဲကမဟုတ်တော့…ကိုယ့်အိမ်အလုပ်ကို…
ကိုယ့်မိသားစုသာ…ဝိုင်းဝန်း၍လုပ်ကြသဖြင့်…
အလုပ်အပို….ခိုင်းစရာမရှိပါ….)
ဘာမှအားနားစရာမလိုဘူး…စားမဲ့စားတော့….
ဝအောင်သာစားဟု….အားမနာစေရန်ပြောလိုက်တော့
သူတို့သားအမိခင်ဗျာ…ဘယ်လောက်အထိတောင်မှ…
ဗိုက်စာနေရှာလဲမသိပါ….မိသားစုလေးယောက်စာ
ထ္မင်းနှင့်ဟင်းကို….သူတို့သားအမိနှစ်ယောက်…
စားတာနှင့်…ကျွတ်လုနီးပါးဖြစ်သွားသဖြင့်….
သူတို့မိသားစုကိုကြည့်ကာ…ကျွန်တော့်စိတ်ထဲမှာ…
သူတို့သားအမိ…ထမင်းမစားရတာ…
ဘယ်နှစ်ရက်လောက်…ရှိသွားပြီလည်းဟုတွေးမိရင်း
စိတ်မကောင်းဖြစ်မိသွားသည်…အဲ့ဒီ့လိုနှင့်…
သူတို့သားအမိ…ထမင်းစားပြီးသွားတော့….
ထမင်းစားလို့ကောင်းရဲ့လား…ဗိုက်ကောဝရဲ့လား
ဆိုပြီးမေးလိုက်တော့….အမေလုပ်တဲ့လူက…
ခေါင်းလေးငြိမ့်ပြီး….ပြောမို့လုပ်တုန်းရှိသေး….
နံဘေးက….ငါးနှစ်လောက်ရှိမည့်ကလေးမလေးက
အရမ်းစားလို့ကောင်းတာဘဲ….ဦးဦးရယ်…
သ္မီးတို့မနေ့ကတည်းက ထ္မင်းမစားရသေးတာဆိုတော့
အရမ်းစားပြစ်လိုက်တာဗိုက်တောင်တင်းသွားပြီဆိုပြီး
သူ့ဗိုက်ကလေးကို…ပွတ်ပြနေရှာတော့….
ကျွန်တော့်မှာ…ကလေးကိုကြည့်ပြီး…
ကရုဏာပြုံး….ပြုံးဖြစ်လိုက်မိသေးသည်….
အဲ့ဒီ့လို..သူတို့သားအမိထ္မင်းစားပြီးတာနှင့်…
အဲ့ဒီ့အမျိုးသ္မီးကဆရာကြီး…ဘာအလုပ်….
လုပ်ပေးရမလဲဟု…မေးနေသေးသ​ဖြင့်…
ဘာမျှလုပ်ပေးစရာမလိုကြောင်း…ပြောပြီး…
.စကားစပ်မိရင်းက…သူတို့မိသားစုက…
ဒီမြို့နှင့်မလှမ်းမကမ်းရှိရွာတစ်ရွာမှ ဖြစ်ကြောင်းနှင့်
ရွာမှာလယ်ယာတွေရှိပေမဲ့….စိုက်ပျိုးစားရိတ်တွေက
အစစအရာရာစျေးကြီးသည့်အပြင်…ထွက်လာတဲ့…
သီးနှံကြတော့လည်း…စျေးကောင်းမရသည့်အပြင်…
အရင်းထဲကပါနေသဖြင့်…ကြာလာတော့….
လယ်စိုက်ဖို့ အရင်းအနှီးကမရှိ..အကြွေးတွေကပိနှင့်ရှိတဲ့လယ်လေးတွေ..ပေါင်နှံထားရကြောင်းပြောပြပြီး
ရွာမှာကလည်း…အလုပ်ကမယ်မယ်ရရမရှိတော့…
နောက်ဆုံး…မြို့ပေါ်တက်ပြီးအခုလို…
အလုပ်ကလေး…ရှာကြောင်းပြောပြလေသည်…
ပြီးတော့…ကျွန်တော်တို့မိသားစုအား….
ယ္ခုလို…ထ္မင်းကြွေးမွေးသည့်အတွက်
ကျေးဇူးတင်ကြောင်း….အကြိမ်ကြိမ်ပြောကာ….
နုတ်ဆက်၍….သူတို့သားအမိပြန်သွားကြလေသည်…
အဲဒီ့လို…နုတ်ဆက်ပြီးပြန်သွားတဲ့သူတို့ကိုကြည့်ရင်း
ကျွန်တော့်စိတ်ထဲမှာ….တွေးမိတာက…
တစ်ရက်နှင့်တစ်ရက်….မိုးပေါ်ထောင်တက်နေတဲ့…
ကုန်စျေးနုန်းရဲ့ဒါဏ်ကြောင့်…သူတို့လိုမိသားစု….
မျိုးလေးတွေ….ဘယ်လောက်အထိတောင်မှ…..
ပေါများနေပြီလည်းဆိုတာနှင့်….ကိုယ်တွေလည်း…
တစ်နေ့….သူတို့လိုဘဝကို မရောက်နိုင်ပါဘူးဟု…
အာမခံချက်ရဲရဲကြီး….မပေးရဲတဲ့အခြေအနေမှာ….
ရေရာမှုမရှိတဲ့…အနာဂတ်ကိုတွေးမိရင်….
သက်ပြင်းရှည်ကြီးတစ်ခု…မှုတ်ထုတ်မိနေတော့သည်