~~~~~~~~~~~~
ရေးသားသူ…လွင်ဦးဟန်
“ လွန်ခဲ့တဲ့ ၁၉၈၁ – ၈၂ခုနှစ်လောက်ကဆိုတော့ ကြာတော့ကြာပြီပေါ့ဗျာ။ ကြာခဲ့ပေမယ့်လည်း အခုအချိန်အထိမေ့လို့မရ
နိုင်တဲ့ အဖြစ်အပျက်တစ်ခုပါ။ အဲဒီတုန်းက ကျွန်တော်တို့အသက်က ဆယ့်ကိုးနှစ်ကျော် အရွယ်တွေပေါ့ ”
“ ကျွန်တော်သိချင်ပါတယ် ကိုနေလင်းအောင် ”
“ ပြောပြပါ့မယ်ဗျာ။ ပြောပြချင်လို့ ဆရာ့ကိုတွေ့ဖို့တောင်းဆိုခဲ့တာပါ ”
“ ကျေးဇူးတင်ပါတယ် ကိုနေလင်းအောင်။ ဖြစ်ရပ်မှန်ဆိုတော့ ပိုပြီးစိတ်ဝင်စားပါတယ်။ ကျွန်တော်လည်း မအားလပ်တဲ့
ကြားက စိတ်ဝင်စားလို့ ကိုနေလင်းအောင်ကို လက်ခံတွေ့ဆုံခဲ့တာပါ ”
“ ကိုလှမိုးရဲ့ကျေးဇူးကြောင့် ဆရာ့ကိုတွေ့ဆုံခွင့်ရတဲ့အတွက် ကိုလှမိုးရော ဆရာ့ကိုရော ကျေးဇူးတင်ပါတယ်ဗျာ ”
“ ရပါတယ်ခင်ဗျ။ အဖြစ်အပျက်လေးပြောပြပါလားခင်ဗျာ”
“ ဟုတ်ကဲ့ ဆရာ။ နေရပ်နဲ့ ကျွန်တော်တို့ရဲ့နာမည်တွေကိုတော့ အမှန်အတိုင်းမရေးပါနဲ့လို့ မေတ္တာရပ်ခံပါတယ် ”
“ စိတ်ချပါခင်ဗျာ။ နေရပ်အမှန်အတိုင်း မရေးပါဘူး ”
“ ကျွန်တော်ကတော့ ပြောတတ်သလိုပဲပြောပါ့မယ်။ ဆရာအဆင်ပြေသလိုရေးပါခင်ဗျာ”
“ ဟုတ်ကဲ့၊ ပြောတတ်သလိုသာပြောပါ ကိုနေလင်းအောင် ”
“ ပြောရမှာ ရှက်လည်းရှက်တယ်။ သိက္ခာကျမှာရော ကျွန်တော်တို့အပေါ်တစ်မျိုးမြင်မှာကိုရော စိုးရိမ်မိတယ်။ ဖြစ်ရပ်မှန်မို့
ဆရာ့ကိုလည်း ပြောပြချင်တယ် ”
“ ကိုနေလင်းအောင်ရဲ့သိက္ခာမကျစေဖို့ ကျွန်တော်တာဝန်ယူပါတယ်။ ဘယ်လိုမှလည်း မမြင်ပါဘူး ”
“ ကျေးဇူးတင်ပါတယ် ဆရာ။ ထူးခြားဆန်းကြယ်ပြီး ဘယ်သူမှမယုံနိုင်၊ ဘယ်လိုမှလက်မခံနိုင်လောက်အောင်ဖြစ်ခဲ့တဲ့ အ
ဖြစ်အပျက်ကို ကျွန်တော်ပြောပြပါ့မယ် ”
********************
မယ်လမုဘုရားပွဲတော် ပွဲဈေးတန်းကို နေလင်းအောင်နှင့် ဇော်မင်းထွန်းတို့နှစ်ယောက် ဘတ်စ်ကားပေါ်မှကြည့်ပြီး သ
ဘောကျနေကြသည်။ ဈေးဆိုင်တန်းများက မယ်လမုဘုရားအရှေ့မှ နှစ်ရပ်ကွက်ဈေးကျော်လွန်သည်အထိ နေရာလွတ်မရှိ
အောင် ဆောက်လုပ်ထားကြသည်။
“ ဒီနှစ်ပိုစည်သလိုပဲ နေလင်းအောင် ”
“ ဟုတ်တယ် ဇော်မင်းထွန်း။ မိုးဝင်းဇာတ်လည်းသွင်းတယ်ဆိုတော့ စည်ပြီပေါ့ ”
“ မနက်ဖြန် စနေနေ့ဆိုတော့ ဒီနေ့ညဘယ်လိုလဲ။ ဒေါ်လေးက ဦးငယ်ဆီလိုက်သွားတော့ လွတ်လွတ်လပ်လပ်ကဲလို့ရပြီ ”
“ ဟုတ်တယ်။ လုပ်လိုက်လေ၊ ထုံးစံအတိုင်းပေါ့ကွာ ”
“ အစ်မကျေနပ်အောင် ခုနစ်နာရီအထိ စာကျက်ပြလိုက်မယ်ကွာ။ စာကျက်ပြီးတော့မှ အစီအစဉ်ဆွဲကြတာပေါ့။ တော်ကြာ
အစ်မက စာမကျက်ဘူးဆိုပြီး ဒေါ်လေးတို့နဲ့ ပြန်တိုင်နေဦးမယ် ”
“ အစ်မတစ်ယောက်တည်း ထားခဲ့လို့ဖြစ်ပါ့မလား ”
“ သူ့ကို ပြောသွားမယ်လေကွာ။ အရင်ကလည်း သူပဲ တံခါးထဖွင့်ပေးနေကျပဲဟာ ”
“ အမေမရှိတော့ သူတစ်ယောက်တည်း နေရဲပါ့မလားလို့ စိုးရိမ်တာပါ ”
“ ပူမနေနဲ့။ မနေရဲရင် ပြောလိမ့်မယ် ”
“ ပြီးရောကွာ ”
နေလင်းအောင်နှင့်ဇော်မင်းထွန်းတို့က မယ်လမုဘုရားနှင့် အနည်းငယ်သာဝေးသည့်ရပ်ကွက်တစ်ခုတွင် အတူနေ
ထိုင်ကြသည့် သက်တူရွယ်တူ ဝမ်းကွဲညီအစ်ကိုများဖြစ်ကြသည်။ ဇော်မင်းထွန်းတို့၏မိဘနှစ်ပါးသည် ရန်ကုန်-ဒလ ကူး
တို့သမ္မာန်မှောက်၍ သေဆုံးသွားကြပြီးနောက် နေလင်းအောင်၏မိခင်က ဇော်မင်းထွန်းတို့ မောင်နှမနှစ်ယောက်ကို ခေါ်
ယူစောင့်ရှောက်ခဲ့သည်။ ဇော်မင်းထွန်းနှင့် နေလင်းအောင်တို့က ညီအစ်ကိုဝမ်းကွဲဆိုသော်လည်း ညီအစ်ကိုရင်းလိုလည်း
ဖြစ်နေသည့်အပြင် သူငယ်ချင်းလိုလည်းဖြစ်နေခဲ့ကြလေသည်။ နေလင်းအောင်တွင် မောင်နှမအရင်းအချာမရှိသော်လည်း
ဇော်မင်းထွန်းတွင်အစ်မတစ်ယောက်ရှိပေသည်။ ဇော်မင်းထွန်း၏အစ်မ အေးသန္တာသည် ဒေသကောလိပ် ( ၂ ) တွင် တ
တိယနှစ်တက်နေသူဖြစ်သည်။
နေလင်းအောင်တို့နှစ်ယောက်သည် ဝါသနာတူညီကြသဖြင့် တွဲဖက်ညီကြသည်။ အပျော်အပါးမက်ကြသဖြင့် ဆယ်တန်း
နှစ်နှစ်ဆက်တိုက်ကျရှုံးသောကြောင့် ယခုနှစ်တွင် အပြင်မှဖြေဆိုကြမည့်ကျောင်းသားများလည်းဖြစ်ကြသည်။ ရန်ကုန်မြို့မှ
နာမည်ကျော် ကျူရှင်များတွင်သင်ယူနေကြသော်လည်း အပျော်အပါးလိုက်စားလွန်းသောကြောင့် ဆယ်တန်းကို နှစ်နှစ်ဆက်
တိုက်ကျရှုံးကြရသည်။ အပျော်အပါးမက်သည့်အပြင် အသောက်အစားနှင့် မိန်းမလည်းမကင်းကြပေ။ မယ်လမုဘုရားပွဲတော်
ပြုလုပ်သည့်နှစ်တိုင်း နေလင်းအောင်နှင့်ဇော်မင်းထွန်းတို့ ပွဲဈေးသို့ညစဉ်ရောက်ကြသည်။
ညရှစ်နာရီလောက်တွင် ပွဲဈေးသို့လာရောက်လည်ပတ်ပြီး ညဆယ့်တစ်နာရီမှ အိမ်သို့ပြန်ကြသည်။ ပွဲဈေးသို့ ညစဉ်လာ
ရခြင်းက မြာပွေရုံသက်သက်သာဖြစ်သည်။ တစ်ခါတစ်ရံ၌ ဇာတ်သဘင်နှစ်ပါးသွားကမည့်အချိန်မှရောက်လာတတ်ပြီး
နောက်ပိုင်းဇာတ်ထုပ်ကခါနီးတွင် အိမ်ပြန်တတ်ကြသည်။ ဇာတ်ရုံထဲတွင် ပွဲလာကြည့်ကြသည့်မိန်းကလေးများကို ပိုးပန်းရုံ
သက်သက်မဟုတ်ဘဲ ခန္တာကိုယ်အား တို့ထိပွတ်သပ်ခြင်းများကိုလည်း လုပ်တတ်ကြသည်။ အလိုမတူသော်လည်း အရှက်နှင့်
သိက္ခာကြောင့်ငြိမ်နေရသည့် မိန်းကလေးများကို မိမိတို့ဘက်သို့ပါသည်အမှတ်နှင့် သာယာတတ်ကြသည်။ အမျိုးကောင်းသ
မီးများသာမက ပြည့်တန်ဆာများကိုပင် ရလျှင်ရသလို အခွင့်အရေးယူတတ်ကြသည်။ ထို့ကြောင့်လည်း ယခုဇာတ်လမ်းဖြစ်
တည်လာခဲ့ရလေတော့သည်။
********************
မယ်လမုဘုရားပွဲတော်က အလွန်စည်ကားသိုက်မြိုက်နေသည်။ စိန်မာဒင်နှင့်သား မိုးဝင်းဇာတ်သဘင်ရုံရှေ့တွင် ကြိတ်
ကြိတ်တိုးနေကြပြီး ပွဲဈေးတန်းတစ်လျှောက် ကြက်ပျံမကျအောင် စည်ကားလှသည်။ ပွဲဈေးတန်းအစအဆုံး ခေါက်တုန့်ခေါက်
ပြန်လျှောက်ကာ အချောအလှများကို ပိုးပန်းရင်း နေလင်းအောင်တို့နှစ်ယောက် ခြေကုန်လက်ပန်းကျလာကြသည်။
“ ဘယ်လိုလုပ်ကြမလဲ နေလင်းအောင်။ ငါတော့ ခြေထောက်တွေ ညောင်းနေပြီ ”
“ ဘုန်းကြီးလမ်းမှာ အရက်သွားသောက်ကြမယ် ”
“ ဘုရားပွဲရှိလို့ အရက်ဆိုင်တွေဖွင့်မှာမဟုတ်ဘူး။ ကျောက်ရေတွင်းမှာသွားသောက်ကြမယ် ”
“ ကောင်းတယ်။ ငါ့မှာပိုက်ဆံပါတယ်၊ ငါတိုက်မယ် ”
“ ငါ့မှာလည်းပါပါတယ်ကွာ ”
“ ဒီနေ့ငါတိုက်မယ်။ မနက်ဖြန်မင်းအလှည့် ”
“ ညီအစ်ကိုချင်း ပြောနေစရာလားကွာ။ အေးအေးဆေးဆေး အရက်ထိုင်သောက်ကြမယ်။ လူရှင်းတော့မှ ပွဲဈေးကိုပြန်သွား
ကြမယ် ”
“ ဇာတ်ရုံထဲဝင်ဦးမလား”
“ အခြေအနေအရပေါ့ကွာ”
“ သွားကြစို့။ အရက်သောက်ရင်း ပြောကြတာပေါ့ ”
“ အိုကေကွာ ”
********************
နေလင်းအောင်တို့နှစ်ယောက် ရေချိန်ကိုက်ချိန်တွင် ညဆယ့်တစ်နာရီကျော်နေလေပြီ။
“ နေလင်းအောင်…၊ ငါတို့ ပွဲဈေးဘက်လျှောက်ကြရအောင် ”
“ သွားလေ…ရထားလမ်းကပဲ အေးအေးဆေးဆေးလျှောက်ကြမယ် ”
“ ပွဲဈေးပြန်လေးတွေကို မျက်စိအစာကျွေးကြမယ်လေကွာ ”
“ ငါ ဗိုက်နာနေလို့ကွ ”
“ သဘောပေါက်ပြီ ”
ရထားသံလမ်းနှစ်ခုကြားမှ လျှောက်လာကြရင်း နေလင်းအောင်က အလေးစွန့်၍ရမည့်နေရာကောင်းကို ရှာဖွေနေ
သည်။
“ လုပ်ချင်လည်း လုပ်တော့လေကွာ ”
“ နေရာရှာနေတာကွ ”
“ မင်းကလည်း ခွေးကျနေတာပဲ။ အီးတစ်ခါပါဖို့ နေရာရှာရတာနဲ့၊ နေရာတွေ့ပြန်တော့ ပတ်ချာလှည့်ရတာနဲ့ ”
“ ဟေ့ကောင်……အီးပါနေတုန်း ဖင်ကို မြွေပေါက်မှာစိုးလို့ကွ”
“ အစောကတည်းက ဆိုင်မှာခွင့်တောင်းပြီး ရှင်းလိုက်ရင်ပြီးရော ”
“ လူပေါင်းစုံသွားတဲ့အိမ်သာကို မသွားချင်ပါဘူးကွာ ”
“ ဟား…ဟား…. ဒါကျတော့ရွံတယ်။ လူပေါင်းစုံနဲ့ဆက်ဆံထားတဲ့ဟာတွေကျတော့ မရွံဘူး”
“ ဒါက ဒါ… ဟိုဟာက ဟိုဟာ။ မဆိုင်ဘူး”
“ ရှင်းစရာရှိတာ မြန်မြန်ရှင်းကွာ။ နေရာရှာတာနဲ့တင် မယ်လမုဘုရားနားရောက်တော့မယ် ”
“ အေးပါကွာ။ ဟိုနားက ရထားသံလမ်းဘေးမှာပဲ သွားတော့မယ် ”
“ ဟေ့ကောင်….ပြောတော့ မြွေကိုက်မှာကြောက်တယ်ဆိုပြီး လယ်ကွက်ထဲဆင်းရသလား။ ရထားသံလမ်းပေါ်မှာပါတော့
ဘာဖြစ်လို့လဲ ”
“ မင်းရှိနေရင် ထွက်မှာမဟုတ်ဘူး……. ”
“ ဟား…ဟား…မြွေမကိုက်ဘဲ သရဲမက မင်းကိုတွေ့ပြီး လိုက်လာနေဦးမယ် ”
“ အခုနေ သရဲမလာလည်း ချစ်ပစ်လိုက်မယ်။ သရဲမတောင် အော်ပြေးသွားရမယ်”
“ တကယ်လား နေလင်းအောင် ”
“ မင်းက မယုံလို့လား။ ကဲ…ဒီနားမှာ သရဲမ ချောချောလှလှရှိရင် တွေ့ချင်လို့ပါ။ အားရပါးရချစ်ပါရစေ ”
“ တကယ်လာမှ ထွက်မပြေးနဲ့နော် ”
“ မပြေးဘူးဟေ့ကောင်။ သရဲမတောင် မခွဲနိုင်မခွာရက်ဖြစ်သွားမယ်။ သရဲမ ဗိုက်ကြီးတာ မင်းမြင်ဖူးသွားစေရမယ်။ ငါမ
ရတော့ဘူး….ထွက်တော့မယ်ကွ ”
ရထားသံလမ်းဘေးမှ လယ်ကွက်ထဲသို့ ပြေးဆင်းသွားသည့် နေလင်းအောင်ကိုကြည့်ပြီး ဇော်မင်းထွန်းက ရယ်မော
လိုက်လေသည်။ အခင်းကြီးသွားနေသည့် နေလင်းအောင်ကို ထိုင်စောင့်ရင်း အိတ်ကပ်ထဲမှ ရွှေပြည်စိုးဆေးပေါ့လိပ်ကိုထုတ်
ကာ မီးညှိမည်ပြုစဉ် မလှမ်မကမ်းမှ အရာတစ်ခုကို သတိထားလိုက်မိသည်။ ထိုအရာသည် ရထားသံလမ်းဘေးမှ သံလမ်း
ပေါ်သို့တက်လာပြီး မယ်လမုဘုရားဘက်သို့သွားနေသည့် အမျိုးသမီးတစ်ယောက်ဖြစ်နေပေသည်။ လူသွားလူလာပြတ်နေ
သည့် ယခုလိုအချိန်မျိုးတွင် တစ်ယောက်တည်းသွားလာနေသည့်အမျိုးသမီးသည် အမျိုးကောင်းသမီးတစ်ယောက် မဟုတ်
နိုင်ကြောင်း ဇော်မင်းထွန်း တွက်ဆလိုက်သည်။
“ နေလင်းအောင်…..ခွင်တွေ့ပြီကွ”
“ ဘာခွင်လဲ ဇော်မင်းထွန်း”
“ စော်ကွ….စော် ”
“ ဘယ်မှာလဲ…..”
“ သံလမ်းပေါ်မှာလေ ”
“ ငါ မမြင်ရဘူးကွ ”
“ မမြင်ရလည်း နေတော့ကွာ။ ငါ လိုက်ဖန်လိုက်ဦးမယ် ”
“ ဟေ့ကောင်…ကြည့်လုပ်ဦး။ ပြဿနာတက်ကုန်မယ် ”
“ မိန်းမကောင်းဆိုရင် ဒီအချိန်ကြီး ရထားသံလမ်းပေါ်မှာ တစ်ယောက်တည်းသွားပါ့မလားကွ။ ဘုရားပွဲမှာ အလုပ်သွား
ဆင်းမယ့်ဟာပဲဖြစ်မှာပေါ့။ မင်းပြီးရင် လိုက်လာခဲ့။ ငါလိုက်ဖန်မယ် ”
“ ခဏစောင့်ဦးလေကွာ ”
“ မစောင့်တော့ဘူးဟေ့ကောင်။ လိုက်လာခဲ့တော့ ”
“ ငါအခုပြီးပြီ။ လိုက်ခဲ့မယ်”
ဇော်မင်းထွန်းက ဆေးပေါ့လိပ်ကို မြေကြီးပေါ်သို့ထိုးသိပ်ကာ မီးသတ်လိုက်ပြီး အမျိုးသမီးနောက်သို့ ပြေးလိုက်သွား
လေသည်။ နေလင်းအောင်ကလည်း အခင်းကြီးသွားနေခြင်းကို အပြီးသတ်ကာ ရထားသံလမ်းပေါ်သို့ပြေးတက်ပြီး ဇော်မင်း
ထွန်းနောက်သို့ ပြေးလိုက်သွားလေသည်။
အမျိုးသမီးကို
မီလုမီခင်နေရာသို့ရောက်သည့်အခါ အမျိုးသမီးက နောက်ပြန်လှည့်ကြည့်လိုက်သဖြင့် နေလင်းအောင်
တို့နှစ်ယောက် ခြေလှမ်းများ တုန့်ကနဲရပ်တန့်သွားလေသည်။ အမျိုးသမီးနှင့် နေလင်းအောင်တို့၏အကွာအဝေးသည် ဆယ်
ကိုက်အကွာအဝေးမျှသာရှိနေသည့်အပြင် လရောင်ကြောင့် အမျိုးသမီးကို သဲသဲကွဲကွဲ မြင်တွေ့နေရသည်။ ဆံပင်ကို ကျောအ
လယ်အထိဖြန့်ချထားသည်။ အင်္ကျီနှင့် ထဘီအရောင်ကို မသဲကွဲသော်လည်း ဖြူဝင်းသည့်အသားအရေကိုတော့ အသေအချာ
မြင်တွေ့နေရသည်။
“ ဇော်မင်းထွန်း…..ငါတို့ကို ရပ်ကြည့်နေတယ်။ မင်းပြောသလို ဟုတ်ပါ့မလား။ ဒီနားမှာ သီလရှင်ကျောင်းတွေရှိတယ်ကွ။
ပြဿနာတက်နေဦးမယ် ”
“ မင်း အသာနေစမ်းပါကွာ။ ငါလှုပ်ရှားကြည့်မယ်။ မဟုတ်တော့လည်း ဆောရီးပေါ့ကွာ ”
“ ဆောရီးမဟုတ်ဘူး ဇော်မင်းထွန်း။ ကန်တော့လို့ပြောရမှာ။ ငါတို့ထက် အသက်ကြီးတယ် ”
“ ကြီးရင်မှီလို့ကောင်းတာပေါ့ကွာ။ အတွေ့အကြုံပိုများတော့ မကောင်းဘူးလား ”
“ ဒီနားက အမျိုးသမီးဖြစ်မှာစိုးလို့ပါ ”
“ ကြောက်ရင်နောက်ဆုတ်နေ”
ဇော်မင်းထွန်းက အမျိုးသမီးအနားသို့ တဖြည်းဖြည်းလျှောက်သွားသော်လည်း နေလင်းအောင်က နေရာမှာတင်ရပ်
နေခဲ့သည်။ ဇော်မင်းထွန်းနှင့်အမျိုးသမီးတို့ တီးတိုးပြောဆိုနေကြသော်လည်း ဇာတ်သဘင်မှ ပျံ့လွင့်နေသည့် သီချင်းသံများ
ကြောင့် နေလင်းအောင် မကြားရပေ။ ခဏအကြာတွင် ဇော်မင်းထွန်းက နေလင်းအောင်ရှိရာသို့ ပြန်လျှောက်လာလေသည်။
“ စော်ကြီးကမိုက်တယ်ကွ။ မင်းကိုကြိုက်တာတဲ့။ သွား….ဟေ့ကောင် ”
“ ဟာ…ငါမလုပ်ရဲဘူး။ တော်ကြာ ပြဿနာတက်နေဦးမယ်။ မင်းဟာမင်း အဆင်ပြေအောင်လှုပ်ရှားကွာ ”
“ တကယ်နော်။ နောက်မှ နှိုက်မြည်းတာမျိုးမလုပ်နဲ့ ”
“ တကယ်…”
“ ဒါဆို ငါသွားဖန်ကြည့်လိုက်ဦးမယ် ”
အမျိုးသမီးထံသို့ ဇော်မင်းထွန်းပြန်လှည့်သွားပြီးမကြာမီ နေလင်းအောင် ဆီသို့ ပြန်ရောက်လာသည်။
“ အဆင်ပြေသွားပြီ။ ဟဲ…ဟဲ။ တော်တော်တော့စည်းရုံးလိုက်ရတယ် ”
“ တယ်ဟုတ်ပါလား ”
“ အကြံအဖန်မဟုတ်ဘူး၊ အမှန်အကန်ကွ ”
“ ဟုတ်လို့လားကွာ…..။ မင်းပြောတော့ ဒီလိုအချိန်မှာ တစ်ယောက်တည်းသွားလာနေတာ မိန်းမကောင်းမဟုတ်ဘူးဆို ”
“ သူက အသပြာအတွက်မဟုတ်ဘူးကွ ”
“ ဒီလောက်ဆို သဘောပေါက်ပြီ ”
“ ငါ့ကို ဟိုနားကနေ ခဏစောင့်နေ။ လာမကြည့်နဲ့နော် ”
“ မင်းတို့က ဘယ်သွားကြမလို့လဲ”
“ ဒီနားမှာပဲ လှုပ်ရှားမယ် ”
“ ရတယ်လေ။ ငါစောင့်နေပေးမယ် ”
“ အိုကေ….”
ပခုံးပုတ်ပြီး အမျိုးသမီးဆီပြန်လှည့်သွားသည့် ဇော်မင်းထွန်းကို နေလင်းအောင်မကြည့်ဖြစ်ပါ။ နေလင်းအောင်၏
မျက်လုံးများက လက်ပြနှုတ်ဆက်နေသည့် အမျိုးသမီးထံ၌သာ ရောက်နေလေသည်။ အမျိုးသမီး၏ခန္တာကိုယ်သည် တင်း
တင်းရင်းရင်းနှင့် ပုရိသတို့အကြိုက် ခန္တာကိုယ်မျိုးမို့ ဇော်မင်းထွန်းတစ်ယောက် ကံကောင်းပြီဟု နေလင်းအောင်တွေးနေ
မိသည်။ ဇော်မင်းထွန်းက အမျိုးသမီး၏ခါးကိုဖက်ပြီး သံလမ်းဘေးမှချုံတစ်ခုသို့ခေါ်သွားသည့်အခါ နှမြောတသစွာဖြင့်
ကြည့်ရင်း တံတွေးမြိုချလိုက်လေတော့သည်။
********************
ဇော်မင်းထွန်းကိုစောင့်နေခဲ့သည်မှာ လေးဆယ့်ငါးမိနစ်ခန့်ကြာမြင့်ခဲ့သဖြင့် နေလင်းအောင် စိတ်ပူလာသည်။ ဇော်
မင်းထွန်းနှင့် အမျိုးသမီးတို့ ထွက်သွားသည့်နေရာကို မြင်တွေ့နေရသော်လည်း လှုပ်ရှားမှုတစ်စုံတစ်ရာ မမြင်ရသဖြင့် သွား
ကြည့်သင့်၊ မသင့် ချင့်ချိန်နေလေသည်။ သို့သော်လည်း တစ်စုံတစ်ခုဖြစ်နေပါက ပြဿနာကြီးထွားမည်စိုးသဖြင့် သွားရောက်
ကြည့်ရှုဖို့ဆုံးဖြတ်လိုက်ပြီး ထိုင်နေရာမှထကာ ဇော်မင်းထွန်းနှင့် အမျိုးသမီးတို့ရှိနေကြသည့် ချုံတောဆီသို့ ခြေသံလုံအောင်
နင်းကာ ချဉ်းကပ်သွားလေသည်။
“ ဟာ…….အမလေးဗျ ”
ချုံတောထဲသို့ချောင်းကြည့်လိုက်စဉ် မထင်မှတ်သည့်မြင်ကွင်းကြောင့် ကြောက်လန့်တကြားအော်ဟစ်လိုက်လေသည်။
နေလင်းအောင်၏ အထိတ်တလန့်အော်ဟစ်လိုက်သံကြောင့် ဇော်မင်းထွန်း၏ကိုယ်ပေါ်တွင်ခွစီးထားပြီး မျက်နှာကို ရှည်လျား
သည့်လျှာဖြင့်လျက်နေသည့်အရာကြီးက လှည့်ကြည့်လိုက်သဖြင့် ကြက်သီးမွေးညင်းများထကာ နောက်သို့ခုန်ဆုတ်လိုက်
လေသည်။ နေလင်းအောင် မြင်တွေ့နေရသည့်အရာကြီးသည် ဇော်မင်းထွန်းနှင့်အတူလိုက်ပါသွားသည့် အမျိုးသမီးမဟုတ်ဘဲ
ဆံပင်များပွယောင်းကာ ဖွာလန်ကြဲနေပြီး ခန္တာကိုယ်က အရိုးစုသာသာဖြစ်နေသည့်အပြင် မျက်နှာကလည်း အလွန်ကြောက်
စရာကောင်းနေသည်။
ကြောက်လန့်တကြားဖြင့် ထွက်ပြေးရန်ပြင်လိုက်သော်လည်း ဇော်မင်းထွန်းကို ပစ်ထားခဲ့၍မဖြစ်နိုင်သဖြင့် အရဲစွန့်
ကာ ချုံထဲပြေးဝင်ပြီး သရဲမကို ကန်ကျောက်လိုက်လေသည်။ သို့သော်လည်း နေလင်းအောင်၏ခြေထောက်က လေထုကိုသာ
ကန်မိပြီး ဟန်ချက်ပျက်ကာ ဇော်မင်းထွန်း၏ကိုယ်ပေါ်သို့ ပက်လက်လန်ကျသွားလေသည်။
“ ဘုံး…..”
ဇော်မင်းထွန်း၏ကိုယ်ပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျသွားစဉ် အရိုးဆံပင်များဖွာလန်ကြဲနေသည့် သရဲမကို ကြောက်လန့်တ
ကြားဖြင့် ကြည့်လိုက်သည့်အခါ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။
“ ဇော်မင်းထွန်း….ဇော်မင်းထွန်း ”
ဇော်မင်းထွန်း၏ပခုံးကို ကိုင်လှုပ်ပြီး နှိုး၍မရသဖြင့် ပါးနှစ်ဖက်ကို ဘယ်ပြန်ညာပြန်ရိုက်လိုက်သည့်အခါမှ မျက်လုံး
များ လှုပ်ရှားလာသည်။
“ ဇော်မင်းထွန်း၊ ဇော်မင်းထွန်း…….အမြန်ထ…။ အိမ်ပြန်ကြမယ် ”
နေလင်းအောင်က ကြောင်တောင်တောင်ဖြစ်နေသည့် ဇော်မင်းထွန်းကို ဆွဲထူလိုက်ပြီး ပုဆိုးကို အမြန်ဝတ်ပေးကာ
ချိုင်းအောက်မှ ပခုံးလျှိုထမ်း၍ ထိုနေရာမှ အမြန်ထွက်လာခဲ့လေသည်။
လမ်းမကြီးပေါ်မှ ဇာတ်ပွဲမှ ပြန်လာကြသူတစ်ချို့ထံမှ စကားပြောသံကို အတိုင်းသားကြားနေရသည်။ လူသံသူသံကြား
သည့်အခါမှ ဇော်မင်းထွန်း၏အခြေအနေက ပုံမှန်ပြန်ဖြစ်လာခဲ့သည်။
“ ငါ…ငါ…”
“ သတိရပြီလား ဇော်မင်းထွန်း”
“ ငါက ဘာဖြစ်နေလို့လဲ ”
“ မင်းဘာဖြစ်တယ်ဆိုတာ မသိဘူးလား”
“ သိတယ်။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့”
“ မပြောပါဘူးကွာ ”
“ ကတိတည်ပါစေ ”
“ စိတ်ချစမ်းပါကွာ။ မပြောပါဘူး”
“ ချစ်ဖို့ကောင်းလိုက်တာ ”
ဇော်မင်းထွန်းက ကနွဲ့ကလျဖြင့် နေလင်းအောင်၏ပါးတစ်ဖက်ကိုလိမ်ဆွဲလိုက်သည်။
“ ဟေ့ကောင်…..ညီအစ်ကိုချင်း ဘာဖြစ်နေတာလဲ။ လာနွဲ့နေသေးတယ် ”
“ ဘာမှမဖြစ်ဘူး။ မင်းသာကတိတည်ပါစေ။ ဒီနေ့ညအကြောင်း ဘယ်သူ့ကိုမှ မပြောပါနဲ့”
“ စိတ်ချစမ်းပါကွာ။ မပြောပါဘူး”
********************
“ ဘုံး…. ”
“ တောက်…….၊ ဟင်း…”
အိပ်မောကျနေရာမှ ကျောကုန်းကိုထုနှက်ခံလိုက်ရသဖြင့် နေလင်းအောင် လန့်နိုးသွားပြီး ထထိုင်လိုက်သည့်အခါ
နံဘေးတွင်ထိုင်နေသည့် ဇော်မင်းထွန်းကို မြင်လိုက်ရလေသည်။
“ ဟေ့ကောင်…ဘာဖြစ်လို့ ငါ့ကျောကုန်းကိုရိုက်ရတာလဲ ”
“ ဘာမှ မဖြစ်ဘူး။ ဒေါသထွက်လို့ ”
“ မင်းဘာဖြစ်နေတာလဲ။ အိပ်မက်မက်နေတာလား၊ ပြန်အိပ်ကွာ ”
“ မအိပ်ဘူး…တောက်..”
ခြင်ထောင်ထဲမှထွက်သွားသည့် ဇော်မင်းထွန်းကို နားမလည်သလိုကြည့်ပြီး ပြန်အိပ်ရန်ပြင်လိုက်စဉ် ဇော်မင်းထွန်း
တို့မောင်နှမ စကားများနေကြသံကို ကြားလိုက်ရသည်။
“ ဝေဿဘုဿစ နမတ္ထု၊ နှာတကဿ တပသိနော။ နမတ္ထု ကကုသန္ဓဿ၊ မာရသေနာ ပမဒ္ဒိနော”
ပြန်အိပ်ရန် မဖြစ်နိုင်တော့သဖြင့် အိပ်ရာထဲမှလူးလဲထကာ ဇော်မင်းထွန်းတို့ဆီ ထသွားရလေသည်။
“ အဲဒါ ဘယ်သူဖွင့်ထားတာလဲ ”
“ ဟိုဘက်အိမ်ကဖွင့်နေတာ။ ဘာဖြစ်လို့လဲ ”
“ ဘာမှမဖြစ်ဘူး။ နားညည်းလို့ ပိတ်ပေးစမ်း ”
“ ဟဲ့….သူများအိမ်ကဖွင့်ထားတာကို သွားပိတ်ခိုင်းလို့ရမလား ”
“ ဇော်မင်းထွန်းရာ။ မင်းဘာဖြစ်နေတာလဲ ”
“ နားညည်းလို့ ”
“ မင်းကလည်းကွာ။ သူများအိမ်ကဖွင့်တာပဲကွာ။ နားပိတ်ပြီးအိပ်ပါလား ”
“ အေးလေ….။ အိပ်ချင်မူးတူးနဲ့ ဘာဖြစ်နေလဲမသိဘူး”
“ သူများအိမ်ကဖွင့်တာကို ရန်ရှာနေသေးတယ်။ ပြန်အိပ်ချင်အိပ်ကွာ ”
ဇော်မင်းထွန်းက နေလင်းအောင်ကို မကျေမနပ်ကြည့်ပြီး အိပ်ခန်းထဲသို့ဝင်သွားလေတော့သည်။
********************
“ ဇော်မင်းထွန်း။ မင်းဘာဖြစ်နေတာလဲ။ စာကျက်ပြီးရင် ဘုရားပွဲဈေးလျှောက်ကြမယ်လေ ”
စာမကျက်ဘဲ ငူငူငိုင်ငိုင်ဖြစ်နေသည့် ဇော်မင်းထွန်းကို နေလင်းအောင်က မေးလိုက်သည်။
“ —————”
“ ငါမေးတာ ဖြေဦးလေကွာ။ မင်းဘာဖြစ်နေတာလဲ ”
“ ဘာမှမဖြစ်ဘူး”
“ ဘာမှမဖြစ်ရင်လည်း စာမြန်မြန်ကျက်။ စာကျက်ပြီးရင် ဘုရားပွဲဈေးကိုသွားကြမယ် ”
“ ငါမသွားချင်ဘူး။ မင်းလည်းမသွားနဲ့ ”
“ ဘာဖြစ်ရပြန်တာလဲ။ ဟေ့ကောင်…..မနေ့က ဟိုစော်ကြီးနဲ့ ပြန်တွေ့ချင်တွေ့မှာလေ….ဟဲဟဲ”
လေသံဖြင့် တီးတိုးပြောဆိုလိုက်သည့် နေလင်းအောင်ကို ဇော်မင်းထွန်းက အသေအချာကြည့်ပြီး မျက်နှာမဲ့ပြလိုက်
သည်။
“ သူက မင်းကိုကြိုက်တာ ”
“ အမလေး….မလုပ်ပါနဲ့”
“ မင်းက ကြောက်လို့လား”
“ မကြောက်ဘဲ နေမလားကွ”
“ ဟင်း…..ဟင်း…ဟင်း…။ ကတိတည်ပါစေ ”
“ ဘယ်သူ့မှ မပြောပါဘူးကွာ၊ စိတ်ချစမ်းပါ။ သွားမှာလား မသွားဘူးလား ဟေ့ကောင် ”
“ မသွားဘူးလို့ ဘယ်နှစ်ခါပြောရမလဲ ”
“ ပြီးရော…..မင်းပုံစံကို မှန်ထဲမှာပြန်ကြည့်ဦးဟေ့ကောင်။ အခြောက်နဲ့တူနေပြီ ”
ထိုနေ့ညက ဘုရားပွဲသို့မသွားတော့ဘဲ လမ်းထိပ်သို့ခဏထွက်ပြီးဆေးလိပ်ဝယ်ကာ ညကိုးနာရီခန့်ပြန်လာပြီး အိပ်ရာ
စောစောဝင်ခဲ့ကြလေသည်။
********************
“ မောင်လေး…..”
“ ဟင်…..အစ်မက ဘယ်သူလဲ”
“ အစ်မကို မောင်လေးမြင်ဖူးပါတယ်။ ဘယ်မှာမြင်ဖူးသလဲဆိုတာ စဉ်းစားပါဦး”
အမျိုးသမီးကို နေလင်းအောင် ခြေအဆုံးခေါင်းအဆုံး အသေအချာကြည့်လိုက်သည်။ ဆံပင်ကို ကျောလယ်အထိ ဖား
လားချထားပြီး ပန်းရောင်လက်ပြတ်အင်္ကျီနှင့်နီညိုရောင်ထဘီကို ခြေသလုံးသားပေါ်သည်အထိဝတ်ဆင်ထားသည်။ ချော
မောလှပသူတစ်ယောက်မဟုတ်သော်လည်း ကြည့်ပျော်ရှုပျော်ရှိပေသည်။ အမျိုးသမီး၏အသက်သည် သုံးဆယ်ဝန်းကျင်ခန့်
ရှိမည်ဟု ခန့်မှန်းလိုက်သည်။ လက်မောင်းသားနှင့် ခြေသလုံးသားများက ဝင်းဝါစိုပြည်နေသည်။ ခန္တာကိုယ်က တင်းတင်း
ရင်းရင်းရှိပြီး အမို့အမောက် အကွေ့အကောက်များက စွဲမက်ဖွယ်ကောင်းနေသည်။
“ အစ်မကို ကျွန်တော်တကယ်မသိဘူး”
“ တကယ်လား…”
“ ဟုတ်ကဲ့။ တကယ်မသိတာပါ ”
“ မနေ့ညက ရထားသံလမ်းပေါ်မှာ အစ်မတို့တွေ့ခဲ့ကြတယ်လေ။ အစ်မကတောင် မောင်လေးကို လက်ပြလိုက်သေးတယ် ”
“ ဗျာ……အဲ…အဲဒါ…..”
“ ဟုတ်တယ်။ အဲဒါ အစ်မလေ”
“ ဟာ……အ..အမလေးဗျာ…”
“ အစ်မကို မကြောက်ပါနဲ့မောင်လေး။ ဟိုတစ်ယောက်က မင်းရဲ့ညီလား၊ အစ်ကိုလား။ သူ့ကို အစ်မ မကြိုက်ဘူး။ မောင်လေး
ကိုပဲ ချစ်တာ ”
“ ဟာ…..မ…မလုပ်ပါနဲ့ ”
“ အစ်မက မောင်လေးကို ဘာမှမလုပ်ပါဘူး ”
“ ဟင့်အင်း…ကျွန်တော် အစ်မကိုမချစ်ဘူး”
အမျိုးသမီးက အင်္ကျီကြယ်သီးများကို တစ်လုံးချင်းဆွဲဖြုတ်နေသည့်အချိန်တွင် နေလင်းအောင်၏မျက်လုံးထဲ၌ ဇော်
မင်းထွန်း၏ကိုယ်ပေါ်သို့ခွစီးထားသည့် သရဲမကိုသာမြင်နေမိပြီး ကြောက်လန့်လာသဖြင့် မျက်နှာလွှဲထားလိုက်သည်။
“ မောင်လေး ကြောက်နေတာ အစ်မသိတယ်။ အစ်မကို မကြောက်ပါနဲ့။ အစ်မကို ကြည့်စမ်း…”
“ —————-”
မရဲတရဲဖြင့် ကြည့်လိုက်မိသည့်အခါ အဝတ်အစားမဲ့နေသည့် အမျိုးသမီး၏ခန္တာကိုယ်ကို မြင်တွေ့လိုက်ရသဖြင့် နေ
လင်းအောင်၏သွေးများ ပွက်ပွက်ဆူသွားလေသည်။ ဖြူဝင်းနေသည့် အသားအရေ၊ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်တို့က နေ
လင်းအောင်၏ ရာဂစိတ်ကို နှိုးဆွနေကြလေပြီ။ ကြောက်ရွံ့သည့်စိတ်က အဝေးသို့ပြေးထွက်သွားပြီး အေးစက်နေသည့်သွေး
တို့က ပူနွေးလာခဲ့လေသည်။ အနီးသို့တိုးကပ်လာပြီးပွတ်သပ်နေသည့် အမျိုးသမီး၏အထိအတွေတို့က နေလင်းအောင်၏
စိတ်ရိုင်းကို နှိုးဆွနေကြသည်။
“ မောင်လေး….မမနဲ့လိုက်ခဲ့”
“ ———– ”
လက်ဆွဲပြီးခေါ်ဆောင်သွားသည့် အမျိုးသမီး၏အနောက်မှလိုက်ရင်း အမျိုးသမီး၏ခန္တာကိုယ်နောက်ပိုင်းအလှကို
ကြည့်ကာ နေလင်းအောင်တစ်ယောက် အသက်ရှုမှားမတတ်ဖြစ်နေလေသည်။ ခဏအကြာတွင် နေရာတစ်ခုသို့ရောက်သွား
ခဲ့သည်။ ထိုနေရာသည် မည်သည့်နေရာဖြစ်ကြောင်း နေလင်းအောင် စိတ်မဝင်စားပါ။ အမျိုးသမီးထံမှ ကိုယ်သင်းနံ့နှင့် အ
ထိအတွေ့အယုအယကြားတွင် စီးမြောရင်း ကာမမီးပုံတွင်းထဲသို့ ခုန်ဆင်းလိုက်လေတော့သည်။
ဇော်မင်းထွန်းပြောခဲ့သည့်စကားက အလွန်မှန်နေသည်။ အမျိုးသမီးသည် အမှန်အကန်ဟုတ်ရုံသာမက အပျိုစင်တစ်
ယောက်ပင်ဖြစ်နေကြောင်း အတွေ့အကြုံအရသိလိုက်ရသည့်အခါ နေလင်းအောင်တစ်ယောက် မအံ့ဩဘဲမနေနိုင်တော့ပေ။
ကာမရေစီးကြောင်းထဲတွင် ခက်ခဲစွာကူးခတ်ရင်း စိတ်အလိုဆန္ဒရှိသမျှ ဖွင့်အန်ချလိုက်လေတော့သည်။
********************
အိပ်ရာမှနိုးနိုးချင်း နေလင်းအောင်၏စိတ်တို့ ပေါ့ပါးလန်းဆန်းနေသည်။ အိပ်ရာဘေးမှ လက်ပတ်နာရီကို ယူကြည့်
လိုက်သည့်အခါ မနက်ကိုးနာရီထိုးတော့မည်။ နံဘေးတွင် ပုဆိုးခြုံကာ ကွေးနေသည့် ဇော်မင်းထွန်းကို စောင်ခြုံပေးပြီး မနေ့
ညက မက်ခဲ့သည့်အိပ်မက်ကို ပြန်စဉ်းစားရင်း စားမြုံ့ပြန်နေမိသည်။ အမျိုးသမီး၏အပြုအစုအယုအယတွင် နစ်မွန်းနေသ
ဖြင့် နာမည်မမေးလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်နေမိသည်။
“ ခွမ်း…..”
အိမ်နောက်ဖေးမှ တစ်စုံတစ်ခုကျကွဲသံကြောင့် အိပ်ရာမှ လူးလဲထလိုက်ပြီး နောက်ဖေးသို့ပြေးသွားလေသည်။
“ အစ်မ……ဘာဖြစ်လို့လဲ”
“ ဟင့်အင်း……”
ကြမ်းပြင်ပေါ်မှ ထမင်းစားကြွေပန်းကန်အကွဲများကို ကြည့်နေသည့် အေးသန္တာက ဘာမှမဖြစ်ကြောင်း ခေါင်းခါပြ
လိုက်သည်။
“ ပန်းကန် လွတ်ကျတာလား ”
“ အင်း….”
“ ဖယ်… ငါသိမ်းလိုက်မယ်။ နင် ဈေးသွားပြီးပြီလား ”
“ မသွားတော့ဘူး”
“ ဈေးသွားရင်သွားလေ။ ငါနိုးနေပြီ ”
“ မသွားချင်ဘူးဟာ ”
“ ဖယ်….ဖယ်… ။ ငါတံမြက်စည်းလှည်းလိုက်မယ်။ အမေက ဘယ်နေ့ပြန်လာမယ်တဲ့လဲ ”
“ ဗုဒ္ဓဟူးနေ့မှပြန်လာမယ်လို့ ပြောသွားတယ်။ တံမြက်စည်းလှည်းချင်လည်း လှည်းလိုက်ဟာ။ ငါအခန်းထဲမှာရှိမယ်။ ဘဲဥ
မွှေကြော်တစ်ခုပဲရှိတယ်ဟာ ”
“ အေးအေး။ နင် နေမကောင်းဘူးလား အစ်မ ”
“ အင်း…..”
အခန်းထဲသို့ဝင်ပြီး တံခါးပိတ်ကာ ချက်ချသွားသဖြင့် နေလင်းအောင်လည်း ထပ်မမေးတော့ဘဲ ကြွေပန်းကန်ကွဲများကို
လှည်းကျင်းလိုက်တော့သည်။
********************
ဘုရားပွဲဈေးတန်းကိုလျှောက်ချင်စိတ် နေလင်းအောင်တွင် မရှိတော့ပါ။ နှစ်ရက်တိုင် ညစဉ်ဆုံတွေ့နေရသည့် အမျိုး
သမီး၏ ကိုယ်သင်းနံ့လေးနှင့် အပြူအစု အယုအယတွင်သာယာနေခဲ့လေပြီ။ ဘုရားပွဲမသွား၍ ဇော်မင်းထွန်းကလည်း အ
ပြစ်မတင်ပါ။ ဇော်မင်းထွန်းကိုယ်တိုင်က ဘုရားပွဲသို့မသွားချင်ကြောင်း နေလင်းအောင်ကို ပြောထားပြီးဖြစ်ပေသည်။ ဇော်
မင်းထွန်းက နေမကောင်းသဖြင့် အရက်ဆိုင်သို့ပင် မလိုက်တော့သောကြောင့် နေလင်းအောင်တစ်ယောက်တည်း ဆိုင်တွင်
အမြန်သောက်ပြီး အိမ်သို့ပြန်လာရလေသည်။
“ မောင်လေး…. နင်ထမင်းမစားတာ နှစ်ရက်ရှိပြီနော် ”
“ နေမကောင်းလို့ပါ ”
“ နေမကောင်းရင်လည်း ကြိုပြောလေဟာ။ ဆန်ပြုတ်ပြုတ်ပေးလို့ရတာပေါ့။ မနက်ဖြန် ငါကျောင်းတက်ရတော့မှာ ”
“ ဟုတ်တယ်။ မင်းထမင်းစားတာ ငါမတွေ့ဘူး။ ကြာရင် ရှောသွားမယ်နော် ဟေ့ကောင်။ ဆေးခန်းသွားမလား ”
“ —————”
ဇော်မင်းထွန်းက အေးသန္တာနှင့် နေလင်းအောင်တို့ကို ဘာမှပြန်မပြောတော့ဘဲ အခန်းထဲသို့ဝင်သွားလေသည်။
“ အစ်မ…၊ နင်လည်းနေမကောင်းဘူးဆို။ ဘာဖြစ်လို့လဲ။ ကိုယ်တွေလက်တွေနာနေတာလား။ အအေးမိတာလား ”
“ ဘာမှမဖြစ်ပါဘူးဟာ။ နင့်ဟာနင် သောက်ပြီးရင်လည်းအေးအေးနေစမ်းပါ။ ဟိုမေးဒီမေးနဲ့ မစပ်စုစမ်းပါနဲ့”
“ ငါကစေတနာနဲ့မေးတာပါဟာ။ မကြိုက်ရင်လည်း မမေးပါဘူး။ နင်တို့နှစ်ယောက်စလုံး နေမကောင်းဘူးဆိုတော့ ငါ့ကို
ကူးမှာကြောက်တယ် ”
“ နင်အိပ်ရင် တံခါးတွေ အသေအချာပိတ်ပြီးမှအိပ်”
“ အေးပါ ”
“ ငါတံခါးတွေပိတ်တော့မယ်။ နင့်ကို စိတ်မချဘူး ”
“ ငါပိတ်ပါ့မယ်ဟာ။ နေမကောင်းရင်လည်း အခန်းထဲဝင်ပြီးအိပ်တော့။ ဘာစိတ်မချစရာရှိလဲ”
ပြောပြောဆိုဆိုဖြင့် ပြူတင်းတံခါးပေါက်များနှင့် အိမ်ရှေ့တံခါးမကြီးကိုချက်ချကာ နေလင်းအောင်ထိုင်နေသည့် စာ
ကြည့်စားပွဲဘေးမှ ပြူတင်းပေါက်ကိုပိတ်နေစဉ် နေလင်းအောင်၏နှာခေါင်းထဲတွင် ရင်းနှီးသည့်အနံ့တစ်ခုကို ရလိုက်မိသည်
။ ထိုအနံ့သည် အမျိုးသမီးထံမှရသည့် ကိုယ်သင်းနံ့နှင့် တစ်ထပ်တည်းဖြစ်နေသဖြင့် နေလင်းအောင်၏စိတ်ထဲတွင် တစ်မျိုး
တစ်မည်ဖြစ်သွားခဲ့လေသည်။
“ အစ်မ…..။ နင်ဆွတ်တဲ့ရေမွှေးက ဘာရေမွှေးလဲ ”
“ ဘာရေမွှေးမှမဆွတ်ဘူး။ ပေါင်ဒါလိမ်းထားတာ ”
“ ဪ……”
“ တံခါးတွေပိတ်ပြီးပြီ။ ငါအိပ်တော့မယ်။ ဆေးလိပ်ကို သေသေချာချာမီးသတ်ပြီးမှအိပ်”
“ အေးပါ။ ခဏနေရင် ငါလည်း အိပ်တော့မှာ ”
နောက်ဖေးခန်းသို့ဝင်သွားသည့် အစ်မဝမ်းကွဲဖြစ်သူ အေးသန္တာကိုကြည့်ပြီး နေလင်းအောင်စိတ်ထဲ တစ်မျိုးဖြစ်နေ
လေသည်။ အေးသန္တာထံမှရသည့် ပေါင်ဒါနံ့သည် အမျိုးသမီးထံမှရသည့် အနံ့နှင့် တစ်ထေရာတည်းတူနေသည်။ ထိုအနံ့ကို
နေလင်းအောင် စွဲမက်နေခဲ့သည်။ အေးသန္တာထံမှရသည့်ရနံ့က နေလင်းအောင်၏စိတ်ကို နှိုးဆွပေးလိုက်သဖြင့်် အိပ်မက်ထဲ
မှ အမျိုးသမီးကို တောင့်တလာခဲ့မိသည်။ ကိုယ်တွေ့မြင်ခဲ့ရစဉ်က ကြောက်လန့်ခဲ့သော်လည်း အိပ်မက်ထဲတွင် မြင်တွေ့နေရ
သည့်အမျိုးသမီး၏ အထိအတွေ့တွင် သာယာမိခဲ့သည်။ ယခုညလည်း အိပ်မက်ထဲတွင် တွေ့ဆုံနိုင်ရန်အတွက် အိပ်ရာထဲသို့
အမြန်ဝင်ကာ စောင်ခြုံပြီး အိပ်မောကျနေသည့် ဇော်မင်းထွန်း၏ဘေးတွင် လှဲအိပ်လိုက်လေတော့သည်။
********************
ကိုယ်သင်းနံ့သင်းပျံ့ပျံ့ကို တရှိုက်မက်မက်ခံစားရင်း မြင်းရိုင်းတစ်ကောင်လိုဖြစ်နေသည့် ဆန္ဒကိုလွှတ်ပေးလိုက်မိ
သည်။ အမျိုးသမီး၏လည်ပင်းကို နမ်းစုပ်ခဲ့သည်။ ဖူးငုံနေသည့် နှုတ်ခမ်းများကို မလွှတ်စတမ်း နမ်းစုပ်ခဲ့သည်။ ကြောက်
လန့်စရာကောင်းသည့် နာနာနဘာဝကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသဖြင့် ကြောက်ရွံ့ခဲ့သော်လည်း အိပ်မက်ထဲမှ အမျိုးသမီး
ကိုတော့ ကြောက်ရွံ့ခြင်းအလျင်းမရှိသည့်အပြင် ညစဉ်ညတိုင်းတွေ့ဆုံပြီး ချစ်ချင်နေမိသည်။
“ မောင်…..မမလေ မောင်နဲ့မခွဲချင်တော့ဘူး”
“ အိပ်မက်ထဲမှာ အမြဲတွေ့နေရတာပဲ မမရယ် ”
“ မမနဲ့အတူ လာနပေါလား”
“ မမက ဘယ်မှာနေလို့လဲ”
“ မမနဲ့တွေ့တဲ့နေရာမှာ အတူနေကြမယ်လေ”
“ ဟာ…မဖြစ်နိုင်ဘူးလေ”
“ မဖြစ်လို့မရဘူးမောင်။ မမက မောင့်ကို ချစ်တယ်”
“ ချစ်တာကို လက်ခံတယ်။ မမနဲ့အတူလိုက်နေဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူး”
“ မမကို မကြောက်ပါနဲ့ ”
“ မဖြစ်နိုင်ဘူးဗျာ ”
“ မမက အဲဒီနေရာမှာ တစ်ယောက်တည်းနေခဲ့ရတာ ကြာပါပြီ ”
“ ဇော်မင်းထွန်းကိုယ်ပေါ်မှာခွစီးထားတာ မမ မဟုတ်လား ”
“ ——————–”
“ ကျွန်တော်မေးနေတာ ဖြေလေဗျာ ”
“ အမှန်အတိုင်းပြောရင် မမကိုမချစ်တော့မှာစိုးလို့ပါ ”
“ မမ ဟုတ်လား၊ မဟုတ်လားဆိုတာပဲ ပြောပါ ”
“ ဟုတ်ပါတယ် မောင်။ မမနဲ့အတူလာနေပါ။ မောင့်ကို ရအောင်ခေါ်မယ် ”
“ မလိုက်ဘူး။ ကျွန်တော်မလိုက်နိုင်ဘူး”
“ ကြာရင် ဟိုကောင်လေး သေသွားလိမ့်မယ်။ အဲဒါကိုရော သိသလား။ သူ့ကို အသေခံမလား၊ မမနဲ့လိုက်မလား ”
“ ဗျာ…..ဇော်….ဇော်မင်းထွန်းကိုပြောတာလား ”
“ ဟုတ်တယ် ”
“ ဟာ…..သူ့ကိုဘာလုပ်ထားတာလဲ ”
“ သူ့အထဲကို မမခဏဝင်နေတာ။ သူ့ကို မမ မချစ်ဘူး။ မောင်နဲ့တွေ့ချင်လို့ သူ့လိပ်ပြာကို ခဏနှုတ်ပြီး လိုက်လာတာ ”
“ ဟာ….မ…မဖြစ်နိုင်ဘူး”
“ ဟုတ်တယ်မောင်။ သူနဲ့ကမဖြစ်နိုင်လို့ ဖြစ်နိုင်တဲ့သူဆီကို ဝင်ရတယ် ”
“ မမ ဘာတွေပြောနေတာလဲ ”
“ မောင်နဲ့ချစ်ဖို့အတွက်ဟိုကောင်မလေးရဲ့ခန္တာကိုယ်ထဲကို ဝင်ရတယ်လို့ပြောတာလေ။ ဟိုကောင်လေးနဲ့က အခုလိုအတူနေဖို့
ဖြစ်မှမဖြစ်နိုင်တာ။ ဟိုကောင်မလေးအိပ်တဲ့အချိန်ကျမှ သူ့ကိုယ်ထဲကို ဝင်ရတာ”
“ ဟာ…ခင်…ခင်ဗျား…ခင်ဗျား…”
အမျိုးသမီးပြောလိုက်သည့်စကားကို ကြားလိုက်ရသည့်အခါ နေလင်းအောင် ခေါင်းတစ်ခုလုံးပွင့်ထွက်သွားမတတ်
ဖြစ်သွားလေသည်။
“ လိုက်ခဲ့ပါ မောင်ရယ်။ မမနဲ့လိုက်ခဲ့ပါ ”
“ မလိုက်ဘူး….မလိုက်ဘူး…..”
“ ဒုံး……..”
“ အား……”
နဖူးကို ပွတ်သပ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အိပ်ခန်းတံခါးနှင့်ဆောင့်မိလိုက်ကြောင်း သိလိုက်ရလေသည်။
အခန်းအပြင်သို့ထွက်လာပြီးမီးများဖွင့်ပြီးနောက် ပြူတင်းတံခါးပေါက်ကိုဖွင့်ကြည့်လိုက်သည့်အခါ အလင်းရောင်မမြင်ရသေး
သဖြင့် နံရံမှနာရီကို လှမ်းကြည့်လိုက်သည်။ နာရီလက်တံများက မနက်ငါးနာရီထိုးရန် ဆယ်မိနစ်သာလိုတော့ကြောင်း ညွှန်ပြ
နေကြသည်။
အမျိုးသမီးပြောလိုက်သည့်စကားကို ပြန်ကြားယောင်ပြီး နားသယ်စပ်မှ ချွေးစေးများ စီးကျလာလေသည်။ အိပ်မက်
သာဖြစ်ပါစေဟုဆုတောင်းနေမိသည်။
စိတ်လှုပ်ရှားနေသဖြင့်စားပွဲပေါ်မှ သောက်လက်စဆေးပေါ့လိပ်ကို မီးညှိလိုက်ပြီး ဖွာရှိုက်လိုက်သည့်အချိန်တွင် စားပွဲခုံ
က အလိုလို ရွေ့သွားသည်ကို မြင်တွေ့လိုက်ရသည်။
“ အမလေး….”
လက်ထဲမှ ဆေးပေါ့လိပ်လွတ်ကျသွားသည်အထိကြောက်လန့်သွားပြီး ထိုင်ရာမှထကာ စားပွဲခုံကို စိုက်ကြည့်နေလေ
သည်။
“ ဘာဖြစ်တာလဲ နေလင်းအောင် ”
“ အမလေးဗျ….”
အသံကြား၍ လှည့်ကြည့်လိုက်သည့်အခါ အိမ်နောက်ခန်းသို့ဝင်သည့် အပေါက်ဝတွင် ထဘီရင်လျားနှင့် ရပ်နေသည့်
အေးသန္တာကို မြင်တွေ့လိုက်သဖြင့် အလန့်တကြားထအော်လိုက်သည်။
“ ဟဲ့….ဘာဖြစ်နေတာလဲ ”
“ ဟို…ဟို….ဘာ..ဘာမှမဟုတ်ပါဘူး။ ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ။ နင် နိုးပြီလား ”
“ အိမ်ရှေ့မှာမီးလင်းနေတာတွေ့လို့ ထလာတာ ”
“ နင်…နင်က အစောကြီး ရေချိုးမလို့လား”
“ …..”
နေလင်းအောင်ပြောလိုက်သည့်အခါမှ အေးသန္တာက သူ့ကိုယ်သူ သတိထားမိသွားပြီး တအံ့တဩဖြစ်သွားလေသည်။
နေလင်းအောင်၏မျက်လုံးက အေးသန္တာ၏လည်ပင်းပေါ်မှ အနီကွက်များကို မြင်တွေ့လိုက်ရသည့်အခါမှာတော့ တစ်ကိုယ်
လုံးကျဉ်စက်နှင့်အတို့ခံလိုက်ရသလို ဖြစ်သွားလေတော့သည်။
“ နင်…နင်.. ရေချိုးချင်ချိုးလေ ”
“ မချိုးပါဘူး…..နင့်ကို မေးစရာရှိတယ် ”
“ မေး..မေးလေ”
“ ငါအိပ်နေတုန်း အခန်းထဲကိုဝင်လာသေးလား ”
“ ဝင်လာရအောင် နင်က အခန်းတံခါးကိုချက်ချပြီးအိပ်တာမဟုတ်လား”
နေလင်းအောင်ပြောလိုက်သည့်စကားကြောင့် အေးသန္တာ တွေဝေသွားသည်။
“ ဘာ…ဘာဖြစ်လို့လဲ”
“ ငါ့ခြင်ထောင်ထဲမှာ နင့်ရဲ့အောက်ခံဘောင်းဘီရောက်နေတယ် ”
“ ဟင်…..”
အေးသန္တာက နေလင်းအောင်ကိုမကြည့်ဘဲ အောက်နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငုံ့ထားလေသည်။
“ ဒေါ်လေးပြန်လာရင် ပြောစရာတွေရှိတယ် ”
“ ဟမ်…..။ ငါ…ငါ လက်ဖက်ရည်ဆိုင်သွားဦးမယ်ဟာ ”
“ အစောကြီးရှိသေးတယ်။ ဆိုင်ကဘယ်ဖွင့်ဦးမှာလဲ”
“ ငါးနာရီဆိုဖွင့်ပြီ။ မိုးလင်းမှ ပြန်လာခဲ့မယ်။ အမေ ဒီမနက်ပြန်ရောက်မှာမဟုတ်လား”
“ ဟုတ်တယ်…”
“ ငါ လက်ဖက်ရည်ဆိုင်သွားတော့မယ်။ တံခါးပြန်ပိတ်ဦး”
“ အေး”
********************
မနက်ဆယ့်တစ်နာရီကျော်လောက် အိမ်ပြန်လာချိန်တွင် နေလင်းအောင်၏မိခင်က ပြန်ရောက်နေလေပြီ။ အေးသန္တာ
နှင့် တီးတိုးပြောဆိုနေသည့် မိခင်ကို မြင်တွေ့လိုက်ရသည့်အချိန်တွင် နေလင်းအောင် အလိုလိုတုန်လှုပ်နေသည်။ ဒေါ်လေး
ပြန်လာရင်ပြောစရာရှိတယ်ဟု အေးသန္တာပြောခဲ့သည်။ ထိုစကားကို မပြောဖြစ်ပါစေနှင့်ဟု ကြိတ်ပြီးဆုတောင်းနေလေသည်။
“ ဘယ်က ပြန်လာတာလဲ ”
ပြတ်သားသည့်မေးခွန်းနှင့်အတူ စူးစူးရဲရဲကြည့်နေသည့် မိခင်၏မျက်လုံးတစ်စုံကို ရင်ဆိုင်ဖို့ခွန်အားများ ရုတ်တရက်
ကုန်ခမ်းသွားသလားထင်ရလောက်အောင် ဆွံအနေမိသည်။
“ ဟဲ့…….ငါမေးနေတယ်လေ ”
“ လက်ဖက်ရည်ဆိုင်ကပါ အမေ”
“ မနက် ငါးနာရီကတည်းက ထွက်သွားတာဆို”
“ ဟုတ်ကဲ့ ”
“ အဝတ်အစားလဲထား။ ဇော်မင်းထွန်းကို ဆေးရုံပို့မှဖြစ်တော့မယ်”
အဆိုးရွားဆုံးရင်ဆိုင်ရမည်ဟုထင်မှတ်ပြီး ရင်ဘတ်တစ်ခုလုံးဖားဖိုကဲ့သို့ဖြစ်နေရာမှ မိခင်ပြောလိုက်သည့်စကားကို
ကြားလိုက်ရသည့်အခါ စိတ်သက်သာရာရသွားလေသည်။
“ ဗျာ….ဇော်မင်းထွန်းဘာဖြစ်လို့လဲ”
“ အစာမစားတာ ရက်ကြာတော့ အားပြတ်သွားလားမှမသိတာ။ အိပ်ရာက မထနိုင်တော့ဘူး။ ကမ္မဋ္ဌာန်းရုပ်ပေါက်နေပြီ။
အဝတ်အစားလဲပြီး ဟိုဘက်လမ်းက ဦးမျိုးထွန်းရဲ့ကားကို အကူအညီသွားတောင်း ”
“ ဟုတ်…ဟုတ်ကဲ့အမေ ”
အဝတ်အစားလဲရန် အခန်းထဲသို့ဝင်လိုက်သည့်အချိန်တွင် ဇော်မင်းထွန်းကိုမြင်လိုက်ရသည့်အခိုက် နေလင်းအောင် ပါး
စပ်အဟောင်းသားဖြစ်သွားလေသည်။ မနေ့ညနေကနှင့်မတူတော့ဘဲ ပါးချောင်နားချောင်ကျကာ ပိန်ချုံးနေလေပြီ။ အမျိုးသ
မီးပြောခဲ့သည့်စကားကို ပြန်စဉ်းစားမိသည့်အခါ အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်ပျက်နေကြောင်း သိလိုက်ရသဖြင့် တုန်လှုပ်
ခြောက်ခြားသွားလေတော့သည်။
********************
ဇော်မင်းထွန်းအား ဆေးရုံတင်ပြီးကုသသော်လည်း ရောဂါရှာဖွေမရသဖြင့် ဆရာဝန်များလက်လျှော့ရသည့်အဆင့်သို့
ရောက်ခဲ့လေပြီ။ အခြေအနေမကောင်းတော့သည့် ဇော်မင်းထွန်းအား ဆေးရုံမှဆင်းခွင့်တောင်းကာ အိမ်သို့ပြန်ခေါ်လာခဲ့
သည်။ အရိုးပေါ်အရေတင်ကာ အဖိုးအိုရုပ်ပေါက်နေသည့် ဇော်မင်းထွန်းအား မကြည့်ရက်တော့သဖြင့် ဆေးရုံမှအိမ်သို့ပြန်
ရောက်သည့်အခါ မိခင်အားဖြစ်သမျှအကြောင်းစုံ ဖွင့်ပြောပြလိုက်လေတော့သည်။
“ မင်းပြောတာကို ငါမယုံဘူး။ ငါပြန်ရောက်ရောက်ချင်း အေးသန္တာပြောတုန်းက မင်းကိုမေးမလို့ပဲ။ ဇော်မင်းထွန်းကိုဆေးရုံ
တင်စရာရှိလို့ မမေးသေးတာ ”
“ ဟုတ်၊ ဟုတ်ကဲ့အမေ ”
“ ဒေါ်…ဒေါ်လေး…..”
“ သမီး…အခန်းထဲကို ခဏသွားနေစမ်း။ သူနဲ့စကားပြောစရာရှိတယ်”
“ ဟုတ်…ဟုတ်ကဲ့ ”
အေးသန္တာက နေလင်းအောင်၏မျက်နှာကို မသိမသာကြည့်ပြီး အိမ်နောက်ဖေးသို့ဝင်သွားလေသည်။
“ အေးသန္တာကို မင်းဘာလုပ်မိသေးလဲ ”
“ ဗျာ…….။ ဘာ..ဘာမှ မလုပ်ပါဘူး”
“ မညာနဲ့။ အေးသန္တာငါ့ကို အကုန်ပြောပြီးပြီ ”
“ ဗျာ……။ သား…သားဘာမှမလုပ်ရပါဘူးအမေ။ အိပ်မက်ထဲမှာ အမျိုးသမီးနဲ့တွေ့တာပဲရှိတာပါ ”
“ နေလင်းအောင်၊ ငါကနင့်ကို မွေးထားတဲ့အမေ။ ငါ့ကိုညာဖို့မကြိုးစားနဲ့။ သူအိပ်နေတုန်း အခန်းထဲကိုဝင်ပြီး သူ့ကိုဘာ
လုပ်မိတယ်ဆိုတာ ငါ့ကိုမှန်မှန်ပြော ”
“ ဘုရားစူးရပါစေ့အမေရယ်။ သား ကျိန်ပြောရဲပါတယ်။ သူက အခန်းတံခါးကိုချက်ချပြီးမှအိပ်တတ်တာ အမေလည်းသိတယ်
မဟုတ်လား။ နေ့လယ်နေ့ခင်းတောင် သူ့အခန်းထဲကို မဝင်ပါဘူးအမေရယ်။ သူ့ကို သားဘာမှမလုပ်ပါဘူး ”
“ အေးသန္တာရဲ့ခြင်ထောင်ထဲမှာ နင့်ရဲ့အောက်ခံဘောင်းဘီရောက်နေတာကို နင်ဘာပြောမလဲ”
“ ဗျာ…အဲ…အဲဒါ..”
“ နေလင်းအောင်….”
“ ဗျာ…အမေ ”
“ အေးသန္တာ အပျိုရည်ပျက်သွားပြီဆိုရင် နင်ယုံမလား။ အဲဒါ နင်မဟုတ်ရင် ဘယ်သူ့လက်ချက်လဲ”
“ ဗျာ…….သား….သားဘာမှ…”
“ တော်စမ်း….။ တစ်ညတည်းမဟုတ်ဘူး။ စစချင်းနေ့က သူ့ကိုယ်သူဘာဖြစ်မှန်းတောင်မသိရှာဘူး။ ငါမရှိတော့
တိုင်ပင်စရာမရှိလို့ အောင့်အီးနေခဲ့ရရှာတယ်။ ငါပြန်ရောက်တော့မှ သူခံစားခဲ့ရတာတွေ ငါ့ကို အကုန်ပြောပြတယ် ”
“ သား…သားပြောတာကို ခဏလေးနားထောင်ပါအမေရယ် ”
“ နင်ဘယ်လိုညာမလဲဆိုတာနားထောင်မယ်။ ပြောစမ်း”
အေးသန္တာသုံးနေသည့်ပေါင်ဒါနံ့နှင့် အိပ်မက်ထဲမှအမျိုးသမီးသုံးနေသည့် ပေါင်ဒါနံ့ကအတူတူဖြစ်ကြောင်းနှင့် အိပ်မက်
ထဲတွင်ဖြစ်ပျက်ခဲ့သည့်အတိုင်း အေးသန္တာ၏လည်ပင်းတွင် အနီကွက်များကိုမြင်ခဲ့ရကြောင်း မချွင်းမချန်ပြောပြလိုက်သည်။
“ နင်ပြောပြီးသွားပြီလား နေလင်းအောင် ”
“ ဟုတ်ကဲ့ အမေ။ သား ဘာမှမလုပ်တာကိုတော့ ကျိန်ပြောရဲပါတယ် ”
“ သူဖြစ်နေတာ၊ သူခံစားနေရတာကို မီးယပ်ရောဂါထင်ပြီး ဆရာဝန်နဲ့ပြတော့မှ အပျိုရည်ပျက်နေတာ သိခဲ့ရတယ်။ သူ့မှာ
ရည်းစားမရှိတာ ငါအသိဆုံး။ သူ အိပ်ရာကနိုးတဲ့အချိန် ခြင်ထောင်ထဲမှာ အရက်နံ့ရတယ်လို့ ငါ့ကိုပြောပြီးပြီ။ ဘာညာချင်
သေးလဲ ”
“ သား…သားဘာမှ…”
“ ငါ့ရှေ့က ထွက်သွားစမ်းဟာ။ နင့်မျက်နှာကို မကြည့်ချင်ဘူး။အိမ်မှာပါ မနေနဲ့တော့။ ဒီအိမ်ကနေ ထွက်သွားတော့…။
နင့်အဖေသိရင် နင့်ကိုသတ်လိမ့်မယ်။ ငါ့လင်ကို ထောင်အကျမခံနိုင်ဘူးဟဲ့ လူမိုက်ရဲ့။ နင့်အဝတ်အစားတွေအကုန်ယူပြီး
အိမ်ပေါ်ကဆင်းသွား ”
“ ဒေါ်…ဒေါ်လေး…မ…မလုပ်ပါနဲ့။ သူလုပ်တာလို့ သ…သမီးမပြောပါဘူး။ သူ့ကြောင့်မ…မဟုတ် ”
“ သူ့ကြောင့်မဟုတ်ရင် ဘယ်သူနဲ့ဖြစ်ခဲ့တာလဲ။ ပြောစမ်း…ပြောကြစမ်း”
“ မ…မဟုတ်ပါဘူး…ဒေါ်…ဒေါ်လေး။ သ…သမီးက အခန်းတံခါးကို ချက်အသေအချာချပြီးမှ အိပ်ပါတယ်။ မနက်အိပ်
ရာကနိုးတော့လည်း ချက်က ပွင့်မနေပါဘူးဒေါ်လေး”
“ ငါနားမလည်တော့ဘူး အေးသန္တာ။ နင်တို့ချင်း နားလည်မှုယူပြီး ငါ့ကိုလိမ်နေကြတာလား ”
“ မ…မဟုတ်ပါဘူး ဒေါ်လေး။ သ…သမီး”
“ ပါးစပ်ပိတ်ထား။ ဟိုကောင်….အခုချက်ချင်း အိမ်ပေါ်ကဆင်း”
“ ဟုတ်…..ဟုတ်ကဲ့။ သားထွက်သွားပါ့မယ် အမေ ”
“ နေ….နေလင်းအောင် ”
“ သွား…ထွက်သွား။ ပြန်မလာနဲ့ ”
“ ဟုတ်…ဟုတ်ကဲ့ ”
********************
“ ကျွန်တော်လည်း အိမ်ကဆင်းပြီး အဖေ့ရဲ့ညီ ကျွန်တော့်ရဲ့ဦးလေးရှိတဲ့ မြိတ်ကိုထွက်သွားတယ်။ ဦးလေးရဲ့စက်လှေမှာ
အလုပ်ဝင်လုပ်တယ် ”
“ စိတ်မကောင်းလိုက်တာဗျာ။ ဘာတွေ ဆက်ဖြစ်သေးလဲဗျာ ”
“ ဇော်မင်းထွန်းက ကျွန်တော် အိမ်ပေါ်ကဆင်းသွားပြီး ဆယ်ရက်အကြာမှာဆုံးတယ်လို့ သိခဲ့ရတယ် ”
“ ဪ…..”
“ အဖေက သိသိချင်းစိတ်ဆိုးပေမယ့် နားလည်ပေးပါတယ်။ ကျွန်တော်တို့ဖြစ်ပျက်ခဲ့တာကို မယုံဘူး။ ကျွန်တော်တို့နှစ်
ယောက်က ငြိစွန်းပြီးဖြစ်ခဲ့တယ်လို့ပဲထင်ခဲ့တယ်။ အခုပြောလည်း မယုံဘူး။ အမေကတော့ ယုံသွားတယ် ”
“ ဟုတ်လား။ ဘယ်လိုဖြစ်လို့လဲ ”
“ ဇော်မင်းထွန်း ဆုံးခါနီးမှာ ဟိုအမျိုးသမီးက အမေ့ကို ကြိမ်းဝါးသွားတယ်။ ကျန်တဲ့ကိစ္စလည်း ရှိသေးတယ် ”
“ ဗျာ….ဘယ်လို။ ကျွန်တော် နားမရှင်းဘူး ”
“ ဒီလိုပါဆရာ။ ဇော်မင်းထွန်းဆီမှာ ဟိုအမျိုးသမီးက ပူးကပ်နေတုန်းပဲ။ ဆေးရုံက လက်လျှော့လိုက်တော့ ဇော်မင်းထွန်းကို
အိမ်ပြန်ခေါ်လာပြီး ဆရာတစ်ယောက်နဲ့ကုတယ်။ ဒါပေမယ့် မရတော့ဘူးဗျ။ သေခါနီးမှာ အမေ့ကိုပြောသွားတယ်။ ကျွန်
တော့်ကို အိမ်ပေါ်ကနှင်ချတဲ့အတွက် အမေ့ကိုအသေသတ်မယ်တဲ့။ ကျန်တဲ့ကိစ္စတွေကို ထားလိုက်ပါတော့ဆရာ”
“ ဟောဗျာ……”
“ ဇော်မင်းထွန်းသေပြီး တစ်လကြာတော့ အမေလည်း အတော်အသည်းအသန်ဖြစ်တာတဲ့။ ကျွန်တော်နဲ့က အဆက်အသွယ်
မရတော့ဘူး။ အဲဒီအကြောင်းတွေကို နောက်မှသိရတာ ”
“ ဟုတ်ကဲ့ ”
“ အမေလည်း ကြောက်လန့်ပြီး အဲဒီအိမ်ကိုရောင်းပြေးတော့တာပဲ ”
“ ဖြစ်ရလေဗျာ။ ဒါနဲ့ မအေးသန္တာကရော”
“ အေးသန္တာက ကိုယ်ဝန်ရှိသွားတယ်။ အမေက ဖျက်ချချင်ပေမယ့် အဖေကခွင့်မပြုဘူး။ အဖေ့မှာ သားသမီးဆိုလို့ ကျွန်တော်
တစ်ယောက်တည်းရှိတော့ ကျွန်တော့်ကိုလိုက်စုံစမ်းတယ်။ ကျွန်တော် အိမ်ပေါ်ကဆင်းသွားပြီး ခြောက်လလောက်မှာ အဖေ
မြိတ်ကိုလိုက်လာတယ်။ ကျွန်တော်က ပင်လယ်ထဲမှာပဲ အနေများတော့ အဖေနဲ့မတွေ့လိုက်ရဘူး။ ကျွန်တော့်ကို ရန်ကုန်ပြန်
လာခဲ့ဖို့ အကျိုးအကြောင်းပြောပြီးမှာခဲ့တယ် ”
“ ကိုနေလင်းအောင်ရဲ့ဦးလေးက ကိုနေလင်းအောင် သူ့ဆီရောက်နေတဲ့အကြောင်း သူ့အစ်ကိုဆီ အကြောင်းမကြားဘူးလား”
“ ဦးလေးနဲ့ အဖေက အမွေကိစ္စနဲ့ရန်ဖြစ်ထားလို့ စကားမပြောကြဘူးဆရာ။ ကျွန်တော်မြိတ်ကိုရောက်နေတဲ့အကြောင်း ပြော
တဲ့သူက အေးသန္တာပါ။ အေးသန္တာကို ကျွန်တော်ဖုန်းဆက်ပြီးတောင်းပန်တော့မှ သူလည်း ကျွန်တော်ရှိတဲ့နေရာကို သိသွားခဲ့
တာ။ ဦးလေးနဲ့စကားမပြောပေမယ့် ဦးလေးဆီမှာကျွန်တော်ရှိနေတာကိုသိတော့လည်း ရောက်အောင်လာခဲ့တယ်ဆရာ ”
“ ဟောဗျာ….မအေးသန္တာအကြောင်း ကျွန်တော် အရမ်းသိချင်နေပြီ။ သူအခုဘယ်မှာလဲ ကိုနေလင်းအောင် ”
“ သူအခု အိမ်မှာရှိပါတယ်ဆရာ။ ကျွန်တော့်ဇနီးဖြစ်နေပါပြီ ”
“ ဟာ……..ဘယ်လိုတွေဖြစ်ကုန်တာလဲဗျာ ”
“ အဖေပေးစားတာပါ ”
“ ဟောဗျာ ”
“ ဟုတ်ပါတယ်ဆရာ။ အေးသန္တာနဲ့ ကျွန်တော်က မောင်နှစ်မ နှစ်ဝမ်းကွဲဆိုတော့ ယူလို့ရတယ်ဆိုပြီး အဖေကိုယ်တိုင်စီစဉ်ခဲ့
တာပါ။ အဖေ မြိတ်ကိုလိုက်လာတော့ အေးသန္တာမှာ ကိုယ်ဝန်ခြောက်လဖြစ်နေပြီ ”
“ ဟုတ်တော့ဟုတ်ပါတယ်။ မောင်လည် နှစ်မလည်တွေပေါ့ဗျာ။ ရှေးရှင်ဘုရင်လက်ထက်မှာလည်းရှိခဲ့တာပဲ။ မယူလို့လည်း
ဖြစ်မှမဖြစ်တော့တာ ”
“ ကျွန်တော့်သမီးတောင် ကလေးနှစ်ယောက်ရနေပြီဆရာ ”
“ အလိုဗျာ…..။ သမီးက အသက်ဘယ်နှစ်နှစ်ရှိပြီလဲ ”
“ သုံးဆယ့်ခြောက်နှစ်ရှိပြီလေ ဆရာ ”
“ အော….မငယ်တော့ဘူးပဲ။ ဒါဆို ကိုနေလင်းအောင်က မြေးနှစ်ယောက်အဘိုးဖြစ်နေပြီပေါ့။ ဦးနဲ့ ဒေါ်ဒေါ်ကရော ”
“ ဟုတ်ကဲ့ဆရာ။ အဖေနဲ့အမေကလည်း သူ့မြစ်တွေနဲ့ကျန်းကျန်းမာမာပါပဲဆရာ”
“ ထူးထူးဆန်းဆန်းဆိုတာထက် ပိုပြီးထူးဆန်းလွန်းပါတယ် ကိုနေလင်းအောင်။ ကြောက်စရာလည်းကောင်း၊ သံဝေဂယူစရာ
လည်းကောင်းပါတယ်။ ကြောက်စရာကောင်းတယ်ဆိုတာ သရဲမကိုပြောတာမဟုတ်ဘူးနော်။ ကိုနေလင်းအောင်တို့ရဲ့ အမူအ
ကျင့်နဲ့ အပြောအဆိုတွေကြောင့် မဖြစ်သင့်တာဖြစ်ခဲ့ကြတာကိုပြောတာပါ ”
“ ဆရာပြောတာလည်း မှန်ပါတယ်။ ကြောက်စရာကောင်းတာတွေကို ထပ်ပြောပြရင် ဆရာယုံမယ်မထင်ဘူး ”
“ လုပ်စမ်းပါဦးဗျ။ ဘယ်လိုကြောက်စရာကောင်းတာလဲ ”
“ ဆရာ့ကို ခုနကပြောခဲ့တယ်လေ။ ကျန်တဲ့ကိစ္စတွေကိုထားလိုက်ပါတော့ဆိုတာ ”
“ ဟုတ်ကဲ့”
“ ဇော်မင်းထွန်းသေတော့ အိမ်မှာ သုံးရက်ထားတယ်တဲ့။ ညဆိုရင် အလောင်းကမျက်လုံးပွင့်ပြီး ကစားနေတယ်တဲ့”
“ အာ……”
“ အဲဒါကိုတွေ့တာက အမေလေ။ ကြောက်ပြီး အသုဘကို လာမစောင့်ရဲကြမှာစိုးလို့ အမေက ဘယ်သူ့ကိုမှမပြောဘူးတဲ့”
“ အားပါးပါး….အတော်ဆိုးတဲ့ သရဲမပါလား”
“ ဟုတ်တယ်ဆရာ။ အမေ ပိုပြီးယုံသွားတာက အေးသန္တာနဲ့အမေက အခန်းထဲမှာအတူတူအိပ်တယ်။ ညဆိုရင် အေးသန္တာ က
အမေ့ကျောကုန်းကိုရိုက်ပြီး နင့်ကို မကျေနပ်ဘူးဆိုပြီး ပြောတယ်တဲ့။ ညဆို အခန်းတံခါးချက်က အလိုလိုပြုတ်သွားပြီး အေး
သန္တာက ကျွန်တော်တို့အိပ်ခန်းဘက်ကို ကူးသွားတယ်တဲ့။ နောက်တော့ အထက်လမ်းဆရာတစ်ယောက်နဲ့ အေးသန္တာကို ကု
လိုက်ရတယ်။ တစ်လလောက်နေတော့ အမေလည်း အသည်းအသန်ဖြစ်တော့တာပဲ။ ဒါနဲ့ အမေလည်းကြောက်ပြီး အိမ်ကို
ရောင်းပြေးတာပေါ့ဆရာ”
“ ဒါဆိုရင် မအေးသန္တာရဲ့ခန္တာကိုယ်ထဲကိုဝင်ပြီး ကိုနေလင်းအောင်နဲ့ ချစ်ပွဲကြီးနွှဲခဲ့ကြတာဖြစ်မယ်။ တော်တော်လာတဲ့ သရဲ
မပါလား။ သရဲမက ကိုနေလင်းအောင်ကို တော်တော်ချစ်ပုံရတယ် ”
“ ကျွန်တော် ပါးစပ်ဆော့မိလို့ပါဆရာ ”
“ ဘယ်လိုပဲဖြစ်ဖြစ်လေဗျာ။ ဒီလိုချစ်နိုင်ဖို့ဆိုတာ လွယ်တာမှတ်လို့။ ကျွန်တော် စဉ်းစားမိတာတစ်ခုတော့ရှိတယ် ”
“ ဟုတ်ကဲ့ ပြောပါဆရာ”
“ မအေးသန္တာနဲ့ကိုနေလင်းအောင်က မောင်နှစ်မ နှစ်ဝမ်းကွဲဖြစ်နေလို့ တော်သေးတယ်။ မောင်နှမ အရင်းသာဆိုရင်တော့
မတွေးဝံ့စရာပဲ ”
“ ဟုတ်ပါတယ်ဆရာ။ ကျွန်တော်လည်း ဆရာတွေးသလိုတွေးခဲ့မိပါတယ်။ ဘယ်သူမှ ယုံကြမှာမဟုတ်ဘူးလေ ”
“ ချစ်လည်းချစ်နိုင်လွန်းတဲ့ သရဲမ။ ဒီဇာတ်လမ်းကို ‘ချစ်လွန်းလို့’ဆိုပြီး အမည်ပေးလိုက်မယ်ဗျာ”
“ ဆရာကြိုက်သလိုပေးပါ။ ကျွန်တော်တို့နေရပ်နဲ့ နာမည်တွေကိုတော့ အမှန်အတိုင်းမရေးဖို့ ထပ်ပြီးမေတ္တာရပ်ခံပါတယ်ဆ
ရာ ”
“ စိတ်ချပါ ကိုနေလင်းအောင်။ ကျွန်တော် ကတိပေးပါတယ်။ အချိန်ရရင်တော့ မအေးသန္တာနဲ့ တွေ့ပြီးမေးချင်ပါသေးတယ် ”
“ ဘာမေးမလို့လဲဆရာ”
“ ကိုနေလင်းအောင်ကို သရဲမလောက် ချစ်နိုင်ပါ့မလားလို့ ”
“ ဟာဗျာ……ဆရာကလည်း ”
********************
* ( နေရပ်နှင့် အမည်မှန်များကို လွှဲပြောင်းရေးသားထားပါသည် )
ချစ်ခင်လေးစားစွာဖြင့် လွင်ဦးဟန်