• June 19, 2025
  • admin
  • 0

#စာရေးဆရာ-အံ့မင်းခန့်

ကျန်တဲ့ရွာခြောက်ရွာက အကြီးအကဲတွေစုံပြီလား။
ဟုတ်ကဲ့အဘ၊အားလုံးစုံနေပါပြီ။

အိမ်အောက်မှာ အားလုံးထိုင်စောင့်နေကြပါတယ်။နောက်ပြီး ရေးနွေးကြမ်းနဲ့လ္ဘက်သုပ် စီစဥ်ပေးထားပါတယ်အဘ။

အေး…ကောင်းတယ် ဒါဖြင့်.. မီးဖိုချောင်ထဲမှာရှိတဲ့ ထန်းလျက် ခဲကိုပါ ချပေးလိုက်ကွာ။ငါတို့ကဧည့်ဝတ်ကျေရမယ်မဟုတ်လား။

ဟုတ်ကဲ့ပါအဘ။
နေဦး..မောင်သံချောင်း…လ္ဘက်ခြောက် ကရောငါမင်းကိုမနက်ကပြောတဲ့ တောလ္ဘက်ခြောက်ခပ်ထားတာဟုတ်ရဲ့လား။

ဟုတ်..အဘ..ကျွန်တော် မမှားအောင်သေချာ ဆောင်ရွက်ထားပါတယ်။နောက်ပြီး အဘပြောထားတဲ့ ​ဆေးနီလုံးတွေပါရောခပ်ထားတယ်ဗျ။
မောင်သံချောင်းစကားသံအဆုံးမှာ…ဦးဘဝင်း…တစ်ယောက် မျက်မှောင်တစ်ချက်ကြုံ့ လိုက်ပြီး…တစ်ခုခုကိုတွေးတောကာ ခပ်ပြုံးပြုံးနှင့် ကွမ်းကိုတမြုံမြုံဝါးနေခဲ့တယ်။

ခဏကြာတော့…ခြေရင်းမှာရှိတဲ့ ဘီလူးနှစ်ကောင်ဒူးထောက်ထိုင်နေသဏ္ဍာန် တောင်ဝှေးကိုကိုင်ဆောင် ၍ အိမ်အောက်ကိုဆင်းလာခဲ့တယ်။

အင်း…အားလုံးစုံနေပြီဆိုတော့၊ကျုပ်ရှင်းရှင်းဘဲပြောမယ်။ပထ​မချက်အနေနဲ့ ကျုပ်က ရွာအားလုံးကိုအုပ်ချုပ်မယ်။ခင်ဗျားတို့ကတော့ အနားယူလို့ရပြီ။ဒုတိယအချက်အနေနဲ့ ရွာတွေထဲက ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင်၊တွေထဲမှာ လှပေ့ဆိုတဲ့ အပျို တစ်ယောက်စီ ကိုကျုပ်နဲ့ မင်္ဂလာဆောင်ပေးရမယ်။

ဘာ။ဘာပြောလိုက်တယ်။ခင်ဗျားမို့ဒီလိုစကားပြောထွက်တယ်။တောက်စ်။ခင်ဗျားကဘာမလို့လဲ။ ခင်ဗျားစကားကို ကျုပ်တို့ကနားထောင်ရမှာလား။
စဥ်းစဥ်းစားစားလဲပြောပါဦး။ အသက်အရွယ်ကြီးနေလိုသာ ရိုသေသမှု့နဲ့လာရတယ် ကိုယ့်စကားကို
စဥ်းစားကြည့်ဦး။

အကြီးအကဲ ခြောက်ဦးလည်းဒေါသူပုန်ထကာ အော်ပြောလိုက်တယ်။
ထိုအခါ ဦးဘဝင်း က အားလုံးကို တစ်ချက်ဝှေ့ကြည့်လိုက်ပြီး၊ကြမ်းပြင်ကိုလက်ဖနောင့်နှင့်ဆောင့်ကာ၊ပြန်ပြောလိုက်တယ်။ထိုအခါဦးဘဝင်းရဲ့ မျက်စိကနေ စိမ်းပြာရောင် စက်တစ်ခုလက်ကနဲဖြစ်သွားပြီး….ဘေးပတ်ချလည်ကို လေနှင့်အတူ လွှင့်သွားခဲ့တယ်။

ရွာထဲမှာ ကျုပ်အုပ်ချုပ်မယ်။ဒီနေ့ကစ ကျုပ်က သူကြီးဖြစ်ပြီ။
”ရွာတွေထဲက ကွမ်းတောင်ကိုင်၊ပန်းတောင်ကိုင်၊တွေထဲမှာ လှပေ့ဆိုတဲ့ အပျို တစ်ယောက်စီ ကိုကျုပ်နဲ့ မင်္ဂလာဆောင်ပေးရမယ်”

ဒီတစ်ကြိမ်မှာတော့ ကျန်ရွာသူကြီးတွေ၊ ဒေါသထွက်ပြီး ငြင်းနေတဲ့သဏ္ဍာန်ပျောက်၊ ချက်ခြင်းဆိုသလို ခေါင်းညိမ့်သဘောတူခဲ့ကြတယ်။

မောင်သံချောင်းကလည်းဦးဘဝင်း အဖြစ်အပျက်ကိုကြည့်ကာ ပြုံးစိစိ နဲ့တစ်နေ့သူလည်း အခုလိုဖြစ်အောင်လုပ်ရမယ်ဆိုပြီး…တွေးတောနေခဲ့တယ်။

ရက်အနည်းငယ်ကြာတော့ ရွာစဥ်တိုင်းမှာ ဦးဘဝင်း ရဲ့အလှူကြီး က ခမ်းနားစွာ ဖြစ်ပေါ်လာခဲ့တယ်။ရွာတိုင်းက ရွာသူရွာသားတွေကို အိမ်စေ့ ထမင်းဖိတ်ကြွေးတဲ့အလှူကြီးပါ။

တစ်ပတ်ခန့်ကြာတော့ ဦးဘဝင်းနေထိုင်တဲ့ အလယ်ရွာမှာ မိန်းမပျိုခြောက်ဦးနှင့်တကွရွာသူရွာသားတွေရဲ့သဘောတူညီမှု့နှင့်မင်္ဂလာဆောင် ကျင်းပခဲ့ကြတယ်။

ထူးဆန်းစွာဘဲ ထိုအဖြစ်အပျက်ကို လူကြီးမှစ၊လူငယ်အဆုံးတစ်ဦးတစ်ယောက်မှကန့်ကွက်ခြင်းမရှိခဲ့ကြဘူး။သတို့သမီး တွေကလည်းကိုယ့်အဖေအရွယ်ကြီးကို ပြုံးလို့ရွှင်လို့ သဘောတူလက်ခံခဲ့ကြတာက သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာကို အလှူမှာထမင်း၊မစားခဲ့ကြတဲ့ ရွာကအဖိုးအို၊အဖွားအိုတွေနဲ့၊လူငယ်၊လူလတ်ပိုင်း၊ကျား/မ၊ အယောက် ၆၀ ကျော်လောက်ကသိနေခဲ့ကြတယ်။သို့ပေမယ့်အများနှင့်ဖြစ်တာကြောင့် ပြောဆိုခြင်းမပြုခဲ့ကြပါဘူး။သူတို့အားလုံးက ထို့နေ့မှစ၍ဦးဘဝင်း ကို သတိထားကာစောင့်ကြည့်နေခဲ့ကြပါတယ်။

နီလာ.. နင့်ကိုငါစိတ်မချတော့ဘူး။နီလာဆိုသူကတော့ ကျော်ဝေယံ ရဲ့ရည်းစားဖြစ်လေသည်။သူ့တို့၏မိဘများမှာ ရွာထဲ၌ သစ်သီးဝလံ ရောင်းချခြင်းဖြင့်စီးပွားရှာလေသည်။နာမည် အရင်းမှာနီလာအေးဖြစ်သော်လည်း ကျော်ဝေယံမှာ ချစ်စနိုးနှင့်နီလာဟုသာခေါ်လေသည်။

ဟိုလူကြီးက တစ်ရွာစီကနေ နောက်ထပ် တစ်ယောက်ခြင်းထပ်ယူနေတာအံ့သြဖို့ကောင်းနေပြီ။ဘယ်သူကမှလည်းမတားဆီးကြဘူး။သူ့လို အသက်က ”………..” မျက်စောင်းထိုးနေတဲ့ သူကို ရွာကအပျိုတွေကြိုက်တယ်ဆိုတာလုံးဝအဓိပ္ပါယ်မရှိသလို ရွာသူရွာသား တွေသဘောတူလက်ခံပေးနေတာကလည်း သာမာန်ဖြစ်ရိုးဖြစ်စဥ်မဟုတ်ဘူး။ငါတို့ လူတွေစုပြီးဒီရွာကနေထွက်သွားမှဖြစ်လိမ့်မယ်။

နင်ကလည်းလေ ငါမိဘတွေကိုက ဟို အဖိုးကြီးကို ဝိုင်းဝန်းထောက်ခံနေကြတဲ့အထဲ ငါမထားခဲ့နိုင်ဘူး။စိတ်လည်းမချဘူး။

မရဘူး၊အဲ့လို တွေးနေလို့မရတော့ဘူး။ ဒီလိုဆိုရင်တစ်နေ့ နင်လည်း ဦးဘဝင်းရဲ့ ဇနီးဖြစ်သွားနိုင်တယ်ဆိုတာနင်မသိတာလည်းမဟုတ်ဘူးဟာ…။

ကျော်ဝေယံ ရဲ့စကားကြောင့် နီလာ..ဆိုတဲ့ မိန်းကလေးက ခဏတာစဥ်းစားလိုက်ပြီး
ခေါင်းလေးငုံ့ကာ ဘာပြောရမှန်းမသိဖြစ်၍.. နေထိုင်ရာရွာသို့ပြန်ထွက်သွားခဲ့တယ်။

ကျော်ဝေယံ ကလည်း ဦးဘဝင်း ဆိုတဲ့လူကြီးကိုချီးမုန်း၊သေးမုန်းဖြစ်ကာ အမြဲတမ်းဒုက္ခပေးဖို့ အကြံထုတ်နေခဲ့တယ်။

အကြံထုတ်နေတဲ့အတိုင်းလည်း သူကိုယ်တိုင်လုပ်ဆောင်ခဲ့ဘူး၏။
ရွာထဲက အသိစိတ် ရှိတဲ့လူဆယ်ယောက်လောက်
နှင့်ဦးဘဝင်းခြံထဲ ကိုခိုးဝင်တုန်းကပေါ့။

ညအချိန်သန်းခေါင်ယံလောက်မှာ…ခြံစည်းရိုးကိုအသာကျော်လို့လူတစ်စု ဦးဘဝင်း ခြံဝန်းထဲကို အသံလုံစွာ ဝင်ရောက်ခဲ့ကြတယ်။ခြံထဲရောက်တော့…သစ်ပင်ကြီးငယ်တွေက ပတ်လည်ဝိုင်းထားပြီး..တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညအမှောင်မှာသစ်ရွက်ခြောက်နင်းမိတဲ့အသံက စ ကျောချမ်းစရာကောင်းနေခဲ့တယ်။

ဟျောင့် ကျော်ဝေယံ ငါတို့ဝင်လာတာကဟုတ်ပါပြီအခုဘာဆက်လုပ်ကြမှာလည်း။
အော်…ဟုတ်သားဘဲ မင်းတို့ကိုပြောပြဖို့မေ့နေတာ။ငါငယ်ငယ်က အဖိုးပြောပြဘူးတဲ့အတိုင်းလုပ်ကြည့်မလို့ပါ။

“ဘာတုန်းဟ”
ပြောပြလေကွာ။ငါတို့က မင်းကိုယုံကြည်လို့သာလိုက်လာတာခပ်ကြောက်ကြောက်ရယ်။

နေပါကွာ…ငါသိသလောက်က တော့သာမာန်ထက်ထူးခြားနေပြီ မကောင်းတဲ့သူ၊ဥပမာကွာ…ပညာသည်ဆိုပါတော့။အဲ့လို ဟုတ်မဟုတ်စမ်းသပ်တဲ့နည်းကွ။အိမ်ခေါင်းရင်းတည့်တည့်မှာ ကျင်းတစ်ခုတူး ပြီးရင် အဲ့ကျင်းထဲကို ခွေးကျင်ငယ် ရေနဲ့ ပက်ဖြန်းပြီးသံပုရာ ပင်ကိုစိုက်ရမယ်။

အေးကွာ။ရောက်လာမှတော့အကြောင်းမထူးဘူးစမ်းကြည့်ရတာပေါ့။ဟုတ်တာမဟုတ်တာအသာထား။
ဒါနဲ့ လိုအပ်တဲ့ပစ္စည်းတွေရောပါလာပြီလားကွ။

စိတ်ချစမ်းပါကွာ ငါမနေ့ညကတည်းကကြိုတင်
စီစဥ်ထားပြီးသား။..
————————————————–
ဝှား…..။
ဟေ့.. ငါ့သား မင်းလည်းလေ တစ်နေကုန်ဘာမှမလုပ်ဘဲမနက်ကတည်းကထိုင်သန်းနေပါရောလား။
ဧကန္တ ချစ်သူနဲ့ညကချိန်းတွေ့တာညဥ့်နက်သွားလို့မလား။မင်းကွာ သူများသားသမီးကို နေ့ခင်းဘက်တွေ့ရရဲ့သားနဲ့ ညအချိန်များချိန်းတွေ့ရတယ်လို့။ငါတော့ မိဘချင်းကိုယ်ချင်းစာတယ်ကွာ။

အဖေကလည်း…ရမ်းပြောပြန်ပြီ…မဟုတ်ပါဘူးဗျာ။ညက တောင်ပိုင်းမှာ သူငယ်ချင်းတွေ့စုံတုန်းဝိုင်းတည်လိုက်ကြလို့ပါ။

အေးပါ..မင်းမလည်းတစ်နေ့တစ်နေ့ အလုပ်မရှိအကိုင်မရှိ တွေနဲ့ပေါင်းနေသိလား။ဘာမှတိုးတက်မှာမဟုတ်ဘူး။
ဒါနဲ့ ရွာမြောက်ပိုင်းက ငအံ့ကြီးကရော ဟိုမင်းသူငယ်ချင်း ကောင်မလေးကို ရည်းစားစကားပြောပြီးပြီလား။ဒီကောင်က ခပ်နုံနုံခပ်အအ ရယ်။မင်းကလည်းနည်းနည်းပါးပါးမြောက်ပေးတာမဟုတ်ဘူး။

ထားလိုက်ပါအဖေရာ…ကိုယ်နဲ့မစီမဆိုင်။ဟိုကဖြစ် အနားတောင်ကပ်တယ်ဆိုတော့။

မင်းကလည်းကွာ.. ဟိုကောင်မလေးကိုကြည့်ရတာလည်း သူ့ကိုသဘောကျဟန်တူရဲ့။ငါတောင်သိနေမှဖြင့်မင်းကအကြောင်းပိုသိမှာပါ။

ဟုတ်တယ်ဗျ။ကျုပ်လည်းရိပ်မိတယ်။သူတို့နှစ်ယောက်ရဲ့အကြည့်တွေက မရိုးဘူးနော်။ဟီးဟီး။အဲ့ကောင်ကြည့်ရတာလည်း အားမရပါဘူးဗျာ။ရှက်သလိုလို၊ကြောက်သလိုလိုနဲ့ မျက်နှာချင်းတောင်သူက ဆိုင်ပြောတာမဟုတ်ဘူး။

ခဏကြာတော့ ကျော်ဝေယံတစ်ယောက် ဟိုကြည့်ဒီကြည့်နဲ့ အဖေဖြစ်သူအလစ်မှာ ရွာပြင်ကိုထွက်လာခဲ့တယ်။ရွာပြင်ရောက်တော့ ဟျောင့်မော်ကြီး၊ညကကိစ္စဘယ်သူကိုပြောမိသေးလဲ။

မော်ကြီးဆိုတာကတော့ ကျော်ဝေယံရဲ့သူငယ်ချင်းလည်းတစ်ဖြစ်၊အတူသွားအတူလာအရမ်းခင်ကြတဲ့သူတွေဖြစ်၏။နာမည်အရင်းက လူမော်တဲ့။

ဟာ…ပြောစရာမလိုဘူးထင်လို့ဘယ်သူ့ကိုမှမပြောရသေးဘူး။အေးကောင်းတယ်ကွာ။ဒါဖြင့်ညကျရင် မနေ့ကလူ တွေကိုခေါ်ပြီး ကွင်းထဲကိုလာခဲ့။လူစုံရင်ငါတို့ လုပ်ငန်းစကြမယ်။

အေးပါကွာ..ငါလူစုထားလိုက်ပါ့မယ်။

ဒီလိုနဲ့ ပုရစ်အော်သံမှအခြား တိတ်ဆိတ်လှတဲ့ညအချိန်မှာ လူတစ်စုက လျင်မြန်တဲ့ခြေလှမ်းတွေ
နှင့်အတူ ရွာထဲမှာသွားလာလှုပ်ရှားနေခဲ့တယ်။အနားရောက်လာတဲ့အမျှ တိုးငြှင်းစွာ သတိထားလှုပ်ရှားနေခဲ့သော်လည်း နောက်ကျောမလုံ အနောက်ကနေ တစ်စုံတစ်ယောက်ဆိုက်ကြည့်နေသည်ဟုခံစားမိနေခဲ့တယ်။

ခဏကြာတော့ နေရာတစ်ခုမှာပုန်းခို၍ ဘူးသီးခြောက်အခွံ့နဲ့
စွန့်ယူလာတဲ့ အိမ်ဘုရားစင်ပေါ်က သောက်တော်ရေအနည်းငယ်ကို ပထမ စိုက်ထားခဲ့တဲ့ သံပုရာပင်ကိုတောက်လိုက်တဲ့အခါ…ချက်ချင်းခြံထဲကနေထွက်ပြေးရလောက်တဲ့အထိဖြစ်သွားခဲ့တယ်။

အကြောင်းအရာ ကား..သစ်ပင်ပေါ်၌ဇောက်ထိုးတွဲလောင်းကျနေတဲ့ဆံပင်တွေနှင့်အတူ ရှည်လျားလှတဲ့လျှာကို လက်နှင့်ပွေ့ပိုက်ကာရယ်ပြနေတဲ့သရဲမနဲ့ အရွယ်စုံနာနာဘာဝတွေကိုတွေ့မြင်လိုက်ရလို့ဘဲ။အဲ့ဒီ့ထဲက တစ်ကိုယ်လုံး အမွှေးရှည်တွေဖုံးလွှမ်းနေတဲ့သဘက်ကြီးတစ်ကောင်ကဆိုရင် သူတို့ကို စူးစူးရှရှဆိုက်ကြည့်ကာ တဖြေးဖြေးနှင့်အင်မတန်ကြီးမားလာခဲ့တယ်။
ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရတော့ ကျော်ဝေယံ
နှင့်အတူ အားလုံးအလန့်တကြား သတိမလစ်ရုံ
တမယ်ဖြစ်၍ ခွေးပြေး၊ဝက်ပြေး ခြံထဲကနေ ထွက်ရပါတော့တယ်။

ဟာ….ဟာ…။ထွက်ပေါ်လာတဲ့အသံကြောင့်
ကျော်ဝေယံက မော်ကြီးဆိုသူရဲ့ပါးစပ်ကိုလက်နှင့်ပိတ်ကာ တိတ်တိတ်နေစမ်းပါ။

ချွေးသီး၊ချွေးပေါက်တွေကျကာအမောတကောလန့်ဖြန့်နေတဲ့ မော်ကြီးကိုကြည့်၍ မင်းမြင်သလိုငါတို့လည်းမြင်တယ် မင်းကယောက်ျားမဟုတ်ဘူးလား
လခွီးထဲမှတော်တော်လန့်တက်နေတယ်ပေါ့ ဟမ်။ဟာကွာ..မင်းကလည်းဒီလောက်ကြောက်စရာကောင်းတဲ့မြင်ကွင်းကိုတွေ့တာမလန့်ဘဲနေမလားဟ။ဟုတ်တယ် ဗျ အကိုတို့လန့်လည်းလန့်စရာဘဲ တော်သေးတယ် ဟိုကောင် ​ေကာင်းထက်ဇော်ပါမလာလို့။သူသာပါလာလို့ကတော့ နှလုံးဖောက်ပြီးသေတယ်။

ဒီကိစ္စက ထူးစမ်းတာနဲ့ သံသယ ဖြစ်တာမဟုတ်တော့ဘူး။ ဦးဘဝင်းဆိုတဲ့သူက အောက်လမ်းဆရာဘဲဖြစ်ရမယ်။အိမ်ခြံဝန်းထဲမှာ နာနာဘာဝတွေမွေးထားမှ့တော့ ဟုတ်နေပြီ ၊ဟုတ်နေပါပြီ၊ရွာထဲကလူတွေ ကိုသူ့ပညာနဲ့လုပ်ထားတာဖြစ်ရမယ်။အခုဘဲအားလုံးကိုသတိပေးရလိမ့်မယ်။

ထိုအချိန် ဦးဘဝင်းရဲ့အိမ်ပေါ်ကနေ ခြောက်ကပ်ကပ်ရယ်သံတစ်ခုထွက်ပေါ်လို့လာခဲ့ပါတယ်။

ဟား…ဟား….ဟား…
—————————————————————
ကျေးဇူးတင်ပါတယ်။တံခါးစောင့်။အခုလိုကျုပ်တို့ကိုကူညီပေးတာ တကယ်ကျေးဇူးပါ။
ဒါနဲ့ ဒီ ပုလဲပုတီးလေးကို စန္ဒာဟေမာန် မင်းသမီးကို ပေးအပ်လိုက်ပါ။ဒီပုတီးက ကျုပ်နဲ့မသက်ဆိုင်သလို ကျုပ်အတွက် လိုအပ်မယ်မထင်လို့လက်ဆောင်အနေနဲ့ပေးလိုက်ချင်တာပါ။

ဆရာရဲ့ဆန္ဒအတိုင်းဖြစ်စေရမယ်။အခုလိုမြစ်အတွင်းကမိစ္ဆာကောင်ကိုနှိမ်နင်းပေးတာနဲ့တင် ရေအောက်သတ္တဝါတွေက ဆရာတို့ကိုကျေးဇူးတင်နေပါပြီ။

ဒါဖြင့်သင်လည်း နေထိုင်ရာ အရပ်ကိုပြန်နိုင်ပြီ။ကျုပ်တို့လည်း ရှေ့ခရီးဆက်လိုက်ပါဦးမယ်။

ဟုတ်ကဲ့ပါဆရာလေး။ဒီလိုနဲ့ တံခါးစောင့်နဂါးလည်း ဆရာဘုန်းကိုအရိုသေပေး၍ ပြန်လည်ထွက်ခွာသွားခဲ့တယ်။
ဒါနဲ့ဆရာက နောက်လာမဲ့ကိစ္စအတွက်ဘယ်လို ရင်ဆိုင်ကြ မလဲ။
ဘာကိုပြောတာလဲ ဖိုးထောင်ငါသိပ်နားမလည်ဘူး။
မောင်မင်းသူက ဟွန်းဟွန်း…ဆရာအကြောင်းကျုပ်တို့သိပါတယ်။

မင်းတို့ကငါ့ကိုဘယ်လိုထင်လို့လဲ။
ဒီလိုပါဆရာ ကအခုအရင်လို မဟာမြိုင်တောကိုပြန်လို့မရတော့ဘူးဆိုတာကျုပ်တို့သိပြီးပြီ။

ဆရာ့အသက်ကိုနှစ်ခါတိတိ ကယ်တင်ခဲ့တဲ့ ဇော်ဂျီကိုဘယ်လို ကတိသစ္စာတွေပေးခဲ့ရသလဲဆို​တာပေါ့။
အင်း…ပြောရမယ်ဆိုရင်ငါ့ရဲ့အတိတ်က ကုသိုလ်ကံ ကုန်သလောက်ဖြစ်နေပြီ။အခု ပစ္စုပ္ပန် ကကောင်းမှု့အချို့နဲ့ရှင်သန်နေရတာ။အမှန်တိုင်းပြောရမယ်ဆိုရင် ငါ့အသက်ကနှစ်ခါတိတိ ပျောက်ခဲ့ပြီးပြီကွ။အထက်ပုဂ္ဂိုလ်တွေက ကောင်းမှု့အတွက် အချိန်ကိုယာယီဆွဲဆန့်ထားသော်ငြှားနောင်အချိန်တန်တဲ့အခါ တင်းလွန်းတဲ့ကြိုးကပြတ်ရစမြဲပါ။

ကျုပ်တို့လည်းဆရာ့ကိုသတိထားမိပါတယ်။
ဒါပေမယ့် ။

အေး…နောက်တစ်ချက်အနေနဲ့ ငါ့ရဲ့ ကိုယ်မှာစောင့်ရှောက်ကြတဲ့ ပုဂ္ဂိုလ်အချို့က ထွက်ခွာကြရပြီး..သိဒ္ဓိဝင် ဆံနွယ်ကလည်းသာမာန် ရိုးရိုးသာရှိတော့တယ်။

ဒီလိုနဲ့ ဆရာတပည့်တွေ စကားတပြောပြောနှင့် နေ့တစ်ဝက်ခန့်လျှောက်လာကြတဲ့အခါ အလယ်ရွာကိုပတ်လည်ဝိုင်းနေတဲ့ ခြောက်ရွာနှင့်အတူ အများရဲ့အခေါ် ခုနှစ်စဥ်ရွာသို့ရောက်ရှိလာခဲ့ကြတယ်။

ရွာရဲ့ဝင်ပေါက်က လေးပေါက်ရှိတယ်။
အပေါက်တစ်ခုခြင်းစီမှာ အကာကွယ်စက်နဲ့၊အတိုက်အခိုက်စက်တွေတည်ရှိတယ်။

ဆရာဒါဆိုရင် ရွာကြီးတစ်ခုလုံးအထိ စက်လွှတ်ထားနိုင်တယ်ဆိုတော့ ပညာဘယ်သေးတော့မလည်းနော်။

အေး..ဟုတ်တယ်ကွ။ငါတို့ရင်ဆိုင်ရမယ့်သူက အခုအခြေနေအတိုင်းဆိုရင် ပညာအစွမ်း တော်တော်ထက်ပုံရတယ်။ရွာရဲ့အရှေ့နဲ့အနောက်ပေါက်မှာ ပုဏ္ဏက ဘီလူးအင်းနဲ့ကွယ်ထားတယ်။တောင်နဲ့မြောက်မှာ သံကဝေအရုပ်ကို အင်းအတိုက်နဲ့ပေါင်းထားတယ်။ပညာသည်တွေဝင်ရောက်မယ်ဆိုရင် ခန္ဓာကိုယ် ကအပိုင်းပိုင်းပြတ်တောက်သွားနိုင်တဲ့ အတိုင်းအတာရှိတယ်ကွ။

ဒါဆိုရွာထဲကိုဘယ်လိုဝင်ကြရမှာလည်းဗျ။အခက်တော့တွေ့ပြီထင်တယ်နော်ဆရာ။
သိပ်လည်းစိတ်ပူမနေပါနဲ့မောင်မင်းသူ အချိန်တန်ရင်မကောင်းမှု့ ကသူ့အလိုလိုအကျိုးပေးကိုခံစားရမှာပါ။ဒီကဝေကောင်ကလိုက်ပြီးဖျက်စီးနေတာ ရွာတွေမနည်းတော့ဘူး ။ရွာထဲမှာ အပျိုတွေ မရှိတော့မှာအဲ့ဒီရွာတွေကနေထွက်တာ။အခုတော့သူဘယ်ကိုမှသွားဦးမှာမဟုတ်ဘူး။

ဒါနဲ့မေးစရာလေးရှိလို့ပါဆရာ။
အင်း..မေး လေဖိုးထောင်။
ဒီလိုပါဆရာ ရုပ်ပြောင်းကဝေ ဆိုတဲ့အတိုင်းသူက ကြိုက်သလို ရုပ်ကိုအလွယ်လေးပြောင်းလဲလို့ရတာလား။

အဲ့လိုတော့မဟုတ်ဘူးကွ။သူပြောင်းလဲ ဖို့အတွက် သူပြောင်းချင်တဲ့လူရဲ့အသက်ကိုနှုပ်ယူပြီးမှပြောင်းလို့ရတာ။

ဖိုးထောင် မင်းက လွယ်အိပ်ထဲက ပညာဖျောက်အင်းကို ပြာချထား။ပြီးရင်ငါတို့အားလုံးသောက်ထားရလိမ့်မယ်။မောင်မင်းသူကလည်း ဒီရွာရဲ့လေးဘက်လေးလံမှာရှိတဲ့ ရွာတော်ရှင်နတ်ကွန်းတွေက ပုဂ္ဂိုလ်တွေကို အထိန်းချုပ်ခံထားရရင် မူလပြန်
ဆင့်ခေါ်ပြီ လွှတ်ပေးထား။ပြီးရင် နတ်ကွန်းတွေထဲကို ရှစ်ကွက်အင်း ထည့်ပြီး အောက်ခြေမှာ စည်းအင်း ရှစ်ဆယ့်ရှစ်ကွက် ကို မြုပ်ထား။

ဟုတ်ကဲ့ပါဆရာ။

…ဆရာဒါနဲ့ ပညာအစွမ်း မရှိတဲ့အချိန်ကဝေကောင်ကို ဘယ်လိုရင်ဆိုင်မှာတုန်းဆရာ။
……………………………………………..
စာမြည်း…။ကျော်ဝေယံတို့သူငယ်ချင်းတွေထဲက ဘုန်းပြည့်ခန့် ဆိုတဲ့ ကောင်လေးတစ်ယောက်ဦးဘဝင်း ခြံထဲမှာကျန်နေခဲ့တယ်။ကျော်ဝေယံတို့လည်း ဒီကိစ္စကိုခေါင်းရှုပ်ခံနေရပြီ။ရွာထဲကနေထွက်ဖို့လည်းမဖြစ်နိုင်တဲ့အနေအထားမှာ ဘယ်ကလာမှန်းမသိတဲ့ ခရီးသွားဧည့်သည်သုံးယောက်နှင့်အတူ… ။

အင်း…ရွာထဲကလူတစ်ချို့ အကြောင်းသိသွားတာ သိပ်မကောင်းတော့ဘူး။
ပညာပြဖို့ လိုလာပြီထင်တယ်။အတင့်ရဲပြီးငါ့ခြံထဲတောင်ခိုးဝင်ရဲကြတာခွင့်လွှတ်ပေးရင်ရောင့်တက်လာလိမ့်မယ်။

အဘကလည်းဗျာ…ဒီလိုမလောက်လေးမလောက်စား ရွာသားတွေကိုဘာဂရုစိုက်နေစရာလိုလို့လဲ။ကိုယ့်လက်ခုပ်ထဲကရေပဲဟာ ဘယ်အချိန်မှောက်မှောက်၊ဘယ်အချိန်သွန်သွန် မြေကြီးထဲရောက်ပါတယ်။

ဂရုစိုက်စရာတော့မလိုဘူးပေါ့ကွာ။ဒါပေသိ့ သူတို့သိသွားတယ်ဆိုတော့လည်း နည်းနည်းတော့သတိထားရမယ်။ဒါနဲ့ မနေ့ညက ဟိုကောင်လေးကို ကြိုးတုပ်ထားတယ်မလား။သူ့ကိုလည်း ခြံထဲကနေအပြင်မထွက်စေနဲ့ကွ။

ဟုတ်ကဲ့အဘ ကြိုးတုပ်ရုံတင်မက သတိလစ်စေနိုင်တဲ့ ဆေးမှိုင်းနဲ့ မနိုးလာအောင်လုပ်ထားပါတယ်။

အေးဒါဆိုလည်း ကောင်းတာပဲ။ခြံထဲမှာ ဒီနေ့ည အမဲသား ဆယ့်ငါးတွဲကို အရင်အတိုင်းသက်ဆိုင်ရာနေရာအသီးသီးမှာပုဂ္ဂိုလ်ထူးတွေကို ပင့်ဖိတ်ပြီး ဆက်သထားလိုက်။
နောက်တစ်ချက်အနေနဲ့က ဒီရွာထဲကိုသူစိမ်းဧည့်သည် မလာစေနဲ့ကွာ။ဒီရက်ပိုင်း ပညာအဆင့်တက်ရဦးမှာဆိုတော့ လက်တလော ​ကိစ္စ တွေကိုမင်းတာဝန်ယူထား။ကဝေအချုပ် အဘဆရာကိုလည်း နေ့တိုင်း စားသောက်ဖွယ်ရာတွေနဲ့ပူဇော်ထားရမယ်နော်။အကြောင်းထူးရင်ငါ့ လာပြောကြားလား။

ဟုတ်ကဲ့အဘ ကျုပ်ဆက်ဆက် လာပြောပါ့မယ်။အခုတော့ ရွာထဲကိုသွားပြီး အကဲခပ်ရင်း၊ အမဲသားသွားရှာလိုက်ပါဦးမယ်။

—————————————————————–
မောင်သံချောင်း ထွက်သွားတာကို ခြံအပြင်
အကွယ်နေရာတစ်ခုကနေ ကျော်ဝေယံတစ်ယောက်ချောင်းကြည့်နေခဲ့တယ်။

ခဏကြာတော့ အနောက်ကနေဆက်မလိုက်သွားတော့ဘဲ အိမ်ကိုသာလှည့် ပြန်လာခဲ့လိုက်ပါတယ်။

ငါ့သားပြန်လာပြီလားကွ။မင်း ကိုငါစိတ်ပူနေတာ။ဟိုနေ့ညက မင်းကြုံခဲ့ရတဲ့ အဖြစ်အပျက် ကိုစဥ်စား
ကြည့်ရင် ”ဘဝင်း” ဆိုတဲ့ကောင် ငါ့သားဒုက္ခမပေးဘူးမပြောနိုင်ဘူးမဟုတ်လား။

ဒီရက်ပိုင်းမင်းရှောင်နေတာကောင်းလိုက်မယ်တယ်။
ကျုပ်ကတော့မရှောင်နိုင်ပါဘူးအဖေရာ။ကျုပ်သူငယ်ချင်း တစ်ယောက်ခြံထဲမှာကျန်နေခဲ့တယ်ဗျ။နောက်ပြီး သူတို့ဆရာတပည့် တိုးတိုးတိတ်တိတ် တိုင်ပင်နေတာ မနက်က ကြားခဲ့တယ်။

ဘာတွေများမင်းကကြားခဲ့လို့တုန်းကွ။ခြံဝကနေအသံ ကြားလိုက်ရ တာကြောင့် ပြောလက်စ စကားကိုခဏရပ်လိုက်ပြီး…. လှည့်ကြည့်လိုက်တော့ လူမော်နဲ့
ဦးဘဝင်း ခြံထဲခိုးဝင်ခဲ့ကြတဲ့ ရွာသားအချို့ဖြစ်နေခဲ့တယ်။

ငါတို့လည်း ဘုန်းပြည့်ခန့် ကိုစိတ်ပူတယ်ကွ။ဟိုလူကြီးက ကြောက်စရာ ကောင်းတယ်။ယုတ်မာမဲ့ စရိုက်ကလည်းအခုပေါ်လွင်နေတော့က ရှင်းပစ်မှာကြောက်ရတယ်။ငါတို့လည်း ဘယ်ပြေးရမှန်းမသိဖြစ်နေတာ။

ဟိုနေ့ညက စိုးဝင်းနဲ့ဖိုးကျော့ နှစ်ယောက်သန်းခေါင်ကျော်တော့ သရဲခြောက်တယ်ဆိုပြီး အော်နေလို့ ငါတို့သွားကြည့်သေးတယ်။ဒီမနက်ကြ အပျင်းဖျားနေကြတယ်။ရွာထဲက ဆေးဆရာကြီး နဲ့ပြတော့လည်း မနက်၊ည သောက်ဖို့ဆေးနှစ်ခွက်ပဲပေးခဲ့တယ်။

ဒါပေမယ့်မသက်သာဘူး။အဲ့ဒါနဲ့ မနက်က မြို့တက်ဖို့လုပ်ရတော့တာပေါ့ကွာ။ရွာထဲလည်း ကူညီပေးမယ့်သူတွေက ခပ်ရှားရှားဖြစ်နေတာ။ရွာထဲမှာရှိတဲ့ လူတွေ က ငါတို့ရှိမှန်းမသိသလိုဖြစ်နေတော့က ဒုက္ခ ရောက်တယ်ကွ။

အဲ့ဒါ အခုဘယ်လိုဖြစ်သွားလဲ။သူတို့နှစ်ယောက်လုံးသက်သာကြရဲ့လား။အခုရောအိမ်ပြန်ရောက်နေကြပြီလားဗျ။

ဘယ်ကသာအိမ်ပြန်ရောက်ရမှာလဲကွာ။မြို့ကို သွားမှမသွားဖြစ်ဘဲ။ကံကောင်းချင်တော့ ကုပေးနိုင်တဲ့ဆရာတွေက အိမ်တိုင်ရာရောက် ကြွလာတယ်ဗျာ။

မြို့တက်ဖို့ပြင်ဆင်နေတဲ့အချိန် အိမ်ဝမှာ လူသုံးယောက် ဟိုကြည့်ဒီကြည့်နဲ့ ချောင်းနေတာတွေ့လို့ ထွက်ကြည့်တာဆေးဆရာတွေဖြစ်နေလို့တော်သေးတယ်။

သူတို့ကဘာပြောလို့တုန်း…ဘယ်လိုမျိုးဆေးဆရာတွေလဲ။
ဟင်….မင်းကလည်းကွာအမေးအမြန်းထူလိုက်တာ။

မင်းဘာသာမင်း စိုးဝင်းတို့အိမ်ကိုလိုက်ကြည့်တာကောင်းမယ်။အခုတော့ငါတို့ ဧည့်သည့်တွေစားဖို့လယ်ကွက်ထဲကို ဟင်းရွက်၊ကန်စွန်း ရှာပုံတော်ဖွင့်
လိုက်ဦးမယ်။

ထိုအချိန်အနောက်ဘက်ကနေ မြသွင်ဆိုတဲ့ ဦးလေးကြီးက အေးကွာ…ဧည့်သည်တွေက ကြီးကျယ်ချက်ပဲဟေ့။အိမ်မှာအဆင့်သင့်ရှိတဲ့ ကြက်ကာလသားချက်နဲ့ ဝက်ပုန်းရည်ကြီး ကိုမစားဘူးကြီးလုပ်နေတာ။သူတို့အတွက်လည်းတကူးတက မစီစဥ်ပါနဲ့တဲ့။နေ့လွဲ ညစာလည်းမစားဘူးဆိုဘဲကွ။

မင်းစဥ်းစားကြည့်ကွာ ကိုယ့်ရွာကိုလာပြီး အခကြေးငွေမယူပဲဆေးကုပေးတဲ့သူတွေကို ထမင်းတစ်ဝမ်းတောင်မကျွေးဘူးဆိုတော့ ငါ့တို့ရွာ သူများပြောစရာဖြစ်မယ်လေ။အခုတောင် သူတို့ကစိုးဝင်အိမ်ရဲ့ ဘုရားကျောင်းဆောင်ရှေ့မှာ တရားထိုင်နေကြတုန်းထွက်လာတာကွ။ကြည့်ရတာ တော့ဘာမှန်းကိုမသိပါဘူးကွာ။

ဒါဖြင့်သူတို့က ဘယ်လိုပုံစံတွေတုန်း။
အင်း….ဝတ်ထားတာက တော့သာမာန်အရပ်ဝတ်နဲ့ပါပဲ ၊ ပြောပုံဆိုပုံတွေက တည်ငြိမ်လွန်းတယ်။ဒါပါပဲ။
ငါတို့သွားတော့မယ် နေ့မွန်းမလွဲခင်စီစဥ်ရမှာဆိုတော့အချိန်ဆွဲမနေတော့ဘူးကွာ။

နေပါဦးဗျ။ထိုသို့ပြောလိုက်ပြီး ကျော်ဝေယံက ကျုပ်လည်းတစ်ခါတည်းလိုက်ခဲ့မယ် ခဏနော်ဟုပြောကာ…အိမ်ပေါ်သို့ပြန်တက်သွားခဲ့တယ်။

အဖေ ကတော့ အိမ်မှာပဲနေပါ။ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့။အခုချိန် ဦးဘဝင်း ကကျုပ်တို့အဖွဲ့ကိုသိနေလောက်ပြီဆိုတော့ အချိန်မရွေးဒုက္ခပေးလာနိုင်အမှန်ဘဲ။

အေးပါငါ့သားရာ သားလည်းအပြင်သွားတာဂရုစိုက်။မိုးမချုပ်ခင်အိမ်ပြန်လာခဲ့ကြားလား။
ဟုတ်ကဲ့ပါအဖေ။

ဒီလိုနဲ့ ကျော်ဝေယံ နှင့်အတူ လူမော်အပါအဝင် ရွာသားအချို့ လယ်ကွင်းထဲမှာ အသီးအနှံ၊အရွက်တွေကိုရှာဖွေနေခဲ့ကြတယ်။ ရေနွေးအိုး တစ်လုံးကျက်ခန့်ကြာတော့ လက်ထဲမှာ အသီးအရွက်ကိုယ်စီနှင့် စိုးဝင်းအိမ်သို့ ပြန်လာခဲ့ကြတယ်။

ရလာတဲ့အသီးအရွက်တွေက လူသုံးယောက်စား မယ်ဆိုရင် သုံးရက်လောက် စားနိုင်တဲ့အထိများလှတဲ့အတွက် ကိုယ်ပါလာတဲ့ဟင်းသီးဟင်းရွက်က သူမနိုင်ကိုယ်မနိုင် သယ်လာခဲ့ရပါတယ်။

အိမ်ရောက်တော့ ဆေးဆရာသုံးယောက်က ဘုရားကျောင်းဆောင်ရှေ့မှာ ထိုင်နေမြဲ။
ဒါကိုမြင်တော့ ကျော်ဝေယံက တစ်ခုခုကိုစဥ်းစားလိုက်ပြီး အိမ်အောက်မှာ ချက်ပြုတ်သူတွေနဲ့ အတူ မှိုဟင်းခွက် ထဲကို ပုစွန်ခြောက်ကို အမှုံ့ ဖြစ်အောင်ထုထောင်းကာ မသိမသာထည့်ခဲ့လိုက်တယ်။

ခဏကြာတော့ ဆေးဆရာသုံးယောက်ထဲမှာနှစ်ယောက်က လွယ်အိပ်ထဲကစက္ကူတစ်ချို့ ကိုထုတ်၍ အပေါ်မှာ ဘာမှန်းမသိတဲ့ ဧက္ခရာ တွေကိုရေးဆွဲနေတာကို အဝေးကနေမြင်တွေ့လိုက်ရတယ်။

အလယ်မှာထိုင်နေတဲ့သူက ဖိုးလုံးဆိုတဲ့ အဖိုးအို တစ်ယောက်ကို ရွာအကြောင်းမေးမြန်းနေတာကိုတွေ့ရပြီး ပြုံးရွှင်တဲ့မျက်နှာထား နှင့် သူ့ကိုလှမ်း
ကြည့်နေခဲ့ပါသေးတယ်။
——-
ဆရာလေးတို့ ထမင်းစားလို့ရပါပြီ။ကျုပ်တို့ ထမင်းဝိုင်းပြင်ထားပြီးပြီဖြစ်လို့အိမ်အောက်က ကွပ်ပစ်ပေါ်ကိုလာခဲ့ကြပါခင်ဗျ။

ဟုတ်ကဲ့ ကောင်းပါပြီ။ကျုပ်တို့ လာခဲ့ပါ့မယ်။
ထိုသို့ပြောလိုက်တော့ လာခေါ်တဲ့သူကအိမ်အောက်ကိုပြန်ဆင်းသွားခဲ့တယ်။

“ဖိုးထောင် လာမယ့်နာရီပိုင်းအတွင်းမှာ ရွာလုံးကျွတ် တုတ်၊ဓားလက်နက်တွေကိုင်ဆောင်ပြီး ဒီနေရာကိုရောက်လာကြလိမ့်မယ်။

ဗျာ ဘာဖြစ်လို့လည်းဗျ။
အင်း.. ဒီအမေးအတွက်ငါ့မှာအဖြေမရှိသေးဘူး။အခုလောလောဆယ် မောင်မင်းသူက လွယ်အိပ်ထဲမှာရှိတဲ့ လောကုတ္တရာ မန္တာန် အင်းစမ၊တွေကို ဘုရားကျောင်းဆောင် ပေါ်မှာဝှက်ထားလိုက်။

ဟုတ်ကဲ့ဆရာ။

မောင်မင်းသူလည်း ဆရာဘုန်းပြောသည့်အတိုင်း ပစ္စည်းအချိုကို့ထုတ်ကာ ဘုရားကျောင်းဆောင် ပေါ်သို့တင်၍ သောက်တော်ရေလင်ဗန်းနဲ့ဖိထားခဲ့လိုက်တယ်။

ပြီးတာနဲ့ဆရာတပည့်တွေကိုအိမ်အောက်ကိုဆင်းလာတဲ့အချိန် ဆရာမောင်ဘုန်းကအိမ် ခေါင်းရင်း ကိုလှည့်ကြည့်ကာ ပြုံးလိုက်မိတယ်။ထူးဆန်းတာက အိမ်အောက်ကို စာရွက်တစ်ရွက်က လေမတိုက်ဘဲလွှင့်သွားတာပါ။

ဆရာဘုန်းတို့ အောက်ဆင်းသွားတော့မှ
ကျော်ဝေယံက အိမ်ခေါင်းရင်းကနေ ချက်ချင်းထွက်ခွာသွားခဲ့တယ်။သူ့လက်ထဲမှာလည်း စာရွက်တစ်ရွက်ကိုင်ဆောင်လျက်သား။
များမကြာမှီ…အချိန်အတွင်းမှာ ကျော်ဝေယံက ရေနွေးကြမ်း အိုးကိုင်ဆောင်၍ ထမင်းဝိုင်းရှိရာသို့ရောက်ရှိလာခဲ့တယ်။

ဒီလိုနဲ့ ခဏကြာတဲ့အခါ ဆေးဆရာသုံးယောက်လည်း စားသောက်ပြီးဖြစ်လို့ အိမ်ပေါ်သို့ပြန်တက်သွားခဲ့ပါတယ်။

ထမင်းဝိုင်းမှာ စားနေကြတဲ့ဆေးဆရာတွေက ထူးဆန်းစွာနဲ့ မှိုဟင်းတစ်ခွက်ကိုမစားဘဲချန်ထားခဲ့တာကို ကျော်ဝေယံ ကလွဲလို့အခြားသူတွေသတိမထားခဲ့မိကြဘူး။

ဟေ့ကောင် စိုးဝင်း မင်းတို့အိမ်ဧည့်သည်တွေရောက်နေတယ် ဆိုလို့ ဦးဘဝင်းက လာလည်ဖို့ဖိတ်ခိုင်းလိုက်တယ်ကွ။
စိုးဝင်း ၊ဟေ့စိုးဝင်း။

ကိုစိုးဝင်းလည်း အိမ်ရှေ့ကကြားလိုက်ရတဲ့အသံကြောင့် လူမော်နှင့်ရွာသားအချို့ကို အိမ်နောက်ဖေးကနေ ထွက်ပြေးပုန်းခိုဖို့စီစဥ်ပေးကာအိမ်ရှေ့ကိုလျင်မြန်စွာဘဲ ထွက်လာခဲ့တယ်။

ကျုပ်တို့အိမ်ဧည့်သည်မရှိပါဘူးခင်ဗျ။အကိုတို့က ကျုပ်တို့ရွာကမဟုတ်ဘူးထင်ပါရဲ့။
ဟေ့ကောင် ငါတို့က မသေချာဘဲမလာဘူးကွ။

အသံကြားရာအရပ်ကို ဆရာမောင်ဘုန်းတို့လှည့်
ကြည့်လိုက်တော့ ရွာသူရွာသားတွေက လက်နက်တွေကိုကိုင် ဆောင်ကာ ဒေါသထွက်နေတဲ့သဏ္ဍာန်ကိုတွေ့လိုက်ရတယ်။

ဒါကြောင့် အိမ်အပြင်သို့ဆရာတပည့်တွေ ထွက်လာခဲ့တယ်။
ကျုပ်တို့က ခရီသွားဧည့်သည်တွေဘဲ။ဘာကိစ္စရှိလို့ပါလဲ။ထိုသို့ ပြောပြောဆိုဆိုနဲ့ပဲ ဆရာတပည့်သုံးယောက်ခြံပြင်သို့ရောက်ရှိလာခဲ့တယ်။

ခြံပြင်ရောက်တော့ လူအများရဲ့ခန္ဓာကိုယ်ပေါ်ကနေ အနက်ရောင်အခိုးအငွေ့တွေထွက်ပေါ်နေတာကို ဆရာမောင်ဘုန်း တွေ့မြင်လိုက်ရတယ်။

ကိုစိုးဝင်းကဆေးဆရာတွေ ထွက်လာတာကိုမြင်တော့ အံ့သြတကြီး ကြည့်နေတဲ့အချိန်…ဘယ်ကရိုက်လိုက်မှန်းမသိတဲ့ ဝါးရင်းတုတ်က ဦးခေါင်းကို မပြင်းမလျော့ ထိတာကိုခံစား…..လိုက်ရပါတယ်။…

ကျော်ဝေယံနဲ့ လူမော်တို့အဖွဲ့ကလည်းကိုစိုးဝင်း နဲ့
ဧည့်သည်ဆေးဆရာတွေ ကို ရွာသားတွေခေါ်သွားတာကိုသိလိုက်ရတော့…… အကြံကြီးတစ်ခုကိုစတင်လုပ်ဆောင်ပါတော့တယ်။

ကိုစိုးဝင်အိမ်၊ ဘုရားကျောင်ဆောင်ပေါ်မှာရှိတဲ့ လောကုတ္တရာ အင်း၊စမ တွေကို ကျော်ဝေယံက တစ်စုံတစ်ခုကိုသိရှိဟန်နှင့်ယူဆောင်၍ ရွာပြင်မှာရှိတဲ့ နတ်ကွန်းတွေထဲကို အင်းပြားတစ်ချပ်စီလိုက်ထည့်ခဲ့လိုက်ပြီး ကျန်စမတွေကိုတော့ အဆောင်၊လက်ဖွဲ့ အဖြစ်လည်ပင်းမှာဆွဲထားခဲ့ကြပါတယ်။

”အား…ကျွတ် ကျွတ်…
ဆရာရေ ဒီတစ်ခေါက်တော့ အမှောက်ဘဲဗျာ။နာလိုက်တာမှပြောမနေပါနဲ့။အရင်အတိုင်းသာဆိုလိုကတော့ဗျာ။

ဆရာမောင်ဘုန်းက ဖိုးထောင်စကားကိုကြားတော့ အနည်းငယ်ပြုံးလိုက်ပြီး ဝဋ်ကြွေးရှိလိုခံရတယ်မှတ်ကွ။ဒီအချိန်ဒီနေရာမှာ ဒီလိုပုံစံမျိုးနဲ့အရိုက်ခံရတဲ့အတွက်ဘဝမှာ အကြွေးတစ်ခုကျေပြီလို့သာမှတ်။
ဖိုးထောင်ဒီမယ် ဝဋ်ကြွေးရှိရင်လေ ဘယ်သူမှရှောင်လွှဲလို့မရဘူး။မင်းမြဲမြဲမှတ်ထား။

မောင်မင်းသူကလည်း …သတိရလာပြီး ..ဟုတ်တယ်ဗျို့ ဆေးဝိဇ္ဇာ ဆရာမောင်ဘုန်း တောင်ခေါင်းကိုဝါးရင်းတုတ်နဲ့သတိလစ်အောင်အရိုက်ခံရတယ်ဆိုတော့… ဝိပါကဝဋ် ပေါ့နော်ဆရာ။ဝဋ်ကြွေး ရှိလို့အရိုက်ခံရတာပေါ့ဟုတ်လား။

အေးဟုတ်တယ်ကွ….ဝိပါကဝဋ်ရှိလို့ ခံစားရတယ်သာမှတ်ရမယ်ဟေ့။အကြွေး တစ်ခုတော့ကျေပြီ…ဘယ်လိုပုံစံမျိုးနဲ့ ကျန်ရှိနေတဲ့ အကြွေးတွေကိုဆပ် နိုင်ဦးမလဲတော့မသိဘူးပေါ့ကွာ။
ဟား….ဟား….ဟား..ဟား….။ဝိပါက ၊ ဝိပါက။…

“ထူးဆန်းစွာနဲ့ဘဲဆရာဘုန်းရဲ့ပထမဆုံး ပျှော်ရွှင်ပြီးဟားတိုက်ရယ်​မောသံကို ကို ဖိုးထောင်နှင့်မောင်မင်းသူ နှစ်ယောက်သားမြင်တွေ့ လိုက်ရပါတယ်။”

ဒါနဲ့ ဆရာဖိုးထောင် …ကျုပ်တို့ကဘယ်ရောက်နေတာလည်း။တစ်ကိုယ်လုံးကိုလည်းကြိုးတွေတုပ်ထားပါလား။
အင်း…ငါတို့ရောက်နေတာ ဦးဘဝင်း ဆိုတဲ့လူရဲ့အိမ်ခြံဝိုင်း ပဲဖြစ်မယ်ထင်တယ်။

ထိုအချိန် ကိုစိုးဝင်း ..သတိလစ်နေရာကနေ ခေါင်းကိုလက်နှင့်ဖိကာ ကျွတ်…ကျွတ်….မဟုတ်ဘူးကွ။ဒါ…ဦးဘဝင်းပိုင်ဆိုင်တဲ့ မရဏခြံကြီးဘဲ။သရဲအရမ်းခြောက်တဲ့နေရာ။တစ္ဆေ သရဲတွေမတအားပေါတာ ညဘက်မပြောနဲ့နေ့ဘက်တောင် လှည့်မကြည့်ရဲတဲ့ခြံကြီးပေါ့။

ဗျာ…။ဗျာ။

ကြားလိုက်ရတဲ့အသံကြောင့် တစ်ဦးကိုတစ်ဦးအပြန်ပြန်အလှန်လှန်ကြည့်မိသွားခဲ့တယ်။

ဆရာဘယ်သူက ဗျာ လို့အော်လိုက်တာလည်း။ဟုတ်တယ်နော်ဆရာ ကျုပ်တို့လည်းမအော်မိပါဘူး။
ဆရာမောင်ဘုန်းကမောင်မင်းသူရဲ့အမေးကိုကြားတော့ မင်းတို့ရဲ့အပေါ်မှာ လျှာတွဲလောင်းနဲ့ကြည့်နေတဲ့ သဘက်ကြီးပေါ့ကွာ။
——————————————————–
အေး…သူတို့က သာမာန်လူတွေဆိုတာတော့ဟုတ်တယ်။ဒါပေမယ့် ပြန်လွှတ်မပေးနိုင်ဘူး။အသုံးမဝင်ရင် ဝင်အောင်လုပ်ရမှာပဲ။ကိုယ် လက်ထဲရောက်ပြီးမှတော့ အလကားအဖြစ်မခံတော့ဘူး။

အဘက သူတို့ကိုပြန်လွှတ်မပေးပဲ ဘာလုပ်မလို့တုန်း။
အင်း…သူတို့က နယ်လှည့်ခရီးသွားဆေးဆရာတွေဆိုတော့ ဆွေမျိုး၊သားချင်းရှိချင်မှရှိလိမ့်မယ်။ရှိလည်း ဂရုမစိုက်ပါဘူး။
အဲ့တော့ကွာ….သူတို့ကိုငါ့တပည့် အဖြစ်မွေးချင်တယ်။ညရောက်ရင် အပြတ်ရှင်းပြီး နှလုံးနဲ့ဆံပင်၊ခြေသည်းလက်သည်းတွေမင်းငါ့ကိုယူလာပေး။

ကောင်းပါပြီ…အဘ။

—————————-
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညအမှောင်ထဲမှာ….လူတစ်ယောက်ညာလက်မှာ ဓားတစ်ချောင်းကိုကိုင်ဆောင်ထားပြီး ဘယ်လက်မှ အိတ် တစ်ခုကိုကျစ်ကျစ်ပါအောင်လုံးပြီးဆုတ်ကာမရဏခြံ ရှိရာသို့လျှောက်လာနေခဲ့တယ်။

အချိန်တစ်ခုရောက်တော့ သစ်ရွက်ခြောက်နင်းတဲ့အသံတွေကရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာတာကိုသတိထားမိခဲ့တယ်။ဒါကြောင့်အနောက်ကိုလှည့်
ကြည့်လိုက်တဲ့အချိန် နားအုံကို ဖောင်းကနဲဖြစ်အောင်အရိုက်ခံလိုက်ရတယ်။ရိုက်လိုက်တာက လက်နဲ့ဆိုပေ
မယ့်နားကိုရိုက်လိုက်တာကြောင့် ကျွီကနဲဖြစ်ကာ ပစ်လဲသွားခဲ့တယ်။

ပစ်လဲသွားတာနဲ့ လွတ်ကျသွားတဲ့ ဓားကိုတစ်ယောက်ယောက်က ကောက်ယူနေတာကိုတွေ့လိုက်ရပါတယ်။
ဘယ်သူလဲ… ဘာကောင်လဲကွဟမ် ငါ့ကိုအလစ်ဝင်ရိုက်ရဲတဲ့ သတ္တိတော့လေးစားသွားပြီ။

ဘေးပတ်လည်ကိုကြည့်လိုက်တော့လည်း ဘယ်သူမှမရှိသည့်အတွက်အနည်းငယ်လန့်ဖြန့်သွားခဲ့တယ်။ဘယ်သူမှမတွေ့တဲ့အဆုံး ထပြီးပြေးဖို့အလုပ် ရှေ့တည့်တည့်မှာ အနက်ရောင်မဲမဲ သဏ္ဍာန် ကိုအရိပ်သဖွယ်တွေ့မြင်လိုက်ရတယ်။

ပြီးတာနဲ့ ထိုမဲမဲ အကောင်ကြီးက သူရှေ့တည့်တည့်ကိုပြေးဝင်လာတဲ့အတွက် မျက်စိကိုစုံမှိတ်၍ ထားခဲ့လိုက်တယ်။သို့ပေမယ့် သူဗိုက်ထဲကို ချွန်ထက်တဲ့အရာတစ်ခုကထိုးဖောက်ဝင်ရောက်သွားခဲ့ပြီ။

အနီးကပ်ဝင်လာတာကိုမျက်စိဖွင့်ကြည့်လိုက်တော့ အနက်ရောင် အင်္ကျီ ၊ဘောင်ဘီကိုဝတ်ဆင်ထားပြီးမျက်နှာကိုအုပ်ထားတယ်။ ကျောမှာလည်း ဓားနှစ်လက်ကိုလွယ်ထားပါသေးတယ်။ပြီးတာနဲ့ ကောင်းကင်ထက်ကိုခုန်ပျံထွက်သွားခဲ့တယ်။
ခဏကြာတော့ ပါးစပ်မှာကျလာတဲ့သွေးတွေက ဗွက်ကနဲထိုးအံလာပြီး မြေပြင်ပေါ်၌လဲလျောင်းသေဆုံးသွားခဲ့ပါတော့တယ်။

ညဆယ်နာရီလောက် ကျော်ဝေယံတို့ကလည်း ဆေးဆရာတွေကိုကယ်တင်ဖို့အတွက်လူစုကာ
မရဏခြံဝိုင်းအနားသို့ မီးတုတ်ကိုယ်စီနဲ့ရောက်ရှိလာခဲ့တယ်။ဒါပေမယ့်လမ်းအဝင်တင်မှာဘဲ သွေးအလူးလူးနဲ့ သေဆုံးနေတဲ့မောင်သံချောင်းကို တွေ့လိုက်ရပါတယ်။

ဦးဘဝင်း တပည့်မဟုတ်လားကွ။အေးဟုတ်တယ် သူ့ကိုဘယ်သူ က…ဟနေဦးဟိုးရှေ့မှာစာတစ်ရွက်။

ကျော်ဝေယံက ထိုသို့ပြောလိုက်ပြီး သေဆုံးနေတဲ့ မောင်သံချောင်း ဘေးက စာရွက်ကိုကိုင်ကာ မီးအလင်းရောင်နဲ့ဖတ်ကြည့်လိုက်တော့ အိမ်ကိုပြန်ကြပါ။တံခါးတွေကိုအသေအချာပိတ်ပြီးနေပါ ဆိုပြီးရေးသားထားတာကိုတွေ့လိုက်ကြရပါတယ်။
———————————————————-

အင်း…ကျေးဇူးတင်ပါတယ်။အခုရွာအခြေအနေကိုလည်းသိရ၊ရွာထဲက စက်အချို့လည်းကွေကွင်းပြတ်တောက်သွားပြီ … ဆိုတော့အခုဘဲအလုပ်စလိုက်ကြမလား။

ကောင်းတာပေါ့…ဒါနဲ့ ကိုစိုးဝင်းခင်ဗျားက
ကျော်ဝေယံ တို့ကိုခေါ်ပြီးရွာပြင်ထွက်နေဖို့ လုပ်ဆောင်ပေးနိုင်မလား။ဦးဘဝင်းကိစ္စကျုပ်တို့တာဝန်ထားပါ။

ကောင်းပါပြီဆရာလေး ကျုပ်ဆောင်ရွက်ပေးပါ့မယ်။

ဘယ်ကနေဘယ်လိုရောက်လာရလဲဆိုတာပြောပြပါဦး။
အဖြစ်က…ဒီလိုပါ ကျုပ်ကတပည့်ဖြစ်သူနဲ့ ကျေးညီနောင်ရွာကိုသွားပြီး ဘုရားဋ္ဌာပနာ တွေကိုခိုးယူနေတဲ့ အဖျက်မိစ္ဆာ တိုင်းတပါးသားတွေကိုသွားရောက်နှိမ်နင်းမလို့ပါဘဲ။

ဒီနားမှာ ခရီးတထောက်နားခိုက်မှာ ကျော်ဝေယံဆိုတဲ့လူငယ်လေးက နတ်ကွန်းတွေထဲကို လောကုတ္တရာ အင်း၊စမတွေကို လိုက်ထည့်နေတာတွေ့လိုက်ရတယ်။အင်းဆံ အညွှန်း တွေကလည်းကျုပ်တို့ ဆေး ဂိုဏ်းတော်ကြီးနဲ့တူနေလို့ ရွာတော်ရှင်ကိုဖိတ်ပြီးမေးကြည့်တော့မှာ ဆရာတို့ဒီရောက်နေတယ်ဆိုတာသိရတာ။ဒါနဲ့ကျုပ်တပည့်မြတ်မင်းဗိုလ်ကိုဘဲ ခရီးကိုကြိုတင်သွားခိုင်းပြီး အခြေအနေဝင်ကြည့်ရာက စက်တွေကိုတွေ့ရလိုဖြတ်တောက်လာခဲ့တာပါ။

ဒါဖြင့် ကျုပ်တို့ရောက်နေတာသူသိနေလောက်ပြီ။ဝတ်ရုံနက် ခင်ဗျား ကလတ်တလောရွာသားတွေကိုအသိစိတ်ဝင်အောင်လုပ်ပေးပြီး ကာကွယ်ပေးထားပါ။
ထောင့်လေးချက်ပိတ် လေးကွက်အင်းကို ရွာထိပ်တွေမှာပိတ်ထားပေးပါ။သူတို့အသိစိတ်ဝင်ဖို့အတွက်က ဒီစမတွေကိုမီးရှို့ပြီး မှိုင်းတိုက်လိုက်တာနဲ့ အသိစိတ်ပြန်ဝင်သွားပါလိမ့်မယ်။

ဟုတ်ပါပြီ ကျုပ်လုပ်ဆောင်ပေးပါ့မယ်။

ဒီလိုနဲ့ ဝတ်ရုံနက်ထွက်သွားတော့မှ မောင်မင်းသူနဲ့ဖိုးထောင်ကို စည်းတစ်ခုတားစေခဲ့တယ်။ပြီးတာနဲ့
တပည့်နှစ်ယောက်ကို ဥုံအစပြုတဲ့ဂါထာတော်တွေကိုတပ္ပလင်ခွေထိုင်လျက်ရွတ်ဖတ်စေခဲ့ပါတယ်။

ဆရာမောင်ဘုန်းကတော့… အထက်ဆရာကြီးတွေရဲ့အမိန့်၊ငါ့အာဏာအရ မိန်းကလေးတွေကိုဖျက်စီး ကာမအမှောင်ဖုံးလွှမ်းနေတဲ့ ရွှေရိုးဆိုတဲ့ ကဝေကောင် အခုချက်ချင်းငါ့ရှေ့ရောက်စေ။
အမိန့်လွန်ဆန်ပါက ငရဲမီးတမျှလောင်ကျွမ်းစေသား။

ဆရာမောင်ဘုန်းအမိန့်ပြန်လိုက်တော့ ကောင်းကင်ထဲမှာ မိုးချုန်းသံကြီးတွေထွက်ပေါ်လာပြီး ဝုန်းဆိုတဲ့အသံနှင့်အတူ အနီရောင်ခေါင်းပေါင်းကိုပေါင်းထားပြီး တောင်ဝှေးတစ်ခုကိုင်ဆောင်ထားတဲ့ လူလတ်ပိုင်းတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။

အော်သင်က အခုချိန်ထိသာမာန်ရုပ်မပြသေးဘဲကို။
အရှေ့မှာရှိနေတဲ့ပုဂ္ဂိုလ် ငါ့အမိန့်အရ သာမာန်အသွင်အပြင်သို့မူလပြန်ရောက်ရှိစေ။

ဆရာဘုန်းစကားသံဆုံးတာနဲ့ လူလတ်ပိုင်းအရွယ်ရှေ့မှာရှိတဲ့ပုဂ္ဂိုလ်က ပါးရေတွေတွန့်ကျနေတဲ့ အသက်ကိုးဆယ်ကျော်အဖိုးအိုတစ်ယောက်ကဲ့သို့ပြောင်းလဲ သွားတာကိုတွေ့လိုက်ရပါတယ်။

ဟိုး…သင့်အစွမ်းကလည်းဘယ်ပေါ့မတုန်း။သင်အစွမ်းဒါအကုန်ဘဲလား။
ရွှေရိုးဆိုတဲ့ အဖိုးအိုက အဲ့လိုပြောလိုက်ပြီး လက်ဝါးကိုရှေ့သို့တန်းလိုက်တဲ့အချိန် ကြီးမားလှတဲ့ ပျား ကြီးတွေက ဆရာမောင်ဘုန်းရှိရာသို့အပြေးဝင်ရောက်လာခဲ့တယ်။

သို့ပေမယ့်အနားမရောက်မှီ အကာအကွယ်တစ်ခုနှင့်ထိက ပြုတ်ကျကုန်တယ်။
ကဝေကောင်ရွှေရိုးလည်း တောင်ဝှေးကိုမြေပြင်သို့ဆောင့်ကာ ထပ်မံ၍ တိုက်ခိုက်ပြန်တယ်။

ဒီတစ်ခါ မှာတော့ တော့ အညိုရောင်စက်တွေက ပျင်းပြလျက် ဆရာမောင်ဘုန်းထံ ရောက်ရှိလာတယ်။

စက်တွေကပြင်းလွန်းလှတဲ့အတွက်ဆရာမောင်ဘုန်းလည်း တောင့်ခံထားခဲ့ရတယ်။ဒါပေမယ့် ခဏအကြာမှာ ဖိုးထောင်နဲ့မောင်မင်းသူက နှစ်ယောက်ပေါင်း၍ပညာစက်နဲ့ ပစ်လွှတ်လိုက်တဲ့အခါ ကဝေစက်က ဖျောင်းကနဲအသံထွက်ကာပြတ်တောက်သွားခဲ့တယ်။

ဆရာဘုန်းကအနောက်သို့လှည့်ကြည့်လိုက်ပြီး ပညာစဥ်တက်သွားကြတဲ့တပည့်ဖြစ်သူတွေကို
ကြည့်ကာ ပြုံးပြခဲ့လိုက်တယ်။

ကဝေကောင်ကြီးကလည်းဒေါသတွေထွက်သွားကာ ငါ့တပည့်တွေကိုသတ်တဲ့ဆရာစုတ်သေပေတော့ဟုပြော၍ ရွာထဲပြန့်နေတဲ့ကဝေစက်၊တွေကိုစုစည်း
ပုဏ္ဏက ဘီလူး၊သံကဝေအရုပ်တွေနဲ့ပါပေါင်းစည်း၍ အကြီးမားဆုံး စက်ကိုဆရာမောင်ဘုန်းတို့ဘက်ကိုပစ်လွှတ်လိုက်တယ်။

ထိုအခါဆရာတပည့်သုံးယောက်ပေါင်း၍
မဟာသံသေအင်း ကိုအသက်သွင်းကာ ကာကွယ်ထားခဲ့တယ်။သို့သော်လည်း….စက်တန်းတွေက သံသေအင်းတော်ကြီးကို အားကုန်ထိုးဖောက်ဖို့ကြိုးစားနေတဲ့အတွက် ဖိုးထောင်နဲ့မောင်မင်းသူ ရဲ့
နှဖူးပေါ်ကချွေးစက်တွေတောင် ကျလုစဲစဲဖြစ်နေခဲ့ကြပြီ။

ဒီအချိန်မှာ တော့ ကောင်းကင်မှာဝဲပျံလာတဲ့ အင်းပြားတစ်ချပ်ကို သတိမမူခဲ့တဲ့ကဝေကောင်ကြီးအား…ဆိုတဲ့အသံကြီးနှင့်အတူ ခေါင်းနဲ့ကိုယ်အိုးစားကွဲသွားခဲ့ရတယ်။

ထိုအင်းချပ်ရဲ့နောက်မှာတော့ ကဝေလည်ဖြတ် အင်းကွဟုအော်လိုက် တဲ့ ဝတ်ရုံနက်ကိုတွေ့မြင်လိုက်ကြရပါတယ်။

အင်း….လူတွေလည်းသိပ်ခက်တယ်။
ဘာတွေပဲရှိရှိ မျက်စိနှစ်လုံး ပိတ်တာနဲ့ အားလုံး ထားခဲ့ရမှာ။

ဘယ်လောက်ပဲ ချစ်ချစ် အသက်ရှူ ရပ်တာနဲ့ နေ့ချင်းအိမ်ပေါ်က ဆင်းရတယ်မဟုတ်လား။

ချွတ်ချွတ်လုပ်ပြီး ဝိဉာဉ်ဘဝနဲ့တောင် လာမလည်နဲ့။ ဘုန်းကြီးငါးပါး ပင့်ပြီး တစ်ခါတည်း နှင်ထုတ်လိုက်မှာ။

စဥ်းစားကြည့်ဗျာ ဘဝမှာ ဘာတွေများမက်မောစရာရှိလို့လဲ။
ဆရာမောင်ဘုန်းကအဲ့လိုပြောလိုက်တော့ ဝတ်ရုံနက်ကဟုတ်ပါ့ဗျာ…ကျုပ်တို့လည်းခုနှစ်ရက်သားသမီးတွေကိုလိုက်လံကူညီနေခဲ့ကြတာ အချိန်တွေကုန်မှန်းမသိကုန်နေခဲ့ကြတာပဲနော်။

သင်နဲ့ကျုပ်က ညီအကိုတွေဆိုတာသိပြီးပြီလားမောင်ဘုန်း။
ဆရာမောင်ဘုန်းကအဲ့လိုပြောလိုက်တော့ ဖိုးထောင်တို့ဆရာတပည့်အပြင်ဝတ်ရုံနက်က အံံ့သြသွားကာ အာမေဋိတ် သံကိုယ်စီထွက်ပေါ်လာခဲ့ကြပါတယ်။

”ကိစ္စတွေပြီးသွားတော့ ဝတ်ရုံနက်က ကျေးညီနောင်ဆိုတဲ့ရွာကိုထွက်သွားခဲ့သလို ဆရာမောင်ဘုန်းတို့ကလည်း ရွာသူရွာသားတွေကိုနှုပ်ဆက်ကာ မဆုံးနိုင်တဲ့သံသရာ ခရီးလမ်း ထပ်မံ၍လျှောက်ခဲ့ကြပြန်တယ်။

————————————
မှောင်မဲ လွန်းတဲ့ သင်္ချိုင်းမြေ ထဲမှာခြောက်ခြားဖွယ်ရာခွေးအူသံကြီးနှင့်အတူ မြေကြီးတွေကိုအငမ်းမရတူးဖော်နေတဲ့သူတစ်ယောက်။ပါးစပ်မှာလည်း တတောက်တောက်ကျနေတဲ့သွေးစက်တွေ။နီရဲနေတဲ့မျက်လုံး တစ်စုံက ရွာဘက်ကိုတစ်ချက်တစ်ချက်လှမ်း၍ပင်ကြည့်နေသည်။

နောက်လာမည့်ဇာတ်လမ်း
[ဂမ္ဘီရမောင်ဘုန်းနှင့်အလောင်းစားကောင်]

Leave a Reply

Your email address will not be published. Required fields are marked *