°°°°°°°°°°°°°°°°°°°°°°°°
ဖြစ်ရပ်မှန်
ကာလအပိုင်းအခြားအားဖြင့် ၁၉၂၃ခုနှစ်ကာလခန့်ကဖြစ်သည်။ ကျွန်ုပ်နေထိုင်ရာ ဟင်္သာတ မြို့တွင့် မြို့ဂုဏ်ဆောင်
“မင်္ဂလာ စိန်သောင်း”ဆိုတဲ့ မင်္ဂလာဆိုင်းဝိုင်းကြီးတခု ရှိခဲ့ဖူးပါတယ်။ ဆိုင်းဆရာကြီးရဲ့နာမည်က `စိန်သောင်း´ ဖြစ်ပါတယ်….ဦးစိန်သောင်းဟာ အသက်၄၀ကျော်အရွယ် မဆိုးဖို တဦးဖြစ်ပြီး…
သူ့မှာ သူအရမ်းချစ်တဲ့ ” မြသီတာ” ဆိုတဲ့ သမီးလေးတယောက်ရှိပါတယ်။ ဆိုင်းသမမျိုးရိုးပီပီ ငယ်ရွယ်စဉ်အချိန်ထဲက ဆိုင်းပညာကို ဝါသနာထုံသူတဦးဖြစ်သည်။ လက်ဦးဆရာ အဖိုး စိန်မြဟန်နဲ့ ဖခင်ကြီး စိန်ဖိုးမောင်တို့ထံမှ မြန်မာ့ဆိုင်းပညာကို ဆရာစားမချန် သင်ကြားတပ်မြောက်ခဲ့သူဖြစ်ရာ ဖခင်ကြီး အနားယူချိန်မှာတော့ ” မင်္ဂလာ စိန်သောင်း”ဆိုသောနာမည်ဖြင့် ဖခင်၏အရိုက်အရာကို ဆက်ခံခဲ့ပါသည်။
စိန်သောင်းဟာ အသောက်အစား၊လောင်းကစားကင်းသူဖြစ်ပြီး ဘာသာတရားကိုလိုက်စားသူဖြစ်သည်။ စည်းကမ်းကြီး၍ ကတိတည်သူဖြစ်သောကြောင့် ဆိုင်းအဖွဲ့သားတွေ၏ လေးစားကြည်ညိုမှုကိုခံခဲ့ရသည်။ ထိုခါတ်အခါက အလှူပွဲ၊ဘုန်းကြီးပျံ၊ဘုရားပွဲ၊အပိုင်အဆိုင်ပွဲ၊ဧည့်ခံပွဲ၊မယ်တော်ပျံပွဲများတွင် မြန်မာ့ဆိုင်းဝိုင်းကို မပါမဖြစ် တခမ်းတနား ငှါးရမ်းလေ့ရှိကျသည်။ အင်္ဂလိပ်အစိုးရလက်ထပ်ဖြစ်သည့်အတွက်ကြောင့် မျက်နှာဖြူအရာရှိကြီးများ၏ မွေးနေ့ပွဲများ၊မိတ်ဆုံစားပွဲများတွင်လဲ မြန့်မာ့ဆိုင်းဝိုင်းကို ငှါးရမ်းပြီး အသုံးတော်ခံလေ့ရှိကျသည်။
စိန်သောင်းဟာ ဆိုင်းတီးနေရမည်ဆိုလျှင် ထမင်းမေ့ဟင်းမေ့ ဇွဲနပဲကြီးလွန်းလှ၏။ အလှူပွဲတွေမှာလိုက်တီးရင် အခြားဆိုင်းဝိုင်းတွေလို အချိန်ခိုခြင်းအလျှင်းမရှိ….အလှူ့ရှင်များ၏စိတ်တိုင်းကျ ကျေနပ်အားရအောင်ဖျော်ဖြေလေ့ရှိသည်။ ဆိုင်းလာငှါးရင် အလှူ့ရှင်စိတ်တိုင်းကျ ဖြစ်စေခဲ့သည်။ မြို့ဂုဏ်ဆောင်ဆိုင်းဝိုင်းကြီးမို့ ဆိုင်းပစ္စည်းများကလဲ များပြားလှ၏။
ထို့ကြောင့် ဆိုင်းဝိုင်းအတွက် ပေ၄၀ပါတ်လည်ဧရိယာကို စာရွက်မှာသေသေချာချာဆွဲပြီး အလှူ့ရှင်ထံ ကြိုပေးထားရသည်။ စေတနာကောင်းသောဦးစိန်သောင်းဟာ အလှူမဏ္ဏပ်မှာ မိမိဆိုင်းအား နေရာချပြီးသည့်နောက် အလှူမဏ္ဏပ်၏ မုဂ်ဦးကို နန်းတော်ပုံစံအလှပြင်ပေးသည်။ မုဂ်ဦးတွင် အလှူ့ရှင်အမည်ကို ဖောင်းကြွစာလုံးများဖြင့် နှာဖူးစည်းထည့်ပေးခြင်း၊ရွေပန်းဆွဲငွေပန်းဆွဲများဖြင့် အခမဲ့ မွန်းမံပေးခြင်းကြောင့် အလှူ့ရှင်များအနေဖြင့် နှစ်ထောင်းအားရဝမ်းသာကျေနပ်မှူများရှိခဲ့လေသည်။ ရွာထဲသို့ ဆိုင်းလှည်းဝင်လာသည်နှင့် မင်္ဂလာဗျောသံပေးခြင်း၊အောင်စည်အောင်မောင်းပေးခြင်းများကိုပြုလုပ်ပြီးမှဝင်သည်။
….အလှူတပွဲဆိုင်းဝင်ပြီဆိုရင် ဧည့်ခံချိန်ဟာ ညနေ၄နာရီမှ မနက်၄နာရီအထိ ၁၂ နာရီတိတိရှိပါတယ်။ အချိန်တိုင်း အချိန်တိုင်းမှာ အလှူ၏အစီစဉ်အတိုင်း လိုက်ဘက်ညီသော တီးလုံးတီးကွက်၊ အဆို၊ဗျော၊ စသည်တို့ကို အတွဲညီစွာပံ့ပိုးပေးရသည်။
….စိန်သောင်းဆိုတဲ့ ဆိုင်းဆရာဟာ တန်ရာတန်ကြေးအတိုင်း မခိုမကပ်ပဲ အသုံးတော်ခံသူဖြစ်ရာ တခါတလေ အလှူ့ရှင်ကိုယ်တိုင်က ခဏအနားယူဖို့ထိတောင် တောင်းပန်ယူရသည်။ ပွဲပြီးသွားလို့ ဆိုင်းဖြုတ်ချိန်ရောက်ရင် ထိုရွာအတွက် အမှတ်တရတခုခု အမြဲလှူခဲ့လေ့ရှိသည်။ ဥပမာ ရေချမ်းစင် ၊ ရှင်တပါးစာ၊ ရွာဦးကျောင်းအတွက် ဆွမ်းဆန်၊ သင်္ကန်း၊သပိတ် စသည်ဖြင့် အမြဲလှူခဲ့သည်။ ထိုကဲ့သို့ စိတ်ရင်းကောင်းသော ဆိုင်းဆရာစိန်သောင်းကို တောင်သူကြီးတဦးက မည်ကဲ့သို့ဂုဏ်ပြုခဲ့သည်ဆိုတာလေးကို နဲနဲပြောပြပါရစေ။
……ထိုတောင်သူကြီးရဲ့နာမည်က ဦးရေအေး…..တောင်သူပေမဲ့ လယ်ဧက၅၀ကျော်ပိုင်တဲ့တောင်သူကြီး…..စိန်သောင်း ဆိုင်းစထောင်စဉ်က ကိုယ်ပိုင် ဆိုင်းနာမည်တောင်မပေးရသေးဘူးတဲ့…အဲ့အချိန်မှာ တောင်သူဦးရေအေးရဲ့အလှူပွဲမှာ စိန်သောင်းတို့အဖွဲ့ သွားတီးဖြစ်လိုက်တယ်…..စိန်သောင်းရဲ့လက်သံကိုကြိုက်သွားတဲ့ ဦးရေအေးဟာ စိန်သောင်းတို့ဆိုင်းနာမည်ကို..
…..”.မင်္ဂလာ စိန်းသောင်း ” ဆိုပြီး ကင်ပွန်းတပ်ပေးခဲ့တာတဲ့လေ……အဲ့နာမည်ပေးပြီးထဲက စိန်သောင်းတို့အဖွဲ့ တရှိန်ထိုး အောင်မြင်လာတယ်ဆိုပါတော့…..
…..အခုလဲ….အသက်၈၀ကျော် တောင်သူ အဘရေအေးက သူ့မြေး၊မြစ်တွေကို သူမသေခင် ရှင်ပြုပေးမလို့တဲ့ စိန်သောင်းတို့အဖွဲ့ကိုလာငှါးပါပြီ….
….စိန်သောင်းကလဲ ကျေးဇူးရှင်ကြီးမို့ အခမဲ့တီးပေးပရစေဆိုပြီးပြောတော့…အဘရေအေးက အရမ်းပျော်ပြီး သာဓုသုံးကြိမ်ခေါ်ရင်းပြုံးလိုက်ပါတယ်……..
…..အဘရေအေးပြန်သွားတော့ သူ့အဖွဲ့သားတွေကို အခမဲ့လိုက်တီးရမည်ဖြစ်ကြောင်း ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်းပြောတော့ အဖွဲ့သားတွေက သဘောမတူချေ……..ဒီတော့ စိန်သောင်း အခက်တွေ့ချေပြီ…..စကားကလဲလွန်ပြီးသွားပြီ ပြန်ပြင်ဘို့ကလဲ မဖြစ်တော့…..ဒါ့ကြောင့် ဆိုင်းကြေးကို သူ့အိတ်ထဲက စိုက်ရှင်းမည်ဟုဆိုက အဘရေအေးရဲ့အလှူသို့ ဆိုင်းဝင်ခဲ့သည်။
…..အဘရေအေးတို့ရွာကိုရောက်တော့ ထိုးထားတဲ့မဏ္ဏပ်က ဧကဝက်လောက်ရှိသည်…..ရှင်အပါး၁ရာတဲ့….မြင်ရတဲ့စိန်သောင်းတို့အဖွဲ့ကြက်သီးများပင်ထသွားသည်။
…..ဆိုင်လာကြိုသော လှည်းအစီး၅၀ဟာ အလှဆင်ထားသောလှည်းယဉ်များခြံရံပြီး တခမ်းတနားကြိုဆိုကျသဖြင့် အားတောင့်အားနာပင်ဖြစ်ခဲ့ရသည်။ ဆိုင်းပစ္စည်းများနေရာချတဲ့အချိန်မှာလဲ ရွာကာလသား/ကာလသမီးများက လိုလေသေးမရှိ ကူညီကျသည်။
……..ညဘက်ဧည့်ခံချိန်ရောက်သောအခါ…အလှူသီချင်းများ ဓမ္မသီချင်းကြီး သီးချင်းခံများကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးဖြေဖျော်ဧည့်ခံလိုက်ရာ ပွဲလာကြည့်သူရွာခံအားလုံး သဘောကျနှစ်ချိုက်သွားလေသည်….
…..သီချင်းဆိုပြီးတော့ လူရွှင်တော် ကျောက်ခဲ၊ဖိုးပိန်၊လောရှည်တို့၏ဘာမထိသော ဟာသပျက်လုံးများကလဲ ပရိပ်သပ်တွေရဲ့ ဟာသခံကို တူးဆွနိုင်ခဲ့သည်။
…လူရွှင်တော်ကဏ္ဏပြီးလို့ လက်စွမ်းပြတီးပြီးသောအခါ………
….””လူလေး စိန်သောင်း ခဏ နားဦးကွဲ့”
….ဗျာ…..အဘိုး………ဘာဖြစ်လို့လဲ……
….အဘိုးပြောစရာရှိလို့ပါ…..
…သြော်…ဟုတ်ကဲ့…ကြွပါ အဘိုး……
…တောင်မွှေးတချောင်းကိုအားပြုပြီး လွယ်အိတ်တလုံးကိုလွယ်ကာ စင်ပေါ်တက်လာသော အဘိုးရေအေးကို စိန်းသောင်းက အပြာကသီ ပြေးတွဲလိုက်သည်။
…..လူလေး……မင်းလူတွေကို အကုန်ခေါ်လိုက်……..အဘဆုချမလို့….
…ခင်ဗျာ……သြော်…..ဟုတ်…ဟုတ်ကဲ့…..
…ဟေ့…..တို့အဖွဲ့အားလုံး အဘဆီလာကျဦး………
…ဟုတ်
…ဟုတ်ကဲ့ ဆိုင်းဆရာ….လာပါပြီ….
….စုံပြီလား လူလေး…
…ဟုတ်ကဲ့…စုံပါပြီ အဘိုး…..
…”” အေးကွယ်….ငါ့မြေး စိန်သောင်းတို့အဖွဲ့က ဆိုင်ပညာတောင်ယုံတင်မကဘူး…စိတ်ထားမြင့်မြတ်သူတွေဖြစ်လေတော့ အဘအရမ်းဝမ်းသာတယ်ကွယ်…..လူလေးက အဘလှူတဲ့အလှူကို အခမဲ့ ဆိုင်းတီးလာတီးပေးတော့…အဘကလဲ လူပုံအလယ်မှာ ဆုချရသေးတာပေါ့…..
…ကိုင်း…..
…တယောက်ချင်း အဘရှေ့ကိုလာ….
…
…..ဗျာ……
….လာလေ…
…ဟေ့….ကြေးနောင် တင်ဦး…..မင်းကနေအရင်စပြီးအဘဆီကို တယောက်ချင်းလာ…..ပတ်မချောင်..စည်တိုနဲ့ မောင်းသမားက နောက်ကလိုက်….စည်းဝါး၊နှဲဆရာ၊ပတ်မကြီး၊အဆိုနဲ့ လူပျက်တွေကအရံသင့်ပြင်ထား…….
…စိန်သောင်း၏စကားကြောင့် ဆိုင်းအဖွဲ့သားတွေနဲ့ ပရိသတ် တွေပါ လှုတ်လှုတ်ယွယွဖြစ်သွားသည်။
….ကိုင်း
…ကြေးနောင်သမားရေ….
…ခေါင်းလေးနဲနဲငုံ့……အဘဆွဲပေးမယ်…
…ရော့ကွယ်…..ရွှေတကျပ်သားဆွဲပြား……
….ဗျာ……..
…အလို
…အမလေး…..
……..လွယ်အိတ်ထဲမှထုတ်ပြီးဆွဲပေးလိုက်သော တကျပ်သားရွှေဆွဲပြားက ကြေးနောင်တင်ဦးရဲ့လည်ပင်းမှာ တဝင်းဝင်းတလက်လက်နှင့်…..
….
…..မည်သူမျှထင်မှတ်မထားသော အခြေအနေမို့ ကြည့်နေသူအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
….ကိုင်း
…နောက်တယောက်…..
…..နောက်တယောက်……………..
…..သည်လိုနဲ့ ဆိုင်းအဖွဲ့သားများပြီးသွားတော့….ဆိုင်းဆရာစိန်သောင်းကို့ ရွှေ၂ကျပ်သားဆုချလိုက်သည်။
…..အဘိုး……အဘိုးရယ်……..
…..အီးးဟီးးဟီးး
….အဘိုး၏စေတနာအရင်းခံကိုသိလိုက်ရသဖြင့် စိန်သောင်းအပါအဝင် ဆိုင်းအဖွဲ့သားအားလုံးဟာ အဘိုးရေအေးကို လက်အုပ်ချီပြီး ထိုင်ကန်တော့ ကျလေတော့သည်။
……ဒီလောက်ပဲလား……..
….မကသေးဘူးဗျ……
…စိန်သောင်းတို့ဆိုင်းအဖွဲ့ဟာ အင်္ဂလိပ်မျက်နှာဖြူတွေ၏ ဂုဏ်ပြုမှတ်တမ်းတင်ခြင်းကိုလဲခံခဲ့ရသည်။
တခါက ဟင်္သာတမြို့ပိုင် ဦးပု၏ ဖိတ်ကြားချက်အရ ဧည့်ခံပွဲတခုကိုတီးရန် လက်ခံခဲ့ပါသည်။
….ဆိုင်းလာငှါးစဉ်က ဦးပု၏ကိုယ်ရံတော်နှင့်အတူ အင်္ဂလိပ်လူမျိုးတဦးပါလာသည်။
…စိန်သောင်းဆီကိုရောက်လာတော့ ဆိုင်းဝိုင်းထဲက ဗုံတွေကိုကြည့်ပြီး ကိုယ်ရံတော် ကတဆင့် မေးလေသည်…
….”” မောင်းမင်း….ဒီအဝိုင်းထဲမှာစီထားတာဘာတွေလဲ….
…..ဟုတ်ကဲ့…ဗုံလို့ခေါ်ပါတယ်…သီးချင်းဆိုရင် တူရီယာအဖြစ် တီးခတ်ပေးရတဲ့ပစ္စည်းပါ…..
….OH…သီချင်းဆိုရင်တီးလို့ရတယ်ဆိုတော့……
….Note…ရှိလား….
…နိုး…မရှိပါဘူး…
..ဒါဆို…ဒိုရင်မီဖာ…သံစဉ်တွေကို ဘယ်လိုမှတ်သားပြီးတီးပါသလဲ….
…ဟုတ်ကဲ့….နားနဲ့မှတ်ပြီး တီးပါတယ်..
….OH…….မဖြစ်နိုင်တာ မပြောပါနဲ့
…အရမ်းရီစရာကောင်းပါတယ်…
…လုံးဝ…မဖြစ်နိုင်ပါဘူး………ဟားဟား ဟားဟား
…….တောက်…..
….ဒါ….ငါတို့ မြန့်မာ့ဆိုင်းပညာကို တမင်စော်ကားသွားတာကွ….
…သိကျရောပေါ့…စိန်သောင်းတဲ့…တသောင်းထဲရှိတယ်……..မြန်မာ့ဆိုင်းအကြောင်း ကောင်းကောင်းသိစေရမယ်ကွ…
….
…..အဲ့အချိန်ကစပြီး စိန်သောင်းဟာ သူ့အဖွဲ့သားတွေကို အိမ်တံခါးပိတ်ပြီး သီချင်းတပုဒ်ကို ပြင်းပြင်းထန်ထန် လေ့ကျင့်တီးခတ်လေသည်…..
….မြို့ပိုင်၏ မွေးနေ့ဧည့်ခံပွဲမို့ တိုင်းမင်းကြီးအပါအဝင် မျက်နှာဖြူအရာရှိကြီးတွေ အများအပြားလာရောက်ကျမည်ဟုသိရလေသည်။
……အရေးကြီးသောပွဲမို့ အင်္ဂလိပ်အစိုးရကိုဆန့်ကျင်သောသီချင်းမျိုးကို မဆိုမိဖို့ မြို့ပိုင်ဦးပုက သတိပေးထားလေသည်။
….ဧည့်ခံပွဲစသောအခါ…..
….
…..ဆိုင်းဆရာစိန်သောင်းကဦးဆောင်ပြီး
အင်္ဂလိပ်အမျိုးသားသီချင်းကို မြန်မာ့ဆိုင်းပညာဖြင့် ပီပီပြင်ပြင် တီခတ်ပြလိုက်ရာ….
…..Oh……all stand..
…..ဖျော…ဖရော
……အားလုံး မြန်မာ့ဆိုင်းဝိုင်းကို အလေးပြု…….
……မျက်နှာဖြူတိုင်းမင်းကြီးကိုယ်တိုင် သတိကိုမတ်နေအောင်ဆွဲပြီးအလေးပြုကာ စိန်သောင်းတို့ဆိုင်းအဖွဲ့ကို တလေးတစားဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။
……………………
…….စိန်သောင်းဟာ ၁၀စုနှစ်နှစ်စုခန့်ကြာသည့်တိုင် နယ်တကာလှည့်ပြီးဆိုင်းပညာဖြင့် အသုံးတော်ခံခဲ့သည်။ သူ့ရဲ့မျိုးဆက်သစ် ဖြစ်တဲ့ သမီးလေး မြသီတာ ကိုလဲ…မြန်မာ့ဆိုင်းပညာကို အခြေခံမှတဆင့် အသုံးတော်ခံနိုင်သည့်အနေထားသို့တိုင် လေ့ကျင့်သင်ကြားပေးခဲ့သည်။ နောက်ပိုင်းပွဲများတွင် မြသီတာကို ရှေ့ထွက် ဆိုင်းသမ အဖြစ်ပွဲထုတ်တီးခက်စေရင်း ပရိသတ် နှင့်ရင်းနီးမှုကိုရယူစေခဲ့သည်။
…..
……… မြသီတာ အသက်၂၀ပြည့်သည့်နေ့မှာပဲ ဆိုင်းဆရာစိန်သောင်းဟာ ဆိုင်းတီးရင်း နှလုံးလေဟက်ပြီးသေဆုံးသွားခဲ့လေပြီ ဟူသော သီတင်းဆိုးကြီးကြောင့်…..စိန်သောင်းကို အားပေးကျကုန်သော ဆိုင်းဝါသနာရှင် ပရိသတ် တွေအဖို့ စိတ်မကောင်းကြီးစွာ တသသဖြစ်၍ ကျန်ခဲ့ယုံမှတပါး အခြားမရှိနိုင်တော့ပြီဖြစ်လေသည်။
➳ ➳ ဇာတ်သိမ်းဆက်ရန်
“” ဆိုင်းတီးတဲ့ တစ္ဆေ “”
( အခန်း၂)
“” မင်္ဂလာ သီတစိန်ကို လှုပ်နှိုးလိုက်သူ”
ဆိုင်းဆရာစိန်သောင်းဟာ ၁၉၄၆ ခုနှစ် တပေါင်းလ္ဆန်း(၁၂) ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ မျိုးချစ်ဝါဒီတဦးဖြစ်သည့်အလျောက် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်/အင်္ဂလိပ် စတဲ့ တိုင်းတပါးအစိုးရတွေကိုအလိုမရှိဆန့်ကျင်ခဲ့သော မျိုးချစ်စိတ်ရှိသူဖြစ်သည်။
… သူအကြည်ညိုရဆုံးပုဂ္ဂိုလ်ကတော့ ဗိုလ်အောင်ဆန်းဖြစ်ပါတယ်။ ဟင်္သာတ ကို ဗိုလ်အောင်ဆန်း စည်းရုံးရေးဆင်းတော့ စိန်သောင်းဟာ ချက်ပလပ် ကားကြီးပေါ် ဆိုင်းဆင်ပြီး မြို့ဦး မုဂ်ဝကနေ အောင်စည်အောင်မောင်းတီးကာ ကြိုဆိုခဲ့သည်။ …..
….ဒါတင်မက…
လူထုခေါင်းဆောင်ဗိုလ်အောင်ဆန်းကို ဂုဏ်ပြုသည့် သီချင်းများကိုလဲ အဆက်မပျက်ရေးသားခဲ့သည်။ “”ထိုသီချင်းများကို သူကိုယ်တိုင်တီးပြီး သမီး မြသီတာကို ဆိုခိုင်းသည်။ ဒါ့ကြောင့် ဗိုလ်ချုပ်ဂုဏ်ပြုသီချင်းများကို အတီးရော၊အဆိုပါ မြသီတာပိုင်သည်။
…….ဒါပေသိ…..တိုင်းပြည် လွတ်လပ်ရေးမရခင် ၁၉၄၆ ခုနှစ်အတွင်းမှာပဲ ဆိုင်းဆရာစိန်သောင်း ဟာ အမှတ်မထင် တိမ်းပါးသွားသဖြင့် ဟင်္သာတဂုဏ်ဆောင် “မင်္ဂလာ စိန်သောင်း” ဆိုင်းအဖွဲ့ကြီးလဲ ဆိုင်းခေါင်းကွဲသွားလေတော့သည်။
……..
……….. ဆိုင်းသမားဆိုတာ အနုပညာကိုအရင်းခံပြီး အသက်မွေးဝမ်းကြောင်းပြုကျသူတွေဖြစ်ပါတယ်။ ခါတ်ကာလအရ တိုင်းပြည်မငြိမ်သပ်မှုများကြောင့် ရရာအလုပ်ဖြင့် ဝမ်းရေးကိုဖြည့်တင်းရင်း မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသောကာလ ၁၉၄၉ ခုနှစ်သို့ရောက်ရှိလာခဲ့ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာနိုင်ငံဟာ မိအေး၂ခါနာဖြစ်ခဲ့သော်ငြား ဟင်္သာတမြို့ဟာ ကံကောင်းထောက်မစွာဖြင့် ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ပေ…..
……
…….. တနေ့သောအခါ
….မြသီတာ၏ အိမ်သို့ ပတ်မချောင်ဦးတင်ဦး ရောက်လာလေသည်။
…..”” ဦးတဝမ်းကွဲမို့ မြသီတာလဲ အရမ်းပျော်သွားသည်…
“”ဟယ်….ဦးလေး….
…..ရန်ကုန်ကပြန်လာတယ်ပေါ့
….ခဏလား…အပြီးလား…..
….”” အေးကွယ်….
…အပြီးလို့ဆိုရမှာပေါ့……
…ငါ့တူမကြီးနဲ့ အလုပ်အကြောင်း တိုင်ပင်မလို့ကွဲ့……
…ရှင်…..
…မြသီတာ အံ့သြသွားသည်…
…ဟို….ဘာ…ဘာအလုပ်များလဲ ဦးလေး..
….အေး…တို့တူအဝှီးနှစ်ယောက် ပေါင်းပြီး ဆိုင်း ပြန်ထောင်ကျမလားလို့….
…အဲ့ကစ္စ တိုင်ပင်ချင်လို့ပဲ တူမ…
…အို…..ဦးလေးရယ်
…ဆိုင်းတဝိုင်းထောင်တယ်ဆိုတဲ့အခက်အခဲကို ဦးလေးလဲ သိတယ်မို့လား…
…အကုန်အကျကြီးတယ်လေ….
…ဟေ့….အဲ့ဒါ ငါ့တာဝန်ထား……
….ဆိုင်းပစ္စည်းတွေလဲ အရံသင့်ရှိနေတဲ့ဟာ….နဲနဲပါးပါး ပြင်ယုံဆင်ယုံပဲလုပ်ရမှာ….
…ဒါတော့ဒါပေါ့ဦးလေးရယ်…
…ခုက အရင်လို မြေဝိုင်းခါတ်မဟုတ်တော့ဘူးလေ…
…လျှပ်စစ် အသံချဲ့စက်တွေနဲ့ ခါတ်မှီအောင် ဖြည့်နိုင်မှ လူကြိုက်များတာ….ပြီးတော့…ဆိုင်းတဝိုင်းမှာ ဆိုင်းအရံပညာရှင် ၁၀ယောက်လောက်က လိုမှာ…..
…..ဟေကွယ်….ငါ့တူမကြီးကလဲ
….အဲ့ကိစ္စတွေ ဦးလေးစီစဉ်ပြီးပြီ….
…ရန်ကုန်မှာ နေရင်း အစိုးရထီပေါက်လို့ နယ်ပြန်လာတာကွဲ့….
….ဟယ်
…တကယ်လား…ဦးလေး…
…ဟဲ့ တကယ်ပေါ့ဟ….
….ကျန်တဲ့ဆိုင်းအဖွဲ့သားတွေကိုလဲ စာပို့ထားပြီးပြီ…မနက်ဖြန်ကို သမီးအိမ်မှာ ဆုံကျမယ်…..ဆုံတဲ့အခါမှ သူ့အပိုင်းနဲ့သူ တူရိယာပစ္စည်းတွေကို စစ်ဆေးပြီး ဆိုင်းပြန်စူမယ်….
…မကောင်းတဲ့ဟာကို စရင်းလုပ်ပြီး ရန်ကုန်တက်ဝယ်မယ်….
…ခင်ဗျာသည်တွေလဲ…စိန်သောင်းဆိုင်း ပျက်ပြီးနောက်ပိုင်း ကြုံရာကျပမ်းလုပ်ရင်း ဝမ်းရေးကိုခက်ခက်ခဲခဲဖြေရှင်းနေရတယ် ကြားတယ်…
…ဒီသီတင်းကြားရင်
.. ဝမ်းသာကျမှာပါ………..
….စက်ပိုင်းဆိုင်ရာနဲ့ လျှပ်စစ်မီး ကဏ္ဏကိုဖြည့်တင်းဘို့အတွက် ဦးလေးရဲ့ သူငယ်ချင်း “လျှပ်စစ် မောင်သောင်း”နဲ့ ညှိနှိုင်းပြီးပြီ …..
..ဟယ်…..ဦး….ဦးလေးရယ်
…သမီး….အိပ်မတ်တွေများ မတ်နေရော့သလားဟင်……
…..အေး….အိပ်မတ်ဆိုတာ လက်တွေ့လုပ်ဘို့အတွက် အင်အားပဲ…..
….
…..ဒါတော့ ဒါပေါ့….
…ဟို…..ဟိုလေ…ဆိုင်းကိုဦးဆောင်မဲ့ ဆိုင်းဆရာကရော….ဘယ်သူလဲဟင်….ဦးလေးလား?
….ဟ….နင့်အမေလွှား….
…ငါက ပတ်မချောင်( ၆လုံးပတ်) ပဲတီးတပ်တာ…ဆိုင်းကျမရဘူးဟဲ့….
…..ဟင်….ဒါ…ဒါဖြင့်……
….အေး….ဆိုင်းကိုဦးဆောင်ပြီးတီးရမဲ့ ဆိုင်းဆရာက တခြားလူတော့မဟုတ်ဘူး
…ငါ့ရှေ့မှာထိုင်နေတဲ့ “ရွာစားမင်္ဂလာ စိန်သောင်း”ရဲ့ တဦးတည်းသောသမီး….” မင်္ဂလာ သီတာစိန်” ပဲဟဲ့…….
….အို……..
….အဖေ့နောက်ကိုဆိုင်းအကူလိုက်တီးစဉ်က ပရိသတ် တွေ သူ့ကိုပေးထားတဲ့နာမည်………..
…..ဝမ်းသာလွန်းသဖြင့် မြသီတာ၏မျက်ဝန်းထဲမှ မျက်ရည်များပင်ကျလာသည်။
ထို့နောက် ကျလာသော မျက်ရည်များကို သုတ်လိုက်ပြီး ဧည့်ခန်းထဲမှာ အထီးကျန်နေတာကြာပြီဖြစ်သော… ရွှေမှန်ကင်းဝင်းဝင်းတောက်နေသည့် မင်္ဂလာ ဆိုင်းဝိုင်းကြီဆီသို့…………..
( အခန်း၃)
” မြန်မာ့ဆိုင်း ဆိုတာ”
ဦးတင်ဦးကြိုပြောထားသလိုပဲ နောက်တနေ့မနက်မှာ ဆိုင်းခေါင်းကွဲစဉ်က ကြုံတဲ့အရပ်မှာ ကြုံသလို ရပ်တည်နေသော ဆိုင်းအဖွဲ့ဝင်များဟာ မြသီတာ၏အိမ်သို့ ရောက်ရှိလာကျသည်။
ရောက်ရှိလာသော ဆိုင်းအဖွဲ့ဝင်များကို ဦးတင်ဦးက အိမ်နောက်ဘက် တန်းလျားဟောင်းမှာနေရာချပေးသည်။ စုစုပေါင်း အယောက်၁၆ဦးခန့်ရှိသည်။
….သူတို့ရဲ့မိသားစုတွေပါပေါင်းရင် အယောက်၃၀ကျော်ပါသည်။
….တချို့ဟာ အိမ်ထောင်ကျနေပြီ နေစရာအခက်အခဲကြောင့် မိသားစုလိုက်ပြောင်းလာကျသည်။
…အများစုဟာ မြို့ခံတွေမို့ နေစရာအတွက်တော့ သိပ်အခက်အခဲမဖြစ်ပါ။
…..ဟုတ်ကဲ့… ဆိုင်းအဖွဲ့သားများနဲ့မိတ်ဆက်ရင်း ဆိုင်းဝိုင်းတွင်ပါဝင်သော မြန်မာ့တူရိယာအကြောင်း နဲနဲပြောပါရစေ……
…တင်ဦး.။…..ပတ်မချောင်(လင်မထောက်) `ခေါ်´ ၆လုံးပတ်တီးသူ
ငနီ ။ ကြေးနောင် ( ဆိုင်းဆရာ၏ ဘယ်ဘက်ရုံးအဖြစ် ဆိုင်းဝိုင်း၏ဘယ်ဘက်တွင်နေရာယူတီးခတ်ရပြီး `ကြေးမောင်းလေးများကို သံစဉ်အလိုက် စီတန်းထားသော တူရိယာတီးသူ)
ဖားရိုး ။ `စည်တို´ တီးသူ
ထော်ကြီး ။ `ပလွေ/ နဲ´ မှုတ်သူ
မြအေး။ ပလုတ်တုတ် ( မြူးကြွသော သီချင်းများကိုတီးသည့်အခါ `ဒွမ်´ကဲ့သို့ တီးခတ်ပေးသော စည်တို) တီးသူ
မိုးစွေ ။ `ဘင်´ တီးသူ…..
ဉာဏ်ကြီး ။ စည်းဝါး လိုက်ပေးသူ
လူလှ ။ လင်ကွင်းတီးသူ
ထို့နောက်…
….လူရွှင်တော်/ လူပျက် များဖြစ်ကျတဲ့…လောရှည်၊မရမ်းသီးနဲ့ နှုတ်ခမ်းမွှေး…..
…ပင်ထိုင်အဆိုတော်အဖြစ်က…မြသီတာနှင့် အသက်တူ သူငယ်ချင်းဖြစ်တဲ့…ခင်မာလာ/ယဉ်မာလာနှင့် သက်ထွေးဆိုသော မောင်နှမသုံးယောက်ပါ…သီချင်းကြီး၊သီချင်းခန့်၊အနောက်တိုင်း အကုန်ရပါတယ်……အခြားဆိုတော်တွေကိုတော့ ဆိုင်းထွက်သည့်အခါ ညကြေးပေးပြီး ဘေးကခေါ်တာမျိုးလဲရှိပါတယ်….
….အဓိက အရေးအကြီးဆုံးသူကတော့ ဆိုင်းတဖွဲ့လုံးကို ဦးဆောင်ပြီးတီးတဲ့ ဆိုင်းဆရာ မြသီတာပါပဲ။
ဆိုင်းတဝိုင်းရဲ့ဖွဲ့စည်းပုံထဲမှာ ဗုံ၃၁လုံးထက် လျော့လို့မရပါဘူး….သုံးဆယ့်တဘုံကို ကိုးကားပြီး ဖွဲ့စည်းထားခြင်းလို့အဆိုရှိပါတယ်…..
….ဆိုင်းဝိုင်းထဲမှာ စုစုပေါင်း ဗုံ၂၁လုံး
….ပတ်မချောင်( ဗုံလေးလုံး၊ပတ်မကြီး၁လုံး၊စခွန့် ၁လုံး)
..ဘင်၁လုံး(ဆိုင်းကား(သို့မဟုတ်)လှေဦးတွင် ထားရှိသော ဆိုင်းနာမည်ပါသောပစ္စည်း) ဆိုင်းထွက်ရင်တီးလေ့ရှိပါသည်။
..ပလုတ်တုတ် ၁လုံး
..ဗုံရှည်ကြီး ၁လုံး……
..စည်တို တလုံး
…စသည်ဖြင့် ဗုံ၃၁လုံးပြည့်မှ ဆိုင်းဝိုင်းအင်္ဂါရပ်နဲ့ညီသည်ဟု အဆိုရှိပါသည်။
….သို့သော် တကယ်တမ်း ဆိုင်းဝိုင်းတီးသည့်အခါ…ဘင်နဲ့ ဗုံရှည် မပါပါဘူး……
ဆိုင်းဝိုင် ၊ကြေးနောင် ၊မောင်း၊ ပတ်မချောင်၊ စည်တို ၊လင်ကွင်း၊ နှဲ ၊ စည်းဝါးတွေနဲ့သာ တီးခတ်ကျတာဖြစ်ပါတယ်။
ဆက်လက်ပြီး ဦးတင်ဦးဟာ ဆိုင်းအဖွဲ့သားများကိုခေါ်ပြီး မိမိတို့နှင့်ဆိုင်သော တူရိယာများကို စမ်းသပ်စစ်ဆေးခိုင်းသည်။
….အားလုံးစစ်ဆေးပြီးကျသည့်အခါ ထူးထူးခြားခြား ပျက်စီးမှုမရှိပဲ အနဲငယ်ပြင်ဆင်လိုက်ယုံဖြင့် ဆိုင်းဝင်လို့ရပြီ…….
…..ဖခင်၏ အမွေအနစ်မို့ အမြတ်တနိုးထိန်းသိမ်းထားသော မြသိတာ၏ ရိုသေမှုကြောင့်ဖြစ်သည်။
ဆိုင်းပညာဆိုတာ အလွန်ခက်ခဲနက်နဲသော အနုပညာဖြစ်သည်။ လေးပေသာသာကျယ်သော ဆိုင်းဝိုင်းထဲမှာ ကြီးစဉ်ငယ်လိုက်စီထားသော ဗုံအသေး ၂၁ လုံးရှိပါတယ်…….ဗုံ၂၁လုံးမှထွက်လာသော အသံကို ဆိုင်းဆရာကနားနဲ့မှတ်ပြီး သီချင်းသံစဉ်ရဲ့ အနိမ့်အမြင့်တိုင်း ချိန်ပြီးတီးရခြင်းမျိုးဖြစ်သည်။ ဘုံ၂၁လုံးကို ၃သုတ်ခွဲလိုက်ရင် ၇လုံးစီ၃အုပ်စုထွက်လာမှာဖြစ်ပါတယ်။
…..အနောက်တိုင်းတေးဂီတတွေမှာ..
..ဒို´…ရင်´..မီ´…ဖာ´..ဆို´..လာ´..ဒီ´….တို´…ဆိုသော သံစဉ်(၈)မျိုးရှိသလို မြန်မာ့ဆိုင်းဝိုင်းမှာလဲ.
..” ဥဒေါင်း´.
.ကြိုးကြာ´..
..အသ´..
..ဂေါနော´..( နွားတွံသံ)
..ဆိတ်´..
..ဆင်..
…ဥသြ…..ဆိုပြီး သံစဉ်၇မျိုးရှိပါတယ်….အစဉ်လိုက်ပြောရရင်……
၁။ ဆင်
၂။ကြိုးကြာ
၃။ဥျသ
၄။အသ
၅။ဥဒေါင်း
၆။ဂေါနော
၇။ဆိတ်……ဆိုပြီး သံစဉ်၇မျိုးရှိပါတယ်…ထိုသံစဉ်၇မျိုးကို ဗုံ၂၁လုံးမှာ သုံးသုတ်ခွဲပြီး တီးခြင်းဖြစ်သည်။
“”” ဆိုင်းသမားတယောက်ဖြစ်ဘို့အတွက် ထံတျာ သီတာ သာယာ ဝေဘာဂီရိ စတဲ့ ဆိုင်းအခြေခံ၁၃ပုဒ်ကို ကြေညက်နိုင်နင်းထားရမည်ဖြစ်သည်။
ထို့အပြင်
.. ယိုးဒယား ပတ်ပျိုး သိင်္ဂါ ဘွဲ့ သီချင်းခန့် သီချင်းကြီး ကရောင်း ကပီ ြ မင်းတတ်…အစရှိသော တီးကွက်၁၂ကွက်ကိုလဲ ကျွမ်းကျင်ပိုင်နိုင်ရဦးမည်။ နောက်ပြီး ဆိုင်းဆရာတဦးဟာ မိမိဝိုင်းထဲက ဗုံ၂၁လုံးအပြင် အခြားအရံအဖွဲ့၏ တူရိယာများကိုလဲ နားလည်ထားဘို့လိုသည်။ အဓိကအရေးကြီးတာ စည်း/ဝါး ဆရာပါပဲ……သူ့ရဲ့ဝါး ချတဲ့အသံကိုမှီပြီး ဆိုင်းတဝိုင်းလုံးက တိုင်ပင်မှတ်ရခြင်းဖြစ်သည်။ ဝါးအချ တချက်မှားသွားတာနဲ့ ဆိုင်းတဝိုင်းလုံး ကိုးယို့ကားယား ဖြစ်ပြီး ထိုးရပ်သွားဖူးတဲ့သာဓကတွေလဲရှိပါတယ်….
…..တဖန်…ဆိုင်းဆရာဟာ ဆိုင်းတီးတော့မယ်ဆိုရင် ပတ်ဝိုင်းရဲ့အလည် မှာ ကိုယ်ကို မတ်နေအောင်ထားပြီးထိုင်ရပါတယ်…
…လက်နှစ်ဘက်ကို မလျော့မတင်းထားပြီး လက်ခလယ်/ လက်သူကြွယ်တို့ဖြင့် အဓိကတီးရပါတယ်….တခါတရံ လက်မ မှလွဲ၍ ကျန်လက်ချောင်းအားလုံးပါအောင်တီးရတာမျိုးလဲရှိပါတယ်။ ဆိုင်းသမားတို့၏လက်ဟာ….
…၁။ အရမ်းဖျော့လို့မရပါဘူး
…၂။အရမ်းလဲမာလို့မရပါဘူး
…၃။ မပျော့မမာ….နွဲ့နှောင်းသော်လဲ သံမာ၏ ဆိုတဲ့သဘောအတိုင်း ဖြစ်နေဘို့လဲ လိုအက်ပါသေးသည်။
….ဆက်လက်ပြီး…
…ဆိုင်းဆရာတဦးဟာ အတီးကောင်းနေယုံနဲ့မလုံလောက်ပဲ အဆိုပညာပါ တော်ဘို့လဲလိုအက်ပါသည်…ဒါမှ ပရိသတ် ကို ညှို့ယူဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။
….ထို…ထိုသောအချက်တွေဟာ…မြသီတာအတွက်တော့ တလလောက်အချိန်ယူလေ့ကျင်ယုံဖြင့် အဆင်ပြေသွားခဲ့သည်။ မြသီတာဟာ သူ့အဖေကဲ့သို့ စည်းကမ်းကြီးသဖြင့် ဆိုင်းတဖွဲ့သားလုံးက ကရိကပါတ် မလုတ်ရဲပဲ လေးလေးစားစား ဆက်ဆံကျသည်။
…..ဆိုင်းဝိုင်းသစ်ကိုအထိုင်ကျပြီးသွားတော့ ကြော်ငြာပိုစတာများကို အနယ်နယ်အရပ်ရပ်မှာကပ်ပြီးကြေငြာလိုက်ရာ လူအများစိတ်ဝင်စားလာကျသည်။ အမျိုးသမီးဆိုင်းဆရာမို့ အချို့က ချီးမွန်းကျသလို…အချို့ကလဲ အထင်သေး၊ ပျက်ရယ်ပြုသောစကားများဆိုပြီး လှောင်ကျသည်။
…..သိုသော်…လှောင်ပြောင်မှုတွေဟာ ကြာရှည်တော့ခံမည်မဟုတ်…
…..
…..တပေါင်းလပြည့်ညတွင်…
……ဟင်္သာတမြို့ရဲ့ကျက်သရည်ဆောင်
” ပြည်လုံးကက်ကျော် ဦးပါရဲဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲမှာ ” မင်္ဂလာ သီတာစိန်” ဆိုင်းအဖွဲ့၏ ပွဲဦးထွက်အခမဲ့ဖျော်ဖြေပွဲမှာ ခါတ်မှီဆန်းသစ်သော ဆိုင်းအပြင်အဆင်နှင့် ဖအေ့လုပ်သူ ရွာစားစိန်သောင် ဝင်များတီးလေရော့သလားဟု အမှတ်မှားရလောက်အောင် လက်သံပြောင်သည့် မြသီတာ၏ဆိုင်းလက်သံကြောင့် ဟင်္သာတတမြို့လုံး လက်ဖျားခါသွားကျရလေတော့သည်။
…..ထိုအချိန်မှစ၍ နာမည်ပေါက်သွားသော ” မင်္ဂလာ သီတာစိန်ဆိုင်းအဖွဲ့ဟာ ပွဲဆက်စိတ်လာသည်။ တခါတခါတွင် တပွဲမပြီးသေး နောက်ပွဲအတွက် လှည်းတွေကအကြိုရောက်နှင့်လာပြီ….
…..ပွဲကူးဆက်သဖြင့် မြသီတာတို့တဖွဲ့လုံး မသက်သာလှ….အသက်၂၀ကျော်လူငယ်မို့သာပဲ….ဒါတောင် ဆိုင်းတရာသီပြီးရင် မြာသီတာ အတော်လေး အားပြန်မွေးရသည်။ ဖအေတူသမီးမို့ ကိုယ်လုံးကိုယ်ပေါက်လှသည်၊ဖြူဝင်းသောအသားအရည်၊ဖူးငုံပြေပြစ်သောမျက်နှာ ဝါဝင်းသောအသားအရည်ကြောင့်…ဆိုင်းပညာအပြင် ချောမောလှပသော မြသီတာ၏ရူပကာကြောင့် လူသိများ ထင်ရှားလာခဲ့သည်။
….ဆိုင်းထောင်ပြီး၁နှစ်ကြာတော့…ဦးလေးတင်ဦးဟာ သူပိုင်ပစ္စည်းများကို မြသီတာထံအပြီးလွှဲပေးခဲ့ပြီး သာသနာ့ဘောင်ကိုအပြီးဝင်သွားခဲ့သဖြင့် ဆိုင်းတဖွဲ့လုံး၏ စီမံကွက်ကဲမှတာဝန်ဟာ မြသီတာ၏ခေါင်းပေါ်သို့ပုံလာပြန်ပါသည်။
သို့သော် ရွာစားစိန်သောင်း၏ သမီးပီပီ ဆိုင်းတဖွဲ့လုံးကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ခဲ့သည်။
အခန်း( ၃)
” ဆိုင်းလိုက်ရင်းတွေ့သော တစ္ဆေများ”
အခုဆို မြသီတာဟာ လုပ်ငန်း၏လိုအက်ချက်အရ ဆိုင်းပစ္စည်းများသယ်ဆောင်နိုင်ရန်အတွက် TE ကားကြီးတစီးကို ဝယ်လိုက်သည်။ ကားလမ်းပေါက်တဲ့နေရာထိ မိမိအဖွဲ့ပိုင်ကားဖြင့်သွားပြီး ကားဝင်မရသည့်နယ်ဘက်ကိုတော့ ဆိုင်းကြိုလှည်းများဖြင့်ဆက်လက်သွားကျရလေသည်။
တခါတွင် မြသီတာတို့ဆိုင်းအဖွဲ့ဟာ ကွင်းကောက်ကားလမ်းအတိုင်း အနောက်ဘက်သို့ ပွဲကူးထွက်စဉ်အခါက …သနက်ပင်နှင့် ခြောက်ရွာအကြား လှည်းလမ်းအတိုင်းကွေ့ဆင်းပြီး အလှူရှိရာ တောနေစမ်းရွာသို့ကားဖြင့်သွားခဲ့သည်……ထိုအခါ လမ်းခုလတ်တနေရာဖြစ်သော `ဂူတရာ´ ဂျပန်သုသာန်ရှေ့သို့ရောက်သောအခါ ဒရိုင်ဘာဆံနီက ကားကိုခဏရပ်ပြီး သုသာန်ရှေ့က ကုက္ကိုပင်ပင်ကြီးနောက်မှာ အလေးဆင်း သွားတယ်။ ဆိုင်းအဖွဲ့ထဲကလူအချို့လဲ ကားရပ်တုန်းမို့ ဆင်းပြီး အပေါ့စွန့်သူတွေကစွန့်ပေါ့…….
…အဲ့ဒါ….ကားပေါ်လူပြန်စုံလို့ ကားထွက်ဘို့စက်နိုးတော့ လုံးဝနှိုးမရတော့ဘူး…အချိန်က ညနေ၃နာရီကျော်ပြီ…အလှူအိမ်ကို ညနေ၄နာရီအမှီဝင်ရမှာ….ဒီတော့ တဖွဲ့လုံး ဗျာများကုန်သည်။
….ဒရိုင်ဘာဆံနီလဲ ကားစက်ဖုံးကိုဖွင့်ပြီး တတ်သလောက်မှတ်သလောက်ကျိုးစားသော်လဲ ဘာမှမထူးခြား……
….ထိုအချိန်မှာ…..
….အား…..
…..မ….မမလေး…..
….ကုက္ကိုပင်ပေါ်…..မှာ……..ဘာကောင်ကြီးလဲမသိဘူး….”
..ဖားရိုးရဲ့အော်သံကြောင့် မြာသီတာဟာ ကားခေါင်းခန်းထဲမှအောက်ကိုဆင်းပြီး ဖားရိုးပြတဲ့ ကုက္ကိုပင်ပေါ်မော့ကြည့်လိုက်သည်။
…ဟယ်…
…..ဘာ…ဘာကြီးလဲ?
…မြင်လိုက်ရသည်က ကုက္ကိုကိုင်းပေါ်မှအောက်ကိုတွဲလောင်းကျနေသော ထွန်တုံးခန့်ရှိသည့် ခြေထောက်မဲကြီး၂ချောင်းဖြစ်သည်။
….မြသီတာသဘောပေါက်လိုက်ပါပြီ….
….
…..ဟဲ့….ကားပေါ်မှာ အမွှေးရေပလင်းသွားယူစမ်း…ငါ့ထမင်းချိုင့်ထဲက ဝက်သားဟင်းချိုင့်ပါယူခဲ့…
…ဗျာ….
…ဘာလုပ်မလို့လဲ မမလေး….
…ကဲဟယ်…ယူမှာသာယူ အချိန်မရှိဘူး….
..ဟုတ်..ဟုတ်ကဲ့….
…ဖားရိုးဟာ ကားပေါ်မှ အမွေးပုလင်းနှင့် ဝက်သားခွက်ကိုယူလိုက်သည်…
…ရ…ရပြီမမလေး…..
…အေး….ကျန်တဲ့အဖွဲ့သားတွေ ကားပေါ်အကုန်တက်…..ငါဘာလုပ်လုပ်…ဘာပဲမြင်မြင် တယောက်မှ အောက်ဆင်းမလာနဲ့…….
…ဗျာ
..ဟင်…
…ဖြစ်…ဖြစ်ပါ့မလား…
…ဖြစ်တယ်….ဘာမပူနဲ့…….ဆိုပြီး ဟင်းပန်းကန်နဲ့အမွေးပုလင်းကိုကိုင်ကာ ကုက္ကိုပင်အောက်သိုဆင်းသွားလေသည်။
….ကုက္ကိုပင်အောက်ကိုရောက်တော့ စောစောက အဖွဲ့သားတွေ အပေါ့အလေးစွန့်တဲ့နေရာကို အမွှေးရည်များပက်ပြီး ကျန်တဲ့အမွေးရေကို ကုက္ကိုပင်၏ပင်စည်ကိုဖျန်းလိုက်သည်။ ထို့နောက် ဝက်သားခွက်ကို အမြစ်ဆုံပေါ်မှာတင်လိုက်ပြီး….
“”ဒီ ကုက္ကိုပင်ကြီးကိုအမှီပြုပြီးနေထိုင်ကျသော မြင်အက်မမြင်အက် ပုဂ္ဂိုလ်များရှင်….စောစောက ကျွန်မတို့ဆိုင်းအဖွဲ့သားတွေဟာ ခွင့်ပြုချက်မတောင်းပဲ မဆင်မခြင် အပေါ့အလေး စွန့်ခဲ့မိပါတယ်….ဒီ့အတွက်ကြောင့် အနူးအညွတ်ပြန်လည်တောင်းပန်ပါတယ်။ အသင်တို့နေရာကို သန့်စင်သောအမွှေးရေများပက်ဖျန်းပြီး မူလအတိုင်းရှိစေခဲ့ပါပြီ…ကျွန်မတို့ကားကိုလဲ မူလအတိုင်းပြန်ရှိပါစေ….ဟော့ဒီမှာ အသင်တို့စားသုံးရန်အတွက် အစားအစာများကိုလဲ ထားရှိပေးခဲ့ပါတယ်…စားကျပါကုန်လော့……….ကျွန်မပြုခဲ့ဖူးသောကုသိုလ်ကောင်းမှုအစုစုကိုလဲ အသင်တို့ကိုအမျှဝေခဲ့ပါတယ် သာဓုခေါ်ကျပါ……
….အမျှ….အမျှ….အမျှ……
…ထိုအချိန်မှာ…..
…ကျွီ…ရွှီ…ဝူး….ဝူး…..
…ဟေး…..ကား စက်နိုးသွားပြီဗျို့…….
…..ဟေးးဝေးးး
…”မင်္ဂလာ သီတာစိန်ကွ”
……ဟားဟား ဟားဟား
………………….
…..ထိုမျှမကသေး……
…တခါက….
….မြသီတာတို့အဖွဲ့ဟာ ကားလမ်းမပေါက်သော ပုသိမ်မြို့အနောက်ဘက်က သနော်သနွန့်ရွာသို့ ပွဲငှါးလိုက်စဉ်အခါကဖြစ်သည်။ အလှူ့ရှင်ဟာ ခရီးဝေးလွန်းလှသည်ကိုထောက်ရှုပြီး ဆိုင်ခကို ပိုပေး၍ ငှါးရမ်းခဲ့သောကြောင့် မြာသီတာတို့သွားရပြန်ပါပြီ…..ခရီးက လှည်းဖြင့် တညအိပ်ခရီးနှင်ရမည်ဖြစ်သည်။ လာကြိုသော ဆိုင်းကြိုလှည်းက အစီး၃၀ခန့်မို့ ဆိုင်းပစည်းရော အဖွဲ့သားတွေပါ ချောင်ချောင်ပြုပြု လိုက်ပါနိုင်ခဲ့သည်။ ညနေ၄နာရီကစထွက်ခဲ့ရာ ည၉နာရီခန့်ရောက်တော့ ကုန်းသာသောနေရာတခုမှာ စခန်းချရပ်နားရင်း ညစာစားကျသည်။ လှည်းကြိုများက ညစာကို ဝက်သားဘီးစပါတ်တုံးကြီးများ၊အလှူငံပြာရည်ကြော်၊ငါးခြောက်နှပ်များနှင့် လုံလောက်အောင်ထဲ့လာသဖြင့် ထိုညအဖို့ ဆိုင်းတဖွဲ့လုံး အူစန့်သွားလေသည်။ စားပြီးသား ထမင်းကျန်ဟင်းကျန်များကိုတော့ ကုန်းအောက် လှည်းလမ်းဘေးမှာ စွန့်ပစ်လိုက်ကျသည်။ ထို့နောက် အဖွဲ့သားတွေရော လှည်းသမားတွေပါ တရေးတမောအိပ်ဖြစ်လိုက်ကျသည်။
ဝူးးးညံ…..ဘဲ……….
…ဖူးးးရှးးးဝူးးး
…ဖျော….ဗြော……ဖရော…..
…ဟိတ်……
…ထကျဦးဗျို့….နွားတွေဘာဖြစ်တယ်မသိဘူး……
…….လှည်းသမား ကာလသားခေါင်း၏ အသံကြောင့် ဆိုင်းအဖွဲ့သားတွေပါနိုးလာကျသည်။
….မြသီတာလဲ ဓာတ်မီးတလက်ဆွဲပြီး
…ဘာ…ဘာဖြစ်တာလဲ မောင်လေး….
…မသိဘူး အမကြီး….
..ကျုပ်တို့နွားတွေ ဘာကောင်တွေ့တယ်မသိဘူး…နားရွက်တွေထောင် အမြီးကုတ်ပြီး နှာတဖူးဖူးမှုတ်နေကျတယ်….
…ဟေ……
…ဒါ…ဒါဆို…….
…ဟေ့…ဒို့အဖွဲ့တွေ လူစစ်စမ်း…..
..ဟုတ်ကဲ့…..
….
…..မြသီတာရဲ့စကားကြောင့် အဖွဲ့အားလုံး နာမည်ခေါ်ပြီး စစ်ကျရာ….
…ဟာ…
…မမလေး….ဖား…ဖားရိုးပျောက်နေတယ်…
…..ဟေ……
…..ရှာကျစမ်း….ဟိုနားဒီနားများ အပေါ့အလေးထသွားလေရော့သလား…..
…..ဆိုင်းအဖွဲ့လဲ ဓာတ်မီးကိုယ်စီနဲ့ ဖားရိုးကိုလိုက်ရှာကျရာ…ထမင်းကျန်ဟင်းကျန်များပစ်ထားသည့်နေရာတွင် ဖားရိုကိုတွေ့လိုက်ရသည်။ သူ့တကိုယ်လုံးလဲ ချွေးသီးချွေးပေါက်များကျနေပြီး မျက်လုံးပြူးကြီးနှင့် ပြန်ကြည့်နေသည်…
….ဖားရို…..ဒီမှာဘာလုပ်နေတာလဲ…..
…..ဘာမလုတ်ဘူး…..အစားစားနေတာ
…ဟာ…….ဖား…ဖားရိုး…..
…မင်းအသံ……အမလေး…….
…..ဖားရိုး၏နှုတ်မှထွက်လာသော ခက်သြသြ အက်တဲ့တဲ့ အသံကြီးကြောင့် အဖွဲ့သားအားလုံး ကြက်သီးများထသွားလေသည်။
…ဟေ့…ဘာဖြစ်တာလဲ…..
….ဖား..ဖားရိုးကိုကြည့်ပါဦး မမလေး
…ဒီကောင်ပုံမှန်မဟုတ်ဘူး….
…သူစကားပြောတာလဲ သူ့အသံနဲ့မတူဘူး……
….ဟေ…….
…မြသီတာလဲ နဲနဲတော့လန့်သွားသည်….
…သို့သော် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဖားရိုးကို မေးလိုက်သည်…
….နင်ဘယ်သူလဲ…….ဖားရိုးလား
…မဟုတ်ဘူး…..ငါ့နာမည် မှတ်ကြီး…..
…ဘာ..
…ဘယ်လို…
…ညောင်ဝိုင်းက ကစော်သမားမှတ်ကြီးလား
…အေး..ဟုတ်တယ်…..
…ကာလသားခေါင်းပိန်းရိုး၏စကားကို ဖားရိုးက ချက်ချင်းပြန်ဖြေသည်။
…ဟင်….မှတ်ကြီးက သေတာတလကျော် ပြီမို့လား…..
….အေး..ဟုတ်တယ်……
…အခု ငါဗိုက်ဆာလို့ မင်းတို့ပစ်ထားတဲ့ တမင်းကျန်ဟင်းကျန်လေးတွေကိုလာစားတာ…..
…ဟေ…ဒါဖြင့် ကိုဖားရိုးကို ဘာလို့ဝင်ပူးလဲ…ကို့ဖသာစားပြီးပြန်ပေါ့……
….အဲ့လိုမရဘူးလေ……ငါ့မှာအဲ့လိုစားနိုင်တဲ့အစွမ်းမရှိဘူး…ဒါ့ကြောင့် ဒီကောင်အပေါ့လာစွန့်ချိန်မှာ ဝင်စီးပြီး စားရတာပါ…..
……ဒီတော့ မြသီတာဟာ လှည်းပေါ်က ပရိပ်ရည်ပလင်း၊ ထမင်းကောင်းဟင်းကောင်းတွေကို ပန်းကန်နဲ့ထည့်ပြီး ဖားရိုးဆီယူလာတယ်…..
…ကဲကဲ…ကိုမှတ်ကြီးရေ….
…အရမ်းဆာနေရင်လဲ ဒီပန်းကန်ထဲက ထမင်းနဲ့ဟင်းကိုစားပါရှင်….မြန်မြန်စားပြီး မြန်မြန်ခွာပေးပါနော် ကြာရင်ကျွန်မလူ တခုခုဖြစ်သွားမှာစိုးလို့ပါ။
….ကျေး…ကျေးဇူးပါဗျာ…
…ပေး…ပေး…..ကျုပ်အရမ်းဆာနေပြီ…..
…ဖားရိုးကိုဝင်စီးနေသော တစ္ဆေမှတ်ကြီးဟာ မြသီတာပေးတဲ့ ထမင်းပန်းကန်ကိုယူပြီး အငန်းမရစားလိုက်သည်။
စားပြီးသွားတော့……
…ကျေးဇူးပါနှမရယ်…..ကျုပ်သွားတော့မယ်နော်……နှမကြီးရဲ့လူ ဘာမဖြစ်စေရဘူး…..သွားပြီနော်….
…တစ္ဆေမှတ်ကြီးဟာ မြသီတာတို့ကိုနှုတ်ဆက်ပြီး ဖားရိုး၏ကိုယ်မှခွာလိုက်သည်။ ထို့နောက် ခြေလှန်းကျဲကြီးများနှင့် ကုန်းအောက်သို့ ဆင်းသပ်ပျောက်ကွယ်သွားလေသည်။
….ထို့နောက် သတိလစ်နေသော ဖားရိုးကို ပရိတ်ရည်များဖျန်းပြီး စုရပ်သို့ပြန်ခေါ်လာလေတော့သည်။
( ဇာတ်သိမ်း)
“” တစ္ဆေဘဝနှင့် ရွာစားစိန်သောင်း”
တနေ့…..ပွဲကူးမရှိသောကြောင့် မြသီတာတို့တဖွဲ့လုံး အနားယူနေသောအချိန်တွင် လူတယောက် ဟာ ငွေရောင်ဖိတ်စာတစောင်ကိုကိုင်ပြီး မြသီတာရဲ့အိမ်ကို ရောက်လာလေသည်။
“” ဆိုင်းခေါင်းဆောင် သီတာစိန်နဲ့ တွေ့ချင်လို့ပါ…….
“” ဟုတ်ကဲ့
….သီတာစိန် ဆိုတာ ကျွန်မပါ အကိုကြီး
…အိမ်ထဲကိုကြွပါဦး…..
….အထဲရောက်တော့…..
…အကိုကြီးက ခရိုင်ရုံးက ဝန်ထမ်းမို့လား…ဘာကိစ္စများရှိလို့ပါလဲရှင်…..
….ရှိရောလားနှမရယ်…..
…ဆိုင်းမဆင်ဗုံမဆင့်ဆိုသလို တိုင်းအစီစဉ်ကြီးက လတ်တလော ထပေါ်လာတော့ ဒီအရေးအတွက် နှမကြီတို့ဆီပြေးလာရတာပဲ…..ဘာအရေးဆိုတာ ဂဂနန သိရအောင် ဒီဖိတ်စာကိုသာ ဖတ်ကြည့်တော့။
…”.ရှင်
မြသီတာ အံသြခြင်းနှင့်အတူ ငွေရောင်ဖိတ်စာလေးကိုဖွင့်ကြည့်လိုက်သည်။
….ဟယ်…….
…မြသီတာရင်တွေတုန်သွားသည်….
…၁၂နှစ်မြောက် လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသည့်အနေနဲ့ ….မြန်မာ့ဆိုင်းပြိုင်ပွဲကြီးကို တိုင်းမြို့တော် ပုသိမ်မှာကျင်းပမည်တဲ့….
…ပြိုင်ရမည့် ပွဲက အလွတ်တန်းပညာရှင်အဆင့်…
..ပထမဆု…….မြို့စား
..ဒုတိယဆု….နယ်စား
..တတိယဆု..ရွာစား……ဘွဲ့များဖြစ်သည်။
….
…ဧရာဝတီတိုင်း ၂၆မြို့နယ်…ခရိုင်၅ခုထဲက အကောင်းဆုံး ဆိုင်းဝိုင်း၅ဝိုင်း ဝင်ရောက်ယှဉ်ပြိုင်ရမည်တဲ့။
…ပြိုင်ပွဲဝင် အစီစဉ်
၁။ ကြိုက်နှစ်သက်ရာဗျော
၂။ လက်စွမ်းပြတီးကွက်
၃။ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်
….ပါဝင်တီးခတ်ရမည့်အဖွဲ့ဝင်များက
၁။ ဆိုင်းဆရာ
၂။စည်း/ဝါး ဆရာ
၃။ ပတ်မချောင် ဆရာ
၄။ပတ်မကြီး ဆရာ
၅။မောင်း ဆရာ
၆။နှဲ ဆရာ……
၇။လူရွှင်တော်၃ဦး
၈။ အဆိုပညာရှင် ( ကျား/မ) တဦး
…..စသည်ဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
…..ဒိုင်အဖြစ်ကိုတော့ မြန်မာနိုငံသဘင်ပညာရှင်အစည်းအရုံးက တဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
…..ဟင်းးး
…..အကြောင်းကြားစာကိုဖတ်ပြီး မြသီတာသက်ပြင်းချလိုက်သည်။
…”” ဒီလောက်ဆို လာရင်းကိစ္စကို ငါ့နှမလဲ သိလောက်ရောပေါ့…..ငါ့နှမကြီးတို့ဆိုင်းဟာ ရွာစားကြီးဦးစိန်သောင်းလက်ထပ်ထဲက မြို့ဂုဏ်ဆောင်ဆိုင်းဝိုင်းအဖြစ် အစဉ်လာကြီးခဲ့လေတော့ ခရိုင်မှူးက နှမကြီးတို့ဆိုင်းကို ပြိုင်ပွဲဝင်ဘို့အတွက်ရွေးချယ်ခဲ့တာပဲ။
…
“” ဒါတော့ဒါပေါ့အကိုကြီးရယ်….ကျွန်မက မိန်းမသားတဦးပါ ပြိုင်ဘက်တွေက အမျိုးသားဆိုင်းပညာရှင်တွေဖြစ်နေမှာသေချာတယ်။ ခုရက်ထဲလဲ ကျွန်မရဲ့ကျန်းမာရေးကသိပ်မကောင်းချင်ဘူးဖြစ်နေတယ်…..ဘယ်လိုလုပ်ရပါ့မလဲရှင်….
…..ဟူးးး….အဲ့ဒါဆို ခက်ကုန်တော့မှပဲနှမရယ်
….ပြိုင်ပွဲဝင်ဘို့ တူတူတန်တန်ဆိုင်းကလဲ တခြားမရှိဘူး…..ရက်ကလဲ ကြား၃ရက်ပဲလိုတော့တယ်………ကျိုးစားကြည့်ပါဦးနှမရယ်……အာဏာနဲ့ဖိအားပေးတာမျိုးမဟုတ်ပါဘူး……ခရိုင်ရဲ့ ဂုဏ်ကိုဆောင်နိုင်ဘို့အတွက် တိုက်တွန်းရတာပါကွယ်……
…….
….မြသီတာ သက်ပြင်းတချက်ချလိုက်ပြီး…..
….အင်းပါ…..ခုည အဖွဲ့သားတွေနဲ့တိုင်ပင်ပြီး မနက်ဖြန် အကြောင်းပြန်ပါ့မယ်နော်……
….ဟား….ဒီလို့မှပေါ့…..
….ရွာစားစိန်သောင်းရဲ့သမီး မြို့စားသီတာစိန် ဆိုတာ မကြာခင်ပေါ်ပေါက်လာတော့မယ်လို့ အကိုကြီးတို့ယုံကြည့်ပါရစေကွယ်။ နှမကြီးရဲ့အဖြေကိုဆက်ဆက်စောင့်နေမယ်နော်……..
….ဟုတ်….ဟုတ်ကဲ့ပါ အကိုကြီး………
…………………………….
“” ၁၂နှစ်မြောက်လွတ်လပ်ရေးနေ့ရဲ့ ညချမ်းအချိန်သာမရသို့ရောက်ရှိခဲ့ပါပြီ…
…..ပုသိမ်မြို့ရှိ `ကိုးသိန်းကွင်း´ ဟု လူသိများသော ဘောလုံးကွင်းကြီးထဲမှာ ခန့်ငြားထည်ဝါသော စတိတ်စင်ကြီးက ဝံ့ကြွားလို့နေ၏။ စင်ကြီးရဲ့အလယ်မှာ မှန်စီရွှေချထားသော မြန့်မာ့ဆိုင်းဝိုင်းနှင့် မရံတူရီယာများကို ခမ်းနားစွာ ပြင်ဆင်ထားသည်။
မြို့နယ်၂၆ခုမှ အကောင်းဆုံးမြန်မာ့ဆိုင်းအဖွဲ့၅ဖွဲ့ဟာ ခရိုင်၅ခုကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ကျတော့မည်ဖြစ်သည်။
သက်ဆိုရာခရိုင်ကိုယ်စားပြုဆိုင်းအဖွဲ့နောက်သို့ လိုက်ပါအားပေးသူများလဲ ကုန်းတတန်၊လှေတတန်ဖြင့် လိုက်ပါလို့လာခဲ့ပါသည်။ ထိုခါတ်အခါက အနောက်တိုင်းတေးဂီတဖျော်ဖြေပွဲ တွေ မထွန်းကားသေးသောကြောင့် မြန်မာ့ဆိုင်း၊မြန်မာ့ဇာတ်သဘင်ကိုသာ စောင့်စားကြည့်ရှုကျရသည်ဖြစ်သည်။ ထို့ကြောင့် ပုသိမ်မြို့ခံပရိသတ်တွေဟာလဲ ကွင်းလုံးလျှံမျှ လာရောက်အားပေးကျသည်။
ည၈နာရီအချိန်သို့ရောက်တော့…အကဲဖျတ် အမှတ်ပေးဒိုင်အဖွဲ့လူကြီးမင်းများလဲ သတ်မှတ်နေရာအသီးသီးသို့ ရောက်ရှိနေရာယူကျသည်။
…….
“”ပြိုင်ပွဲမစခင် တိုင်းဥက္ကဌကြီးက မိတ်ဆက်အမှာစကားပြောကြားပြီး…
…ယခု ဆိုင်းပြိုင်ပွဲကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကို အသေးစိတ် ရှင်းပြလေသည်။
…..ထို့နောက်…
အနောင်ဆာအမျိုးသမီးက ပြိုင်ပွဲဝင်ဆိုင်းအဖွဲ့များကို ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်……
“” မင်္ဂလာပါ ရွှေပွဲလာ……
….အစီစဉ်အရ ပြိုင်ပွဲဝင်ဆိုင်းအဖွဲ့များနဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်…
ပြိုင်ပွဲဝင် အဖွဲ့(၁)။ ပုသိမ်ခရိုင်ကိုယ်စားပြု `ဝင်းလှိုင်မိုး´ဆိုင်းအဖွဲ့….
ပြိုင်ပွဲဝင် အဖွဲ့(၂)။မအူပင်ခရိုင်ကိုယ်စားပြု `စိန်ဘဌေး´ ဆိုင်းအဖွဲ့
ပြိုင်ပွဲဝင်အဖွဲ့(၃)။မြောင်းမြခရိုင်ကိုယ်စားပြု `ပင်လယ်မောင်´ ဆိုင်းအဖွဲ့
ပြိုင်ပွဲဝင် အဖွဲ့( ၄)။ဖျာပုံခရိုင်ကိုစားပြု `အောင်မင်းနောင်´ဆိုင်းအဖွဲ့နဲ့…..
ပြိုင်ပွဲဝင် (၅)။ဟင်္သာတခရိုင်ကိုယ်စားပြု `မင်္ဂလာ သီတာစိန်´ ဆိုင်းအဖွဲ့တို့ဖြစ်ပါတယ်…
….ဟာ….
…ဟင်…
…အလို……
…ဘယ်နဲ့ ယောင်္ကျားတွေပြိုင်တဲ့အထဲ မိန်းမက ကပ်ပါလာတာလဲ….
….ကြည့်နေ…..ပုံစံမကျရင် ပြောင်းဖူးရိုးနဲ့တွေ့မယ်…..
…..” ဆိုင်း၅ဖွဲ့ထဲတွင် မိန်းမဆိုင်းတဖွဲ့ပါလာသဖြင့် ပွဲ့ကြည့်ပရိသတ်က ထင်ကြေးအမျိုးမျိုးပေးကျသည်။
……ဆက်လက်ပြီး ခရိုင်ကိုယ်စားပြုဆိုင်းအဖွဲ့များဟာ အစီစဉ်အတိုင်း တဖွဲ့ချင်းယှဉ်ပြိုင်တီးမှုတ်ကျသည်။
……
….တဖွဲ့ကို ၁၀မိနစ်တဖြတ်စီ နာရီဝက်ယှဉ်ပြိုင်ရပါတယ်။
မိနစ်ပြည့်ရင်တော့ ဒိုင်အဖွဲ့က ဘဲလ်တီးပြီး ယှဉ်ပြိုင်မှုကိုရပ်ခိုင်းပါတယ်….
…ဒါ့ကြောင့် အချိန်ကို အပိုအလိုမရှိ ကွက်တိကျဘို့ အထူးအရေးကြီးပါတယ်။
….ပြိုင်းပွဲစသည်နှင့် ပုသိမ် ၊ မအူပင် ၊ မြောင်းမြ အဖွဲ့က ပထမround အနေနဲ့ ကြိုက်နှစ်သက်ရာ ဗျော တပုဒ်စီကို အဆိုများခင်းပြီး ၁၀မိနစ်စီ ဖျော်ဖြေကျပါတယ်။
…..ပထမလေးဖွဲ့ရဲ့ ဖျေဖြော်မှုတွေဟာ ပညာရှင်အဆင့်တွေမို့ တမျိုးစီ ကောင်းလှသည်။
…သို့သော်….ဖခင်စိန်သောင်း၏ အောက်သက်ကျေအောင် သင်ကြားလေ့ကျင့်ခဲ့တဲ့ “သီတာစိန်” ဆိုင်းအဖွဲ့က သူတို့လောက်တော့ အသာလေးတီးနိုင်ပါသည်။
…ဒါပေမဲ့ အခုတီးမှာကပြိုင်ပွဲလေ…သူတို့ထက်ချွန်အောင်ကောင်းမှ အမှတ်တက်မှာမို့လား……
….အခုခက်နေတာက ကျန်းမာရေးသိပ်မကောင်းတဲ့မြသီတာပဲ…..ပြိုင်ပွဲကိုလာခါနီး ပုလင်းကြီးတလုံးချိတ်လာရသေးတယ်………ငှက်ဖျားပေမို့ သောင်သောင်မာမာမရှိနိုင်သေး….
….ထားတော့….အခု အလှည့်ကျပြီ…
…စိန်သောင်းရဲ့သမီး သီတာစိန်ဆိုတာ တော်ယုံနဲ့ အသဲငယ်တတ်သူမဟုတ်…ယောကျားကြီးတွေကြားကို ဇရှိလို့ဝင်လာတာ…..
…..ဝိုင်းထဲမှာလဲမသွားမချင်းယှဉ်ပြမယ်တော်ရေ့….
….စဉ်ပေါ်ကိုမြသီတာတို့အဖွဲ့ရောက်တော့…ပရိပ်သပ်က အထင်သေးတဲ့အကြည့်နဲ့ကြည့်ကျသည်။ တချို့လူငယ်တွေဆိုရင် အော်ဟစ် ဝေဘန်တဲ့အထိလွန်ကဲကျသည်…..
….ပြိုင်ပွဲစဘို့ ဘဲလ်တီးလိုက်ရင်ပဲ လူရွှင်တော်လောရှည်က…
..”” မင်္ဂလာပါ ကျွန်တော်တို့ပြိုင်ပွဲဝင်မဲ့ဗျောရဲ့အမည်က …နေဝင်ပြီး၍မိုးသောက်သည်လို့ အမည်ရပါတယ်……
……ကိုင်း…..သမီးလေးသီတာစိန်ရေ နေဝင်ဗျောလေး အစချီလိုက်စို့…..
…ပ..ပုံ့….ပလုံ……..ပတ်…..ဂျေးး……..
…..♬ ♬ ……..♪ ♪ ♪ ♪ ♪ ♪
..♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬
….ပုံပုံ…ပုံ…….ပပုံ….ပုံ……ပလုံ….ပပလုံ……
…..မြသီတာက နေဝင်ဗျောကို ခြေဆင်းလိုက်သည်နှင့်
….နှဲဆရာ ထော်ကြီးက နှဲကြီးရေကင်း အတောအတိုင်း ပညာသားပါသော နှဲပညာဖြင့် လိုက်လာသည်…..နှဲအချီ နှဲအချနှင့် ပတ်လုံးပိတ်သံကိုလိုက်ပြီး မောင်းသမားက တချက်ချင်းထုပေးသည်။
…ထို့နောက် အဆိုတော်သက်ထွေးက ဗျောသံနဲ့လိုက်ပြီး သီချင်းတပုဒ်ကိုလိုက်ဆိုပါသည်……
“”” ♬ ♬ အောင်မင်္ဂလာ ヅ ヅ သိင်္ဂါဆောင်ဗွေ တောင်ခြေရစ်သန်း★ ♡ ♡ ♪ ♪ ♪ စင်္ကြာဆူဆူ ရတော်မူ ရှစ်ဖြူကာလွှမ်း…*** ကျက်သရေလျှမ်း♬ ♬ ♬ ပြည်တော်ရွှေမန်းး ငါးထောင်သိုက်ကျမ်း♪ ♪ ♪ စိုက်နန်းရယ် စိုက်နန်းရယ်♪ ♪ ♪ ♪ တည်တော်မူ♪ ♪ ♪ ♪
……သို့ပေကွယ် နယ်ချဲ့ဘီလူး…..ရူးမူးလို့မွှေချီနှောက်တော့….ပျောက်ရှာပေါ့ရွှေမှန်ကင်းရယ်….ချုံးရှာပေါ့လေး…….♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪
….ထို့နောက် နေဝင်ဗျောကနေ မိုးသောက်ဗျော`မင်္ဂလာဗျော´ သို့ အလိုက်သင့်ပြောင်းလိုက်ပြီး ခက်မြိုင်မြိုင်လေးတီးလိုက်သည်…….
…”””..မြန်မာပြည်ခတ်ပြောင်းလို့…သူ့ကျွန်ကလွတ်ခဲ့ပြီကွယ်……♬ ♬ ဘာမထီ အားဇာနီတို့ ပေါင်းစုလိုညီခဲ့လေပြီ……မြင်ရပြီကွယ်…အရှေ့ဖျားဆီက လင်းရောင်ခြည်..♪ ♪ ♪ ..တစခန်းထတော့မည့် မြန်မာပြည်ရယ် ဦးမော့ကာ မော်လို့ကြွား…မောင်တို့မယ်…ပေါင်းညီလို့ရယ် ခိုင်မာတဲ့လွတ်လပ်ရေးကို အဒွန့်ရှည် တည်တံ့ဘို့ရယ်…အဓိဌာကြမယ် မနှေး….အေး…ဟေး……ပုံ….ပပုံ..ပလုံပလုံ….ဒူ………….♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ★ ★ ★ ★ ♬ ♬ ♬ ★ ★ ♪ ♪ ♪ ♪ ♪ ♪ ♪
….အိုး….
…အမလေး….
…ကြက်သီတွေထလိုက်တာ..
…အဲ့…အဲ့ဒါမှ ဗျောသံအစစ်ဟ…
…တော်လိုက်တဲ့မိန်းမ…
…ဟေးး…သီတာစိန်ကွ….
…တကယ့်အာဂ မိန်းမ…..
..ရွှီ….ရွှီ….ဖြောင်းဖြောင်း…………
….ဗျော်သံ၁၀မီးနစ်ပြီးတော့ မြသီတာတို့အဖွဲ့ကို ပရိသပ်ကြီးက တခဲနက်အားပေးကျသည်…….
……ဆက်လက်ပြီး လက်စွမ်းပြ၁၀မီးနစ်ကို အခြားအဖွဲ့များက ဆက်လက်ပြိုင်ပွဲဝင်ကျသည်။
….လက်စွမ်းပြမို့ စည်းဝါးသမားနဲ့ ဆိုင်းသမား၂ဦးသာ ပါဝင်ယှဉ်ပြိုင်ရသည်။
…လက်စွမ်းပြမှာလဲ ကျန်လေးဖွဲ့ရဲ့လက်သံတွေဟာ သူမသာကိုယ်မသာ အကြိတ်အနယ်ဖြစ်သည်။
…ဒီ လက်စွမ်းလောက်တော့ မြသီတာလဲ ချီနိုင်ပါတယ်.သို့သော် ခက်နေတာက မြသီတာရဲ့ကျန်းမာရေး….
….ကျွန်မ…ကျွန်မခေါင်းတွေအရမ်းမူးနေတယ်..ကျွန်မမခံနိုင်တော့ဘူးထင်တယ်…
…..သမီး…အတော်မူးလို့လားဟင်…..
…ဟုတ်တယ်ဦးလောရှည်…အရမ်းလဲမောတယ်….ဒီတိုင်းဆို ဝိုင်းထဲမှာကျွန်မလဲသွားလိမ့်မယ်။
…ဟေ
…ဒါဆို ခက်ကုန်တော့မှာပဲသမီးရယ်…..
….တကယ့်အချိန်မှ ဖြစ်ရတယ်လို့…ဦးတို့လဲ စိတ်မကောင်းလိုက်တာ….အမှတ်က ဦးတို့အဖွဲ့သာနေပြီကွဲ့…ဟင်းးး
…ထိုအချိန်မှာ မြာသီတာ၏နားထဲသို့ လူတဦး၏အသံဝင်လာသည်။
.”..ဟေ့ မြသီတာ သမီးလေး…
..ဘာမှမပူနဲ့ ဝိုင်းထဲကိုသာရောက်အောင်သွား အဖေလာခဲ့မယ်….”
…..ဟင်….
…အဖေ….အဖေရေ
…အဖေဘယ်မှာလဲ…..
…အဖေ့အသံကိုသမီးကြားလိုက်တယ်..
…အဖေ….အဖေရေ….အီးးဟီးးဟီးး
…သမီး…စိတ်ထိန်းလေကွယ်…..
….သမီးအဖေကို စိတ်စွဲနေတာလား..
…….စင်ပေါ်တက်ရတော့သမီး….
….သတိထား…..
…ဟုတ်တယ်…ကျွန်မစင်ပေါ်ကိုတက်ရမယ်…..ရွာစား စိန်သောင်းရဲ့သမီဆိုတာ ဘာလိုမိန်းမမျိုးလဲဆိုတာ အားလုံးသိရမယ်….
…မြသီတာဟာ ဟန်ကိုယ်ကိုထိန်းပြီး ဆိုင်းဝိုင်းထဲကိုဝင်လိုက်သည်။ သို့သော် စိတ်ကသာဆောင်နေသော်လဲ ကိုယ်ကမလိုက်နိုင်ဖြစ်နေသည်….ဝိုင်းထဲကိုရောက်တော့ ပတ်လုံးတွေကိုကြည့်ပြီး မြသီတာရဲ့မျက်စိတွေပြာလာသည်။ မဖြစ်ဖူးသောစိုးရိမ်စိတ်တွေ့ကြောင့် ဇောချွေးတွေပါပြန်လာသည်။
….ထိုအချိန်မှာ ..
…သမီးလေး….
…ဟင်…အဖေ….
..ဒါ..ဒါ…အဖေ့ရဲ့အသံ…..အဖေဘယ်မှာလဲ….
….သမီးရဲ့ဘေးမှာလေ……
…အို….
……မြသီတာလှည့်ကြည့်လိုက်တော့ ဆိုင်းဝိုင်းရဲ့ဘေးမှာ မားမားကြီးရပ်နေသော ဖခင်ဖြစ်သူ ရွာစားစိန်သောင်းကိုတွေ့လိုက်ရသည်…
…ဘာမှမပူနဲ့…သမီးရဲ့မျက်စိကိုမှိတ်ထား အဖေဝင်တီးမယ်…….
….ဟုတ်…ဟုတ်ကဲ့ပါအဖေ……..
….ကျား…..
…စိန်သောင်းကွ…….
….ပလုံ ပလုံ…ပုံပုံ……****ပတ်ပတ်….ပလုံ…ပုံပုံ……..♬ ♬ ♬ ♬ ♬ ♪ ♪ ♪ ♪ ♪ ♪ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪ ♪
….အခြေခံ ၁၂ဆင့်….ပညာရှင် ၁၃ဆင့်….ကွက်ဆန်း၉ဆင့်ကို….အချီအချ..အဖွင့်အပိတ်..အဆင်းအတက်…..လှိုင်းကဲ့သို့ညိမ့်ခြင်း၊လေကဲ့သို့ထန်ခြင်း၊မီးကဲ့သို့ပူခြင်း၊ရေကဲ့သို့အေးခြင်း၊မြေကဲ့သို့ခိုင်မာခြင်း….စသောဆိုင်းပညာရှင်အဆင့်တွေကို အချိတ်အဆက်မိမိ လက်စွမ်းပြလိုက်ရာ ပရိသတ်ထုကြီးသာမက ဒိုင်လူကြီးများပါ မတ်တပ်ရပ်ပြီး လက်ခုတ်တီး သြဘာပြုကျလေသည်။
….ထို့နောက် နောက်ဆုံးပြိုင်ပွဲဖြစ်သည့် သီချင်းကြီးကဏ္ဏမှာ ဖခင်သင်ပေးဖူးသော ဗိုလ်ချုပ်အောင်ဆန်းဂုဏ်ပြုတေးကို မြသီတာက ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုဖြင့် ပြိုင်ပွဲဆက်ဝင်ပါသည်။
“” မှတ်မိသေးတော့လေ♬ ♬ ♬ …သတ္တိသွေးတွေမွေးထုတ်ခဲ့ပေ.♪ ♪ ♪ ♪ ..တို့ ဗိုလ်ချုပ်အောင်းဆန်းလေ..♬ ♬ .တို့ဗိုလ်ချုပ်အောင်ဆန်းလေ♬ ♬ ♬ ….`ရာဇဝင်သမိုင်းတခါတ်….ဆန်းသစ်လာပေ……♬ ♬ ..ရာဇဝင်သမိုင်းတခါတ်ဆန်းသစ်လာပေ´♪ ♪ ♪ …ဒို့ပြည်…ဒို့မြေ…ဒို့ရဲ့အဖေတွေ တည်ဆောက်ခဲ့ကျပေ..♬ ♬ ♬ …နားမျက်စိတွေ ပွင့်ခဲ့ကျသလေ♪ ♪ ..လွတ်လပ်တဲ့♬ ♬ ..ထွဋ်မြတ်စံဌာနေ….♪ ♪ ♪ ♪ ♪
…မြသီတာ၏ဆိုင်းသံနှင့် သီချင်းသံကြောင့် ပရိသတ်ထုကြီး၊ဒိုင်အဖွဲ့ဝင်များနဲ့ ပြိုင်ပွဲဝင်ဆိုင်းအဖွဲ့များဟာ သတိကိုမတ်နေအောင်ဆွဲပြီး ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်မှန်းပြီး အလေးပြုခဲ့ကျလေတော့သည်။
……………………………
….”” ဆိုင်းပြိုင်ပွဲကြီးလဲပြီးပါပြီ
….ခုဆို မြို့စားဆိုတဲ့ ပထမဆုကြီးနဲ့အတူ မြသီတာတို့အဖွဲ့ ပြည်တော်ပြန်ခဲ့ပါပြီ…..ဟင်္သာတမြို့ လူထုကလဲ တခဲနက်ကြိုဆိုကျသည်။
……….အိမ်ကိုပြန်ရောက်ပြီးနောက်တမနက်မှာ သံဃာ၅ပါးကို အိမ်မှာပင့်ပြီး ဆိုင်းကိုစွဲတဲ့စိတ်နဲ့ မကျွတ်မလွတ်ဖြစ်နေသော ဖခင်ကြီး ရွာစားစိန်သောင်းကို တရားနာရေစက်ချပြီး အမျှဝေပေးခဲ့ပါသည်။
…..အမျှဝေပြီးသောအခါ အိမ်အနောက်ခန်းဆိုင်းဝိုင်းထဲမှ ဘယ်သူမှမတီးပဲ ပေါ်ထွက်လာသော ဆိုင်းသံ ဗုံသံများကို နောက်ဆုံးအနေနဲ့ကြားလိုက်ရပါတော့သည်ခင်ဗျာ……. #မောင်ဂေါ်လီ(ဟင်္သာတ)