————–
ဒေါ်အေးရီသည်ဒီလကုန်ရင်စုငွေသုံးသိန်းထုတ်
ရမည်ဖြစ်သဖြင့် ပျော်နေမိလေသည်။နေ့စဉ်စျေးဖိုးထဲမှ
ချွေတာပြီး တစ်နေ့တစ်ထောင်စုထားရာ တစ်လတစ်ခါ
ထုတ်ဖြင့် သူမလိုအိမ်ရှင်မများဆယ်ယောက်စုပေါင်းပြီး
စုကြရာ ဒေါ်မြရီမှာနံပါတ်(၈)မို့နံပါတ်(၇)သမားထုတ်
ပြီးသွား၍ ယခုသူမအလှည့်ရောက်တော့မည်ဖြစ်လေ
သည်။ဈေးသွား၍မုန့်ဟင်းခါးသည်ရှေ့ကအဖြတ် ဟင်း
ရည်နံ့ကလေးမွှေးနေလို့ ဗိုက်ဆာပြီးဝယ်စားချင်တာတောင်
စားပဲခြိုးခြံချွေတာကာ နေခဲ့ရသော၊ရှိတဲ့ထမိန်လေးများ
ဟောင်းနေလို့ ပါတိတ်အဆင်လှလှလေးမြင်ရင်တောင်
မဝယ်နိုင်ပဲ စုထားရသောငွေလေးဖြစ်လေသည်။
စုငွေလေးထုတ်ပါကကွယ်လွန်သွားပြီဖြစ်သော
အဖေနှင့်အမေ့အတွက်ရည်စူးပြီး ဘုန်းကြီးကျောင်းသို့
သင်္ကန်းတစ်စုံနှင့်ဆွမ်းချိုင့်လေးလည်းကပ်ချင်လေသည်။
ကလေးတွေအဖေအတွက်လည်း အင်္ကျီ၊ပုဆိုးတွေလည်း
လေးငါးစုံဝယ်ပေးချင်သေးသည်။သူ့ခမျာရုံးမှာလုပ်နေရ
သည်ဆိုသော်လည်းအဝတ်အစားသစ်သစ်လွင်လွင်မရှိ။
ခပ်နွမ်းနွမ်းလေးတွေကိုသာဝတ်နေရရှာလေသည်။
အစားကောင်းကြိုက်သော သားကြီးကကြက်လျှာစွန်း
ဒံပေါက်စားချင်သည်ပူဆာထားသည်မှာကြာလှပြီဖြစ်လေ
သည်။တစ်ယောက်တည်းကွက်ဝယ်ကျွေးလို့လည်းမကောင်း
အကုန်လုံးကိုဝယ်ကျွေးဖို့လည်း မတတ်နိုင်သဖြင့်ငြိမ်နေ
ရလေသည်။
စုငွေလေးထုတ်ရင်တော့တစ်အိမ်လုံးကိုဝယ်ကျွေး
လိုက်ဦးမည်စိတ်ကူးလိုက်ပြန်သည်။သမီးအငယ်မလေးက
လည်းနာရီအသစ်လေးလိုချင်တာကိုလည်းဝယ်ပေးရဦးလေ
မည်။သူ့နာရီလေးလည်းတော်တော်စုတ်နေလေပြီဖြစ်လေ
သည်။ပိုတဲ့ပိုက်ဆံလေးအား စုထားရလေမည်။
ကလေးတွေအဖေလခနှင့် တစ်လတစ်လမနည်း
လောက်အောင်သုံးနေရသဖြင့် လမ်းထဲရှိသာရေး၊နာရေး
များကိုမသိဟန်ဆောင်ကာ နေနေရသည့်အခါမျိုးများ
လည်းရှိလေသည်။ထိုအခါမျိုးတွင်မျက်နှာပူရလေသည်။
ပိုက်ဆံလေးအနည်းငယ်ကိုင်ထားနိုင်တော့ သာရေး၊
နာရေးများတွင်နည်းနည်းပါးပါးထည့်နိုင်တော့ တော်သေး
သည်ဟုဆိုရလေမည်။
“မအေးရီရေ မအေးရီ”
“ဟဲ့မအေးရီ အောင်မလေးအော်မကြားခေါ်မကြားနဲ့
ဘာတွေတွေးနေတာလဲဟဲ့”
“ရှင်……အော်….. ကြီးကြီးမြလာလေရှင်”
ဒေါ်အေးရီစုငွေထုတ်ရင်ဘာလုပ်မယ် ညာလုပ်မယ်
စဉ်းစားနေရာမှ လမ်းထိပ်ကဒေါ်မြမြကြည်ရောက်လာ
သဖြင့် အတွေးစပြတ်သွားလေသည်။ဒေါ်မြမြကြည်မှာ
သူမအိမ်သို့မလာလည်ဖူးသဖြင့်လည်း အံ့ဩနေမိလေ
သည်။
“ထိုင်ပါဦးကြီးကြီးမြ အေးရီလက်ဖက်အုပ်လေးသွား
ယူလိုက်အုံးမယ်နော်”
“နေပါစေအေ မယူနဲ့တော့လက်ဖက်စားရင် ရင်တုန်
တတ်လို့ မစားတော့ဘူး ညည်းကိုပြောစရာရှိလို့”
“ဟုတ် ဟုတ်ကဲ့ကြီးကြီးမြ”
ကြီးကြီးမြစကားကြောင့်မီးဖိုချောင်ထဲမှ လက်ဖက်အုပ်
ကိုသွားမယူတော့ပဲ ဒေါ်အေးရီထိုင်လိုက်ကာဒေါ်မြမြ
ကြည်ပြောမည့်စကားကို နားစွင့်နေလိုက်လေသည်။
“ညည်းအာမခံပေးလို့ငါပိုက်ဆံချီးပေးလိုက်တဲ့ စိုးစိုးလွင်
လေရိုင်းလိုက်တာများအေ အခုတလောအတိုးလာမပေး
တာနှစ်လကျော်သွားလို့ မနေ့ကငါသွားတောင်းတာကို
ငါ့ကိုရန်တွေ့လွှတ်တယ်လေ ဆပ်စရာပိုက်ဆံမရှိဘူး
သူပေးတဲ့အတိုးကလည်းအရင်း နီးပါးလောက်ရှိနေပြီမို့ မပေးနိုင်တော့ဘူးတဲ့ မကျေနပ်ရင်ကြိုက်ရာသွားတိုင်
တဲ့လေ”
“ငါကသူ့လိုအစားမျိုးကိုချီးမှာတဲ့လား အေးရီနင်ကတာ
ဝန်ယူပါတယ်ဆိုပြီး အာမခံပေးလို့သာချီးလိုက်တာလေ
လာချီးတုန်းကတော့မျက်နှာငယ်လေးနဲ့ ခုကျတော့
မျက်နှာကတင်းမာနေလိုက်တာ လူကိုထွက်ရိုက်တော့
မယ့်အတိုင်းပဲ”
“ဘာဖြစ်ဖြစ်နင့်သူငယ်ချင်း နင်တာဝန်ယူထားတာဆို
တော့ နင်ပဲပြန်တောင်းပေးတော့ ရိုင်းစိုင်းတဲ့ဟာမ
နဲ့ပြိုင်ပြီးရန်မဖြစ်ချင်တော့ဘူး ”
“ရှင် ဘယ်လိုဖြစ်တာလဲကြီးကြီးမြရယ် စိုးစိုးကအရင်
ကဒီလိုလူစားမဟုတ်ပါဘူး ခုမှဘယ်လိုဖြစ်သွားလဲ
မသိဘူး ကျွန်မပြောကြည့်ပေးပါဦးမယ်ရှင်”
“ပြောကြည့်ရုံနဲ့မရဘူးမအေးရီ ပိုက်ဆံကိုရအောင်
တောင်းပေးရမှာ ညည်းအာမခံထားတော့ညည်းမှာ
တာဝန်ရှိတယ် ရအောင်တောင်းပေး မရရင်တော့
ညည်းလျော်ရမှာနော် သူမဆပ်ရင်ညည်းဆပ်ပါ့မယ်ဆို
ပြီးအာမခံလို့ငါကချေးလိုက်တာ ညည်းမလျော်ချင်ရင်
တော့ရအောင်တောင်းပေး ဒါပဲ ငါပြန်တော့မယ်”
ဒေါ်မြမြကြည်ကသူပြောချင်ရာတွေ စွတ်ပြောပြီး
ပြန်သွားလေသည်။
ဒေါ်စိုးစိုးလွင်ကဒေါ်အေးရီအထက်တန်းကျောင်း
သူဘဝကိုးတန်း၊ဆယ်တန်းတွင်ခင်လာသောသူငယ်ချင်း
ဖြစ်လေသည်။အထကကျောင်းတူသော်လည်းရပ်ကွက်မ
တူကြပေ။ဒေါ်အေးရီအလယ်တန်းအောင်တော့ ရပ်ကွက်
ထဲမှာအထက်တန်းကျောင်းမရှိသဖြင့် ကျောင်းပြောင်း
တက်ရခြင်းဖြစ်လေသည်။ဒေါ်အေးရီရောဒေါ်စိုးစိုးလွင်ပါ
ဆယ်တန်းမအောင်ကြပေ။ဒေါ်အေးရီကဆယ်တန်းနှစ်နှစ်
ကျ၍ကျောင်းထွက်ပြီးအလုပ်လုပ်ရသဖြင့် သူငယ်ချင်း
တွေနှင့်သိပ်မဆုံဖြစ်တော့ပဲ အိမ်ထောင်ကျပြီးကလေး
နှစ်ယောက်ရမှ ကျောင်းတုန်းကသူငယ်ချင်းတွေနှင့်
ပြန်တွေ့ဖြစ်လေသည်။
ထိုအထဲတွင်စိုးစိုးလွင်လည်းပါလေသည်။ရံဖန်
ရံခါဆိုသလိုဈေးထဲမှာဖြစ်ဖြစ် ကလေးတွေကျောင်းမှာ
ဖြစ်ဖြစ်ဆုံမိကြလေသည်။သီးသန့်တော့မတွေ့ဖြစ်ကြပေ။
အိမ်ထောင်ကိုယ်စီ ကလေးကိုယ်စီနဲ့မို့ကိုယ့်အလုပ်
နှင့်ကိုယ်မအားကြပေ။
တစ်နေ့တွင်ဒေါ်အေးရီထံသို့ဒေါ်စိုးစိုးလွင်
ရောက်လာခဲ့လေသည်။
“အေးရီ အေးရီရှိသလားဟေ့”
အိမ်ရှေ့မှခေါ်သံကြောင့် နောက်ဖေးတွင်
အိုးခွက်ပန်းကန်များဆေးနေသော ဒေါ်အေးရီတစ်
ယောက်အိမ်ရှေ့သို့ထွက်လာခဲ့လေသည်။
“စိုးစိုးပါလား မလာစဖူးအလာထူးလို့ပါလား နင့်ကို့
မတွေ့တာတောင်ကြာနေပြီ ဈေးတွေဘာတွေရော
လာတာမတွေ့ဘူး နေကောင်းရဲ့လား
လာအိမ်ပေါ်တက်ထိုင်အုံးလေ”
ဒေါ်အေးရီဖိတ်ခေါ်သဖြင့် ဒေါ်စိုးစိုးလွင်အိမ်ပေါ်တက်
လာလေသည်။
“လူကနေကောင်းပါတယ်ဟာ စိတ်ညစ်နေလို့
ဈေးတောင်မသွားဖြစ်ပါဘူး ဒါနဲ့အိမ်မှာ
ဘယ်သူမှမရှိကြဘူးလား နင်တစ်ယောက်တည်းလား”
“ဟုတ်တယ်ငါ့ယောကျာ်းကရုံးသွားတယ်
ကလေးနှစ်ယောက်က ကျောင်းသွားတယ်လေ
ဒါနဲ့နင်ဘာဖြစ်လို့စိတ်ညစ်နေတာလဲ စိုးစိုး”
“ငါ့ယောကျာ်းသူ့အလုပ်ရှင်နဲ့ ရန်ဖြစ်ပြီး အလုပ်ထွက်
လိုက်လို့ အလုပ်မရှိတော့ကြာနေပြီလေ
ငါတို့အိမ်ကလည်းငှားနေရတာဆိုတော့
လတိုင်းအိမ်လခပေးရတယ်လေ မပေးနိုင်တာကြာလို့
အိမ်ရှင်ကနှင်ချနေပြီ ကလေးတွေလည်းကျောင်းမ
တက်နိုင်တာကြာပြီလေ စားဖို့တောင်အနိုင်မို့မို့
ကျောင်းမပို့နိုင်တော့ဘူး”
“အဲဒီလောက်ထိတောင်အခြေအနေစိုးနေရလား စိုးစိုး
ရယ် ကြားရတာစိတ်မကောင်းလိုက်တာ”
“ငါတို့အိမ်မှာငါ့ယောကျာ်းလုပ်စာတစ်ခုတည်းရှိတာလေ
အပိုစုဆောင်းထားတာလည်းမရှိတော့ သူအလုပ်မရှိဘူး
ဆိုတာနဲ့စားဖို့ပါမရှိတော့တာ ဟိုတလောကတော့ငါဈေး
ရောင်းကြည့်ပါသေးတယ် ရောင်းနေမကျတော့ရှုံးလို့
အကြွေးတောင်တင်သွားသေးတယ်”
“လူတွေကလည်းအတ္တကြီးကြပါတယ်ဟာ
ငါ့မှာရှိရင်သာကျွေးရမွေးရတာ ငါ့မှာမရှိတော့ နည်းနည်း
လေးတောင်မချေးငှားချင်ကြဘူး”
စိုးစိုးစကားကြောင့်ဒေါ်အေးရီသက်ပြင်းချမိလေသည်
ဟုတ်တော့လည်းဟုတ်လေသည်။၊စိုးစိုးကလက်ဖွာလေ
သည်။သူ့မှာရှိရင်မနှမြောတတ်ပေ။ဘယ်သူ့ကိုမဆိုကျွေး
ချင်မွေးချင်သူဖြစ်လေသည်။
“ခုနင့်ဆီလာရတာလည်းမျက်နှာပူပူနဲ့ အကူအညီတောင်း
ချင်လို့ နင့်ဆီမှာပိုက်ဆံနည်းနည်းလောက်မရှိဘူးလား
ဟင် ငါ့ယောကျာ်းအလုပ်ရရင်ပြန်ဆပ်ပါ့မယ်ဟာ
အခုအိမ်လခလေးပေးချင်လို့ပါ စားစရာမရှိရင်တောင်မှ
နေစရာလေးရှိတော့ လမ်းဘေးမရောက်ဘူးပေါ့ဟာ”
ပြောရင်းနဲ့စိုးစိုးမှာမျက်ရည်များကျလာလေသည်။
“ဟင်း…….”
ဒေါ်အေးရီဒုတိယအကြိမ် သက်ပြင်းချမိလေသည်။
ငိုနေတဲ့စိုးစိုးကိုကြည့်ပြီးသနားမိသွားလေသည်။
“နင်ကဘယ်လောက်လိုနေတာလဲဟ”
“ငါးသိန်းလောက်ဆိုရပါပြီဟာ အိမ်လခလေးနဲ့လောလောဆယ်
စားဖို့လေးရရင်အဆင်ပြေပါပြီ”
သူမမှာလည်းအဲဒီလောက်များတဲ့ငွေပမာဏမရှိချေ။
ကလေးတွေအဖေလစာနှစ်သိန်းကျော်ကျော်နှင့် အိမ်စား
ရိတ်စားစရိတ်တောင်မနည်းလောက်အောင်သုံးနေရသ
ဖြင့်စုမိဆောင်းမိတာမရှိပေ။
“မငိုပါနဲစိုးစိုးရယ်တိတ်ပါ ငါလည်းရှိရင်ပေးလိုက်ချင်ပါ
တယ် နင်လည်းသိတဲ့အတိုင်းပဲလေ ငါ့ယောကျာ်း
ရုံးလစာကိုချွေတာသုံးနေရလို့ စုမိတယ်မရှိပါဘူးဟာ”
“အေးရီနင်မချေးနိုင်ရင်လည်း နင်တို့လမ်းထဲမှာငွေတိုး
ချေးတဲ့အဒေါ်ကြီးရှိတယ်မဟုတ်လားဟင် ငါ့ကိုသူ့ဆီက
ချေးပေးပါလား သူနဲ့ငါကမသိတော့ချေးပေးမှာမဟုတ်
ဘူး နင်လိုက်ချေးပေးရင်တော့ ချေးပေးမှာပါ”
“ငါ့ကိုဒီလောက်လေးတော့ကူညီပေးပါနော်”
“ကြီးကြီးမြကိုပြောတာလား ကြီးကြီးမြကအတိုးများ
တယ်ဟ သူ့ငွေကိုပြန်ဆပ်မှကြိုက်တာ မဆပ်ရင်
တရားစွဲတာတွေဘာတွေပါလုပ်တတ်တာ ဖြစ်ပါ့မလားဟ”
“ဖြစ်ပါတယ်ဟာ ဘယ်နည်းနဲ့ဖြစ်ဖြစ်ငါရအောင်ပြန်ဆပ်
မှာပါ ငါ့ယောကျာ်းသာအလုပ်ပြန်လုပ်ဖြစ်ရင်
ပိုက်ဆံပြန်ရမှာပါ နင်မျက်နှာမပျက်စေရပါဘူးဟာ
ငါကတိပေးပါတယ်”
“ကူညီပါသူငယ်ချင်းရယ်ဟာ ငါ့မှာအကူအညီတောင်းစရ
နင်ပဲရှိတော့လို့ပါ တခြားသူတွေဘယ်သူ့မှငါ့ကိုအကူ
အညီမပေးကြလို့ပါ နင်မှမကူညီရင် ငါ့ကလေးတွေ
လမ်းဘေးမှာနေရတော့မှာ ငါလည်းသေချင်နေပါပြီဟာ”
စိုးစိုးစကားကြောင့်ဒေါ်အေးရီး စိုးရိမ်သွားလေသည်။
“ဟယ်သေတော့မသေလိုက်ပါနဲ့ စိုးစိုးရယ်
နင်သေသွားရင်နင့်ကလေးသုံးယောက် ဘယ်လိုလုပ်မလဲ”
“အဲဒါကြောင့်မျက်နှာပူပူနဲ့နင့်ကို အကူအညီတောင်းနေရ
တာပေါ့အေးရီရယ် ငါ့ကိုကူညီပါနော် နင်ကလိုက်ပြော
ပေးယုံပါပဲဟာ နင်အပြောမခံရအောင် ငါပိုက်ဆံတွေ
ကိုပြန်ဆပ်မှာပါ ဒီလောက်တော့ငါ့ကိုကူညီပါနော်”
ဒေါ်အေးရီစိုးစိုးကိုကြည့်ပြီးသနားမိလေသည်။သူမလည်း
သူမယောကျာ်းသာအလုပ်မရှိတော့ပါက အပြင်အလုပ်
လည်းယောကျာ်းရကတည်းမလုပ်တော့သဖြင့် ဘာလုပ်
ရမှန်းသိတော့မှာမဟုတ်ချေ။စုဆောင်းထားတာလည်းမရှိ
သဖြင့်ဒုက္ခရောက်မှာကျိန်းသေလေသည်။သူမတို့ကအိမ်
ပိုင်ရှိ၍တော်သေးသည်ဆိုရလေမည်။စိုးစိုးတို့ကအိမ်ပိုင်
လည်းမဟုတ်သဖြင့် အိမ်ရှင်နှင်ချပါက သွားစရာနေရာ
လည်းရှိမည့်ပုံမပေါ်ချေ။
ကလေးသုံးယောက်ကျောင်းလည်းမထားနိုင်ဆို
သဖြင့်ပိုလို့သနားမိလေသည်။ငယ်ငယ်ရွယ်ရွယ်နှင့်
လမ်းဘေးရောက်သွားနိုင်သည်ဟုတွေးမိတော့ သူမကလေးနှစ်ယောက်ကိုပြေးမြကိုယ်ချင်း
စာလာလေသည်။ကျိန်းသေပြန်ဆပ်မည်ဟု ကတိအထပ်
ထပ်ပေးနေသဖြင့် သူ့ကိုကူညီတာကို ဒေါ်အေးရီ
အားမျက်နှာပျက်အောင်မလုပ်ဘူးဟုလည်းယုံကြည်မိလေ
သည်။ထို့ကြောင့်ဒေါ်မြမြကြည်ထံမှငွေငါးသိန်းလိုက်ချေး
ပေးရန်သဘောတူလိုက်လေသည်။
ဒေါ်မြမြကြည်ထံမှငွေချေးရန် အိမ်မှထွက်လာ
ခဲ့လေသည်။ဒေါ်အေးရီသည်တစ်သက်နှင့်တစ်ကိုယ်
မည်သူ့ဆီမှငွေမချေးဖူးသေးချေ။ဒေါ်စိုးစိုးလွင်ကိုသနား၍
သာငွေချေးပေးရန် ပထအဆုံးအနေဖြင့်ဒေါ်မြမြကြည်
ဆီလာခြင်းဖြစ်လေသည်။ဒေါ်မြမြကြည်ကဒေါ်စိုးစိုးလွင်
ကိုမရင်းနှီး၍ ငွေမချေးချင်ပေ။အင်တင်တင်ဖြစ်နေသ
ဖြင့် ဒေါ်အေးရီမှ
“အေးရီတာဝန်ယူပါတယ်ကြီးကြီးမြရယ် သူကျိန်းသေပြန်
ဆပ်မှာပါ”
“ဟုတ်ပါတယ်ကြီးကြီးရယ် ကျွန်မအရမ်းခက်ခဲနေလို့သာ
ချေးရတာပါ ပြန်ဆပ်မှာပါ အေးရီမျက်နှာပျက်အောင်
လည်းမလုပ်ပါဘူး”
“ငါကလူစိမ်းတို့ကိုယ်နဲ့မသိသူတွေဆို ပိုက်ဆံချေးလေ့
မရှိဘူး အေးရီနင်အာမခံနိုင်လား သူမဆပ်ရင်နင်ပြန်
ဆပ်ရမှာနော်”
ဒေါ်အေးရီဘာပြောရမှန်းမသိချီတုံချတုံ ဖြစ်နေသည်ကို
ဒေါ်စိုးစိုးလွင်မှ
“အေးရီခေါင်းငြိမ့်လိုက်ပါဟာ နင်ပြန်မဆပ်စေရပါဘူး
ငါပြန်ဆပ်မှာပါ ဒီအထိရောက်လာပြီးမှတော့ကူညီပါ
နော်”
မျက်နှာငယ်လေးနှင့်ပြောနေသော ဒေါ်စိုးစိုးလွင်ကြောင့်
ဒေါ်အေးရီလည်းမထူးတော့ပါဘူးဆိုပြီး
“အေးရီအာမခံပါတယ်ကြီးကြီးမြ သူမဆပ်ရင်အေးရီဆပ်
ပါ့မယ်”
“အေးရီအာမခံတယ်ဆိုရင်ပြီးရောလေ တစ်လမ်းထဲ
နေသူတွေမို့ယုံလိုက်တာနော် အတိုးက၁၅ကျပ်တိုး
ငွေထုတ်ပေးရင်တစ်လစာအတိုး နှုတ်ယူထားမှာနော်
ထုံးစံကိုသိတယ်မဟုတ်လား”
“ဟုတ်ကဲ့ပါကြီးကြီးမြ ကျေးဇူးတင်ပါတယ်”
“ချေးတာက၅သိန်းနော် အတိုးက၁၅ကျပ်တိုးဆိုတော့
တစ်လစာအတွက်၇၅၀၀၀ နှုတ်ယူထားလိုက်တယ်
ရော့ကျန်တဲ့ပိုက်ဆံ ၄သိန်း၂သောင်း၅ထောင်”
“ထပ်ပြောလိုက်အုံးမယ်နော်အတိုးမှန်မှန်ပေး တစ်နှစ်ပြည့်
ရင်အရင်းပြန်ဆပ်ရမယ် ထပ်ချေးချင်ရင်အရင်းပြန်ဆပ်ပြီး
မှထပ်ချေးမယ်”
“ဟုတ်ကဲ့ပါကြီးကြီး ကျေးဇူးအများကြီးတင်ပါတယ်ရှင်
ကျွန်မအတိုးလည်းမှန်မှန်ပေးပါ့မယ် အကြွေးလည်းကျေ
အောင်ဆပ်ပါ့မယ်”
ဟုစိုးစိုးလွင်မှကတိပေးစကားပြောရင်း ဒေါ်မြမြကြည်ကို
နှုတ်ဆက်ခဲ့လေသည်။
“အေးရီနင့်ကိုငါကျေးဇူးအရမ်းတင်ပါတယ်ဟာ
နင်ဘာလိုချင်လဲငါဝယ်ပေးမယ်”
“မလိုပါဘူးစိုးစိုးရယ် နင်ပြေလည်ရင်ပဲငါဝမ်းသာပါပြီ
ပိုက်ဆံကိုချွေတာသုံးဟ မရှိရင်ရှာရခက်တယ်
နင့်ယောကျာ်းအလုပ်မြန်မြန်စနိုင်အောင်သာကြိုးစား
အတိုးနောက်ကျရင်အပြောခံနေရအုံးမယ်
အလုပ်ကြိုးစားပြီးပိုက်ဆံသာကြေအောင်ဆပ်နော်
ငါကအာမခံထားရတာ ငါ့မှာစိုက်ဆပ်စရာမရှိဘူးဟ”
“အေးပါဟာစိတ်ချပါ နင်စိုက်ဆပ်ပေးစရာမလိုပါဘူး
ငါအကုန်ဆပ်မှာပါ”
စိုးစိုးလွင်၏ထိုသို့သောစကားကိုယုံစားပြီး ဒေါ်အေးရီ
အေးအေးဆေးဆေးနေမိလေသည်။စိုးစိုးလွင်လည်းရှေ့ပိုင်း
တွင်အတိုးမှန်မှန်ပေးသဖြင့်ဘာပြဿနာမှမရှိခဲ့ပေ။ယခု
တော့ဘယ်လိုဖြစ်ကြမှန်းမသိချေ။မိမိခေါင်းခံထားသည့်
ကိစ္စမို့ဒေါ်အေးရီ စိုးစိုးလွင်အိမ်သို့လိုက်သွားခဲ့လေ
သည်။
“စိုးစိုးရေ စိုးစိုးရှိသလား”
ဒေါ်အေးရီခေါ်သံကြောင့်ဒေါ်စိုးစိုးလွင်အိမ်ပြင်သို့ထွက်လာ
ခဲ့လေသည်။ဒေါ်အေးရီကိုမြင်တော့ မျက်နှာခပ်တင်း
တင်းဖြင့်
“ဘာကိစ္စလဲအေးရီ”
ဟုအသံပြတ်ဖြင့်မေးလေသည်။အိမ်ထဲဝင်ပါဦးဟုပင်မခေါ်
ချေ။
“စိုးစိုးနင်ကြီးကြီးမြကိုအတိုးမပေးဘူးဆို ငါ့ကိုလာပြော
နေတယ်”
“ပေးစရာမလိုတော့ဘူးထင်လို့မပေးတာလေ အဲဒီအဘွား
ကြီးကလောဘကိုကြီးတယ် ငါပေးတဲ့အတိုးကအရင်း
တောင်ကျော်နေပြီကိုဘယ်အချိန်ထိလိုချင်နေလဲမသိဘူး”
“ဟဲ့နင်အဲလိုပြောလို့မရဘူးလေ သူကအတိုးလိုချင်လို့
ကိုငွေတွေလုံးခနဲပေးထားတာလေ ငွေရင်းပြန်မဆပ်
နိုင်သမျှတော့အတိုးပေးရမှာပဲလေ သူလည်းအမြတ်လို
ချင်လို့ပိုက်ဆံတွေအများကြီးကို သူစိမ်းလက်ထဲပုံအပ်
ရတာလေ နင်သဘောတူလို့ချေးထားတာကို အရင်း
ကျေအောင်တော့ဆပ်ရမှာပဲလေ”
“မပေးနိုင်ဘူးဟာ ပေးစရာလည်းမရှိဘူး ငါတို့တောင်
စားဖို့အနိုငိနိုင်ကို အကြွေးလာတောင်းနေသေးတယ်”
“စိုးစိုးနင်စကားကိုဆင်ခြင်ပြောနော် ချေးတုန်းကတော့
ငိုယိုပြီးချေးပေးပါဆိုလို့ ငါအာမခံပြီးချေးပေးထားတာ
နင်ပဲငါ့မျက်နှာပျက်အောင်မလုပ်ပါဘူးဆို နင်ယူထား
တာမဆပ်ရင်ငါ့ခေါင်းပေါ်ပုံကျလာလိမ့်မယ် ငါစိုက်ဆပ်
စရာမရှိတာလည်းနင်သိသားနဲ့”
“အဲဒါတော့ငါလည်းမတတ်နိုင်ဘူး အေးရီ
နင်မကျေနပ်ရင် ငါ့အသားသာလှီးယူသွားပြီး
အဲဒီအဘွားကြီးကိုသွားပေးလိုက် မရှိပါဘူးဆိုတာကို
ငါကဘယ်ကရှာပေးရမှာလဲ”
“နင်တော်တော်တရားလွန်တာပဲ သူငယ်ချင်းအချင်းချင်း
သနားလို့ချေးပေးတာကို မရှိလည်းကြံဖန်ပြီးဆပ်ပေး
ရမှာကို မဆပ်နိုင်ဘူးပြီးစလွယ်ပြောရလား အာမခံပေး
ထားရတဲ့ ငါ့မျက်နှာမှမထောက်”
“အဲဒါနင့်ကိစ္စလေ ငါနဲ့မဆိုင်ဘူး မကျေနပ်ရင်
တိုင်ချင်ရာတိုင် ငါကတော့မပေးနိုင်ဘူး
နောက်တစ်ခါငါ့အိမ်လည်းမလာခဲ့နဲ့ ကျက်သရေတုံး
လွန်းတယ်”
ဒေါ်စိုးစိုးလွင်ကဒေါ်အေးရီအားခပ်မာမာပြောကာ
အိမ်ထဲဝင်သွားလေသည်။ဒေါ်အေးရီတစ်ယောက်အသား
တဆတ်ဆတ်တုန်ပြီး ဒေါသထွက်ကာ အိမ်ရှေ့ကနေ
ဒေါ်စိုးစိုးလွင်ကြားအောင် အသားကုန်ကြုံးအော်ကာ
ရန်တွေ့လိုက်လေတော့သည်။
“ဘာ ကျက်သရေတုံးရအောင် ဘယ်သူအရင်လုပ်တာ
လဲ သူများပိုက်ဆံချေးပြီးရင်ပြန်ဆပ်ရမှာကို လူလိုမသိ
တဲ့နင်ကမှကျက်သရေတုံးတာ နင်သူများပိုက်ဆံပြန်မ
ဆပ်ရင်အဲဒီအိမ်မှာတိရိ စ္ဆာန်ဖြစ်မှာ ချေးပေးထားတဲ့
ငါ့မျက်နှာမှမထောက်မောက်မာနေလိုက်တာ နင့်ဆီက
ပိုက်ဆံအလကားလာတောင်းတာမဟုတ်ဘူး
နင်ယူထားတဲ့သူများအကြွေးပြန်လာတောင်းတာ ဟဲ့
မိန်းမယုတ်မရဲ့”
“အမလေးကြားလို့မှကောင်းသေးရဲ့လား အရပ်ကတို့ရဲ့
ငတ်ပြတ်နေလို့ပိုက်ဆံချေးပေးပါဆိုပြီး ငိုယိုအသနားခံ
နေလို့သနားပြီးချေးပေးလိုက်ပါတယ် ခုတော့မျက်နှာ
ပြောင်တိုက်ပြီးပိုက်ဆံကိုပြန်မဆပ်တဲ့အပြင် လူကိုရန်
တွေ့လွှတ်တယ် ဒါလားသူငယ်ချင်းတဲ့ အရှက်မရှိတဲ့
ကောင်မ မသာမ +×÷+×÷+×÷+×÷”
ဒေါ်အေးရီဆဲချင်သလောက်ဆဲ အိမ်ထဲကအရေးမလုပ်
ပေ။ကြာတော့ဘေးပတ်ဝန်းကျင်မှလူများ ဝိုင်းကြည့်နေ
သောကြောင့်ရှက်ပြီးဒေါ်အေးရီအိမ်သို့ပြန်လာခဲ့လေသည်။
ချေးထားသောပိုက်ဆံကို စိုးစိုးလွင်မဆပ်မှာ
သေချာနေပြီမို့ အာမခံချေးပေးမိသောသူမသာဆပ်ရ
တော့ချေမည်။စိုးစိုးလွင်ကအကြွေးမပေးချင်၍ရှောင်လို့ရ
သော်လည်း ဒေါ်အေးရီကတစ်လမ်းထဲနေတာမို့ရှောင်၍
မရပေ။သူမအာမခံထားသဖြင့် အကြွေးကိစ္စသူမခေါင်း
ပေါ်သာရောက်လာလေသည်။ခေါင်းရှောင်၍မရပေ။
သူမယောကျာ်းကိုမြင့်အောင်သိ၍လည်းမဖြစ်ချေ။သူမ
ယောကျာ်းကသူ့မတိုင်ပင်ရကောင်းလားဆိုပြီး အပြစ်
တင်နိုင်လေသည်။ဒေါ်အေးရီမှာစားလည်းဒီစိတ်၊အိပ်လည်း
ဒီစိတ်ဖြင့် မစားနိုင်မသောက်နိုင်နှင့် သောကပွေနေရ
လေသည်။နောက်ဆုံးတော့ဒေါ်မြမြကြည်အိမ်သို့သွားပြီး
တောင်းပန်ရလေသည်။
“အတိုးတော့လျှော့ပေးပါ ကြီးကြီးမြရယ်
ကျွန်မအခြေအနေလည်းကြီးကြီးမြသိတာပဲ
ကလေးတွေအဖေလစာနဲ့လောက်အောင်သုံးနေရတာမို့ပါ
ကျွန်မအာမခံထားတော့ ကျွန်မအရင်းငါးသိန်းကိုဆပ်ပါ့
မယ် လကုန်ရင်စုငွေသုံးသိန်းရတာနဲ့ပေးပါ့မယ်
ကျန်တဲ့နှစ်သိန်းကို တစ်လငါးသောင်းခွဲဆပ်ပါ့မယ်
ကျွန်မကိုကူညီတဲ့အနေနဲ့ လက်ခံပေးပါနော်ကြီးကြီးမြ”
“ဟင်း…….ညည်းအဖြစ်ကိုစိတ်မကောင်းပါဘူးအေ
ညည်းပြောသလိုပဲသဘောတူလိုက်ပါ့မယ်လေ
ကျုပ်အရင်းငါးသိန်းပြန်ရရင် ကျေနပ်ပါပြီလေ”
“နောက်ကိုမှတ်ထားအေးရီ ဘယ်သူ့ကိုမှယုံပြီးတော့
အာမမခံနဲ့ စေတနာရှိရင်ကိုယ်တတ်နိုင်သလောက်
ပေးကျွေးလိုက် သူတို့ပြန်မဆပ်တော့ကိုယ်ပဲဒုက္ခ
ရောက်ရတယ်မဟုတ်လား”
“ကျွန်မလည်းနောက်ဆိုအာမမခံတော့ပါဘူး ကြီးကြီးမြ
ရယ် တစ်ခါတည်းနဲ့မှတ်သွားပါပြီ ကျွန်မပြန်အုံးမယ်
ကြီးကြီးမြ ကျွန်မကိုနားလည်ပေးလို့ကျေးဇူးတင်ပါ
တယ်ရှင်”
ဒီနေ့၃၁ရက်နေ့လကုန်ရက်ဖြစ်သဖြင့်
ဒေါ်အေးရီစုငွေထုတ်လေသည်။သို့သော်သူမမပျော်နိုင်ပေ။
မိမိခြိုးခြံခြွေတာပြီး စုထားသောပိုက်ဆံလေး မသုံးမစွဲ
ရပဲသူများကိုအကုန်ပေးရလေတော့မည်။နှမြောလိုက်သည့်
ဖြစ်ခြင်းပင်။
“အမလေးအေးရီရယ် စုငွေထုတ်ရတာကိုပဲ
မျက်နှာမကောင်းဖြစ်နေရတယ်လို့ ညည်းကိုကျုပ်တို့က
မုန့်ဝယ်မကျွေးခိုင်းပါဘူးအေ့”
“မဟုတ်ပါဘူး ကြည်ပြာရယ် ငါစိတ်ညစ်နေလို့ပါ
ဟင်း…….ပိုက်ဆံကစုသာစုတယ် မသုံးရမစားရပဲနဲ့
ကြွေးဆပ်ရတော့မယ် ဟင်း…….”
“ဘယ်လိုဖြစ်တာလဲအေးရီ ညည်းပိုက်ဆံချေးတာငါဖြင့်
မကြားဖူးပါဘူး နင့်ယောကျာ်းကဝန်ထမ်းမဟုတ်လား
လကုန်တာနဲ့ပိုက်ဆံရတာကို ဘာလဲကိုမြင့်အောင်က
လစာအကုန်မအပ်ဘူးလား”
“ကိုမြင့်အောင်ကပိုက်ဆံအပ်ပါတယ် ငါအကြွေးဆပ်ရမှာ
စိုးစိုးလွင်ကြောင့်”
“စိုးစိုးလွင်ကြောင့်ဟုတ်လား”
ဒေါ်ကြည်ပြာမှာလည်း ငယ်ငယ်ကတည်းကခင်ခဲ့သော
သူငယ်ချင်းဖြစ်တာမို့စိုးစိုးလွင်ကိုသိလေသည်။ထို့ကြောင့်
ဒေါ်အေးရီသည်ဖြစ်ပျက်သမျှအကြောင်းစုံကိုရော
ရင်ထဲတွင်ခံစားနေရသမျှကို ဒေါ်ကြည်ပြာအားပြောပြ
လိုက်လေသည်။
“အပါရဲ့အေးရီရယ် စိုးစိုးလွင်နဲ့ပတ်သက်ပြီးနင်မသိဘူး
လား သူ့အကျင့်ဒီလိုပဲဟဲ့ သူများဆီကပိုက်ဆံချေးပြီး
ရင်ဘယ်တော့မှပြန်မဆပ်တတ်ဘူး ဒါကြောင့်သူ့ကို
သူငယ်ချင်းအားလုံးကရှောင်နေကြတာ”
“ဟုတ်လားငါမသိခဲ့ဘူး”
“အေးလေနင်ကသူနဲ့ကျောင်းတုန်းကပဲဆုံလိုက်ပြီး
အိမ်ပြောင်းသွားတော့ သူ့အကြောင်းဘယ်
သိလိုက်မလဲ သူကလက်ဖွာတယ် ပိုက်ဆံလက်ထဲရှိ
နေရင်ဝယ်ပစ်စားပစ်တယ် သူများတွေကိုလည်းကျွေး
တယ် မရှိရင်လည်းအတင်းလိုက်ချေးပြီး ပြန်မဆပ်
တတ်ဘူး”
“ငါတို့လည်းကိုယ့်မိသားစုနဲ့ကိုယ် အလုပ်ရှုပ်နေတော့
တစ်ရပ်ကွက်တည်းနေပြီး စကားမပြောမိကြဘူး
စိုးစိုးလွင်နဲ့နင်ပြန်တွေ့တာကိုလည်းမသိလိုက်ဘူး
သိရင်လည်းငါသတိပေးပါတယ်ဟယ် ခုတော့…….”
“ရပါတယ်ဟာ ငါကံပဲပေါ့ အရင်ဘဝကအကြွေး
ဆပ်ရတယ်ပဲထားလိုက်ပါတော့မယ်”
ဒေါ်ကြည်ပြာနှုတ်ဆက်ပြီးထွက်သွားလေသည်။
ဒေါ်အေးရီစုငွေထုတ်သောပိုက်ဆံသုံးသိန်းကို ဒေါ်မြမြ
ကြည်ကိုပေးပြီးအိမ်ပြန်လာခဲ့လေသည်။ကျန်သည့်ပိုက်ဆံ
နှစ်သိန်းကို နောက်လမှစ၍ တစ်လငါးသောင်းခွဲပေးရ
လေမည်။အိမ်ရောက်တော့စေိုးစိုးလွင်အကြောင်းကိုစဉ်းစား
နေမိလေသည်။ရုတ်တရက်ကြည့်ရင်တော့ ဒေါ်အေးရီ
သည်ဒေါ်စိုးစိုးလွင်ကိုယ်စားပိုက်ဆံစိုက်ဆပ်လိုက်ရသဖြင့်
ပိုက်ဆံငါးသိန်း မစားရမသောက်ရပဲဆုံးရှုံသွားသဖြင့်
နစ်နာသည်ဟုထင်စရာရှိလေသည်။တကယ်တမ်းတွေး
ကြည့်ရင်တော့ ဒေါ်အေးရီထက်ပိုဆုံးရှုံသူမှာဒေါ်စိုးစိုး
လွင်သာဖြစ်လေသည်။
ဒေါ်အေးရီကထိုပိုက်ဆံငါးသိန်းကို မသုံး
လိုက်ရတာတစ်ခုပဲရှိလေသည်။ဒေါ်စိုးစိုးလွင်ကား
ဂုဏ်သိက္ခာဆုံးရှုံးသွားလေသည်။ခင်မင်ရတဲ့မိတ်ဆွေ၊
အရေးကြုံလျှင်ကူညီပေးမည့် သူငယ်ချင်းကိုဆုံးရှုံသွား
ပြီဖြစ်လေသည်။ဒေါ်ကြည်ပြာမှတစ်ဆင့် တစ်ဆင့်
စကားတစ်ဆင့်နားဖြင့် သူငယ်ချင်း၊မိတ်ဆွေ၊အသိများ
အားလုံးသိသွားပြီး နောင်အခါတွင်အကူအညီဘယ်
လောက်လိုလို ကတိသစ္စာပျက်ယွင်းသောစိုးစိုးလွင်ကို
ဘယ်သူမှကူညီတော့မည်မဟုတ်ချေ။သူမသာမှန်မှန်ကန်
ကန်ပြန်ဆပ်ခဲ့ပါက နောင်အရေးကြုံရင်ကူညီမည့်သူ
ရှိမည်ဖြစ်သော်လည်း ကတိပျက်သောသူကို
ကူညီဖို့ဝေးစွ မိမိတို့လည်းခံရမှာကြောက်ပြီး မည်သူ
မျှအရေးမလုပ်ပဲရှောင်ကြသဖြင့် ဒေါ်စိုးစိုးလွင်ဟူသော
နာမည်မှာ လူမှုအသိုင်းအဝိုင်းကြားတွင် နာမည်ပျက်
စာရင်းဝင်သွားခဲ့လေသည်။
နာမည်ပျက်ရှိသူ၊ကတိသစ္စာမတည်သူကို
လူတွေရှောင်ကြသဖြင့် သူငယ်ချင်းကောင်း၊မိတ်ဆွေ
ကောင်းမရှိသဖြင့် ထိုသူ၏ဘဝသည်အရှုံကြီးရှုံးရပေ
တော့သည်။ထို့ကြောင့်အကြွေးပေးသူထက် သူများအကြွေး
မဆပ်သူက ပို၍ဆုံးရှုံးလေသည်။
ပြီးပါပြီ။
crd-ယုယုငယ်