#မောင်ညိုမှိုင်း (သန်လျင်)

(၁)

ငှက်ခါးတို့လူစု ဒီနေ့အတော့ကို သွေးကြွနေကြသည်။ ငှက်ခါးက ဝက်ထိုးလှံကို အင်ကြင်းကျောက်ပေါ်မှာ စူးမြနေအောင် သွေးလိုက်သည်။ ဒိုးလုံး၊ စိန်ကြီးနှင့် အောင်ရွှေကြီးတို့က ချက်အရက်ကို ချောင်း ကဏန်းချက်နှင့် သောက်လို့မြိန်နေဆဲ. . .

“ဗျို့ . . . ကိုငှက်ခါး”

“ဘယ်သူလဲကွ”

ငှက်ခါးက လှံသွားကို လက်နှင့်စမ်းရင်းက မေးလိုက်သည်။

“ကျုပ်ပါဗျ ဖျောက်ကြီးရ၊ လာတော့မလို့ပါပဲ။ ဝက်ဘယ်နှစ်ကောင်လဲကွ”

“ပထမတော့ သုံးကောင်ဗျ။ ဘကြီးမောင်ရဲ့ ရွာစုံအမျိုးတွေ ညအိပ်လာတာများလို့ နောက်ထပ်နှစ်ကောင် ပို့လိုက်ရတယ်”

“သောင်းညွန့်တို့အိမ်က ဝက်ပါလား”

“သူ့အိမ်ကသုံးကောင်လေ”

“နောက်နှစ်ကောင်က ဘယ်သူ့ အိမ်ကတုန်း ဖျောက်ကြီးရ”

“ကိုကျောပြားကြီးတို့တဲကတဲ့ဗျ”

ငှက်ခါး ဝက်ထိုးလှံကိုကိုင်၍ ထလိုက်ပြီး. . .

“ဟေ့ . . ဒိုးလုံးတို့၊ လက်စသတ်တော့ဟေ့။ အလှူအိမ်က ဝက်ပေါ်ဖို့ လာခေါ်နေပြီကွ”

“အေး..အေး… လက်ကျန်လေး ဖြတ်ပါရစေဦး ယောက်ဖရား၊ ဟေအေ့။ ဝက်သတ်ရတာဗျာ။ လူသတ်ရမှာ ကျနေတာပဲ အေ့”…

ဒိုးလုံးတို့လက်ကျန်ကို ကောက်မော့ပြီး ခုတ်ဓား ခြစ်ဓားများ ခါးကြားထိုး၍ အလှူအိမ်ရှိရာ ရွာလယ်ပိုင်းသို့ ထွက်လာခဲ့လိုက်ကြသည်။ ဦးဘမောင်တို့ အလှူမဏ္ဍပ်ကြီးမှ တွံတေးသိန်းတန်ရဲ့ “နှမလက် လျှော့နေလေတော့”သီချင်းက တစ်ရွာလုံးကို အုပ်စီးထား၏။

အသံချဲ့စက်ဟွန်းလေးလုံးက အရပ်လေးမျက်နှာကို လှည့်ဆင် ထားသမို့ တစ်ရွာလုံးသာမက ရွာနီးချုပ်စပ်များကပါ အတိုင်းသား ကြား ကြရ၏။

ဦးဘမောင်တို့က လယ်သမားသူဋ္ဌေးဖြစ်သည်။ လယ်ဧက ရာ ပျာ်ပိုင်၏။ ခိုင်းနွားနှင့်နို့စားနွားမများပင် အကောင်ငါးဆယ်ကျော်ရှိ၏။ ခု သူ့သားမြေးများကို ရှင်ပြုမည်။ နားသမင်္ဂလာလုပ်မည်။ အလှူ မှာ ဝက်သားကိုလုံးတီး မီးခိုးတိတ်ကျွေးမည်ဖြစ်၍ ဝက်ပေါ်နေကျ သူတို့ လူစုကို အပ်ကြခြင်းဖြစ်သည်။

အလှူအိမ်ရောက်တော့ မြို့ပေါ်မှ ပုသိမ်မောင်သောင်းယဉ်ဆိုင်း အဖွဲ့ကား ​ရောက်နေ၍ ပစ္စည်းများချနေသောကြောင့် အသံတွေ့ညံနေ၏။ ပုသိမ်မောင်သောင်းယဉ်ဆိုင်းအဖွဲ့ကား နာမည်ကြီးဆိုင်းအဖွဲ့ ဖြစ်၏။ အဆိုတော်များချော၏။ အသံအလွန်ကောင်း၏။ ဆိုင်းနောက်ထများ ဖြစ်ကြသော လူရွှင်တော် စိန်ဝင်းမော်၊ ဘိုကလေးမောင်မြင့်မား နှင့် အံပွားတို့ကလည်း ပြက်လုံးများ ပွဲကျအောင်ပျက်နိုင်၍ ပရိသတ်အ လွန်ကြိုက်ကြ၏ ညလုံးပေါက်ဧည့်ခံမှာမို့ ရွာဆွေရွာမျိုးများ လှည်းအုပ် နှင့် ကြိုရောက်နေ၏။ အင်း.., တကယ့်ထမင်းရည်ချောင်းစီး အလှူ ကြီးပါ။

ရွှေရောင်ဖိတ်ဖိတ်လက်နေသည့် တိုက်မဏ္ဍပ်ကြီးရှေ့မှာ ရှင် လောင်းလှည့်ဖို့ မြင်းများကလည်း ကကြိုးတန်ဆာများနှင့် ကြိုရောက်နေ ကြ၏။

“ငှက်ခါးတို့ ရောက်ပြီလားဟေ့”

“ရောက်ပြီ ဦးအောင်ငြိမ်းရေ”

“ရောက်ရင် သွားကြစို့ဟေ့။ ရှင်လောင်းလှည့်အမီ ချက်ရပြုတ် မှာဟ။ သုတ်သုတ်လုပ်ကြ”

ရ အလှူအိမ် ထမင်းချက်တာဝန်ခံကြီး ဦးအောင်ငြိမ်းက ကွမ်းဝါး င်းမှ ရှေ့ဆောင်၍ ဝက်ပေါ်ရမည့်အိမ်သို့ ရှေးရှူထွက်ကြ၏။

___________________________________________
(၂)

ကိုသောင်းညွန့်တို့အိမ်ရောက်တော့ အိမ်ရှေ့ဝက်တဲမှာ အချိန်ငါ ဆယ်ကျော် ဝက်သုံးကောင်ကို တအီအီအော်ရင်း တွေ့လိုက်ရ၏။

“ဒီသုံးကောင်လား ကိုသောင်းညွန့်’”

“အေးကွ ငှက်ခါး”

ငှက်ခါးက အချိန်ဆိုင်းမနေတော့။ ဝက်ခြံထဲဝင်လိုက်ပြီး လုပ်ငန် ကျွမ်းကျင်သူပီပီ ဝက်တစ်ကောင်ရဲ့ နှလုံးရှိရာ ရှေ့လက်ပတ်ကြား အနီးကပ်၍ လှံနှင့်ထိုးလိုက်သည်။

“စွပ် “

“ အိ…အီ”

ငါးမိနစ်မျှပင် မကြာလိုက်၊ ဝက်တစ်ကောင်လဲကျသွား၏။ ကျန် ဝက်နှစ်ကောင်က လန့်၍ ထောင့်မှာကပ်ပြီး အော်ကြ၏။ ငှက်ခါက ဝက်နှစ်ကောင်လုံးကို လှံတစ်ချက်စီနှင့် ပွဲသိမ်းလိုက်သည်။

“လှည်းပေါ်တင်ပြီး ယူသွားကြ “

ဒိုးလုံးတို့အုပ်စုံက ဝက်သေသုံးကောင်ကို နွားလှည်းပေါ်သို့ မတင်လိုက်ကြသည်။ ငှက်ခါးက ခါးကြားမှ ချက်အရက်ပုလင်းကို ထုတ်၍ မော့လိုက်ပြီး ဝက်ထိုးလှံမှ သွေးစသွေးနများကို ပိန္နဲရွက်ကြွေနှင့် သုတ်ပစ်လိုက်၏။

“နောက်နှစ်ကောင်ကရောဗျ ရွာမြောက်ဖျားက ကျောပြားကြီးတို့တဲမှာ”

သို့နှင့် သူတို့ ဝက်သေတင်လှည်းကြီးနှင့် ရွာမြောက်ဖျား ကွင်းစပ်ရှိ ကိုကျောပြားကြီးတို့တဲသို့ ထွက်ခဲ့ကြ၏။

“ကျောပြားကြီးရေ”

“လာဗျို့… ဖိုးအောင်ငြိမ်း”

“ဘယ်ဝက်တွေလဲကွ”

ဒီမှာ ကိုအောင်ငြိမ်းက ဝက်တဲထဲရှိ ဝက်ငါးကောင်အုပ်မှ ခါးပတ် ကြားဝက်ထီးကြီးနှစ်ကောင်ကို လက်ညှိုးထိုးပြလိုက်၏။ အဲဒီခါးပတ်ကြားကြီးနှစ်ကောင်က နည်းတဲ့ကောင်ကြီးတွေ မဟုတ်ပါလား။ ပါးစုံကြီးများထွက်ပြီး နှုတ်ခမ်းတွေ ကော့လန်လို့။ အကျွေးအမွေးကောင်း၍ ဝတင်းပြီး ဖောင်း မွေးများပင် ထောင်နေ၏။

ငှက်ခါးက ဝက်ထိုးလှံကို အသင့်ပြင်ပြီး

“ကိုကျောပြားကြီး”

“ဘာတုံးကွ ငှက်ခါးရ”

– “ဒီဘက်က ခြံကွက်ထဲကို တစ်ကောင်ချင်း မောင်းသွင်းလေဗျာ”

“အေး….အေး”

ဝက်ကြားကြီးတစ်ကောင် ခြံကွက်ထဲသို့ ဝင်လာ၏။ ဝက်ကြီးက သေနံရလို့လာမသိ။
တအီအီနှင့် ရှောင်ဖယ်ရှောင်ဖယ်လုပ်နေ၏။

ဒီအချိန်မှာ ကိုကျောပြား၏မိန်းမနှင့် ကလေးနှစ်ယောက် အပြင်မှ ရောက်ချလာကြ၏။ သူတို့သည် ဝက်သတ်ရန် ဟန်ရေးပြနေသည့် ငှက်ခါးရဲ့ သွင်ပြင်ကို ကြောက်ရွံ့သလို လှမ်းကြည့်ပြီး….

“အဖေ”

“ဘာတုံးသမီး’

ဆံရစ်ဝိုင်းလေးနှင့် ၁၀ နှစ်ခန့်ရှိသော ကောင်မကလေးက သူ့ အဖေကျောပြားကြီးကို အော်၍ခေါ်လိုက်၏။

“ဒီ. . . ဒီလူကြီး ‘ဝတုတ်”ကို ဘာ.., ဘာလုပ်ကြမလို့လဲဟင်”

“ဝက်ပေါ်မလို့လေ သမီးရဲ့”

“ဟင် သမီးတို့ဝက်ကြီးကို သတ်မလို့၊ မလုပ်ပါနဲ့ အဖေရာ မသတ်ပါနဲ့။ အဖေရယ် နော်.. . နော်”

“ဒီဝက်နှစ်ကောင်ကိုရောင်းပြီးရင် သမီးကို နားဆွဲလေး လုပ်ပေး မလို့ပါ သမီးရယ်”

“ဟင့်အင်း. . . ဟင့်အင်း. . . မသတ်ရဘူး. . . မသတ်ရဘူး။ ဝတုတ်ရေ . . ဝတုတ်”

ကလေးမလေးက အသံတုန်တုန်ယင်ယင်နှင့် – အော်ခေါ်လိုက် သောအခါ “ဝတုတ်”အမည်ရှိ ဝက်ကြားကြီးက ကလေးမလေးရှိရာသို့
လှမ်း အကြည့်…..

“စွပ်”

“အီ….အီ.”

“အမေ…..အမေ”

“ဝတုတ်”

“ဝတုတ်”

ငှက်ခါးက အဲဒီအချိန်လေးမှာပဲ ဝက်ကြားကြီးရဲ့ လက်ပတ် နှလုံးရှိရာသို့ တစ်ပေခန့်ရှည်သော ဝက်ထိုးလှံများကို ဆောင့်ထိုးသွင်းလိုက် သည်။ စူးစူးဝါးဝါး အော်လိုက်သည့် ဝက်သံနှင့်အတူ မောင်နှမနှစ်ယောက် ရဲ့ ရင်ကွဲမတတ် ဟစ်အော်ငိုလိုက်သည့်အသံကို အားလုံး ကြေကွဲရင်နင့် စွာ ကြားလိုက်ရတော့သည်။

“ဝတုတ်. . . ဝတုတ်ရေ. . . ဟီး ဟီး’”

“ဟီး. . . ဟီး . . မသတ်ကြပါနဲ့၊ မသတ်ကြပါနဲ့”

“မြကြည်”

“ဘာတုံး”

“ကလေးနှစ်ယောက်ကို အဝေးခေါ်သွားစမ်း”

ကိုကျောပြားကြီးရဲ့ အော်လိုက်သံကြောင့် ကျောပြားကြီးဇနီး ကြည်က ခုန်ပေါက်ငိုယိုနေသည့် ကလေးနှစ်ယောက်ရဲ့ လက်ကိုဆွဲ၍ အပြင်သို့ ခေါ်ထုတ်၏။

“မလိုက်ဘူး။ မဆွဲနဲ့”

“ဝတုတ်ရေ”

“နားရွက်တိုကြီးရေ”

“မသတ်ပါနဲ့၊ ငါတို့ဝက်ကြီးကို မသတ်ပါနဲ့ ဟီးဟီး”

“နားရွက်တိုရေ”

ဒီအချိန်မှာ ကိုကျောပြားကြီးက နားရွက်တိုတိုနှင့် ဝက်ထီးကြီး ဘက်ခြံသို့ မောင်းသွင်းလိုက်သည်။ တုတ်ရှည်နှင့်ထိုး၍ မောင်းသွင်း သိုက်မှ အစွယ်ဖွေးဖွေးနှင့်ဖက်ထီးကြားကြီးက မဝင်ချင့်ဝင်ချင်ဝင်လိုက်ပြီး အဖော်ဝက်သေနံ့ရ၍ ခြံထဲမှာ ချာလပတ်လျှောက်ပြေးနေ၏။ နားရွက်တိုကြီးကို သတ်မည်ဖြစ်မှန်းသိတော့ ကလေးနှစ်ယောက်က မိခင်လက်မှ အတင်းရုန်းကန်၍ အော်ဟစ်ငိုယိုနေကြသည်။

“အဖေ၊ သမီးနားဆွဲမလိုချင်ဘူး။ နားရွက်တိုကို မသတ်ပါနဲ့”

“အဖေ သားတို့ကောင်ကြီးကို မသတ်ပါနဲ့”

“နားရွက်တိုကြီးရေ ဟီးဟီး’

ကိုကျောပြားကြီးက ရုန်းကန်အော်ဟစ်နေသည့် ကလေးများ မြင်အောင် ကိုယ်လုံးနှင့်ကွယ်ထားလိုက်သည်။ နားရွက်တိုဝက်ကြီးသည် ရန်သူဝက်ထိုးသမားက သူ့ကိုလှံရှည် နှင့်ထိုးရန် လှည့်ပတ်ခြောက်နေမှန်းသိသောအခါ ရင်ဆိုင်ခုခံရန် ခေါင်းကို မော့၍ ကြည့်လိုက်သည်။…

“ဖူး….အွမ်”

“အီ…..အစ်”

မြေကြီးများကို နှုတ်သီးနှင့် ထိုးကော်ပက်ပြီး လှံချက်ကို လှည့်ပတ် ရှောင်နေ၏။ ငှက်ခါး ခြံပြင်မှ ထိုးရန်ခက်နေ၏။ ဝက်ကလည်း ရန်ပြုလို စိတ်ရှိနေ၍ အထဲဝင်ထိုးရန် ခက်နေသည်။

“ကြာတယ်ကွယ်”

ကိုကျောပြားကြီးက သူ့ကလေးများကို ထိန်းမနိုင်၍ လှမ်းအော်လိုက်၏။

“အထဲဝင်ထိုးကွာ ငှက်ခါး”

ငှက်ခါးအချိန်ကြာနေ၍ အရက်ကို ထပ်မော့လိုက်ပြီး ခါးတောင်း မြောင်အောင်ကျိုက်ကာ ခြံထဲသို့ လှံအသင့်ပြင်၍ ဝင်လိုက်သည်။ သူ ဝက်ထိုးလာတာကြာပါပြီ။

ဟိုရွာ အရှေ့ဖျားက ရိုးမတောင်ခြေစပ်မှာ တောဝက်များနှင့် သူဒီလိုမျိုးရင်ဆိုင်ကြုံဖူးသည်။ နောက်ဆုံး အလွန်ကြမ်းကြုတ်သည့် တောဝက်ကြီးများပင် သူ ဝက်ထိုးလှံသွားမှာ နှလုံးသွေးကို ပေးဆပ်သွားကြချည်းဖြစ်၏။

“အီ…..အီ…..ဖု”

ဝက်က လှည့်ပတ်ပြေးရင်း ရင်ဆိုင်ရန် ပြင်လိုက်လျှင် သူက လှံဖျားနှင့်ဟန့်ပြီး အသာပတ်၍လိုက်၏။

“နားရွက်တို. ပြေးပြေး”

“နားတိုကြီး ပြေး၊ သား ထွက်ပြေး၊ ဖူး… အူး….ဝူး…”

ကလေးနှစ်ယောက်က အသံကုန်ဟစ်၍အော်၏။ ဒီမှာကိုကျော ပြားကြီးက. ကောင်မလေးနှင့် ကောင်လေးပါးစပ်ကို လက်ဝါးနှင့်ပိတ်ထား၏။

ကလေးနှစ်ယောက်ရဲ့ အော်သံကိုကြားတော့ နားရွက်တိုဝက်ကြီး လှည့်အကြည့်. ….

“စွပ်”

“အီ…..အီ…..အီ…”

“နားရွက်တို’”

“အီ…..အီ…..”

“ဗုန်း”

“သွားပါပြီကွ””

ဒီလို အငဲ့လေးမှာပဲ ငှက်ခါးနဲ့ ဝက်ထိုးလှံက နားရွက်တိုကြီးရဲ့ နှလုံးသားကို တစ်ဆုံးနစ်ဝင်သွားပြီး ဝက်ကြီး အသက်ဝအောင် မရှူနိုင်ဘဲ မြေးပြင်ပေါ်သို့ တအီအီလဲကျကာ ငြိမ်သက်သွားလေသည်။

“သေပြီလားကွ၊ ငှက်ခါးရ”

“သေပါပြီကွာ”

“စိတ်ချရအောင်လုပ်ပါကွာ”

“ငှက်ခါးပါကွာ။ နှစ်ချက်ထိုးရိုး ထုံးစံမရှိဘူး။ တစ်ချက်ပဲ မင်းကောင်ထပြေးလို့ရရင် ပြေးစမ်းပါ။ စော့ကောင်နားရွက်တိုကြီး မင်းပြေးလို့ရရင် ပြေးစမ်းလေကွာ။ ယား. . ဟား . တား. ဘား ပြေးစမ်းပါကွ”

“ဝုန်း”

“ဖောင်း”

“အား”

“အမေလေး”

“အဟ လုပျကွပါဦးဟ”

ငှက်ခါးက သို့ကလိုပြောရင်း လဲကျနေသည့် ဝက်ကြီးရဲ့ကိုယ်လုံး ကို ခြေနှင့်ကန်လိုက်စဉ်မှာပဲ ငြိမ်သက်နေသည့် ဝက်ကြီးသည် ဝုန်းခနဲ ကောက်ထကာ ငှက်ခါးကို ထိုးကော်ပက်လိုက်သည်။ မျှော်လင့်မထားသော ဖြစ်ရပ်က ဆိုးဝါးလှသည်။ ဝက်နှုတ်သီးကြားမှ အစွယ်သည် ငုံ့ကြည့်နေ သည့် ဂုတ်ထိုးသမား ငှက်ခါး၏ပေါင်ကြားကို ကော်ခွဲလိုက်ကာ ငှက်ခါး ခြေကားရား၊ လက်ကားရားနှင့် ဝက်ခြံထောင့်ကြီးမှာ လွင့်စဉ်ပစ်ကျသွားပြီး ထွန့်ထွန့်လူးနေ၏။ ဝက်ကြီးသည် သွေးစက်လက်နှင့် ကုန်းထပြီး ခြံအပြင်မှ လူများ ကို မုန်းတီးစွာ ကြည့်နေ၏။

“နားရွက်တို ပြေး. . . ပြေး”

“နားတို….. ပြေး. . . ပြေး”

““ဝုန်း”

“အီ…..အီ”

“ဟာ ပာ ရှောင်ကြ ပြေးဟေ့”

“ပြေး. . . ပြေး”

ကလေးများရဲ့အသံကို ကြားသည်နှင့် သွေးစက်လက်ဒဏ်ရာနှင့် ဝက်ကြီးသည် ဝက်ခြံစည်းရိုးကို နှုတ်သီးနှင့်အားကုန် ကော်ပက်လိုက်ရာ ဝါးတန်းများ ကျိုးကုန်လေ၏။

ဒီမှာပဲ ဝါးကျိုးများကို ခုန်ကျော်ပြီး အပြင်သို့ တစ်ရှိန်ထိုး ပြေးထွက်သွားတော့သည်။

ဒိုးလုံးတို့ စိန်ကြီးတို့အုပ်စုလည်း နီးရာသစ်ပင်များမှာ ပြေးပုန်းကြရ၏။

နားရွက်တိုကြီးသည် ပြေးရင်းမှ မည်းမည်မြင်ရာကို ပက်နေရကား ကိုကျောပြားကြီးသည် ကလေးနှစ်ယောက်ကို ဆွဲ၍ ပြေးတော့၏။

ကလေးနှစ်ယောက်က ငိုကြီးချက်မနှင့် ဝက်ကြီးနာမည်ကို အော် ခေါ်ကြ၏။ ဒဏ်ရာရ ဝက်ကြီးသည် ကလေးနှစ်ယောက်ရှိရာသို့ တစ်ချက် လည့်ကြည့်ပြီး ကမူးရှူးထိုး ပြေးရကား လမ်းမှလူများလည်း ပြိုလဲကွဲ ကုန်ကြ၏။

ဒီမှာပဲ ဒိုးလုံးတို့ အုပ်စုက ဝက်ခြံထဲဝင်၍ ငှက်ခါးကို ကြည့်လိုက် ကြရသည်။

“ငှက်ခါး . . . ငှက်ခါး”

“:ငှက်ခါး”

“ခေါ်လို့မရတော့ဘူးဗျ”

“သွေးထွက်များနေတယ်”

“မြို့ဆေးရုံကိုပို့မှဖြစ်မယ်။ ဝက်သေတွေချ။ လူနာကို အမြန်တင့်’’

သူတို့အားလုံး နွားလှည်းပေါ်မှ ဝက်သေများကို ပစ်ချပြီး သွေး သံရဲရဲနှင့် ငှက်ခါးကိုတင်ကာ မြို့ရှိရာသို့ နွားလှည်းကို အမြန်မောင်း ခိုင်းရသည်။

“အောင်ရွှေ၊ မင်းနေခဲ့ပါကွ”

‘“ဘာလုပ်ဖို့လဲဗျာ’”

“ဝက်နောက်ကို လိုက်ဦးမှပေါ့ကွဲ၊ ကိစ္စမှ မပြတ်သေးတာ”

“ဒီမှာ ကိုအောင်ငြိမ်းနဲ့ ကိုကျောပြား၊ အဲဒီဝက်နောက်ကို ခင် ဗျားတို့ပဲ ဆက်လိုက်။ ကျင်းမြို့သူငယ်ချင်း အသက်လောက် ဘယ်ဟာမျှ အရေးမကြီးတော့ဘူး။ မြစိန် အပြန်မောင်းကွာ၊ မောင်း’

လှည်းသမားမြစိန်က နွားကြိုးကို လှုပ်လိုက်သည်နှင့် နွားနှစ် ကောင်သည် ရွာပြန်လမ်းမှ မြို့သွားသည့်လမ်းရှိရာသို့ ဒုန်းစိုင်း ကြလေသည်။
___________________________________________
(၃)
နောက်ဆုံး ကိုအောင်ငြိမ်းနှင့် ကိုကျောပြားကြီးတို့သည် ဒဏ်ရာရ ဝက်နောက်သို့ လိုက်ကြရတော့သည်။ အလှူအိပ်ကိစ္စက အချိန်မီလုပ်ရမှာ ရှိသေးသည်ကိုး။ ရွာလမ်းမမှ လူများ၊ ဥဒဟိုရှောင်တိမ်းအော်ဟစ်နေကြ၏။

“ငကြိုင်း၊ နားရွက်တိုကြီးကို တွေ့လားဟေ့”

“ခင်ဗျားကောင်ကြီး မြင်မြင်ရာကို လိုက်ပက်နေတယ် ကိုကျောပြား”

“ခု ဒီကောင် ဘယ်နားမှာလဲကွာ”

“မပြားကြီးအလောင်းစင်အောက်မှာ ရောက်နေတယ်တဲ့ဗျ”

“ဟင်”

ကြာဖက်ကြီးရွာတောင်ဖျားမှာ . ပိုးထိ၍ သေသည့် မဗြားကြီးအသုဘရှိသည်။ ရွာထုံးစံအတိုင်း ၃ ရက်ထား၏။ သန်ဘက်ခါမှာ သင်္ဂြိုလ် မည်ဟု သိရသည်။

သူတို့အားလုံး ရရာလက်နက်များဆွဲ၍ ဒဏ်ရာရ နားရွက်တိုကြီး နောက်သို့ လိုက်ကြ၏။

ကြည့်စမ်း၊ ဒဏ်ရာရဝက်သည် ဟိုဘက်ရွာသို့ဝင်ရောက်နေပါ ကလား။ သူတို့အုပ်စု လက်နက်များနှင့်ရောက်တော့ အသုဘအိမ်မှာလည်း လူများ ပြေးလွှားအော်ဟစ်နေကြသည်။ အချို့ ပုန်းအောင်းနေကြသည်။ ဖဲသမားအုပ်စုက လေးခွများ၊ ခဲများနှင့် အလောင်းစင်အောက်မှာ ဝပ်နေသေည့် ဒဏ်ရာရသွေးသံစက်လက် ဝက်ကြီးကို ခြောက်လှန့်မောင်း ထုတ်နေကြ၏။ ဝက်ကြီးက ပြန်ရန်ပြုနေ၍ အနီးသို့မကပ်ရဲ။

* အချို့က တောဝက်ဟု ထင်နေကြ၏။ ကိုကျောပြားကြီးတို့ ရောက်သွားပြီး ဝိုင်းရန်ပြင်လိုက်သောအခါ ဒဏ်ရာရဝက်ကြီးသည် အလောင်းတင်ထားသည့် ခုတင်အောက်မှ ထွက် ၍ လိုက်ပက်၏။ သူတို့အော်ဟစ်၍ ရှောင်ကြစဉ်မှာပဲ ဒဏ်ရာရဝက်ကြီး သည် အလောင်းစင်ပေါ်မှ လွှားခနဲခုန်ကျော်ကာ ရွာပြင်သင်္ချိုင်းထဲသို့ ဝင်ပြေးတော့သည်။

“ကျော်ပြား”

“ဗျာ….ကိုအောင်ငြိမ်း”

“မင်းကောင် မလွယ်တော့ဘူးကွ”

“ဘာဖြစ်လို့လဲ “

“ကြည့်ရတာ မရိုးသလိုပဲ”

“ဗျာ သေလောက်တဲ့ဒဏ်ရာနဲ့ဥစ္စာဗျား “

“အေးလေ၊ သေလောက်တဲ့ ဒဏ်ရာရနေတာ မှန်ပေမဲ့ ခုကြည့် အစိမ်းသေ မသာအလောင်းကို ခုန်ကျော်ပြီး သင်္ချိုင်းထဲကို ပြေးသွားပြီ။ဒါ….ဒါ… အဲဒါဆန်းပြီး ကြောက်စရာအံ့စရာပဲ
ကွ“

“အဲဒါ ဘယ်လိုလုပ်ကြမလဲဟင်”

“ငါတို့ချည်း အရဲစွန့်လိုက်လို့ မဖြစ်ဘူး။ မင်းမုဆိုးထွန်းခင်ကို သိတယ်မဟုတ်လား”

“သိတယ်ဗျ”

“ သူ့ကိုသွားခေါ်။ နို့မို့ နေဝင်သွားမယ် သွား’”

သို့နှင့် ကိုကျောပြားကြီး မုဆိုးထွန်းခင်ရှိရာသို့ ပြေးရတော့သည်။ တွေ့သည်နှင့်အကျိုးအကြောင်းပြော၍ မရမကခေါ်ခဲ့ရသည်။ မုဆိုးထွန်း ခင်သည် `အမဲလိုက်ရာမှာ ကျွမ်းကျင်၏။

ဒဏ်ရာရသားကောင်နောက်သို့ သွေးစက်ခံ ခြေရာခံလိုက်ရာမှာလည်း အလွန်ကောင်း၏။ အခု ဒဏ်ရာရဝက်နာသည် သင်္ချိုင်းမှာသေခဲ့ ရင်၊ မိခဲ့ရင်တော်ရဲ့။ မတော်လို့များ ရိုးမတောစပ်ထဲသို့ ဝင်သွားခဲ့လျှင် တောဝမ်းစာရှာသူများ၊ ထင်းခုတ်သွားသူများ၊ မုဆိုးများအတွက် လွန်စွာ အသက်အန္တရာယ်များလှ၏။

ဒဏ်ရာရသားကောင်တို့မည်သည် မြင်မြင်ရာရာကို ရန်သူလို သဘောထား၍ အသေအကြေ တုံ့ပြန်တိုက်ခိုက်လေ့ရှိသည်။

မကြာခင် မုဆိုးထွန်းခင်၊ ကျောပြားကြီး၊ ကိုအောင်ငြိမ်းနှင့် အလှူရှင်သားချင်းများ သင်္ချိုင်းကုန်းရှိရာသို့ စုပေါင်းရောက်ရှိလာ၏။ ဒီမှာ ဒဏ်ရာရဝက်နာကြီးအား မြေပုံပျက်ကြားမှာ လဲနေသည်ကို မြင်ရ၏။ . လူသံကြားသောအခါ ဒဏ်ရာရဝက်နာကြီးသည် မြေပုံကို နှုတ်သီးနှင့်ထိုးကော်ပက်ပြီး ရန်ပြုရန် ပြင်လိုက်သည်။

မုဆိုးထွန်းခင်က ဒူးလေးနှင့်လှမ်းပစ်လိုက်၏။ – ဒူးလေးပစ်ချက်လွဲသွား၏။

ဝက်နာကြီးက လေးညှို့မှလွှတ်သော မြားကဲ့သို့ ပြေးဝင်လာ၍ အားလုံးအော်ဟစ်ပြီး သင်္ချိုင်းကုန်းထဲ ပတ်ပြေးကြ၏။

မုဆိုးထွန်းခင် သစ်ပင်ပေါ် ပြေးအတက်ကောင်းလို့။ နို့မို့ ဝက် အပက်ခံရဖွယ်ရှိ၏။

ဝက်နာကြီးသည် ဒယီးဒယိုင်နှင့်မုဆိုးထွန်းခင်ကို မော့ကြည်နေ၏။

သတ္တိကောင်းလှသူများပင် အနားသို့ မကပ်ရဲကြ။ ဝက်နာကြီး၏ မျက်လုံး အစုံသည် မီးကျီခဲလို ရဲတွတ်ပြီး တဖူးဖူးနှာမှုတ်၍ ဒေါသကြီးနေ၏။ ဒီအချိန်မှာ ကျောပြောင်ခါးတောင်းကျိုက်နှင့် လူသန်ကြီးတစ်ဦး ဝါးချွန့်ရှည်ကြီးကိုင်၍ ပြေးလာနေ၏။

“ဟေ့လူ. . . မလာနဲ့”

“မလာနဲ့၊ ဝက်က တောဝင်သလိုဖြစ်နေတယ်” .

မုဆိုးထွန်းခင်က သစ်ပင်အမြင့်ပေါ်မှ အော်ဟစ်၍ သတိပေး၏။ သို့သော် ကျောပြောင်ခါးတောင်းကျိုက် ဝါးချွန်နှင့်လူကြီးက လုံးဝဂရုမစိုက်။ ဝက်နာရှိရာသို့ ‘အရဲတိုး၍ ဝင်လာနေ၏။

မုဆိုးထွန်းခင် ကြည့်လိုက်တော့ ဤသင်္ချိုင်းမှ စဏ္ဍာလကြီး ဦးရာပြည်။

“ဦးရာပြည့်၊ အသက်ပြင်းတဲ့ဝက်နော် သတိထား’ စဏ္ဍာလကြီး ဦးရာပြည့်ကြီးသည် သွေးသံရဲရဲ ဇောင်းမွေးထောင် ပြီး မျက်လုံးနှစ်လုံး. ဒေါသအမျက်နှင့်မီးကျီခဲလို ရဲနေသည့် ဝက်နာကြီး ရှိရာသို့ရောက်လာခဲ့ပြီး ဝက်နာနှင့်သူသည် ဝါးတစ်ပြန်ခန့်သာ ကွာဝေး တော့၏။ ဒေါသကြီးနေသည့် ဝက်နာကြီးသည် စဏ္ဍာလကြီး ဦးရာပြည့် ကြီးကိုမြင်သော်. မျက်နှာချင်းဆိုင်လိုက်၏။

ဦးရာပြည့်ကလည်း လက်ထဲက ဝါးချွန်နှင့်အသင့်ချိန်ထားလိုက်၏။ ဝက်နာကြီးကလည်း သွေးသံရဲရဲနှင့်တစ်လှမ်းခြင်း ရှေ့တိုးလာ သလို ဦးရာပြည့်ကလည်း လုံးဝနောက်မဆုတ်ဘဲ ဝါးချွန်ကို လက်နှစ်ဖက် နှင့်စုံကိုင်၍ ရှေ့သို့တိုးသွား၏။

ဒီမှာပဲ ဝက်နာကြီးက စူးဝါးစွာအော်ဟစ်ပြီး ကျုံးပက်လိုက်သည်။ ဦးရာပြည့်ကြီးက အသာရှောင်လိုက်ပြီး ဒဏ်ရာရထားသည့်နေရာကို မှန်းချိန်၍ ဝါးချွန်နှင့်အားကုန်ထိုးစိုက်ဖိထားလိုက်သည်။

“အီ…အီ “

“အွန့်….အွန့်”

“အီ…အီ….အီ…”

“ကျား ကျား ရာပြည့်တဲ့ကွ ကိုင်းဟာ ကိုင်းဟာ’

ဝါးချွန်သည် တုန်ခါနေသည် ။ စဏ္ဍာလကြီး ဦးရာပြည့်ကြီးသည် ကြွက်သားအမြှောင်းမြှောင်းထအောင် စိုက်၍ ဖိထိုးရကား ဝက်နာကြီး အသားဆတ်ဆတ်တုန်ပြီး လုံးဝကို ငြိမ်သက်သွားတော့၏

” ဟေ့ကောင်. . . ထလို့ရရင် ထစမ်း. . . ကဲကွာ ကွဲကွာ”

ဦးရာပြည့်က ဝက်ငြိမ်ကြီးကို ခြေနှင့်ကန်၏။ ဖိစိုက်ထိုး၏။ပြီ ဝက်ဦးခေါင်းကို ညာခြေနှင့် နင်းထားပြီး ဝက်မြီးကို ခါးကြာ ဓားမနှင့်ခုတ်ဖြတ်၍ ပါးစပ်နှင့်ကိုက်ထားလိုက်၏။

ဝက်ကြီးသည် လုံးဝကိုမလှုပ်တော့။ ဒီတော့မှ မုဆိုးထွန်းခင်သည် သစ်ပင်ပေါ်မှ ဆင်းလာနိုင်၏။ ပြီး သူ့ဒူးလေးကို ကောက်ကိုင်လိုက်သည်။

“အားလုံး လာခဲ့ကြ။ သေနေပြီဟေ့’

ကိုကျောပြားကြီးတို့ ဦးအောင်ငြိမ်းတို့လည်း ခုမှပဲ ဝက်သေနားကို ရဲရဲဝင်ဝံ့တော့၏။ ဝက်ကြီးသည် လူသေမြှုပ်မည့် မြေကြီးကျင်းသစ် နားမှာ သေနေ၏။

“ ကိုရာပြည့်ကောင်းလို့ပေါ့ဗျာ၊ နိမို့ရင်လား”

“ဒီကောင် သေရာကနေ ဘယ်လိုဖြစ်သွားလဲ မသိဘူးဗျာ”

“ကျုပ် ကြားချက်အရဆိုင်ရင် ဟိုကောင်ငှက်ခါးက ဝက်ထိုးပြီး ချိန်က ပြေးလို့ရရင် ပြေးလေကွာလို့ ပြောသဆို”

ဦးရာပြည့်ကြီးက မေးလိုက်၏။

‘“ဟုတ်တယ် ကိုရာပြည့်ရ”

““အဲဒါ ဆိုးတာပေါ့ဗျ”

““ဘာဖြစ်လို့’

“အိမ်က သားကောင်တီရံစ္ဆာန်ပဲဖြစ်ဖြစ် တောထဲက သားကောင် တိရစ္ဆာန်ပဲဖြစ်ဖြစ်သတ်ရင် ဘာမျှမပြောရဘူးဗျ။ သူ့ဘာသာ´အသက် ထွက်အောင်စောင့်ကြည့်နေရတယ်။ ခုတော့ မူးမူးရူးရူး ဖင်ခေါင်းကျယ်ကျယ်နဲ့ ပြေးလို့ရရင် ပြေးဆိုတော့ မသေသေးတဲ့ဝက်က ပြန်အသက်သွင်း လိုက်သလို ရှင်ပြီး ခုခံပြေးတာပေါ့။ ပိုဆိုးတာက အစိမ်းသေအသုဘ ခေါင်းပေါ်ကျော်ပြီး ဒီသင်္ချိုင်းထဲ ဝင်ပြေးလာတော့ မကောင်းဆိုးဝါး အကြိုက်ဖြစ်ပြီး ထိန်းမရသိမ်းမရ ဖြစ်တာပေါ့ဗျ”

စဏ္ဍာလကြီးက သူ့ဘဝအတွေ့အကြုံနှင့်ရှင်းပြနေ၏။

“ဦးရာပြည်ကြီး”

“ဘာလဲ ကိုအောင်ငြိမ်း’

“ခင်ဗျားကျတော့ ဘာလို့ ဝါးချွန်နဲ့ ထိုးသတ်လို့ရသလဲဗျ”

—- ဒီမှာ စဏ္ဍာလကြီးဦးရာပြည့်က သွေးပေနေသည့် ဝါးချွန်ကြီးကို မြှောက်ပြပြီး

“ဒါး သ ဘာဝါးချွန်မှတ်လို့လဲ”

“သိဘူးလေ”

“ဒါ….. အစိမ်းသေများကို မီးသင်္ဂြိုလ်ရာမှာ ထိုးတဲ့လှည့်တဲ့ တစူးဝါးဗျ”

“ဟင်… .. တစူးဝါး ဟုတ်လား”

“အင်း…”

“အစိမ်းသေရော အကျက်သေရော နာနာဘာဝရော မိဖဲဝါရော လာမရှုပ်နဲ့။ ဒီနေရာက ကျုပ်သြဇာသက်ရောက်ရာနေရာ။ ဒီက တစူးဝါးနဲ့ တွေ့ရင် ပယောဂရော အပရော အမှုန့်ကြေပြီသာမှတ်”

– – – ‘အံ့ဩစရာပဲဗျာ”

ဒီမှာပဲ ဦးအောင်ငြိမ်းက ဝက်သေကြီးနံဘေးမှ ကျင်းသစ်ကြီးကို ကြည့်ပြီး

““ကိုရာပြည့်ကြီး’”

‘“ဘာလဲဗျ”

“ဒီကျင်းသစ်က ဘယ်သူ့အတွက် ကျင်းသစ်လဲဗျ။ မသိလို့မေး ရတာပါ”

“အဲဒါ ခင်ဗျားတို့ ဝက်သေပြန်ရှင်ပြေးပြီး ခုန်လွှားကျော်ပြေး ခဲ့တဲ့ မြွေကိုက်သေသူ အစိမ်းသေ မထွားကြီးအလောင်းကို မီသင်္ဂြိုလ်ပြီးရင် အရိုးမြေမြှုပ်ဖို့ တူးထားတဲ့ကျင်းပဲဗျ”

“ဟင်”

ကြားလိုက်ရသူအားလုံးသည် အံ့ဩဖွယ်ရာ တိုက်ဆိုင်မှုများ အတွက် ပို၍ အံ့သြမဆုံးဖြစ်ကြပြီး စဏ္ဍာလကြီးလက်ထဲက သွေးပေတား ဝါးကြီးကို မဝံ့မရဲ လှမ်းကြည့်ကာ ခေါင်းတညိတ်ညိတ်လုပ်၍ နေကြလေသည်။

မှတ်ချက် ။

ထိုနေ့က သေပြေးရှင်ပြေးဖြစ်ပြီး နောက်ဆုံးသင်္ချိုင်း မှာ တစူးဝါးနှင့်ထိုးသတ်ခဲ့ရသည့် ဝက်ကြီးကို ရွာ အလှူအိမ်ရှိရာသို့ ပြန်မသယ်ခဲ့ကြပါ။ အလှူရှင် ဦးဘမောင်က ဖြစ်စဉ်များကို သိကြားရသောအခါ ဝက်ဖိုးကို ပိုပိုသာသာပေးခဲ့လိုက်၏။ နောက်ဆုံး ၎င်းဝက်သေကြီးကို စဏ္ဍာလကြီး ဦးရာပြည့်ကြီးအား ကြိုက်သလိုသာ သုံးပါတော့ဟု ပြောပြီးပေးအပ်ခဲ့ လိုက်သောအခါ။

#မောင်ညိုမှိုင်း (သန်လျင်)

သည်းထိတ်ရင်ဖို၊ ၂ဝဝ၈၊ စက်တင်ဘာ