——————————

ဖိုးမောင် မနက်ဖြန် တောင်ပေါ်တတ်မယ်လိုက်မလား

တောရွာတွေမှာ နွေရာသီရောက်ရင် တောင်ပေါ်ကိုလှည်းနဲ့သွားပြီး ကိုယ်လိုရာ ဝါး ထင်းများ ခုတ်တာကိုစွဲ၍ တောင်ပေါ်တတ်ကြသည်ဟု အသုံးအနူံးခေါ်ကြခြင်းဖြစ်သည်။ ငသော်စကားကြောင့် လုပ်လက်စအလုပ်များကို ခဏရပ်ပြီး

“လိုက်တော့လိုက်ချင်တယ်ကွ အိမ်ကအလုပ်ကလည်း မပြီးသေးဘူး´´

“လိုက်ခဲ့ပါကွာ ငါလည်းအဖော်ရအောင်လို့´´

ငသော်စကားကြောင့် ဖိုးမောင်လည်းမငြင်းသာ ပြောသာပြောရတာ အိမ်မှာကလည်း ဝါးကလိုနေသေးတာ

“ဒါဆိုလည်း လိုက်ခဲ့မယ် ဘယ်နေ့လောက်သွားမလဲ´´

“မနက်ဖြန်ညနေ ညနေ ၃ နာရီလောက်´´

အဲဒီလိုနဲ့ ဖိုးမောင်နဲ့ငသော် လှည်းကိုယ်စီဖြင့် တောင်ပေါ်တတ်လာကြလေတော့သည်။
ညနေပိုင်း လေတဖြူးးဖြူးးနဲ့ ပြီးတော့ အေးစိမ့်စိမ့် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေပေမယ့် ဖိုးမောင်နဲ့ငသော်ကတော့ သီချင်းလေးတွေ ကိုယ်စီညည်းရင်း

“ခေါင်းလောင်းသံ တညံညံပေး ရွာကျောင်း ပြေးမြင်မိတယ် သတိရနေတယ်သူငယ်ချင်းရယ်´´

ငသော်ကတော့ လုပ်ပြီ ဒီသီချင်းပဲရတာလားမသိ ရွာမှာတုန်းကလည်း ဒီသီချင်း ခု တောထဲတောင်ထဲရောက်တော့ ဒီသီချင်း ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် နားထောင်လို့တော့ကောင်းသား

“ဒုတ် ဒုတ် ဒုတ်´´

ဟင် ဘာအသံကြီးပါလိမ့် လှည်းဘီးဖြင့် တစ်ခုခုကို ကြိတ်မိသွားသလို အောက်ကိုကြည့်တော့လည်း လသာတယ်ဆိုပေမယ့် သိပ်တော့မမြင်ရ လှည်းကိုရပ်ဖို့ကလည်းမဖြစ် အဆင်းဖြစ်နေတာကတစ်ကြောင်း နောက်မှာ ငသော်လှည်းကလည်း ကပ်ပါလာတာကတစ်ကြောင်း ဖိုးမောင်လှည်းကိုမရပ်မိ အဆင်းကိုကျော်လို့ မြေပြန့်ကိုရောက်လို့ လှည်းကိုရပ်ပြီး ငသော်ကိုအစောင့်

“ဟေ့ ဖိုးမောင် စောစောကအဆင်း လှည်းနဲ့တစ်ခုခုကို တတ်နင်းမိလိုက်သလို ငါ့စိတ်ထဲ ဖွဲအိတ်ကြီးများလားမသိဘူး´´

ငသော်စကားကြောင့် ဖိုးမောင်လည်း လှည်းပေါ်မှ ဓာတ်မီးကိုယူပြီး နှစ်ယောက်သား သွားကြည့်ရာ

“ငသော် ဟိုမှာ ဘာကြီးလည်းမသိဘူး´´

ပြောပြောဆိုဆို အနားသို့သွားကြည့်ရာ

“ဟာ လူသေအလောင်းကြီးပါလား´´

နှစ်ယောက်သား ကြောက်စိတ်ဖြစ်သွားတာတော့အမှန်

“အာ အာ အားးးးးအားးးး´´

ညဘက်ကြီး ကောင်းကင်မှ ကျီးတစ်အုပ်ထပျံသံ ဒီအချိန်က ကျီးကန်းတွေအိပ်တန်းချိန် ခုချိန်မှ ဘာလို့ထပျံတာလဲ ပြီးတော့လည်း ထိန်ထိန်သာနေသောလမင်းကြီး တိမ်ထဲကို ငုပ်လျှိုးပြီး အလင်းရောင်ကိုသိမ်းပိုက် အမှောင်ကို လက်ဆောင်ပေးလိုက်သလို ငသော်နဲ့ဖိုးမောင် ဓာတ်မီးရှိလို့သာတော်သေးတယ်

“ဖိုးမောင် ကျီးကန်းတွေအုပ်လိုက်ထပျံတာကြီးက ကြောက်ဖို့ကောင်းလိုက်တာ ´´

ငသော်ပြောတာမှမကြာသေး ဟိုးးးးးဝါးရုံတောထဲက လင်းကနဲ လက်ကနဲ အလင်းရောင်တစ်ခု

“ငသော်တွေ့လား ဟိုးမှာ မီးအလင်းရောင်တစ်ခု´´

ဖိုးမောင်ပြောမှ ငသော်လည်း လှမ်းကြည့်လိုက်ရာ မီးအလင်းရောင်လေးတစ်ခု ပြီးတော့ မရှေးမနှောင်း အသံတစ်ခုပါကြားလိုက်ရတယ်

“အဖေ အဖေ အဖေ´´

ကောင်မလေးတစ်ယောက်အသံ ပြီးတော့ သူ့အဖေပျောက်လို့ လိုက်ရှာနေတဲ့သဘော တဖြည်းဖြည်း မိမိတို့အနားရောက်လာပြီး

“ရှင်တို့တွေ ကျမအဖေကိုသတ်လိုက်တာလား ရှင်တို့ကို တရားစွဲမယ် ´´

ဟာ တော်တော်နူတ်သွက်တဲ့ ကောင်မလေးပါလားငသော်မျက်လုံးတွေပြူးးထွက်တော့မတတ် ပြီးတော့ လှလိုက်တဲ့ကောင်မလေးပါလား

“အားးး နာတယ်´´

ဖိုးမောင်လိမ်ဆွဲလိုက်မှ ငသော်အသိတွေပြန်ဝင်လာသည်။ခုမှသေချာကြည့်မိတော့တယ် ကောင်မလေးတစ်ယောက်ထဲမဟုတ် သူ့အစ်ကိုတွေလားမသိဘူး အရပ်တွေကထောင်ထောင်မောင်းမောင်း ကြည့်တဲ့အကြည့်တွေက အကြည့်ခံရတဲ့သူ ပြာကျသွားနိုင်လောက်တယ်

“ဟေ့ကောင်တွေ မင်းတို့ဘယ်ကလဲ ဘာလာလုပ်တာလဲ´´

“ကျွန်တော်တို့ တောင်ပေါ်တတ်ပြီး ဝါးလာခုတ်ကြတာပါ ခုလိုဖြစ်တာတွေကိုတော့ နားမလည်တော့ဘူးဗျာ´´

ဖိုးမောင်ဘယ်လိုပဲရှင်းပြ ရှင်းပြ သိပ်ကျေနပ်ပုံတော့မပေါ်

“မင်းတို့ ငါတို့ရွာကိုလိုက်ခဲ့ ဟိုရောက်မှစစ်ဆေးရမယ် အလောင်းကိုလည်းသယ်လာကြ´´

ပြောပြီးတာနဲ့တစ်ပြိုင်နက် အလောင်းသယ်သူကသယ် ငိုသူကငို ပြီးတော့ မကျေနပ်တဲ့အကြည့်တွေကလည်း ဝိုင်းကြည့်နေလိုက်ကြတာ

“ဟိုဟို ကျွန်တော်နွားတွေလှည်းတွေ ဘယ်လိုလုပ်မလဲ ´´

ငသော်စကားကြောင့် ခေါင်းဆောင်ဟု ယူဆရသူ လူတစ်ယောက်က

“ဘာမှပူမနေနဲ့ လူနှစ်ယောက်ချန်ထားပေးလိုက်မယ် သူတို့ယူလာလိမ့်မယ်´´

ဖိုးမောင်နဲ့ငသော်လည်း ဘာမှတော့ စောဒကမတတ်ရဲ ဒီထက်လည်းပိုမတောင်းဆိုရဲ သူတို့ခေါ်ဆောင်ရာနောက်သို့သာ လိုက်သွားရလေတော့သည်။ တောင်ပေါ်တတ်လာလည်းကြာပြီ ဒီလိုနေရာမျိုးတခါမှမရောက်ဖူး တောအုပ်ကြီးတွေကလည်း စိမ်းစိမ်းစိုစို ပေါလိုက်တဲ့ဝါး ဒီနေရာကိုသေချာမှတ်ထားရမယ် ဖိုးမောင်စိတ်ထဲတွေးလို့မှမကြာလိုက်

“ဒူ ဒူ ဒူ´´

မောင်းထုသံ တစ်နည်းပြောရရင် လူစုတဲ့အသံ လူစိမ်းတွေရောက်လာလို့ မောင်းထုပြီး ကွက်လပ်ကြီးတစ်ခုမှာ ရှိသမျှလူစုပြီး မိမိတို့ကို လာကြည့်ခိုင်းတဲ့သဘော ငသော့်ကိုလှမ်းကြည့်တော့လည်း မရောက်ဖူးတဲ့နေရာကို ရောက်တဲ့ကလေးတစ်ယောက်လို ဟိုကြည့်ဒီကြည့်

“ဆရာကြီး ဒီမှာလူသတ်မှုနဲ့ ဖမ်းလာပါတယ်´´

ဆရာကြီးဆိုသူက ကြောက်ဖို့ကောင်းစရာ ဝတ်ထားတဲ့အဝတ်က ရွာမှာအဝတ်ချုပ်လို့ ပိုတဲ့အဝတ်အစားတွေကိုစုပြီး ပတ်ထားသလိုကြီး ဘာပဲပြောပြော ဒီလူကြီးအမိန့်ပေးလိုက်တာနဲ့ ကျန်တဲ့သူတွေက ဝိုင်းပြီးဆွမ်းကြီးလောင်းတော့မယ့်အတိုင်း မျက်နှာထားတွေက ခပ်တည်တည်

“ဟေ့ကောင် ငသော် ဘာတွေကြည့်နေတာလဲ တို့တွေကို သတ်ပြီးမီးကင်စားမလို့လားမသိဘူး´´

ဖိုးမောင်ပြောမှ ငသော်နည်းနည်းဖြုံသွားသည်။

“ဖိုးမောင် ခေါင်းဆောင်ကြီးကိုသေချာကြည့်စမ်း တို့ရွာက ဦးဘမောင်နဲ့ မတူဘူးလား´´

ငသော်ပြောမှ ဖိုးမောင်လည်းမျက်နှာကို ခုမှကြည့်မိတာ ဟုတ်တယ် ဦးဘမောင်မှ ဦးဘမောင်အစစ်

“တူတာတော့တူတယ် ဒါပေမယ့် ဦးဘမောင်သေတာက တစ်နှစ်ကျော်ပြီလေ´´

ဟာဒါဆိုရင် တို့ရောက်တဲ့နေရာက ပရလောကနယ်မြေလား ဘယ်လိုလုပ်မလဲ ဖိုးမောင် ခုမှနှစ်ယောက်စလုံး ကြောက်လန့်နေမိတော့သည်။

“ဒီကောင်တွေကို ဘယ်မှထွက်မပြေးစေနဲ့ ထွက်ပြေးတာနဲ့ သတ်လိုက်´´

ဦးဘမောင်ဟု ယူဆရသော ဆရာကြီးမှ အမိန့်ပေးပြီး အားလုံးတဖြည်းဖြည်းနဲ့ ထွက်ခွာသွားလေတော့မှ နှစ်ဦးသား စိတ်အေးရလေတော့သည်။
လူများရှင်းပြီး ခဏအကြာ

“မင်းတို့ဒီကိုဘယ်လိုရောက်လာတာလဲ´´

ဦးဘမောင်စကားကြောင့် ဖိုးမောင်တို့လည်းဖြစ်ကြောင်းကုန်စဉ်ရှင်းပြလိုက်မှ

“အင်း မင်းတို့တွေ လွတ်ဖို့ကသိပ်တော့မလွယ်ဘူး စိတ်တော့မပူနဲ့ ငါရအောင်လုပ်ပေးမယ် ခဏတော့သည်းခံပြီးစောင့်ပေး´´

ဦးဘမောင်စကားကြောင့် ဖိုးမောင်နှင့်ငသော် နည်းနည်းတော့ အားတတ်သွားသည်။
မနက်အိပ်ယာထတာနဲ့တစ်ပြိုင်နက် မြင်လိုက်ရတဲ့မြင်ကွင်းက အံ့အားသင့်စရာ

“တွေ့လားဖိုမောင် ကောင်မလေးတွေ လင်ဗန်းထဲ ပန်းတွေထည့်ပြီး ဘယ်ကိုသွားကြတာလဲမသိဘူး လိုက်သွားရအောင်´´

နှစ်ယောက်သား နောက်မှလိုက်သွားရာ မကြာလိုက် မိန်းကလေးများ ဂူထဲသို့ဝင်သွားလေသည်။ဖိုးမောင်နဲ့ငသော်လည်းမျက်ခြေပျတ်မခံ ဂူထဲသို့ လိုက်ဝင်လိုက်ရာ တွေ့လိုက်ရသောမြင်ကွင်းကြောင့်

“ငသော် အဲဒါဘာကြီးလဲ ´´

ဖိုးမောင်ညွှန်ပြရာသို့ လှမ်းကြည့်လိုက်သောအခါ

“အေးဟုတ်တယ် အဖွားကြီးတစ်ယောက်ပါလား ´´

ဆံပင်တွေကလည်းအရှည် ဝတ်ရုံကြီးကလည်းခြုံထားလိုက်တော့ မြင်ရသူအဖို့ ကျောချမ်းချင်စရာ

“အဖွား သုံးဆောင်ပါ´´

ရှေ့မှ မိန်းကလေးတစ်ယောက်မှ အသင့်ယူဆောင်လာသော လင်ဗန်းထဲမှ ပန်းများကို ပေးလိုက်ရာ အဖွားကြီးမှ ပန်းများထဲမှ တစ်ပွင့်ကိုယူပြီး မိန်းကလေးကြားထဲသို့ လှမ်းပစ်လိုက်ရာ အလယ်မှာရှိနေသော မိန်းကလေးတစ်ယောက်ခေါင်းပေါ်သို့ တည့်တည့်မတ်မတ်စိုက်သွားရာ

“ဟားးးးးဟားးးးးနင်တော်တော်ကံကောင်းတာပဲ ငါစားဖို့အတွက်နင်ကံထူးတယ်´´

ပြောဆိုပြီး ဒီဘက်ကိုတဖြည်းဖြည်းလှည့်လိုက်ရာ ပါးစပ်မှအဆွယ်များရှည်ထွက်လာပြီး ကောင်မလေးကို စားမည်အပြု

“ဒုတ်´´

ဖိုးမောင်လည်းဘေးမှာချထားသော ကျောက်ခဲတစ်လုံးကိုလှမ်းယူပြီး လှမ်းပစ်လိုက်ရာ

“အားးးးးးးသေပါပြီ ငါ့ကိုဘယ်သူပစ်တာလဲ´´

စိတ်ဆိုးမာန်ဆိုးဖြင့် ဘေးနားမှာရှိသမျအရာအားလုံးကို တွန်းချပစ်ပြီး ဒေါကန်နေတော့သည်။

“ဟေ့ ယောက်ကျားလေးမဝင်ရလို့ သက်မှတ်ထားတာကို ဘာလို့ခေါ်လာတာလဲ သေပေတော့´´

အဖွားကြီးက လက်တံရှည်ကြီးဖြင့် ငသော့်ကိုလှမ်းဖမ်းလိုက်ရာ

“ငသော် ပြေး ပြေး ´´

ဖိုးမောင်လှမ်းအော်သတိပေးလိုက်မှ ငသော်လည်းအသိဝင်လာပြီး နှစ်ယောက်သားပြိုင်တူပြေးလာရာ

“အားးးးးးးးအားးးး´´

ငသော့်ကိုမိသွားတာလားမသိဘူး ဖိုးမောင်စိုးရိမ်စိတ်ဖြင့် နောက်သို့ပြန်ကြည့်လိုက်ရာ အော်တဲ့သူမှာ ငသော်မဟုတ်ပဲ အဖွားကြီးဖြစ်နေတာကိုတွေ့တော့ မအံ့သြပဲမနေနိုင်

“လွတ်ပါတော့ ကြောက်ပါပြီ နောက်မလုပ်တော့ပါဘူး ´´

အဖွားကြီးရဲ့ ကြောက်လန့်တစ်ကြားအော်ဟစ်သံကြောင့်

“သေပေတော့´´

ငသော်မှ ပါးစပ်ကနေမန်းမှုတ်လိုက်ရာ အဖွားကြီးခန္ဓာကိုယ်တစ်ခုလုံး ပြာမှုန့်များလို့ တစ်စစီလွှင့်ကြဲသွားလေတော့သည်။
အော်ဟစ်သံများ ဆူညံသံများကြောင့် ရှုပ်ထွေးသွားသောဂူတွင်းဝယ် အရာအားလုံးပုံမှန်ပြန်ဖြစ်သွားလေတော့သည်။

“ကျေးဇူးတင်လိုက်တာ အစ်ကိုရယ် ´´

မိန်းကလေးတစ်ယောက်ရဲ့အသံ ဖိုးမောင်လှမ်းကြည့်လိုက်တဲ့အခါ သူ့အဖေကိုသတ်သည်ဟု စွပ်စွဲသောကောင်မလေးပါလား

“ရပါတယ် မိန်းကလေး ´´

ငသော်လည်း စကားတစ်ခွန်းသာပြောပြီး စောစောကအဖြစ်အပျက်များကို သူကိုယ်တိုင်တောင် အံ့သြမဆုံးဖြစ်နေတာ

“ဖိုးမောင် စောစောက ငါဘာလုပ်လိုက်တာလဲ´´

“နားတော့မလည်ဘူး ဂါထာလိုလို ဘာလိုလိုရွတ်သံတော့ကြားလိုက်တယ် ပြီးတော့ အဖွားကြီးသေသွားတယ် ဒါပဲတွေ့လိုက်တာ´´

ငသော်ကြည့်ရတာ တခုခုကိုအံ့သြသလိုမျိုး

“တခြားတော့မဟုတ်ပါဘူး အဖေသင်ပေးထားတဲ့ ဂါထာတစ်ပုဒ်ကိုရွတ်လိုက်တာ´´

တော်သေးတယ်ငသော်ရေ မဟုတ်ရင် မင်းနဲ့ငါအဖြစ်ကမတွေးရဲစရာ..တစ်ရွာလုံးက မိမိတို့နှစ်ယောက်ကို ကျေးဇူးတွေတင်နေကြတာ ရွာလူကြီး ဦးဘမောင်ဆိုရင်

“တို့တွေရွာက တစ်နှစ်ကို တစ်ယောက်လုံး မိန်းကလေးတွေအကျွေးခံရတာ မင်းတို့ကိုကျေးဇူးတင်ပါတယ် ခုတို့ရွာလေး အေးချမ်းသွားပြီ´´

အားလုံးကလည်း ဝမ်းသာအားရနဲ့

“ကျွန်တော်တစ်ခုလောက်မေးချင်တယ် ဟိုနေ့ညကတွေ့ခဲ့တဲ့ အလောင်းကောင်က တကယ်ဖြစ်တာလား´´

ဖိုးမောင်စကားကြောင့် အားလုံးရဲ့စိတ်ထဲ ပြုံးစိစိဖြင့်

“အဲဒါကတကယ်မဟုတ်ပါဘူး ဒီနေရာကို အဖွားကထိန်းချုပ်ထားတော့ အဲဒလိုဂွင်ဆင်ပြီး လူသားတွေကိုဖမ်းပြီး ချက်ပြုတ်ကျွေးမွေးရတာပါ ခုအဖွားမရှိတော့ဘူးဆိုတော့ အရာအားလုံးပြေလည်သွားပါပြီ´´

ဦးဘမောင်ကျေးဇူးသာမပါရင် မိမိတို့အသားတွေ ခုလောက်ဆို အိုးထဲရောက်နေလောက်ပြီ ဟူးးးတော်ပါသေးရဲ့

“ကဲ ဖိုးမောင်နဲ့ငသော် မင်းတို့တွေပြန်ကြ တို့တွေက ဒီမှာဝဋ်ကြွေးမကုန်သေးတော့ အကြွေးတွေဆပ်ရအုံးမယ်´´

ဦးဘမောင်နဲ့ ဒီရွာသားတွေကိုကြည့်ရတာ မပျော်ပေမယ့်နေကြရအုံးမယ့်ပုံ ဘယ်တတ်နိုင်မလဲ သူတို့ကံတရား သူတို့ပဲဖန်တီးတာပဲလေ ကိုယ်ပြုသောကံကိုယ်သာခံဆိုသလိုပဲပေါ

“ဒါဆို ပြန်တော့မယ် ဦးလေး ဒါနဲ့ဘယ်လိုပြန်ရမှာလဲ´´

“အဲဒီအတွက်တော့ ဘာမှမပူနဲ့ တူမလေးလိုက်ပို့လိမ့်မယ်´´

ပြောပြီး ဦးဘမောင်မှ

“သမီး မြူ နှင်း သူတို့ကိုလိုက်ပို့လိုက်ပါကွယ် လမ်းမှာလည်းဂရုတစိုက်သွား´´

“ဟုတ်အဘ´´

ကောင်မလေးကခပ်ချောချော ပြောတာဆိုတာကအစ ယဉ်ယဉ်ကျေးကျေး ငသော့်ကိုလှမ်းကြည့်တော့လည်း မျက်နှာကစပ်ဖြဲဖြဲ

“လာအစ်ကို သွားကြရအောင်´´

မြူ နှင်းက ရှေ့ကဦးဆောင်ပြီးထွက်သွားရာ နောက်မှ မိမိတို့လည်း လိုက်သွားဖို့အပြင် ဦးဘမောင်မှ

“မင်းတို့ ဟိုရောက်ရင် ငါ့အတွက်အမျှဝေပေးပါလို့ ပြောပေးပါကွာ´´

“ဟိုတုန်းက ၇ ရက်လည် တစ်နှစ်ပြည့်ဆွမ်းသွပ်လုပ်တုန်းက ဦးလေး သာဓုမခေါ်ဘူးလား´´

ငသော်စကားကြောင့် ဦးဘမောင်မျက်နှာ ပြုံးစိစိဖြင့်

“ဘယ်ရမလဲကွ ဒီမှာငါကလူကြီးဖြစ်နေတော့ အလုပ်များတယ်လေ ခု ဒုက္ခပေးတဲ့အဖွားလည်းမရှိတော့ အေးချမ်းသွားပါပြီ ဒီတစ်ခါလုပ်ရင် ခေါ်ဖြစ်အောင်ခေါ်ပါ့မယ်´´

“စိတ်ချပါ ဦးလေး ဦးလေးမိသားစုကို ပြောဖြစ်အောင်ပြောပြီး လုပ်ဖြစ်အောင် လုပ်ခိုင်းလိုက်ပါ့မယ်´´

ဖိုးမောင်စကားကြောင့် ဦးဘမောင်မျက်နှာ ဝမိးသာပီတိတွေဖြာလို့

“ကဲ ကဲ သွားကြ နောက်ကျနေရင်မကောင်းဘူး သမီးမြူနှင်းလည်းသွားမယ့်လမ်းပို့ပြီးတာနဲ့တန်းပြန်လာနော်´´

“ဟုတ်ကဲ့ပါအဘ´´

သုံးယောက်သား ခရီးအတူတူထွက်လာရာ တစ်နေရာအရောက်

“မြူ နှင်း ဒါ အစ်ကိုတို့ လှည်းရပ်တဲ့နေရာ လှည်းတွေဘယ်ရောက်ကုန်တာလဲ´´

ဖိုးမောင်ပြောလိုက်မှ ငသော်လည်း လှမ်းကြည့်လိုက်တာ ဟုတ်တယ် လှည်းတွေနွားတွေ ဘယ်ရောက်ကုန်မှန်းမသိ

“မြူ နှင်း နင်တို့လူတွေ ယူလာမယ်ဆို ခုဘယ်ရောက်ကုန်တာလဲ ´´

“အဲဒါတွေရှင်းပြနေလည်း နားလည်မှာမဟုတ်ဘူး ကျမပြောသလိုသာ လိုက်လုပ် လာရှေ့ကို နည်းနည်းသွားရအောင်´´

မြူ နှင်းကဦးဆောင်ပြီး ရှေ့သို့သွားလိုက်ရာ

“ဟာ ဒါ တို့ရွာပဲ ဖိုးမောင် ´´

ငသော်ကဝမ်းသာအားရပြောလိုက်ပေမယ့် ဖိုးမောင်စိတ်ထဲ တစ်ခုခုဖြစ်နေသလို မဟုတ်သေးပါဘူး ငသော်တို့အိမ်နဲ့ မိမိတို့အိမ်ရှေ့မှာ လူတွေ အများကြီး ဘာဖြစ်ကြတာလဲ စိတ်ထဲစိုးရိမ်မိသလိုလို

“မြူ နှင်း ကျွန်တော်တို့အိမ်ရှေ့မှာ လူတွေအများကြီးရောက်နေတာ ဘာဖြစ်တာလဲ´´

မြူ နှင်းမှ နောက်ကိုပြန်လှည့်ပြီး

“အမှန်ပြောရရင် ရှင်တို့ရဲ့ ဝိညာဉ်တွေကဒီမှာ ဟိုအိမ်ရှေ့ကအခေါင်းထဲမှာက ရှင်တို့ရဲ့ခန္ဓာကိုယ်တွေ လှည်းမှောက်ပြီး ကျမတို့နဲ့တွေ့တာ အမှန်က ရှင်တို့ကိုအပြီးခေါ်ထားမလို့ ဒါပေမယ့် ရှင်တို့ရဲ့ကျေးဇူးကြောင့် ပြန်လွတ်လိုက်တာ´´

“ဟင် ဟုတ်လို့လားဗျာ ကျွန်တော်တို့က အရင်ကနဲ့ခု တစ်ဆက်တည်းထင်နေတာ´´

“မဟုတ်ဘူး အမှန်က သစ်ငုတ်ကို ကိုဖိုးမောင်လှည်းကချိတ်မိပြီးမှောက်သွားတာ အဲဒါကို နောက်ကလှည်းကလည်း ဘာမှမသိပဲ ဆင်းလာပြီး ကိုဖိုးမောင်လှည်းကို ထပ်တိုက်လိုက်တာ အဲဒီအချိန်လေးမှာ ရှင်တို့ရဲ့ဝိညာဉ်တွေက လွှင့်မျောပြီး ခုလိုတွေဖြစ်သွားတာ ရှင်တို့တွေ ခု ခန္ဓာကိုယ်တွေထဲ ပြန်ဝင်ရမယ် မြန်မြန်လာ နောက်ကျနေလို့ မဝင်ရပဲဖြစ်နေအုံးမယ် ´´

ပြောပြောဆိုဆို သုံးယောက်သား အမြန်သွားလိုက်ရာ

“အမလေး သားတို့ရယ် အဖြစ်ဆိုးလှချည်လား´´

ဒါ ဖိုးမောင်အမေငိုသံ သူငယ်ချင်းတွေမျက်နှာကြည့်တော့လည်း

“မင်းတို့ကွာ တော်တော်အဖြစ်ဆိုးတာပဲ မင်းတို့မရှိတော့ ငါတို့တွေ မနေတတ်တော့ဘူး´´

အမယ် တယ်ဟုတ်ပါလား ဒီကောင်တွေ တော်တော်ချစ်ပြီးခင်ကြတာပဲ အသက်ရှင်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက် ရန်ဖြစ်လ်ုက်တည့်လိုက် သံယောဇဉ်မရှိကြဘူးထင်တာ ခုသေခါမှ သံယောဇဉ်အမှန်တွေပေါ်လာတာ

ငသော်ကြည့်လိုက်တော့လည်း သူငယ်ချင်းတွေ ဒီလောက်ခင်မှန်းသိလိုက်မှ ဝမ်းနည်းဝမ်းသာဖြစ်နေတဲ့ပုံစံ ဘာပဲပြာပြော ခုလိုသူငယ်ချင်းတွေသဘောထားသိလိုက်ရတာကလည်း ဆုလာဒ်တစ်မျိုးပင်

“ကဲ အခေါင်းထဲက ရှင်တို့ခန္ဓာကိုယ်ထဲ မြန်မြန်ဝင်လေ´´

မြူ နှင်းသတိပေးလိုက်မှ ဟုတ်သားပဲ မေ့တော့မလို့

ဖိုးမောင်နဲ့ငသော်လည်း အခေါင်းထဲရှိ ခန္ဓာကိုယ်ထဲသို့ အသီးသီး ဝင်လိုက်ကြရာ

“ဟာ အခေါင်းကြီးလှုပ်နေတယ် လုပ်ကြပါအုံး ´´

မြင်လိုက်လို့ပြောလိုက်တာက တစ်ယောက်တည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတာက လူအကုန်လုံး

“လူသေကောင်ထလာတာ ဝိုင်းရိုက်ကြဟေ့´´

လူငယ်တစ်စု တုတ်ကိုယ်စီဖြင့် ဝိုင်းရိုက်မည်အပြု

“ဟဲ့ကောင်တွေ နေကြပါအုံးဟ ကြည့်ပြစေအုံး´´

တတ်သိနားလည်သော လူကြီးများမှ

“ဒါ လူသေကောင်ထလာတာမဟုတ်ဘူး မျောနေတာကနေ သတိရလာကြတာ ရေပေးလိုက်ကြစမ်း´´

ခပ်လာသောရေကို သောက်လိုက်မှ ဖိုးမောင်နဲ့ငသော် အမောပြေပြီး စိတ်တွေလန်းလာသလိုဖြစ်သွားသည်။

“အားးးးး´´

ရုတ်တရက် ဖိုးမောင် အော်သံကြောင့် အားလုံးစိုးရိမ်သွားသည်

“ဟေ့ကောင် ဘသက် ဘာလို့ ငါ့ကို အပ်နဲ့ထိုးတာလဲ´´

`လူသေကောင်တွေကို ဘာနဲ့လုပ်လုပ် မနာဘူးလို့ကြားဖူးလို့ ခုအပ်နဲ့ထိုးကြည့်တာ နာတယ်လို့အော်တော့ တကယ်အသက်ရှင်တာကိုယုံပါပြီ´´

ဘသက်စကားကြောင့် အားလုံး စိတ်တိုရမလို စိတ်ညစ်ရမလို

“တော်သေးတာပေါ့ အပ်နဲ့ထိုးလို့သာပေါ့ ရဲဒင်းတို့ ဓားတို့နဲ့သာခုတ်လိုက်ရင် မတွေးရဲစရာပဲဘသက်ရာ´´

ငသော်စကားကြောင့် အားလုံးဝမ်းသာကြည်နူးပြီး

“ဒါနဲ့ မင်းတို့တွေ သတိရတာမြန်လို့သာပေါ့ မဟုတ်ရင် ဒီမှာအသုဘချတော့မှာ တော်တော်ကံကောင်းတဲ့ကောင်တွေ´´

“ဟေ့ ဆရာတော်တွေကြွလာတယ် လမ်းဖယ်ကြအုံး´´

ရွာသားတစ်ယောက်စကားကြောင့် အားလုံးလမ်းဖယ်လိုက်ပြီး ဆရာတော်မှ

“ဖိုးမောင်နဲ့ငသော်ကို အခေါင်းထဲကထုတ်ကြအုံး ဖိုးမောင်နဲ့ငသော်ကလည်း အခေါင်းထဲမှာမထိုင်နဲ့တော့လေ အပြင်လာထိုင်´´

ဆရာတော်စကားကြောင့် ဖိုးမောင်နဲ့ငသော်လည်းအခေါင်းထဲမှ ထွက်ပြီး ဆရာတော်ရှေ့သွားပြီး ဦးသုံးကြိမ်ချပြီး ဆရာတော်ပေးသော ငါးပါးသီလကိုယူလိုက်လေတော့သည်။ သီလပေးပြီးပြန်ကြွသွားသော ဆရာတော်များကိုကြည့်၍

“ဦးလေး တမလွန်မှာ ဦးဘမောင်ကိုတွေ့ခဲ့တယ် သူ့မိသားစုကို အမျှအတန်းပေးဝေပေးပါလို့လည်းမှာလိုက်တယ်´´

“အေးပါကွာ ပြောပြလိုက်ပါ့မယ်
သြော် ထူးဆန်းတဲ့ ဒီလောကကြီးမှာ ဆန်းပြားတဲ့ အကြောင်းတွေလည်းရှိတတ်တာ မင်းတို့ကသက်သေပါပဲကွာ´´

“ကဲ ကဲ တမလွန်ပြန်ဖိုးမောင်နဲ့ငသော် တို့တွေပြန်ကြမယ် နောက်မှတွေ့ကြတာပေါ့ကွာ´´

အားလုံးပြန်သွားကြတော့ ဖိုးမောင်နဲ့ငသော်လဲတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ငသော်မှ

“မင်းနဲ့ငါနဲ့က နာမည်ရှေ့မှာ ဘွဲ့တစ်ခုတောင်တိုးနေပါလား ပေးသွားတဲ့နာမည်က တမလွန်ပြန် တော်တော်ကောင်းတဲ့နာမည်ပါလား ဟားးးးးးးးဟားးးးးဟားးးးးးးးးးဟားးးး´´

နှစ်ယောက်သားရီမောပြောဆိုပြီး ကောင်းကင်သို့မော့ကြည့်လိုက်ရာ ဦးဘမောင်နှင့် ရွာသူ/သားများ ပြီးတော့ မြူ နှင်း သူတို့ပုံရိပ်လေးတွေက အပြုံးပီတိများနှင့် ပြီးတော့ တိမ်နှင့်အတူ တဖြည်းဖြည်းပျောက်ကွယ်သွားလေတော့သည်။

ပြီးပါပြီ