ပဌာန်းတန်ခိုးကိုယ်တွေ့ဖြစ်ရပ်မှန်

ရွာမှာ ကိုဖိုးစောဆိုတာ ရှိပါတယ် သူက စိတ်ကသိပ်မမှန်ပါဘူး ပါးစပ်ကအမြဲလိုလိုဆဲနေတတ်ပါတယ်။
ဘယ်သူနဲ့တွေ့တွေ့ ကြမ်းကြမ်းတမ်းတမ်းကြီးကိုဆဲတာ သူရဲ့ဝဇီကိုဖြစ်နေတာပါ တနေ့ ရွာဦးကျောင်းဘုရားပွဲမှာ ဆွမ်းတော်တင်ထားတဲ့သစ်သီးတွေကို လာစွန့်ပါတယ် လာယူတယ်ပြောတာ သူ့ရဲ့ဝစီအတိုင်း ကျောင်းထဲလဲ
မရှောင်မြင်မြင်သမျှကို ဆဲပါလေရော ကျောင်းပေါ်က ဆရာတော်ကြီးကြားသွားတဲ့အခါမှာ ဟဲ့ဖိုးစော “ဒီကိုလာအုံးစိတ်မနှံ့ပေမယ် ဆရာတော်စကား သူသိပါတယ် ကျောင်းပေါ်တက်သွားတော့ ဆရာတော်အနားရောက်တော့ ဆရာတော်က ” မင်းလဲအသက်ကြီးပြီ မင်းကို သနားလိုက်တာကွာ ဟေတုပစ္စယော ဟေတုပစ္စယောလို့ ပါးစပ်ကဆို ကျန်တာမဆိုနဲ့ ကြားလား” အဲ့မှာ ဖိုးစောက မေးခွန်းထုတ်ပါတယ်
“ဒါဆို ထမင်းစားရမှာလား စားရမှာပေါ့ကွ “
“ဟင်းကောင်းကောင်းနဲ့ စားရမွာ”
“ဒီ ဟေတုပစ္စရောကို နေ့တိုင်းဆို ကြားလား”
“တင့်ပါ့ ” ဘုရား”
ပင်ကို ဓာတ်ခံကြောင့် ထင်ပါတယ်
ဆရာတော် မိန့်တာကို နားထောင်ပြီး တင်ပါ့ဘုရားတဲ့။ ဒီလိုနဲ့ ပဲ နေ့တိုင်းသူ့ပါးစပ်ကထွက်တာ ပြောင်းသွားပါတော့တယ် မဆဲမဆိုတော့ ပါဘူး
” ဟေတုပစ္စယော ဟေတုပစ္စယောပါပဲ”
ဘာလုပ်လုပ် ဘယ်သွားသွား ဘာစားစား
မှောက်နေနေ အဲ့ဒါပဲ ဆိုတယ်။ဒါနဲ့ ရွာအရှေဖျားမှာ တရွာလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရ ပူဇော်ရ ပါ့သရ
လေးစားရတဲ့ နတ်ကွန်းတခု့ရှိပါတယ် ။
တကယ်လည်း ကြောက်ရပါတယ် အဲ့ဒိီနတျကှနျးမှာ
အမှားတခု့ခု့လုပ်မိလို့ ခံရရင် ဆေးကုလို့မရပါဘူး။
သူပိုင်တဲ့ ထင်းခြောက်
က အစ ကောက်လို့မရပါဘူး။ယူရင်တောင် တောင်းပန်ယူရပါတယ်။
ဖိုးစောကြီးကတော့ နေ့တိုင်း နတ်ကွန်းထဲသွား နတ်ကွန်းကို မဖြိုယုံတမယ်ပဲ ခုတ်ဓားမလည်းခုတ်တယ် ထင်းခြောက်လည်း ကောက်တယ် တခါတလေ သူများတင်ထားတဲ့ အုန်းပွဲငှက်ပျောပွဲတောင် ယူမလာပါတယ်
ဘာမှဖြစ်သံမကြားရဘူး။
ကြာကြာခံလာရတော့ နတ်ကွန်းက နတ်ကြီးလဲ မခံနိုင်တော့ဘူ ထင်ပါတယ်။ တနေ့ရွာထဲက ရေခပ်သွားတဲ့ကလေးမလေးတယောက်ကို ဝင်ပူးပီးကြမ်းပါလေရော ရွာဆိုတာ သိမဲ့အတိုင်း တခု့ခု့ဖြစ်လိုက်ရင်
ကြော်ငြာစရာ မလိုပါဘူး ရယ်။ တခါထဲလူကစည်ပြီးသား။ ဒါနဲ့ အသက်ကြီး တဲ့ ရှေမှီနောက်မှီတွေက
ရေမွှေးဖြန်း လက်ဖက်တွေတင် ဝိုင်းတောင်ပန်တာပေါ့ဗျာ။ တနာရီလောက် ပွဲဆူပြီး ဟိုကြိမ်းဒီကြိမ်နဲ့
စိတ်လျော့သွားတယ် ထင်ပုံရတယ် အသံပြာင်းသွားတယ်။ အဲ့မှာ နတ်ကြီးက ပြောတာက
“” ငါ့ပိုင်နက်ထဲက. ငါ့ကို မပြောမဆိုပဲ ထင်းလေး
တချောင်းတောင် ယူခွင့်မပြုဘူးကွာ “
” ဟိုကောင် ဖိုးစောအရူး နေ့တိုင်း သစ်ပင်လာခုတ်တယ် ငါနေတဲ့နေရာတောင်ခုတ်တော့မယ် ငါလေ
ဒေါသထွက်လွန်းလို့ နောက်ကနေ သစ်ကိုင်းနဲ့ရိုက်တာကွ “” ငါရိုက်လိုက်တိုင်းကွာ ဟေတုဆိုတာကြီးကခံထားတယ်။ အဲ့ဒီဟေတုက ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိဘူး။ မနေ့ကလဲ အဲ့ဖိုးစောကို
အသေသတ်မလို့ သူလှည်းနေတဲ့ သစ်ပင်ကို သူဘက်လှဲပြစ်တာ ဟေတုကြီးက လာခံပြန်ရောကွာ။ဟေတုကြီးကို ငါမနိုင်ဘူးကွ သူ့ကိုငါမသတ်လိုက်ရတဲ့အပြင် သူကိုကိုက်မဲ့ သစ်ပင်ခြေရင်းကမြွေဆိုးတကောင်ကိုတောင် ငါ့မှာဖယ်ပေးလိုက်ရတယ်။
” ဖိုးစောကို ပြောပေးပါအုံး ကွာ”
“ငါ့ သစ်ပင်တွေလဲ ကုန်ပီ နောက်လာမခုတ်ပါနဲ့တော့လို့။ ကြမ်းလှပါတယ်ဆိုတဲ့ နတ်ကြီးက
တောင်းတောင်းပန်ပန် လေသံလေးနဲ့ ပြောပြီးထွက်သွားလေတယ်။ ဟေတုကြီးကို ငါမနိုင်ဘူး အဲ့ဒီနေ့ကစပြီး
ဖိုးစောရဲ့ နာမည်ပျောက်ပီး ဟေတုကြီးလို့သာ တွင်ပါလေရောဗျာ။ တရွာလုံး လဲ ပဌာန်းပွဲကြီးကို
နှစ်စဉ် နှစ်တိုင်း ယုံယုံကြည်ကြည် နဲ့ စည်စည်ကားကားရွတ်ဖတ်တာ အခု့ဆိုရင် နှစ်ပေါင်း၃၀တောင်ရှိပါပြီ
ခဗျာ။

Htet ko ko ခေါ် U Tar
စာရေးပြီးချိန် – ည 01:24minute