°°°°°°°°°°°°°°°°°°°°°°°

ပုဂံခေတ် သေဉ်လည် ‌‌ကြောင်မင်း နန်းတက်နေချိန်မှာ တကောင်းနေပြည်တော်ကြီးကလည်း ထင်ရှားနေချိန်ဖြစ်လေသည်..။ အေးချမ်းသာယာတဲ့ ပုဂံမြို့လေးရဲ့အလှဟာ ဘာနဲ့မှ မလဲနိုင်…

သာယာဖွယ် ၊ ငြိမ့်ညောင်းဖွယ် လှပတဲ့ အပြင် သာသနာလည်းထွန်းကားတဲ့ အချိန်ဆိုလည်း မမှားပေ..ဦးတင့်တော်နှင့် ဇနီးဒေါ်နော်တို့က ပန်းပဲပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသလို.. သားသာမီး ၃ ဦး ထွန်းကားလေသည်…

ဦးတင့်တော်သည် ပန်းဘဲပညာထွန်းကားသလို သားဖြစ်သူ မောင်တင့်တယ်လည်း ပန်းပဲပညာ မှာ ပါရမီ ပါသူဖြစ်လေသည်.. ဦးတင့်တယ် သား ဖြစ်သူ ပန်းဘဲ မောင်တင့်တယ် ထောင်ထောင်မောင်းမောင်း အရပ်ရှည်ရှည် နဲ့ ‌ရုပ်ရည်ဖြောင့်သူ တစ်ဦး ပင်ဖြစ်လေသည်…

မောင်တင့်တယ် တို့ ပန်းပဲ လက်ရာကောင်းမွန်ချက်ကတော့ သူရဲ လက်ဖြင့်ပန်းပဲထုလျှင် အရည်အသွေးကောင်းမွန်သည်..။

လက်ရာကောင်းမွန်နေတာကြောင့် မိမိတို့ ပန်းပဲ ဖိုတွင် ဘုရင့် နှင့် မူးမတ်ပြည်သူများ
လည်‌ေတာ်တော်တော်လေး ကို လာရောက်အပ်နှံသူတွေနှင့် စုံစည်း နေကြနေသည်.. ပန်းပဲ မောင်တင့်တယ် လက်ရာကို အမြို့မြို့ အနယ်နယ်တိုင်းတိုင်း မှာယူသူများနှင့် စည်းကားနေလေတော့သည်..။

စောမြတ်လှ… မိန်းမကောင်းတို့ လှပခြင်း တို့ တော်တော်လေးကို ပိုင်ဆိုင်ထားသူ..။ မြင်သူတိုင်းကလည်း တော်တော်လေးကို စောမြတ်လှကို သဘောကျလေ့ ရှိလေသည်..။ ကောင်းခြင်း ငါး ဖြာ နှင့် ပြည့်စုံသလို ပန်းပဲ မောင်တင့်တယ် ကျေးဇူးကြောင့်လည်း တော်တော်လေးကို ကာကွယ်ထားသလို ဖြစ်နေလေသည်..။

‌ကာလသားတော်တော်များများကလည်း အကိုဖြစ်သူရှိလျှင်.. စောမြတ်လှ အနားသို့မကပ်ရဲပေ..။

ပန်းပဲ မောင်တင့်တယ်ရဲ့ ပန်းပဲ လက်ရာကြောင့်…. တစ်တိုင်းပြည်လုံး အပြင်.အိမ်နီးချင်းတိုင်းပြည်တွေကလည်း လက်ရာကိုနှစ်ခြိုက်သဘောကျလေ့ရှိပါတယ်..။ ဘဝအကျိုးပေးသန်သည့် မောင်တင့်တယ်သည် အသက်အရွယ်နှင့် မလိုက်အောင်ပင် ခန္ဓာကိုယ် သန်မာထွားကျိုင်း၍ ခွန်အားဗလလည်း ကောင်းလှသည်။

မီးဖုတ်ထား၍ ရဲရဲနီနေသော သံချောင်းကို ရေတွင်ရှဲခနဲနှစ်ကာ ပေပေါ်သို့တင်၍ လက်ဝဲလက်မှ ညှပ်နှင့်ကိုင်၍ လက်ျာလက်မှ ပိဿချိန်(၁၀၀)ရှိသော တူကြီးဖြင့် မြှောက်၍ ထုနှက်လိုက်သော အသံသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ချောက်ချားသွားစေခဲ့သည်။ လက်ဝဲလက်နှင့် ပြောင်း၍ ပိဿချိန်(၅၀)ရှိသော တူကြီးဖြင့် ထုနှက်ရာတွင် မနားတမ်း ထုနှက်နိုင်စွမ်းရှိသည်ဖြစ်၍ မြင်ရသူများ အဖို့ အံ့ဩဖွယ်ရာ ဖြစ်စေသည်။

အသိပညာ နည်းပါးလှတဲ့ ‌မှူးမတ် အချို့က မောင်တင့်တယ် ခွန်အားဗလနဲ့ ပြည့်စုံတာကို မနာလိုဖြစ်နေလေသည်… ဒီလိုနဲ့ မောင်တင့်တယ်အား ကုန်းချောစကားများဖြင့် တကောင်း ပြည့်ရှင်ဘုရင်ကြီးထံတွင်မဟုတ်မှန်များလျှောက်ထားလေတော့သည်… အသိဉာဏ်နည်းသော မှူးမတ်စကားများကြောင့် ထီနန်းလုမည်လို့ ပြောကြသဖြင့် တကောင်းပြည့်ရှင်မင်းလည်း တော်တော်လေးကို ထိတ်လန့်မိလေသည်…

ရှေးဘုရင်များအနေဖြင့် ထီးနန်းလုမည်ကို စိုးရိမ်လေ့ရှိတတ်တာကြောင့် မောင်တင့်တယ်သတင်း မှန်လား မှားလား ဆိုတာ လည်းမဆုံးဖြတ်တော့…ဘုရင်ကြီး ၏ စိုးရိမ်စိတ်က မောင်တင့်တယ်အား ဖမ်းဆီးပေးဖို့ အမိန်ချမှတ်ရန် အသင့်ပင်…

လူရိုးကြီး မောင်တင့်တယ်… မင်းရာဇဝတ်ဘေးကို တော်တော်လေး ထိတ်လန့်ရှာသည်… မဟုတ်တာ မလုပ်ပေမယ့် သမာအာဇီဝဖြင့် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ ကျန်တဲ့ မိသားစုဝင်တွေကို မထိခိုက်စေလိုတာကြောင့် တကောင်းဘုရင်၏ ပိုင်နက်မှ လွတ်ကင်းရာဒေသသို့ ထွက်ပြေးတိမ်းရှောင်ရင်း ပုပ္ပါးနယ် တစ်ဝိုက်တွင် ပုန်းအောင်းနေလေသည်။

တကောင်းပြည့်ရှင်ဘုရင်က မောင်တင့်တယ်အား ပရိယာယ်နည်းဖြင့် ဖမ်းရန် အကြံအိုက်နေ‌ေလေ့ရှိသည်.. ဒါကြောင့် မှူးမတ်များအား မောင်တင့်တယ်၏ နောက်ကြောင်းရာဇဝင်ကိုစုံစမ်းခိုင်းလိုက်လေသည်…

ဒီလိုနဲ့ တကောင်းပြည့်ရှင်ဘုရင်ကြီးလည်း တိုင်းခမ်းလှည့်လည်မယ်လို့ အမိန့်ထုတ်လိုက်လေသည်..။မှူးမတ်တို့လည်း ဘုရင်ကြီးသွားဖို့လမ်းကြောင်းများ ကြိုတင်စီစဥ်ရန်နှင့် ဘုရင်ကြီး တိုင်းခမ်းလှည့်မည့်အကြောင်း တစ်ပြည်လုံးနီးပါ လိုက်လံ ‌ကြော်ငြာဖို့ ပြင်ဆင်ရလေတော့သည်..။

လူရိုးကြီး မောင်တင့်တယ် မင်းရာဇ၀တ်ဘေး ‌‌ကြောက်လို့ ပုပ္ပါး နယ် တစ်၀ိုက် ရှောင်ပုန်းနေပေမ့ယ့် စိတ်ထဲတွင် မိသားစု ကို သာတမ်းတနေလေသည်…။မောင်တင့်တယ်တောထဲ ပုန်းနေခိုက် တောထဲတွင် ရိုးတိုး ရိပ်တိပ် လှုပ်ရှားနေတဲ့ ပုံရိပ်ကို မြင်လိုက်ရလေသည်..

စိတ်ထဲတွင် မှူးမတ်တို့ လာရောက်ဖမ်းဆီတယ်လို့ထင်လိုက်မိလေသည်..။ ‌ ပင်စည်ကြီးကြီး သစ်ပင်ကြီး ရဲ့အကာအကွယ်ကို ယူကာပုန်းနေမိသည်…
ထိုနောက် ရှပ်..ရှပ် ဆိုတဲ့အသံကို ကြားမိတဲ့အခါမှာတော.. မောင်တင့်တယ်တစ်ယောက်သိချင်စိတ်ဖြင့် သစ်ပင်နောက်ကွယ်ကနေ ချောင်းကြည့်မိလေသည်…။
မောင်တင့်တယ်တစ်ယောက် ပါးစပ် အဟောင်းသားနဲ့ ငေးကြည့်မိနေတော့သည်… ကိုယ်ယောင်ကိုယ်၀ါ တောက်ပပြီးချောမောလှပသော မိန်းမပျိုလေး တစ်ဦးနဲ့ တွေ့ဆုံမိလေတော့သည်..။
အကြည့် အငြိ တခဏမှာ လှုပ်ရှားသွားတဲ့ ရင်ခုန်သံစီးချင်းထဲမှာ မျောနေမိသလို.. တောနက်ထဲက မိန်းမပျိုလေး… ဘာကြောင့်လာရလဲ.. ဆိုတာ စဥ်းစားမိလေသည်…
ရွှေနဘေ… ရွှေနဘေ… ‌ချောမောလှပခြင်းကြောင့်… ဖခင်ဖြစ်သူ နဂါးမင်းက.. စိတ်မချ… နဂါးမင်းသမီးလေး ရွှေနဘေ.. ချောမောလှပခြင်း ပေါင်းစပ်ထားသလို ကြောင့်တော်တော်လေး ကို ငေးမောနေမိတဲ့ မောင်တင့်တယ်…
နဂါးမင်းသမီး လေးလည်း မောင်တင့်တယ် နဲ့အကြည့် အငြိတွေနဲ့ ငြိတွယ်မိတာကြောင့် တောထဲတွင်လည်း သူတို့ နှစ်ဦး သံယောဇဥ် ရစ်တွယ်မိလေသည်…
တကောင်းပြည့်ရှင်ဘုရင်လည်း တိုင်းခန်းလှည့်လည်ရင်.. စောမြတ်လှကို တွေ့မိသည်… အကြံယုတ်တဲ့ မူးမတ်တို့ကလည်း ‌ အရှင့်ဘုရား .. လျှောက်တင်ခွင့်ပြုပါဘုရား..
ဟို အရှေ့နားလေးက မိန်းမပျိုလေးဟာ.. ပန်းပဲ မောင်တင့်တယ်ရဲ့ နှမတော်ပါဘုရား..
သူ့အလှသတင်းကတော့ ဒီနယ်မှာ တော်တော်လေးကို မွှေးနေပါတယ်…
နှုတ်ခမ်းမွှေး တစ်သပ်သပ်နဲ့.. တကောင်းပြည့် ရှင်ဘုရင်ကြီး တော်တော်လေး ကိုစဥ်းစားပြီးနောက်…စောမြတ်လှကို တော်ကောက်ရန် ‌ပြောလိုက်သည်..
မှန်လှပါဘုရား ကျွန်တော်မျိုးလိုလိုသေးမရှိစီစဥ်လိုက်ပါမယ်..။
သူ့ကိုငြင်းထားတဲ့ စောမြတ်လှ… ဒီတစ်ခါတော့ ငြင်းနိုင်ချေမရှိအောင် လုပ်မယ်လို့ ကြုံး၀ါးထားတဲ့ မှူးမတ်အတွက်တော့ ၀မ်းသားအားရ နှစ်ထောင်းရနေလေသည်..

စောမြတ်လှ တစ်ယောက် တကောင်းပြည့်ရှင် ဘုရင်ကြီး က တော်ကောက်မည့် သတင်းကို ကြားသောအခါ မယုံကြည်နိုင်ဖြစ်ရသေလေသည်..
အစ်ကိုဖြစ်သူအတွက် စိတ်အေးရလောက်ပြီလို့လည်း တွေးမိလေသည်.. မိဘတွေနဲ့လည်း တိုင်ပင်ကြည့်တဲ့အခါမှာတော့ အစ်ကို ဖြစ်သူအတွက် မင်းရာဇ၀တ်ဘေး က လွတ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး လို့ ပြောကြလေသည်..
သို့ကြောင့်လည်း စောမြတ်လှသည် ခေါင်းညိတ်ပြီး လက်ခံလိုက်လေတော့သည်…

တကောင်းပြည့်ရှင်ဘုရင်ကြီးက စောမြတ်လှလေးကို တကယ်ချစ်လို့ တော်ကောက်တာလား..

အကြံကြောင့် တော်ကောက်တာလား ဆိုတာ နောက်ထပ် အပိုင်းတွေမှာ တင်ဆက်ပေးသွားပါမယ်နော်..

ပန်းပဲမောင်တင့်တယ် (အပိုင်း-၄) ဇာတ်သိမ်းပိုင်း

ဘုရင်တို့ရဲ့ ပရိယာကြွယ်၀ပုံ သိပ်ကြောက်ဖို့ ကောင်းနေလေတော့သည်..။ စောမြတ်လှကို တော်တ်ောလေး သဘောကျသလိုလိုရှိနေပေမယ့် လည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ တော်ကောက်တဲ့အကြောင်းကိုတွေးမိပြီးတော့သဘောချ နှစ်ခြိုက်နေတဲ့ တကောင်းပြည့်ရှင်ဘုရင်ကြီးတော်တော်လေးကိုစိတ်ထဲမှာကျေနပ်နေမိလေသည်…

ရာထူးမင်းစည်းစိမ်နဲ့ပက်သတ်ရင် ဘယ်သူမှ ဗိုလ်မထားလို။ ထီးနန်းလုမည့် အရိပ်အယောင်ကို တစ်ခု မရှိစေလို။ ဘယ်သူမှ ထီးနန်း မပေးလို။ နေရာလေးပျောက်မှာ‌စိုးကြောက်နေတာကြောင့် အမှားအမှန်ကိုတော်တော်လေး မခွဲခြားနိုင်… ငါနဲ့မတူ ငါ့ရန်သူ လို့သာသဘောထားလေသည်..
သို့သော်စောမြတ်လှ အပေါ်ကို ချိုချိုသာသားနဲ့ ဆက်ဆံလေသည်…
သူ့နှမအား ကောင်းကောင်းဆက်ဆံမှ သူ့မောင်ပြန်ရောက်လာမယ်မလာ… စိတ်အမှောင်ဖုံးနေတာကြောင့် တော်တော်‌လေးအမှားအမှန်မခွဲခြားနိုင်…

ရွှေနဘေနဲ့ မောင်တင့်တယ် သံယောဇဥ်ကမ္ဘာငယ်လေးက ပုပ္ပားနယ်ထဲမှာ… သံယောဇဥ်အထပ်ထပ်ရစ်ပတ်လို့ တစ်ယောက်နဲ့ တစ်ယောက် ဘ၀ ကို ပုံအပ်မိကြလေသည်.. အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ.. သံယောဇဥ်ကြိုးလေး ခိုင်မာလာသလို မေတ္တာသက်ဝင် ပေါင်းသင်း နေထိုင်ရာ ကာလအတန်ကြာတွင် သားတော်နှစ်ပါး ရရှိခဲ့သည်။ ထိုသားတော်နှစ်ပါး၏ အမည်များမှာ ရှင်ဖြူ မြောက်မင်း ရှင်ဖြူ၊ ရှင်ညို တောင်မကြီး ရှင်ညို ဟူ၍ အမည်တွင်လေတော့ည်..။

တကောင်းပြည်ကြီး စည်ကားသလို … တိုင်ပြည်တိုးတက်မှုကြီးလည်း တော်တော်လေးဖွံ့ဖြိုးလေသည်.. တကောင်းပြည့် ရှင်ဘုရင်ကြီးလည်း အချိုသတ်ကာ စောမြတ်လှအားအယုံသွင်းပြီး
အစ်ကိုဖြစ်သူ မောင်တင့်တယ်အား တွေ့ချင်သည်ပြောလေသည်..

မောင်တင့်တယ်အားတွေ့ရန်မှာ ဖမ်းဆီးဖို့မဟုတ်ကြောင်း.. ပန်းပဲလက်ရာများ နာမည်ကြီးနေခြင်းကြောင့် ဖြစ်ကြောင်း၊ မင်းမိန့်နှင့်ဆင့်ခေါ်ရခြင်းက ခွန်အားဗလနဲ့ ပြည့်စုံသော မောင်တင့်တယ်အား တကောင်းမြို့တော်၀န်ခံထားမည်လို့ စောမြတ်လှအားအချိုသတ်လိုက်လေတော့သည်..။

စောမြတ်လှလည်း ဘုရင်ကြီးအားယုံစားကာ လူများလွှတ်ပြီးတော့ မောင်တင့်တယ်အား မိဘများမှ တစ်ဆင့် ခေါ်ခိုင်းလိုက်တော့သည်.. ဒီလိုနဲ့ မောင်တင့်တယ် ဆီသို့ သတင်းများရောက်ပြီးနောက်.. မောင်တင့်တယ်လည်း ပုပ္ပားနယ်မှ ‌တကောင်းမြို့သို့ ပြန်အရောက် နှမတော်များသိစေရန် ပန်းပဲဖိုတွင် လက်စွမ်းပြလေသည်..။

ပန်းပဲဖိုတွင်မထုဖြစ်တာ ကြာပြီဖြစ်သောကြောင့် ပန်းပဲထုရန် ပြင်ဆင်လေသည်… ငါ့နဲ့ ပန်းပဲထုသံက ဘယ်သူနဲ့မှ မတူ..။ လက်စွမ်းနဲ့ ခွန်အားဗလနဲ့ တူထုလိုက်ရင် ငါ့နှမတွေ ငါပြန်ရောက်ကြောင်းတော့သိမှာပဲဟု ပြောပြောဆိုဆိုနဲ့ ပင် ထုလိုက်လေတော့သည်…

တွင်..ဒင်..ဒင်.. အသံကြောင့် တကောင်းမြို့ နန်းတော်အထိပင် ပန်းပဲ ထုသံကြားရလေသည်..။ တကောင်းပြည့်ရှင်ဘုရင်ကြီးသည် အာရုံမတက်မီ စက်တော်ခေါ်နေသေးချိန်မှာပင် ထူးခြားတဲ့အသံကြောင့် နိုးလာလေသည်…
ဟေ့ ဒီအသံက ဘယ်က လာတာလဲ.. တံခါးစော့ မှူးမတ်များအား လှမ်းမေးလိုက်ရာ…
စုံစမ်းတော် မှုကြောင်းပါဘုရား…
တကောင်းပြည့်ရှင်ဘုရားကြီးသည်.. စိတ်ထဲတွင် ထိုကြားရသောအသံကို ကြောက်နေမိလေသည်..။ထိုအချိန်တွင် စောမြတ်လှလည်း အသံကြားရာ ဟင်.. အစ်ကို အစ်ကို ပြန်ရောက်နေကြောင်း ငါ့ကိုအသိပေးတာ ၊ ၀မ်းသာလိုက်တာ…
ဘုရင်းကြီး ကို အမြန်လျှောက်တင်မှ… စောမြတ်လှလည်း ဘုရင်ကြီး အိပ်ဆောင်သို ရောက် သော်.. အရှင်မင်းကြီး စောမြတ်လှရဲ မောင်တော် ရောက်ရှိနေကြောင်းပါ ဘုရာ…
သူရောက်ကြောင်း အသံပေးတာပါဘုရား..
ဟင် အသံပေးတာတောင် နန်းတော်ထဲက ကြားရပါလား ငါ့ထီးနန်းလုရင် မလွယ်ဘူး.. စိတ်ထဲကနေ တွေးကြောက်နေတာကြောင့်တကောင်းဘုရင်ကြီး ငြိမ်သက်နေလေသည်..။ မင်းကြီးဘုရား စောမြတ်လှ ခေါ်သံကြောင့် အသိပြန်၀င်လာသည်.. မောင်တင့်တယ်ကို နန်းတော်ထဲကို လာ့ဖို့ ပြောလိုက်ပါကွယ်…
ညီလာခံ လုပ်ဖို့ပြင်ဟေ့… တစ်ဆက်တည်းပင်မနက်အချိန်အစောကြီး မင်းညီလာခံ လုပ်တာကေကြာင် မှုးမတ်များလည်း ပြင်ဆင်ရလေတော့သည်..
ညီလာခံတွင်.. မောင်တင့်တယ်အား သတ်ရန်အမိန့်ချလိုက်လေသည်.. မောင်တင့်တယ်က မရောက်သေး…သေမိန့်က ‌ကျနေကြောင်း နှမဖြစ်သူရော်.. မောင်ဖြစ်သူရောမသိရှာ…

မောင်တင့်တယ် တစ်ယောက် နန်းတော်ထဲရောက်သော်… မှူးမတ်များက ဖမ်ဆီးလိုက်ပြီးတော့ စကား၀ါ ပင်အောက်ကြိုးချည်ကာ…ဖိုကျင်ထိုးပြီး သတ်လေတော့သည်… ထင်းမီးသွေးများဖြ့အလျှံညီးညီး အားကောင်းကောင်း‌နဲ့ တောက်လောက်နေသော မီးပုံကြီးသည်..မောင်တင့်တယ်အား အားပါးတရ၀ါးစားသလို လောင်မြိုက်နေလေသည်..
စောမြတ်လှလည်းဒီဖြစ်ရပ်ကို သိလျှင် သိချင်း.. ငါ့အစ်ကို.. ငါ့အစ်ကို… သေပါပြီ.. အစ်ကိုသေတာ ငါ့ကြောင့်.. အစ်ကို အဖြစ်ဆိုးနဲ့ သေရသလို ငါလည်း သေမယ်..
စိတ်ပိုင်းဖြတ်လိုက်တဲ့ စောမြတ်လှ တစ်ယောက်လည်း… မီးပုံထဲသို့ ခုန်ချမယ်အလုပ်မောင်းမများလည်း နောက်က ပြေးလိုက်ပြီးဆွဲမိဆွဲရာ ဆွဲလိုက်ရာ ဦးခေါင်းသာ ရလိုက်လေတော့သည်… မီးအရှိန်ပြင်ထန်လှတာကြောင် စက္ကူရွက်လေး မီးလောင်သလို လောင်ကျွမ်းလေတော့သည်..
ထိုဖြစ်ရပ်ကို မြင်သူ မယ်ထွေးဖြူလည်း ငါ့ အစ်ကို ငါ့အမ လည်းသေပြီး ငါလည်း လိုက်သေမယ်ဆိုပြီး မီးပုံထဲ ‌ခုန်ချလိုက်လေတော့သည်..၊
မောင်နှမ သုံးယောက်လုံးလည် မီးပုံထဲမှာ တစ်မဟုတ်ချင်းလောင်ကျွမ်းသွားပြီးနောက်.. ထိုစကာ၀ါပင်ကြီး က ကျိန်စာသင့်လေသလားပင်မသိ.. စကား၀ါ ပင်ရိပ်အောက်သို့ ၀င်သူမှန်သမျှ ကျွဲ ၊ နွား၊ လူ မကျန်..အကုန်သေလေတော့သည်..၊ တကောင်းဘုရင်ကြီးလည်း ထိုစံကား၀ါ ပင်ကြီးအား အမြစ်မှ ဆွဲနှုတ်ကာ မြစ်ထဲ မျောရန် အမိန့်ချလိုက်တာကြောင့် မြစ်ထဲမျောလိုက်ရာ
ပုနယ်ထဲတွင်…ဆိုက်ရောက်လေသည်…

ပုဂံသို့ ရောက်လေသောအခါ ပုဂံသေဉ်လည်ကြောင်မင်းကြီးက ထိုစံကားပင်ကို ဆယ်ယူ ၊နတ်မောင်နှမရုပ်ထုပြီးလျှင်ပုပ္ပားတောင်တွင်ထားလေသည်။ ပုပ္ပါးတောင်ကို ‘ မဟာဂီရိ’ ဟု ခေါ်သဖြင့် ‘ မဟာဂီရိနတ်မောင်နှမ ‘ ဟုလည်း ခေါ်တွင်သည်။ မင်းမှူးမတ်ပြည်သူတကာတို့ တစ်နှစ်တစ်ကြိမ်ပွဲကျင်းပ၍ပသပူဇော်ကြကုန်၏။ ထိုနတ်မောင်နှမမှာ ယခုတိုင်ထင်ရှားလှပါတယ်..

ပြီးပါပြီ။

Crd Mmbookshelf