ဖိုးကုလားနှင့်သူယောင်မယ် (စ-ဆုံး)
——————————————
ဖိုးကလားကဒေးစွန်ပါတောင်ခြေနားကရွာတရွာတွင်နေသည် ။ အလုပ်ကထင်းခုတ်ရောင်းသည့်အတွက်ဒေးစွန်ပါတောင်နားတဝိုက်သူ့ခြေရာတွေထပ်နေသည် ။ တခါတလေလက်သမားအကူလိုက်လုပ်သည် ။ အသားမဲသောကြောင့်ဖိုးကုလား ဟုခေါ်ကာညစ်ကျယ်ကျယ်နှင့်မိုက်ကန်းကန်းနိုင်လေသည် ။

ဒေးစွန်ပါတောင်ခြေတဝိုက်တွင်တရားအားထုပ်နေကြသောသူတော်စင်အများအပြားရှိနေကာ
ဒေးစွန်ပါတောင်ပေါ်တွင်ဆရာတော်ကြီးတပါးရှိလေသည်ဆရာတော်ကြီးက အသက်၇၀ဆယ်ကျော်ပြီးသာမန်သစ်သားကျောင်းကလေးနဲ့နေကာ ကျောင်းဝင်းထဲတွင်သီးနှံပင်ကြီးများစိုက်ထားကာဘုရားလေးတဆူတည်ထားလေသည် ။

ဆရာတော်ကြီးသည်အလွန်အေးဆေးကာတရားဘာဝနာအားထုပ်လျက်ရှိလေသည် ။ ဆရာတော်ကြီးတွင်တခြားကျောင်းများလဲရှိသေးကာဒီကျောင်းတွင်အမြဲမရှိပါ ဆရာတော်ကြီးကျောင်းပတ်ဝန်းကျင်တွင်အလွန်သာယာကာနှစ်ရှည်သီဟိုပင်များများစွာရှိလေသည် ။ တနေ့တွင်ဆရာတော်ကြီးသည်ထူးဆန်းသောအိမ်မက်ကိုမက်လေသည် ။

အိမ်မက်ထဲတွင်ဇော်ဂျီတပါးသည်ဆရာတော်ကြီးအားသူစောင့်ရှောက်နေ၍ သူ့ပုံဇော်ဂျီဆေးတောင်ဝှေးကိုင်ကာကနေသောဟန်ရုပ်ထုကိုဆရာတော်ကျောင်းရှေ့တွင်
ထုလုပ်ပေးရန်တောင်းဆိုလေသည် ။ ဒီအခါဆရာတော်ကြီးကရှုတ်ရှုတ်ရှက်ရှက်မထုလုပ်ပေးနိုင်ကြောင်း ပိုက်စံလဲမရှိကြောင်းငြင်းလွှတ်လိုက်လေသည် ။

ဒီအိမ်မက်ကိုပဲခဏခဏမက်နေကာတညတွင်ဇော်ဂျီက””’ အရှင်ဘုရားပိုက်စံတပြားမှကုန်စရာမလိုသ့ူ့အလိုလိုဖြစ်လာပါလိမ့်မယ်လက်ခံပေးပါ””’
ပြောတာနဲ့ နားအေးပြီးရောဆိုကာလက်ခံပေးလိုက်လေသည်။ နောက်ရက်မှာတော့သဌေးလင်မယားနှစ်ဦးရောက်လာကာသူတို့အိမ်မက်အရ ဆရာတော်ကြီးကျောင်းထဲတွင်ဖေဇော်ဂျီကနေသောရုပ်ထုကိုခွင့်တောင်းကာထုလုပ်သွားလေသည်။

ဆရာတော်အားလဲငွေများလူတန်းသွားကြလေသည်ဇော်ဂျီရုပ်ထုသည်
အသက်ဝင်လွန်းလှကာဆရာတော်ကြီးဆုံးဖြတ်ရခက်နေသောကိစ္စများတွင်အိမ်မက်ပေးကာ
အကြံပေးဖြေရှင်းပေးလေ့ရှိသည် ။ တညတွင်ဆရာတော်ကြီးအားဇော်ဂျီကသူတယောက်ထဲပျင်းနေ၍
သူယောင်မယ်ရုပ်ထုထုပေးပါပြောတော့
့ဆရာတော်ကဘုန်းကြီးကျောင်းနှင့်မအပ်စပ်ဆိုကာငြင်းလိုက်လေသည် ။

ဒီလိုနဲ့ပြောတာများလာ၍လက်ခံလိုက်ရာနောက်တရက်အမျိုးသမီးနှစ်ယောက်ရောက်လာကာ သူယောင်မယ်ရုပ်ထုထုဘို့ငွေများနှင့်ရွေထည်များလာလူသွားပြန်သည် ။ ထို့နောက်တွင်တော့ဇောာ်ဂျီရုပ်ထုနားတွင်အလွန်လက်ရာမြောက်သော
သူယောင်မယ်ရပ်ထုရောက်လာလေသည် ။

တခါဇော်ဂျီကတဆင့်တက်ကာသူယောင်မယ်ရုပ်ထုတွင်လက်ဝတ်တန်ဆာများဆင်ခိုင်းရာ ဆရာတော်လဲထုံးစံအတိုင်းငြင်းလွတ်လိုက်ပြန်သည် ။ နောက်နေ့တွင်သူယောင်မယ်ထုဘို့ငွေလူသွားသောအမျိုးသမီးနှစ်ယောက်ထပ်ရောက်လာကာ သူယောင်မယ်ရုပ်ထုတွင်လက်ဝတ်ရတနာများလာဆင်ပေးသွားလေသည် ။

ဆရာတော်ကြီးသည်နယ်လှည့်၍သာသနာပြုနေရာဆရာတော်ကြီးကျောင်းကလေးအား
ဖေဇော်ဂျီကစောင့်ရှောက်သည်ဟုကျောင်တွင်ကျန်ခဲ့သောကိုရင်များကဆိုသည်။
ဆရာတော်သည်ကျောင်းတွင်ဖြစ်နေသောကိစ္စမှန်သမျှလဲဖေဇော်ဂျီလာပြော၍
အကုန်သိနေသည်ဟုဆိုသောကြောင့်အဆန်းတကျယ်ရှိနေသည်။
တကယ်လဲဆရာတော်အကုန်သိနေတာအံ့သြစရာပင်။

တနေ့တွင်ဖိုးကုလားကဘုန်းကြီးကျောင်းဝင်းထဲကသီဟိုသီးများခူးရန်ရောက်လာလေရာ
ဆရာတော်ကြီးသည်ကျောင်းတွင်မရှိပါတခြားမြို့ရှိကျောင်းတွင်နေလေသည်။ ဖိုးကုလားကဇော်ဂျီရုပ်ထုနှင့်သူယောင်မယ်ရုပ်ထုအားမြင်ရာလက်ရာမြောက်သောသူယောင်မယ်ရုပ်ထုအား သဘောကျသွားလေသည်။

လက်ခြေဆော့တတ်သော–ဘယ်အရာမှအလေးမထားသောသူ့အကျင့်အတိုင်း————– နုတ်စည်းမစောင့်သောသ့ူ့ဗီဇအတိုင်း ——– ”ဝိုး**းသူယောင်မယ်ရုပ်ထုကလှလှချီလားဒီလိုမိန်းမမျိုးရလို့ကတော့ဖိုးကုလားတို့က၁၀ယောက်လောက်တောင်လိုချင်သေး”” ဖိုးကလားကသူယောင်မယ်ရုပ်ထုအားဟိုကိုင်ဒီကိုင်ပွတ်သတ်ကာ အရုတ်တ္တအနတ္တများပြော၍ရုပ်ထုမှဆွဲကြိုးတကုံးအားယူ၍သ့ူ့လည်ပင်းတွင်ယူဆွဲလိုက်သည် ။

ကျန်လက်ဝတ်လက်စားများအားထုပ်ကာအိမ်ကကလေးများဆော့ရန်ဆိုကာယူသွားလေသည် ။ ် ညဘက်တွင်ဖိုးကလားအိမ်မက်ထဲ၌အလွန်စိတ်ဆိုးနေသောသူယောင်မယ်က ”’နင့်ငါ့ကိုအခြောက်တိုက်လာစော်ကားတယ်ငါ့ပစ္စည်းတွေလဲယူသွားတယ် ——–
ငါ့ပစ္စည်းတွေကိုပြန်လာထားပေးပြီးတော့—=====
ငါ့ကိုလာတောင်းပန်အချိန်၃ရက်ပေးမယ်လွန်သွားလို့ကတော့ငါ့အဆိုးမဆိုနဲ့” ”နင့်ဟာတွေကအတုတွေငါကဘာလို့လာပေးရမှာလဲ နောက်၃ရက်နေ့ရင်ငါ့ဆီလာနေလေ”’ ဖိုးကုလားကအိမ်မက်ကိုအလေးမထားသောက်လိုက်စားလိုက်နဲ့၃ရက်မြောက်နေ့မှာတော့

အရက်သောက်ကာအိမ်ရှေ့ခန်းတွင်အိပ်နေသောဖိုးကုလားကသန်ခေါင်လောက်တွင် ”လုပ်ကြပါအုံးဗျဇော်ဂျီ ဆေးတောင်ဝှေးနဲ့လိုက်ရိုက်နေတယ် ———— သူယောင်မယ်လည်ပင်းညစ်နေပြီဗျကယ်ကြပါအုံး”’

ဖိုးကလားအသံနက်ကြီးဖြင့်အော်နေတာကို အိမ်သားများကြားကာလန့်နိုးိ သွားကြပေမဲ့အရက်သမားကယောင်ကတန်းအော်နေတယ်ထင်ကာအလေးမထားကြပေ —— မနက်မိုးလင်းတော့ကိုယ်ခန္တာအနှံအရှိုးရာများနှင့်လည်ပင်းတွင်အညိုအမဲစွဲကာသေနေသောဖိုးကုလားအလောင်းအားတွေ့ကြရလေသည်။ ထူးဆန်းသည်ကဖိုးကုလားသေပြီးနောက်သူယူလာသောသူယောင်မယ်ဆီက
လက်ဝတ်လက်စားများလဲမတွေ့တော့ပါ ။ပျောက်ချင်းမလှပျောက်သွားလေသည်။

ယခုအခါဒီဇတ်လမ်းထဲကဆရာတော်ကြီးသည်ပျံလွန်တော်မူသွားပြီဖြစ်ပါသည်။

ပြီး