ဖွားချမ်းသာခေါ် အမေဂျမ်းနတ်
စောရနက္ခ နဲ့ ဖွားတဲ့ တက်ခါးလေးရဲ့ ဇာတာကိုကြည့်ပြီး ဘုန်းတော်ကြီးက အင်း ဒီကလေးကတော့ ကြီးလာရင်သူခိုးဖြစ်မှာပဲ၊ ဖြစ်မဲ့အတူတူ ထမီခိုးသူခိုးအဆင့်တော့ အရောက်မခံနိုင်ဘူး ကြီးကြီးကျယ်ကျယ်ခိုးတဲ့ သူခိုးကြီးဖြစ်အောင်လုပ်ပေးရမယ်ဆိုပြီး လောကီအစီအရင်တစ်ခုကို ကိုယ်မှာထိုးပေးလိုက်ပါလေရော၊ အဲဒီအစီအရင်က ကြောင်ပျံအစီအရင်တဲ့၊ ဒီအစီအရင်အောင်သွားရင် ကြောင်တစ်ကောင်စာ အပေါက်လေးကိုတောင် တိုး၀င်နိုင်လို ငှက်ပျောရွက်ပေါ်မှာ တက်ပြီးအိပ်နိုင်လောက်တဲ့အထိ ပေါ့ပါးစေတယ်လို့ အဆိုရှိတယ်။
နောက်တော့ဘုန်းတော်ကြီးဟာ တက်ခါးလေးကို သူခိုးတို့တတ်အပ်တဲ့ပညာ၊ စာပေနဲ့ဂဏန်းသချာင်္၊ စရင်းအင်းပညာနဲ့ ဒါးခုတ်လှံထိုးစတာတွေကို သင်ကြားပေးပြီး နွမ်းပါးသူတွေ၊ အဖိနှိပ်ခံတွေကို ဒုကဿ္ခမပေးမိဖို့နဲ့ သူတို့ဘက်က အမြဲတမ်းရပ်တည်ပေးဖို့ သွန်သင်ပါသတဲ့။ ဒါနဲ့ပဲ တက်ခါးလေးကြီးလာတော့ ငတက်ပြား ဆိုတဲ့အမည်နဲ့ လူချမ်းသာတွေ ဂုတ်သွေးစုတ်သူတွေ အရာထူးခံတွေဆီက ပစဿ္စည်းတွေခိုးပြီး မရှိဆင်းရဲသားတွေကို ဝေမျှပေးတဲ့ သူခိုးကြီးဖြစ်လာပါလေရော။
ဒီလို ဟိုကခိုးဒီကိုဝေလုပ်နေတဲ့ ငတက်ပြားကို အာဏာပိုင်တွေက မနှစ်မြို့ဘူးပေါ့၊ ဒါနဲ့ ဖမ်းဖို့ဆီးဖို့ အမိန့်တွေဘာတွေထုတ် သူခိုးဖမ်းအော်ပရေးရှင်တွေဘာတွေ လုပ်ကြသတဲ့၊ ဒါပေမဲ့ ဆင်းရဲသား ပြည်သူတရပ်လုံးက ငတက်ပြားဘက်မှာရှိနေတော့ ဖမ်းလို့ဆီးလို့မမိဘူး၊ မမိတော့ အထက်အရာရှိတွေရဲ့ ထုချေလွှာတောင်းတာတွေ အပြစ်ပေးတာတွေ ခံရတာပေါ့၊ ဒါကြောင့် အာဏာပိုင်တွေက ငတက်ပြားကို သိပ်မုန်းတယ်၊ အဲဒီအထဲမှာရွှေတောင်ဆယ်ရွာကဲသူကြီးအဆိုးဆုံးပဲတဲ့၊ သူက ငတက်ပြားကို တခြားလူတွေထက်ပိုမုန်းတယ် ဘာလို့လည်းဆိုတော့ သူ့သမီးလတ် မချမ်းသာကိုပါ ငတက်ပြားက ခိုးယူပြီး ပေါင်းသင်းနေလို့လေ။ရွှေတောင်ဆယ်ရွာကဲသူကြီးမင်း ဦးကောင်းစံ အမိ သူကြီးကတော် ဒေါ်ထားမေ တို့မှ မလုံးပြည့် ။ မချမ်းသာ ( အမေဂျမ်း )။ မပြည့်သာ
သမီးသုံးယောက်ရှိလေသည် ။ မချမ်းသာ ( အမေဂျမ်း ) သူခိုးကြီး ငတက်ပြား ( ကိုတက်ခါး ) နှင့် ချစ်ကြိုက်၍ လက်ထပ်ရာ ရွှေတောင်ရွာသူကြီး မှ သဘောမတူ၍ ပစ်ထားလေသည် ။
မချမ်းသာကတော့ အဖေဘယ်လောက်မုန်းမုန်း တမျိုးတဆွေလုံးကို စွန့်ပြီး အဖေအမေထက် ချစ်တဲ့မောင်ပါကွယ်ဆိုပြီး သူလင်သူခိုးငတက်ပြားကို သိပ်ချစ်တယ်ဆိုပဲ၊ သူ့လင်ရဲ့လုပ်ရပ်ကိုလည်း အပီအပြင်ထောက်ခံသတဲ့။ ဘယ်လောက် အဖမ်းဆီးတွေ များနေပါစေ သူလင်ကိုတက်ခါးအရမ်းကြိုက်တဲ့ ထန်းရည်ကို မချမ်းသာက ရအောင်ရှာပေးသတဲ့၊ သူကြီးသမီးအဖြစ်နဲ့ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေခဲ့ရပေမဲ့ ခိုးရသမျှ အကုန်ဝေတဲ့ သူခိုးမယားဘ၀မှာ မချမ်းသာဟာ သူ့လင်စားဖို့ပါ ရှာဖွေရသတဲ့။
ဒီလိုဘဝကြမ်းတော့ မချမ်းသာ အပြောအဆို အနေအထိုင်တွေလည်း ကြမ်းလာတာပေါ့၊ ဒီထက်ဆိုးတာက တနေကုန်စားဖို့သောက်ဖို့ ရှာဖွေရတဲ့အပြင် ညနေ ကိုတက်ခါးကြိုက်တဲ့ ထန်းရည်လေးပါ ရှာရလေတော့ ကြာလာတဲ့အခါ မချမ်းသာလည်း ပင်ပန်းခဲ့သမျှကို ကိုတက်ခါးနဲ့အတူ ထန်းရည်လေးနဲ့ ဖြေတတ်လာတာပေါ့
ခရစ်နှစ် ၁၃၆၄ မှာ ပင်းယနဲ့ မိုးကောင်း ပူးပေါင်းတပ်ဟာ စစ်ကိုင်းကိုတိုက်တယ်၊ စစ်ကိုင်းကိုမတိုက်ခင် တကောင်းကို အရင်တိုက်တော့ သတိုးမင်းဖျားက ခုခံပေမဲ့ အင်အားကွာလွန်းတာနဲ့ တကောင်းကို လက်လွှတ်ပြီး စစ်ကိုင်းကို ဆုတ်လာခဲ့ပေမဲ့ မင်းပြောက်သီဟပတေ့က မဆုတ်တန်းခံစစ်ကို အမိန့်မရပဲ ဆုတ်ခွာရလာသလားဆိုပြီး ဒေါသထွက်ထွက်နဲ့ သတ်ဖို့လုပ်သတဲ့၊ သတိုးမင်းဖျားရဲ့အမေကတောင်းပန်တာနဲ့ သတ်မိန့်ကိုပြန်ရုတ်ပြီး အကျဉ်းချထားစေတယ်၊ အဲဒီအချိန်မှာပဲ မိုးကောင်း ပင်းယပူပေါင်းတပ်က စစ်ကိုင်းကို ၀င်တိုက်တာနဲ့ မခုခံနိုင်ပဲ စစ်ကိုင်းကျရောတဲ့၊ စစ်ကိုင်းကျတော့မဲ့ဆဲဆဲမှာ သစဿ္စာရှိလူယုံတွေရဲ့ အကူအညီနဲ့ သတိုးမင်းဖျား အကျည်းထောင်ကနေ လွတ်ထွက်သွားနိုင်တယ်၊ မိုးကောင်း-ပင်းယပူပေါင်းတပ်တွေ စစ်ကိုင်းကို လုယက်ဖျက်ဆီးပြီး ပြန်ထွက်သွားတော့ လူပြန်စုပြီး အင်အားထူထောင်တယ်၊ ထွက်ပြေးသွားတဲ့ သူ့ပထွေး မင်းပြောက်ကို ဖမ်းမိပြီးသတ်၊ နောက်မင်းလုပ်တော့တာပဲ။
စစ်ကိုင်းကို ဖျက်ဆီးပြီးပြန်သွားတဲ့ မိုးကောင်း-ပင်းယတပ်အတွင်းမှာလည်း ဘာပဋိပကဿ္ခဖြစ်သလဲ မသိပါဘူး မိုးကောင်းတပ်တွေဟာ ပင်းယကိုပါသိမ်းပြီး လုယက်ဖျက်ဆီး နောက် ဘုရင်နရသူကို ဖမ်းသွားပါလေရော၊ နရသူမရှိတော့ သူ့ညီ ဒုတိယဥဇနာက ပင်းယကိုဆက်ခံတယ်၊ မင်းပြောင်းမင်းလွဲမှာ ပြိုကွဲလာတဲ့ ပင်းယအားတွေကို သတိုးမင်းဖျားက စုစည်းသိမ်းသွင်းတယ်၊ ဒီကနေ စစ်ကိုင်း-ပင်းယပေါင်းစည်းထားတဲ့အားနဲ့ ပင်းယကိုတိုက်ပြီး ဥဇနာကိုသတ်လိုက်တယ်၊ နောက် အင်း၀ဆိုတဲ့ မြို့တော်သစ်ကိုထူထောင်ပြီး နိုင်ငံသစ်တည်တော့တာပဲ။
နိုင်ငံသစ်မှာ သတိုးမင်းဖျားပထမဆုံးလုပ်တာက ငြိမ်၀ပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေးပဲ။ သူက ဒီကိစဿ္စကို သူကိုယ်တိုင်ကိုင်တွယ်ပြီး ပြင်းပြင်းထန်ထန်ဆောင်ရွက်တယ်၊ အပြစ်ရှိသူဆိုရင် ဘာမျက်နှာမှမကြည့်ပဲ အပြစ်ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်၊
နောက်တော့ သတိုးမင်းဖျားဟာ ဖမ်းမရဘူးဆိုပြီး နာမည်ကြီးနေတဲ့ သူခိုးငတက်ပြား အမူ့ကို ကိုင်တွယ်တော့တာပဲ။ ဒီအရေးမှာ သတိုးမင်းဖျားဟာ သူကိုယ်တိုင်သူခိုးလက်သင်လေးလို ဟန်ဆောင်ပြီး ငတက်ပြားနဲ့ တွဲမိအောင် အရင်လုပ်တယ်၊ ငတက်ပြားကလည်း သူ့ကို မဟုတ်မခံ လူငယ်လေးတစ်ယောက်လို့ ယူဆပြီး ခိုးပုံခိုးနည်းနဲ့ ရတဲ့ပစဿ္စည်းတွေကို ဆင်းရဲသား ၇ရက်သားသမီးတွေကို ဘယ်လိုဝေရမယ်၊ ခိုးတဲ့အခါလည်း အခိုးခံရသူ စီးပွားပျက်ဒုကဿ္ခရောက်သွားအောင် မခိုးရဘူး စတဲ့ သူရဲ့သူခိုးကျင့်စဉ်တွေကို သင်ကြားပေးသတဲ့၊ နောက်ဆုံးတော့ ဖမ်းလိုမမိဘူးဆိုတဲ့ ငတက်ပြားဟာ သတိုးမင်ဖျားထောင်ထားတဲ့ ထောင်ချောက်ထဲကျပြီး အဖမ်းခံရပါလေရော။
သတိုးမင်းဖျားက သူဟာ ဘုရင်ဖြစ်ကြောင်း ပြောပြပြီး မသေခင်လိုရာဆုကိုတောင်းစေ ပြောတော့ ငတက်ပြားက မသေခင် ကျွန်တော်မျိုးတည်လက်စဘုရားကိုဌာပနာပိတ်ချင်ပါတယ်ပြီးလျှင်ပြီးခြင်းအရှင့်ထံ လာရောက် အဖမ်းခံပါ့မယ် ဟုလျှောက်တင်ပါတယ် ။ မှူးမတ်တွေအားလုံးက မလွှတ်ဖို့ကန့်ကွက်ကြပါတယ် ဒါပေမဲ့ ဘုရင်မင်းမြတ်က ငတက်ပြားရဲ့စိတ်ဓာတ်ကိုသိရှိပြီးဖြစ်လို့လွှတ်ပေးလိုက်တယ် ငတက်ပြားလည်းသူ့ဘုရားကိုဌာပနပိတ်ပြီးတာနဲ့ပြန်ရောက် အဖမ်းခံပါတယ်အဲ့နေ့ကတော့ လမြတ်တန်ဆောင်တိုင်ဖြစ်ပါတယ် နောက်ဆုံးတော့ ငတက်ပြားရဲ့ စိတ်ဓါတ်ကို သဘောကျနေတဲ့ သတိုးမင်းဖျားကလည်း သိပ်သတဿ္တိ ရှိတဲ့ယောကျာင်္ဆိုပြီး ဘဏ္ဍဿာစိုးကြီးအဖြစ် ခန့်အပ်လိုက်ပါလေရောတဲ့။
ဗိုလ်တက်ခါး တာဝန်ထမ်းဆောင်နေစဉ် ဂငယ်သုံးခု ဥသျှစ်ထု ဂ ဂ ဂ ခုနှစ် ရွှေနန်းကြော့ရှင် အင်းဝ ဘုရင်နှင့် မိုးညှင်းသိုဟန်ဖွားတို့ စစ်ဖြစ်ကြရာ ဘုရင့်တပ်မတော်မှ တာဝန်နှင့် မိုးညှင်းသို့ စစ်ချီတက်ရာတွင် မချမ်းသာ မှာ မိမိ၏ လင်သားအတွက် လိုအပ်သော ရိက္ခာကိုပို့ရန်အသွား ဘုရင်မင်းမြတ်ကိုယ်တိုင် ချီတော်မူလာသော တပ်တော်ဦးမှ ဖြတ်ကျော်မိလေသည်။
ထိုအချိန်တွင် ရွှေနန်းကြော့ရှင် ဘုရင်နရပတိ မှာ သိုဟန်ဘွားရန်ကြောင့် များစွာ စိတ်တော် ပင်ပန်းနေသော အချိန်ဖြစ်၍
‘ဟဲ့ … တပ်ဦးက ဖြတ်သွားတာ ဘယ်က မိန်းမလဲ’
ဟုမေးတော်မူလေ၏။
ဘုရင့်ရှေ့တော်မှောက် အရောက် တွင် ထန်းရည် မူးနေသော အမေဂျမ်း မှ သူ၏အကျင့်အတိုင်းစကားကို ကြမ်းကြမ်းတမ်းတမ်းပြောဆိုလျှောက်တင်ရာ ဘုရင်မှ အမျက်ထွက်ကာ မတော်ရာ ကို ထန်းပလပ် နဲ့ ရိုက်သတ်စေရာ အမေဂျမ်း ကွယ်လွန်လေသည်။
မင်းပြစ်သင့်၍ကွယ်လွန် သူမို့ ကောင်းမွန်စွာမြုပ်နံသဂြိုလ် ခြင်းမရှိ ကန်သင်းရိုး မှာပင်မြုပ်နှံထားကြသည်။ ကန်သင်းရိုးမှာမြုပ်နှံထားသောအမေဂျမ်းမြေပုံကို လူနင်းသူနင်း ကျင်ကြီးကျင်ငယ်စွန့်သူစွန့် ကြလေရာ အမေဂျမ်း သည်မရှိခဏဘုရားရဲ့ဘုရားဒယိကာမ အသက်ရှင်စဉ်အခါကလည်း ခိုးပြီးရရှိသောပစ္စည်းများကို ပြည်သူ တွေ ပေးကမ်း စသောအလှူရှင်မကြီးကို မသင့်မတယ်ထားရှိသဖြင့် အင်းဝမြို့ကြီးတခုလုံး မိုးခေါင်ရေရှား ကောက်ပဲသီးနှံ မဖြစ်ထွန်း ပဲ ကပ်ဒုက္ခကျရောက်လေရာရှင်ဘုရင်က ပုဏ္ဏားများနှင့်တွက်ချက် မေးမြန်းသောအခါ နတ်စိမ်းဖမ်းစားထားခြင်းဖြစ်စဉ်လျှောက်တင် ရာ ဘုရင်မင်းက ပွဲများဖြင့်ပူဇော်တောင်းပန်ပြီး စီးပွားရေးကြီးပွားရေးသားရေးသမီးရေး အကြွေးတောင်း စျေးရောင်း ဥစ္စာခိုး/ ဥစ္စာပျောက် အမူအခင်း အလှူအတန်းရှင်ပြုရဟန်းခံ အစရှိသော အရေးကို အပိုင်စားပေးလေသည်။Like&Share ပေးနော်