“ဘယ်လိုလည်း ဖိုးနီ မင်းစကားအမှန်ပဲလား”

“အမှန်ပါပဲ …သခင်မ”

“မြို့ထဲဝင်ပြီး ခြောက်လှန့်စားသောက်နေတာ
ကြာပါပြီ ကျနော်ပြောဆိုတောင်းပန်ပေမယ့်
နာခံမှုမရှိသလို၊ သခင်မနဲ့ သွားတိုင်လည်း မမှု
ဘူး၊ မကြောက်ဘူးလို့ ပြန်ပြောခိုင်းပါတယ်”

“ကောင်းပြီ ငါ ဒီကောင်ကို ညရှစ်နာရီလောက်
သွားဆုံးမမယ်…ငါ့ကို စောင့်နေပါ ဖိုးနီ”

“ဟုတ်ကဲ့ သခင်မ”

“အေး …မင်းလုပ်စရာရှိတာ သွားလုပ်ပေတော့”

ဖိုးနီဆိုသည်က မဖဲဝါ၏ လက်ရုံး၊ သရဲများမှ တစ်
ကောင်ဖြစ်သည်။ လူ့ရပ်လူ့ရွာအတွင်းနေထိုင်ကြ
သည့် သရဲတစ္ဆေအပေါင်းတို့အတွက် လူလည်း လူ့
စည်း ရှိသလို သရဲလည်း သရဲစည်းကမ်းရှိသည်။

သရဲများက လူတို့ပေးကမ်း၊ မစွန့်ပစ်ပဲ လုယူခိုးစား
ခြင်း မပြုရ။ ခြောက်ခြင်း၊ လှန့်ခြင်းမပြုရ သတ်ဖြတ်
စားသောက်ခြင်းမပြုရဟု ဆိုင်ရာ ပိုင်ရာတို့က သတ်
မှတ်ထားသည်။ ထိုကဲ့သို့ သတ်မှတ်ထားပေမယ့် အ
ချို့ဝိညာဉ်သရဲများက နာခံခြင်း မရှိ။

လက်တည့်စမ်းကြသည်။ ထိုကဲ့သို့ စည်းကမ်းမလိုက်
နာသော ဝိညာဉ်သရဲများအား သရဲဖိုးနီတို့က လိုက်
လံထိန်းသိမ်းရသည်။ ဆုံးမ၍ ရနိုင်မည့်သရဲကို ဆုံး
မရသည်။ ဝိညာဉ်တစ္ဆေ သရဲ လောကတွင် သရဲဖိုးနီ
အား မသိသူမရှိ ဖြစ်သည်။

သရဲဖိုးနီကဲ့သို့ပင် သရဲမျက်ပြူး၊ သရဲထိပ်နီတို့လည်း
ထိုတာဝန်ကို ကိုယ့်အပိုင်နှင့် ကိုယ်တာဝန်ယူရသည်။
သရဲဖိုးနီက ရွာအရှေ့ပိုင်းနှင့် မြို့စွန်ရပ်ကွက်ဖြစ်သည်။

သရဲထိပ်နီက ရွာလည်ပိုင်း၊ သရဲမျက်ပြူးက ရွာအနောက်ပိုင်း ဖြစ်သည်။ ရွာတစ်ရွာကို
သူတို့သုံးယောက် တာဝန်ယူ စောင့်ရှောက်
ရသည်။ ရွာသေးလျင်တော့ သရဲတစ်ကောင်
ပေးသည်။ ယခုသရဲဖိုးနီတာဝန်ကျသော အ
ပိုင်ရပ်ကွက်အတွင်းမှာရှိသည့် မြို့စွန်ရပ်ကွက်
မှာ သရဲတစ်ကောင်က တစ်အိမ်ပြီး တစ်အိမ်
ဝင်ရောက် ပူးကပ်ခြောက်လှန့်နေသည်။

သူအလိုဆန္ဒမပြည့်ပါက လူသေသည်အထိ ရူးသွပ်သွားသည်အထိ ခြောက်လှန့်အကျပ်ကိုင် စားသောက်နေသည်။ ထိုကိစ္စကို မဖဲဝါအား မတိုင်
ချင်၍ ယခုကဲ့သို့ ခြောက်လှန့် နှောင့်ယှက်ခြင်း မပြု
ရန် ဖိုးနီပြောပေမယ့် လိုက်နာမှုမရှိ၊ ရှေ့ဆက်ပြီး တစ်
အိမ်ပြီးတစ်အိမ် တိုးပြီး ပူးကပ်ခြောက်လှန့်စားသောက်
နေသည်။ ထိုသရဲကြီးကို ဖိုးနီအစွမ်းအစနှင့် ဘယ်
လိုမှ မယှဉ်နိုင်မှန်း သိသည်။

သို့ကြောင့် သရဲဖိုးနီ မဖဲဝါကို လာရောက်ပြောပြ
ရတော့သည်။ မဖဲဝါက သူ့တာဝန်ထား၊ သူလာ
ဆုံးမမည်ဟုဆိုသဖြင့် သရဲဖိုးနီလည်း သင်္ချိုင်း
အစပ်မှ သူ့အပိုင်ရွာအရှေ့ပိုင်းသို့ ဝင်လာခဲ့သည်။
ရွာထိပ်အဝင်ဝမှာ သရဲလုံးကျော်နှင့် ဆိုက်ဆိုက်
မြိုက်မြိုက်တိုးသည်။

“ဟေ့ကောင် သရဲထိန်းကြီး ဖိုးနီ…ရပ်စမ်းပါဦးကွ”

“နေစမ်းပါ လုံးကျော်ရာ ငါ့မှာ မင်းသိတဲ့အတိုင်း
လုပ်စရာတာဝန်တွေရှိသေးတယ်ကွ”

“ဟား ဟား ဟား မသိရင်ခက်မယ် ဖိုးနီရာ မင်းက
မဖဲဝါကြီးခိုင်းတာလုပ် မင်းစကားနားမထောင်တဲ့
သရဲဆိုရင် မျက်နှာလို မျက်နှာရ သွားတိုင်း မြင်ရ
ဖန်များလာတော့ မင်းကို ငါတို့မျက်စေ့စပါးမွှေး
စူးတယ်”

“ငါ့ကို စူးတာလား သခင်မကြီးကို စူးတာလား
ရှင်းရှင်းပြော လုံးကျော် “

“ဘာလည်း ငါ့ကို မဖဲဝါနဲ့ ရန်တိုက်ပေးဦးမလို့လား”

“မင်း စကားကို ရှင်းရှင်းပြောလေ”

“ငါမင်းကို ပြောနေတာလေ…ငါ မင်းကို အမြင်ကပ်
နေတာ ကြာပြီ”

“သွားစမ်းပါ လုံးကျော်ရာ…မင်းစပါးမွေးစူးတယ်
ဆိုလည်း မတတ်နိုင်ဘူး၊ မင်းလည်း မင်းနေရာ
မင်းနေ၊ ငါလည်း ငါ့အလုပ် ငါသွားလုပ်ဦးမယ်”

“ဒီအတိုင်းတော့ မသွားနဲ့ဖိုးနီ မင်းနဲ့ ငါတစ်ချီ တစ်မောင်းနဘန်းလုံးမလား”

“မင်းက လက်ဝှေ့ထိုး၊ နဘန်းလုံးပြီး သေလာ
ဆိုတော့ ဗီဇမပျောက်ချင်ဘူး၊ ငါကလည်း တိုက်
ရင်းခိုက်ရင်း သေလာတဲ့ ကောင်ဆိုတော့ လာ
မယ့်ဘေး ရှောင်ပြေးမယ်တော့ မထင်နဲ့ “

“ကြိုက်ပြီ…ကဲ စမယ်ကွာ”

သို့ဖြင့် သရဲလုံးကျော်နှင့် သရဲဖိုးနီတို့ သရဲနှစ်
ကောင် ရွာအဝင်မှာ နဘန်းလုံးနေကြသည်။
သရဲနှစ်ကောင်ကို လူတွေမမြင်ရပေမယ့်၊ ဖုန်
က ထောင်းထောင်းထနေသည်ကိုတော့ တွေ့
နေရသည်။ သူတစ်ပြန် ကိုယ်တစ်ပြန်ဖြစ်
နေသည်။ အတော်ကြာတော့ သရဲနှစ်ကောင်
လုံး မောနေပြီ။

“ကဲ ဘယ်လိုလည်း လုံးကျော် မင်း ငါ့ကို နိုင်
အောင် မချနိုင်ဘူးမဟုတ်လား”

“မင်းလည်း ငါ့ကို မနိုင်ပါဘူး ဖိုးနီ”

“နောက်တစ်ခါ ငါအနီးဝန်းကျင်ရောက်လို့ကတော့
မင်းကို အနိုင်ရအောင် ချပြမယ်”

“ငါလည်း မင်းကို အနိုင်ယူဖို့ လာခဲ့ပါဦးမယ်”

သရဲဖိုးနီလည်း လုံးကျော်ကို ထားပြီး ထွက်ခဲ့သည်။

သူ့တာဝန်က ညနေပိုင်းမှစ၍ တစ်ညလုံး လှည့်လည်
စောင့်ကြည့်ရသော တာဝန်ရှိသည်။ တစ်ညလုံး အေး
အေးလူလူ သွားလာနေရသည် မဟုတ်၊ ပြဿနာ
ပေါင်းများစွာ ဖြေရှင်းရသေးသည့် အခါပေါင်းက
မနည်းလှ။

ရွာထဲက ခွေးတွေက သူကိုမြင်ဖန်များ၍ မအူတော့
အချို့ခွေးတွေကတော့ သူ့ကိုမြင်ရင် အူကြသေးသည်။
ခွေးတွေကလည်း သိသည်။ သွေးဆာရန်လိုသော သရဲ
မျိုးနှင့် ကြုံလျှင် အိမ်အောက်ပြေးဝင်ပြီး အသံမထွက်ရဲ
အမြီး ကုတ်နေကြသည်။ ဖိုးနီတို့ကို တွေ့လျင်၊ တစ်
ကောင်ပြီးတစ်ကောင် အူကြသည်။ ကြာတော့ ဖိုးနီကို
မြင်လျှင် ခွေးတွေအရေးမလုပ်တော့ ဖာသိဖာသာ နေ
ကြတော့သည်။

ယခုပဲကြည့် သရဲလုံးကျော်နေရာက ထွက်ကာစပဲ
ရှိသေးသည်။ ထန်းပင်ကြီးတစ်ပင်မှ သရဲမကြီးသား
အမိနှင့် ထန်းပင်ပေါ်က သရဲတစ်ကောင် စကားများ
ရန်ဖြစ်နေကြသည်။ဖိုးနီရန်ပွဲကို ကြားမဝင်သေးပဲ
ရပ်နားထောင်ကြည့်လိုက်သည်။

“ဟဲ့ကောင်…ငါနေတဲ့အပင်ပေါ်က အခုဆင်းမလား”

“မဆင်းဘူး…ဒါငါနေတဲ့ နေရာပဲ”

“ဟဲ့…သေချင်းဆိုးသရဲ …ငါတို့က ဒီအပင်မှာနေခဲ့တာ
ကြာပြီ။ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ ငါ့သမီးနဲ့
နှစ်ယောက်နေတာ၊ နင်အပင်ပေါ်က ဆင်းမပေးရင်
ငါတို့သားအမိ ဘယ်နားသွားနေရမှာလဲ”

“သွားချင်ရာသွား …ငါမဆင်းဘူး …ဒီအပင်မှာ
ဘယ်သူမှ မရှိလို့ ငါဝင်နေတာ။ အခုမှ လာပြီး
ပိုင်ရှင်ရှိတယ် ပြောနေလို့ …ရမယ်မထင်နဲ့ “

“ဟဲ့ကောင် ငါ့ဆွေမျိုးတွေရှိတဲ့ ရွာကို ဒို့သားအမိ
ခဏသွားတာ နှစ်ညအိပ်ပဲကြာတယ်၊ အခု ပြန်လာ
တော့ နင်က ငါ့နေရာဝင်နေတယ် အခုဆင်းမလား
မဆင်းဘူးလား”

“မဆင်းဘူးဟေ့ သောက်သရဲမကြီး”

ထိုအချိန် အနီးအနားရှိ သစ်ပင်များပေါ်မှာ သရဲများ
ကလည်း ရန်ပွဲကို စိတ်ဝင်စား၍ လာကြည့်နေသည်။
သရဲများက သူတို့နှင့် မဆိုင်သလို ဘာမှဝင်မပြော
ဘေးကသာ စပ်စပ်စုစုကြည့်နေကြသည်။ သို့ဖြစ်၍
သရဲဖိုးနီလည်း သူ့မှာ တာဝန်ရှိသည်ဖြစ်၍ ထိုရန်ပွဲ
ကြား ဝင်ပါရတော့သည်။

“ကဲ…ကဲ ခင်ဗျားကြီးလည်း ဘာမှမပြောနဲ့ ဟို
ထန်းပင်ပေါ်က ကိုသရဲလည်း အောက်ခဏဆင်း
ပါဦး”

“ခင်ဗျားက ဘယ်သူလည်း”

“ငါက …သရဲတို့ရဲ့ အရှင်မ …မဖဲဝါရဲ့ လက်ရုံးပဲ
မင်းမဖဲဝါကို သိတယ်ဆိုရင် ငါပြောတဲ့အတိုင်းလုပ်”

သရဲဖြစ်လာမှတော့ မဖဲဝါကို မသိလို့ဖြစ်မလား။
ထန်းပင်ပေါ်က သရဲလည်း မကျေမနပ်၊ အင်တင်တင်
နှင့် အောက်ကို ဆင်းလာတော့သည်။ ထန်းပင်ပေါ်က
သရဲအောက်ရောက်သည်နှင့် သရဲဖိုးနီ က ရှင်းပြခိုင်း
လိုက်သည်။

“ကဲ…ဆိုစမ်းပါဦး ဒီကိစ္စ ခင်ဗျားအရင်ရှင်းပြ ခင်ဗျား ဘယ်သူလဲ ဘာကြောင့် ဒီနေရာကို ရောက်လာတာ
လည်း သရဲဖြစ်တာကြာပြီလား”

“ကျုပ်က ယင်းမာရွာက လှဖေပါ ပြီးခဲ့တဲ့လက ရွာကို
သူခိုးဓါးမြတွေ ဝင်လာရင်း ပစ်ကြ ခတ်ကြနဲ့ ရှုပ်ယှက်
ခတ်နေတုန်း ကျုပ်လည်း ကြောက်လန့်ပြီး ထွက်ပြေး
မိတယ်…ရွာပြင်မှာ စောင့်နေတဲ့ ဓါးမြနဲ့ တိုးပြီး သေ
နတ်နဲ့ ပစ်လို့ ချောင်းစပ်မှာ သေခဲ့ရတယ်…သေသေ
ချင်း သရဲဖြစ်သွားတာ သိလိုက်တယ်၊ သရဲဖြစ်သွားပြီ
ဆိုတာ သိလိုက်ပြီးတဲ့နောက် ရောက်တတ်ရာရာ
လျှောက်သွားတယ်။ လမ်းတစ်လျှောက်မှာ စားစ
ရာရှာရင်း နေဖို့ နေရာလည်း ရှာရင်း လျှောက်သွား
ခဲ့တယ်။ တစ်ရွာပြီး တစ်ရွာသာ ရောက်ခဲ့တယ်။ ဘယ်
နေရာ ဘယ်သစ်ပင်မှ နေစရာမရခဲ့ဘူး။ ဒါနဲ့ ဒီရွာထဲ
ဝင်ခဲ့တယ်၊ ကံကောင်းစွာနဲ့ ထန်းပင်ကြီးမှ ဘယ်သရဲ
မှ ရှိနေတာ မတွေ့လို့ နေရာအပိုင်ရပြီ ဆိုပြီး တက်
နေတာမှ ဒီသရဲမကြီးသားအမိက သူ့နေရာဖယ်ပေး
ရမယ်လို့ အောက်ကနေ လာအော်နေတာ ခင်ဗျား
ကြားတဲ့အတိုင်းပဲ”

“ကဲ…ဒီသားအမိကကော ရှင်းပြစမ်းပါဦး”

“ကျုပ်တို့သားအမိက ဒီထန်းပင်ကြီးမှာ နေတာ ဆယ်
နှစ်နီးပါး ရှိနေပြီ၊ ဒီသမီးလေး မွေးရင်း သေဆုံးခဲ့တာ
ကျုပ်ရော သမီးလေးပါ သေဆုံးခဲ့တာ…သေပြီးပြီးချင်း
နေစရာမရှိလို့ အမေမဖဲဝါဆီသွားပြီး နေစရာတောင်း
တော့ ဒီထန်းပင်ကြီးမှာ နေရာချပေးခဲ့။ ကျုပ်တို့အရင်
ဒီထန်းပင်ကြီးမှာနေတဲ့ သရဲက ကျွတ်ချိန်တန်လို့ ကျွတ်
သွားတဲ့အချိန် ကျုပ်က နေရာသွားတောင်းတဲ့ အချိန်
တိုက်တိုက်ဆိုင်ဆိုင် ကြုံပြီး ဒီနေရာလေးနေခွင့်ရခဲ့တာ
သမီးလည်း ဒီအရွယ်ရောက်နေပြီ၊ ကျုပ်တို့နေတာ
ဘယ်လောက်ကြာပြီလည်း သိပြီ မဟုတ်လား အနီး
နားမှာ နေကြတဲ့ သရဲဖိုးတုတ်တို့ သရဲမ မအေးဘုံ
တို့ကိုလည်း မေးကြည့်ဦး သူတို့ဆို ကျုပ်သမီးလေး
ကို ခေါ်ပြီး ရွာထဲလှည့်အစာရှာနေကျ မေးကြည့်
လိုက်လေ”

“ဟုတ်တယ်…ဟုတ်တယ် ဒီအပင်မှာ ဒေါ်စိန်တုတ်တို့
သားအမိနေတာ သူ့ကိုဒို့မသိဘူး”

“ကဲ…ကြားတယ်မဟုတ်လား ဒီသားအမိက ခရီးနှစ်ရက်ထွက်သွားလို့ နေရာလွတ်နေတာ အခုပိုင်ရှင်ရောက်လာပြီဆိုတော့ ခင်ဗျားလည်း
ခရီးထွက်သွားဖို့ပြင်ပါ။ တကယ်လို့နေစရာမရှိ
ဘူးဆိုရင် ခင်ဗျားမိသားစုဆီပြန်ပြီး ဘုရားတည်၊
ကျောင်းဆောက်တဲ့နေရာတွေမှာ လှူပေးပြီး
အမျှဝေပေးဖို့ အိပ်မက်ပေးပါ၊ သူတို့အလှူပေး
ပြီး အမျှဝေလို့ ခင်ဗျားသာဓုခေါ်ဆိုလိုက်တာနဲ့
ခင်ဗျားအတွက် နေစရာတစ်ခုခုအလွယ်တကူ
နိုင်မှာပဲ ခင်ဗျားက ကုသိုလ်အကျိုးဆက်အ
ကြောင်းဆက်ရှိရင် အခုသရဲထက်မြင့်တဲ့ ဘဝ
မျိုးလည်း ပိုင်ဆိုင်ရောက်ရှိနိုင်တာပဲ…”

“ကျုပ်မှာ လှူနိုင်တန်းနိုင်မယ့် မိသားစု၊ ဆွေမျိုး
သားချင်း မရှိတော့ဘူး။ ကျုပ်က တစ်ကောင်ကြွက်
ပါ”

“ဒါဆိုလည်း မဖဲဝါဆီကိုသာ သွားပြီး နေဖို့ နေစရာ
တစ်ခုလောက် ပေးပါလို့ သွားပြော သူစီစဉ်ပေး
လိမ့်မယ်”

“အခုပဲ သွားလိုက်ပါ့မယ်”

“အေး အဲဒါမှန်တဲ့နည်းလမ်းပဲ…မင်းသွားလိုက်”

“ကဲ …အဒေါ်ကြီးတို့သားအမိလည်း ကိုယ့်နေရာ
ကိုယ်ပြန်ရပြီဆိုတော့ ကျေနပ်လိုက်ပါတော့”

“ကျေးဇူးပါပဲ မောင်ဖိုးနီရယ် မင်းရောက်လာလို့သာပဲ
မင်းသာမလာရင် ဒို့သား အမိ လမ်းပေါ်မှာ မိုးလင်း
ရတော့မှာ”

သရဲဖိုးနီလည်း နေရာလုသော ရန်ပွဲကို ဖျန်ဖြေပြီးသည်
နှင့် အားလုံးကို နှုတ်ဆက်ပြီး ရှေ့ခရီးဆက်ထွက်လာ
ခဲ့သည်။ အချိန်က ညနေပိုင်း နေစောင်းနေပြီ၊

မကြာခင် နေဝင်တော့မည်လမ်းမပေါ်မှာ ဘောလုံးကန်နေသော ကလေးများ
ရှိနေသည်၊ ကစားကောင်းတုန်းရှိသေးသည်။
ပြေးလွှားဆော့ကစားနေသော ကလေးများနှင့်
မတိုက်မိရန် အတော်လေး ရှောင်ရှားနေရသည်။

လူသားတွေ၏ ခန္ဓာကိုယ်နှင့် ထိခိုက်မိပါက ပူလောင်
စွာ ခံစားရသည်၊ လေးခွ ပစ်သော ကလေးများနှင့်
ကြုံ၍ စာလုံးမှန်ပါက အတော်ခံရသည်။

“ဘုန်း”

‘အား…ပါး …ပါး”

ကလေးများနှင့် မထိခိုက်မတိုးမိစေရန် သတိထား
လျှောက်နေရာမှ ကလေးတစ်ယောက်ကန်လိုက်သော
ဘောလုံးက သရဲဖိုးနီနောက်ကြောကို မှန်သွားသည်။

ဖိုးနီကျောကုန်းနာကျင်သွားသည်၊ ရွာထဲ မိုးမချုပ်ခင်
ဝင်မိမှတော့ လောက်စာလုံးလည်း မှန်ဖူးတယ်၊ ခဲလုံး
လည်း မှန်ဖူးသည်၊ ဘောလုံးလည်း မှန်ဖူးပြီး၊ တာဝန်
မလစ်ဟင်းအောင် ဆောင်ရွက်ရဦးမည်ဖြစ်သည်။

သရဲမျက်ပြူးလည်း တင်းပုတ်ကိုင်၍ ရွာအနောက်ပိုင်း
သို့ ထွက်ခဲ့သည်။ အိမ်တစ်အိမ်၏ နောက်ဘက်ရေ
ကပြင်နားမှ သရဲသုံးကောင် လှုပ်လှုပ်ရွရွဖြစ်နေသည်
ကိုတွေ့လိုက်သဖြင့် သရဲမျက်ပြူးလည်း တင်းပုတ်
အသင့်ကိုင်ကာ အနားသို့ ကပ်သွားသည်။

“ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ”

“ဟာ…သရဲမျက်ပြူးပါလား”

“ကျုပ်တို့ ရန်ဖြစ်နေတာ မဟုတ်ပါဘူးဗျာ”

“ဒါဖြင့် လုပ်နေတာလည်း”

“အိမ်ပေါ်မှာ အိမ်ရှင်မိန်းမ ညစာချက်မလို့ ငါး
ခုတ်နေတာ မမြင်ဘူးလား”

“မြင်တယ်လေကွာ”

“သူမလိုချင်လို့ အောက်ပစ်ချလိုက်တဲ့ ငါးခေါင်းတွေ
ငါးအူတွေ စောင့်ပြီးကောက်စားနေတာ”

“အေး …ဒါဆိုလည်း ပြီးရော၊ အိမ်ပေါ်တက်နှိုက်
ယူစားသောက်ဖို့ ခွင့်မပြုဘူးနော်”

“ကျုပ်တို့ သဘောပေါက်ပါတယ်”

သရဲမျက်ပြူး ခြံထဲက ထွက်လာခဲ့သည်။ အမှောင်ထု
က သန်းလာနေပြီ မျက်ပြူးထွက်လာပြီး သုံးလေး
မိနစ်ခန့်သာ လျှောက်လိုက်ရသေးသည်။ သရဲတစ်
ကောင် ခြံနောက်ဘက်ဝင်သွားသည်ကို တွေ့လိုက်
သည့်အတွက် နောက်က အသာကပ်ပြီး အခြေအနေ
လိုက်ကြည့်သည်။ ကိုရွှေသရဲက အိမ်ပေါ်တက်
သွားသည်။

“အင်း…ဘာလုပ်မလို့ပါလိမ့်”

သရဲမျက်ပြူးအနီးက သွားကြည့်သည်။

“အံမယ်…ဟင်းအိုးဖွင့်ပြီး အားရပါးရ နှိုက်စား
နေတာပါလား”

“တွေ့ပြီပေါ့ သူခိုးကောင်”

သရဲမျက်ပြူး ရိပ်ကနဲ အပေါ်ရောက်သွားသည်။

“ဘုန်း …ဘုန်း”

“အား “

ဟင်းသူခိုး၏ကျောပြင်ကို တင်းပုတ်နဲ့ ထုနှက်ပစ်
လိုက်သည်။

“ဟာ…ဆရာမျက်ပြူး”

“မင်းအပြစ် မင်းသိလား”

“သိ သိပါတယ်…မဖဲဝါကို မတိုင်ပါနဲ့”

“မတိုင်စေချင်ရင် သူမကြိုက်တာ မလုပ်နဲ့ပေါ့ကွာ”

“ဟင်းနံ့ကလည်း မွှေး ဗိုက်ကလည်း ဆာလို့ပါ”

“လာ…မင်း ဆင်းခဲ့၊ မင်းဗိုက်ဆာတယ်ဆိုရင်လဲ
အခြားသရဲတစ္ဆေတွေလိုပဲ လူတို့စွန့်ပစ်လိုက်တဲ့
စားစရာတွေ ရှာစားပေါ့ “

“နောက်ကို ခိုးမစားတော့ပါဘူး ရှာဖွေစားသောက်
ပါတော့မယ်ဗျာ”

“ဒါမှပေါ့ လာသွားကြမယ်၊ ဟင်းခိုးစားသောသရဲနှင့်
သရဲမျက်ပြူးတို့ လမ်းပေါ်လျှောက်လာစဉ် သရဲမျက်
ပြူး တစ်စုံတစ်ခုကို တွေ့လိုက်သည်။

“ကဲ မင်း ဗိုက်ဆာနေတယ်မို့လား”

“ဟုတ်တယ် …ဆာနေတယ်”

“ဒါဆို …ခဏလေးစောင့် ဟိုရှေ့မှာ တွေ့လား”

“ဘာမှ မတွေ့ပါဘူးဗျာ”

“ခဏလေးပဲ သည်းခံ မင်းတစ်ခုခုစားရလိမ့်မယ်”

သရဲမျက်ပြူးပြောသည့်အတိုင်း မကြာခင်မှာပင်
ခြံတစ်ခြံ၏ အိမ်ရှေ့၌ အမျိုးသမီးကြီးတစ်ယောက်
က ပန်းကန်တစ်ချပ်ထဲမှာ ကြက်သားအသည်းအမြစ်
ခေါင်းခြေထောက်အစုံချက်ထားသော ဟင်းနှင့်
ထမင်းကို သတင်းစာစက္ကူဖြန့်ခင်းပြီး ပုံထည့်
လိုက်သည်

ပါးစပ်မှလည်း…

“အမေရေယဉ်၏ နောက်ပါတပည့်လက်သားသရဲ
တစ္ဆေအပေါင်းတို့ ပွဲတော်ကျများကို မြိန်ယှက်စွာ
လာရောက်စားသုံးကြပါ၊ ဤအိမ်ဤမိသားစုတို့အ
ပေါ် ကျရောက်မည်ဘေးအန္တရာယ် အပေါင်းတို့ကို
လည်း ဖယ်ရှားပေးပါရောက်ရာ အရပ်က ကြွရောက်
သုံးဆောင်ကြပါ”

“ကဲ…မင်းအနီးနားက ခွေးတစ်ကောင်ကောင်မှာ
ဝင်ပူးကပ်ပြီး စားချင်စား၊ ဒါမှမဟုတ် ဒီအတိုင်းပဲ
စားချင်စား ဒါမင်းရဲ့အခွင့်အရေးပဲ၊ လာငါလည်း
သွားစားမယ်”

ကျွေးမွေးသူ အမျိုးသမီးကြီးအိမ်ထဲဝင်သွားသည်နှင့်
သရဲမျက်ပြူးနှင့်တကွ လမ်းထဲမှာ ရှိသော သရဲအချို့
ပါ ဝင်ရောက်စားသောက်နေလေတော့သည်။

XXXX

“ဟား…ဟား …ဟား မင်းတို့ အိမ်သားတွေ ငါဘယ်သူဆိုတာ သိပြီမဟုတ်လား…ငါ့ကို အမဲ
သားဟင်း ချက်ကျွေးရမယ် တစ်ပိဿာထက်
မနည်းရဘူး”

“အမဲသားဟင်းက ညဘက်ရဖို့ မလွယ်ပါဘူး
ကြက်သားဟင်းနဲ့ ကျွေးပါရစေ”

“မရဘူး အမဲသားဟင်းပဲစားချင်တယ်”

“စားပြီး ဘယ်သူ့ကိုမှ အန္တရာယ်မပြုဘူးဆိုရင်
ကျွေးပါမယ်”

“ကျွေးလေ…ငါစားပြီးတာနဲ့ ထွက်သွားမယ် “

မိုးမှောင်လာသည်နှင့် မြို့လေး၏ အစွန်ရပ်ကွက်အ
တွင်း တစ်အိမ်ပြီးတစ်အိမ်ရှိ လူတစ်ယောက်ကို ဝင်
ရောက်ပူးကပ်ကာ အစာတောင်းစားနေသော သရဲ
ကြီးလည်း ယနေ့ည မှောင်လာသည်နှင့် ဝင်ရောက်
ပူးကပ်ခြောက်လှန့်ကာ အမဲသားဟင်း တောင်းစား
နေတော့သည်။

အချို့အိမ်များက သရဲကြီးတောင်းဆိုသော အမဲသား
ဟင်းကို ထမင်းဟင်းရောင်းသောဆိုင်များမှ အပြေး
အလွှားလျောက်ဝယ်ပြီး ကျေနပ်အောင် ကျွေးမွေး
လိုက်မှ ပူးကပ်ရာက ပြန်ထွက်သွားသည်။

အချို့အိမ်က သရဲကြီးစားချင်သလောက် ဟင်းဝယ်
ရာ မရသဖြင့် နှစ်ဆိုင် သုံးဆိုင် ပေါင်းဝယ်ပြီးမှ ကျွေး
ကြရသည်။ ယခု ဦးမြင့်သိန်း၏အိမ်မှာ ညခုနှစ်နာရီ
ထိုးပြီသည့်နှင့် ဦးမြင့်သိန်းသမီးအကြီး ခန္ဓာက်ုယ်မှာ
ဝင်ရောက်ပူးကပ်ကာ အမဲသားဟင်းကို တစ်ပိဿာ
ချက် တောင်းဆိုနေလေသည်။

သူတောင်းဆိုသည့်အတိုင်း ဦးမြင့်သိန်းက သား
ဖြစ်သူကို ပိုက်ဆံပေး၍ စက်ဘီးတစ်စီးနှင့် အမဲ
သားဟင်း ရှာဝယ်ရန် လွှတ်လိုက်သည်။

စက်ဘီးနှင့် လှည့်ပတ်ရှာဝယ်သော်လည်း အမဲသား
ဟင်းတစ်ဆိုင်မှ ဝယ်မရ၊ ကံမကောင်းစွာနှင့် အိမ်ပြန်
ရောက်လာသည်၊ အချိန်က ခုနှစ်နာရီခွဲကျော်နေပြီ၊
သရဲကြီးက စိတ်ဆိုးနေပြီဖြစ်သည်။

“ကြက်သားဟင်းနဲ့ စားပါ။ အခုချက်ချင်း ကျွေးပါမယ်
နောက်ရက်မှ အမဲသားဟင်းနှစ်ပိဿာချက်ကျွေး
ပါ့မယ်”

“မလိုချင်ဘူး ငါ ဒီညပဲစားချင်တယ်”

အိမ်သားများ ခေါင်းခဲသွားသည်၊ ကြောက်လန့်နေကြပြီ၊

“ဟင်း…ဟင်း…ဟင်း…”

သရဲဝင်စီးထားသော မိန်းကလေးက မတ်တတ်ရပ်လျက်
လမ်းမလျှောက်ပဲ လေထဲမှ ရွေ့လျားသွားကာ ဦးမြင့်သိန်း
အနီးသို့ ရောက်သွားသည်။ သူ၏ မျက်လုံးနှစ်လုံးက မျက်
ရည်များအစား သွေးများ စီးကျလာသည်။ ပြီးမျက်လုံးနှစ်
လုံးက မီးဝင်းဝင်းတောက်သလို ဖြစ်လာပြီး သူရှေ့မှာ ရှိ
သော ဦးမြင့်သိန်းကို နံရံဘက်သို့ တဖြည်းဖြည်းတွန်းသွား
သည်။ ထို့နောက် ညာဘက်လက်နှင့် ဦးမြင့်သိန်း၏လည်
ပင်းကို ကိုင်ပြီး နံရံပေါ်တွန်းတင်လိုက်သည်။ ဦးမြင့်သိန်း
ကြမ်းပြင်မှ တစ်ပေခန့် မြင့်တက်နေသလို လည်ပင်းလည်း
အစ်နေသည်။

“အစ်…အစ်…အစ်”

“မလုပ်နဲ့ သမီး…အဲဒါသမီးရဲ့အဖေလေ”

“ဟား ဟား ဟား ဘာသမီးလည်း”

ဦးမြင့်သိန်းမှာ လည်ပင်းအစ်နေသလို၊ မျက်လုံးနှစ်
လုံး ပြူးကျယ်နေပြီး အသက်ရှုလည်း ကြပ်နေပြီ။

“ကျမယောက်ျားကို လွှတ်ပေးပါ၊ ကြက်သားနဲ့
အဝကျွေးပါ့မယ်၊ ဒီနေ့ကြက်သားနဲ့ ကျွေးပြီး
မနက်ဖြန် အမဲသားနဲ့ ကျွေးပါ့မယ်၊ အခုညပိုင်း
အမဲသား ဘယ်မှာမှ ဝယ်လို့မရပါလို့ပါ”

“မရဘူးဟေ့…မရဘူး အခုပဲ …အမဲသား ဟင်းစား
ချင်တယ်၊ အမဲသား မရရင် ဟောဒီလူရဲ့အသည်း
နှလုံးကို စားပစ်မယ်”

မိန်းကလေးမှာ ဝင်ရောက်ပူးကပ်နေသော သရဲပဲ
လှုပ်ရှားနေသည်လား၊ မိန်းကလေးကပဲ သရဲဖြစ်
နေလားမသိ၊ မိခင်ဖြစ်သူ ၊ ဖခင်ဖြစ်သူတို့ ဝေခွဲ
မရ ဖြစ်နေသည်။

မိန်းကလေးပုံစံက တကယ့်သရဲမပုံစံလိုမျက်ကွင်းညိုလာ
ကာ မျက်လုံးနှစ်လုံးက မျည်ရည်အစား သွေးများတလိမ့်
လိမ့်စီးကျနေသည်။ ဆံပင်က ဖါးလျားချထားသည်။

အဝတ်အစားကလည်း အိမ်မှာနေသည့် အတွက် စကတ်
အရှည်ကို ဝတ်ထားသည် သရဲကားများထဲက သရဲမပုံစံ
မျိုးပေါက်နေသည်။ ဦးမြင့်သိန်း အသက်ရှုကြပ်နေသလို
လည်ဆစ်ရိုးများလည်း ပြုတ်ထွက်တော့မည်၊ သရဲက
မကျေနပ်နိုင်သေး။

ထိုအချိန် သရဲဝင်ပူးနေသော မိန်းကလေးအိမ်ရှေ့သို့
ရုတ်တရက် လှည့်ကြည့်လိုက်သည်။ လည်ပင်းကို တွန်း
တင်ထားသော လက်ကို လွှတ်လိုက်သည်။ ဦးမြင့်သိန်း
ကြမ်းပြင်ပေါ် ခွေကနဲ လဲကျသွားသည်။

မိန်းကလေးက တဖြည်းဖြည်းချင်း အိမ်ဝသို့
ရွေ့လျားသွားသည်၊ ခြေကို တစ်ချက်မှ လှမ်းမသွား လေထဲတစ်ကွာခန့် မြင့်တက်နေဟန် ရှိသည်။

အိမ်တံခါးဝလည်း ရောက်ရော မိန်းကလေးပုံလျက်သား
လဲကျသွားသည်၊ သရဲထွက်သွားပြီ၊

မိခင်ဖြစ်သူက သမီးလဲနေရာသို့ သွားပြီး ပွေ့ထူ
လိုက်သလို သားဖြစ်သူကလည်း ဦးမြင့်သိန်းအား
ပွေ့ထူထားလိုက်ကြသည်။

အားလုံး သတိမေ့နေကြသဖြင့် ပြုစုပေးနေကြသည်။
အိမ်ဝမှာတော့ မဖဲဝါနှင့် အတူ သရဲဖိုးနီတို့ ရပ်နေကြ
သည်။ မဖဲဝါ နောက်မှာ ခွေးကြီးနှစ်ကောင်ရပ်နေသည်။

သရဲကြီးနက်ကျော်လည်း မိန်းကလေးကို ပူးကပ်ရာက
ထွက်သွားပြီး လမ်းမပေါ်ရောက်သွားသည်။

“ကဲ…နက်ကျော် ငါနဲ့ သင်္ချိုင်းကို အသာတကြည်
လိုက်ခဲ့မလား ငါ့ကို ဖိဆန်ဦးမှာလား”

“ဟား ဟား ဟား ငါ့ဘယ်သူ့အမိန့်မှ မနာခံဘူး”

“နင်က သရဲစည်းကမ်းကို ဖောက်ဖျက်ပြီး ခြောက်
လုံး လှန့်လုံးတွေနဲ့ အမဲသားဟင်းတွေ တောင်းစာနေ
တယ်”

“အဲဒီလို လုပ်ခွင့်မရှိဘူးဆိုတာ နင်မသိဘူးလား”

“ဒီလိုမှ မဟုတ်ရင် ဘယ်လိုစားသောက်နေထိုင်ရ
မလည်း စည်းမျဉ်းကြီးအတိုင်းနေရင် မစားရတစ်
ချက် စားရတစ်ချက်နဲ့ မနေနိုင်လို့ပါ”

“ဒီလိုပဲ…တစ်လောကလုံးရှိတဲ့ သရဲတွေ သူတို့ရဲ့
ကံအကျိုးပေးအတိုင်း နေကြတာပဲ …ဒါမှ လောက
ကြီးထဲမှာ နေလို့ရမှပေါ့”

“သွားစမ်းပါ ကျုပ်တော့ အငတ်မခံနိုင်ဘူး ဘယ်သူ့
စကားမှ နားမထောင်နိုင်ဘူး ကျုပ်ကို ကန့်ကွက်တဲ့
သရဲတစ္ဆေမှန်သမျှ ကျုပ်ရဲ့ ရန်သူပဲ”

“မင်းက ဒီလိုလား”

“ဟိုကောင်က ခင်ဗျားကို သွားပြီး ချွန်တွန်းလုပ်တာ
ပေါ့ ဟုတ်လား”

“ချွန်တွန်းလုပ်တာ မဟုတ်ဘူး။ အမှန်တွေလာပြော
တာ သူပြောလို့လည်း ငါသိရတာ…ဒါကြောင့် အချိန်မီ
ငါလာပြီး ဆုံးမတာပဲ နက်ကျော်”

“ဟား…ဟား…ဟား…စမ်းကြည့်လိုက်လေ”

သရဲနက်ကျော်က ခန္ဓာကိုယ်အားကိုးနှင့် မဖဲဝါထံ ပြေးဝင်သွားသည်။

မဖဲဝါကလည်း လျင်မြန်လှသည်။ သရဲနက်ကျော်
ပြေးဝင်လာကတည်းက လှစ်ကနဲ ရှောင်ထွက်လိုက်
သည်။ သရဲနက်ကျော်အရှိန်လွန်သွားသည်။

သရဲနက်ကျော် လျင်မြန်စွာ လက်ပြန် တစ်ချက်
လှမ်းရိုက်လိုက်သည်။

“ဝှစ်”

မဖဲဝါက ကြိုတင်သိနေသည့်အလား ငုံ့ရှောင်ပြီး
အားကုန်အောက်ကနေ ပင့်ရိုက်ထည့်လိုက်သည်။

သရဲနက်ကျော်နောက်သို့ လွင့်ထွက်သွားသည်။
သရဲနက်ကျော်က လက်မလျော့ မဖဲဝါကို လုံးဝ
မမှုသည့် အလား အစွမ်းကုန် အားသွင်းပြီး ရိုက်
လိုက်သည်။ မဖဲဝါကလည်း လက်ဝါးကြီးနှင့် နက်
ကျော်၏ ရိုက်ချက်ကို တုန့်ပြန်ရိုက်ထည့်လိုက်သည်။

လက်ဝါးနှစ်ခု ရိုက်မိသောနေရာက မီးများပင်
ပွင့်ထွက်သွားသည်။ သရဲနက်ကျော်မည်ကဲ့သို့
ဖြစ်သွားသည်မသိ၊ တစ်ကိုယ်လုံး တုန်
ယင်သွားပြီး…

“အား” ”အီး” “အူး… “

ကြောက်စရာ အသံကြီးနှင့် အော်ဟစ်နေတော့သည်။
ထို့နောက် သရဲနက်ကျော်လည်း တဖြည်းဖြည်း ဒူး
ထောက်ထိုင်ကျသွားတော့သည်။

ထိုအခါ မဖဲဝါက လက်ဝါးကြီးကို ဖြန့်ပြီး သရဲနက်
ကျော်၏ ရင်ဘတ်ကို ပင့်ရိုက်တင်လိုက်သည်။
သရဲနက်ကျော် ဒူးထောက်အကျ မဖဲဝါ၏ ပွဲသိမ်း
ရိုက်ချက်ကို ခံလိုက်ရကာ နောက်သို့ ဆယ့်ငါးပေ
ခန့် လွင့်ထွက်သွားပြီး မလှုပ်မယှက် လက်လန်
နေတော့သည်။

“အား……ဝူး…ဝူး”

မဖဲဝါကြီး ဒေါသမွှန်စွာ ထအော်လိုက်သည်။

ပြီးမှ ဒေါသပြေပျောက်သွားဟန်နှင့့်ငြိမ်ကျသွား
သည်။ အခြေအနေစောင့်ကြည့်နေသော ခွေးကြီး
နှစ်ကောင်လည်း ပက်လက်အနေအထားနှင့် လဲ
နေသော နက်ကျော်ထံ ပြေးဝင်သွားပြီး စိတ်ကြိုက်
ကိုက်ခဲ့နေတော့သည်။

“ဂီး…ဂီး…ဂီ”

အားရပါးရ လှိမ့်ကိုက်ပြီးသည်နှင့် မလှုပ်ရှားနိုင်တော့သည့်
သရဲကြီးနက်ကျော်အား မဖဲဝါ၏ အကြီးဆုံး ခွေးနက်ကြီးက
ကိုက်ချီပြီး သင်္ချိုင်းရှိရာသို့ ပြေးထွက်သွားလေတော့သည်။

“ကဲ…ဖိုးနီ ငါ့ကိစ္စတော့ ရှင်းပြီးပြီ မင်းလည်း တာဝန်
ကျေအောင် ဆက်လုပ်လိုက်ဦး …ကဲ …ငါသွားဆော့မယ်”

မဖဲဝါလည်း သရဲဖိုးနီအား တာဝန်ပေးအပ်ပြီး သင်္ချိုင်း
ရှိရာသို့ ပြန်သွားလေတော့သည်။

သရဲဖိုးနီက တာဝန်ကို ဆက်ထမ်းဆောင်ရန် ရွာ
အတွင်းသို့ ဝင်သွားတော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူများစိတ်ရွှင်လန်းပါစေ

သရဲနိုင်ဓါးနှင့် မဖဲဝါ စာအုပ်မှ ကောက်နုတ်တင်ပြ
ထားပါသည်