၁၉၈၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်၊မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိ
နေတဲ့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နဲ့ အဖွဲ့ကို
ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ ဗုံးဖောက်ခွဲ လုပ်ကြံတဲ့နေ့ (လုပ်ကြံသူတွေက – တောင်ကိုရီးယားနိုင်ငံနဲ့ စစ်ဖြစ်ခဲ့တဲ့ပြည်ပနိုင်ငံတစ်ခုက ထောက်လှမ်းရေးအဖွဲ့ အရာရှိတွေပါ။
မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူလူထု ပူးပေါင်းပြီးအချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့တဲ့အတွက် ရက်အနည်းငယ်အတွင်း လုပ်ကြံသူတွေကို ဖမ်းဆီးရပြီး အဖြစ်မှန်ကို တစ်ကမ္ဘာလုံးသိအောင် ဖော်ထုတ်နိုင်ခဲ့ပါတယ်…)
အဲဒီအဖြစ်အပျက်ကြောင့် တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်နေတုန်းကာလ၊နောက်တစ်နေ့အောက်တိုဘာ(၁၀)ရက်နေ့မှာစာရေးသူအပါအဝင် ရဲတပ်ဖွဲ့ဝင်(၃၀)၊ ဌာနဆိုင်ရာ အင်အား ၃၀)ပါဝင်တဲ့ စစ်ကြောင်းဟာ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရဲ့
အနောက်ဘက်က ပဲခူးရိုးမကြီးပေါ်ကို စတင်ချီတက်ခဲ့ကြပါတယ်။
အဖွဲ့ခေါင်းဆောင် စစ်ကြောင်းမှူးက ကညွတ်ကွင်းရဲစခန်းမှူး၊ဒုရဲအုပ်(စခန်းမှူး)၊ ဦးမော်တင်(ယခု-ကွယ်လွန်၊ ညောင်ဦးမြို့ နယ်မှူး)
ဖြစ်ပါတယ်။စစ်ကြောင်း ပဲခူးရိုးမပေါ်တက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတရားမဝင်စိုက်ပျိုးထားတဲ့ မူးယစ်ဆေးဝါး(ဆေးခြောက်)တွေ ရှာဖွေ၊ ဖော်ထုတ်၊ ဖျက်ဆီးဖို့ပါ။
အဲဒီ စစ်ဆင်ရေးကို ပေးထားတဲ့အမည်က
“ကောက်ရိုး၊ အဆင့်-၄”ဆိုတဲ့ အမည်ပဲဖြစ်ပါတယ်။
အမောကြွယ်၊ တောအလယ်ပွင့်လင်းကာလပါ။
အောက်တိုဘာဆိုတာက ချမ်းဆောင်းပြပြ၊ နှင်းမှုန်ကျတဲ့ကာလပါဒါကြောင့်လည်း စစ်ဆင်ရေးကို ဒီရာသီ၊ ဥတုမှာ ပြုလုပ်ခြင်းဖြစ်ပါတယ်။
ဖြစ်ချင်တော့ မိုးနှောင်းကောင်းတဲ့နှစ် ဖြစ်နေတာကြောင့်စစ်ဆင်ရေးခရီးစဉ်တစ်လျှောက်လုံး မိုးနဲ့ နပမ်းလုံးခဲ့ကြရပါတယ်။နေ့ခင်းဘက် တစ်တောင်ဆင်း၊ တစ်တောင်တက် ခရီးဆက်ကြတဲ့အခါ ဒူးဆစ်နစ်တဲ့ ရွှံ့ဗွက်၊ ရွှံ့ဗွက်တွေထဲ ရုန်းကြရပါတယ်။ရွံ့ဗွက်မရုန်းရအောင် ဆင်ခြေရာခွက်တွေထဲ နစ်ပြီးသွားကြ(ဒီလိုဆင်ခြေရာကိုနင်းပြီး `အသွား ကောင်းလို့ ဆင်ပွေးတွေပေါက်ကြပါတယ်။ ခြေထောက်မှာ အနာတွေပေါက်ပြီး၊ ပြည်တွေစို၊ ယင်တလောင်းလောင်းနဲ့ တော်တော်လေး ဒုက္ခတွေ့လိုက်ကြပါသေးတယ်။
မိုးထွေရွာတဲ့အတွက် စမ်းချောင်းတွေ၊ တောင်ကျချောင်းတွေဟာ ရေကြည်ရေသန် မရတော့ပါဘူး။သောက်ရေအတွက် ချောင်းရေနောက်ကျိကျိတွေကိုပဲ ရေနွေးဤပြီး သောက်ကြရတယ်။ရေနွေးပွက်ရင်လည်း ရွှံ့နွံတွေက အိုးတစ်ဝတ်မို့ အပေါ်ရေကြည်စစ်သောက်ကြရပါတယ်။
ဒီထက် ပိုဆိုးတဲ့အဖြစ်က ညဘက်မှာ မိုးရွာခြင်းပါ။
ဝါးခုတ်၊ အရေးပေါ်တဲလေးတွေထိုး၊ တောငှက်ပျောရွက်၊
“တွေမိုးထားတဲ့ ယာယီတဲက သည်းကြီးမည်းကြီးရွာတတ်တဲ့မိုးကို အံမတုနိုင်ပါဘူး။
အမိုးအကာတွေ စုတ်ပြတ်ပြီး မိုးရွာထဲမှာပဲ အိပ်ရာခင်းပလက်စတစ်စခြုံ ပြီး နေကြရပါတယ်…။ ရွှေရင်စို့ တောင်ဆင်းတောင်တက်တွေ့ကြောင့် ပင်ပန်းရတဲ့အထဲကျောပိုးအိတ်ထဲကတစ်ပတ်စာရိက္ခာ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကိုင်ထားရတဲ့သေနတ်ကလည်း လွှင့်ပစ်ချင်လောက်အောင် လေးလံလာပါတယ်။
ကိုယ်စီရိက္ခာတစ်ပတ်စာ ပါလာပေမယ့် ရိုးမမှာ (၂၂)ရက်တိတိ ကြာခဲ့ပါတယ်။စစ်ကြောင်းအတွက် လိုအပ်တဲ့ရိက္ခာတွေကို လူမရောက်။သူမရောက်၊ ရိုးမထဲမှာ အခြေပြုနေတဲ့ အုတ်တွင်း ခ.လ.ရ(၄၀)ကဗိုလ်ကြီးနေဝင်းမြင့်က တပ်စိတ်အတွက် .. သိုလှောင်ထားတဲ့ရိက္ခာတွေထဲက ထုတ်ချေးပါတယ်။
လျှို့ဝှက်ဆေးခြောက်ခင်းတွေ စိုက်ပျိုးထားကြောင်း အတိအကျသတင်းရထားတဲ့အတွက်၊မတွေ့ရင် မပြန်ဘူးဆိုတဲ့ စစ်ကြောင်းမှူး ဦးမော်တင်ရဲ့ဇွဲစိတ်ကြောင့် ဆေးခြောက်ခင်း တွေ့ရှိ – ဖျက်ဆီးနိုင်ခဲ့တဲ့အပြင်
အပြန်ခရီးမှာ မျက်စိလည်း လမ်းမှားလို့ ထမင်းသုံးနပ်တိတ်ငတ်ခဲ့ရတဲ့ စာရေးသူတို့ အဖွဲ့ရဲ့ အဖြစ်နဲ့ ရာသီဥတုဒဏ်၊ ပင်ပန်းဒဏ်တွေကြောင့် အပြင်းဖျားလို့ ဆင်နဲ့ တင်ခေါ်ခဲ့ရတဲ့ မြူးရဲစခန်းကတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတဲ့အဖြစ်တွေက စာရေးသူတသက်မမေ့တဲ့အဖြစ်အပျက်တွေပါ။
ဒီလိုမမေ့နိုင်တဲ့ အဖြစ်အပျက်တွေနဲ့ အတူ
တစ်သက်လုံး သတိရနေမယ့် ထူးဆန်း အံ့ဩဖွယ်ရာ အဖြစ်အပျက်တွေကိုလည်း ကိုယ်တွေ့ကြုံခဲ့ရပါတယ်။အဲဒီ – ထူးဆန်းအံ့ဩစရာ ဖြစ်ရပ်တွေကတော့ ရိုးမပေါ်ကမမြင်ရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
ကရင်မသေချောင်းတဲ့ …လုံခြုံရေးနဲ့ ဆက်သွယ်ရေးအဆင်အပြေဖို့ အတွက် ကြားစခန်းတွေမှာ အင်အားတွေ ခွဲထားခဲ့ပါတယ်။
– ပထမမင်းလှစခန်းမှာ ညောင်ပင်သာရဲကင်းမှူး ဒုရဲအုပ်ဦးမြသင်း ဦးစီးရဲတပ်စိတ်တစ်စိတ်နဲ့ ဌာနဆိုင်ရာအချို့၊ ဒုတိယချင်းလယ်နဲ့ မိုးဘုန်း(တစ်ချို့ကလည်း ရန်သူဝင်တိုက်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မင်းတစ်ပါး ပုန်းအောင်းခဲ့တဲ့နေရာလို့ပြောပြီးမင်းပုန်းလို့ ပြောပါတယ်)မှာ ဇေယျဝတီရဲကင်းမှူး ဒုရဲအုပ် ဦးဌေးလွင်နဲ့ တပ်စိတ်၊ တတိယမြောက်နဲ့ နောက်ဆုံးစခန်းဖြစ်တဲ့ ရွှေဝါမြိုင်ခန်းကိုရောက်တော့ စစ်ကြောင်းမှူးနဲ့ စာရေးသူတို့ ပါဝင်တဲ့ ရဲတပ်စိတ်တစ်စိတ်နဲ့ ပါတီကောင်စီကိုယ်စားလှယ်၊ သစ်ထုတ်၊ သစ်တော၊ ကျန်းမာရေးမှူးနဲ့ ရဲဓါတ်ပုံဆရာ အပါအဝင် (၁၅)ယောက်လောက်ပဲ ကျန်ပါတော့တယ်။
ဗိုလ်ကြီးနေဝင်းမြင်ရဲ့ ရွှေဝါမြိုင်စခန်းက ကွန်းချောင်းကားကစခန်းတစ်ခုပါ။ချောင်းဘေးတောင်ကုန်းမြင့်လေးပေါ်မှာ စခန်းတည်ထားကာ ညနေ(၄)နာရီလောက်မှာ စာရေးသူတို့ စစ်ကြောင်း ရွှေဝါရှင်စခန်းအနီး ကပ်မိပါတယ်။
တပ်စခန်းကို ဆက်သားလွှတ်ပြီး စစ်ကြောင်း၊ရောက်ကြောင်းသတင်းပို့ ခိုင်းပြီး စစ်ကြောင်းမှူးက ဗိုလ်ကြီးနေဝင်းမြင့်နဲ့ တွေ့ဖို့တပ်စခန်းကို သွားပါတယ်။စာရေးသူတို့အဖွဲ့တွေက တပ်စခန်းရဲ့အောက်ဘက် နှစ်ဖာလုံလောက်က ကရင်မသေချောင်းမှာ ညအိပ်စခန်းချတယ်။ကရင်မသေချောင်းက ချောင်းလက်တက်တစ်ခုဖြစ်ပြီး ကျွန်းချောင်းမထဲကို စီးဝင်တဲ့ချောင်းငယ်တစ်ခုပါ။
“ကရပ်မသေချောင်းလို့ ဘာကြောင့်ခေါ်တာလဲ
လင်းပြလိုက်ပါလာတဲ့ အရင်ဖထီးကြီးကို စာရေးသူ စပ်စု***ကြည့်ပါတယ်။
ဟိုတုန်းကတည်းက ဒီရိုးမကြီးရဲ့ နေရာအနှံ့အပြားမှာ ကရင်တွေရှိတယ် ဖိုးခွားရဲ့ရိုးမထဲမှာ တောင်ယာခုတ်၊ ဥယျာဉ်စိုက်၊ အမဲလိုက်ပြီးအသက်မွေးကြတယ်။လပြည့်နေ့ တစ်နေ့ကျ စိုက်ထားတဲ့ တောင်ယာစပါးခင်းတွေပျက်စီးနေတာကို တွေ့ကြရတယ်။
ဆင်တစ်ကောင်ရဲ့ ခြေရာတွေလည်း တွေ့တယ်။
ဆင်ရိုင်းဝင်ဖျက်တာဖြစ်မယ်ဆိုပြီး ရွာသားတွေစုပြီး ဆင်နောက်လိုက်ကြတယ်။ ဆင်ခြေရာက ကုတင်တစ်ခုအနီးမှာ ဆုံးသွားတယ်။ဒေသခံတွေက ရေတံခွန်ကို ကုတင်လို့ ခေါ်ခြင်းပါ)ကုတင်ပတ်ဝန်းကျင်မှာ ကျောက်တုံးကြီးတစ်တုံးကလွဲပြီးဘာဆင်မှ မတွေ့ရဘူး။ ဒါနဲ့ပဲ မကျေမနပ်ဖြစ်ပြီး ပြန်ခဲ့ကြရတယ်။တစ်လလောက်ကြာတော့ စိုက်ထားတဲ့ သီးမွှေးငှက်ပျောပင်တွေ ဖျက်ဆီးခံရပြန်ရော။
အရင်တစ်ခါလိုပဲ ဆင်ခြေရာကြီးတွေ့လို့ လိုက်ကြပြန်တယ်။အရပ်လိုပဲ ရေတံခွန်ကြီးအနီးမှာ ခြေရာပျောက်သွားပြန်လယ်နောက်တော့ ဒီကျောက်တုံးကြီးအသက်ဝင်လာပြီး စိုက်ခင်းတွေ ဖျက်ဆီးတာဖြစ်မယ်လို့ တွေးမိကြတယ်။ ကျောက်တုံးကြီးကလည်း ဆင်ကြီးတစ်ကောင် ဝပ်နေတဲ့ ပုံအတိုင်းပဲတဲ့ဒါနဲ့ နောက်တစ်ကြိမ်လပြည့်နေ့ကျတော့ တိတ်တဆိတ်ချောင်းမြောင်းကြည့်ကြသတဲ့။
အဲဒီတော့မှပဲ သူတို့ ထင်တဲ့အတိုင်းဖြစ်နေတာကို တွေ့ကြလမွန်းတည့်ချိန်မှာ ကျောက်တုံးကြီးအသက်ဝင်ပြီး လှုပ်လာခဏနေတော့ နှာမောင်းတွေ၊ ဆင်စွယ်တွေထွက်လာပြီးကျောက်ဆင်မကြီးတစ်ကောင် ဖြစ်သွားတယ်တဲ့။ကျောက်ဆင်မကြီးဟာ တောင်ယာစပါးခင်းတွေ၊ ငှက်ပျောဥယျာဉ်တွေကို ဖျက်ဆီးစားသောက်တယ်။ စားလို့ဝတော့ ရေတံခွန်ကြီးဆီပြန်လာပြီး ၀ပ်လိုက်တယ်။ ချက်ချင်းဆိုသလို ကျောက်တုံးကြီး ပြန်ဖြစ်သွားတယ်တာရသတဲ့။
ဒီအကြောင်းကိုလည်းသိရော ကရင်ရွာသူရွာသားတွေ ထွက်လာပြီး. ကျောက်တုံးကြီးကို ထုခွဲဖျက်ဆီးလိုက်ကြတယ်။နတ်ဆရာက ကျောက်တုံးကြီးကို မဖျက်ဆီးဖို့နဲ့၊ ဖျက်ဆီးမှဘေးဒုက္ခတွေ့လိမ့်မယ်လို့ ပြောသေးတယ်။ဒီလိုနဲ့ လပြည့်နေ့ ညကို ရောက်လာတယ်။
* ညသန်းခေါင်တပ်ရွာလုံး အိပ်မောကျနေချိန်မှာ ထိတ်လန်ကြောက်ရွံ့ စရာကောင်းတဲ့ ဆင်အော်သံကြီးကို ကြားကြရတယ်။တစ်ရွာလုံး ချောက်ချောက်ချားချား ဖြစ်သွားကြတယ်။နောက်နေ လည်းကျရော နတ်ဆရာပြောတဲ့အတိုင်းပဲ ဘေးဒုက္ခဆိုးတွေ ရွာပေါ်ကျရောက်လာတယ်။မဖြစ်စဖူး ထူးထူးခြားခြား သစ်ရွက်ကြွေတဲ့အတိုင်း လူတွေတဖြုတ်ဖြုတ် သေတယ်။နတ်ဆရာက ရွာပြောင်းမှ ဖြစ်ပယ်လို့ ဟောတယ်။ဒီတစ်ကြိမ်တော့ နတ်ဆရာရဲ့စကားကိုမ ပယ်ရှားရဲတော့ဘူး။ရွာကို အခြားတစ်နေရာ ရွှေ့လိုက်ကြတယ်။ရွာပြောင်းလို့ ပထမဦးဆုံးကြုံရတဲ့ လပြည့်ညမှာ ကြောက်စရာ ဆင်အော်သံကြီးကို ထပ်ပြီးကြားရပြန်တယ်။နောက်နေကျ ရွာသူရွာသားအချို့ ရုတ်တရက် နေထိုင်မကောင်းဖြစ်ပြီး သေကြပြန်ရော၊ ဒီလိုနဲ့ ဆင်အော်သံကြားလိုက်၊ လူသေလိုက်၊ ရွာပြောင်းလိုက်လုပ်ခဲ့ကြတာ ဒီချောင်းအနီးမှာ ရွာတည်မိမှ ဆင်အော်သံကြီးကိုကြားရတော့ဘူး။
လူလည်း မသေတော့ဘူးတဲ့ …….။
ဒါကြောင့် ကရင်မသေချောင်းလို့ နာမည်တွင်ခဲ့တာကို ပြောပါတယ်။နောက်ပိုင်းမှာ သူတို့ ဖျက်ဆီးခဲ့တဲ့ ကျောက်တုံးကြီးဟာသူ့ နေရာမှာပဲ ကျောက်တုံးကြီး ပြန်ဖြစ်နေတာကို တွေ့ကြရသတဲ့ …၊
စာရေးသူကိုယ်တိုင် အဲဒီကျောက်တုံးကြီးရှိတဲ့ ရေတံခွန်ကိုသွားပြီး လေ့လာခဲ့ပါသေးတယ်။
ကျောက်တုံးကြီးက ဆင်ကြီးတစ်ကောင် နှာမောင်းဝှက်ပြီးဝပ်နေတဲ့ပုံစံအတိုင်းပါ။မျက်လုံးနေရာမှာ ချိုင့်ခွက်တွေရှိပြီး သဘာဝပန်းပုဆရာရဲ့လက်ရာ နားရွက်ကလည်း တဖျတ်ဖျတ် ခတ်တော့မယ့်အတိုင်းပါပဲ။
ကျောက်တုံးကြီးအနီးမှာရှိတဲ့ ရေတံခွန်က ပေ(၁၀၀)လောက်မြင့်ပါတယ်။ဒေသခံတွေက အဲဒီရေတံခွန်ကို “ဆင်မကုတင်”လို့ ခေါ်ပါတယ်။
ပဲခူးရိုးမထဲမှာ ယနေ့ထက်တိုင်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ထူးဆန်းသောအမှတ်အသားများကရင်မသေချောင်းလို့ နာမည်တွင်ခဲ့တဲ့အကြောင်းကို လမ်းပြ
ကရင်ဖထီးကြီးပြောလို့ သိခဲ့ရပါတယ်။
စာရေးသူတို့ဟာ ဗိုလ်ကြီးနေဝင်းမြင့်ရဲ့ တပ်မတော်သားတွေနှင့်ပါ ပူးပေါင်းပြီး ဆေးခြောက်စိုက်ခင်းတွေ ရှာဖွေခဲ့ကြပါတယ်။ ဒီလို ရှာဖွေတဲ့နေရာမှာ ကွန်းချောင်းအတိုင်း ချောင်းဖျားထိတက်သွားပြီး ပတ်ဝန်းကျင်အနှံ့ ဖြန့် ရှာဖွေကြပါတယ်။
ကရင်မသေချောင်းလိုပဲ . ကွန်းချောင်းထဲကို စီးဝင်နေတဲ့ချောင်းလက်တက်နှစ်ခု ထပ်ပြီး တွေ့ ရပါတယ်။ချောင်းတွေရဲ့ နာမည်က “လိပ်ပုတ်ချောင်း နဲ့ ‘အုတ်ပုံချောင်း’တို့ဖြစ်ပါတယ်။လိပ်ပုတ်ချောင်းလို့.. ဘာကြောင့်ခေါ်တာလဲလို. ပေးတော့အရင်ဖထီးကြီးက ”ရှေ့တစ်တို့ကျရင် တွေ့ မယ်’လို့ ပြောပြတယ်။တစ်တို့ ဆိုတာ တစ်ခေါ်လောက်ကို ပြောတာပါ။တော်တော်လေးသွားမိလို့ ရောက်သေးဘူးလား”မေးတော့ရောက်တော့မယ်-တစ်တို့လောက်ပဲ ကျန်တော့တယ်”လို့ ပြောပြန်ပါတယ်။
သူပြောတဲ့ တစ်ဟို့ကတော့ မဆုံးနိုင်တဲ့ တစ်တို့ပါပဲ။
သုံးလေးကြိမ်လောက် တစ်တို့ပြီးမှ ဖထီးကြီးပြောတဲ့နေရာကိုရောက်ပါတယ်။အံ့ဩစရာကောင်းတဲ့ မြင်ကွင်းပါ။ကွန်းချောင်းနဲ့ ` လိပ်ပုတ်ချောင်း၊ ဆုံတဲ့နေရာမှာ တဲအိမ်နီးပါးလောက်ကြီးမားတဲ့ လိပ်ကြီးတစ်ကောင်ကို တွေ့ ရပါတယ်။သေသေချာချာကြည့်မှ ကျောက်တောင်ကုန်းငယ်တစ်ခု ဖြစ်နေတာ တွေ့ရပါတယ်။တကယ့်ကို လိပ်ကြီးတစ်ကောင် ဝပ်နေတဲ့အတိုင်းပါ။ လိပ်ခွံထဲကနေ ဦးခေါင်းထွက်ပြူနေပုံ၊ ခြေတွေ၊ လက်တွေအားလုံးလိပ်တစ်ကောင်အတိုင်းပါပဲ။ဒီကျောက်လိပ်ကြီးကို အစွဲပြုပြီး လိပ်ပုတ်ချောင်းလို့ ခေါ်ကြောင်း ဖထီးကြီးက ပြောပြပါတယ်။
အုတ်ပုံချောင်းရောက်တော့လည်း ဒီအတိုင်းပါပဲ။
ကျောက်ကမ်းပါးကြီးနှစ်ခုကြားက စီးဆင်းနေတဲ့ အုတ်ချောင်းအတိုင်း လိုက်ကြည့်တဲ့အခါ ကျောက်ကမ်းပါးတွေမှာရှေးဟောင်းဘုရားစေတီပျက်တွေ၊ … တိုက်အိုတိုက်ဟောင်းတွေမှာတွေ့ ရတဲ့အတိုင်း အုတ်ထပ်၊ အုတ်လွှာတွေ ထားသလို တွေ့ရတယ်။
ဒီလိုထူးခြားထင်ရှားတဲ့ အမှတ်အသားတွေ ဘယ်လိုကဘယ်လို့ဖြစ်လာကြတာလဲ ………။
နှစ်ပရိစ္ဆဒေများစွာ ချောင်းရေစီးကြောင်းရဲ့ ထိုက်စားမှုကြောင့်ဖြစ်လာရတာဆိုတဲ့အကြောင်းကလွဲပြီး စဉ်းစားလိုမရပါဘူး။ဘာပဲဖြစ်ဖြစ် သက်ရှိသတ္တဝါတစ်ကောင်နဲ့ မခြားတစ်ထေရာတည်းတူအောင် ထုလုပ်နိုင်စွမ်းတဲ့ သဘာဝပန်းပုဆရာကြီးရဲ့ အနုညာစွမ်းကိုတော့ စာရေးသူ မအံ့ဩဘဲ မနေနိုင်တာ အမှန်ပါပဲ။
ပြောင်အုပ်နဲ့ သီသီလေး လွဲခဲ့ရတဲ့အဖြစ် – စာရေးသူတို့ စစ်ကြောင်းဟာ အဖွဲ့ငယ်တွေခွဲ၊ လမ်းကြောင်းတစ်ခုစီဖြန့်ပြီး ဆေးခြောက်ခင်းရှာဖွေကြပါတယ် …။ရှာတဲ့ပုံစံက ပင်မစခန်းကနေ နံနက်(၈)နာရီထွက်၊ သတ်မှတ်ထားတဲ့လမ်းကြောင်းအတိုင်းရှာ၊ နေ့လည်(၁)နာရီလိုးတာနဲ့ရောတ်တဲ့နေရာကနေ လမ်းကြောင်းအတိုင်း ပြန်ဆုတ်၊ ည ၆ နာရီ ပင်မစခန်း ပြန်ရောက်ရမှာပါ။စာရေးသူနဲ့ အဖွဲ့ဟာ စစ်သုံးမြေပုံတစ်ချပ်ကိုင်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း ထွက်ခဲ့ကြပါတယ်။လမ်းကြောင်းက မြေပုံမှာပါတဲ့ ချောင်းငယ်လေးတစ်ခုအတိုင်း ဖြစ်ပါတယ်။(စစ်သုံးပုံရေးဆွဲတဲ့အချိန်မှာ ဒီချောင်းလေးမရှိသေးပါဘူး။နောင်မှုဖြစ်ပေါ်လာတဲ့ချောင်းမို့ မြေပုံထဲမှာ မပါတာပါ)ချောင်းရဲ့ တစ်ဘက်တစ်ချက် ပတ်ဝန်းကျင်ကို တက်ပြီရှာဖွေရင်း နေ့လည်တစ်နာရီ ထိုးသွားတယ်။ လာခဲ့တဲ့လမ်းကြောင်း အတိုင်း စာရေးသူတို့ အဖွဲ့ ပြန်ဆုတ်ခဲ့ကြပါတယ်။ ပြန်ဆုတ်လာတော့ဆယ်မိနစ်လောက်အကြာမှာ အံ့အားသင့်စရာ အကြောင်းအရာတစ်ခုကို တွေ့ကြရပါတယ်။
အဲဒါကတော့ စာရေးသူတို့သွားတဲ့လမ်းကြောင်းကို ကန့်လန့်ဖြတ်ပြီး သွားထားတဲ့ပြောင်အုပ်ခြေရာတွေပါ။ပြောင်ဆိုတဲ့အကောင်က ကျွဲရိုင်းလိုအကောင်ကြီးတွေပါ။ကျွဲကြီးတွေထက် အကောင်ကြီးပြီး တုတ်ခိုင်သန်မာတယ်၊ခွန်အားဗလကြီးတယ်၊ အနံ့ခံကောင်းပြီး လျင်မြန်တယ်၊ အုပ်စုနဲ့နေတတ်တယ်။
ဘယ်သူမှ ဗိုလ်မထားတဲ့ ကျား/ကျားသစ်တွေတောင် ပြောင်တွေကို ဝေးဝေးကရှောင်တယ်လို့ သိရပါတယ်။ဒီလို အန္တရာယ်ကြီးမားတဲ့ ပြောင်းအုပ်ကြီးနဲ့ စာရေးသူတို့အဖွဲ့ဟာ ဆုံမှတ်နေရာကို ဆယ်မိနစ်လေးပဲကွာပြီး ရောက်ခဲ့ကြတာပါ။စာရေးသူတို့အဖွဲ့၊ အဲဒီဆုံမှတ်နေရာကို ဆယ်မိနစ်နောက်ကျပြီး ရောက်ရင်ဖြစ်ဖြစ်၊ ပြောင်အုပ်က ဆယ်မိနစ်လောက်စောပြီး
ရောက်လာရင်ဖြစ်ဖြစ် မလွဲမသွေ ထိပ်တိုက်တိုးကြမှာ ဖြစ်ပါတယ်။ထိပ်တိုက်တိုးရင်တော့ စာရေးသူတို့ ကလည်း သေနတ်အားကိုးနဲ့ ပြောင်ကြီးတွေကလည်း သူတို့ရဲ့ခွန်အားဗလ၊ လျင်မြန်မူ့ဦးချိုတွေအားကိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အသေအချာတိုက်ပွဲဝင်ရမှာ “အသေအချာပါ။
ဒီအခါမှာ မျှော်လင့်မထားတဲ့အရာ ဘာမဆို ဖြစ်သွားနိုင်တယ်။စာရေးသူတို့ အဖွဲ့ ကတော့ ပြောင်အုပ်ကြီးကိုမြင်ချင် တွေ့ ချင်ပေမယ့် တေ့လွဲ လွဲခဲ့ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ယူခဲ့ကြပါတယ်။
လမ်းပြဖတီးကြီးကတော့ “လွဲချင်လို့ လွဲတာမဟုတ်ဘူး။တောတောင်ကို စောင့်ရှောက်နေတဲ့ အပိုင်စားတွေက မဆုံမတွေ့အောင်လမ်းလွှဲလိုက်တာ”လို့ ပြောပါတယ်။ဖထီးကြီးပြောတာ ဖြစ်နိုင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ပြောင်အုပ်တွေ၊ ဆင်ရိုင်းအုပ်တွေ၊ကျားတွေအခြားသားရဲတိရစ္ဆာန်တွေပေတဲ့ ပဲခူးရိုးမတောကြီး။တောင်ကြီးထဲမှာ ရက်ပေါင်းတော်တော်ကြာ နေခဲ့ရပေမယ့် အဝေးကလှမ်းတွေ့ ရတဲ့ မျောက်တွေကလွဲပြီး ဘာတောကောင်ကိုမှ မမြင်မတွေ့ခဲ့ရပါဘူး။
အမဲပစ်ဝါသနာပါတဲ့သူက စစ်ကြောင်းအတွက် ဟင်းစားရအောင် အမဲလိုက်သွားတော့လည်း တောကြက်တောင် မတွေ့ခဲ့တဲ့ ဖြစ်ရပ်ကတော့..စာရေးသူတို့ စစ်ကြောင်းတစ်ခုလုံးအတွက် ထူးခြားဆန်းကြယ်ပြောစရာတစ်ခု ဖြစ်ခဲ့ရပါတယ်။
ကံကောင်းလို ကျားဆွဲမခံရမှတ်မှတ်ရရ သီတင်းကျွတ်လပြည့်နေ့ကြီးမှာ ဆေးခြောက်ခင်း
တွေကို ရှာဖွေတွေ့ရှိပါတယ်။ဆေးခြောက်ခင်းအကျယ်အဝန်းက (၇.၃၂)ဧကရှိပြီး ဆေးခြောက်ပင်တွေက အမြင့် ၂-ပေကနေ ၇-ပေအထိ ရှိနေပါပြီ။
လပြည့်ကျော် ၁-ရက်နေ့မှာ ဧရိယာတိုင်းတာ၊ အပင်ရေတွက်ဓာတ်ပုံမှတ်တမ်းတင်တာ ဆေးခြောက်ပင်နမူနာယူရတာတွေလုပ်ပြီး လပြည့်ကျော် ၂-ရက်ေ့နမှာ ဆေးခြောက်ပင်တွေကို· စုပုံမီးရှို့ဖျက်ဆီးပြီး နောက်နေ မှာပဲ စစ်ကြောင်းပြန်ဆုတ်ခဲ့ကြတယ် .……..။
အပြန်လမ်းကြောင်း ညနေခင်းတစ်ခုမှာ ရှေ့က သွားနေသူတွေကို မျက်ခြေပြတ်ပြီး စာရေးသူအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးလမ်းမှားသွားခဲ့ပါတယ်။ဘယ်လိုပဲ လူစုကွဲကွဲ၊ ဆုံရပ်ဖြစ်တဲ့ ပင်းလှစခန်းကို ရောက်
အောင်သွားရမှာပါ။ကွန်းချောင်းအတိုင်းသွားရင် လမ်းလွဲစရာ မရှိတဲ့အတွက်ဖောင်ဖွဲ့ပြီး စုန်ဆင်းဖို့ ဝါးခုတ်၊ ဖောင်ဖွဲ့ကြပါတယ်။ပြီးတာနဲ့ ဖောင်ပေါ်တက်ပြီး ကွန်းချောင်းအတိုင်း စုန်ဆင်းကြပါတယ်။ညနေမှောင်ရီပျိုးတာနဲ့ ဖောင်ကို ကမ်းကပ်ပြီး သောင်ပြင်ဖြူးတဲ့နေရာမှာ ညအိပ်ကြပါတယ်။
လက်နက်ကိုင်ထုံးစံကင်းအလှည့်ကျ စောင့်အိပ်ပေမယ့်ရန်သူမရှိတဲ့နေရာမို့ပေါ့ဆပြီး အားလုံးအိပ်သွားကြပါတယ်။မနက်လင်းတော့မှ စာရေးသူတို့ အိပ်နေတဲ့သောင်းဖြစ်ပေါ်ကတောတိရစ္ဆာန်ကောင်တွေရဲ့ နေရာတွေကိုကြည့်ပြီး အံ့ဩကြောက်လန့် မိခဲ့ပါတယ် …။
တောတိရစ္ဆာန်တွေဟာ စာရေးသူတို့ရဲ့ အိပ်ရာဘေးကနေဖြတ်ပြီး ချောင်းထဲရေသောက်ဆင်းကြပုံ ရပါတယ်။တောဝက်ခြေရာ၊ သမင်နှင့် ချေခြေရာတွေအပြင် ကျားတစ်ကောင်ရဲ့ ခြေရာပါ တွေ့ရတဲ့အတွက်ကြောင့်ပါ။စားရေးသူတို့အဖွဲ့ ဘာကြောင့်ဒီလောက်ထိ အိပ်မောကျသွားရတာလဲ။
မမြင်ရတဲ့အပိုင်စားတွေက သူတို့ရဲ့ တောတိရစ္ဆာန်လေးတွေအန္တရာယ်မဖြစ်အောင် စာရေးသူတို့ အဖွဲ့ ကို အိပ်ငွေ့ ချထားလိုက်တာလား ..။
စာရေးသူတို့ အဖွဲ့ အန္တရာယ်မကျရောက်ဖို့ ကျားကြီးကိုမျက်စိမှောက်အောင် လုပ်လိုက်တာလား။ တောကိုစောင့်တဲ့ မမြင်အပ်သော ပုဂ္ဂိုလ်တွေပဲ သိနိုင်မှာ ဖြစ်ပါတယ်…။
မရဏဖောင်ဖျက်နဲ့ လက်တစ်ကမ်း- စာရေးသူတို့အဖွဲ့ဟာ သောင်ပြင်ပေါ်မှာပဲ ထမင်းချက်ပြုတ်
စားသောက်ပြီး ဖောင်နဲ့ ဆက်လက်စုန်ဆင်းခဲ့ကြပါတယ်။ နေ့လည်တစ်နာရီလောက်မှာ စာရေးသူတို့ ရဲ့ ဖောင်ကို ကမ်းစပ်က လှမ်းကြည့်နေတဲ့ လူတစ်ယောက်တို အဝေးကနေ လှမ်းမြင်ရပါတယ်။
အောက်ဘက်တော်တော်လေးရောက်လာတော့ ရပ်ကြည့်နေတဲ့လူကို မတွေ့ရာဟော့ငါဘူး။
လူကိုမြင်လိုက်ရတာကလည်း စာရေးသူတို့ အားလုံး ဖြစ်တဲ့အတွက် မျက်စိမှားစရာ၊ ထင်ယောင်ထင်မှားဖြစ်စရာ မရှိပါဘူး။
– စာရေးသူတို့ သုံးယောက်တိုင်ပင်ပြီး ဖောင်ကို ကမ်းကပ်လိုက်တယ်။ပြီးတော့ ကွန်းချောင်းရဲ့အခြေအနေ ရောက်နေတဲ့နေရာဒေသကို မေးမြန်းစုံစမ်းနိုင်ဖို့ တွေ့လိုက်တဲ့လူကို ဆင်းရှာကြအော်ခေါ်ကြပါတယ်။
အဲဒီအချိန်မှာပဲ မမျှော်လင့်တဲ့အသံကြီးကို စာရေးသူတို့ အဖွဲ့ကြားလိုက်ကြရပါတယ်။ရေတွေ စီးကျနေတဲ့အသံကြီးတဝုန်းဝုန်း …… တဝေါဝေါနဲ. ကြားလိုက်ရပါတယ်။
´ စာရေးသူတို့ အားလုံး တအံ့တဩနဲ အသံကြားတဲ့ဆီကိုပြေးကြည့်ကြပါတယ်။ ရှေ့တစ်ဖာလုံလောက်မှာ အလွန်မြင့်မားတဲ့ရေတံခွန်ကြီးတစ်ခုကို တွေ့ကြရပါတယ်……။
“ဘုရား ဘုရား ဘုရား အခြားသူတွေတော့ မသိဘူး၊ စာရေးသူကတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကိုပဲ အောက်မေ့လိုက်မိပါတယ်။စာရေးသူတို့သာ တွေ့မြင်လိုက်ရတဲ့ လူတစ်ယောက်ကိုဆင်းပြီး မရှာမိရင်တစ်မိနစ်၊ နှစ်မိနစ်အတွင်း မြ့င်မားတဲ့ ရေတံခွန်ချောက်ကြီးထဲပြုတ်ကျပြီး အသက်ဆုံးရှုံးကြရမှာ ဖြစ်ပါတယ်။တစ်စုံတစ်ယောက်က စာရေးသူတို့ အဖွဲ့ ကို ချောက်ကြီးထဲကျမသွားအောင် ကယ်တင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။အရိပ်အယောင်ပြပြီး စာရေးသူတို့ကို ကယ်တင်လိုက်သူတာဘယ်သူလည်း ….။
လမ်းပြလိုက်လာတဲ့ ကရင်ဖထီးကြီးပြောသလို၊ ‘မမြင်ရတဲ့တောပိုင်တောင်ပိုင် အစောင့်အရှောက်တွေကပဲ’ ကယ်တင်လိုက်တာလား။ဘာကြောင့် ကယ်တင်လိုက်တာလည်းဒီနေ့ထိ စာရေးသူ စဉ်းစားလို့မရ ရှိနေဆဲပဲ ဖြစ်ပါတယ်။
#စာရေးသူ -မောင်ညိုမှိုင်း-သန်လျင်
#စာစီစာရိုက် – KyawZinPhyo (mmbookshelf)