” မောင် မင်္ဂလာဆောင်တော့မယ် ခွန် “

” ပြတ်တာလည်း ၁ နှစ်ကျော်ပြီ ဆိုတော့
ဖြစ်သင့်ပါတယ်လေ

ဒါနဲ့ မောင် လက်ထပ်မဲ့ အမျိုးသမီးက
ဘယ်ကလဲဟင် မောင်တို့ မြို့ကပဲလား

” ဟုတ်တယ် ခွန် !!!
မောင်တို့ မြို့ကပါပဲ “

နာမည်က ဘယ်လိုခေါ်လဲ မောင်
” စိမ်းလဲ့မိုးးပါ အသက်က
မောင့်ထပ် ငယ်တယ် လေ”

” မောင်က စိမ်းလဲ့မိုးကို ခွန့်ထပ် ပိုပြီး
ချစ်လို့ ထင်တယ်နော်
၁ နှစ်ကျော်နဲ့ လက်ထပ်ဖို့ ရွေးချယ်ခဲ့တယ်နော်

ခွန်နဲ့တုန်းက ၃ နှစ်အထိ
မောင့်ဘက်က မပြည့်စုံသေးလို့ဆိုပြီးး
လက်ထပ်ဖို့အရေး ကိစ္စတိုင်ပင်လိုက်တိုင်း
စကားတွေများခဲ့ကြတယ် ….

အခုတော့ ခွန် နားလည်သွားပါပြီ
မောင်က ခွန့်ကို
အပိုင်သိမ်းထားချင်လောက်တဲ့ အထိ
မမက်မောခဲ့ လို့ပဲဆိုတာကိုလေ “

” အဲ့လိုတော့ မပြောပါနဲ့ ခွန်ရယ် !!!
မောင် ခွန့်ကို တကယ် ချစ်ခဲ့ဖူးတာပါ
အဲ့တာတော့ တကယ်ပါ “

” အင်းပါ ဟုတ်ပါပြီ …
ခွန်တို့က မြို့လည်းမတူ အနေလည်း မနီး
စိတ်ချင်းပါ ထပ်တူမကျတာ များခဲ့ကြတော့
မပေါင်းစပ်နိူင်တာ မထူးဆန်းပါဘူးမောရယ်

ဒါပေမယ့် မောင် အဲ့ အမျိူးသမီးကို
လက်ထပ် လိုက်ရလို့
မောင် တကယ် ပျော်နေမယ်ဆိုရင်တော့
ခွန် ဝမ်းသာပါတယ် စိတ်ရင်းအမှန်နဲ့ပါ “

” မောင် ခွန့်ကို ချစ်ပါတယ် !!!
ဒါပေမယ့်
ခွန်က မောင့်ကို အရမ်းစိုးမိုးလွန်းတယ်
အဲ့တာတွေကို မောင် ကြောက်ခဲ့တာ
မောင် တစ်သက်လုံး ခွန့် စိတ်နဲ့မနေနိူင်ဘူး

” စိမ်းလဲ့မိုးး စိတ်နဲ့တော့
မောင် တစ်သက်လုံး နေရဲလို့ပဲ
သူ့ကို လက်ထပ်မှာပဲ မဟုတ်ဘူးလား

” အဲ့လိုမဟုတ်ဘူး ခွန်
သူက မောင့်စိတ်နဲ့မောင်နေလည်း
ကြည်ဖြူပေးနိူင်လို့ပါ …

ခွန်က … မောင် နည်းနည်းလေး
ဆိုးမိရင်တောင်
အကြာကြီး ပစ်ထားနိူင်ခဲ့တာပဲမဟုတ်လား

မောင့်ကိုဆို ခွန် အမြဲတမ်း
လွမ်းမိုးထားနိူင်ခဲ့တယ်

မောင့်ကို ခွန့် ချစ်သူဆိုပြီးတော့
ဘယ်တုန်းကများ ငှဲ့ညှာ
ထောက်ထားပေးခဲ့ဖူးလို့လဲ “

အခုတော့ ခွန်နဲ့ ယှဉ်လို့ ရသွားပြီပေါ့လေ “

” ခွန်က အရင်လိုပဲ အရင်တိုင်းပဲ သိလား
အခုချိန်ထိ စကားကို ကိုယ်လိုရာ
ဆွဲသွင်းပြီး ပြောတတ် နေတုန်းပဲနော် “

ဟုတ်တယ် ခွန်က ဘာမှပြောင်းလဲမသွားဘူး
မောင့်ကို ချစ်တဲ့ စိတ်ကအစ အရင်တိုင်းပဲ “

” မောင့် မင်္ဂလာဆောင်ကို ခွန် လာခဲ့မှာလား “
” အင်းး သေချာပေါက် လာရမှာပေါ့

မောင့် ဘဝအတွက် အကြီးအကျယ်ဆုံး
အချိန်ကို ခွန် မလာလို့ဖြစ်ပါ့မလား

မောင့် ဘဝမှာ အပျော်ရွှင်ဆုံး
အပြုံးတွေ ပြုံးနေမယ့်
မောင့်ရဲ့ အပြုံးကို ခွန် မြင်ချင်တယ်လေ

” ခွန်ကတော့လေ မောင့်ကို
စိတ်မကောင်းဖြစ်အောင် ပြောနေပြန်ပြီ “

” မောင့် မင်္ဂလာဆောင်က ဘယ်နေ့လဲ “
” အခု လာမယ့် တနင်္ဂနွေနေ့ပါ
မောင် ဖိတ်စာ ပို့ပေးလိုက်မယ်နော် “
” ကောင်းပါပြီ ရှင်

တနင်္ဂနွေနေ့ … မတိုင်မှီ စနေနေ့ ညနေကားနဲ့
မောင် ရှိတဲ့ မြို့ကို ကျွန်မလိုက်သွားခဲ့ပါတယ်

တနင်္ဂနွေနေ့ … မနက် ၇ နာရီ
( *** ) မြို့က အလှပြင်ဆိုင်တစ်ခုတွင်

” ပါးပါးလေးပဲ လိမ်းပေးပါနော် “
” ဘွဲ့ သွားယူမှာလားလို့ အလှပြင်ပေးတဲ့
အစ်မမေးတယ်

” ဟင့်အင်း
ချစ်သူဟောင်း မင်္ဂလာဆောင်ကိုသွားမှာပါ။

သတို့သမီးကသာ အလှဆုံး
ဖြစ်သင့်တယ်မဟုတ်လား … “

” အစ်မ သဘောပေါက်ပြီ ညီမလေးးး
အထူးးလက်ဆောင်အနေနဲ့
မနေ့က နိူင်ငံခြားက အစ်မရဲ့ အသိက
ဒေစီပန်းတွေ လက်ဆောင်လာပေးထားတာရှိတယ်

ညီမလေးက အဖြူရောင်လေးဝတ်လာတော့
ဒေစီပန်းလေး ပန်ပေးလိုက်မယ်နော် “
” ကျေးဇူးပါပဲ !! “

” အစ်မ မိတ်ကပ်က ငိုလည်း
လုံးဝ ကွက်မသွားဘူး စိတ်လွတ်လက်လွတ်
ငိုပြီး ပေါက်ကွဲလို့ ရတယ် သိလား ညီမလေး
” အင်းပါ ဟုတ်ကဲ့ပါ !!!! “

ကျွန်မ ရီတစ်ဝက် ဝမ်းနည်းတစ်ဝက်နဲ့
အလှပြင်လို့ ပြီးသွားချိန်မှာ မောင့်
မင်္ဂလာခန်းမဆီ သွားခဲ့ပါတယ်

မနက် ၈ နာရီ ခန်းမ ကိုရောက်တော့
ကျွန်မမှာ အသိဆိုလို့
သတို့သား အပြင်မရှိဘူးလေ …
ခန်းမအပြင်မှာ
ယောင်လည်လည်ဖြစ်နေချိန်မှာပဲ

” ခွန် !!! “

ဘယ်တော့မှ မေ့ထားလို့ မရတဲ့
မောင့်ရဲ့တည်ငြိမ်တဲ့ လေသံ ခပ်မာမာလေးကို
အခုချိန်ထိ အရိုးထဲစွဲပြီး မှတ်မိနေတုန်းပါဘဲ

” မောင် !!! …. အို !!! မဟုတ်သေးပါဘူး
ကိုထက်နိူင်လင်းလို့ပဲ ခေါ်တော့မယ်နော် “

” ရပါတယ် ခွန် အဆင်ပြေသလိုခေါ်ပါ
ခွန် တကယ် ရောက်လာခဲ့တာပဲ !!
လာလေ ခွန် ဒီဘက်ကို !! “
” ဟုတ်ကဲ့ “

ကျွန်မကို သူကိုယ်တိုင်ပဲ နေရာပေးခဲ့တယ်
ခဏကြာတော့
သူ့ သတို့သမီးနဲ့ ခွန့်ကိုမိတ်ဆက်ပေးခဲ့ပါတယ်

သတို့သမီး စိမ်းလဲ့မိုးကို မြင်တော့
သူက ကျွန်မနဲ့ သိပ်တူတာပဲ
ရုပ်ချင်းတအား ဆင်လွန်းလို့
သူကော ကျွန်မပါ အံ့အားသင့်ခဲ့ရပါတယ်

ကျွန်မ စိတ်ထဲ ကြည်လည်း ကြည်နူးမိတယ်
မောင်က ကျွန်မကိုသာ လက်မထပ်ချင်ခဲ့တာ
ကျွန်မနဲ့ တူတဲ့ သူကိုကျ
တမင်ရွေးချယ်သွားခဲ့တယ်

ဒါကြောင့် ကျွန်မ မောင့်ကို မေးစရာ တစ်ခု
ရှိလာခဲ့ပါတော့တယ်

မင်္ဂလာ အချိန်ရောက်တော့
မောင်ကစိမ်းလဲ့မိုး လက်ကိုတွဲပြီးး
ပြုံးးပျော်နေတာကို
ကျွန်မ အဝေးတစ်နေရာကငေးးကြည့်ပြီးး
မျက်ရည်တွေကျနေခဲ့တယ် …

ကျလာတဲ့ မျက်ရည်တွေကို ခပ်မြန်မြန်သုတ်ပြီးး
မောင် ပြုံးနေတာကို ဘယ်စိတ်နဲ့မှ ဖြည့်တွေးပြီး
ဆက်မကြည့်နိူင်တော့အောင်
ခံနိူင်ရည် မရှိတော့တာမို့ ခန်းမထဲကနေ
ပြေးထွက်လာခဲ့တယ်

ကားဌားပြီး
ကားသမားကို ၂ သောင်းဖိုးပြည့်အောင်
ဘယ်မောင်းမောင်းဆိုပြီးး ပြောလိုက်တယ်
ကားးထဲမှာ ရင်ကွဲမတတ်ငိုနေမိခဲ့တယ် …

ခဏအကြာ !!!
ခွန့်ကို လိုက်ရှာကြည့်တော့
မတွေ့တော့တာနဲ့ အပြင်ထွက်ရှာမိတယ်

အပြင်မှာ မတွေ့တော့
ခန်းမထဲမှာ ပြန်ဝင်လာပြီး
ခွန်ထိုင်ခဲ့တဲ့နေရာကိုပြန်လာကြည့်တော့
စာရွက်ခေါက်လေးတစ်ခုနဲ့ ဒေစီပန်းလေးး
၃ ပွင့် တင်ထားးခဲ့တာကို တွေ့ခဲ့ပါတယ်

စာရွက်ခေါက်ကို ဖွင့်ဖတ်ကြည့်မိတော့

[ မောင် ခွန့်ကို ချစ်နေလျက်သားးနဲ့
ခွန့် အငွေ့အသက်တွေထဲက
ရုန်းမထွက်နိုင် ပါပဲနဲ့ ဘာဖြစ်လို့များ
ခွန့်ကို မရွေးချယ်ခဲ့တာလည်းးဟင်
ဒီတစ်ခုတော့ မောင် ဖြေပေးပါ ]

စာဖတ်ပြီးနောက်
ကျွန်တော် မျက်ရည်ဝဲလာတယ်

ဒေစီပန်းတွေကို မြင်တော့
ပိုပြီး စိတ်မကောင်းဖြစ်မိတယ် …
ခွန်က သူနဲ့ ကျွန်တော် မင်္ဂလာဆောင်ရင်
ဒေစီပန်းတွေ ဖွေးနေအောင် ပန်မှာလို့

သူ့စိတ်ကလေးကြည်နေတဲ့အချိန်တိုင်း
ပြောခဲ့ဖူးးလို့ပါ …
ခွန် စိတ်ကြည်နေတဲ့ အချိန်က
လက်ချိုးရေတွက်လို့ရတဲ့အထိ ရှားးပါတယ်

ကျွန်တော့်
တစ်ယောက်တည်းအပေါ်မှာပဲဆိုရင်ပေါ့

ကျွန်မ ငိုနေရင်း မောင့်ဆီက Message
ဝင်လာတာနဲ့
ကျွန်မ ဖွင့်ဖတ်ကြည့်မိတယ်

[ Last Message ပါ ခွန်

မောင် ခွန့်ကို ချစ်တယ်
ခွန့် မျက်နှာကို မေ့ထားလို့မရအောင်ကို
မောင် ချစ်ပါတယ်

ဒါပေမယ့် ခွန် သိလား
ခွန့်မှာ မောင့်ကို အချိန်မရွေး စွန့်ပစ်ရဲတဲ့
စိတ်ရှိနေတာကို မောင် ကြောက်တယ်

ဒါကြောင့် …
မောင် ခွန့်ကို မရွေးချယ်ရဲခဲ့တာပါ ]

မောင့်ဆီက Message ကို ဖတ်ပြီးနောက်
ကျွန်မ ခပ်မှဲ့မှဲ့ အပြုံးနဲ့ ရင်ထဲမှာ
မချိတင်ကဲ ဖြစ်ရင်းက

” အင်းလေ တကယ် ချစ်ခဲ့ရဲ့သားနဲ့
အမြဲတမ်းး စိတ်မာ ခေါင်းမာပြီး

အတ္တကြီးခဲ့တဲ့ မိန်းမပဲ
အပစ်ခံရတာ တန်ပါတယ်ပေါ့… “😌

လေးစားစွာဖြင့် ~~Credit ♥♥
ဘဝစာပေ ခိုင်အညာမြေ – 𝒁.𝑴.𝑲𝒉𝒂𝒊𝒏𝒈 🌸🌻