မြောက်ဘက်ရှင်မ ( သားပိုက်မယ်တော်)

ပုဂံပြည်ရှင့် မဏိစည်သူမင်းကြီး ၏မြောက်နန်းစံမိဖုရားမှာ နာဂသိန် ဟူသော စုန်းမ ဖြစ်သည် ။
တစ်ညတွင် နာဂသိန် စုန်းတောက်စားနေချိန်တွင်
( ယောကတော် ) ရှင်ဦး ။ ( မြောက်ဘက်ရှင်မ ) ရှင်ဗြူး ။
ဆည်ကတော် ( ရှင်ကြူး ) နှင့် (အနောက်အမေကြီး)ရှင်ထူး တို့နှင့်တွေရာ နာဂသိန် ၏ ကြမ်းတမ်းသော အပြောအဆိုကြောင့် စိတ်ထက်သော ရှင်ထူး မှ စက်ကြိုး ကို ဖြတ်ချလေရာ ပညာချင်း မယှဉ်နိုင်သည့် အတွက် နာဂသိန် သည် အကောက်ကြံလေသည် ။
ကတူးကနန်း ဒေသ မှ တောင်ဦးနယ်စား ပဗ္ဗဘရာဇာ တို့ မောင်နှမ ငါးဦးသည် ပုဂံပြည်ကို ပုန်ကန်ကြသည် ဟု အိပ်မက်မြင်မက်ပါသည် ။ ထို့ကြောင့် ပုဂံနေပြည်တော်ကို မင်းမိန့်ဖြင့် ခေါ်တော်မူ၍ သတ်သင့်ကြောင့် မိဖုရား နာဂသိန်က မဏိစည်သူ မင်းကြီး ကို လျောက်တင်လေရာ ယုံတော်မူ၍ ““ ကတူးကနန်းဒေသ မှ တောင်ဦးနယ်စား ပဗ္ဗဘရာဇာ နှင့် ညီမတော်များ သည် မိမိတို့ ဒေသထွက်ကုန်များ ကို ခေါင်းပေါ်တွင်ရွက်၍ ကန်တော့လက်ဆောင် လာရောက် ဆက်သကြရမည် ´´´´ အမိန့်တော် ထုတ်ပြန်လေသည် ။
မင်းမိန့် အရ မောင်နှမ ငါးယောက် သည် ပုဂံပြည် သို့ ကန်တော့လက်ဆောင် များ ကို ရွက်၍ လာရောက်ကြရသည် ။ ပုဂံမြို့ဝန်က စစ်ဆေးတော်မူရာ ဆီအိုးများ ကို မနိုင်မနင်းရွက်လာရသော အငယ်ဆုံးညီမ ရှင်ထူး အား ““ အိုးထဲတွင် ဘာတွေပါလည်း ´´´´ ဟူမေးရာ ပင်ပန်း၍ ဒေါသထွက်နေသော ရှင်ထူး မှ
“` မြွေတွေ ပါလာတယ် ´´´ ဟုဖြေ၍ မြို့ဝန်မှ ဆီအိုး အဖုံး ကို ဖွင့်လေရာ အိုးအတွင်း မှ မြွေထွက်လာ၍ မြို့ဝန်ကို ကိုက်လေရာ မြို့ဝန်သေဆုံး၍ မောင်နှမ ငါး ဦး သည် အဖမ်းခံရလေ သည် ။
မြို့ဝန်သေဆုံးမှု အတွက် ရှင်ထူး အား သတ်ရန် အစ်ကိုတော်ဖြစ်သူ တောင်ဦးနယ်စား အား တာဝန်ပေးရာ အစ်ကို မှ ညီမ ဖြစ်သူ အား မသတ်နိုင်ပါဟု ငြင်းဆိုလေသည် ။ ထို့ကြောင့် မဏိစည်သူ မင်းကြီးသည် အစ်ကိုတော် တောင်ဦးနယ်စား နှင့် ညီမဖြစ်သူ ရှင်ထူး အား ဆင်ဖြင့်နင်း၍ သတ်စေလေသည် ။ ရှင်ထူး သည် စုန်းစိတ်ဝင်၍ ဆင် ကို အစွယ်ချိုး၍ သတ်လေသည် ။ တစ်ဖန် ကျားနှင့် တိုက်သတ်လေရာ ရှင်ထူး မှ ကျားကို သတ်၍ အစောင့်များ ပါမကျန် သတ်ကာ ထွက်ပြေး လွတ်မြောက်သွားသည် ။
မဏိစည်သူ မင်းကြီး မှ ရှင်ထူး အား ဖမ်းရန် အစ်ကိုယ်တော် တောင်ဦးနယ်စား အား တာဝန်ပေးသည်။
ဖမ်းမမိပါက ကျန်ညီမသုံးဦး ( ရှင်ဦး ။ ရှင်ဗြူး ။ ရှင်ကြူး ) အား မီးလောင်တိုက်သတ်မည် ဟု မိန့်တော်မူသည် ။
ပုဂံပြည်တွင် အကျဉ်းကျနေသော ညီအစ်မသုံးဦးအား
မိဖုရား နာဂသိန်မှ အကျဉ်းခန်းကိုမှိုင်းတိုက်၍ လုပ်ကြံလေရာ
ယင်းမာပင်နယ်သားများမှ ညီအစ်မသုံးဦးအား လာရောက်ကယ်တင်၍ ထွက်ပြေးလွတ်မြောက်ကြလေသည် ။
ယောနယ် ၊ ဆောနယ်သို့ ပုန်းအောင်း၍ထွက်ပြေးလာကြသော ညီအစ်မသုံးဦးအနက် အစ်မလတ်ရှင်ဗြူး မှာ ကျန်ညီအစ်မနှစ်ဦး နှင့်ကွဲကွာသွားပြီး လမ်းပျောက်နေလေသည် ။ လမ်းရှာဖွေရင်းမှ မြစ်တစ်မြစ်အနီးသ်ို့ ရှင်ဗြူး ရောက်လောက်သောအခါ မိမိတို့ မောင်နှမများ ပြန်လည်ဆုံစည်းရမည်ဆိုပါက ဤ မြစ်သည် တောင်အရပ် မှ မြောက်အရပ် သို့ စီးဆင်းပါစေ ဟု အဓိဋ္ဌာန် ပြုလေရာ ထိုမြစ်သည် တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းသည် ။ ထိုအချိန်တွင် ထီလင်းမြို့စား၏ သားတော်ကျော်စွာ သည် ပုဂံမှ ထီးလင်းမြို့သို့ အပြန်လမ်းတွင် ရှင်ဗြူးကို တွေ့ရာ ချစ်ခင်စုံမက်လှသောကြောင့် အတင်းပင်း မြင်းပေါ်တင်၍ ထီးလင်းမြို့သို့ ခေါ်ဆောင်သွားလေသည် ။
ထီးလင်းမြို့မှ ရှင်ဗြူး၏ ယောက္ခမများသည် မျိုးရိုးမသိ လမ်းတွင်တွေ့၍ အိမ်ပေါ်ရောက်လာသော ရှင်ဗြူး အား ငြူစူစောင်းမြောင်းကြလေသည် ။ ရှင်ဗြူး ကိုယ်ဝန်အရင့်အမာ ရှိနေသောအချိန်တွင် ရှင်ဗြူး၏ခင်ပွန်းကျော်စွာသည် ခရီးထွက်ခွာရလေသည် ။ ထိုသို့ ကျော်စွာ အိမ်တွင် မရှိသောအချိန်တွင် ရှင်ဗြူးအား ယောက္ခမများမှ နှင်ချလေသည်။
ကလေးမီးဖွားပြီးသည့် အချိန်မှ သွားပါရစေဟု တောင်းပန်သော်လည်း မရဘဲ အတင်းပေါ် နှင်ချလေရာ
ရှင်ဗြူးသည် တောနက်အတွင်းတွင် ကလေးမီးဖွားရာမှ ကွယ်လွန်ရလေသည် ။
နတ်ဖြစ်သွားသော ရှင်ဗြူးသည် အမေရေရင်ကတော်ကြီး၏ နတ်စင်ဘေးတွင် နေ၍ ကိုယ်ဝန်ဆောင်သည်များအား စောင့်ရှောက်လေသည် ။ ။