************************************

————————————–
မြွေဘတင်ကိုမသိသူမရှိပေအရပ်ထဲမြွေဆိုသည့်အသံကြားတာနဲ့ထိုနေရာသို့
အပြေးအလွှားရောက်လာကာမြွေအားသတ်ကာချက်စားဖို့သူ့အိမ်သို့သယ်သွားလေ့ရှိသည်။
မြွေသားဟင်းကိုသူ့မိန်းမအားမချက်ခိုင်းပဲသူကိုယ်တိုင်ချက်ကာအားရပါးရစားတတ်လေသည်။

မြွေသားအလွန်ကြိုက်သောကြောင့်သူနံမည်ရှေ့တွင်မြွေဘတင်ဟုအများကခေါ်ကြလေသည်။

မြွေသားကြိုက်သလိုမြွေဖမ်းလဲအလွန်တော်ကာအထူးကျွမ်းကျင်သည်။

မြွေဆိုပါကဘာမြွေမြွေဖြစ်ဖြစ်မြွေဘတင်နှင့်တွေ့ပါကဟင်းအိုးထဲတန်းရောက်သွားကြသည်ပင်

သူ့ူ့အလုပ်သည်ပန်ရန်အလုပ်သမားတစ်ယောက်ဖြစ်ကာဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်နေ့စဉ်အလုပ်လုပ်ရလေသည်။

တနေ့တွင်ရှေးဟောင်းတိုက်တစ်လုံးအားဖြို၍အသစ်ဆောက်ရန်အတွက်လုပ်ငန်းခွင်သို့စောစောရောက်လာသည်။

တိုက်ဟောင်းဖြိုရသောအလုပ်ကိုသူတို့တွေစတင်လုပ်ကြရသည်မှာတပတ်လောက်ကြာသွားသည်။

အားလုံးဖြိုပြီးတော့အောက်ခြေအားတူးကြရာတွင်မြွေတကောင်စနှစ်ကောင်စအားစ၍တွေ့ရလေသည်။

ဘတင်အလွန်ဝမ်းသာသွားသည်သူ့အတွက်ဟင်းစားရပြီဖြစ်သဖြင့်ထိုမြွေများအားသတ်ကာ

အိမ်သို့သယ်သွားလေသည်မြွေများအားတဝက်ကိုချက်ကာတဝက်ကိုအခြောက်လှမ်းထားသည်။

နောက်ရက်တွင်လည်းမြွေများတွေ့ရပြန်သည်သ့ူ့အတွက်တော့အလွန်အကြိုက်တွေ့စရာဖြစ်သွားသည်။

သူသည်မြွေများအားသတ်ကာပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့အိမ်ရဲ့ထောင့်နေရာတွင်မြွေတွင်းတတွင့်တွေ့ရသည်။

သူအတွက်တော့ရွှေတွင်းတွေ့ရသလိုဝမ်းသာသွားသည်သူကထွက်လာသောမြွေများသတ်ကာ

တနိုင်တစ်ပိုင်အိမ်သို့သယ်သွားကာမြွေတွင်းအားသဲအိတ်များဖြင့်ပိတ်ထားခဲ့လေသည်မြွေများထွက်မပြေးရန်ဖြစ်သည်။

အိမ်ရောက်တော့သူ့မိန်းမအားအားရဝမ်းသာပြောလိုက်သည်။

””မိန်းမရေငါမြွေတွင်းတစ်တွင်းတွေ့လာတယ်ကွ—မင်းကိုယ်ဝန်အတွက်ကလေးမွေးစရိတ်ရအောင်လို့——-အဲဒီမြွေတွေအကုန်သတ်ပြီး—–အခြောက်လှမ်းသင့်တာလှမ်းချက်သင့်တာချက်ပြီး————-

ဟိုဘက်လမ်းထိတ်ကအရက်ဆိုင်ကိုသွင်းရင်ငွေကောင်းကောင်းရနိုင်တယ်ကွ—–

အဲအရက်ဆိုင်ကမြွေသားရရင်သူ့ဆီလာသွင်းဘို့မှာထားတယ်—-ငါတနေ့နဲနဲသယ်လာမယ်——ရသလောက်ရောင်းပြီး——-ငါစားဘို့လဲချန်ထားရမယ်””””

””’ဖြစ်ပါ့မလားရှင်———ကျမကကိုယ်ဝန်ကြီးနဲ့မြွေမကိုင်ရဲဘူး—-””

””’မင်းမကိုင်ရဲလဲငါကိုင်မယ်—မင်းကအိမ်မှာမြွေတွေကိုသေချာလှမ်းထား—-””

ထို့နောက်မြွေဘတင်ကရလာသမျှမြွေများကိုအရက်ဆိုင်သွားသွင်းလိုက်စားလိုက်ဖြင့်အလုပ်ဖြစ်နေသည်။

သူ့အပေါင်းအသင်းများလည်းသူကိုယ်တိုင်မြွေသားဟင်းစပယ်ရှယ်ချက်ကာဧည့်ခံကြွေးမွေးလေသည်။

တရက်တွင်ကန်ထရိုက်လုပ်ငန်းရှင်ကမြေတူးတာအပြီးသတ်လုပ်ရန်မြေတူးစက်ဖြင့်တူးမည်ဖြစ်သည်။

ထိုအခါမြွေဘတင်ပျာယာခတ်သွားသည်သူ့မြွေတွင်းထဲကမြွေတွေအတွက်စိတ်ပူသွားသည်။

ဒါနဲ့အလုပ်သမားခေါင်းဆောင်အားပြောပြလိုက်၍သူမြွေသားချက်စားရန်မြွေတွေယူချင်ကြောင်းပြောလိုက်သည်ထိုအခါအလုပ်သမားခေါင်းဆောင်က

”””ဖြစ်ပါ့မလားမြွေဘတင်ရာ—–မြွေတွေကအများကြီးကွ—-တော်ကြာမြွေသိုက်တွေဘာတွေဖြစ်နေအုံးမယ်ကွ—-မြွေဆိုတာကလဲရာဇဝင်နဲ့ကွ——-မင်းအတွက်အန္တရယ်ဖြစ်နေအုံးမယ်——-””’

””ဘာမှမဖြစ်ပါဘူးဆရာရယ်——-ဒီတိုက်ဟောင်းကလူမနေတာကြာလို့မြွေတွေခိုအောင်းနေတာပါ——–မြွေသိုက်ဖြစ်တော့လဲဘာဖြစ်လဲ——-ဘဝကူးသွားလို့ကျွန်တော့်ကိုတောင်ကျေးဇူးတင်ရအုံးမှာ——-”””

ဘတင်ဆန္ဒပြင်းပြနေသဖြင့်အလုပ်သမားခေါင်းဆောင်လဲယူခွင့်ပေးလိုက်လေသည်။

ထိုနေ့ကမြွေဘတင်ကစက်နဲ့မတူးခင်ရသလောက်မြွေများသတ်ကာဘိလပ်မြေအိပ်များထဲထည့်ထားလိုက်သည်။

မြေတူးစက်နှင့်တူးသည့်အခါအပိုင်းပိုင်းဖြစ်နေသောမြွေများအားလိုက်၍ကောက်ကာ

အိမ်သို့ဂါလီဌားကာသယ်သွားလေသည်မိန်းမဖြစ်သူကလည်းငွေများများရသဖြင့်ကူညီကာလုပ်ရင်းတက်ကြွနေသည်။

အရက်ဆိုင်မျာကလည်းရောင်းကောင်း၍အိမ်အထိလာဝယ်ကြလေသည်။

ထိုမြွေပုံကြီးရပြီးသည့်နောက်ပိုင်းမြွေဘတင်အိမ်တွင်ညဘက်များ၌မြွေတွန်သံများကြားလာရသည်။

တခါတရံခေါင်းရင်းဘက်မှမြွေနှာမှုတ်သံကိုကြားသဖြင့်ဘတင်ထကြည့်တော့လဲဘာမြွေမှရှာမရပေ

မကြာမကြာထိုမြွေသံများကြာလာရတော့ဘတင်ထထရှာရသည်မှာအိပ်ရေးပျက်လာသည်။

တခါတရံအိမ်ပတ်လည်တွင်မြွေများသွားလာနေသည်ဟုဘတင်ထင်လာမိသည်သို့ပေမဲ့အိပ်ရေးပျက်၍

စိတ်ဂယောင်ခြောက်ခြားဖြစ်သည်ဟုဘတင်ထားကာမေ့ထားလိုက်သည်။

တနေ့တွင်သူ့မိန်မကသ့ူ့အားစိတ်မကြည်လင်သည့်ပုံဖြင့်စကားဆိုသည်။

””ကိုဘတင်ကျွန်မညကအိမ်မက်ထဲမှာ—–မြွေတွင်းထဲပြုတ်ကျသွားတာမြွေတွေက——ကျွန်မကိုဝိုင်းကိုက်ကြတယ်လို့အိမ်မက်မက်တယ်—–ကျွန်မဖြင့်လန့်လိုက်တာမပြောပါနဲ့တော့—–စိတ်တွေလဲလေးနေသလိုပဲ”””’

”””မင်းကလဲဟိုတလောကမြွေတွေအများကြီးတွေ့ခဲ့ရလို့စိတ်စွဲပြီးမက်တာနေမှာပါ——ငါတောင်ယုန်ထင်ကြောင်ထင်ထင်နေမိသေးတယ်——အလကားခေါင်းထဲမထည့်နဲ့သတ္တဝါဆိုတာလူချွတ်မှကျွတ်တာကွ””’

တရက်တွင်ဘတင်တို့အဖွဲ့မန္တလေးကတိုက်ဟောင်းတလုံးဖြိုရန်အလုပ်ရသဖြင့်မန္တလေးသို့သွားရန်ဖြစ်လာသည်။

ဘတင်မိန်းမကိုယ်ဝန်ကလဲလရင့်လာပြီဖြစ်သဖြင့်ဘတင်ငွေရှာထားမှအဆင်ပြေမည်ဟုတွေးမိသည်။

တလောကမြွေများရောင်းရငွေလဲအနည်းငယ်စုမိဆောင်းမိသဖြင့်ဘတင်တက်ကြွနေသည်။

ဒီလိုနဲ့ဘတင်မန္တလေးသို့ရောက်သွားလေသည်သူတို့ရောက်ပြီး၃ရက်လောက်အကြာတွင်

ညနေဘက်အလုပ်ပြီးတာနဲ့အလုပ်သမားခေါင်းဆောင်ကမန္တလေးတောင်ပေါ်ဘုရားသွားဖူးမယ်ဆို၍

တခါမှမရောက်ဖူးသောဘတင်တို့အဖွဲ့လဲဘုရားဖူးရန်ရောက်သွားလေသည်။

သူကမွေးကထဲကဘုရားရှိခိုးလာသူမဟုတ်ပါအိမ်နှင့်အလုပ်သွားနေလျှက်အချိန်ကုန်၍သွားသည်။

မနက်မိုးလင်းတာနဲ့အလုပ်သို့အပြေးအလွှားသွားကာညမိုးချူပ်မှပြန်လာရသဖြင့်ပင်ပန်းလို့ဟု

အကြောင်းပြကာထိုးအိပ်လိုက်သည်ထို့ကြောင့်ဘုရားတခါမှမရှိခိုးဖြစ်ပါ

အခုလိုတကူးတကဘုရားသွားဖူးမှသာဘုရားကန်တော့ဖြစ်သောလူမျိူးဖြစ်ပါသည်။

ဘတင်တို့အဖွဲ့မန္တလေးတောင်ဘုရားဖူးပြီးတောင်ပေါ်မှနံမည်ကြီးသောမြွေကြီးနှစ်ကောင်အား

သွား၍ကြည့်ကြလေသည်ထိုအခါမြွေကိုကြည့်မိသောဘတင်တစ်ယောက်ခေါင်းနပန်းကြီးသွားသည်။

ထိုမြွေကြီးနှစ်ကောင်သည်အသက်ဝင်လာကာဘတင်အားမီးဝင်းဝင်းတောက်နေသောမျက်လုံးများဖြင့်

စိုက်ကြည့်လိုက်၍ဘတင်အားခုန်အုပ်တော့မည့်ဟန်ကြောင့်ဘတင်ကနောက်သို့အလန့်တကြားခုန်ရှောင်မိလေသည်။

ထိုအခါသူ့အပေါင်းအသင်းများကဝိုင်း၍စကြလေသည်။

””ဟေ့ကောင်ဘတင်—–ဘာဖြစ်တာလဲကွမြွေမြင်တာနဲ့စားချင်ပြန်ပြီးလား———ဒါမြွေရုပ်ထုတွေကွမင်းမလဲမြွေမြင်တာနဲ့အငြိမ်ကိုနေလို့မရပါလားကွ””’

သူငယ်ချင်းများနောက်နေသည်ကိုပင်စကားပြန်မပြောနိုင်လောက်အောင်ဘတင်ဆွံ့အနေမိသည်။

သူဘဝတစ်သက်တာတွင်မြွေဆိုတာသူ့အတွက်စားစရာဖြစ်ကာသူမစားဘူးသောမြွေသားမရှိခဲ့

မြွေမကြောက်မြွေများစွာသတ်လာခဲ့သူကဒီမြွေနှစ်ကောင်ကိုမြင်၍မကြောက်စဖူးကြောက်သွားမိသည်။

ဒါနဲ့သူကမြွေတွေနားကပ်မကြည့်ပဲခပ်ဝေးဝေးကနေအကဲခတ်ရာမြွေနှစ်ကောင်သည်

သူ့မျက်လုံးထဲလှုပ်ရှားနေသည်ကိုထင်ထင်ရှားရှားမြင်နေရသဖြင့်ဘယ်သူ့မှမပြောရဲပဲလန့်နေမိသည်။

သူမန္တလေးတောင်ပေါ်ကပြန်လာကထဲကသူ့စိတ်တွေမကြည်မလင်ဖြစ်လာသည်မြွေကြီးနှစ်ကောင်

အသက်ဝင်လာသောပုံစံသာမြင်ယောင်နေမိသည်သူအဲဒီညမှာပဲခြောက်ခြားစရာအိမ်မက်ကိုမက်ပြန်သည်။

အိမ်မက်ထဲတွင်သူ့မိန်းမသည်ကလေးမွေးနေရာသို့သူရောက်သွားလေသည်ထိုအခါ

အလွန်ထူးဆန်းစွာပင်သူမိန်းမကမြွေများကိုမွေးလေသည်မြွေတွေမွေးလာသည်မှာလဲ

နဲတာမဟုတ်ပဲအလွန်များကာထိုမြွေများသည်မွေးခန်းအပြင်သို့ပြေး၍ထွက်လာကြကာ

နေရာအနှံ့အပြားသို့ရှောက်သွားကြရာသူလဲအလန့်တကြားတအော်လိုက်မိလေသည်။

”” ‘မြွေတွေ—–မြွေတွေ””’

သူ့အော်သံကြောင့်နဘေးမှာအိပ်နေသူများလန့်နိုးကုန်ကာသူ့အားအပြစ်တင်ကြသည်။

””’မြွေဘတင်တိုကတော့ကွာ——ယောင်တာတောင်မြွေကိုယောင်ရတယ်လို့——မင်းမြွေကြိုက်တာတော့ရှားတယ်ကွ—–ကြည့်ယောင်ကွငါတို့အိပ်ရေးပျက်တယ်”” ‘

ဘတင်ကတောလန့်၍့အိပ်၍မပျော်တော့ပါသူ့မိန်းမလဲစိတ်ပူလျှက်ရှိသည်။

နောက်၃ရက်လောက်နေရင်အလုပ်ပြီးပြီဆိုတော့သူအိမ်သိုပြန်ရန်စိတ်စောနေမိသည်။

မမြင်ရသေးသောသားသမီးအတွက်လဲကြိုတင်ရင်ခုန်နေမိသည်မြွေကြီးနှစ်ကောင်အကြောင်းလဲတွေးလျှက်ရှိသည်။

သူဟိုတွေးဒီတွေးနှင့်မိုးလင်းခါနီးမှမှေးကနဲပြန်အိပ်ပျော်သွားလေသည်။

ဒီတခါသူ့အိမ်မက်ထဲတွင်သူ့မိန်းမသည်ပန်းများခေါင်းတွင်ဝေနေအောင်ပန်ထားကာ

အဝတ်အစားသစ်များဝတ်ကာသူ့အားလက်ပြ၍ခရီးထွက်သွားလေသည်။

သူလဲမိန်းမဖြစ်သူအားလှမ်းခေါ်ရင်းအိမ်မက်ကလန့်နိုးသွားလေသည်။

””’မိန်းမ—-မိန်းမ—-””

သူနိုးတော့မိုးအတော်လင်းနေပြီသူ့စိတ်တွေမလန်းဆန်းပဲအလုပ်ထဲရောက်သွားသည်။

သူကြားဘူးသည်ကမိုးလင်းခါနီးမက်သောအိမ်မက်သည်မကြာခင်တွင်ဖြစ်တတ်သည်ဟုသိထားသည်။

သူ့စိတ်တွေလေး၍နေသည်အလုပ်သာလုပ်နေပေမဲ့သူ့တွင်တက်ကြွမှု့တွေရှိမနေပေ

သူကတိုက်ဘေးတွင်ဆင်ထားသောငြမ်းများအားဖြုတ်နေသည်ဒီအချိန်မှာဘဲ

ဘဝတူအလုပ်သမားတစ်ယောက်ကအော်၍ပြောလိုက်သည်။

””’ကိုဘတင်——ကိုဘတင်—–ခင်ဗျားမိန်းမကိုယ်ဝန်ကြီးနဲ့မြွေကိုက်ခံရလို့သေပြီလို့——အကြောင်းကြားတယ်——စိတ်မကောင်ဘူးဗျာကလေးပါသေသွားတယ်——””’

ထိုအလုပ်သမားကမဆင်မခြင်အသိပေးလိုက်သောစကားကြောင့်ငြမ်းပေါ်ရောက်နေသော

ဘတင်သည်ခေါင်းထဲမိုက်ကနဲဖြစ်သွားကာစိတ်လွတ်ကိုယ်လွတ်ဖြင့်ငြမ်းပေါ်မှပြုတ်ကျသွားလေသည်။

အောက်ရောက်တော့ပွဲချင်းပြီးသေနေသောမြွေဘတင်အလောင်းအားကြည့်ကာ

ဘဝတူအလုပ်သမားများအလွန်စိတ်မကောင်းဖြစ်ကာအလုပ်ရှုတ်သွားကြလေသည်။

အလုပ်ရှင်ကဘတင်တို့လင်မယား၏အသုဘကိုတာဝန်ယူ၍အဆင်ပြေအောင်လုပ်ပေးလိုက်သည်။

ထိုအချိန်မှစ၍မြွေသားအလွန်ကြိုက်သောဘတင်လောကကြီးကပျောက်ကွယ်သွားခဲ့ပေမဲ့

သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတော့မြွေဘတင်အကြောင်းပြောစမှတ်တွင်နေတော့သည်။

ပြီး

D Moe Moe