*
ကျွန်တော့်မိန်းမနဲ့ ကျွန်တော် စတွေ့တုန်းက သူမဟာ ကျွန်တော်စိတ်ကူးထားတဲ့ မိန်းကလေး ပုံစံ မဟုတ်ခဲ့ဘူး ။ ကျွန်တော်စိတ်ကူးယဉ်ခဲ့တဲ့ မိန်းကလေးပုံစံက အသားဖြူပြီး ပိန်ပိန်သွယ်သွယ် ကောင်မလေးမျိုး ။ လူငယ်သဘာဝအတိုင်း ချောတဲ့လှတဲ့ မိန်းကလေးကို မက်တာပေါ့။ ဟန်နီနွေဦးလို ၊ ထက်ထက်လင်းလက် လို ကောင်မလေးမျိုးကို စိတ်ကူးယဉ်ခဲ့တာပေါ့ ။ ကျွန်တော် အဲ့ဒီ့လို ဖြူဖြူသွယ်သွယ်နဲ့ ကလေးဆန်တဲ့ ချစ်စရာကောင်မလေးတွေနဲ့လည်း တွဲခဲ့ဖူးတယ် ။ ဒါပေမဲ့ မမြဲခဲ့ဘူး ။ ရစ်လွန်းတယ် ။ ချွဲလွန်းတယ် ။ စိတ်ဆိုး စိတ်ကောက်လွန်းတယ် ။ ကျွန်တော့်ကို နားလည်မပေးနိုင်ဘူး ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ ဖြတ်ပစ်ခဲ့တယ် ။

ကျွန်တော့်မိန်းမ ကျတော့ သိပ်မျက်နှာတည်တယ် ။ သူနဲ့ကျွန်‌ေတာ်စပြီးသိစက သူမဟာ အေးလိုက်တာမှ ရေခဲတုံးလိုပဲ။ သူ့သူငယ်ချင်းတွေက သူမကို ရေခဲတုံးလို့ အမည်ပြောင်ပေးထားတဲ့အထိ သူမကအေးတိအေးစက်နဲ့ ။ ပြုံးတာလည်း ကြုံတောင့်ကြုံခဲပဲ မြင်ဖူးတယ်။ အမြဲတမ်း မျက်နှာ‌ေ သနဲ့သူမကို မာနကြီးတယ် လို့လည်း ကျွန်တော်ထင်ခဲ့မိတယ် ။ စကားပြောကြည့်မိတော့ ပိုဆိုးသွားရော ။ ကျွန်တော် သိကျွမ်းခဲ့ဖူးတဲ့ ဘယ်မိန်းကလေးနဲ့မှ မတူဘူး။ကျွန်တော်နဲ့ဆို ဘုနဲ့ဘောက်ပဲ။ စကားကို သူက ချိုချိုသာသာ မပြောတတ်ဘူး ။ ဒဲ့တိုးဆန်တယ် ။ ပွင့်လင်းတယ် ။ အမှန်တော့ မုသား‌ေတွနဲ့ လုပ်ချိုမပြောဘဲ အရှိကိုအရှိအတိုင်း ရိုးရိုးသားသားပြောတာကို လူတွေက သဘောမကျတဲ့အခါ နှုတ်မချိုဘူးလို့ အမည်တပ်ပစ်လိုက်ကြတာပါ ။ ကျွန်တော်လည်း သူမနဲ့ ‌ေ သ‌ေ သချာချာ မရင်းနှီးခင်က တော်တော်လေးကို အမြင်ကတ်ဖူးတယ် ။

နောက်တော့ စကားစမြည်းပြောဖြစ်ကြရင်း အတော်စကားပြော အဆင်ပြေတဲ့ သူမှန်း သိလာတယ် ။ ကျွန်တော် အကြံညာဏ်တောင်းလိုက်တိုင်း သူမမှာ အကြံညာဏ်တစ်ခု အမြဲရှိ‌ေနတယ် ။ ကျွန်တော်ဆိုးပစ်လိုက်တော့မယ်ဆိုပြီး ဆုံးဖြ တ်တိုင်း သူမ က အကျိုးနဲ့အကြောင်း အဆိုးနဲ့အပြစ်ကို နားလည်အောင် ရှင်းပြပေးနိုင်တယ် ။ ကျွန်တော် ဆိုးမယ့်အရာတော်တော်များများက သူမကြောင့်နဲ့ မဆိုးဖြစ်တာ များတယ် ။ ရည်းစားကို အပျော်တွဲတာလောက်ပဲ သိတဲ့ကျွန်တော်က သူမနဲ့မှ လေးနက်လာတယ် ။ အကြောင်းက သူမဟာ ဘယ်တုန်းကမှ ရည်းစားကို ပျော်ဖို့မတွဲဘူး တဲ့ ။ သူမ ဘယ်တော့မှ စကားကို ပေါ့ပျက်ပျက်မပြောဘူး ။ အဲ့ဒီ့တော့ ကျွန်တော်လည်း သူမနဲ့ဆို ပေါ့ပျက်ပျက်စကားတွေ မပြောဖြစ်တော့ဘူး ။ ကျွန်တော်သူမနဲ့ သိလာတာကြာလေ ကျွန်တော့်ပုံစံက ပြောင်းလဲလာလေပဲ။ သူမက ပြောင်းလဲပါလို့လည်း ကျွန်တော့်ကို တကူးတကပြောပြီး ပြုပြင်ပေးခဲ့တာ မဟုတ်ဘူး ။ လူတွေဟာ ကိုယ်ချစ်တဲ့သူနဲ့တွေ့ရင် ပြောင်းကိုပြောင်းလဲတယ် ဆိုတဲ့စကားကို ကျွန်တော်အဲ့ဒီ့အချိန်က လက်ခံမိသွားတယ် ။

သူမနဲ့ ချစ်သူတွေ ဖြစ်ကြတယ် ။ သူမ ဘယ်တုန်းကမှ အကြောင်းမဲ့ စိတ်ဆိုးစိတ်ကောက်တာမျိုး မလုပ်ဘူး။ ကျွန်တော် စိတ်ဆိုးပြီးဆိုရင်လည်း ကျွန်တော်ထုတ်ပြောပြစရာမလိုအောင် သူမသိတယ်။ အမြဲယောက်ျားလေးဘက်ကချော့ရမယ် ဆိုတာမျိုး သူမ မသ တ်မှတ်ထားဘူး ။ ကျွန်တော် စိတ်ဆိုးတိုင်း သူမချော့တယ်။ ကျွန်တော်ဝမ်းနည်းတိုင်း အမြဲအားပေးတယ် ။ သူမဟာ ကျွန်တော်စိတ်ကူးထားတဲ့ မိန်းကလေးပုံစံမဟုတ်ဘူး ။ သူမကအရမ်းချောတဲ့လှတဲ့အထဲမပါဘူး ။ ချစ်စရာကောင်းရုံလောက်ပဲ ။ သူမကအသားညိုတယ် ။ ခန္ဓာကိုယ်လည်း အလှကြီးမဟုတ်ဘူး ။ ကြည့်ကောင်းရုံလောက်ပဲ ။ သူမကို တစ်ချိန်မှာ ဒီလောက်ချစ်မိသွားလိမ့်မယ်လို့ စတွေ့တုန်းက တွေးတောင်‌ေတွးမကြည့်ခဲ့ဖူးဘူး ။

ကျွန်တော် ကောင်မလေးတွေ အများကြီးနဲ့တွဲဖူးတယ် ။ ပါးတို့ လက်တို့ ကို နမ်းမိရုံလောက်ကလွဲပြီး အဲ့ထက်မပိုဘူး ။ မိန်းကလေးတစ်ယောက် နစ်နာသွားအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ ကျွန်တော့်မိန်းမနဲ့တော့ မြတ်နိုးလွန်းလို့ နှုတ်ခမ်းချင်း ထိကပ်နမ်းခဲ့ဖူးတယ် ။ ပခုံးသား လေးတွေ နမ်းဖူးတယ် ။ လည်ပင်းအထိ နယ်ကျွံခဲ့တယ် ။ ဒါပေမဲ့ သူမကို မရသေးခင် ကျွန်တော်သူမဆီက ဘာမှ မယူဘူး ။ သူမကို ရဖို့ကြိုးစားတယ် ။ လက်ထပ်ခွင့်တောင်းတယ် ။ နှစ်ဖက်မိဘ အရှေ့မှာ တောင်းရမ်းယူပြီး လက်ထပ်ခဲ့တယ် ။

လက်ထက်ပြီးမှ သူမ ပြောင်းလဲလာတာလေးတွေ ရှိပါတယ် ။ အဲ့တာက ကျွန်တော့်ကို အမြဲ အသည်းယားလို့ဆိုပြီး တဖျတ်ဖျတ်ရိုက်တယ်။ ခဏခဏ ကိုက်တယ် ။ ကျွန်တော့်ရင်ဘက် နဲ့ လက် ၊ နားရွက်တွေမှာ သူမကိုက်ရာလေးတွေချည်းပဲ ။ နောက်ပြီး ကလေးတစ်ယောက်လို ချွဲနွဲ့တတ်လာတယ် ။ စိတ်ဆိုးစိတ်ကောက်တတ်လာတယ်။ အရင်က အချွဲအနွဲ့တွေ မလုပ်တတ်မပြောတတ်ပါဘူးဆိုတဲ့ ကျွန်တော့်မိန်းမ ရေခဲတုံးက ချွဲလိုက်တာမှ ကျွန်တော့်မှာ အသည်းတွေကိုယားလို့ ။ ချွဲလွန်းရင်မကြိုက် စိတ်ဆိုးစိတ်ကောက်လွန်းရင် မကြိုက်တဲ့ ကျွန်တော်ဆိုတဲ့ ကောင်ကြီးကလဲ သူမကို စိတ်ဆိုးပြေဖို့ ချော့လိုက်တာမှ အရူးကြီးလိုပဲ ။ သူမမျက်နှာမှာ အပြုံးလေးများမြင်ရရင် ထမင်းဟင်းလည်းမေ့တယ်။

အစမလို့ပါ ။ ကြင်စဦး မလို့ပါ ဆိုတဲ့ စကား‌က ကျွန်တော်တို့အတွက်တော့ မမှန်ခဲ့ဘူး ။ ခု ဆို ကျွန်တော်တို့မှာ ကလေးနှစ်ယောက် ။ သားကြီးက ၁၃ နှစ် သမီးအငယ်က ၉ နှစ် ။ သူမက လည်း အရင်လို ချွဲခါချွဲ လူကြီးဆန်သင့်တဲ့အခါ လူကြီးဆန်ပြီး ကျွန်တော်ကလဲ ကြင်စဦးဇနီးမောင်နှံလို မိန်းမမျက်နှာ တစ်ကမ္ဘာဖြစ်နေတုန်း ။ သူမဟာ ကျွန်တော် အချိုလိုအပ်ချိန် ချိုပေးပြီး အချဉ်လိုအပ်တဲ့အခါ ချဉ်ပေးနိုင်တဲ့ ကျွန်တော် နဲ့အကိုက်ဆုံး သူပါပဲ ။ ကျွန်တော်စိတ်ကူးထားတဲ့ မိန်းကလေးမျိုးနဲ့ ညားခဲ့ရင်တောင် ဒီလောက် စိတ်ချမ်းသာရမယ် မထင်ဘူး ။ ဒီလောက်အဆင်ပြေမှာ မဟုတ်ဘူး ။သူမနဲ့ ချစ်သူဖြစ်ပြီးတဲ့နောက်မှာ စိတ်ကူးထားတဲ့မိန်းကလေးပုံစံဟာ ကျွန်တော့်အတွက် အဓိကမကျတော့ဘူး ။

အသက်တွေပဲ ၄၀ ကျော် ၅၀ နားကပ်ကုန်ကြပြီ ကိုယ့်ယောက်ျား ကိုယ့်မိန်းမကို ချစ်ပြနေတုန်းလား အကဲပိုနေတုန်းလား မရှက်ကြဘူးလား ဆိုတဲ့အတွေးအခေါ်တွေက မှားတယ်လို့ ကျွန်တော်တော့ထင်တယ် ။ ကိုယ်ချစ်လို့မှယူထားတဲ့ ယောက်ျား၊ မိန်းမ ပဲလေ ၊ မ‌ေ သခင်အထိ ချစ်ပြရမှာပေါ့ အကဲပိုတယ်ထင်ထင် မရှက်ဘူးပဲ ထင်ထင် ကျွန်တော်ကတော့ ခုအသက်အရွယ်ထိ ကျွန်တော့်မိန်းမနဲ့ လူကြားထဲ လက်ချင်းတွဲသွားတုန်းပဲ ၊ သားသမီးတွေအရှေ့ သူမနဖူးလေး ပါးလေးကို နမ်းတုန်းပဲ ။ ကျွန်တော့်သားနဲ့သမီးကို သူတို့အဖေနဲ့အမေဟာ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြတယ်ဆိုတာ သိစေချင်တယ် ။ ပြီးရင် အတုယူစေချင်တယ် ။ အဓိက က တစ်သက်လုံးစာအတွက် လူရွေးမှန်ဖို့ပဲ ။ လူရွေးမှန်တဲ့အခါ ဘဝဟာ ပန်းတွေပွင့်ပါတယ် ။

#မေကျော်