လင်းမြင့်လှိုင်နှင့်ကျွန်တော်သည်အမဲပစ်ရန်အလို့ငှာ ပုဂံချောင်းရောက်ခဲ့ကြသည်တွင် သားကောင်တို့၏ လတ်ဆတ်သောခြေရာများတွေ့ရသော်လည်း ..
“သည်နေရာသားကောင်ပေါတယ်ဆိုပေမင့် – – – ဟင်းကောင်ခြေရာအတော်များများလည်း တွေ့ရတယ်ဆိုတော့ ဒါ ဟင်းကောင်ရဲ့ စားကျက်ဖြစ်မယ်။ သည်တော့ လက်ရှောင်ကြတာ ကောင်းမယ်ဗျ ဆိုလျက် မရမ်းမြောင်ဘက်သို့ထွက်လာကြတော့၏။ မရမ်းမြောင်သည် ပုဂံချောင်းလက်တက်ဖြစ်ချေ၏။
မရမ်းမြောင်တွင် သားကောင်တို့၏ခြေရာရှားပါးလေသည်ကြောင့် ဟင်းကောင်ရှိမည့်ပုံ၊ ရောက်လာမည့်ပုံမပေါ်ချေ။ သို့ပေမင့် ကျွန်တော်တို့ အမဲပစ်ကြမည်တော့ မဟုတ်။ ဘယ်တွက်မူ ဝါးခုတ်သမားများ ရှိနေခြင်းကြောင်းသည်။
“ကိုလင်းရေ. . သည်မယ် ခဏနားကြပြီး နောက်နေ့တခြားနေရာသွားကြတာပေါ့ဗျာ…။
သို့ဖြင့် ကျွန်တော်တို့သည် မရမ်းမြောင်ကြောတွင်ရှိ ဝါးခုတ်သမားစောလော်တီတဲတွင် နားနေကြတော့၏။
မရှမ်းမြောင်တွင် ကြက်၊ ငှက်ပေါပုံမရချေ၏။ မရမ်းမြှောင်ကမ်းပါးနံရံတွင်ကြက်ခြမ်းသီးများပေါက်လျက်ရြှိခင်းကြောင့်ဖြစ်ပေမည်။ သို့ကြောင့် ဝါးခုတ်သမားတို့အတွက် ကြက်၊ ငှက်မရှားဖြစ်ချေသည်။
မရမ်းမြောင်တဝိုက် သုတ်ကိုင်းထောင်ကြခြင်းဖြင့် တောကြက်နှင့် ရစ်ကောင်တို့ မရ မရှိကြချေ။ သည့်ပြင် ချောင်းမြောင်းရေအိုင်တို့တွင်လည်း ငါးများကို ဖမ်းယူရရှိနိုင်သေးသဖြင့် ဝါးခုတ်သမားတို့အတွက် ဝါးခုတ်စခန်းချရာ နေရာကောင်းဖြစ်ချေတော့၏။
သို့ဆိုငြား …
“ဖထီရယ်. . ဟိုဘက် ပုဂံချောင်းဘက်မယ်. . ဟင်းကောင်ကျက်စားနေတယ်. . သတိလည်းရှိကြဦးဗျ.. ဝါးခုတ်သမားတွေ အဲဒီဘက်ကိုတော့ဖြင့် ကူးမသွားကြစေနဲ့နော် ..”
သို့ဆိုသလို ကျွန်တော်က သတိပေးပြောလိုက်၏။
“သိတယ်. . ဆရာလေး. . ဘယ်သူမှတော့ ပုဂံချောင်းဘက် မကူးကြပါဘူး။ ဟင်းတောင်ကြီးကလည်း အဲဒီဘက်မှာပဲ ကျက်စားတာပါ. သည့်ဘက်ခြမ်းကိုလမ်းမှားပြီးတောင် ရောက်လာမယ့်ပုံမရပါဘူး.…
“ဟုတ်ပါတယ်… ဖထီးရယ်. . သူ့မယ်လဲ စည်းရှိပါတယ်. . ကျွန်တော်နဲ့ကိုလင်းလည်း လမ်းတစ်လျှောက်ကြည့်ခဲ့သေးပါတယ်. . သည်မရမ်းမြောင်ဘက်အခြမ်းမယ် ဟင်းတောင်ခြေရာ လုံးမတွေ့ ခဲ့ကြဘူးဗျ
“နို့ကြောင့်လည်း ငါတို့သည်မရမ်းမြောင်မယ်. . ဝါးခုတ်စ
ခန်းချကြတာပေါ့ . ငါတို့အတွက် အဆင်ပြေဆုံးနေရာပဲပေါ့ ဝါးတွေလည်း ပေါတယ်.. စားစရာအတွက်ဆိုလည်း ဆရာလေးတို့မြင်တဲ့အတိုင်းပဲ.. ကြက်၊ ငှက်နဲ့ ငါးကပေါမှပေါ
“အေးဗျာ. . စည်းဆိုတာတော့ ထားကြပေါ့ဗျာ .
သို့ဖြင့် ကျွန်တော်နှင့်လင်းမြင့်လှိုင်သည် စောလော်တီ၏ ဝါးခုတ်တဲတွင် ညအိပ်စခန်းချလိုက်ကြတော့သည်။
ညဘက်တွင် ပုဂံချောင်းဘက်မှ ဟင်းကောင်၏အသံကို စဉ်ဆက်မပြတ်ဆိုသလို ကြားရသည်ကြောင့် နားကိုစွင့်ထားလိုက်၏။ အသံကိုနားထောင်ခြင်းအားဖြင့် မည်သည့်နေရာလောက်တွင် ရှိနိုင်သည်ကို မှန်းလို့နေမိ၏။
ဟင်းကောင်သည် တစ်ဘက်တောင်ကြော အစပ်လောက်တွင် ရှိနိုင်လောက်ချေ၏။ ဟင်းကောင်အသံဝေးလိုက်၊ နီးလိုက် ကြားလိုက် ပျောက်လိုက်။
ကျွန်တော်သည်လည်း အိပ်မပျော်လေသည်ကြောင့် နားစွင့်ရင်း နက်ဖြန်အမဲပစ်ခရီးစဉ်အတွက် စပါးကြီးမြောင်ဘက်သွားရန် စဉ်းစားနေလိုက်မိ၏။ သို့ရှိစဉ်တဘက်မြောင်ဘက်မှ ရုန်းရင်းဆန်ခတ် တောတိုးပြေးလွှားသံနှင့် ဟင်းကောင်၏မာန်ဖီသံ၊ ဟိန်းဟောက်သံကြောင့် အိပ်ယာမှ လူးလဲထလိုက်၏။ နံဘေးရှိသေနတ်ကိုလည်း ကောက်ကိုင်ထားလိုက်သည်။ လင်းမြင့်လှိုင်သည်လည်း နိုးလာနေပြီဖြစ်၏။
“ဟင်းကောင် ဟိုဘက်တောင်ကြောအစပ်မှာပဲဗျ. .
“သားကောင်လိုက်ဖမ်းတာပဲဗျ..”
စောလော်တီနှင့် ပါးခုတ်သမားတို့သည် စိုးရိမ်ထိတ်လန့်စွာဖြင့် ကျွန်တော်တို့ထံ ရောက်လာတော့၏။
“ဟင်းကောင်… သည်ဘက်ကူးလာလေမလား မသိဘူး..
“မလာလောက်ပါဘူးဗျား သားကောင်လိုက်ဖမ်းရင်း တ
ဘက်တောင်ကြောအစပ်ကို ရောက်လာတာပါ။ – တစ်ခုတော့ရှိတာပေါ့ဗျာ. . ဟင်းကောင်တွေကသားကောင်ကိုရလျှင် ဗိုက်ဖောက်အူနုတ်စားတတ်ကြပြီး ထွက်သွားတတ်တယ်. .
ပြီးလေမှ ပြန်ပြန်လာပြီး တတိတိသားကောင်အသားကို စားတတ်ကြတယ်. .
နို့ကြောင့် သည်ဟင်းတောင် အဲဒီတောင်ကြောမှာပဲ သုံးလေးရက်တန်သည် ရှိနိုင်သေးထယ်.. ကျွန်တော်သတိပေးချင်တာ. . ဘယ်သူမှ အဲဒီတောင်ကြောဘက်မသွားမိကြဖို့ပဲ”
သို့နှယ် ဝါးခုတ်သမားတို့ကို မှာကြားလေပြီး နောက်နေ့နံနက်တွင် ကျွန်တော်နှင့်လင်းမြင့်လှိုင်သည် စပါးကြီးမြောင်ဘက်သို့ ထွက်ခဲ့ကြတော့၏။
“ငါတို့, – သည်မယ် ကြက်.. ငှက်နဲ့ငါးချည်းစားနေရတာ ငြီးငွေ့နေပြီဗျာ သားကောင်ဟင်းလျာရလျင်လည်း ပေးကြွေးပါဦး။
သို့ဆိုသလို စောလော်တီနှင့်အတူတူနေသော ဝါးခုတ်သမား စောဂျက်က မှာလေသည်ကြောင့် ..
“အေးပါကွာ..
ငါတို့ သည်လမ်းကပဲ ပြန်လာရမှာပါ. လို့ပြောခဲ့သေး
တော့၏။
သို့ဖြင့် ကျွန်တော်တို့သည် စပါးကြီးမြောင်ဘက်တွင် ကံအားလျော်စွာပင် ဂျီ(ချေ)တစ်ကောင်နှင့်မျောက်မြီးရှည်တစ်တောင်ရလိုက်သည်ကြောင့် ထိုစပါးကြီးမြောင်တွင်ဆိုရသည့် ပျားဖွတ်သမားနှစ်ယောက်ကို အကူအညီတောင်းကာ မရမ်းမြောင်သို့ ပြန်ခဲ့ကြတော့သည်။
မရမ်းမြောင်ရှိ ဝါးခုတ်သမားများအတွက် အသားဟင်းလျာများရလာခြင်းကြောင့် ကျွန်တော်တို့ ပီတိဖြစ်ရသလို သူတို့သည်လည်း ဝမ်းသာသွားကြပေလိမ့်မည်။ သို့ငြား –
မရမ်းမြောင် ဝါးခုတ်စခန်းသို့ ရောက်သည်တွင် သူတို့သည် ကျွန်တော်တို့ကို အားရဝမ်းသာ မကြိုဆိုနိုင်ကြချေ။ လွန်မင်းစွာ စိတ်မကောင်း ဖြစ်နေသောစောလော်တီကို
“ဘယ်လိုဖြစ်ကြတာတုန်းဗျာ. . ”လို့ မေးလိုက်သည်။
“စောဂျက်ကို ဟင်းကောင်ဒုက္ခပေးသွားပြီ”
“ဗျာ.. ဘယ်လိုလဲဗျာ. . ဟင်းကောင်က သည်ဘက်ကျွံလာဒုက္ခပေးတာလား လို့မေးလိုက်သည်တွင် စော်လောတီက ခေါင်းခါပြပြီး . . .သူက ဟိုဘက်တောင်ကြောသွားတာလေဗျာ. ဟင်းကောင်လဲထားတဲ့သားကောင်ကိုသွားဆွဲတာပေါ့ . သူ့နေရာသွား သူ့အစာသွားမလုနဲ့ မလုပ်ကောင်းဘူး အတန်တန်ပြောထားပေမင့်ငါမသိတုန်းထွက်သွားတာလေကွာ. .
ဟင်းကောင်နဲ့ပက်ပင်းတိုးတော့ သေတာပေါ့… သူ အလောင်းတောင်မှ သွားမကောက်ရဲဘူး..ဆရာလေးတို့ရောက်လာတော့ အတော်ပဲပေါ့.. “
“ကိုယ့်မယ်လဲ ပြည့်စုံနေလျက်နှင့်စည်းဖောက်ကာ ဟင်းကောင်အစာသွားလုတာကိုး”
သို့နှယ်ညည်းတွားရင်း လင်းမြင့်လှိုင်သည် ရှေ့မှဦးဆောင်၍ တဘက်တောင်ကြောလေးသို့ စောဂျက်အလောင်းကောက်ရန် ထွက်သွားလေသည်ကြောင့်ကျွန်တော်နှင့်ဝါးခုတ်သမားတစ်စုသည် ခပ်သွက်သွက်ခြေလှမ်း ပြီး လိုက်သွားကြတော့သည်။
ကိုပိုက်
၅-၇-၂၀၀၂
ဖတ်စရာဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၇၊
၂ဝဝ၅၊ ဇူလိုင်လ