လင်းမြင့်လှိုင်၊ ကျွန်တော်နှင့် မုဆိုးကြီး စောတာလူး
တို့သည် မဟူရာကြိုးဝိုင်းအတွင်း အမဲပစ်ထွက်ခဲ့ကြရာမှ တစ်နေကုန် တောတိုးအမဲရှာခဲ့ကြငြား ကံဆိုးစွာ သားကောင်မတွေ့သဖြင့် စခန်းရှိရာသို့ စိတ်ပျက်စွာပြန်ခဲ့ကြ၏။
“စခန်းမှာတော့ ဂျီ(ချေ)သားကြော်တွေ ရှိပါတယ်ဗျာသို့ဆိုသလို လင်းမြင့်လှိုင်က ပြော၏။
“သည်တော သားကောင်ပေါပါတယ်ဗျာ၊ ဘယ်လို
ကြောင့် အကောင်မတွေ့တာပါလိမ့်”
“ဒါမျိုးက ဖြစ်တတ်ပါတယ်.. ကိုပိုက်ရယ်”
သို့ – လင်းမြင့်လှိုင်က ပြောလေ၏။
သို့ကြောင့်-
“တစ်နေမကုန်သေးဘူး၊ စခန်းလည်း ပြန်ရောက်
သေးတာမှ မဟုတ်တာချည်း၊ အပြန်လမ်းမှာ တွေ့နိုင်ပေတာပဲဟု သို့ဆိုသလို ကျွန်တော်က မျှော်လင့်ချက်ထား ပြောလိုက်၏။ သည်တွင် လင်းမြင့်လှိုင်က ပြုံးစိစိလုပ်နေလေသဖြင့်-“ကိုလင်း ဘာပြုံးတာတုန်း၊ ကျွန်တော်ပြောတာမဖြစ်နိုင်ဘူး ထင်လို့လား။
လင်းမြင့်လှိုင်က နှုတ်ဖြင့်မပြော ခေါင်းညိတ်
ချေ၏။
“ကိုလင်းရယ်.. နို့ဖြင့်လည်း ကျွန်တော့်နောက်၏
လိုက်ခဲ့ကြချေဗျာ၊ အပြန်လမ်းမယ် ကျွန်တော် သားကောင်တစ်ကောင်တော့ဖြင့် တွေ့ကိုတွေ့လိမ့်မယ်၊ ပစ်ခွင့်ရလိမ့်မယ်လို့ထင်တယ်ဗျာ
သည်တွင် မုဆိုးကြီးစောတာလူးက-
“ဆရာလင်းဘက်က ထောက်ခံတယ်ဗျာ၊ သည်
လောက် သားကောင်ပေါတဲ့တောမှာ ငါတို့ တစ်မနက်လုံးဘာကောင်မှ မတွေ့လို့ မပစ်ရဘူးဆိုကတည်းက သည်ကနေ့ငါတို့ဘယ်လိုနည်းနဲ့မှ သားကောင်ရတော့မှာ မဟုတ်ဘူးဆိုတာသေချာတယ် လို့ ပြောလာချေ၏။
သို့အစွဲအလမ်းကို ကျွန်တော် လက်မခံလိုပေ။
သို့ကြောင့် ကျွန်တော်သည် သားကောင်တစ်ကောင်
ကို ပစ်ခတ်နိုင်ရေးအတွက် ပို၍ခြေသံလုံလုံလျှောက်ခဲ့တော့၏။
ပို၍ မျက်စိကို လျင်လျင်ထားခဲ့တော့၏။ နားကိုစွင့်
ထားချေတော့၏။ ကျွန်တော့်အတွက် အနှောင့်အယှက်မဖြစ်ရန်လင်းမြင့်လှိုင်နှင့် စောတာလူးတို့ကို
ကျွန်တော်နှင့်အတော်လှမ်းလှမ်းမှ ဆိတ်ငြိမ်စွာ လိုက်ပါခဲ့ရန် မှာရလေ၏။
“ကိုပိုက် သဘောပါဗျာ၊ ကျွန်တော်က လောင်း
တောင်လောင်းချင်သေးတယ်”
သို့ လင်းမြင့်လှိုင်က ပြောလာပြန်၏။ကို အရှေ့ခပ်လှမ်းလှမ်းမှ တောခွေးတစ်အုပ်၏သံကို ကြားလိုက်သည်တွင်-
သားကောင်စာရင်းမှာ တောခွေးအုပ် မပါဘူးနော်
လင်းမြင့်လှိုင် ပြောလာချေ၏။
“သိပါတယ်ဗျာ
သို့ ကျွန်တော်က ပြောလိုက်၏။
“သိလျှင် ပြီးတာပဲလေ၊ အဲ… တစ်ခုရှိသေးတယ်၊
အတင်းကြီးသားကောင်ကို မဖြစ်မနေလည်း မပစ်ရဘူးနော်”
“ကိုလင်း ဘာကိုဆိုလိုချင်တာတုန်း”
ဪ… ကျွန်တော်ဆိုလိုချင်တာ မုဆိုးတို့ထားအပ်
တဲ့ စည်းကိုဖောက်ပြီး သားကောင်ပစ်တာမျိုး မလုပ်ရဘူးနော်”
သို့ ပြောလာသည့် လင်းမြင့်လှိုင်ကို ကျွန်တော် ပြုံးပြလိုက်လေပြီး..
“စိတ်ချပါ ကိုလင်းရယ်၊ သားကောင် ရကိုရမယ်
ဆိုပြီး မုဆိုးစည်းကမ်းဖောက်ဖျက်ပြီး သားကောင်တစ်ကောင်ကို ပစ်ခတ်တာမျိုး လုံးဝမလုပ်ဘူးဗျာ၊ ကဲ… ကျေနပ်ပြီလား
လင်းမြင့်လှိုင်က ခေါင်းညိတ်ပြုံးပြလာတော့၏။
သို့ဖြင့် ကျွန်တော်လည်း လင်းမြင့်လှိုင်တို့နှစ်ယောက်နှင့် အတန်ငယ်လှမ်းသည့် ရှေ့မှ တောတိုးလျှောက်ခဲ့တော့၏။
သို့လျှောက်ခဲ့ရာမှ ပျဉ်းမတောတစ်ခုသို့ ရောက်သည်တွင် ဂျီ(ချေ)တစ်ကောင်ကို တွေ့လိုက်ရတော့၏။
ကျွန်တော် လွန်မင်းစွာ ပျော်သွားရတော့၏။
သားကောင်တွေ့ချေပြီ။ ပစ်ခတ်ခွင့်ရပေပြီ။ဂျီကောင်သည် ကျွန်တော်နှင့်ဆိုပါလျှင် ကိုက် ၅၀ပင် ဝေး လိမ့်မည်မဟုတ်။
ဂျီကောင်သည် ပျဉ်းမပင်အောက်တွင် ခြေစုံရပ်လျက် အဝေးသို့ကြည့်နေလေ၏။
ကျွန်တော့်ကို မြင်ဟန်မတူသည့်ပြင် ကျွန်တော်၏
သူကိုယ်သင်းနံ့ကိုပင် ရလိုက်ဟန်မတူ။
သို့ပေမင့် တစ်စုံတစ်ရာကို စိုးရိမ်ပူပန်ဟန်တော့ ရှိချေ၏။ ကျွန်တော်လည်း ဂျီ(ချေ)ကောင်လေးကို အသေအချာပစ်မှတ်ထားချိန်လိုက်၏။
သို့ ချိန်ထားလိုက်ပြီးလေမှ သေနတ်မောင်းတင်မထားသည်ကြောင့် သေနတ်မောင်းထိန်းခလုတ်ကို သာသာညင်းညှင်း တင်လိုက်တော့၏။
“ချောက်
သို့ အသံကိုတော့ဖြင့် ဂျီ(ချေ)ကောင်တော့ ကြား
လိုက်ဟန်တူ၏။
နားရွက်နှစ်ဖက် တဆတ်ဆတ် တုန်ခါနေတော့၏။
လေဖက်လေးတန်သို့ မရွံ့မရဲ ကြည့်လာချေတော့၏။
မဖြစ်ချေပြီ။ အလွတ်ပေးလို့တော့ဖြင့် မဖြစ်။
ကျွန်တော် မောင်းထိန်းခလုတ်ကို ဆွဲမညှစ်မီ ထွက်ပြေးသွားနိုင်လောက်၏။သို့ကြောင့် သေနတ်မောင်းထိန်းခလုတ်ပေါ်တွင် တင်ကွေးလိုက်မည်အလုပ်တွင်-
“ကိုပိုက် မပစ်နဲ့လေ
သို့အသံကြောင့် ပြန်၍လှည့်ကြည့်လိုက်၏။လင်းမြင့်လှိုင် ဖြစ်၏။ လင်းမြင့်လှိုင်သည် ကျွန်တော်နှင့်
ဂျီ(ချေ)ကောင်လေးကိုကြည့်၍ စိုးရွံ့စိတ်ဖြစ်နေပုံပင်။
သို့ကြောင့်
“ဘာလို့မပစ်ရမှာတုန်း ကိုလင်းရယ်
သို့ ကျွန်တော်က မကျေမနပ်မေးလိုက်၏။
“ရန်သူ့လက်က လွတ်မြောက်အောင်ပြေးလာတဲ့ သားကောင်တွေကို ခင်ဗျားနဲ့ကျွန်တော်က ဘယ်တုန်းက ပစ်ဖူးလို့တုန်း၊ သူတို့တွေရဲ့ ကြိုးစားရုန်းကန်မှု စွမ်းဆောင်ချက်ရလာဒ်ကိုအသိအမှတ်ပြု ဂုဏ်ယူတဲ့အနေနဲ့ ဘယ်တုန်းကများပစ်ခတ်သတ်ဖြတ်လေ့ ရှိလို့တုန်းဗျာ၊ ဘာလဲ-.. ခုတော့ကိုပိုက်က အလောင်းအစား ဆိုတော့ကာ မုဆိုးစည်းဖောက်ပစ်တော့မလို့လား။
သို့ ပြောလာသည့် လင်းမြင့်လှိုင်ကို ကျွန်တော်က
စိန်းစိန်းကြည့်လိုက်မိတော့၏။
သည် ဂျီ(ချေ)ကောင်လေးက ဘယ်မှာ ရန်သူ့လက်
က လွတ်မြောက်အောင် ပြေးလာလို့လဲဗျ၊ သူ အေးအေးလူလူရပ်နေတာလေ
သို့ ကျွန်တော်က ပြောလိုက်သည်တွင် လင်းမြင့်လှိုင်
က ကျွန်တော့်ကို ပြုံး၍ကြည့်လာချေပြီး-
“တောခွေး အလိုက်ခံရတဲ့ ဂျီ(ချေ)ကောင်လေ၊ သူ့ကိုသတ်ဖြတ်မယ့် တောခွေးရဲ့လက်ထဲကနေ လွတ်အောင်ပြေးလာတဲ့ ဂျီ(ချေ) ကောင်လေးပါဗျာ လို့ ပြောလေ၏။
ဘယ်လိုဖြစ်နိုင်မှာတုန်းဟုကျွန်တော်က ပြောလိုက်၏။
“ကိုပိုက်ရယ်— အဲဒီ ဂျီ(ချေ)ကောင်လေးကို အသေ
အချာ ကြည့်စမ်း၊ သာမန် ဂျီ(ချေ)ကောင်လို မဟုတ်ဘူးဆိုတာသတိမထားမိပေဘူးလား
သို့ ပြောလာသဖြင့် ကျွန်တော်သည် ဂျီ(ချေ)ကောင်
လေးကို အသေအချာကြည့်လိုက်၏။ ထူးခြားမှု့မည်သို့မျှမတွေ့မိပါကလား။ သို့ကြောင့်-
“ဘာထူးခြားမှုမှ မရှိဘူးလေ”
“ရှိတာပေါ့ဗျာ… ဂျီ(ချေ)ကောင်လေးရဲ့ တစ်ကိုယ်
လုံး ရေစိုနေတယ်လေ
“ဒါတော့ ကျွန်တော်သိတာပေါ့ ကိုလင်းရယ်၊ နို့
ဘာထူးတာ မှတ်လို့တုန်း”
“ခက်ပြီကော ကိုပိုက်ရယ်၊ မုဆိုးလုပ်နေပြီး သား
ကောင်တွေနဲ့ စရိုက်ကို သေသေချာချာ မသိသလိုပါပဲလား၊ကိုပိုက် မသိသေးလျှင် ရှင်းပြမယ်၊ သေသေချာချာ နားထောင်။
တောခွေးတွေက သားကောင်ကို အနံ့ခံပြီး လိုက်
ကြတာဗျ၊ နို့ကြောင့် သူတို့လက်ထဲက ဘယ်အကောင်မှ လွတ်ရိုးထုံးစံ မရှိကြဘူး၊ ကြည့်လေ…တောခွေးက ဂျီ(ချေ)ကောင်လေးရဲ့အနံ့ကိုခံပြီး လိုက်ကြတော့ ကျွန်တော်တို့စောစောပိုင်းက တောခွေးအုပ်ဟောင်သံတွေ ကြားလိုက်မိကြတော့တယ်လေ”
လင်းမြင့်လှိုင် ပြောသည်လည်း ဟုတ်ချေ၏။
ကျွန်တော့်တို့ တောခွေးအုပ်၏အသံ ဆူဆူညံညံ ကြားလိုက်ပေသည်ပဲ။ လင်းမြင့်လှိုင်သည် ဆက်ပြောလာပြန်၏။ဂျီ(ချေ)ကောင်လေးက သူ့နောက် တောခွေးအုပ် အနံ့ခံလိုက်မှန်းသိလို့ ဖြတ်ထိုးဉာဏ်သုံးပြီး ရေအိုင်ကို ဖြတ်ဆင်းပြေးလာတာလေ၊ နို့မှ သူ့တစ်ကိုယ်လုံး ရေရွှဲသွားတော့ကိုယ်သင်းနံ့မထွက်တော့ဘူးလေဗျာ၊ အဲလို ဖြတ်ထိုးဉာဏ်သုံးပြီး တောခွေးအုပ်လက်က လွတ်အောင်ပြေးလာရတဲ့(ချေ)ကောင်လေးကို ဘယ်လိုသတ်ဖြတ် သင့်မှာတုန်းဗျာ….
“အလိုလေး.…. ဟုတ်ပါရဲ့၊ ကျွန်တော်သည် သား
ကောင်ရလိုဇောဖြင့်လင်းမြင့်လှိုင်တို့နှင့် လောင်းထားသည်။အနိုင်ယူလိုဇောနှင့်ကြည့်ပြီးဂျီ(ချေ)ကောင်လေးကို သတ်ဖြတ်လိုသည့်စိတ်အလျင် ထားမိလေခြင်းကြောင့် သတိမေ့လျော့နေခြင်းပါကလား။
အေးဗျာ…ကျွန်တော် သိပါပြီ၊ ကျွန်တော့်ရဲ့ အလော
တကြီးနိုင်မှုနဲ့ မခံချင်စိတ် (အနိုင်လိုချင်တဲ့စိတ်)က
ကျွန်တော့်ကို အမှားဖြစ်စေတာပါဗျာ။
သို့ဆိုလျက် ကျွန်တော်သည် ဂျီ(ချေ)ကောင်လေးကို
သတ်ဖြတ်ရန် ချိန်ရွယ်ထားသည့် သေနတ်ပြောင်းကို မြေသို့စိုက်ချလိုက်လေတော့သည်။
#စာရေးသူ – (ကိုပိုက်)