————–

”အငယ်လေးရေ နင့်အမတို့ဆီအမေတို့အလည်သွားရအောင် ”
”ဟုတ် အမေ ”
ဒေါ်စိုးခင်တွင် သမီးသုံးယောက်ရှိသည်။ယောကျာ်းဖြစ်သူက ရုံးစာရေးတစ်ယောက်မို့မိသားစု တွေခြွေတာစားသောက်ကြရသည်။
သူမကလည်းအိမ်ရှင်မတာဝန်သာ ယူပေးနိုင်ခဲ့သည်။ပြင်ပအလုပ် မလုပ်တတ်ပေ။ ယခုတော့ သမီးကြီးဖြစ်သူ မအေးမာ သည် အိမ်ထောင်ကျသွားပြီဖြစ်၍ အခြားမြို့တွင်နေထိုင်ရာ သမီးငယ် မိုးသက်ကိုခေါ်ကာ မတွေ့ရတာကြာပြီဖြစ်သောသမီးကြီးဆီအလည်သွားဖို့ပြင်ကြသည်။
”အမေ ရထားကလည်း ကြာတာ အိပ်ချင်ပေါ့ ”
ဒေါ်စိုးခင်က
”အိပ်ချင်လည်းနေခဲ့ပါအေ ရထားကညဆယ့်နှစ်တာပြောတယ် ခုထိမလာသေးဘူး ”
ဒေါ်စိုးခင်ကပြောတော့မိုးသက် အသံတိတ်နေလိုက်သည်။
မိခင်ဖြစ်သူကမထင်ရင်မထင်သလို ဆူတတ်သောကြောင့်ပင်ဖြစ်သည်။
သူမတို့ရထားပေါ်ရောက်တော့ ညတစ်နာရီပင်ရှိပေပြီ။တစ်ညလုံးမိခင်ရဲ့ပေါင်ပေါ်ခေါင်းအုံးပြီးအိပ်လိုက်ခဲ့သည်။
မနက်ရှစ်နာရီမှသူမတို့အမကြီးနေထိုင်ရာအိမ်ကိုရောက်ရှိခဲ့ပေသည်။
သူမတို့အိမ်မှာတော့ အမလတ်နှင့်အဖေကျန်နေရစ်ခဲ့ပေသည်။
”မမကြီးရေ…………မမကြီး …………”
”ဟေ………အော်ညီမလေးနဲ့ အမနဲ့လာလည်ကြတာကို”
မအေးမာကအထုပ်တွေကူသယ်ပေးကာ အိမ်ပေါ်ကို ခေါ်လာလိုက်သည်။
”ဟဲ့ သမီး မောင် ထွန်းမင်းကော ”
”အမေရေ စခန်းကအစည်းအဝေးသွားတယ် သူက ”
မအေးမာရဲ့ယောက်ျားက ရဲဝန်ထမ်းတစ်ဦးဖြစ်သည်။ယခုသူတို့နေသည်ကလည်း ရဲလိုင်းခန်းတွင်ဖြစ်သည်။
”အမယ် သူကအိပ်နေတာ တီလေးလာလည်တာမသိဘူး ”
လသားအရွယ်ကလေးလေးက ပုခတ်ထဲတွင်အိပ်ပျော်နေပေသည်။
မိုးသက်တို့လည်းခရီးပန်းလာတာကြောင့် တစ်ရေးအိပ်လိုက်သည်။မိုးသက်နိုးလာတော့အမေနဲ့အမစကားပြောနေသံကြားလိုက်သည်။
”သမီး ညည်း စဉ်းစားပေါ့အေ ခြံခုန်တဲ့နွားကခုန်မှာပဲ ပြုပြင်မှုမရှိရင်အလကားပဲအေ ”
”အမေရယ် သူပြုပြင်မှာပါ ”
အမေနဲ့အမဖြစ်သူရဲ့စကားသံကြောင့် ဆယ့်သုံးနှစ်အရွယ်သူမ သက်ပြင်းချမိသည်။
အမဖြစ်သူမအေးမာရဲ့ယောက်ျားက မိန်းမပွေသည်။အမဖြစ်သူကအေးတော့ပိုဆိုးသည်။
ယခုလည်း အမေဖြစ်သူကအလည်ဟုသာပြောခေါ်လာခဲ့တာအမှန်တကယ်က စခန်းကတိုင်စာရသောကြောင့်ဖြစ်သည်။
အမဖြစ်သူယောက်ျားက လင်ရှိမိန်းမတစ်ယောက်နဲ့ရှုပ်နေရာမှ ဟိုဘက်ကမကျေနပ်၍ရန်ဖြစ်ရာ စခန်းမှူးကသိသွားပြီး ပြောင်းရွေ့မိန့်ချလိုက်သည်။
မိုးသက်တို့မိသားစုက မိဘမရှိတော့သည့် ထွန်းမင်းကိုချစ်ခင်ပေးကြသည်။
သို့သော် သူ့အကျင့်ကမပြောင်းလဲပေ။
ပြောင်းရွေ့မိန့်ကြောင့် မိုးသက်တို့မြို့လေးစီ မအေးမာတို့ပြောင်းလာခဲ့သည်။
နောက်တစ်နှစ်နေတော့ မိုးသက်အမလတ် အိမ်ထောင်ကျသွားတော့ အိမ်မှာမိုးသက်တို့သားမိသားဖသုံးယောက်သာရှိတော့သည်။
သို့သော် တစ်မြို့ထဲမှာအတူတူနေကြတာဖြစ်၍ ညီအမတွေစုံဖြစ်ကြသည်။
တစ်နေ့မြို့ထဲကို မိုးသက် စက်ဘီးလေးဖြင့်စျေးဝယ်သွားရာ
”မိုးသက်ရေ ညည်းအမေ အားရင်လွှတ်လိုက်ဦး တီမိုးပြောစရာရှိလို့ ”
ဆိုင်ရှင်အန်တီကပြောတော့
”ဟုတ် တီမိုးပြောလိုက်မယ် နော် ”
သူမအိမ်ရောက်တော့ မိခင်ဖြစ်သူကိုပြောလိုက်သည်။နောက်တစ်ရက်သူမကျောင်းကအပြန် အိမ်ထဲရောက်တော့
”အမေရယ် သမီးဘယ်လို လုပ်ရမှာလဲ ဟီးးးဟီးးးးဟီးးးးး”
အမကြီးဖြစ်သူက ငိုနေသည်။မိုးသက်ဝင်လာတာတွေ့တော့ မိခင်ဖြစ်သူက အခန်းထဲဝင်နေဖို့မျက်နှာအရိပ်ကဲပြသည်။
”ညည်းကို အမေပြောသားပဲ သူတာဝန်ကျရာကို လိုက်ပါလို့ပြောနေတာပဲသမီးရယ် ”
အမေနဲ့အမဖြစ်သူအသံတွေကြားနေရသည်။
ကိုထွန်းမင်းသည်မိန်းမပွေရှုပ်မြဲဖြစ်သည်။ယခုတော့မိန်းမတစ်ယောက်နှင့်တွဲနေသည်ဟုသောသတင်းက မိုးသက်တို့မြို့လေးတွင်နာမည်ကြီးနေပေသည်။မအေးမာလည်းမိခင်ဖြစ်သူပြောပြမှသိခဲ့ပေသည်။
နစ်ကာလတွေကြာတာတော့ သမီးလေးတစ်ယောက် ထပ်တိုးလာခဲ့သည်။သားနဲ့သမီးနဲ့ဖြင့်ပြည့်စုံနေပင်မယ့် စိတ်ပျော်ရွင်မူမရှိခဲ့ပေ။
နောက်ဆုံးဘေးပတ်ဝန်းကျင်ရဲ့ပြောဆိုမူတွေကြောင့် မအေးမာ ကိုထွန်းမင်းနှင့်ကွာရှင်းခဲ့သည်။
အိမ်လေးတစ်အိမ်ဌားနေကာ သမီးနှင့်သားကိုစျေးရောင်းကျွေးရှာသည်။
ကိုထွန်းမင်းကတော့ နောက်မိန်းမယူကာအခြားမြို့သို့ပြောင်းသွားခဲ့ပေသည်။
”မမရေ အိမ်လာလည်ပါဦးဟ ”
”လာချင်ပါတယ်အငယ်မရယ် နင့်တူနဲ့တူမကကျောင်းဖွင့်တော့ ငါလည်းသူတို့အတွက်ထမင်းချိုင့်ထည့်ပေးရ ဆိုင်စျေးရောင်းရနဲ့မအားလို့ပါဟ ”
မိုးသက် စိတ်မကောင်းပေ။ဟိုအရင်လို မပူမပင်မနေတော့ဘဲသားသမီးတွေအတွက်ကြိုးစားရှာနေသော အမကိုမြင်ရတိုင်းစိတ်မကောင်းခဲ့။တူလေးနှင့်တူမလေးတို့ကိုလည်း သနားသည် သူများတွေမိစုံဖစုံနေနေချိန်မှာ မိခင်တစ်ယောက်သာ သူတို့အနားမှာရှိရှာသည်။
တစ်ရက် မအေးမာဆီ ရဲဝန်ထမ်းတစ်ယောက် ရောက်လာခဲ့သည်။
ထိုသူက ကိုထွန်းမင်းဆေးရုံတက်နေရကြောင်း နေ့ညမသိတော့ကြောင်းပြောပြတော့ မအေးမာ မိခင်ဖြစ်သူနှင့်တိုင်ပင်ကာ ဆေးရုံသို့လိုက်သွားခဲ့သည်။
ဆေးရုံရောက်တော့ ကိုထွန်းမင်းရဲ့နောက်မိန်းမကိုမြင်ရသည်။
သူ့လက်ထဲတွင် လသားအရွယ်ကလေးလေးကိုထွေးပိုက်ထားသည်။
”ဘယ်လိုဖြစ်တာလဲဟင် ”
ိထိုအမျိုးသမီးက
”အသည်းကင်ဆာတဲ့အမ သူကြာကြာမနေရတော့ဘူး ”
မအေးမာ ထိုအမျိုးသမီးလက်ထဲက ကလေးလေးကို ဂရုနာသက်မိသည်။
လူနာခန်းထဲသူရောက်တော့ကုတင်ပေါ်မှာလှဲနေတဲ့ကိုထွန်းမင်းကိုတွေ့လိုက်သည်။အရင်ကလို ပုံစံမဟုတ်တော့လူမှာအရိုးပေါ်အရေတင်သာရှိတော့သည်။မအေးမာလာတာကိုမြင်တော့ပျော်သွားဟန်တူသည်။
မအေးမာသူ့ကုတင်ဘေးထိုင်လိုက်တော့……………
”ကို မှားပါတယ်ကွာ ကိုယ့်အပေါ်ကောင်းတဲ့မင်းနဲ့မင်းမိသားစုအပေါ်မကောင်းခဲ့ဘူး ခွင့်လွှတ်ပါကွာ ”
အသံတိုးတိုးသာပြောနိုင်တော့တဲ့ ကိုထွန်းမင်းစကားတွေကိုမအေးမာသေချာနားထောင်ပြီး
”ပြီးခဲ့ပါပြီရှင် ကျွန်မကောကျွန်မ မိသားစုကော ရှင့်ကိုခွင့်လွှတ်ကြပါတယ် ”
မအေးမာနဲ့ထိုစကားနည်းနည်သာပြောနိုင်ပြီးကိုထွန်းမင်းကွယ်လွန်သွားရှာသည်။
ရက်လည်တရားနာပြီးသည်ထိမအေးမာဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့သည်။
ထို့နောက်မိမိအိမ်ကိုသာပြန်လာခဲ့တော့သည်။
သူမပြန်ရောက်သည့်ညက
”ဝုတ် ဝုတ် ဝုတ် ဂီးးးးးးးးး”
သူမမွေးထားတဲ့ခွေးနှစ်ကောင်ရဲ့ဟောင်သံတွေကြားလိုက်သည်။
သူခိုးများကပ်လေသလားအထင်ဖြင့် သတိဖြင့်နားစွင့်နေသည်။
ထိုစဉ် အသံတစ်ခုသူမကြားလိုက်သည်။
”မိန်းမရေ မိန်းမ မိန်းမရေ…………………”
မအေးမာကြောက်လာသည်။ဘေးမှုာအိပ်နေတဲ့သားနှင့်သမီးကိုကြည့်လိုက်ကာ ဘုရားစာကိုရွတ်နေမိသည်။
လူ့ဘဝမှာချစ်ခဲ့သည်မှန်သော်လည်းဘဝခြားသွားတော့ကြောက်ရွံ့မိပေသည်။
မနက်မိုးလင်းခါနီးမှခေါ်သံသည်ပျောက်ကွယ်သွားပေသည်။
နောက်နေ့ည ဒေါ်စိုးခင် လာရောက်အိပ်ပေးသည်။
”အမေ အမေ ”
ဒေါ်စိုးခင် ခေါ်သံတစ်ခုကြားလိုက်သည်။သူမမျက်လုံးဖွင့်ပြီးထထိုင်လိုက်တော့.……………
”ချွင် ချွင် ချွင် …………………”
အကြွေစေ့ကိုဆော့ကစားသံတစ်ခု နောက်ဖက်မီးဖိုခန်းထဲမှကြားလိုက်ရသည်။
သူမ မီးဖိုခန်းထဲသွားကြည့်လိုက်တော့ မီးဖိုခန်းထဲကခုံတစ်ခုပေါ်မှာထိုင်နေတဲ့ကိုထွန်းမင်းကိုမြင်လိုက်သည်။ပုဆိုးအပြာအကျီင်္ာအဖြူဖြင့် လူကသက်ရှိစဉ်ကအတိုင်းသန့်ပြန့်နေပေသည်။
ဒေါ်စိုးခင်က……………
”သား ဘာဖြစ်လို့လဲ ”
မေးလိုက်တော့
”အမေ သားကြက်သားဟင်းစားချင်တယ် ”
ဒေါ်စိုးခင် ကိုထွန်းမင်းကိုကြည့်ရင်းမျက်ရည်ကျမိသည်။
”သားရယ် မင်းလိမ္မာခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူး”
ကိုထွန်းမင်းလည်းမျက်ရည်ကျနေပေသည်။
”အမေ သားမှာအဖော်ပါတယ် ”
ဒေါ်စိုးခင်အံ့သြသွားသည်။ကိုထွန်းမင်းက ခြံဝကိုညွှန်ပြလိုက်တော့ ဒေါ်စိုးခင် ကြည့်လိုက်သည်။
”ဟင်………………”
တစ်ကိုယ်လုံးပတ်တီးအဖွေးသားဖြင့် လူတစ်ယောက် ခြံဝမှာရပ်နေပေသည်။ဒေါ်စိုးခင်ကြည့်နေရင်းကြောက်လာကာ
”မင်းမိန်းမနဲ့သားသမီးတွေကကြောက်တတ်တာ မင်းသိသားပဲအရမ်းမခြောက်နဲ့နော်သား ”
ဒေါ်စိုးခင်စကားကို ခေါင်းငြိမ့်ကာဖြေလိုက်သည်။
နောက်နေ့မနက်ကြ မအေးမာကိုပြန်ပြောပြတော့ ခြံဝမှာကြက်သားဟင်းပန်းကန်ကို ကိုထွန်းမင်းနာမည်ခေါ်ကာ ချထားလိုက်သည်။
ထိုနေ့ညမအေးမာနှင့်သမီးငယ်က ဒေါ်စိုးခင်တို့အိမ်လာအိပ်ကြသည်။
သားဖြစ်သူကဘေးအိမ်က လူပျိုကြီးအိမ်မှာပဲညအိပ်ဖို့နေခဲ့သည်။
ညနေစောင်းတော့ သားဖြစ်သူနှင့်လူပျိုကြီးကိုတင့်စကားထိုင်ပြောနေကြချိန် ကိုတင့် မျက်လုံးထဲလူတစ်ယောက်ပေါ်လာသည်။ထိုသူကသူ့ဘေးကမအေးမာရဲ့သားဖြစ်သူခေါင်းကိုလက်ဖြင့်ပွတ်သပ်နေပေသည်။ကောင်လေးကတော့မသိပေ။ကိုတင့်လည်း သူအရက်မူး၍မြင်ချင်ရာမြင်သည်သာထင်သည်။
”ဟိတ်ကောင် လင်းထွန်း မင်းဘေးမှာလူတစ်ယောက်ကွ ”
လင်းထွန်းလည်း အစက အံ့သြ သွားကာ
”အဖေ သားတို့ကိုမခြောက်ပါနဲ့နော် ”
ကိုတင့်မျက်လုံးပြူးသွားပေသည်။ လင်းထွန်းက သူ့အဖေသေဆုံးသွားကြောင်းပြောတော့ အံ့သြ သွားသည်။
ညရောက်တော့ အိပ်ဖို့အိပ်ရာခင်းပြီး ကိုတင့်အိမ်သာသွားကာ အိမ်သာကအပြန် မီးဖိုနားရောက်တော့……………
”ငါ့မိန်းမကော ငါ့မိန်းမဘယ်မှာလဲ ငါ့မိန်းမကော ”
ကိုတင့်သူ့့ကိုဒေါသတကြီးဖြင့် ပြောနေတဲ့ကိုထွန်းမင်းကို
”ကျုပ် ……ကျုပ် မသိဘူးလေဗျာ ”
ကိုထွန်းမင်းမျက်နှာက တဖြေးဖြေးပိုကြောက်ဖို့ကောင်းလာသည်။
ကိုတင့် အိမ်ပေါ်တက်ပြေးဖို့ပြင်တော့……………
”ဒုန်း ခွမ်း ………… ဒုန်း ဒုန်း ”
မီးဖိုထဲမှာရှိတဲ့ ပစ္စည်းတွေဖြင့်ကိုတင့်ကိုပစ်ပေါက်တော့သည်။
ကိုတင့်လည်းကြောက်လန့်ကာအိမ်ပေါ်တက်တော့
”ကိုတင့် ဘာဖြစ်တာလဲဗျ ”
”မင်းအဖေငါ့ကိုခြောက်နေတာကွ ငါ့ပစ္စည်းတွေလည်းကုန်ပါပြီသူပေါက်ခွဲတာနဲ့ ”
”ငါ့မိန်းမ ဘယ်မှာလဲ သားရေသား အဖေ့ဆီလာပါသားရယ်အဖေ မှားတာပါကွာ အဖေ့ဆီလာပါ…………………”
အိမ်အောက်ကနေ အော်ဟစ်ခေါ်နေပေသည်။
ကိုတင့်တို့တတွေလည်း ကြောက်လန့်ကာအိပ်ပင်မရပေ။
မိုးလင်းတော့ မှဒေါ်စိုးခင်တို့အိမ်ကိုသွားပြီးအကျိုးအကြောင်းပြောပြကြတော့သည်။
”အင်း ဒီအတိုင်းဆို မဖြစ်ဘူးသမီးရေ မောင်ထွန်းမင်းရက်လည်တုန်းက သာဓုမခေါ်လိုက်ရဘူးထင်တယ် ”
ဖခင်ဖြစ်သူကပြောတော့မအေးမာတို့လည်း ကုသိုလ်လုပ်ဖို့လိုတာတွေဝယ်ကာ ညီအမတွေပြင်ဆင်ကြတော့သည်။
မနက်စောစော ဘုန်းကြီးငါးပါးပင့်ကာ တရားနာပြီးကိုထွန်းမင်းနာမည်ကို ခေါ်ကာအမျှအတန်းပေးဝေလိုက်ကြသည်။
အဲ့နောက်တော့ မည်သည့် ခြောက်လန့်မှုမှမခံကြရတော့ပေ။

Yim Min (Kbu)

ကိုထွန်းမင်းတစ်ယောက် ကျွတ်လွတ်ပါစေ လို့ဆုတောင်းပေးပါတယ်။
ဖြစ်ရပ်မှန်ဖြစ်သည့်အတွက် စာဖတ်သူတွေ အတွက်ဖတ်ရူ့လို့ မကောင်းခဲ့သော သည်းခံပေးကြပါရှင်………………