#မောင်ညိုမှိုင်း(သန်လျင်)
(၁)

ကျွန်ုပ်၏ဇနီးသည် နုရွှေဝါကွယ်လွန်သွားပြီးနောက်ပိုင်း ကျွန်ုပ် သည် အထီးကျန်ဆန်လှစွာ တစ်ယောက်တည်းနေခဲ့ရ၏။ နေ့စဉ် သတိရတိုင်း နုရွှေဝါရဲ့ဓာတ်ပုံကိုကြည့်ပြီး မျက်ရည် စို့ချင်၏။ အိပ်ရာဝင်တိုင်း နုရွှေဝါရဲ့ရှင်မတောင်သနပ်ခါးရနံ့ကို အနီး ကပ်ရှူနေရသလို ခံစားရသည်။ သူမ မိမိအနီး အိပ်ရာပေါ်မှာ မရှိမှန်း သိပါသော်လည်း အတူရှိနေသလို ခံစားနေရသည်။

နုရွှေဝါရှိစဉ်က အတူသွားရောက်ခဲ့သည့် ဘုရားစေတီပုထိုး များကိုလည်း မျက်စိထဲမှာ ပြန်လည်မြင်ယောင်မိနေ၏။ ချစ်ရသူ အလွမ်းသည် ရာသီနှင့်လွင့်မျော ပျာက်လွင့်မသွားဘဲ ရာသီရင့်လေ အလွမ်းရင့်လေ ဖြစ်နေ၏။

ခုဆို နုရွှေဝါကွယ်လွန်ခဲ့သည်မှာ နှစ်နှစ်ရှိခဲ့ပြီး အစကနဦးတုန်းကတော့ နုရွှေဝါကို ကျွန်ုပ် မချစ်နိုင်ခဲ့။ အကြောင်းမူ . . .

နုရွှေဝါသည် ကျွန်ုပ်၏ ငယ်ကျွမ်းချစ်သူမဟုတ်။ သူမကို အစကနဦးတုန်းက ကျွန်ုပ်မမြင်ဖူး။ အမေမုဆိုးမကြီးက ဈေးမှာအထည် ဆိုင်ဖွင့်သည်။ ဒီမှာ အထည်ပုံမှန်လာဝယ်သည့် နုရွှေဝါနှင့်အမေ ရင်းနှီး သွားခဲ့သည်။

အမေ့အဆိုစကားအရ နုရွှေဝါက ယဉ်ကျေးသိမ်မွေ့သည်။ စကားပြောချိုသာသည်။ ပြီး … အပျိုကြီးလည်းဖြစ်သည်။ ကျွန်ုပ် အမေကို “အမေ”ဟုရင်းနှီးပြီးနောက်ပိုင်း ခေါ်ခဲ့သည်တဲ့။

အချိန်ရလျှင် အမေ့အထည်ဆိုင်မှာ ဝင်ရောက်ကူညီလုပ် ကိုင်ပေးသည်။ ကြာတော့ အမေက သူမကို သမီးအရင်းလို ချစ်သွား ခဲ့သည်။

သို့နှင့် လူပျိုကြီးဖြစ်သောကျွန်ုပ်နှင့် အမေက ပေးစားရန် ကျွန်ုပ်ကို ပြောပြတိုင်ပင်သည်။ ကျွန်ုပ်ကား အသက်သုံးဆယ်ထဲရောက် သည့်တိုင် ရည်းစားမထားဘူး။

အမေ့ကို ကျွန်ုပ်ချစ်သည်။ အဖေမရှိသည့်ဘဝမှာ အမေနှင့် ကျွန်ုပ်သည် သံယောဇဉ်နှောင်တည်းထားသော အချစ်အိမ်ဖြစ်၏။

မကြာခဏ ပြောပါများတော့ အမေ့ကိုအားနာလာခဲ့ရသည်။ နုရွှေဝါလည်း မကြာခဏ အမေနှင့် အိမ်ကိုပါပါလာသည်။

နုရွှေဝါသည် အသားဖြူဖြူ အရပ်ပုပုနှင့် လုံးလုံးကျစ်ကျစ် ယဉ်ယဉ်လေးဖြစ်၏။ ပြုံးလိုက်လျှင် ပါးချိုင့်လေးခွက်၍ ဝင်သွားသည်
ကိုက အလှတစ်မျိုးဖြစ်၏။ သူမရဲ့အလှကို စွဲမက်လွန်းလှ၍မဟုတ်။ အမေ့စကားကို မြေဝယ်မကျနားထောင်သော သားလိမ်မာ တစ်ယောက်ဖြစ်စေချင်သည်။ အမေစိတ်ချမ်းသာစေချင်သည်။ သို့နှင့် ခေါင်းညိတ်ခဲ့လိုက်သည်။ ကျွန်ုပ်နှင့်နုရွှေဝါရဲ့မင်္ဂလာပွဲကို အမေကျကျ နနလုပ်ပေးခဲ့သည်။ ဆွေမျိုးသားချင်းများက နေနှင့်လ ရွှေနှင့်မြဟု ချီးမွမ်းကြ၏။

ကျွန်ုပ်တို့နှစ်ဦးစလုံးကား လူပျိုကြီး၊ အပျိုကြီး မင်္ဂလာမောင်နှံအဖြစ် အရှက်ကြီးရှက်၍ လူပုံအလယ်မှာ အလွဲလွဲအမှားမှားများ ဖြစ်ရ၏။ သည်လိုနှင့် မင်္ဂလာဦးညကိုရောက်ခဲ့ကြ၏။ မင်္ဂလာဦးညရဲ့ ရင်ခုန်သံ သည် ကျွန်ုပ်တို့နှစ်ဦးရင်မှာ တဒုတ်ဒုတ်တဒိုင်းဒိုင်း ဖြစ်ခဲ့ရ၏။ တစ်ဦးကိုတစ်ဦး ပွေ့ခြင်း၊ ဖက်ခြင်း၊ နမ်းခြင်းမရှိ။ အစ်ကိုလို လည်း မခေါ်။ မောင်လို ့လည်း မခေါ်။ အချစ်ရေ၊ ညီမရေ၊ နေရလို့ လည်း မခေါ်ခဲ့ကြ။ ခုတင်အသစ်၊ မွေ့ရာအထူကြီးပေါ်မှာ ကျွန်ုပ်က သည်ဘက်လှည့်အိပ်ပြီး သူမက ဟိုဘက်လှည့်အိပ်ရင်း မင်္ဂလာဦးညကို သက်ပြင်းချသံ၊ ချွေးစီးကြောင်းများနှင့် ကျော်လွန်ခဲ့ကြလေသည်။

အဲဒီလိုနှင့် သူမအသားနှင့် ကျွန်ုပ်၏အသားတို ့ တစ်စက္ကန့်မျှ တို့ထိဖူးခြင်းမရှိဘဲ တစ်ပတ်တိတိ အကြင်လင်မယားအဖြစ် နေခဲ့ကြ ၏။ သူမက ကျွန်ုပ်ကို အမေ့ရှေ့မှာ ကိုချစ်ညိုဟုခေါ်၏။ ကျွန်ုပ်က လည်း သူမကို မနုရွှေဝါဟုခေါ်၏။

အမေကား ကျွန်ုပ်တို့အကြင်လင်မယားရဲ့ အခေါ်အဝေါ်များ ကို တအံ့တသြ ငေးကြည့်နားထောင်ပြီး တစ်မျိုးကြီးဖြစ်နေ၏။ တရားဝင် လင်မယားဘဝသို့ မရောက်သည့်တိုင် နုရွှေဝါသည် ကျွန်ုပ်၏အဝတ် အစားများကို ဖွတ်လျှော်၍ မီးပူတိုက်ပေး၏။ ထမင်းခူးခပ်ကျွေး၏။ အိပ်ရာ၊ စောင်များကို ခေါက်ပေး၏။ အိပ်ရာဝင်တိုင်း ကန်တော့၍ အိပ်လေ၏။ ကျွန်ုပ်တို့နှစ်ဦးစလုံး အချစ်ရဲ့ဘဝအရသာကို မသိကြသေး။

အချစ်ဆိုတာ ဒါပဲလား။ အိမ်ထောင်ရေးဆိုတာ ဒီလိုပဲလား။ ကျွန်ုပ်က အလုပ်ကို နံနက်သွား၏။ နေဝင်မှ ပြန်လာ၏။ နုရွှေဝါက အိမ်မှာချက်ပြုတ်၏။ ပြီး . . . အမေ့ကို ထမင်းချိုင့်သွား ပိုပြီး ဈေးကူရောင်းပေး၏။ ညနေရောက်လျှင် သုံးဦးသား ထမင်းအတူ စား၏။

ထမင်းဝိုင်းတွင် အမေ့ရှေ့မှာ နုရွှေဝါက ကျွန်ုပ်ထမင်းပန်းကန် ထဲသို့ ဟင်းများခပ်ထည့်ပေး၏။ အဲဒါဆို အမေက ပြုံးပြုံးပြုံးပြုံး။ ပြီး ကျွန်ုပ်က စာဖတ်သည်။ နုရွှေဝါက ပန်းထိုးသည်။ ကျွန်ုပ် ပခုံးကိုမှီ၍ ရယ်ပွဲဖွဲ့သောစကားသံကို အမေမကြားရ။

တစ်နေ့ ကျွန်ုပ် ဖျားနာရောဂါ ဖြစ်ခဲ့ရတော့သည်။ အလုပ် ကို မသွားနိုင်။ ဆရာဝန်ပင့်၍ အိမ်ခေါ်ဆေးကုရ၏။ သည်မှာ ကယောင် ကတမ်းဖြစ်နေသည့် ကျွန်ုပ်ကို နုရွှေဝါက ကိုယ်ဖိရင်ဖိပြုစုရှာ၏။ ကျွန်ုပ်သည် ရေခဲပတ်တင်နေသည့်ကြားမှ အမေ့ကို တကြော်ကြော်ခေါ်နေ၏။ နုရွှေဝါအမည်ကို အားကိုးတကြီး ခေါ်နေမိသည်တဲ့။ နောင် ကျွန်ုပ်သိရသည်မှာ အမေ့လက်တစ်ဖက်နှင့် နုရွှေဝါလက်တစ် ဖက်ကို အားကိုးတကြီးကိုင်ရင်း ကျွန်ုပ် ကယောင်ကတမ်းစကားများ ပြောနေသည်တဲ့။

အဲဒီမှာ ကျွန်ုပ် နုရွှေဝါကိုချစ်သည့်အကြောင်းလည်း ပါသည် တဲ့။ ကျွန်ုပ်ရဲ့စိမ်းကားပြုမှုမှုများကို ခွင့်လွှတ်ပါရန် တောင်းပန်သည့် စကားလုံးများလည်း အဆက်မပြတ်ဟု သိရ၏။

ဆိုရလျှင် ထိုညကစ၍ ချမ်းတုန်နေသော ကျွန်ုပ်ရဲ့ကိုယ်ကို နုရွှေဝါတစ်ညလုံးပွေ့ပိုက်ရင်း မိုးလင်းခါနီးမှာ ကျွန်ုပ်နှင့်နုရွှေဝါတို့ အချစ်နှစ်ခု ရွက်စုံဖွင့်ပြီး သမုဒယပင်လယ်ကို ဖြတ်လိုက်ကြသည်မှာ လှိုင်းလည်းကြီးခဲ့၏။ လှေလည်းလူးခဲ့၏။ တက်လည်းလွင့်ခဲ့၏။ ခုမှ ကြင်နာ မြတ်နိုးမှုနှင့် ထုံမွှန်းနေသော အချစ်သည် ဖူးရာမှပွင့်၊ ပွင့်ရာ မမွှေး။

ခုတော့ လေပြည်မှာ တနွေးနွေး တသင်းသင်းနှင့်။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
(၂)
ထိုနေ့ ထိုအချစ်မှစ၍ အစ်ကိုရေခေါ်သံသည် ကမ္ဘာအပြင်ကို လျှံခဲ့သည်။ အချစ်ရေ၊ နုရေ ခေါ်သံသည် နံရံမှာ ဖျက်မရအောင် ကပ်နေသည်။ ကြင်နာခြင်း၊ မြတ်နိုးခြင်း၊ ယုယခြင်းများဖြင့် အချစ် ဥယျာဉ်သည် ရွက်ပျိုရွက်နုများ နုသစ်စိမ်းစိုကာ အချစ်ခေါင်းလောင်းသံ သာယာနေတော့လေသည်။

စန္ဒကိန္နရီမောင်နှံလို တစ်ညဝေးမှာကို စိုးရိမ်နေကြသော ကျွန်ုပ် တို ့အချစ်သည် ခုတော့ ကိန္နရီချောင်းခြားဖြစ်ခဲ့ရပါပြီ။ မောင်နှံစုံပူး၊ တို့နှစ်ဦးတုံ မြူးတူးပျော်ပါး၊ ဤတောပြားတွင်

တောသားအလို၊ တောချင်းဆိုလျက် မှိုင်းမိုညဉ့်နက်၊ နေရုဏ်တက်က

ပန်းယက်သောက်ယူ၊ ပန်းဝတ်ချူလျက်

ကြင်သူ့ငယ်ချစ်၊ ပန်းယက်ယစ်၍

ကလျစ်ကလျူ၊ ရှိလတ်မူကား

သက်တူမြဝါ၊ နွဲ့ကာရင်ခွင်

တင်ကာယုယ၊ မ,စ ဖျော်ဖြေ မွန်းတဲ့နေသော်၊

သပြေရိပ်စက် ချမ်းအေးမြတ်ဝယ်၊
ပုခက်းယင် နွယ်ဒန်းဆင်လျက်၊ ငယ်လင်တစ်လှည့်

ကြည့်ကြမရဲ၊ လွှဲကြလက်ငင်းယင်ယင်သည်၊ ရွှင်ကြတောလိုက်အုံပါတည်း . . . ။ …

ဘလ္လာဟိယပျို့လာ စန္ဒကိန္နရီမောင်နှံလို မခွဲနိုင်မခွာရက် ကျွန်ုပ်တို့အချစ်သည်းနေစဉ် နုရွှေဝါ ရန်ကုန်မြစ်သုံးဆိုင်မှာ သင်္ဘော နစ်ရင်း ရေအောက်သို့ပါသွားခဲ့ရသည်။

မိုးရည်စွတ်စို၊ လေချိုကသွေး

ချမ်းအားပေးသော်၊ တောင်ပြေးမြောက်ဝန်း

ညှိုးမြန်းပူဆာ၊ ဟာတာနုနယ် မယ်ကိန္နရီ၊ ဆုံးခဲ့ပြီဟု

နဒီမြစ်ညို၊ ဟိုမှာဘက်က အသက်ဝိညာဉ်၊ စဉ်ဘိမတတ် တပတ်လည်လည်၊ တ,မြည်တမ်းတမ်း စိုရွှမ်းမြိုက်တက်၊ ခေါ်စိုက်စက်နှင့် ပြာညက်ညိုစင်၊ သက်ထက်ကြင်သည်

ရွှေစင်တရှည့်၊ မြင်ပါလှည့်ဟု ချည့်နည့်ပျောင်းမွေ့၊ လွမ်းတောင်ဝှေ့၍ ခုန်ကွေ့ သက်လုံး ဟာလတ်တည်း . . . ။

ကိန္နရီအဖိုလွမ်းသလို ကျွန်ုပ်ရင်ကွဲရချေပြီ။ ရင်နှလုံးအိမ်မှ စီးဖြာကျသော မျက်ရည်မြစ်သည် အရှိန်ပြင်းစွာစီးခဲ့၏။ တစ်ညဝေးတာ ကိုပင် နှစ်ပေါင်းခုနစ်ရာငိုကျွေး၍ လွမ်းမဝ အားမရဖြစ်ခဲ့ရသော စန္ဒကိန္နရီလက်သစ် ကျွန်ုပ်တို့အချစ်သည် ရေခွဲ၍ အသည်းကြွေခဲ့ရ လေပြီ။ ကျွန်ုပ်သည် အချစ်ကြောင့်ကြေကွဲပြီး အရက်သမားဘဝ လုံး လုံးရောက်လုဖြစ်ခဲ့ရ၏။ အချိန်တို့သည် သူ့ဝတ်စုံ၊ သူ့ကကြိုးနှင့် သူ့ဇာတ်ကိုသူ တာဝန်ကျေစွာ က,သွားခဲ့၏။ ရာသီက အလွမ်းကိုဝါးမျိုခဲ့၏။

သည်မှာ လေးစားချစ်ခင်အပ်ပါသော မိခင်ကြီးလည်း လူကြီး ရောဂါနှင့် ဆုံးပါးသွားခဲ့လေ၏။ ရွှေမြင်းမိုရ်တောင်ထိပ်နှင့် မေတ္တာမြင်းမိုရ် ကောင်းကင် ပြိုခဲ့ပြီးနောက် ကိုယ့်စိတ်ကိုယ်ထိန်းရင်း အမေ့လက်ငုတ် အထည်ဆိုင်ကို ကျွန်ုပ်ဦးစီးပြီး လုပ်ကိုင်နေချိန် . .။
♦♦♦♦♦♦♦♦
(၃)

တစ်နှစ်နီးပါးခန့် အလွမ်းကိုအဖော်ပြုရင်း ဘဝကို နှစ်သိမ့် ဖြေသိမ့်နေချိန် – ကျွန်ုပ်အိမ်ထဲသို့ ကြက်တူရွေးလေးတစ်ကောင် ရောက်လာခဲ့၏။ အလွန်ကို ထူးဆန်း၏။ ကျွန်ုပ် ပြတင်းပေါက်တံခါး ဖွင့်၍ငေးမောနေစဉ် ထိုကြက်တူရွေးလေး ကျွန်ုပ်လက်ပေါ်ကို လာနား ၏။ ပြန်လည်း မပြန်။ ကျွန်ုပ်၏လက်ကို သူ့ရဲ့နှုတ်သီးကောက်ကောက် နီနီရဲရဲနှင့်ဆိတ်ပြီး ကစားသလိုလုပ်နေ၏။

ကျွန်ုပ်က သူ့ကျောကုန်းနီနီရဲရဲအမွေးကို လက်နှင့်ပွတ်သပ် ပေးလိုက်သောအခါ . . .

“ကိ….ဂစ်…ကျစ် . . . ကျစ် . . . ကိ”

“ငှက်ကလေး . . . မင်းဘယ်ကလာတာလဲဟင်”

“ကိ ..ကိ ..ကျစ်..ကျစ်…ကိ”

“မင်း ငါနဲ့နေချင်လို့လား”

“ကျီ…ဂစ်….ကျစ်”

“နေပါငှက်ကလေးရယ်။ ငါကလည်း အဖော်မဲ့အထီးကျန် တစ်ကောင်ကြွက်ပါ။ မင်းရောက်လာတော့လည်း ငါ အဖော်ရတာပေါ့”

ထိုနေ့ကစ၍ ကြက်တူရွေးအမကလေး သူ ရွာသူ့အိမ်ရှိရာသို မပြန်တော့။ ကျွန်တော့်အိမ်မှာ နေတော့သည်။ ထူးခြားသည်ကား သူ့ကိုလှောင်ချိုင့်နှင့်ထားတာ မကြိုက်။

သို့ဖြစ်၍ အိမ်ထဲမှာ လွတ်လပ်စွာ နေခွင့်ပေးထားရ၏။ မြေ ပဲဆံ၊ ပြောင်းဖူးဆံနှင့် ငရုတ်သီးစိမ်းလေးများကို ကြိုက်နှစ်သက်၏။ ညဘက်ရောက်လျှင် ကျွန်ုပ်အိပ်ရာနံဘေးမှာ ဝပ်၍အိပ်၏။ မိုးလင်း လျှင် ကျွန်ုပ်ပါးကို နှုတ်သီးနှင့်ဆိတ်ထိုးပြီးနှိုး၏။ တစ်ခါတော့ ကျွန် တော်စိတ်ကူးယဉ်ယဉ်နှင့် မေးလိုက်၏။

“မင်းက ဘယ်သူလဲဟင်”

“ကိ .. ကိ…”

“မင်းက ငါ့ရဲ့အမေလား”

သူက အသံမပြု။ ကျွန်ုပ်ကို မော့ကြည့်နေသည်။

“ငါ့အမေမဟုတ်ရင် မင်းက ငါ့မိန်းမ နုရွှေဝါလား”

“ကိ….ကိ..ဂစ်”

သို့ကလိုမေးလိုက်လျှင် အသံစာစာနှင့်အော်လိုက်ပြီး ကျွန်ုပ် ရဲ့ညာပခုံးပေါ်တက်နား၍ ကျွန်ုပ်ပါးပြင်ကို သူ့နှုတ်သီးနီနီရဲရဲနှင့် တို့ကစားရကား ကျွန်ုပ်မှာ နုရွှေဝါအမှတ်ဖြင့် သူ့ကိုနမ်းရှုံ့မိလေ၏။ ဒီလိုနှင့် ကျွန်ုပ်အထည်ဆိုင်ထွက်လျှင် သူမ(ကြက်တူရွေးလေး)

လိုက်ပါလာ၏။ ကျွန်ုပ်က ချစ်ဇနီးကိုသတိရသည့်အနေနှင့် ကြက်တူရွေး မလေးရဲ့အမည်ကို “ရွှေဝါ “ဟု အမည်ပေးထားလိုက်၏။

အထည်ဈေးတန်းတစ်ခုလုံးကလည်း ‘ရွှေဝါ’ကိုချစ်ကြ၏။ ရွှေဝါသည် ကလေးများ၊ အပျိုမိန်းကလေးများနှင့်ရင်းနှီးပြီး လူစကား များပင် စ၍ပြောတတ်လာသည်ကား အံ့ဖွယ်ဖြစ်လေ၏။ ဈေးသည်၊ ဈေးဝယ်များက ကျွန်ုပ်အမည် ‘ကိုချစ်ညို” ကို နေ့စဉ်အခေါ်များသည် ကို ကြားရဖန်များသောအခါ . . .

“ချစ်ညို”

“ချစ်ညို’ဟု ခေါ်တတ်လာ၏။ အနီးဝန်းကျင်အထည်ဆိုင်မှ မိန်းမများဖြစ်သော မခင်စိန်၊ မကြိုင်၊ သင်းသင်း စသည့်အမည်များကို နားရည်ဝ၍ လိုက်ခေါ်နိုင်ရကား ဈေးသည်၊ ဈေးဝယ်များက အလွန်ကို အံ့သြကြ၏။ လိမ်မာလိုက်တာ၊ လူ့ဘဝနဲ့ နီးလိုက်တာဟု ဆိုကြ၏။ ကလေးများကလည်း သူ့ကို စကားလုံးများ သင်ပေး၏။

လူ့ဘဝပါရမီရေစက်နှင့် နီးလို့လားမသိ။ မကြာခင် “ဈေး ဝယ်”၊ ‘ဧည့်သည်”၊ “ပိုက်ဆံ’၊ ‘ခွေး”၊ “မိန်းမ”၊ “ယောက်ျား’၊ “ဟင့်အင်း’၊ “ကြိုက်တယ်’၊ “နိုး’၊ “ရက်(စ်)”စသည့်စကားလုံးများကို လူကလေး တစ်ယောက် စကားပြောနေသလို ပြောနိုင်သောအခါ လူတိုင်းက ရွှေဝါကိုကြည့်၍ အံ့သြကြ၏။ ချစ်ကြ၏။ စကြ၏။ နောက်ပြောင် သင်ပေးကြ၏။ အဆဲတော့ သင်မပေးကြပါနှင့်ဟု ပြောထားရ၏။

“ရွှေဝါရေ . . . နင် ကိုချစ်ညိုကို ချစ်လား”

“ရက်(စ်)”

“ဟား…. ဟား …..ဟား …… ဟား”

“ချစ်တယ်တဲ့ဟေ့”

“ရွှေဝါရေ . . . ကိုချစ်ညိုကို ငါတို့ ခေါ်သွားမယ်နော်”

“နိုး”

“ဟား…ဟား… ဟား လား အာဂရွှေဝါမပါလာ
ကိုချစ်ညိုရေ”

မိန်းဖရွယ်များက ကျွန်ုပ်နှင့်လာစကားပြောနေလျှင် ရွှေဝါက မကြည်သလိုမျက်နှာထားနှင့် မှုန်တေတေလုပ်ရင်း ကျွန်ုပ်ကိုဆွဲဆွဲ ဆိတ်နေရကား . . .

“အေးပါ ရွှေဝါရာ။ နောက်ကို စကားမပြောတော့ပါဘူးဟာ ဖယ်ပါဟ”ဟု ပြောရ၏။

“ဪ . ဘယ်ဘဝရေစက်နှင့် သံယောဇဉ်ဖြစ်လာရပါ လိမ့်။ အမေတော့မဖြစ်နိုင်။ နုရွှေဝါများ ငှက်ကလေးဘဝဝင်စား၍ ရောက်လာလေရော့သလား။ အို . . . ဟုတ်မယ်မထင်ပါဘူး။ ကြက်တူ ရွေးတို့၊ သာလိကာတို့ဆိုတာ လူနဲ့အနေနီးရင် လူစကားပြောတတ် ကြစမြဲဥစ္စာ”

♦♦♦♦♦♦♦
(၄)
တစ်နေ့သောအခါ ကျွန်ုပ်ဘဝကို အကြီးအကျယ် ပြုပြင် ပြောင်းလဲမှုတွေဖြစ်စေမည့် အချစ်တစ်ခု မြားတစ်စင်းအဖြစ် ရင်မှာ လာစိုက်လေ၏။ သူမကိုမြင်မြင်ချင်း ကျွန်ုပ်လွန်စွာ အံ့သြငေးမော ရသည်။

သူမအမည်က ထားအိချိုတဲ့။ ကျွန်ုပ်က သူမကို ထားအိချိုလို့မမြင်။ နုရွှေဝါလို့ပဲ မြင်လိုက်သည်။ အကြောင်းမူ ထားအိချိုသည် ကွ ကွယ်လွန်သူချစ်ဇနီး နုရွှေဝါနှင့် တစ်ပုံစံတည်းတူလွန်းသောကြောင့် တည်း။ မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ ပါးစပ်၊ ဆံပင်ပုံစံ၊ လက်ကျပုံ၊ ကို ကိုယ်လုံးကျပုံ၊ အရပ်အမောင်းကအစ ချွတ်စွပ်တူနေ၏။

နုရွှေဝါက အသားဖြူပြီး ထားအိချိုက အသားညိုစိမ့်စိမ့်လေး ဖြစ်၏။ သူမ ကျွန်ုပ်အထည်ဆိုင်မှာ အထည်များလာဝယ်ရင်း ရင်းနှီး သွားခဲ့ကြခြင်းရယ်။ မြင်ရဖန်များသောအခါ ကျွန်ုပ် သူမကို နုရွှေဝါ ပြန်လည်မွေးဖွားခြင်းအမြင်ဖြင့် သံယောဇဉ်ဖြစ်သွားခဲ့ရသည်။

သံယောဇဉ်နှင့်အချစ် ပေါင်းစပ်သွားသောအခါ ကျွန်ုပ်နှင့် ထားအိချိုတို့ ချစ်သူများဘဝ ရောက်သွားကြလေ၏။

ထားအိချိုက မုဆိုးမလေးဖြစ်သည်။ မျက်လုံးကစားတာ လှသည်။ အတွေ့အထိများက ယစ်မူးဖို့ကောင်းသည်။ အတွေ့အကြုံ နည်းသော ကျွန်ုပ်လိုယောက်ျားတစ်ယောက်ရဲ့ကိလေသာကို ယစ်မူး အောင်ဖမ်းစားရာမှာ ဆယ့်နှစ်ကြိုးကဝေမလို ပညာစုံသည်။

ဆိုင်ပိတ်သည့်နေ့များ ကျွန်ုပ်နှင့်ထားအိချို အိမ်မှာစကား ပြောကြလျှင် ရွှေဝါက ဆူညံစွာအော်ဟစ်ပြီး မကျေနပ်သလိုလုပ်ပြ၏။ ကျွန်ုပ်နှင့်ထားအိချို ပူးပူးကပ်ကပ်နေသည်ကိုမြင်လျှင် ရွှေဝါက ကျွန်ုပ် တင်ပါးကို နှုတ်သီးနှင့်ဆွဲဆွဲဆိတ်၍ ဖယ်ထုတ်ရ၏။ ကျွန်ုပ်ကို အလို မကျသလို သတိပေး၍မရသောအခါ ထားအိချိုရဲ့ကျောကုံးကို နှုတ်သီး နှင့်ဆိတ်ရကား ထားအိချိုလန်၍အော်ရ၏။ သို့နှင့် . . .

ရွှေဝါကို လှောင်ချိုင့်ထဲမှာ ခဏထည့်ထားရတော့သည်။ ထို အခါ ရွှေဝါက ကျွန်ုပ်ကို အော်ဟစ်ပြောဆိုတော့၏။

“ချစ်ညို လူဆိုး”

“ချစ်ညို လူဆိုး”

“သွားတော့ . . . သွားတော့”

“သွားတော့ . . . တော့”

ကျွန်ုပ်ကို ချစ်ညိုလူဆိုးဟု လှောင်ချိုင့်ထဲမှ တော်ပြော၏။

သည့်နောက် ထားအိချိုကိုကြည့်ပြီး သွားတော့သွားတော့ဟု နှင်လွှက်လေ၏။

ဒီလိုနှင့် ကျွန်ုပ်နှင့်ထားအိချိုတို. အကြင်လင်မယားဘဝကို ရောက်ပြီး အတူနေလိုက်ကြတော့သည်။ ထားအိချိုသည် အလှအပကို အလွန်ကြိုက်နှစ်သက်၏။ ကျွန်ုပ်အထည်ဆိုင်မှ အသစ်အဆန်းမှန်သမျှ အကုန်ချုပ်ဝတ်၏။ စတိတ်ရှိုးလည်း ကြိုက်၏။ စတိတ်ရှိုးမကြိုက်သော ကျွန်ုပ်သည် ထားအိချိုအကြိုက် ခေတ်ပေါ်အဆိုတော်များ၏ စတိတ် ရှိုးပွဲများကို ဈေးကြီးပေး၍ လိုက်ပို့ပေးရသည်။ အစားအသောက် ဆိုလျှင်လည်း ထိပ်တန်းစားသောက်ဆိုင်ကြီးများမှာမှ အကောင်းဆုံး အစားအစာများကို စားလေ့ရှိသည်။

ကျွန်ုပ်မကြိုက်နှစ်သက်သည်ကား သူမမှာ ယောက်ျားလေး အသိမိတ်ဆွေတွေ ပေါများခြင်းပဲဖြစ်၏။ သူမထက်ငယ်ရွယ်သူများ လည်း အိမ်ကိုလာလည်၏။ သူမထက်ကြီးသူများလည်း လာလည် လေ့ရှိ၏။

ကျွန်ုပ်မျက်စိထဲမှာ ခေတ်ပေါ်ကိုးရိုးကားရား အဝတ်အစား များနှင့် ဣန္ဒြေမရသော ၎င်းလူငယ်အချို့နှင့် မျက်နှာအပိုးမကျိုးသော လူကြီးအချို့ကို ကြည့်မရ။

“ထား”

“ဘာလဲအစ်ကို”

“မင်းဧည့်သည်တွေက လူကြီးလူကောင်းတွေမှ ဟုတ်ရဲ့လားကွာ”

“ပိုက်ဆံရှိသားသမီးတွေ အစ်ကို”

“ပိုက်ဆံရှိတာကို အစ်ကိုပြောနေ၊ အထင်ကြီးနေတာ မဟုတ်ဘူး။ ဣန္ဒြေသိက္ခာမရှိ ပုံစံတွေကို ပြောနေတာ”

“မော်ဒန်ခေတ်ရဲ့ အလွှာဥစ္စာ အစ်ကိုကလည်း”

ဒီလိုကနွဲ့ကလျပြောပြီး ကျွန်ုပ်ပါးပြင်ကို နမ်းလိုက်ကာ ကျွန်ုပ် ကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားခြင်းဖြင့် ကျွန်ုပ်၏စိတ်ခံစားချက်များကို သူမရဲ့ရင်ငွေ့နှင့် မီးငြိမ်းအောင်လုပ်ခဲ့သည့်အကြိမ် မနည်းခဲ့။ တစ်နေ့ သောအခါ ထားအိချိုက ကျွန်ုပ်ကို ကိစ္စတစ်ခုပြော၏။

“အစ်ကို”

“ဘာလဲထား”

“ထား – – – ဟိုဓာတ်ပုံတွေကို ဖြုတ်ပြီးသိမ်းထားချင်တယ်’”

“ဘယ်ဓာတ်ပုံတွေလဲ”

“အစ်ကို အရင်မိန်းမရဲ့ဓာတ်ပုံတွေ”

“အို … ဘာလိုဖြုတ်သိမ်းရမှာလဲထား။ အစ်ကို့မှာ လက်ဦး အိမ်ထောင်ရှိတာ ထားသိပြီးသားဥစ္စာ။ ပြီး . . . နုရွှေဝါက မင်းနဲ့လည်း ရုပ်ချင်းတစ်ထေရာတည်းတူတာ ဥစ္စာ”

“ဟင့်အင်း ဖြုတ်ပစ်ချင်တယ်”

“ဘာဖြစ်လို့ ဖြုတ်ပစ်ချင်နေရတာလဲ ထားရယ်”

“ထား • • • . ကြောက်လို့”

“ထား.. ကြောက်လို့”

“ဓာတ်ပုံက ကြောက်စရာလားကွာဟင်”

“ထားကြောက်တယ်အစ်ကို။ တစ်ခါတစ်ခါကျရင် ဓာတ်ပုံထဲ က အစ်ကို့မိန်းမက ထားကို မကျေနပ်သလို စိုက်စိုက်ကြည့်နေသလို ခံစားရတယ် ”

“တစ် … ကိ”

“ဟဲ့….. .ဟိုငှက်နာက ဘာအော်တာလဲ”

ထားအိချိုက ဒီလိုလည်းပြောလိုက်ရော ထုတ်တန်းပေါ်မှာ နားနေတဲ့ ရွှေဝါက အသံကွဲကွဲနှင့်အော်လိုက်ရာ ထားအိချိုက ရွှေဝါ ကို မကျေနပ်သလိုကြည့်ပြီး ဆဲရေးတိုင်းထွာလိုက်လေ၏။

“မဖြစ်နိုင်တာ ထားရယ်။ ဓာတ်ပုံက သက်မဲ့ဥစ္စာ။ မင်းပြော သလိုမျိုး ဖြစ်နိုင်ပါ့မလား”

“ထား အဲဒီလိုမျိုးကြုံရတာ အကြိမ်မနည်းဘူးအစ်ကို။ ပြီး ထားနဲ့အစ်ကိုရဲ့အခန်းထဲမှာ သနပ်ခါးနဲ့လည်း ရရနေတယ်”

“မင်းလိမ်းထားလို့ နေမှာပေါ့ကွ”

“ကျွန်မက သနပ်ခါးကို လုံးဝလိမ်းတာမဟုတ်ဘူး။ တစ်သက် လုံး မိတ်ကပ်ပဲလိမ်းလာတာ”

“မင်းဆိုလိုချင်တာ ဘာလဲ ထား”

“အစ်ကိုမိန်းမ မကျွတ်မလွတ်ဘဝနဲ့များ ကျွန်မရောက် နေတာကို မကျေနပ်လို့ လာလာခြောက်နေသလား မသိဘူး”

“မဖြစ်နိုင်ပါဘူးကွာ”

“ဓာတ်ပုံတွေတော့ ဖြုတ်ပစ်ရမှာပဲ- အစ်ကို”

“မလုပ်နဲ့ကွာ”

“အစ်ကိုက သေသူကို ကျွန်မထက်ပိုချစ်နေလို့လား”

“တော်ပါကွာ ထားရာ”

ကျွန်ုပ်သည် သွားလေသူကို မဟုတ်တမ်းတရား စွပ်စွဲနေ၍ ဒေါသဖြစ်ပြီး ဈေးဆိုင်ရှိရာသို ့ ထွက်လာခဲ့လိုက်သည်။

ညနေ အိမ်ပြန်ရောက်သောအခါ ချစ်ဇနီးရဲ့မှန်ဘောင်သွင်း ချိတ်ထားသော ဓာတ်ပုံကြီးငါးပုံ ကျကွဲနေသည်ကို မြင်လိုက်ရပြီး ကျွန်ုပ်လွန်စွာဒေါသဖြစ် ပေါက်ကွဲခဲ့ရလေသည်။

“ထား . . . ဒါ ဘယ်လိုဖြစ်ပြီး ကွဲရတာလဲဟင်””

“ဟိုသတ္တဝါလုပ်လို့”

ထားအိချိုက အင်္ကျီကိုဆွဲဆန့်ရင်းမှ ကြက်တူရွေးမလေးရွှေဝါ ကို လက်ညှိုးထိုးပြလိုက်သည်။ ကြက်တူရွေးမလေးရွှေဝါက သူမကို စိုက်ကြည့်နေ၏။

“ဘယ်လို . . . ဘယ်လို . . .”

“အစ်ကိုမွေးထားတဲ့ တိရိစ္ဆာန်အရိုင်းကောင်မလေ။ အိမ်ထဲ မှာ အငြိမ်မနေဘဲ ဟိုပျံဒီနားလုပ်ရာက အဲဒီဓာတ်ပုံတွေတိုက်မိပြီး ကျကွဲကုန်တာ”

ကျွန်ုပ် မိန်းမလုပ်သူရဲ့မျက်နှာကိုတစ်လှည့်၊ ရွှေဝါရဲ့မျက်နှာ ကိုတစ်လှည့် စိုက်ကြည့်လိုက်သည်။ ထားအိချိုက မျက်နှာထားတင်း တင်းနှင့် အရေးမစိုက်သလိုလုပ်နေ၏။

“ရွှေဝါ”

“ကိ… ကစ်”

“ဒါတွေ မင်းလုပ်လို့ ကွဲတာလား”

“ဟင့်အင်း”

ရွှေဝါသည် လူနှင့်အနေကြာ၍ လူစကားတော်တော်များများ ကို ပြောဆိုနားလည်နေသည်။ ရွှေဝါရဲ့ရိုးသားမှု၊ လိမ်မာမှုကို ကျွန်ုပ် သိသည်။ ခုလည်း “ဟင့်အင်း”ဟု ခေါင်းလေးခါ၍ပြောရင်း ထားအိချို မျက်နှာကိုပဲ အမုန်းမျက်လုံးအစုံနှင့် စိုက်ကြည့်နေသည်။

ဓာတ်ပုံမှန်ဘောင်နှင့် မှန်များကား ကိုင်ပေါက်ထုခြေခံရသလို ဖြစ်ပြီး ဓာတ်ပုံစက္ကူများပါ ပြန်ပြင်မရအောင် စုတ်ပြဲနေသည်။

ဒါ . . . တိရစ္ဆာန်တစ်ကောင်ရဲ့ လက်ချက်မဟုတ်မှန်း ရိပ်မိပါသည်။ ဆက်ပြောပြိုင်ပြော စစ်မေးနေလျှင် ရန်ဖြစ်ရရုံမှတစ်ပါး ပြန် ကောင်းလာနိုင်စရာလည်း မရှိ။ ကျွန်ုပ် နှမြောတသ စိတ်မကောင်းစွာ ဖြင့် ဓာတ်ပုံများကို ရနိုင်သမျှစုဆက်ပြီး အံဆွဲထဲသို့ ထည့်သိမ်းထား လိုက်သည်။

“အစ်ကို”

“ဘာလဲ”

“အစ်ကို ကြက်တူရွေးကို အိမ်မှာမထားပါနဲ့ အစ်ကို”

“လာပြန်ပြီလား နောက်တစ်မျိုး။ နေပါဦး ထား။ ဒီဓာတ်ပုံ တွေက မင်းကိုဘာလုပ်လို့လဲ။ ရွှေဝါကရော မင်းကိုဘယ်လိုအနှောင့် အယှက်ပေးနေလို့လဲ။ ပြောပါဦး။ ရွှေဝါလို လူစကားနားလည်တဲ့ငှက် တိရစ္ဆာန်မျိုး ရဖို့လွယ်သလား ထား။ ပြောစမ်းပါကွ”

“အစ်ကိုက ကျွန်မပြောရင် မယုံဘူး။ အစ်ကိုမိန်းမရဲ့ ဓာတ်ပုံ တွေက တစ္ဆေလိုပဲ ကျွန်မကို နေ့စဉ်ခြောက်လှန်နေတာ။ ညဘက် ရောက်ရင် အိပ်မက်ထဲမှာ ဓာတ်ပုံထဲက အစ်ကိုမိန်းမက ကျွန်မကို နှင်ထုတ်နေတယ်။ ကျွန်မ အိပ်လို့မရဘူး”

“အဓိပ္ပာယ်မရှိဘူးကွ”

“အဲဒီကြက်တူရွေးက ကျွန်မဧည့်သည်တွေလာရင် အတင်း ဝင်ထိုးဆိတ် ကုတ်ခြစ်တယ်။ အစ်ကို သူ့ကို အခြားနေရာပို့ရင်ပို့၊ မပို့ရင် ကျွန်မသည်းမခံနိုင်ဘူး။ ဒါပဲ”

သူမသည် သူမဆန္ဒများကို အားရအောင်ပြောပြီးနောက် ပိုက်ဆံအိတ်ကို ချိုင်းကြားညှပ်ပြီး အပြင်သို့ထွက်သွားလေတော့သည်။

(၅)
တစ် ခြံနီးနားချင်း အသိတစ်ဦးဖြစ်သူရဲ့ မျက်မြင်ပြော စကားကို ကျွန်ုပ်ကြားလိုက်ရလေသည်။

ကျွန်ုပ် ဈေးဆိုင်ရောက်နေလျှင် အိမ်သို့ ယောက်ျားလေးဧည့် သည်များ လာလေ့ရှိသည်ဟု သိရ၏။

ထိုအခါ ရွှေဝါက “သွား . . . သွား”ဟု နှင်လေ့ရှိပြီး ၎င်း လူများကို ထိုးဆိတ်သည်ဟု ကြားရ၏။ နောက်ဆုံး ယောက်ျား ဧည့်သည်များနှင့် ထားအိချို့တို့က ကြက်တူရွေးရွှေဝါကို ခဲလုံးများ၊ တုတ်များနှင့် ပစ်ပေါက်၍ ရွှေဝါ ဟိုသရက်ပင်အဖျားမှာ ပုန်းနားနေ ပြီး ကျွန်ုပ်အမည် “ချစ်ညိုရေ . ချစ်ညိုရေ’ဟု အော်အော်နေ ကြောင်း ကြားရ၏။

နောက်တစ်ကြိမ်မှာမူ ထားအိချို၏ဧည့်သည်အမျိုးသားက လေသေနတ်ယူလာပြီး ရွှေဝါကိုလိုက်ပစ်ရကား ရွှေဝါအိမ်အပြင်သို ပြန်ထွက်ပြေးသွားကြောင်း အံ့ဖွယ်ကြားရလေ၏။

ထားအိချို ဘာကြောင့် ရွှေဝါကို မုန်းတီးနေသလဲ။ နုရွှေဝါရဲ့ဓာတ်ပုံ များကို ဘာကြောင့်ကြောက်ရွံ့ရွံ့ရှာနေရတာလဲ။

ရွှေဝါကတော့ ကျွန်ုပ်ပြန်ရောက်သည်နှင့် ပြေးကြိုကာ ပခုံး မှာနားရင်း “ဧည့်သည် . . . ဧည့်သည်’ဟု တစာစာပြော၏။ ကျွန်ုပ်က ထားအိချိုကို ဘယ်ကဧည့်သည်လာလို့လဲဟု မေးသောအခါ အစ်ကို ဝမ်းကွဲတွေပါပြောရင်း ရွှေဝါကို စိမ်းစိမ်းကားကားမျက်လုံးနှင့် စိုက် ကြည့်နေလေ၏။

တစ်ခုတော့ ရွှေဝါကံကောင်းနေပါသည်။ ရွှေဝါသည် ကျွန်ုပ် ကျွေးသည့် အစားအစာမှလွဲ၍ မည်သူကျွေးသည်ကိုမှ မစား။ ကျွန်ုပ် က သူ့ကိုအိမ်မှာထားခဲ့ရသည်ကို စိတ်မချ၍ ဆိုင်သို့ခေါ်လျှင် မလိုက် ဘဲငြင်းဆန်ပြီး အိမ်ရှေ့သရက်ပင်မှာ နားနေ၏။

သူ့အစာ သူရှာစား၏။ သူ ကျွန်ုပ်နောက်သို့မလိုက်ဘဲ ဤ အိမ်ခြံဝန်းထဲမှာနေခဲ့၍လည်း အိမ်ကိုဧည့်သည်လာသည့်အကြောင်း ကျွန်ုပ်သိရခြင်းဖြစ်၏။ ဆိုရလျှင် . . .

ရွှေဝါသည် အိမ်အဖော်ကောင်းတစ်ဦးလည်း ဖြစ်၏။ ခြံစောင့်တစ်ဦးလည်း ဖြစ်၏။

ကျွန်ုပ်အပေါ် ထာဝစဉ်သစ္စာစောင့်သိသော လူစကား၊ လူ့ သဘာဝနားလည်သည့် ပါရမီထူးတိရစ္ဆာန်တစ်ကောင် ဖြစ်လေ၏။ တစ်ခါတစ်ခါ ကျွန်ုပ်စဉ်းစားကြည့်သည်။

ကျွန်တော့်မိခင်ကြီးများ ဝင်စားနေရော့သလား။

ဒါမှမဟုတ် ကျွန်ုပ်ဇနီးနုရွှေဝါများ ဝင်စာနေရော့သလား။ ဒီလိုမှမဟုတ်လျှင် ဟိုဘဝဟောင်းက ကျွန်ုပ်နှင့် အဆွေအမျိုး တော်စပ်ဖူးသူများ ကံအကြောင်းမလှစွာ(လှစွာ)ဖြင့် ကျွန်ုပ်ထံ ဝင်ရောက် ခိုနားပြီး ကျွန်ုပ်ကို တတ်စွမ်းသမျှ နှစ်သိမ့်စောင့်ရှောက်နေလေရော့ သလား၊

မကြာခင် ကျွန်ုပ်နားသို့ သတင်းစကားများ ရောက်ရှိလာခဲ့၏။

ထားအိချိုကို ရုပ်ရှင်ရုံမှာ လူတစ်ယောက်နှင့် ရုပ်ရှင်အတူတွဲကြည့် နေသည့်သတင်း။

စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ ပြုံးပြုံးရယ်ရယ်နှင့် စားသောက် ခွံ့ကျွေး ယုယနေကြသည့်သတင်း။

ထိုအမျိုးသားသည် ကျွန်ုပ်မရှိချိန်မှာ ကျွန်ုပ်အိမ်သို့ မကြာ ခဏလာလေ့ရှိပြီး အချိန်အတန်ကြာမှ ပြန်လေ့ရှိသည့်သတင်း။

ဤသတင်းစကားများသည် ကျွန်ုပ်ကိုလိုလား၍ ပြောသည် လည်း ဖြစ်နိုင်၏။ ဒါမှမဟုတ် ထားအိချိုကြီးပွားတင့်တယ်နေသည် ကို မနာလို မရှုဆိတ်၍ လာရောက်ချွန်တွန်းကြသည်လည်း ဖြစ်နိုင်၏။ သို့သော်….

ဤစကားများသည် တစ်ကြိမ်လည်းမဟုတ်။ နှစ်ကြိမ်လည်း မဟုတ်။ သုံးလေးကြိမ်လည်းမက။ အကြိမ်ပေါင်းများစွာ ရှိလာသော အခါ ကျွန်ုပ်ရင်ခုန်စပြုလာ၏။ နှလုံးအိမ်သည် နာကျင်စူးရှလာ၏။ သို့နှင့် . . .

ထားအိချို၏အကဲကို ခတ်နေလိုက်၏။ ထားအိချိုကား လုံးဝ ဣန္ဒြေမပျက်။ ကျွန်ုပ်ကိုသာလျှင် ရမ္မက်အတွေ့အထိနှင့် ကျေနပ်နှစ် သိမ့် အိပ်ပျော်အောင်ပြုစားခဲ့လေ၏။

အဆိပ်တက်သံများက ဗလောင်ဆူ လှိုင်းထနေ၏။ ကျွန်ုပ် ဘာလုပ်ရ မည်နည်း။ ဝင်ဖမ်းပြီး သက်ဆိုင်ရာသို့ အပ်လိုက်ရမည်လား။ ဒါဆို ကျော်မကောင်းကြားမကောင်းနှင့် နာမည်ပျက်ရဦးမည်။

မှတ်လောက်သား လောက်အောင် ဝင်ရိုက်ရမည်လား။ ဒါမှ မဟုတ် ပြင်းဇာန်စွာအသိပေးပြီး နှင်လွှတ်ရမည်လား။

ရှက်စရာကောင်းလှသည်။

ကျွန်ုပ် ပို၍သေချာစေရန် တံခါးကို အသာလေးဟ၍ ကြည့်လိုက်သည်။ ရှက်စရာကောင်းလွန်း၍ မျက်စိကိုစုံမှိတ်ပြီး အံကိုကြိတ် ထားလိုက်သည်။ မျက်စိဖွင့်လိုက်တော့ မျက်ရည်ဥများ ပါးပြင်ပေါ်သို စီးလိမ့်ကျလာပြီး လက်ရောခြေပါတုန်နေသည်။ ကျွန်ုပ် လူသိရှင်ကြား မဖြစ်ချင်ပါ။

သို ့နှင့် မလွယ်ပေါက်မှအသာလျှို၍ ပြန်ထွက်ခဲ့လိုက်ပြီး တံခါးပျဉ်ကို ပြန်ပိတ်လိုက်သည်။ ပြီး . . . အိမ်ရှေ့တံခါးမှ ကျော်၍ ဈေးရှိရာသို့ ပြန်သွားခဲ့လိုက်သည်။

ဒီမှာ ကျွန်ုပ်ရဲ့လက်ကိုင်ပဝါ”ကျကျန်ရစ်ခဲ့သည်ကို မျက်နှာ ချွေးသုတ်ရန်ပြင်လိုက်မှ သိလိုက်ရသည်။ ဘယ်နားမှာများ ကျကျန် ရစ်ခဲ့ပါလိမ့်။

ခြံဝင်းထဲမှာလား . . .

အိမ်အထဲမှာလား . . .

လမ်းမှာလား . . .

စဉ်းစားလို့မရ။

♦♦♦♦♦♦♦♦♦♦
(၆)
ထိုနေ့ညမှစ၍ အရက်ကိုလုံးဝမသောက်သော ကျွန်ုပ် ရင်နာ လွန်း၍ အရက်ကိုအမူးသောက်လာခဲ့လိုက်သည်။ ထားအိချို အံ့သြနေ၏။

“အစ်ကို ဘာဖြစ်လို့အရက်သောက်တာလဲဟင်”

ကျွန်ုပ် ဘာမှပြန်မဖြေ။

မူးယစ်နေသည်။ သူမရဲ့မျက်နှာနှင့် ကိုယ်လုံးသည် ကျွန်ုပ် မျက်စိရှေ့မှာ ဒသာဂီရိခေါင်းဆယ်လုံးလို ကိုယ်ပွားများနှင့် ပျံ့ကြဲနေသည်။ မာယာပရိယာယ်ကြွယ်ဝလှသော သူမရဲ့နှုတ်ခမ်း၊ မျက်လုံး၊မျက်နှာကိုကြည့်ပြီး ရွံရှာစက်ဆုပ်လာသည်။ ကျွန်ုပ် ခါးကြားမှမောင်း ပြန်ဓားကို ထုတ်လိုက်ပြီး ခလုတ်ကိုနှိပ်လိုက်သည်။ ဖြောင်းခနဲအသံနှင့် ခြောက်လက်မခန့် ဓားသွားဆန် ထွက်လာ၏။ ထားအိချိုကြောက်လန့်ပြီး နောက်ကိုဆုတ်လိုက်သည်။

“ကိုင်းဟာ”

“ဒုတ်”

ဓားသွားကစားပွဲပေါ်မှာစိုက်သွားသည်။ ကျွန်ုပ်လည်း မူး ယစ်ဝေရီပြီး ထိုးအန်လဲကျသွားခဲ့သည်။

ကျွန်ုပ် အိပ်ရာမှနိုးလာသောအခါ အနီးမှာ ထားအိချိုမရှိ။ ရှိနေတာ တစ်ခုပဲဖြစ်သည်။ ကျွန်ုပ်ကိုင်နေကျလက်ကိုင်ပဝါအဖြူ ကလေး။ ကျွန်ုပ်ခေါင်းအုံးပေါ်မှာ။ ဘယ့်နဲ့လုပ်ပြီး ဒီလက်ကိုင်ပဝါ ဒီနေရာရောက်နေပါလိမ့်။

ထိုနေ့ကစ၍ ကျွန်ုပ် အထည်ဆိုင်ကိုပိတ်ထားလိုက်ပြီး အရက် ကို နေ့စဉ်ညစဉ်သောက်သည်။ ပြီး. . . ထားအိချိုရဲ့မျက်နှာကိုကြည့်၍ တဟားဟား ရယ်ပစ်လိုက်သည်။ ထားအိချို ကျွန်ုပ်ကိုကြည့်ပြီးလန့်နေ၏။

“အစ်ကို ဘာဖြစ်လို့လဲဟင်”

“ဟား… ဟား… ဟား … ဟား

“အစ်ကို နေမကောင်းလို့လား”

“ဟား . . . ဟား… ဟား… ဟား. ဟီး… ဟီး..

ဟီး… ဟီး”

“အစ်ကို . . . အစ်ကို့ကို ကျွန်မကြောက်လာပြီ”

“ဟား .. ဟား ..ဟား…ဟား…ဟီး…ဟီး.. ဟီး… ဟီး… ဟီး… ဟား . . . ဟား . . ….ဟား…ဟား”

ကျွန်ုပ် သူမကို လုံးဝစကားမပြောပါ။ တဟားဟားအော်ဟစ် ရယ်မောလိုက်ပြီး မောင်းချဓားနှင့် စားပွဲခုံကိုပဲ အကြိမ်များစွာ ထိုးနေ မိသည်။ ကျွန်ုပ်၏အပြုအမူကိုကြည့်ပြီး ထားအိချိုလွန်စွာတုန်လှုပ်နေ၏။ ကျွန်ုပ်အနီးသို့ သူမကပ်မလာရဲ။ ကျွန်ုပ်က ကျွန်းစားပွဲပေါ်မှာ မူးမူးနှင့် မြေဖြူကိုင်ပြီး စာကြောင်းများရေးချလိုက်သည်။

“ရင်နာတယ်”

“ရင်နာတယ်”

“ရင်နာတယ်”

ဒါနှင့် အားမရ။ ဒယီးဒယိုင်နှင့်ထပြီး အိမ်နံရံများ၊ ဗီရိုများ၊

သမံတလင်းများပေါ်မှာ မြေဖြူ နှင့် စာများကို ရူးသွပ်စွာ လိုက်ရေးပစ် လိုက်သည်။

“ရင်နာတယ်”

“ကိုယ့်ကိုယ်ကိုယ် နွားမှန်းမသိတာ ငါ”

“မုန်းတယ်”

“မုန်းတယ်””

“ငါဘာလုပ်ရမလဲ”

“ဘာလုပ်ရမလဲ”

ထားအိချိုသည် သမံတလင်းနှင့် အိမ်နံရံ၊ ဗီရို၊ စားပွဲပေါ်မှ စာလုံးများကိုဖတ်ပြီး မျက်လုံးအစုံ ပြူးကျယ်ထိတ်လန် ့နေသည်။ သည့်နောက် အပြင်သို ့ ကမူးရှူးထိုးနှင့် ထွက်သွားခဲ့လေသည်။ သူမ ပြန်ရောက်သည့်အချိန်က နေဝင်စပြုပြီး မီးအလင်းရောင်များ လင်းနေ သည့်အချိန်။ ထိုအချိန်မှာ ကျွန်ုပ်မူးယစ်နေပါပြီ။

ကျွန်ုပ်သည် မူးမူးနှင့် မိန်းမလှကော်ပတ်ရုပ်ရဲ့ရင်ဝကို မောင်း ပြန်ဓားနှင့်ထိုးစိုက်ပြီး အိပ်ပျော်သွားခဲ့ပါသည်။
♦♦♦♦♦♦♦♦♦♦
(၇)
သူ့အကြောင်းသူသိလို့လားမသိ။ ထားအိချို ဘာတစ်ခွန်း မှမမေးရဲ။ ကျွန်ုပ်ကလည်း တစ်လုံးမှမမေးဘဲ ကျွန်ုပ်ရင်မှ ဒေါသများ ကိုသာ အရက်နှင့်စိမ်ပြီး ပေါက်ကွဲပြနေလိုက်သည်။ အိမ်နံရံနှင့် သမံ တလင်းပေါ်မှာ စာများရေး၍ပေါက်ကွဲနေမိသည်။

ကျွန်ုပ် ဘာဆက်လုပ်ရမလဲ။ သူမကို ဟိုတစ်နေ့က မြင်ကွင်းဖြစ်စဉ်အကြောင်း ပြောပြပြီး ကွာရှင်းလိုက်ရမည်လား။

ဒါမှမဟုတ် သူမရဲ့ရင်ဝကို မောင်းပြန်ဓားတစ်ဆုံး ထိုးသွင်း ပြီး ဒီအိမ်ခြံဝိုင်းထဲမှာပဲ မြေမြုပ်သင်္ဂြိုဟ် ဖျောက်ဖျက်လိုက်ရမည်လား။

နေ့စဉ် အရက်သောက်ပြီး စဉ်းစားနေမိသည်။

ကျွန်ုပ်ရဲ့ရုပ်ကို ကျွန်ုပ် မှန်ထဲမှာ ပြန်ကြည့်မိ၏။ အစားအစာ ကို ဥပေက္ခာပြုပြီး နေ ့စဉ်အရက်သောက်နေလို့လားမသိ။ မျက်တွင်များ ချောင်လှပြီး ပါးနှစ်ဖက်ချိုင့်ဝင်နေ၏။ ဆံပင်များက ဖွာလံကျဲနေ၏။ မျက်လုံးနှစ်လုံး နီရဲနေ၏။

ရွှေဝါသည် ကျွန်ုပ်အရက်သောက်နေသည့်အနီးရှိ ဗီရိုပေါ်မှာ နားရင်း ကျွန်ုပ်ကို “ချစ်ညို . . . ချစ်ညို’ဟု တစာစာခေါ်နေ၏။

“ချစ်ညို . . ချစ်ညို”

“ရွှေဝါ နင်ရော သောက်မှာလား”

“ချစ်ညို . . . ချစ်ညို” …

“အရက်က တို့အပေါ်မှာ သစ္စာရှိတယ်ရွှေဝါ။ အရက်ဟာ တစ်ပက်သောက်ရင် တစ်ပက်မူးပြီး တစ်ဝက်သောက်ရင် တစ်ဝက်မူး မူးတယ် ရွှေဝါရဲ့။ အရက်မှာ ဟန်ဆောင်ခြင်းတရားမရှိဘူး။ အရက်က ရိုးသားတယ်။ သောက်သလောက်ပူးတယ်။ မသောက်ရင် မမူးဘူး။ ဟား ဟား… ဟား… ဟား…ဟား”

လေးငါးရက်ခန့်ကြာတော့ ထားအိချိုစတိုင်တစ်မျိုးပြောင်းလာ သည်။ အရက်ကို ကိုယ်တိုင်ငှဲ့ပေးသည်။ အမြည်းကို လုပ်ပေးသည်။ ဒါနှင့်အတူ ဆရာဝန်တစ်ဦးကိုခေါ်လာပြီး ကျွန်ုပ်ရဲ့အခြေအနေကို ပြသ သည်။

“အရက်တွေကို စိတ်မထိန်းနိုင်အောင် သောက်နေတယ်ဆရာ”

“ညဘက်လည်း မအိပ်ဘူး”

“ပေါက်ကရစကားတွေ တစ်ညလုံးပြောပြောနေတယ်”

“စိတ်ဖောက်သွားတာလားဟင်’’

ဆရာဝန်က ကျွန်ုပ်ကို ချော့မော့၍ မေးမြန်း၏။

“ကိုချစ်ညို ဘာဖြစ်လို့ အရက်ကို အလွန်အကျွံသောက်ရတာလဲဟင်”

“ရင်နာလို့”

“ဗျာ . . . ဘာကြောင့် ရင်နာရတာလဲဗျာ”

“ရင်နာလွန်းလို့ပါ”

“အရက်ကို မသောက်ပါနဲ့တော့ ကိုချစ်ညို။ ခင်ဗျားရဲ့ပုံပန်း သဏ္ဌာန်က. စိတ်မထိန်းနိုင်သလို ဖြစ်နေပြီ”

“ဟား… ဟား…ဟား…ဟား… ဟား…ဟား ဟီး…ဟီး…ဟီး… ဟီး… ဟီး”

ကျွန်ုပ်က ဆရာဝန်ရဲ့ အစမ်းသပ်ကို မခံခဲ့ပါ။ ဆရာဝန် မေးသမျှကိုလည်း ပြန်မဖြေခဲ့ပါ။ ကိုယ့်ရောဂါကို ကိုယ်သိပါသည်။ ချစ် . ခြင်းနှင့် စွန့်လွှတ်ခြင်း။ ဒီနှစ်ခု ဘယ်အရာကို ရွေးရမှန်းမသိသည့် ရောဂါ။

“ဒေါ်ထားအိချို”

“ပြောပါ ဒေါက်တာ”

“သူ့ရောဂါလက္ခဏာက စိတ်ဝေဒနာခံစားနေရသလို ဖြစ်နေတယ်”

“ဒီတော့ ဘာလုပ်ရမလဲ ဆရာ”

“သူ့ကို စိတ်ချမ်းသာအောင်လုပ်ပေးပါ။ ဒီလိုမှ မရရင် စိတ် ကျန်းမာရေးဆေးရုံကိုပြသပြီး လိုအပ်သလို ကုသပေးပါ”

“ကျုပ်မရူးဘူး . . . မရူးဘူး လုံးဝမရူးဘူးဗျ။ ဟား ဟား… ဟား… ဟား…ဟား…ဟား… နုရွှေဝါရေ ငါမှားသွားပြီဟေ့။ ငါ မင်းအပေါ်သစ္စာဖောက်ခဲ့တာ ခွင့်လွှတ်ပါ နုရွှေဝါ။ ငါတို့မကြာခင် မင်းနောက်ကို လိုက်ခဲ့မှာပါ နုရွှေဝါ။ မင်း ငါ့ကိုမြန်မြန် လာခေါ်လှည့်ပါ နုရွှေဝါရေ။ ဟား . . . ဟား . . . ဟား…ဟား… ဟား”

ကျွန်ုပ်သည် အရက်မှလွဲ၍ ဘယ်အရာကိုမှ မစုံမက်တော့။ ထားအိချိုကို ကွယ်လွန်သူနုရွှေဝါနှင့်တူလွန်း၍ ချစ်ခဲ့မိ၏။ ခုတော့. . . နုရွှေဝါက နုရွှေဝါ။

ထားအိချိုက ထားအိချိုပဲလေ။

ချစ်ခြင်းလည်းမတူ။ ကြင်နာခြင်းလည်း တခြားစီ။ သစ္စာ ရှိမှုလည်း တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက် အားလုံး ဆန့်ကျင် ဘက်

ကျွန်ုပ် မူးမူးနှင့် အိပ်ပျော်သွားခဲ့သည်။ အိပ်မက်ထဲမှာ အမေ့ကိုတွေ့သည်။

အမေ့ပါးပြင်ပေါ်မှာ မျက်ရည်များအိုင်ဖွဲ့နေ၏။ အမေက မျက်ရည်ဖွဲ့ပါးနှင့် ကျွန်တော့်ကိုဖက်ထားပြီး ငိုနေသည်။

ပြီး . . .

နုရွှေဝါ။

အို . . . လှလှချည်လား နုရွှေဝါ။ မင်းဘယ်ကိုရောက်နေလဲဟင်။

နုရွှေဝါက ကျွန်တော်ကိုပွေ့ဖက်ပြီး မျက်ရည်များနှင့် အားရ ပါးရ နမ်းရှိုက်နေသည်။ အနမ်းတွေ အေးမြလိုက်တာရယ်။ မိုးခေါင် ရေရှားရပ်ဝန်းမှာ ရွာလိုက်သည့်မိုးလို . နမ်းစမ်းပါနုရွှေဝါ၊ အစ်ကိုလိုချင်တဲ့အချစ်က အဲဒီလိုအချစ်မျိုး ရွှေဝါရဲ့။ နုရွှေဝါရေ ညတိုင်းညတိုင်း အစ်ကို့ပါးပြင်ပေါ်မှာ မင်းရဲ့သစ္စာအနမ်းမိုးများကို ပြိုင် ပြိုင်ရွာပေးပါချစ်သော နုရွှေဝါ။

ဒါမှမဟုတ်ရင် မင်းနေတဲ့ရွာကို အပြီးတိုင်ခေါ်သွားစမ်းပါ အချစ်ရယ်။ ရိက္ခာမလိုဘူး၊ ရွှေမလိုဘူး၊ ငွေမလိုဘူး၊ အဝတ်အစား မလိုဘူး။ မင်းရဲ့အချစ်နဲ့အကြင်နာကို ရနေရင် ငါမင်းတို့ရွာမှာ အသက် ရှည်နေမှာပါ။

ငါ့ကိုမြန်မြန်ခေါ်ပါနော် နုရွှေဝါ။

အစ်ကို့ကို ခုချက်ချင်းခေါ်သွားပါလား နုရွှေဝါ။

ခေါ်မှာလားဟင် . . . ခေါ်မှာလား။ လိုက်မှာ . . . လိုက်မှာ . . . အစ်ကိုချက်ချင်းလိုက်မှာ။ အို.. ဘယ်သူ့ကိုမှ နှုတ်မဆက်ဘူး။ လိုက်မယ် . . . လိုက်ခဲ့မယ်။

နုရွှေဝါ .. …

နုရွှေဝါ . . .

နုရွှေဝါ….

နုရွှေဝါ .. …နုရွှေဝါ .. …

နုရွှေဝါက နောက်ဆုံး ကျွန်ုပ်ရဲ့ တောင်းပန်တောင်းဆိုချက် ကို မလွန်ဆန်နိုင်သည့်အဆုံး ကျွန်ုပ်လက်ကိုဆွဲ၍ ခေါ်သွားခဲ့သည်။ မြစ်များကို ဖြတ်ကျော်သွားကြသည်။

တောအုပ်များကို တိုးဝင်သွားကြသည်။ စေတီပုထိုးများစုဝေးရာကို ရောက်ခဲ့ရသည်။

သည့်နောက် တောင်တန်းများပေါ်သို့ တက်ခဲ့ကြသည်။ ဒီမှာ ကျွန်ုပ် ခြေချော်၍ တောင်ကမ်းပါးပေါ်မှ ပြုတ်ကျသွားခဲ့သည်။ နုရွှေဝါ ရဲ့အမည်ကို စိုးရိမ်ထိတ်လန့်စွာ အော်ခေါ်လိုက်သည်။.

“ဟား… ဟား… ဟား… ဟား..ဟား… – နုရွှေဝါရေ ငါမှားသွားပြီဟေ့။ ငါ မင်းအပေါ်သစ္စာဖောက်ခဲ့တာ ခွင့်လွှတ်ပါ နုရွှေဝါ။ ငါတို့မကြာခင် မင်းနောက်ကို လိုက်ခဲ့မှာပါ နုရွှေဝါ။ မင်း ငါ့ကိုမြန်မြန် လာခေါ်လှည့်ပါ နုရွှေဝါရေ။ ဟား . . . ဟား . . . ဟား… ဟား … ဟား”

ကျွန်ုပ်သည် အရက်မှလွဲ၍ ဘယ်အရာကိုမှ မစုံမက်တော့။ ထားအိချိုကို ကွယ်လွန်သူနုရွှေဝါနှင့်တူလွန်း၍ ချစ်ခဲ့မိ၏။ ခုတော့. . .

နုရွှေဝါက …..နုရွှေဝါ။

ထားအိချိုက ထားအိချိုပဲလေ။

ချစ်ခြင်းလည်းမတူ။ ကြင်နာခြင်းလည်း တခြားစီ။ သစ္စာ ရှိမှုလည်း တောင်နှင့်မြောက်၊ အရှေ့နှင့်အနောက် အားလုံး ဆန့်ကျင် ဘက်။

‘ပြီး….
နုရွှေဝါ။

‘အို . . . လှလှချည်လား နုရွှေဝါ။ မင်းဘယ်ကိုရောက်နေလဲဟင်း’

နုရွှေဝါက ကျွန်တော်ကိုပွေ့ဖက်ပြီး မျက်ရည်များနှင့် အားရ ပါးရ နမ်းရှိုက်နေသည်။ အနမ်းတွေ အေးမြလိုက်တာရယ်။ မိုးခေါင် ရေရှားရပ်ဝန်းမှာ ရွာလိုက်သည့်မိုးလို . နမ်းစမ်းပါနုရွှေဝါ၊ အစ်ကိုလိုချင်တဲ့အချစ်က အဲဒီလိုအချစ်မျိုး ရွှေဝါရဲ့။ နုရွှေဝါရေ ညတိုင်းညတိုင်း အစ်ကို့ပါးပြင်ပေါ်မှာ မင်းရဲ့သစ္စာအနမ်းမိုးများကို ပြိုင် ဖြိုင်ရွာပေးပါချစ်သော နုရွှေဝါ။

ငါ့ကိုမြန်မြန်ခေါ်ပါနော် နုရွှေဝါ။ အစ်ကို့ကို ခုချက်ချင်းခေါ်သွားပါလား နုရွှေဝါ။ ခေါ်မှာလားဟင် . . . ခေါ်မှာလား။

လိုက်မှာ . . . လိုက်မှာ . . . အစ်ကိုချက်ချင်းလိုက်မှာ။ အို.. ဘယ်သူ့ကိုမှ နှုတ်မဆက်ဘူး။ လိုက်မယ် . . . လိုက်ခဲ့မယ်။

နုရွှေဝါ …….

နုရွှေဝါ ……

နုရွှေဝါ … နုရွှေဝါ……

နုရွှေဝါက နောက်ဆုံး ကျွန်ုပ်ရဲ့ တောင်းပန်တောင်းဆိုချက် ကို မလွန်ဆန်နိုင်သည့်အဆုံး ကျွန်ုပ်လက်ကိုဆွဲ၍ ခေါ်သွားခဲ့သည်။

မြစ်များကို ဖြတ်ကျော်သွားကြသည်။ တောအုပ်များကို တိုးဝင်သွားကြသည်။ စေတီပုထိုးများစုဝေးရာကို ရောက်ခဲ့ရသည်။

သည့်နောက် တောင်တန်းများပေါ်သို့ တက်ခဲ့ကြသည်။ ဒီမှာ ကျွန်ုပ် ခြေချော်၍ တောင်ကမ်းပါးပေါ်မှ ပြုတ်ကျသွားခဲ့သည်။ နုရွှေဝါ ရဲ့အမည်ကို စိုးရိမ်ထိတ်လန့် စွာ အော်ခေါ်လိုက်သည်။

“ချစ်ညို . . . ချစ်ညို”

“ချစ်ညို . . . ချစ်ညို” ကျွန်ုပ်လန့်နိုးချိန်မှာ ကြက်တူရွေးမလေးရွှေဝါက တန်းပေါ်မှ နေပြီး တကြော်ကြော် အော်ခေါ်နေသည်။

ကျွန်ုပ် လူးလွန် ၍ထလိုက်ပြီး စားပွဲပေါ်မှာ ထားအိချို အသင့်ငှဲ့ပေးထားခဲ့သော အရက်ခွက်ရှိရာသို့ လက်ကိုလှမ်းလိုက်သည်။

“ချစ်ညို…… ချစ်ညို”

“ချစ်ညို….. ချစ်ညို”

ရွှေဝါက စူးစူးဝါးဝါးအသံနှင့် အော်ဟစ်နေသည်။ ကျွန်ုပ် ရွှေဝါကို ဂရုမစိုက်နိုင်။ လှိုက်မောနေသောရင်ကို ငြိမ်းသွားစေရန်အတွက် အရက်ခွက်လှမ်းကိုင်မလို ့လုပ်လိုက်ချိန် . .

““ဖလူး”

“ဖြန်း”

“ခွမ်း”

“ဂွမ်း”

“ဟင်…”

ကြည့်စမ်း . ရွှေဝါရယ်။ ကိုင်ခါနီးအရက်ဖန်ခွက်ကို သူ့ ခြေနှင့်ကန်ချလိုက်ရာ အရက်ရော၊ ဖန်ခွက်ရော ကွဲကြေပြန့်ကျဲ ဖိတ်စင်သွားတော့သည်။ ကျွန်ုပ် အလွန် ဒေါသများပေါက်ကွဲသွားခဲ့ သည်။ ရွှေဝါသည် ပါးစပ်မှ တဂစ်ဂစ်တဂူးဂူးအော်ရင်း ကျွန်ုပ်လက်ကို နှုတ်သီးနှင့်ဆိတ်လိုက်သည်။

အရက်ငတ်မွတ်နေသည့် ကျွန်ုပ် ဒေါသကို မထိန်းနိုင်ဘဲ ရွှေဝါ ကို လက်ပြန်ရိုက်ပစ်လိုက်သည်။ ရွှေဝါ ကျီခနဲအော်ပြီး လွင့်စဉ်သွားသည်။

“ချစ်ညို . . . ချစ်ညို”

“သေဟ… ငှက်စုတ် ငှက်နာ”

“ချစ်ညို…. ချစ်ညို”

ရွှေဝါက ကျွန်ုပ်ရဲ့အမည်ကိုအော်ရင်း ပျံလိုက်သည်။ ကျွန်ုပ် စိတ်ကိုမထိန်းနိုင်။ ပုလင်းတစ်လုံးနှင့် ကောက်ပစ်လိုက်သည်။ ရွှေဝါ ကရှောင်ရင်း အော်လိုက်ပြန်သည်။ ပုလင်းကွဲသံကို ကြားမြင်လိုက်ရ သည်။

“နင့်ကြောင့် ငါအရက်မသောက်ရတော့ဘူး။ သေဟ”

“ဂွမ်း”

“ချွမ်း . . . ဂွမ်း”

“ချစ်ညို ……ချပ်ညို”

ကျွန်ုပ် တွေ့ကရာပစ္စည်းများနှင့် ကောက်ပစ်သည်။ အခန်း တစ်ခုလုံး ပုလင်းကွဲ၊ ဖန်ခွက်ကွဲ၊ စာအုပ်များ၊ ရေတကောင်းကွဲများ နှင့် မွစာကြဲနေသည်။

ကျွန်ုပ်လည်း ဒေါသနှင့် မောနေပြီ။

ထားအိချိုလည်း ဘယ်သွားမှန်းမသိ၊ အရက်လည်း ကုန်နေပြီ။

နောက်ဆုံး ကျွန်ုပ်သည် ထိတ်လန့်တကြား အော်ဟစ်ပျံသန်း နေသည့် ရွှေဝါ့ကို မောင်းပြန်ဓားနှင့်ပေါက်သတ်ပစ်ရန် လက်ကိုမြှောက် ၍ ပစ်လိုက်သည်။

“ချစ်.. ညို”

“ကိ ကစ်”

“ဝှီး”

“ဒုတ်”

ဓားမြှောင်က ရွှေဝါကိုမထိဘဲ သစ်သားတိုင်မှာ သွားစိုက်နေ သည်။ ကြက်တူရွေးမလေး ရွှေဝါသည် ရက်စက်ကြမ်းကြုတ် ခက် ထန်နေသော ကျွန်ုပ်ကိုကြည့်ရင်း အံ့သြနေသည်။

၎င်းနောက် သူသည် ဒေါသမျက်လုံးများနှင့် အခဲမကြေဖြစ် နေသည့် ကျွန်ုပ်ကို တစ်ချက်စိုက်ကြည့်ပြီး ပြန့်ကျဲနေသော အရက်များ ရှိရာသို့ လွှားခနဲခုန်ဆင်းလိုက်ကာ အရက်ရည်များကို သူ့နှုတ်သီးလျှာ နှင့်လျှက်၍ မျိုချလိုက်သည်။

ကြည့်နေဆဲမှာပင် ကြက်တူရွေးမလေးရွှေဝါ အတောင် တဖျပ်ဖျပ်ခတ်ကာ အရက်အိုင်ထဲမှာ အကြောများဆွဲရင်း မျက်လုံးပြူး၊ လည်လိမ်၍ အသက်ပျောက်သွားခဲ့သောအခါ . . .

“ရွှေဝါ ရွှေဝါ … … … ရွှေဝါ . . . ရွှေဝါရေ”

ကျွန်ုပ် စိုးရိမ်အံ့ဩကြီးစွာဖြင့် ရွှေဝါ့ကို ကောက်ယူပွေ့လိုက် သည်။ ရွှေဝါ လုံးဝမလှုပ်တော့ပါ။

“ရွှေဝါ . . . ရွှေဝါ”

ကျွန်ုပ် မည်သို့ပင် တကြော်ကြော် အော်ခေါ်ပါသော်လည်း ကျွန်ုပ်နှင့် ကာလအတန်ကြာ ချစ်ခင်ရင်းနှီးစွာအတူနေခဲ့သော လူ့ စကားနားလည်၊ လူ့အရိပ်သုံးပါးနားလည်လှသော ကြက်တူရွေးငှက် အလိမ်မာလေးသည် ဇက်ကျိုး၍ ပျော့ခွေသွားပါပြီ။

သူ ဘာကြောင့် ဒီအရက်အရည်ကို လျှာနှင့်ထိရုံမျှနှင့် ချက်ချင်းသေဆုံးသွားရတာလဲ။

ကျွန်ုပ် ဝမ်းနည်းကြီးစွာ စဉ်းစားရပြီ။

ဒီမှာ သမံတလင်းပေါ်မှ အရက်များကို မသင်္ကာသလို ဖြစ် သွားခဲ့ရသည်။ သို ့နှင့် အရက်အချို့ကို စတီး(လ်)ဇွန်းနှင့်ခပ်၍ ပုလင်း လေးတစ်လုံးမှာ ထည့်လိုက်ပြီး . .

သူငယ်ချင်းဆေးမှူး အလုပ်လုပ်ရာဆေးရုံသို ့ အမြန်ပြေးလာ ခဲ့လိုက်သည်။

ရောက်သည်နှင့် ဖြစ်စဉ်ကိုပြောပြပြီး သင်္ကာမကင်းဖြစ်နေ သော အရက်ကို ဓာတ်ခွဲစစ်ဆေးစေလိုက်သည်။

အချိန်အတန်ကြာသွား၏။

အရက်ရော၊ ရွှေဝါရောကို သူငယ်ချင်းဆေးမှူးက ဓာတ်ခွဲ ဌာနသို ့ ယူသွားပြီး စနစ်တကျ စမ်းသပ်စစ်ဆေးပြီးနောက် ကျွန်ုပ်ရှိ ရာသို ့ ပြန်လာခဲ့လိုက်သည်။

“ချစ်ညို”

“ဘာ… . ဘာထူးခြားလဲသူငယ်ချင်း . . .”

” ဟင်”

“အရက်ထဲမှာ . . .”

“အရက်ထဲမှာ ဘာ . . . ဘာပါသလဲ”

“အဆိပ်”

“ဘာ…..”

“အလွန်ပြင်းတဲ့ ဆိုင်ရာနိုက်အဆိပ်”

“ဘုရားရေ”

ကျွန်ုပ်ဦးခေါင်းတစ်ခုလုံး တုန်ခါပြီး ပုတ်လောက်ကြီးသွား သလို ခံစားရကာ ဆံပင်မွေးများထောင်၍ ထသွားသည်။

“ဒါ … ဒါ … ဘယ်သူ့လက်ချက်လဲ ချစ်ညို”

“မ…. မသိဘူး”

“မင်းဘာ့သာမင်း ထည့်သလား”

“ဟင့်အင်း . . . ငါ . . . ငါမထည့်ဘူး”

“ဒါဆို ရဲစခန်းကိုအကြောင်းကြားလိုက် သူငယ်ချင်း။ ဒါ မင်း ကို အသေ လုပ်ကြံတာ”

ကျွန်ုပ် သဘောပေါက်လိုက်ပါပြီ။ ဒါ . .. ဘယ်သူ့လက်ချက် ဖြစ်မလဲ။ ရှင်းနေပါပြီ။ ဒီအိမ်မှာ ကျွန်ုပ်ရယ်၊ ထားအိချိုရယ်၊ ရွှေဝါရယ် သုံးဦးပဲရှိသည်။

တိရစ္ဆာန်ရွှေဝါက အရက်ခွက်ထဲ အဆိပ်ကိုထည့်မတဲ့လား။

ကျွန်ုပ်ကရော ဒီအဆိပ်ကို ဘယ်ကရခဲ့လို့လဲ။ ဒါဆို ဒီအဆိပ်ကိုသုံးပြီး ကျွန်ုပ်ကို သေကြောင်းကြံစည်သူ သည် သူ။

အင်း . . . အတော့်ကို ပညာပါလှသည်။

ကျွန်ုပ်ကို ရူးနေသည်ဟု ဆရာဝန်ကို ခေါ်ပြသည်။ ဆေးရုံကို ကျွန်ုပ်က မလိုက်။

ဒီမှာ ကိုယ့်ဘာ့သာကိုယ် စိတ်ညစ်ပြီး အရက်ထဲ အဆိပ် ခတ်သောက်၍ သေကြောင်းကြံသလိုမျိုး အချက်ပိုင်ပိုင် စီစဉ်ခဲ့လိုက် သည်ကိုး။ ကံဆိုးချင်တော့ ကိုယ့်သေကိန်းဒဏ်ကို ရွှေဝါက ဓားစာ ဝင်ခံသွားခဲ့သည်။ ရွှေဝါ ဒါကို ဘယ်လိုသိခဲ့သလဲ။ သူမြင်များမြင်ခဲ့ရော သလား။ ဒါမှမဟုတ် ဂမ္ဘီရငှက်တစ်ကောင်ရဲ့ အာရုံဆန်းကြယ် အသိ ကြောင့်လား။

ကျွန်ုပ် ချက်ချင်း အိမ်သို့ပြန်လာခဲ့လိုက်သည်။

အိမ်သို့ရောက်သောအခါ ဗီရိုသော့များ ပွင့်နေ၏။ ငွေနှင့် ရွှေထည်အချို့ မရှိတော့။

ထားအိချိုရဲ့ အဝတ်အစားနှင့် သားရေသေတ္တာလည်း မရှိ တော့။ ကျွန်ုပ် ထားအိချိုသွားနိုင်သည့်နေရာများကို ကားငှား၍ လိုက် ရှာမေးမြန်းစုံစမ်းခဲ့သည်။

တစ်ရက် . …..

နှစ်ရက်…..

သုံးရက် ……

တစ်ပတ် . . . ။

တစ်လ ..။

အချိန်တွေသာကုန်ဆုံးသွားသည်။ ထားအိချို အိမ်ကို ပြန် မလာတော့။ ဘယ်အရပ်ကို ရောက်နေသည်လည်း စုံစမ်း၍မရ။ ခုတော့ သူတို့ သစ္စာရွာမှ ထွက်သွားကြပြီ။

ကျွန်ုပ်ချစ်ခဲ့ရသော ကြက်တူရွေးမလေးရွှေဝါက သစ္စာရှိစွာဖြင့် သူ့အသက်နှင့်ရင်း၍ ကျွန်ုပ်အသက်ကိုကယ်ရင်း အချစ်ရွာ၊ သစ္စာရွာမှ စိတ်အနေမြင့်မြတ်စွာ ထွက်ခွာသွားခဲ့သည်။

ထားအိချိုကတော့ . . .

သူ့အကြောင်းသူသိပြီး သစ္စာမဲ့သူတို့ သွားရာလမ်းကြောင်း အတိုင်း ဘယ်ငရဲတော၊ တဏှာရာဂတောကို ပြေးပြီလဲမသိ။ အပြီးတိုင် ပြန်မလာကြတော့။

ကျွန်ုပ်ကမူ ငယ်ချစ်နုရွှေဝါအထင်နှင့် အမိုက်မကိုချစ်ခဲ့မိသော သစ္စာပျက်နှလုံးသားနှင့် အလွမ်းများ၊ နောင်တများကို ပွေ့ပိုက်ရင်း အထီးကျန်ဘဝနှင့် နေဝင်ချိန်ကိုစောင့်နေလျက်။

ရွှေဝါရေ . . . ။

မင်းကို ငါကျေးဇူးတင်ပါတယ် ကလေးရယ်။

မင်းဟာ ငါ့အချစ်ဆုံးဇနီး နုရွှေဝါလား။

ဒါမှမဟုတ် ငါ့ရဲ့ကျေးဇူးရှင် အမေလား။ ငါ့ကိုခွင့်လွှတ်ပါ။ ငါ့ မျက်ရည်နှင့် အားလုံးကို တောင်းပန်လိုက်ပါရဲ့ရွှေဝါရေ။

မောင်ညိုမှိုင်း(သန်လျင်)

ပြီပါပြီး…

#မောင်ညိုမှိုင်း(သန်လျင်)