“ဟဲ့ကောင်မ ထ တော့လေ သေပဲသေနိုင်တယ် နင့်ကိုနင် ကုဋေကြွယ်သူဌေးသမီးထင်နေလား။ မျက်နှာမသစ်နဲ့ဦး ဆီကုန်နေတယ် ဆီ ၅ကျပ်သားနဲ့ကြက်ဥ နှစ်လုံးဝယ်ခဲ့။ ဘီရိုပေါ်မှာ၁၀၀၀ယူသွား ပိုတာပြန်ယူလာခဲ့နော်”

“ဟုတ်ကဲ့ပါအမေ”

“ဒါဆိုလည်းမြန်မြန်လုပ်လေ ညည်း ထမင်းအိုးလည်း တည်ရဦးမယ် ကျောင်းနောက်ကျဦးမယ်”

” ဟုတ်ကဲ့ပါအမေဟုဆိုကာ အိပ်ယာမှလူးလဲထပြီး ဆံပင်ရှည်အား သားရေကွင်းနှင့်စုစီးကာ စျေးဝယ်ရန်ပြေးထွက်လာခဲ့လေသည်”

ဒါဟာလည်း ခင်ဆုံ ရဲ့ နေ့စဉ်အလုပ်ပင်။

ခင်ဆုံမှာ အသက် ၉နှစ်အရွယ်သာရှိသော်လည်း အရွယ်နှင့်မလိုက်အောင် မိဘကိုကူညီနေရသည်။

ဖခင်ဖြစ်သူမှာ သူမ အသက်၃နှစ်အရွယ်မှာပင် ပိုးထိ၍ဆုံးပါးသွားလေသည်။ သားအမိနှစ်ယောက်ထဲရုံးကန်နေရသည်။

ခင်ဆုံသည် ၅တန်းကျောင်းသူတစ်ယောက်ဖြစ်သည်။

မိခင်ဖြစ်သူမှာ ပြည့်တန်ဆာလုပ်လိုက် ဖဲဝိုင်းထောင်လိုက်နှင့် မကောင်းတဲ့အလုပ်အကုန်လုပ်သည်။

ခင်ဆုံမှာ ၅တန်းကျောင်းသူလေးသာဖြစ်သော်လည်း ၁၀တန်းကျောင်းသူပမာ ကိုယ်လုံးကိုယ်ပေါက်နှင့် လှချင်တိုင်းလှနေသော မိန်းမငယ်လေးပင်။
သို့သော်မိခင်ဖြစ်သူမှာ မကောင်းမှုအကုန်လုပ်သောကြောင့် ခင်ဆုံလေး၏ဘဝသည် မတွေးရဲစရာပင်။
မိခင်ဖြစ်သူမှာ ပြည့်တန်ဆာဖြစ်သော်လည်း သမီးထိ ဓါးကြည့်ဆိုသလိုပင် ယောက်ျားရှိစဉ်က ထားခဲ့သော ငှက်ကြီးတောင်ဓါးအား အိမ်ရှေ့ခန်းတွင်ချိတ်ဆွဲထားသည်။ သူ့သမီးအား မည်သည့်ကာလသားများမှ ရိသဲ့သဲ့မပြောရဲကြပေ။ ခင်ဆုံတစ်ယောက်စျေးဝယ်ပြီးပြန်လာခဲ့လေသည်။
အိမ်ဝအရောက် မိခင်ဖြစ်သူအပြင်သွားရန်ထွက်လာဟန်တူသည်။

“ဟဲ့ ခင်ဆုံ အာ့ကြက်ဥနှစ်လုံးကြော်ပြီး တစ်လုံးအုပ်ဆောင်းအောက်ထားခဲ့ ထမင်းအိုးတည်ပြီး ထမင်းစားပြီးမှသွားနော် အိမ်တံခါးသော့ အရင်ထားတဲ့နေရာမှာထားခဲ့ ငါအပြင်သွားလိုက်ဦးမယ်”

“ဘယ်သွားမလို့လဲအမေ”

“ဟဲ့ မိခင်ဆုံ ညည်းလျှာရှည်မနေနဲ့ ကျောင်းနောက်ကျနေမယ်”

ဟုဆိုကာ ဒေါ်သင်းနုတစ်ယောက်ထွက်သွားလေသည်။ ခင်ဆုံတစ်ယောက် မိခင်ကျောပြင်လေးမားကြည့်ကာ မျက်ဝန်းအိမ်မှမျက်ရည်တို့စီးကျလာလေသည်။

“သြော် မေမေရယ် သမီးပညာတတ်ကြီးဖြစ်ရင် မေမေမပင်ပန်းစေရတော့ပါဘူး”

ခင်ဆုံတစ်ယောက် ထမင်းချက် ကြက်ဥကြော်ပြီး ရေမိုးချိုးကာ ကျောက်ပြင်လေးနှင့် သနပ်ခါးတုန်းလေးသွေး ပါးကွက်လေးကွက်ပြီး ကျောင်းစိမ်းအကျီဝတ်နေလေသည်။
အကျီမှာလည်း စုစုပေါင်း သုံး စုံသာရှိပေသည်။
ခင်ဆုံမှာ သပ်သပ်ရပ်ရပ်နေသူတစ်ယောက်ပင်။
ထမင်းဘူးလေးထဲ၌ ကြက်ဥကြော်တစ်လုံးထည့် ထမင်းခူးထဲ့ကာ ကျောင်းသွားရန်ထွက်လာခဲ့လေသည်။
သူမအား ပြည့်တန်ဆာရဲ့သမီးဟုဆိုကာ မည်သည့်ကျောင်းသူကျောင်းသားများမှ အဖတ်မလုပ်ပေ။

သို့သော် ခင်ဆုံမမှုပေ ဒီကမ္ဘာမှာမေမေသာ သူမ၏အရှင်သခင်ပင်။ ညနေကျောင်းဆင်းတော့ ခင်ဆုံလေး တစ်ယောက်ထဲပြန်လာခဲ့သည်။ မထင်မှတ်ပဲ လမ်းတစ်ဖက်ဆီမှ မိမိ၏မိခင်ဖြစ်သူမှာ ယောက်ကျားတစ်ယောက်လက်ဆွဲခေါ်ရာသို့ပါသွားလေသည်။ ခင်ဆုံပါးစပ်ဖျားမှ အမေဟုခေါ်ချင်သော်လည်း မသိစိတ္က ရှက်ရွံမိသည်။
အဘယ်ကြောင့်ဆိုသော် ဘေးမှ သူမ၏အတန်းဖော်များ ရှိနေခြင်းကြောင့်ပင်။ သူမ၏မိခင်မှာလည်း သူမကိုမြင်သော်လည်း မမြင်ချင်ယောင်ဆောင်ကာ တစ်ဖက်လှည့်ကာထွက်သွားလေသည်။ ခင်ဆုံ ရင်ထဲမချိဖြစ်ကာ ငိုချလိုက်ပါတော့သည်။ ဘေးမှသူမ၏အတန်းဖော်များလှောင်ပြောင်သွားကြသည်။
သူမ အိမ်သို့ပြေးသွားလေသည်။
*********

ည ၇း၀၀ နာရီထိုးနေချေပြီ သူမ၏မိခင် ပြန်မလာသေးပေ။

ခင်ဆုံ ထမင်းများခူးခပ်ပြီးအုပ်ဆောင်းအုပ်ကာ အိမ်အောက် ခွေးကတက်၌ထိုင်ဆောင့်နေချေသည်။
ခဏကြာ သူမ၏မိခင်ဖြစ်သူပြန်လာချေသည်။
ဆိုင်ကယ်စီးလာသောအမျိုးသားနောက်မှဆင်းကာ လက်ပြကာ ခြံထဲဝင်လာလေသည်။

“အေမ နောက်ကျလိုက်တာ သမီးမေမေ့ကို ထမင်းစားစောင့်နေတာ”

“ဟဲ့ ဝမ်းချင်းဆက်နေလို့လား နင့်ဘာသာမြို့စို့နှင့်လေ ငါအပြင်ကစားလာပြီ”

ခင်ဆုံ ရင်ထဲနင့်သွားသည်။
သူမအား ကျွတ်ကျွတ်အိတ်မဲလေးလှမ်းပေးကာ

“အာ့ဒါ ညည်းအကျီအသစ် ရှိတာတွေလည်း စုတ်နေပြီမလား”

” ရပါတယ်အမေ အကောင်းကြီးရှိသေးတာကို”

” လျှာမရှည်နဲ့ နောက်နေ့အသစ်ဝတ် သူများတွေကြား အကျီစုတ်နဲ့မနေစမ်းနဲ့မိခင်ဆုံ ငါ အကောင်းကြီးရှိသေးတယ် ညည်းလိုတာပြောစမ်းပါအေ”

ခင်ဆုံ မျက်ဝန်းအိမ်မှမျက်ရည်များ စီးကျလာတော့

“ဟဲ့ ညည်းက ဘာဖြစ်တာလည်း”

” မေမေ့ကိုသနားလို့ပါ”

“အမေလး မိခင်ဆုံ ငါ့ကိုသနားစရာမလိုဘူးဟဲ့ သြား ထမင်းသွားစားချေ”

“ဟုတ်”

ခင်ဆုံ ထမင်းစားပြီး ဘုရားရွိခိုးကာ အိပ်ယာတန်းဝင်လေသည်။ မိခင်ဖြစ်သူမှာ မအိပ်သေးပေ ဘာတွေလုပ်နေတယ်မသိ။
ခင်ဆုံ ဟိုတွေးဒီတွေးနှင့် အိပ်ပျော်သွားလေသည်။
************

“ကဲ တပည့်တို့ မနက်ဖန်စုံညီပွဲတော်နဲ့ ဆုပေးပွဲအတွက်ဆုရတဲ့သူတွေနာမည်ကြေညာမယ်။

အဆင့်တစ် မခင်ဆုံ။ အဆင့်နှစ် မေမပုလဲနဒီ။ အဆင်သုံး ဇွဲဘုန်းနိုင်။ အဲ့ဒီသုံးယောက် သပ်သပ်ရပ်ရပ်ဝတ်ခဲ့နော်။”

” ဟုတ်ကဲ့ဟု ခင်ဆုံ ပြန်ဖြေလိုက်သည်”

အိမ်ပြန်ရောက်တော့ ထုံးစံတိုင်း သူမမိခင်မရောက်သေးပေ။ ခင်ဆုံလွယ်အိတ်လေး ခ်ကာ ထိုင်ချလိုက်ရင်း အတွေးထဲနစ်မျောသွားသည်။

“ဟဲ့ သူအေမက ဟိုဟာတဲ့”

“ဟဲ့ဘယ်ဟာလည်း”

“ဟိုဟာလေဟာ ကြက်မ”

” နင်ကလည်း သူမ်ားအေမကို”

” ဟဲ့ ငါ့အမေငါ့ကိုပြောပြတာဟ သူနဲ့အရောမဝင်နဲ့တဲ့”

ဆိုသော အခန်းထဲမှသူမ အတန်းဖော်တို့၏ အတင်းပြောစကားသံများအားပြန်မြင်ယောင်နေသည်။

“ငါ ငါ အေမ့ကို မပြောပြရင်ကောင်းမလား ငါ့ဘာသာဆုယူရင်လည်းရတာပဲ”

ဲဟူသော်အတွေးများဝင်ကာ မပြောရန်ဆုံးဖြတ်လိုက်လေသည်။ ထုံးစံအတိုင်း မိခင်ပြန်လာတော့

“ဟဲ့ ခင်ဆုံ ထမင်းခူးတော့လေ ထမင်းစားကြမယ် ရော့ဒီမာ ညည်းအတွက် အကျီနဲ့ထမီအသစ် ဒါက နာရီလေး ဒါက ဖိနပ် ိအသစ် ညည်းလည်း အသစ်လိုချင်ရောပေါ့”

” ဟာမေမေကလည်း”

“မေမေကလည်း လုပ်မနေနဲ့ ထမင်းခူးတော့ ဗိုက်ဆာတယ်”

” ဟုတ်မေမေ”

ခင်ဆုံ ထမင်းခူးနေရင်းနှင့် ပြောပြရင်ကောင်းမလားဟုတွေးနေပြန်သည်။

“ဟဲ့ မိခင်ဆုံ ထမင်းတစ်ခါခူးတာ ကြလှချည်လားဟယ် ငါဗိုက်ဆာပြီ”

” ဟုတ်အမေလာပါပြီ”

ထမင်းစားပြီးတော့ ခင်ဆုံ အိပ်ယာတန်းဝင်လေသည်။
မေမေ ကထုံးစံအတိုင်းပင် မအိပ်သေး ဖယောင်းတိုင်မီးလေးမြင်နေရသည်။
မနက် ၅နာရီလောက်တွင် ခင်ဆုံနိုးလာပြီး ခြေသံမထွက်အောင်ဖွဖွလေးနင်းကာ ရေမိုးချိုး ညကသူ့အမေဝယ်လာသောအဝတ်အသစ်များဝတ်ဆင်ကာ နာရီလေးပတ်ပြီး ထွက်လာခဲ့လေသည်။
ကျောင်းစုံညီပွဲတော်တွင် ကျောင်းသားမိဘများ ဆရာဆရာမမ်ား စည်ကားလျှက်ရှိသည်။
ခင်ဆုံမှာ ပထမဆုယူရမည်ဖြစ်သောကြောင့် ရှေ့ဆုံးခုံတန်းလေးတွင်ထိုင်နေလေသည်။
ဘေးမှ အဆင့်နှစ်ရသော ကောင်မလေး၏ အေမက

“ခင်ဆုံလေး သမီးအမေမပါဘူလားကွဲ့”

” ဟို အေမ နေမကောင်းလို့ပါ”

” သြော် ဖြစ်ရမယ် သမီးဆုယူချိန်ကျမှ”

အတန်းတိုင်းထူးချွန်သူများအားဆုတွေပေးနေချေသည်။

” ဟုတ်ကဲ့ပါရှင် ယခုဆက်လက်ပြီး ပဉ္စမတန်း၌ထူးချွန်သူများအား ဆုချီးမြှင့်ပေးရန် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်ဇာမိုးကို စင်မြင့်ပေါ်ဖိတ်ခေါ်ပါတယ်ရှင်။ ဆက်လက်ပြီး ပထမဆုရရှိသော သမီးလေး မခင်ဆုံ ဆုယူရန်စင်မြင့်ပေါ်သို့ကြွရောက်ပေးပါရှင်”

ခင်ဆုံ လက်ကလေးနှစ်ဖက်ဆုပ်ကိုင်ကာကြောက်ကြောက်နဲ့စင်ပေါ်တက်သွားလေသည်။
ကျောင်းအုပ်ဆရာမကြီးလက်ထဲမှ ဆုလက်ခံရယူလိုက်သည်။

“ဟုတ်ကဲ့ပါ သမီးလေးခင်ဆုံမှ ကျေးဇူးတင်စကားပြောကြားပေးပါရှင်”

ခင်ဆုံ မိုက် လေးကို ဆုပ်ကိုင်လိုက်ပြီး လူအများရှေ့ဆိုတော့ ကြောက်နေချေသည်။
စကားပြောမထွက်။
ထိုစဉ် ခန်းမ၏ဒေါင့်တစ်နေရာမှ အမျိုးသမီးတစ်ဦးကြည့်နေချေသည်။ မျက်ဝန်း၌ မျက်ရည်စတို့နှင့်။ ပီတိမျက်ရည်များပင်ဖြစ်ချေသည်။

“သမီးလေး ဆုရတာမေမေသိပါတယ်ကွယ် ဒါကြောင့် သမီးအတွက်မေမေပစ္စည်းဝယ်ခဲ့တာပေါ့”

ဟု ဒေါ်သင်းနု ရင်ထဲမှ စကားလုံးလေးများပြောနေချေသည်။ စင်မြင့်ပေါ်မှ ခင်ဆုံတစ်ယောက် မိခင်ကိုလည်းမြင်ရော မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ နှုတ်ဖျားမှ

“မေမေ”

ဟူသောအသံဖြင့်ကျယ်လောင်စွာခေါ်လိုက်လေသည်။ မိုက်ကိုင်ထားသည်ဖြစ်သောကြောင့် အားလုံးလည်း သူမကြည့်ရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဒေါ်သင်းနု ပြေးထွက်မည်အလုပ် စင်မြင့်ပေါ်မှ ခင်ဆုံတစ်ယောက် ဆုလေးပိုက်ကာ ပြေးဆင်းလာလေသည်။

“မေမေ မေမေ”

ဟု တစာစာခေါ်၍ပင်။
ဒေါ်သင်းနုလည်း ပြေးလာသောသမီးလေးအားကျောခိုင်းထွက်မည်အပြု ခင်ဆုံလေး မှောက်ယက်လဲကျသွားလေသည်။
ဒေါ်သင်းနုလည်း သမီးဇောဖြင့်

“သမီး”

ဟု ဆိုကာ အပြေးလာလေသည်။
အနီးရောက်တော့ ဆွဲထူလိုက်ပြီး သားအမနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ငိုချလိုက်လေသည်။

“သမီးမှားပါတယ်မေမေရယ်”

” သမီးရယ်မငိုပါနဲ့ မေမေအမှားပါ မေမေ့ကြောင့် သမီးလေးလူတောမတိုးနိုင်တာပါ မေမေ့အပြစ်ပါသမီးရယ်”

” မဟုတ်ဘူးမေမေ ဟောဒီဆုက မေမေကြောင့်သမီးရခဲ့တာ ဒါကို ရှက်စိတ်ဝင်ပြီး မေမေ့ကို မပြောပြခဲ့တဲ့ ဟောဒီက သမီးမိုက်မှားတာပါမေမေရယ်”

“သမီးရယ်မငိုပါနဲ့တော့”

” ငိုမယ်မေမေ ဟောဒီသမီးမိုက်မှားခဲ့တဲ့အပြစ်အတွက် သမီးက်တဲ့ မျက်ရည်နဲ့မေမေခြေဆေးပါမေမေ”

“သမီးရယ်”

သားအမိနှစ်ယောက်ငိုတာတွေ့တော့ အားလုံးစိတ်မကောင်းဖြစ်နေကြသည်။

ခင်ဆုံလေးသည် လက်တစ်ဖက်မှ ဆုလေးပိုက်ပြီ လက်တဖက်အား မိခင်ဖြစ်သူ၏လက်ကိုဆုပ်ကိုင်ကာ အားလုံးကို ကျောခိုင်းကာထွက်လာခဲ့လေသည်။

* မိခင်ဖခင်ဟူသည် သက်ရှိဘုရားပင်ဖြစ်သည်။*

ပြည့်တန်ဆာပင်ဖြစ်သော်ငြားလည်း မိမိအားမွေးထုတ်ခဲ့သည့် မွေးကျေးဇူး ။လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးသော ကျွေးကျေးဇူး ရှိသူများပင်ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်ပင်လျှင်

“ငါဘုရားကို ဆွန်းမကပ်လျှင်နေပါစေ မိဘများမသေခင် ကျေးဇူးဆပ်သွား”

ဟုဟောခဲ့ပေသည်။
မိဘမျက်ရည်တစ်ပေါက်ကျလျှင် သားသမီးတစ်သက်ဆင်းရဲရတတ်သည်။
နောင်တရားများမရကြပါစေနဲ့။

ပြီးပါပြီ