…………………………

မဖဲဝါဆိုတာကတော့ ရွှေမြန်မာတို့နဲ့ရင်းနီးတဲ့ နာမည်ပဲဖြစ်ပါတယ်။
သင်္ချိုင်းတွေရဲ့အရှင်မဖြစ်ပြီး သရဲတစ္ဆေ နာနာဘာဝတွေရဲ့
အုပ်ထိန်း၊ သခ်ျိုင်းဝန်းကျင်နဲ့ ပရလောကကိုထိန်းညှိရသူပါ။

သူမက ဟိုအရင် မြန်မာဘုရင်ခေတ်ကနေ ယနေ့အထိ
ပါးစပ်ရာဇဝင်အပြင် စာပေအဖြစ်လဲ ပါဝင်ခဲ့သူဖြစ်လေတော့
ရာဇဝင်မူကွဲတွေ အများကြီးရှိပါတယ်။ အဆင်ပြေရာယူပါဗျ။

ကျွန်တော်လေ့လာသလောက်ပြောရရင် မဖဲဝါ စတင်ပေါ်တဲ့
ခေတ်ဟာ ကုန်းဘောင်ခေတ်၊ ဘကြီးတော် ခေါ် စစ်ကိုင်းမင်း
လက်ထက်ပါ။ မဖဲဝါကို ပြည်မြို့သူလို့ မှတ်သားရပါတယ်။

မွေးချင်းအကို တစ်ဦးရှိပြီး သူမ လူ့ဘဝနာမည်က မသဲအူ။
သူအကိုက မောင်ကြံဆစ်၊ ပြည်မြို့စားရဲ့အမူထမ်းတစ်ဦးပါ။

သူ့အကိုကြံဆစ်ဟာ အပျော်အပါးဖက်ရာကနေ ခိုးသားဓားမြတွေနဲ့ပေါင်းမိပြီး မင်းအာဏာကိုတော်လှန်ပုန်ကန်ခဲ့ပါတယ်။
အဲ့ဒိအပြစ်ကြောင့်ပဲ မောင်နမနစ်ဦးဟာ ပြည်ကနေထွက်ပြေးပြီး
မြစ်ချောင်းအင်းအိုင်ပေါတဲ့ရွာတစ်ရွာမှာ ဇာတ်မြုပ်နေထိုင်ခဲ့ပါတယ်။ သူတို့နာမည်ကိုလဲ ကြံဆစ်က ကိုစံမှဲ့၊ မသဲအူက မဖဲဝါရယ်လို့
ပြောင်းလဲလိုက်ပါတယ်။

အကုသိုလ်ကံအကျိုးပေးကြလေတော့ အင်းအလုပ်နဲ့ စီးပွားဖြစ်ပြီး
အကိုဖြစ်သူ ကိုကြံဆစ်ဟာ အင်းသူကြီးသမီးနဲ့ရပြီး အင်းသူကြီး၊
ရွာရဲ့သူဌေးစာရင်းဝင်လာခဲ့သည်။

တစ်ဖက်မှာလဲ အပျော်အပါးအရက်သေစာဖက်လွန်းပြီး
ဇနီးမေ့ အိမ်မေ့ အင်းထဲမှာပဲအချိန်ကုန်မူးရူးနေပါတော့တယ်။
တစ်ရက်မှာတော့ နမဖြစ်သူ မသဲအူဟာ အကိုဖြစ်သူကိုအိမ်ပြန်ခေါ်ဖို့အင်းထဲလိုက်အသွားမှာ ငါးတွေမကောင်းဆိုးဝါးဖမ်းစားနေ
တယ်ဆိုပြီးမူးယစ်ရမ်းကားနေတဲ့အကိုဖြစ်သူဟာ နမနဲ့သရဲကို
အထင်လွဲမှားယွင်းသတ်ဖြတ်ပစ်လိုက်မိပါတော့တယ်။

အမူးပြေသွားတဲ့အချိန်မှ နှမကိုသတ်မိမှန်းသိတဲ့အကိုဟာ
အလွန်စိတ်မကောင်းဖြစ်ပြီး အရက်ချည်းဖိသောက်နေပါတယ်။
မကြည့်ရက်တဲ့ရွာသူရွာသားတွေက ကိုကြံဆစ်ကို ရန်ကုန်က
ရွှေတိဂုံဘုရားဖူးဖို့ ခေါ်အသွားမှာ အကုသိုလ်ကြီးမားလွန်းလို့
ကိုကြံဆစ်ကဘုရားကိုမမြင်ရပဲ ဘုရားကွယ်နေသတဲ့၊

ဘဝကိုစိတ်နာသွားတဲ့ ကိုကြံဆစ်ဟာ ဘုရားကိုပူဇော်ဖို့ယူလာတဲ့
ရွှေတွေကို သူ့အင်းထဲကအင်းတိုင်တွေကို ရွှေချပစ်ပါတယ်။
အဲ့ဒိနောက် အင်းထဲမှာပဲအချိန်ကုန်နေပြီးရွာကိုလုံးဝမပြန်တော့ဘူး။
မနေနိုင်တဲ့ဇနီးသည်နဲ့ တပည့်တွေ လာခေါ်တဲ့အခါမှာ ထူးဆန်းစွာ
ကိုကြံဆစ်ကိုလုံးဝမတွေ့ရတော့ပါဘူး။

တချိ့့ကတော့ အရှင်ထွက်ပြီး တပွဲစားကွင်းပိုင်ကြီးဖြစ်သွားပြီ၊
ကွင်းပိုင် ကိုစံဖဲသမုတ်ကြပါတယ်။

အစိမ်းသေဖြစ်ပြီး နေထိုင်ဖို့အခက်အခဲဖြစ်နေတဲ့မဖဲဝါက
ရွာဦးကျောင်းဆရာတော်ကို အသိပေးလျှောက်ထားရာမှ
ဆရာတော်ကသုဿန်မှာနေစေပါတယ်။

မဖဲဝါဟာ အဝါရောင်ကိုအရမ်းကြိုက်ပါတယ်။
နေစရာရသွားတဲ့အခါ လူဘဝကကောင်းမူအချို့ကနေ
သူမအတွက်ဝတ်စုံ တန်ခိုးစွမ်းအင်ရလာပါတယ်။ အဝါရောင်ဝတ်စုံ
ဝတ်ဆင်ရတာနစ်သက်ပါတယ်။ သူမကို ပကတိလူပုံစံမြင်တွေ့ရသူ
အများစုဟာ အဝါရောင်ဝတ် မိန်းကလေးတစ်ဦးအဖြစ်
မြင်ရပါတယ်တဲ့။

သရဲသဘက်အဖြစ်ဆိုရင်တော့ အသတ်ခံရတဲ့အစိမ်းသေမို့
ခြောက်ခြားစရာပါ။

သူမကိုမြင်တွေ့ရသူတိုင်းက ဆရာတော်ကိုလျှောက်ရာကနေ
ဆရာတော်က ကိုကြံဆစ် သဲအူ တဖြစ်လဲ စံမှဲ့ မဖဲဝါ သူတို့မောင်နမအကြောင်းပြန်ပြောပြပါသတဲ့။

ဒီလိုနဲ့ ရွာသုဿန်စောင့် မဖဲဝါသတင်းကို အထောက်တော်တွေဆီကနေ တဆင့်ကြားသိရတဲ့သာယာဝတီမင်းဟာ မဖဲဝါကို
သုဿန်များစောင့် သင်္ချိုင်းတကာအရှင်မအဖြစ်
အပိုင်စားနေရာပေးလိုက်ပါသတဲ့။

ဒါကတော့ ကျွန်တော်သိတဲ့ မဖဲဝါသမိုင်းဖြစ်ပါတယ်။

ဆက်လက်ဖော်ပြရမယ်ဆိုရင် မဖဲဝါဟာ ပုပ္ပါးမယ်တော်၊
ရေယဉ်မယ်တော်၊ ပဲခူးမယ်တော်၊ မြောက်ဘက်ရှင်မတို့ရဲ့အစေခံ၊
မြောက်ဘက်ရှင်မရဲ့ပညာသိုက်စောင့်၊ အမေဂျမ်းနတ်ရဲ့
နောက်လိုက်ဖြစ်ပါတယ်တဲ့။

မဖဲဝါဟာ အထက်နတ်မင်းတို့ရဲ့အမိန့်အရ လူ့ရပ်ရွာအတွင်းသွားလာခွင့်မရှိပါဘူး။ ဒါပေမဲ့ တစ္ဆေသရဲနဲ့သုဿန်စောင့်အနေနဲ့
သူမ လူတို့ရပ်ရွာအတွင်းသွားလာခွင့်ရတဲ့အချိန်ရှိပါတယ်။

1၊ စစ်ဖြစ်နေဆဲ ၊စစ်ဖြစ်ပြီးစ အလောင်းများပြည့်နေသောအချိန်၊
2၊ လူများစွာသေဆုံးရမည့်နေရာ၊
(ဒိအချက်ကို ခရီးသွားကားသမားတွေ၊ တက္ကစီသမား အများစု
သိကြကြုံဖူးကြတယ်)

3၊ သူမကိုပင့်ဖိတ်ပြီး သူမအတွက်ပြင်ဆင်ထားသောနေရာ၊
4၊ သတ္တဝါကယ်တဲ့အချိန်ဖြစ်ပါတယ်။

နံပါတ် (4)အချိန်ဟာ မသိတဲ့လူအတွက်တော့ ရယ်စရာဖြစ်မှာပါ၊
လူသေစောင့်ရတဲ့သုဿန်စောင့်က ဘယ်လိုများ ကယ်တင်မှာပါလဲပေါ့။

အမှန်တကယ်တော့ သင်္ချိုင်းရှင်မဆိုတဲ့အတိုင်း သင်္ချိုင်းဝန်းကျင်၊
သို့မဟုတ် သင်္ချိုင်းအတွင်း သရဲတစ္ဆေတို့ရဲ့အမှောင့်ကြောင့်
လူတွေမျက်စိလည်လမ်းပျောက်နေတဲ့အခါမျိုးမှာ သူမက
လမ်းမှန်ကိုပြပေး နေရပ်လိုက်ပို့ပေးလို့ရပါတယ်။
ဒီအခြေအနေမှာ သူမရွာထဲဝင်လို့ရပါတယ်။
ရွာစောင့်မြို့စောင့်နတ်တွေ ခွင့်ပေးပါတယ်။

နောက်တစ်ချက်က လူတချို့ပြောကြပါသေးတယ်။

မဖဲဝါကလူတို့ရပ်ရွာထဲကို အခေါင်းရွက်ဝင်လာတယ်။
ညဘက်ခွေးထဟောင်တာကို မတားရဘူး။
မဖဲဝါကလူု့အသံကြားလို့ လန့်ပြီး အခေါင်းပစ်ချထားခဲ့ရင်
ပစ်ချခံရတဲ့အိမ်က လူတစ်ယောက်သေပါတယ်တဲ့။

ကျွန်တော်လေ့လာဖူးသလောက်က မဖဲဝါက
အထက်ပါအချိန်လေးခုကလွဲရင် သင်္ချိုင်းတကာသွား၊
အောက်လမ်းဆရာ၊ ဓာတ်ဆရာနတ်ဆရာတွေဖယ်ရှားနေရတဲ့
ရွာထဲလာဖို့အသာထား၊ သူဟာသူတောင်သောက်လုပ်ရူပ်နေတဲ့သူပါ၊

ကျွန်တော်ထင်တာ အရင်ခေတ်က မြို့ရွာတွေမှာ
အလင်းကောင်းကောင်းမရှိ၊ ညနက်အခါ လူဆိုးသူခိုးရန်က
ကာကွယ်ရအောင် ခွေးဟောင်တဲ့အခါ မမောင်းဖို့ မလှန့်ဖို့
မဖဲဝါနဲ့ခြောက်ထားခဲ့တယ်၊ ဒါကို နောက်လူတွေကအတည်မှတ်ပြီး
မဖဲဝါ ရွာထဲဝင်တယ်လို့ ထင်မိကြတာနေမှာပါ ရေးသားရင်း စာလေးကို နိဂုံးချုပ်ပါတယ်။

Anon