*************************************
“ရိုးရိုးလေးကခလေးလဲပျက်ကျဖူးသလို
အိမ်ထောင်လည်းကျဖူးတယ်တဲ့”
“ဟင်”
အကောင်းဆုံးကြယ်ငါးပွင့်ရဟိုတယ်ကြီး၏
ဝန်ထမ်းမလေးများစုရုံးနေကြရာ
နေရာကနေအသံတွေထွက်လာကြခြင်းဖြစ်၏
“ဒါဆို သူကတစ်ခုလပ်ပေါ့”
“ဟုတ်တယ်…”
“ဟင် ဒါနဲ့များရုပ်လေးကဖြူစင်သူလို
လုပ်ပြနေတယ် အဟင့်”
လွပ်လပ်စွာကဲ့ရဲ့အတင်းပြောနေကြသော
ထိုမိန်းခလေးတွေ၏မလှမ်းမကမ်း
အခန်းတစ်ခုထဲ၌တော့…ကျစ်စမီးလေး
နှစ်ဖက်ကျစ်ကာရှေ့ဆံမိတ်လေးချ၍
ဟိုတယ်အထူးခန်း၏အိပ်ယာတွေအား
သေချာခင်းကျင်းပေးနေတဲ့ သူမ။
ဖုဖုလုံးလုံးနှုပ်ခမ်းလေးကအေးချမ်းစွာ
ပြုံးကာ ဟိုတယ်ဝန်ထမ်းဝတ်ဆုံအနက်လေးက
သူမနှင့်မှပို၍လှပနေသယောင်။
“ရိုး…”
“ရှင် မမကျယ်”
အသက်သုံးဆယ်ကျော်ထိုဟိုတယ်၏မန်နေဂျာ
မမကျယ်ကရိုးကိုပြုံးကြည့်၍…
“အိပ်ယာတွေသေချာခင်းပြီးရင်
လစာလာယူနော်…ဒီနေ့လစာထုပ်ရက်
မို့လား”
“ဟုတ်ကဲ့မမကျယ်”
သုံးသိန်းခန််မျှလစာကိုရိုးတွေးရင်း
အမောများပင်ပြေသွားရပေသည်။
ဒီလစာလေးရရင်ရိုးဖေဖေကြိုက်တဲ့
ပန်းမျိုးစေ့လဲအနည်းငယ်ဝယ်နိုင်သလို
မေမေ့အတွက်လည်းအားဆေးဝယ်နိုင်ပေသည်။
နှာဖူးဖြူဖြူနုနုလေးကချွေးစက်တွေကို
ရိုးလက်ခုံလေးနဲ့ပွတ်သုပ်ပြီးဟိုတယ်ထဲက
ထွက်လာခဲ့တော့ဝိုင်းကြည့်၍
လှောင်ပြုံးပြုံးနေကြသော
မိန်းခလေးတွေကြောင့်ရိုးမှင်သက်သွားရသည်။
“ဟဲ့ ရိုး…”
“ဟင်”
“လာအုံး”
ချစ်စဖွယ်မျက်လုံးဝိုင်းလေးနဲ့ရိုး
ထိုဟိုတယ်မီာအလုပ်လုပ်ရင်းကခင်မင်သူ
အိဝေနောက်လှည့်ကြည့်လှည့်ကြည့်နဲ့
ပါသွားခဲ့ရသည်။…
“ရိုး…”
“ဟင်”
“နင်တမျိုးတော့မထင်နဲ့နော်
စောနကလေငါကြားလိုက်တယ်
နင်ကအိမ်ထောင်လဲကျဖူးပြီး
ခလေးလဲပျက်ကျဖူးတယ်ဆို”
“ဟင်…”
ရိုးရင်ထဲလှပ်ခနဲဖြစ်သွားခဲ့ရသည်။
“သူ သူတိူ့ကဘယ်လိုသိတာလဲ”
“မသိဘူး.ဟိုဟာမရောင်စဥ်လိုက်ပြောနေတာ
တဟိုတယ်လုံးသိကုန်ပြီ”
“ဟင့်…”
ဟိုတယ်တစ်ခုလုံးတဲ့လား…
ဒါဆိုရိုးကိုသူတို့တွေအိမ်ထောင်ပျက်သူ
ခလေးပျက်ကျဖူးသူအဖြစ်
သိသွားကြပြီပေါ့…
ဒီအတိတ်တွေကိုရိုးမေ့ထားသလို
မည်သူ့မှလဲထုပ်မပြောမိခဲ့ပေ။
ရင်ထဲမှာအားငယ်မိလာသည်မို့
ရိုးမျက်ရည်ကြည်တွေဝိုင်းစို့လာရကာ
အိဝေကပျာပျာသလဲလဲနှင့်…
“ရိုး နင်ငိုနေတယ် မငိုပါနဲ့ရိုးရယ်
မငိုနဲ့…ငါဟိုဟာမကိုသွားထုပေးရမလား
ဟင်”
“ဟင့်အင်း”
ရိုး အိဝေလက်ကိုကိုင်ရင်းမှထိုနေရာရှိ
ခုံလေးမှာပဲလေးပင်စွာထိုင်ချလိုက်မိသည်။
ရိုးအမိမြေကိုပြန်ရောက်နေတာနှစ်နှစ်ရှိပြီ
ဖြစ်သလို…ဦးနေစည်းစိမ် ဆိုသော
လူထံကထွက်ပြေးလာသည်မှာလည်း
နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။
TVတွေထဲမှာ အမျိုးသမီးငယ်ငယ်တွေနဲ့
ခန့်ညားသောထိုမျက်နှာအားမြင်ရတိုင်း
ရိုး မျက်ရည်တွေနဲ့အားတင်းပြုံးခဲ့ရတာ
ကြာလှခဲ့ပြီပေါ့….
“နင့်ယောင်္ကျားကနင့်ကိုပြစ်သွားတာလားဟင်”
“ဟင့်အင်း…ငါတို့သဘေယတူညီမှု့နဲ့
ကွာရှင်းခဲ့တာ…”
အိဝေ၏မျက်လုံးတွေကရိုးကိုဂရုဏာ
သက်စွာကြည့်နေသည်။
ဟင့်အင်း…ရိုးကိုဒီလိူကြည့်စရာမလိုပါဘူး
ရိုးဒီလိုအကြည့်နဲ့မခံနိုင်လို့တောင်
ဦးနေမသိအောင်ကွာရှင်းစာချုပ်ကို
ထားခဲ့ပြီးဒီနိုင်ငံကိုပြန်ပြေးလာပြီး
ဇာတ်မြုတ်နေခဲ့တာပေါ့….
“နင်ကလည်း ဝမ်းနည်းမနေပါနဲ့ရိုးရယ်
မိန်းမတွေကအချိန်တန်အိမ်ထောင်ကျရမှာပဲ
သူတို့ကရောလက်ထပ်ပြီးရင်
မကွာရှင်းဘူးလို့ဘယ်သူပြောလဲ ဟွန့်
သူများအကြောင်းအတင်းလိုက်ပြောနေကြတာ”
အိဝေကရိုးဘက်ကမခံမရပ်နိုင်
ရန်ပြန်တွေ့၍ မျက်ရည်ကြည်တွေ
ဝိုင်းနေသောမျက်လုံးလေးနဲ့ပင်ရိုးပြုံး
လိုက်မိသည်။…
ဒီလိုတခြားသူတွေထံကမေတ္တာတွေနဲ့ပဲ
ဦးနေကိုလွမ်းတဲ့ဒဏ်ရာ မုန်းတဲ့ဒဏ်ရာတွေကို
ရိုးဖုံးကွယ်နေနိုင်ခဲ့တာပေါ့…
“ကဲ လာ…ဒီနေ့ငါတို့လစာထုပ်ရက်
စိတ်ညစ်စရာတွေမတွေးပဲ လစာထုပ်ပြီးရင်
ဟိုတယ်ဘေးကကြက်ကင်သွားဝယ်စားကြမယ်
နင်လိုက်မှာလား…”
“အင်း ငါဖေဖေ့အတွက်ကြက်ကင်
ဝယ်သွားမယ်”
“ဒါဆို သွားမယ်လာ!”
ရိုးအိဝေခေါ်ရာနောက်လက်လေးပေးရင်း
လိုက်လာခဲ့သည်။
ခက်ခဲလားဆိုတော့ခက်ခဲတာပေါ့…
မိန်းမငယ်လေးတယောက်ရဲ့လစာက
မိဘအိုနှစ်ပါးကိုမငတ်ရုံသာကျွေးနိူင်၍
ရိုးအလုပ်တွေအများကြီးလိုက်လုပ်တတ်သည်။
ပျော်လားဆိုတော့ ပျော်ပါတယ်…
ဦးနေတို့လိုအသိုင်းဝိုင်းကြီးတွေရဲ့အဝေး
အတ္တကင်းသောအရပ်မှာရိုးနေသားကျကာ
ပျော်နေပါပြီ…
ဦးနေရဲ့မင်္ဂလာသတင်းကြားရင်လည်း
ရိုး စိတ်ရှင်းစွာဂုဏ်ပြုစကားရေရွတ်နိုင်ပါပြီ။
ဒါပေမဲ့ရိုးဆုတောင်းတယ်…
ဒီကမ္ဘာမှာရိုးဦးနေနဲ့ထပ်မဆုံစည်းပါရစေနဲတော့လို့။
“ထွီး ကောင်မ
လူကတစ်ခုလပ်ကိုအပျိုလုပ်ပြနေတယ်”
“ဟုတ်ပါ့ဟယ်”
ကဲ့ရဲ့သူတို့ကကဲ့ရဲ့နေကြပေမဲ့
ဂါဝန်စိမ်းနုရောင်လေးနဲ့စက်ဘီးငယ်လေးအား
စီးကာဟိုတယ်ထဲကနေကျောလည်လောက်
ဆံနွယ်လေးအားဖြန့်ချ၍ လွယ်အိတ်လေး
တစ်လုံးလွယ်ကာ ရယ်သံပါးပါးလေးနဲ့
ထွက်ခွာသွားတဲ့သူမကတော့မကြားနိုင်တော့ပေ။
ကြားလဲမကြားချင်ယောင်ဆောင်၍
တည်ညိမ်စွာနေနိူင်သူကလောကဓံကြားက
ပြေးထွက်လာတဲ့ရိုးရိုးလေးပင်မဟုတ်လား။
💛💛💛💛💛💛💛💛💛💛💛💛💛
“ရိုး…ရိုးရေ မြန်မြန်လုပ်
ငါတို့နောက်ကျနေပြီ”
“လာပြီ လာပြီ”
ငှားထားတဲ့တိူက်ခန်းလေးထဲကနေ
ကျစ်စမီးလေးနှစ်ဖက်နဲ့ကာတွန်းရုပ်လေး
တွေပါသောဂါဝန်ဝါလေးအားဝတ်ထားတဲ့ရိုး
ထမင်းချိုင့်ကတဖက်နှင့်ပြေးထွက်လာခဲ့သည်။
“ကြာလိုက်တာနင်ကလည်း”
“ငါမေမေနဲ့ဖေဖေ့အတွက်ထမင်းချက်ပေးနေလို့”
မုန့်ဖိုးစုဝယ်ထားတဲ့စက်ဘီလေးပေါ်
ရိုးတက်လိုက်စဥ်ရှိသေးအိမ်ထဲကနေမေမေက
ဂရုတစိုက်သွားရန်လှမ်းမှာလေသည်။
နှုပ်ခမ်းထွေးထွေးလေးအားခပ်ဖျော့ဖျော့
ပြုံးရင်းရိုးတာ့တာပြတော့
နေသိပ်မကောင်းတဲ့မေမေကယဲ့ယဲ့လေး
ပြန်ပြုံးပြရှာ၏…
“သွားကြမယ်”
သိပ်မဝေးတဲ့ဟော်တယ်ဆီသို့နှစ်ယောက်လုံး
စက်ဘီးလေးတွေနဲ့နှင်းလာခဲ့ကြသည်။
“ရိုး…”
“ဟင်”
အိဝေကနောက်လှည့်ကြည့်လှည့်ကြည့်နဲ့
အနားကပ်ခေါ်၍…
“နင့်အမေနေမကောင်းဘူးလား
မျက်နှာကဖြူနေတာပဲ”
“အေ…ညကတည်းကချောင်းတွေ
မတရားဆိုးနေတာ”
“ဟုတ်လား နင်ဆေးခန်းသွားမပြဘူးလား”
အိဝေအမေးကြောင့်ရိုးရင်ထဲမှာ
နင့်ခနဲဖြစ်သွားကာမျက်နှာဖြူဖြူနုနုလေး
ကလည်းညိုးနွမ်းသွားရသည်။
သူမလစာနဲ့မငတ်ရုံတမယ်စားနေရတာကို
ဘယ်ကများဆေးခန်းပြမဲ့ပိုက်ဆံလာမှာတဲ့လည်း။
ရိုးမိဘတွေကိုပြည့်စုံအောင်မထားနိုင်တဲ့
ဘဝကိုတွေးရင်းဝမ်းနည်းမိသည်။
ဖြစ်နိုင်ရင်ထိုရောဂါဝေဒနာတွေကို
ရိုးသာခံစားပြစ်ချင်မိသည်။
“တီး…တီး…တီး!”
“ဟင် ရိုးဘေးကပ်!”
အတွေးနယ်လွန်မိနေတဲ့ရိုး
ကမန်းကတန်းစက်ဘီးအားဘေး
ကပ်ရပ်လိုက်တော့ကားသုံးစီးက
ရိုးတို့အနားကနေဖြတ်မောင်းသွားကြသည်။
အရှိန်ပြင်းပြင်းနဲ့အကောင်းစားကားကြီးတွေက
စက်သံပင်မကြားရပေ…
ရိုး ထိုကားတွေကိုငေးကြည့်ရင်း
နောက်ဆုံးကား၏ရှေ့ခန်းကိုကြည့်လိုက်မိတော့
ရင်းနှီးနေတဲ့မျက်နှာတစ်ခုကိုဇဝေဇဝါ
မြင်လိုက်ရသည်။
“ကောင်းလိုက်တဲ့ကားတွေ
ဟယ် ငါတို့ဟိုတယ်ထဲဝင်သွားတာဟဲ့
ကြည့်ရတာ မနေ့ကမမကျယ်ပြောတဲ့
VIPဧည့်သည်တွေဆိုတာထင်တယ်”
အိဝေကစကားတွေပြောနေသော်လည်း
ဝေးကွာသွားတဲ့ကားကိုငေးရီကြည့်နေသော
ရိုးကတော့ ကြောင်အနေဆဲပင်။
“ရိုး…ရိုး…ဟဲ့ ရိုး”
“ဟင်…”
ရိုး အိဝေခေါ်သံကြောင့်မျက်လုံးလေး
ဝိုင်းကာခါးမတ်သွားရသည်။
အိဝေကလက်ကနာရီပြ၍…
“နောက်ကျနေပြီမြန်မြန်သွားကြမယ်
လာ…လာ”
အိဝေထွက်သွားပြီးအတော်ကြာမှရိုး
နောက်ကလိုက်လာခဲ့သည်။
ရိုးစိတ်ပံထင်တာလားတော့မသိ
ဦးနေ၏တပည့်ဗလကြီးကိုရိုးတွေ့လိုက်ရသည်။
သို့ပေမဲ့ဖျက်ခနဲမို့မသေချာပါ…
ဒါပေမဲ့ဒီနေ့ရိုးစိတ်တွေလေးပင်နေသည်။
ဟိုတယ်ထဲရောက်တော့စည်းကမ်း
ထိန်းသိမ်းရေးမှူဒေါ်အလီကစီးဆူလေသည်။
ရိုး ရင်ဘက်ကနာမည်ပြားလေးကို
သေချာချိတ်ပြီးဒေါ်အလီဆူတာကိုလဲ
စိတ်မရောက်နိုင်ပဲအတွေးတွေက
ဟိုခုန်ကူးဒီခုန်ကူးဖြစ်နေခိုက်
ထိုဟိုတယ်၏မန်နေဂျာမမကျယ်က
ထိုအခန်းထဲပြေးဝင်လာ၍…
“ဘာလုပ်နေကြတာလဲ
VIPတွေရောက်နေတယ်မြန်မြန်လုပ်ကြလေ”
အားလုံးမမကျယ်၏စကားကြောင့်
လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။
မမကျယ်က ဒေါ်အလီအားခေါ်ကာ
တဖက်၌စကားသွားပြေနေခိုက်
ရိုးနံဘေးကမိန်းခလေးတစ်ဖွဲ့ကတီးတိုး
ပြောနေကြသည်။
“ခုရောက်နေတဲ့VIPကဘယ်သူလည်း”
“ဒီဟိုတယ်မှာရင်းနှီးမြုတ်နှံမဲ့သူ”
“နာမည်ကရော လူကတော့တော်တော်
ချောတယ်သိလား”
“နာမည် နာမည်ငါလဲမသိဘူးနင်သိလား”
ဘေးကမိန်းခလေးတွေစကားအားရိုး
တချက်နားစွင့်လိုက်ပြီးသိသင့်သလောက်
သိတော့ အိဝေနဲ့စကားလှည့်ပြောနေချိန်
ထိုဘက်ထဲကတယောက်ကအသံကျယ်ကျယ်ဖြင့်..
“တွေ့ပြီ နေစည်းစိမ် တဲ့ အဟိ
ချောလိုက်တာဟယ်အရပ်ကအရှည်ကြီးနဲ့
ချမ်းကလည်းချမ်းသာလိုက်တာ!”
“ဟင်…”
“ဘုတ်”
“အို…ရိုး…ရိုးဘာဖြစ်တာလဲ”
ရိုးအသက်မဲ့သူလိုပင်ထိုင်လျှက်
ပြုတ်ကျသွားရကာလက်ဖျားတွေအေးစက်လာ၏
မတွေ့ချင်ဘူး…ရိုးမတွေ့ချင်ဘူးဟု
ဆုတောင်းနေပေမဲ့ ကံကြမ္မာက
ရိုးကိုကျီဆယ်လွန်းလှသည်…
“ရိုး ဘာဖြစ်တာလဲ”
ရိုးမျက်ရည်တွေဝိုင်းအိနေသော
မျက်လုံးတွေနှင့်အိဝေအားမော့ကြည့်
နေမိစဥ်မှာပဲ မန်နေဂျာမမကျယ်
မိန်းခလေးတွေရှေ့ပြန်လျှောက်လာကာ…
“ကဲ…ကဲ…အားလုံးကို
နေရာချပေးမယ်…အိဝေက
နှစ်ခန်းကိုသွား…ကျန်တဲ့သူတွေက
ဒေါ်အလီဆက်ပြောလိမ့်မယ်
ရိုးရိုးလေးကငါနဲ့လိုက်ခဲ့”
“ဟင်”
“သွားလေရိုး…သွား”
မမကျယ်ကသဘောကောင်းပေမဲ့
သွက်လက်မှကြိုက်သူမို့အိဝေက
ရိုးကိုတွန်းကာသွားခိုင်းသည်။
ဘယ်သူ့မှမသိနိုင်တဲ့အပူတွေရင်မှာပိုက်၍
ရိုးမမကျယ်နေယက်ကလိုက်လာသော်
မမကျယ်က ထိုဟိုတယ်၏အထူးဝိုင်
တစ်လုံးနဲ့မုန့်အချို့ပါတဲ့ဗန်းအား
ရိုးလက်ထဲထည့်ပေးကာ…
“အထူးVIPအခန်းကိုသွားပို့လိုက်
ဘားမှပြောစရာမလိုဘူးပြန်ထွက်ခဲ့
ဪ အလွဲအချော်မဖြစ်စေနဲ့နော်
VIP ဧည့်သည်ဥက္ကဋ္ဌနေစည်းစိမ်က
တို့တွေဟိုတယ်အတွက်အရေးကြီးတယ်”
“ဟင့်….မမကျယ်…”
ရိုးအသံတွေတုန်တက်ကာခေါ်လိုက်မိတာကို
မမကျယ်ကမျက်မှောင်စု၍…
“ဘာရပ်လုပ်နေသေးတာလဲမြန်မြန်သွားလေ
ပြီးရင်ပြန်လာ VIPတွေအတွက်လုပ်စရာတွေ
ရှိတယ်”
မမကျယ် ရိုးကိုထားကာထွက်သွားသည်။
ရိုးမျက်ရည်တွေဝဲကာလက်တွေတဆက်ဆက်
တုန်လာရသော်လည်း မသွားလို့မရတဲ့
အခြေနေမို့နှုပ်ခမ်းတွေကိုဖိကိုက်ရင်း
အထူးခန်းကြီးဆီသို့လျှောက်လာခဲ့သည်။…
💛💛💛💛💛💛💛💛💛💛💛💛💛
“အင်း ကျွန်တော်ရောက်ပြီ”
စိမ်းမြမြနှုပ်ခမ်းမွှေးပါးပါးလေးရှိနေသော
နှုပ်ခမ်းတွေကစီးကရတ်ကိုဖွာရှိုက်ရင်း
အကြောစိမ်းတွေထောင်ထနေတဲ့
လက်တဖက်က ဟိုတယ်ဝရန်တာ၏
လက်ရန်းတွေအားဖိဆုပ်ထားလေသည်။
နီရဲ၍နုနယ်သောသး့နားတထက်မှာ
လူငယ်ဆန်လှတဲ့ကျောက်ပြာနားကပ်
တသ်ခုကတလက်လက်တောက်နေ၏
ရှည်မျောတဲ့အရပ်ကျစ်လစ်တဲ့ကိုယ်ဟန်က
ကုတ်အင်္ကျီအနီအားချွတ်၍အဖြူရောင်
ရှပ်တစ်ထည်သာဝတ်ထားသည်မို့
အဆီပိုမရှိတဲ့ကျောပြင်တွေက
ညို့ယူဖမ်းစားလွန်းလှ၏…
“သခင်လေး…”
ဗလကြီး မျက်ခုံးထူကြီးတွေနဲ့လှည့်ကြည့်သော
နေ့အားဦးညွှတ်လိုက်ပြီး…
“ဝိုင်ရောက်နေပါပြီ”
သူဖုန်းပြောနေရင်းကငဲ့ကြည့်တော့
ခေါင်းငုံ့ကာထိုင်နေသောဝန်ထမ်းဝတ်ဆုံနဲ့
မိန်းခလေးတယောက်။
ကျစ်စမီးလေးနှစ်ဖက်နဲ့ခေါင်းကို
မတရားငုံ့ရပ်နေတဲ့ပုံစံကို
သူမျက်မှောင်ကြုတ်ကြည့်ပြီး
ဝိုင်သောက်ရန်ဆိုဖာမှာဝင်ထိုင်လိုက်သည်။
“ရတယ် မင်းမထည့်နဲ့သွားတော့”
သြရှရှနဲ့အရင်လိုသြဇာညောင်းနေဆဲ့အသံကြီးနဲ့
စကားတစ်ခွန်းကရိုးကိုလှောင်အိမ်ကထွက်ခွင့်
ပြုသလိုမျိုးပဲ ရိုးရင်ထဲကအလုံးကြီး
ကျသွားသလိုခံစားရကာစောနက
ဆွဲဖြုတ်ထားတဲ့ရိုးရိုးလေးဆိုသောနာမည်ကဒ်ကို
လက်ထဲမှာကျစ်နေအောင်ဖိဆုပ်ရင်း
လှည့်ထွက်ရန်အလုပ်…
“နေအုံး!”
“ဟင်”
💛💛💛💛💛💛💛💛💛💛💛💛💛
မင်္ဂလာဆောင်းတဲ့နေ့မှ
ရည်းစားဟောင်းရဲ့မိဘတွေက
သဘောမတူလို့
မင်္ဂလာပွဲကနေထွက်ပြေးခဲ့ပြီးမှ
မိဘတွေ ကျန်းမာရေးအတွက်
အငှားကိုယ်ဝန်လွယ်ပေးရမဲ့
အလုပ်ကို လက်ခံလိုက်ရတဲ့ရိုးရိုးလေး
သူ့ကိုငှားတဲ့သူက
သူမမတွေ့အောင်ရှောင်ပုန်း
နေခဲ့သော ချစ်သူဟောင်းဆိုတာ
သိလိုက်ရတဲ့အခါ.????
နာကြည်းနေတဲ့ ချစ်သူကို
ဘယ်လို ရင်ဆိုင်ရမလဲ
သူ့ခလေးလွယ်ပေးဖို့
သူမကိုမှ တမင်ပြန်ငှားခဲ့တဲ့
နေစည်းစိမ်တယောက်
ဘယ်လို တွေ ရိုမန့်တစ်နဲ့
အနိုင်ကျင့်ရင်း ပြန်ချစ်မိသွား
ကြမလဲဆိုတာကတော့? ????
ကဲ ဒါလေးက စဆုံးရတဲ့
ဝတ္ထုလေးပါနော်
လူကြိုက်များခဲ့တဲ့ စာအုပ်လေးပါ