အောင်ဓူဝံ_-_အရမ်းခြောက်တဲ့သရဲ
[အစအဆုံး]
+++++++++++++++++
ကျွန်တော့်နာမည်ကအောင်ခင်
ကျွန်တော့်ဘဝမှာသရဲဆိုတာ
ဂျိုနဲ့လားလို့တောင်မေးယူရလောက်
အောင်သရဲခြောက်တာမခံခဲ့ရဘူးဗျ။
ဒါပေမယ့်အခုတော့
သရဲရှိတယ်ဆိုတာကျွန်တော်
မယုံလို့ကိုမရအောင်ခြောက်လိုက်တဲ့
သရဲတစ်ကောင်ရှိတယ်ဗျ။
ခင်ဗျားတို့လည်းစိတ်ဝင်စားမယ်
ထင်ပါတယ်…………
ဖြစ်ပုံကဒီလို……
ကျွန်တော်လုပ်တဲ့အလုပ်က
ညမိုးချုပ်ထိလုပ်ရတဲ့အလုပ်ဗျ။
တစ်ခါတလေဆိုည၁၀နာရီထိအောင်
ဆင်းရတာမျိုးလည်းရှိဖူးတယ်။
မနက်စာကိုတော့အိမ်ကနေ
ထမင်းချိုင့်တစ်ခါတည်းယူသွား
ရတာဗ်။
ညစာကိုတော့အလုပ်ပြန်မှ
စားရတာပေါ့ဗျာ။
အဲ့ဒီခေတ်ကလျှပ်စစ်မီးတွေလည်း
သိပ်မရှိကြဘူးဗျ။
ခရမ်းချဉ်သီးသာသာလောက်သာ
လင်းတဲ့မီးလုံးတွေပဲရှိကြတာဗျ။
ဒါတောင်အိမ်တိုင်းမှာရှိတာမဟုတ်ဘူး
လမ်းမီးဆိုတာကလည်းလင်းတဲ့
နေရာကလင်း၊မှောင်တဲ့နေရာကမှောင်နဲ့ပေါ့ဗျာ။
ကျွန်တော်ကအလုပ်သွားအလုပ်ပြန်
စက်ဘီးနဲ့သွားတာဗျ။
စက်ဘီးဆိုတာကလည်းအသစ်တောင်
မဟုတ်ဘူး။
အိမ်ကအမေနဲ့အဖေကရှိစုမဲ့စုလေးနဲ့
သူများဘီးအဟောင်းကိုပြန်ဝယ်ပေး
ထားတာပေါ့ဗျာ။
ကဲ…သရဲခြောက်တဲ့အကြောင်းကိုပဲ
မြန်မြန်သွားလိုက်ကြတာပေါ့။
အဲ့ဒီနေ့ကကျွန်တော့်အလုပ်က
ညပိုင်းထိအချိန်ပိုဆင်းခဲ့ရတယ်။
အလုပ်သိမ်းပြီးလို့နာရီကိုကြည့်
လိုက်တော့၉နာရီတောင်ခွဲနေပြီဗျ။
ဒါနဲ့ကျွန်တော်လည်း
စက်ဘီးကိုထုတ်ပြီးစီးလာခဲ့တယ်။
လက်တစ်ဖက်ကထမင်းချိုင့်ကို
ကိုင်လို့ပေါ့ဗျာ………
အလုပ်ထဲကအပေါင်းအသင်း
တွေကလည်းကိုယ်နဲ့လမ်းခြင်း
မတူတော့အလုပ်ပြန်တော့
ကျွန်တော်တစ်ယောက်တည်းပေါ့။
ကျွန်တော်လည်းပါးစပ်ကနေ
ရတဲ့သီချင်းလေးညည်းရင်း
စက်ဘီးကိုနင်းလာခဲ့တယ်။
လမ်းဘေးမှာလင်းနေတဲ့
လမ်းမီးတိုင်လေးတွေကြောင့်
ပတ်ဝန်းကျင်ကိုတော့
မသဲမကွဲမြင်နေရတယ်ဗျ။
“ဖျက်”
“ဟာ…မီးပျက်သွားပြီဒုက္ခပဲ။
“ဘာမှကိုမမြင်ရတော့ဘူး”
တစ်လမ်းလုံးမှောင်မည်းသွားတာပဲဗျို့ ။
အဲ့ဒီခေတ်ကလျှပ်စစ်မီးပေးရင်
အပျိုကြီးဆီးအောင့်သလိုပဲဗျ
လာလိုက်ပျက်လိုက်နဲ့ပေါ့ဗျာ။
ဒါနဲ့ကျွန်တော်လည်းအကြံတစ်ခု
ရလိုက်တယ်ဗျ။
ပြန်နေကြမဟုတ်တဲ့
လမ်းတစ်လမ်းတော့ရှိတယ်
အဲ့လမ်းကသူဌေးတွေအများစုနေတဲ့
ရပ်ကွက်ဆိုတော့မီးရောင်လင်းနိုင်တယ်
ဒါကြောင့်ကျွန်တော်လည်း
အဲ့ဒီလမ်းကိုရွေးပြီးစက်ဘီး
နင်းလာခဲ့တာပေါ့ဗျာ။
အဲ့ဒီလမ်းကအလှပြင်ဆိုင်တစ်ဆိုင်
လည်းရှိသေးတယ်ဗျ။
ကျွန်တော်လည်းဟိုစဉ်းစားဒီစဉ်းစားနဲ့
အဲ့ဒီလမ်းကိုရောက်လာခဲ့တယ်။
ကျွန်တော်ထင်ထားသလိုပဲ
သူဌေးတွေကမီးစက်တွေမောင်းပြီး
မီးတွေထွန်းထားကြတာဗျ။
တချို့ တိုက်တွေရဲ့အရှေ့မှာ
လမ်းသွားလမ်းလာတွေမြင်ရအောင်
မီးချောင်းလေးတွေဆင်ထား
ပေးကြတယ်ဗျ။
စေတနာကောင်းတဲ့တချို့ သူဌေးတွေပေါ့ဗျာ။
သူဌေးတိုင်းတော့အဲ့လိုမလုပ်ကြပါဘူး။
ဒါနဲ့ကျွန်တော်လည်း
အလှပြင်ဆိုင်နားလေးကို
ရောက်လာခဲ့တယ်။
အလှပြင်ဆိုင်ရှေ့ရောက်တော့
မိန်းမလျာတစ်ယောက်ကိုမြင်လိုက်တယ်။
ကျွန်တော့်ကိုအဲ့ဒီမိန်းမလျာက
ပြုံးပြုံးလေးနဲ့ကြည့်နေတာဗျ။
ကျွန်တော်လည်းကိုယ့်ကိုပြုံးပြနေတော့
လူမှုရေးအရပြန်ပြီးပြုံးပြလိုက်တယ်
သူ့ကိုတော့မသိဘူးပေါ့ဗျာ။
“ဘယ်ကပြန်လာတာလဲ
မိုးချုပ်လိုက်တာ……”
အလှပြင်ဆိုင်ရှေ့က မိန်းမလျာက
မေးလိုက်တာဗျ။
“ဟုတ်တယ်ဗျ
အခုမှအလုပ်ကသိမ်းလို့ ”
“နောက်ကျလိုက်တာ
တစ်ယောက်တည်းပြန်ရဲလား
ကျွန်မလိုက်ပို့ပေးရမလားဟင်”
မိန်းမလျာပြောလိုက်တဲ့စကားကြောင့်
ကျွန်တော်လည်းအဲ့ဒီမိန်းမလျာကို
နည်းနည်းတော့တင်းသွားတာပေါ့ဗျာ။
ကျွန်တော့်လိုယောကျ်ား
တစ်ယောက်ကိုပြန်ရဲလားဆိုပြီး
မေးလိုက်ကတည်းကကျွန်တော့်ကို
သတ္တိနည်းတယ်လို့ထင်နေမှန်း
သိလိုက်တယ်။
“ပြန်ရဲပါတယ် မပြန်ရဲစရာ
ဘာအကြောင်းမှမရှိဘူး…”
ကျွန်တော်လည်းအဲ့ဒီမိန်းမလျာကို
ခပ်တင်းတင်းပဲပြန်ပြောပြီး
ဘီးကိုနင်းလိုက်တယ်။
အဲ့ဒီမိန်းမလျာလည်းနောက်မှကျန်နေခဲ့
တာပေါ့ဗျာ။
“ဒို့ကစေတနာနဲ့ပြောတာပါ”
“ဟင်……”
စက်ဘီးနောက်ကထွက်လာတဲ့
မိန်းမလျာအသံကြောင့်ကျွန်တော်
လန့်ပြီးနောက်ကိုလှည့်ကြည့်လိုက်
တယ်။
အဲ့ဒီမိန်းမလျာကကျွန်တော့်ဘီးနောက်ခုံ
ပေါ်ကိုဘယ်လိုလုပ်ပြီးရောက်နေသလဲ
မသိဘူးဗျာ။
ဒီလောက်အဝေးကြီးရောက်မှ
ဘယ်လိုလုပ်ကျွန်တော့်ဘီးကို
မှီအောင်လိုက်ပြီး
တက်လိုက်လာတယ်မသိဘူး။
နောက်ကနေပြေးလိုက်လာတဲ့
ခြေသံလည်းမကြားလိုက်ရဘူးဗျ။
ကျွန်တော်လည်းဘီးပေါ်
တက်လိုက်လာတဲ့အဲ့ဒီမိန်းမလျာကို
ဒေါသဖြစ်သွားတယ်ဗျ။
“ဟာ…မင်းဘယ်လိုလုပ်ပြီး
ငါ့စက်ဘီးပေါ်တက်လိုက်တာလဲ။
အခုဆင်းကွာဆင်း”
“ရှင်ကလည်းစိတ်ကြီးပဲ
ကျွန်မကရှင့်ကိုလိုက်ပို့ချင်လို့ပါ”
“မလိုဘူးငါ့ဟာငါ
တစ်ယောက်တည်းပြန်ရဲတယ်
အခုဆင်းစမ်းဘီးပေါ်က”
ကျွန်တော်လည်းစက်ဘီးကို
ရပ်ပစ်လိုက်တယ်။
ဒါတောင်သူကထိုင်ခုံပေါ်ကနေ
ဆင်းမလာဘူးဗျို့ ။
“ဟာ…မင်းအခုထိမဆင်းသေးဘူးလား”
“ဟင့်အင်း ဟင့်အင်း
ရှင်နဲ့လိုက်မှာ ရှင်နဲ့မခွဲနိုင်ဘူး
နော်ကိုကိုနော်…”
အဲ့ဒီမိန်းမလျာက
ကျွန်တော့်လက်မောင်းကိုအားကုန်
ဆွဲထားတာဗျ။
ကျွန်တော်လည်းဒေါသအိုးပေါက်ကွဲပြီး
အဲ့ဒီမိန်းမလျာကိုဘီးပေါ်ကနေဆောင့်
တွန်းချလိုက်တယ်.
“ကဲဒီလောက်ရှိတဲ့ဟာ
ငါ့အကြောင်းသိကြသေးတာပေါ့”
“ကဲကြာ…”
“ဘုတ်”
“အမယ်လေး”
“လုပ်ရက်လိုက်တာကိုကိုရယ်
ကိုကိုကြောင့်ကျွန်မလက်တစ်ဖက်
ပြုတ်သွားပြီ အဟင့်ဟင့်”
အဲ့ဒီမိန်းမလျာပြောမှ
ကြည့်မိတယ်ကျွန်တော့်လက်မောင်းမှာ
အဲ့ဒီမိန်းမလျာရဲ့လက်ပြတ်ကြီးက
တွဲလျောင်းကြီးရှိနေတာဗျ။
ကျွန်တော်လည်းအူတွေအသည်းတွေ
ပြုတ်ကျသွားလောက်အောင်
လန့်သွားတာဗျ။
ကျွန်တော်လည်းကြောက်အား
လန့်အားနဲ့စက်ဘီးကိုဒုန်းကြမ်း
နင်းပြီးပြေးတော့တာပဲဗျို့ ”
“ကိုကို ကိုကို လက်တစ်ဖက်
ပြန်ပေး ကိုကို”
နောက်ကနေမိန်းမလျာသရဲက
အော်ဟစ်ပြီး သူ့လက်တစ်ဖက်ကိုပြန်တောင်း
နေတာဗျ။
ကျွန်တော်လည်းကိုယ့်လက်မောင်း
ကိုကြည့်လိုက်တော့ လက်ပြတ်ကြီးက
ပါလာတုန်းပဲဗျို့ ”
ကျွန်တော်လည်းကြောက်ကြောက်နဲ့
မိန်းမလျာသရဲရဲ့လက်ပြတ်ကြီးကို
လက်နဲ့ကိုင်ပြီးလွှင့်ပစ်လိုက်တယ်။
လက်ပြတ်ကြီးကလမ်းမှာ
ကျကျန်နေခဲ့ရောဗျာ။
ကျွန်တော်လည်းနောက်ကိုလှည့်မကြည့်
တော့ပဲအိမ်ရောက်အောင်
စက်ဘီးကိုဒုန်းကြမ်းနင်းပြေးလာခဲ့တယ်။
အိမ်ရောက်တော့စက်ဘီးကိုတောင်
ဒေါက်မထောက်နိုင်ဘူး။
ဒီအတိုင်းပစ်ပြီးအိမ်ထဲပြေးဝင်ခဲ့တယ်
အမေနဲ့အဖေကကျွန်တော့်ကို
ကြည့်ပြီးစိုးရိမ်နေကြတာဗျ။
ကျွန်တော်တစ်ခုခုကို
လန့်ပြီးရောက်လာမှန်းအမေနဲ့အဖေ
ကရိပ်မိသွားပုံပဲဗျ။
ဘုရားစင်ကရေမန်းဘူးကိုယူပြီး
ကျွန်တော့်ကိုတိုက်ကြတယ်
ကျွန်တော်လည်းရေမန်းဘူးထဲက
ရေအနည်းငယ်ကိုသောက်လိုက်မှ
လူကပုံမှန်အတိုင်းဖြစ်သွားတာဗျ။
ပြီးမှအမေနဲ့အဖေက
ကျွန်တော့်ကိုမေးတယ်
ငါ့သားဘာဖြစ်လာတာလဲဆိုပြီး
ကျွန်တော်လည်းအမေနဲ့အဖေကို
အဖြစ်အပျက်အလုံးစုံကို
ပြောပြလိုက်တယ်။
အဲ့ဒီမှာအဖေနဲ့အမေက
ထရယ်ကြပါလေရောဗျာ။
“ငါ့သားကအရမ်းခြောက်တဲ့သရဲ
နဲ့တွေ့လာတာကိုးကွ”
“ဟား ဟား ဟား ဟား”
“သားကိုခြောက်လိုက်တဲ့သရဲက
တော်တော်ခြောက်နေတာပဲနော်”
“ဟား ဟား ဟား ဟား”
“အမေနဲ့အဖေကလည်းဗျာ
သားသရဲခြောက်ခံရတာကို
စိတ်မပူတဲ့အပြင်လှောင်ရယ်
နေကြသေးတယ်။
အဖေတို့မကောင်းဘူးဗျာ”
ကျွန်တော်လည်းရှက်ရှက်နဲ့
အခန်းထဲဝင်ပြီးအိပ်လိုက်တာပေါ့ဗျာ။
အမေနဲ့အဖေရယ်ချင်လည်း
ရယ်ချင်စရာကြီးပါဗျာ။
ကျွန်တော်ကိုယ်တိုင်က အရမ်းခြောက်တဲ့
သရဲခြောက်နဲ့ဆုံလာတာကိုးဗျာ။
ရွှင်လန်းချမ်းမြေ့ပါစေဗျား