———————-

“ဟဲ့ သုတ ထ ထ ”

သက်ကယ်တွေမိုးထားတဲ့ ၁၀ပေ နီးပါး အိမ်လေးရဲ့ ထရံမလုံတလုံ တွေကို ဖြတ်လို့ အသက် ၄၅ နှစ် အရွယ် အမျိုးသမီးကြီးတစ်ဦးထံမှ စတင် ထွက်ပေါ်လာခြင်းဖြစ်သည် ဒီအသံကို ကြားရင်ပဲ ဒီအိမ်လေးရဲ့ ခေါင်းရင်းခန်းမှာ အိပ်ပျော်နေတဲ့ ၁၅ နှစ်အရွယ် လူငယ်လေး တစ်ဦး လူလဲထလာပြီး

“ဟုတ်ကဲ့ အမေ”

“သုတ အလတ်ကောင်နဲ့ အငယ်မ ကို နိုးလိုက်ဦး”

“သူတို့‌ေတွ ကျောင်းပိတ်တယ် မဟုတ်လား အိပ်ပါစေအမေရယ်”

“အလုပ်တော့ သိပ်မရှိပါဘူး ထားလိုက်ပါ အမေ စျေးရောင်းသွားခါနီးမှ နှိုးခဲ့ လိုက်ပါမယ်”

သုတ အမည်တွင်တဲ့ လူငယ်လေးလည်း သွားတိုက် မျက်နှာသစ်လို့ သူ့ရဲ့ ဘ၀ ထဲက နေ့တစ်နေ့ကို ဖြတ်သန်းရန် အစပြုလိုက်လေတော့သည်။

သုတ…..သူကတော့ .အတန်းပညာ ၄ တန်းအောင်လို့ ကျောင်းဆိုတာ သူ့အတွက်ပြီးဆုံးပြီလို့ သတ်မှတ်လိုက်တဲ့ ကလေးပါ ၊သူရဲ့ အဖေ ရှိစဉ်က ကျောင်းမှာ ပျော်မွေ့နေပေမဲ့ သူ့ရဲ့အဖေ ဆုံးပြီးကတည်းက ကျောင်းဆိုတဲ့ အရာကြီးဟာ သူ့အတွက် နိုးတ၀က် အိပ်မက် ပမာဖြစ်ခဲ့ ရပါတော့သည် ။

သုတ တို့ မိသားစုမှာ လေးယောက်ရှိပြီး သုတ အမေ ဒေါ်လှကြည် ညီငယ် ဆန်းထူး နဲ့ ညီမအငယ်ဆုံးလေး သက်ထား တို့ဖြစ်၏။ မပြည်စုံလှတဲ့ သုတတို့ မိသားစုတွင် အကိုအကြီးဆုံးဖြစ်တဲ့ သုတ ကတော့ သူ့အမေနဲ့ အတူ စား၀တ်နေရေး ညီလေးညီမလေးတွေ ပညာရေးအတွက် အလုပ်ပေါင်းစုံလုပ််လို့ အခုလည်း ပန်းရံလူကြမ်းအလုပ်လုပ်နေပါသည် သူ့အမေ ဒေါ်လှကြည်ကတော့ ရာသီစာတွေကို ဗန်းလေးထဲထည့်လို့ တစ်လမ်း၀င် တစ်လမ်းထွက် ရောင်းရတဲ့ အလုပ်ကို လုပ်ကိုင်ရပါသည်၊ ကျန်တဲ့ ကလေးနှစ်‌ေယာက်က ကျောင်းသူကျောင်းသာ မှီခို။

သုတ မျက်နှာ သစ်ပြီး အိမ်လေး ပေါ် ပြန်တက်လိုက်ချိန်တွင်တော့ သူ့ရဲ့ ညီလေး ဆန်းထူး မျက်လုံး ကို အားယူဖွင့်ဖို့ ကြိုးစားရင်း အိမ်လေးအောက်မှာ ရှိတဲ့ ရေအိုးသို့ မျက်နှာ သစ် ရန်ဆင်းလာနှင့် တွေ့သောအခါ

“ဆန်းထူး အိပ်ချင်နေလည်း အိပ်ပါကွာ မင်းဟာကလည်း ဖြစ်နေလိုက်တာ”

သုတ သူ၏ညီလေးအား ပြုံးကြည့်ရင်း စကာဆိုလိုက်သည်

“အိပ်ချင်ပါဘူး အကိုရာ အကိုတောင် အိပ်ချင်နေတာကို နေ့တိုင်းထ နေတာ ကျနော် သိတာပေါ့”

“ဟ မင်းပြောမှ ပဲ ငါ အပျင်းဖြစ်တော့မယ် ”

“ဟာ အကိုကလည်း ဘာတွေ ပြောနေတာလည်း အကိုက မပျင်းပါဘူးဗျ ကျနော် တို့ ကျောင်းမှာ ဆို အကို့အရွယ်တွေ အကို့လို့ အလုပ်ပင်ပင်ပန်းပန်း မလုပ်ရတာတောင် ကျောင်းတက်ရမှာ ပျင်းနေကြတာ”

ဆန်းထူး စကားကြောင် သုတ စိတ်ထဲ ထိုကျောင်းသားများနဲ့ နေရာချင်းလဲချင်လိုက်ပါဘိ ဟု တွေးလိုက်မိသည် ဒါပေမဲ့

“အကို အကို သုတ”

“ဟင် ..ဟင်”

“အကို့ကိုခေါ်နေတာ ကြာနေပြီ ဘာတွေ တွေးနေတာလဲ”

“ဘာမှ မဟုတ်ပါဘူးကွာ မျက်နှာသစ်မှာ မဟုတ်လား သွားသစ်လေ ဆန်းထူး”

“အကို့ကို ပြောစရာရှိလို့ကွန်တော့် ဖိနပ်က ပြတ်သွားပြီ ကျွန်‌ေတာ့်လည်း သဲကြိုးကို သံနဲ့ ဖောက်ပြီး စီးတာပဲ သဲကြိုးက တအားတိုနေပြီ အမေ့ကိုလည်းမပြောချင်ဘူးအကိုရာ”

ဆန်းထူးပြောမှ သုတ သူ့ညီစီးထားတဲ့ ဖိနပ်အားကြည့်မိလိုက်သည် ဖော့ဖိနပ်လေးမှာ သဲကြိုးတိုနေသဖြင့် ခြေထောက်မှာ ကျပ်ညှပ်နေပါသည်၊ ပြတ်နေတဲ့ ညာဖက်ဖိနပ်သဲကြိုးကြောင့် ဆန်းထူး ညာဘက်ခြေထောက်လေးမှာ လိုတာထက်ပိုလို့ သဲကြိုးရာထင်နေပါသည် ။

သုတ စိတ်မကောင်းဖြစ်သွားပြီး

“ညီလေးရာ ပြတ်နေကတည်းက အကို့ကို ပြောပါတော့လားကွာ”

“မပြောချင်ပါဘူးဗျာ အကို့ကို အပူမရှာချင်လို့ပါ”

“ရပါတယ်ကွာ အကို့တာ၀န်တွေပါ ဒီနေ့ လုပ်အားခ တကယ်လို့ ရှင်းဖြစ်ရင် အကို၀ယ် ခဲ့မယ် ဒီနေ့ မဟုတ် မနက်ဖြန်ပေါ့ကွာ”

“ဟုတ် အကို့ ကျွန်တော် မျက်နှာ သစ်တော့မယ် ”

ပျော်ရွှင်သွားတဲ့ ဆန်းထူးကို ကြည့်ပြီး သုတ ပြုံးလိုက်သည် မနက်ဖြန်လောက်တော့ လုပ်အားခ ရှင်းလောက်ပါရဲ့ လို့လည်းတွေနေမိသည် ကြာကြာမတွေးနိုင်ပါ အဘယ်ကြောင့်ဆိုသော

“သုတ သုတရေ သွားတော့အောင်ဟေ့ မိုးက ရွာမလာမသိဘူး အုံ့နေလိုက်တာ”

သုတ နဲ့ အလုပ်အတူတူ လုပ်တဲ့ ပန်းရံဆရာပေါက်စ ကိုကျော်ဌေး လှမ်းအော်လိုက်ချင်းဖြစ်သည် အုံ့ဆိုင်းနေသော မိုးကို ကြည့် ပြီး ပြောလိုက်တော့သည်။

“မရွာလောက်ပါဘူး ကိုကြီးကျော်ဌေး ကျွန်တော် ထမင်း မြန်မြန်စားလိုက်ဦးမယ်”

“အေးဆေး စားပါသုတ ငါလာတာလည်း နည်းနည်းစောတယ်ကွ ငါဒေါ်လေးနဲ့ စကားပြောလိုက်ဦးမယ်”

“ဟုတ် အကိုကြီး”

သုတလည်း ထမင်းစားပွဲခုံ အဝိုင်းလေးပေါ်မှာ ရှိတဲ့ ထမင်းခဲလေးကို ပန်ကန်ထဲ ချေထည့်လို့ လက်တဖက်က ခရမ်းချဉ်သီးထောင်း ပန်ကန်လေးကို လက်လှမ်းလိုက်တော့သည်

သုတ ထမင်းစားနေချိန်တွင်

“ဒေါ်လေး ဘာတွေလုပ်နေတာလဲ ဗျ”

“ကျော်ဌေး ထိုင် ထိုင် ပြောင်းဖူးပြုတ်နေတာပါကွယ်”

“ဒေါ်လေးသားကလည်း အလုပ်လုပ် ဒေါ်လေးကလည်းစျေးရောင်းနဲ့ တော်တော် အဆင်ပြေမှာပဲဗျာ ”

“မပြေပါဘူးကွယ် ဒေါ်လေး စျေးရောင်တာက အမြတ်အများကြီး မရပါဘူး သုတ အလုပ်က နေ့ချင်းရှင်းမဟုတ်တော့ ကိုယ်နဲ့ သိတဲ့ ဆိုင်မှာ အကြွေး၀ယ်ရတယ်လေ သုတ ပိုက်စံလေး ရှင်းတော့ ဆပ်လိုက်နဲ့ ပါကွယ်”

ကိုကျော်ဌေး ဘယ်လိုပြန်ပြောရမလဲဟု စဉ်းစားနေချိန်တွင်

“ကိုကြီး ကျော်ဌေး သွားကြတော့ အောင်လေ”

“အေး အေး သုတ ဒေါ်လေး သွားလိုက်ဦးမယ်”

“အမေ့ ကျွန်တော်သွားတော့မယ် ”

‘အေးအေး သုတ ထမင်းချိုင့် မေ့ဦးမယ် နော်သုတ”

“ဟုတ်ကဲ့ အမေ့ ယူထားပြီးပြီ သွားပြီအမေ့”

သုတ နဲ့ ကိုကျော်ဌေးတို့ ဒေါ်လှကြည်ကို နုတ်ဆက်ပြီး သူတို့ အလုပ်တည်ရှိရာသို့ ထွက်ခွာသွားကြပါလေတော့သည်။

နှစ်ထပ် အဆောက်ဦး ကြီးတစ်လုံး ဆောက်လုပ်နေတဲ့ လုပ်ငန်းခွင် တစ်နေရာတွင်

“မဆလာ လိုတယ်ဟေ့ နည်းနည်ဖျော်လိုက်ဦး”

ပန်းရံ ဆရာ အော်လိုက်ရင် ပဲ သဲ ထမ်းတဲ့ သူက ထမ်း ဘိလပ်မြေ သွားထမ်းသူကထမ်း နဲ့ ပန်ရံ လူကြမ်းအချို့ အလုပ် ရှပ်နေချိန်တွင် ပန်ရံ နောက်လိုက် အမျိုးသမီးတွေက ထိုင်နားနေကြရသည် သုတ တစ်ယောက်ကတော့ ဘိလပ်မြေ သွားထမ်းရသည် မဆလာ ဖျော် ပြီးချိန်တော့ သုတ တို့ အဖွဲ့ ဂေါ်နဲ့ မဆလာ ကော် ထည့်ပေးရသဖြင့် သက်သာတဲ့ အချိန် သို့ ခဏ ရောက်ရှိနေသည်၊ ဒီလိုနဲ့ သူ့တာ၀န် ကို့တာ၀န် ကျေအောင် လုပ်နေရင် ထမင်းစား နား ချိန်သို့ ရောက်ရှိလာခဲ့ပါ ပြီ

အလုပ်သမားလေးတွေ စုပြီးထမင်းချိုင့် ကိုယ်စီ ဖွှင့်လို့ထမင်းစားနေချိန်တွင် မိုးက သည်သည်မဲမဲ ရွာချတော့သည် သူတို့ အဖွဲ့ ထဲက ပန်ရံဆရာကြီးက

“ဒီနေ့လည်တော့ နားရတော့မယ်ဟေ့ မိုးတိတ်လည်း အလုပ်လုပ်လို့ အဆင်ပြေမှာ မဟုတ်တော့ဘူး”

ပန်းရံဆရာကြီး စကားကြောင့် ကျန်တဲ့ သူတွေ အေးအေးစေးစေး ပေမဲ့ သုတ တစ်ယောက်ကတော့ စိတ်ပျတ်လက်ပျတ်နဲ့ မိုးကိုသာ ကျိမ်ဆဲ နေတော့သည် မိုးကလည်း ရွာနေတာ မစဲတော့ တချို့ အလုပ်သမားများ အိပ်တဲ့ သူက အိပ် စကားပြောတဲ့ သူကပြောနဲ့ ပျင်းရီဖွယ် ရှိနေလေသည် ထိုအချိန်တွင် ဆိုက်ရဲ့ တာ၀န်ရှိသူရောက်လာပြီး

“ဒီညနေပိုင်း အလုပ် ဘယ်သူဆင်းမလဲ ရေမြောင်းလုပ်ဖို့”

“ကျနော် လုပ်မယ်”

“ကျနော် လုပ်မယ်”

အသံနှစ်သံက မတိမ်းမယိမ်း ထွက်လာသည်

“အေး လာခဲ့ ကြ ငါ့တူတို့ စတို နားက ရေမြောင်းတွေ ဖော်ပေးကွာ ပြီးတော့ စတိုထဲ မ၀င်အောင် ပိတ်ပေး”

“ဟုတ်ကဲ့ ”

သုတ နဲ့ ကျော်သူဆိုသော ကောင်လေးတို့ မဆလာ မွှေရာမှာ အသုံးပြုသော ပေါက်ပြား တစ်ချောင်းဆီ ကိုင်လို့ အင်္ကျီများကို ချွတ်ပြီး မိုးရွာ ထဲသို့ ထွက်သွားကြလေတော့သည်။

မိုးကလည်း စာနာစိတ်ကင်းမဲ့စွာ ရွာနေပါသေးသည် သုတ နဲ့ ကျော်သူတို့လည်း စတိုထဲ ရေမ၀င်စေရန် ရေသွားရေလာကောင်းအောင် ပြုလုပ်ပေးနေရင်း စတိုကို လှည့်ပတ်ကြည့်ပြီး ရေမ၀င်စေရန် ပေးထားတဲ့ တာ၀န်ကို ထမ်းဆောင်နေပါသည် ၊ လွယ်လှသည်တော့မဟုတ် မိုးက ညနေ ပိုင်းရောက်မှစဲသွားတော့သည် သုတ နဲ့ ကျော်သူရဲ့ တာ၀န်က ပြီးဆုံးပြီတကား။

အလုပ်သမားအားလုံး မိုးက ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီမို့ အိမ်သို့ ပြန်ရန် ပြင်ဆင်နေကြတော့သည် သု နဲ့ ကျော်သူတို့ အပါအ၀င်ပါ၊ ထိုအချိန်ခဏတွင် ဆိုက်ရဲ့ တာ၀န်ခံရောက်လာပြီး

“သုတ နဲ့ ကျော်သူ ”

“ဟုတ်ကဲ့ ရှိပါတယ် ”

သူတို့နှစ်ယောက် ရှေ့ထွက်ပြီး တာ၀န်ခံ ရှေ့့သွားရပ်လိုက်သည်နှင့်

“ကျေးဇူးတင်လိုက်တာ ငါ့တူတို့ကို စတို ထဲရေ၀င်ရင်မလွယ်ဘူးကွ ဘိနပ်မြေတွေ အတော ပျက်စီးမှာ ငါ့တူတို့ နှစ်ယောက် ညနေပိုင်းအတွက် ဦးလေး တနေ့ကုန်စာ ရှင်းပေးလိုက်မယ် မနက်ကနေ့တပိုင်းကတော့ ကျန်တာတွေ နဲ့ တခြားလူတွေလိုပေါ့ကွာ”

“ဟုတ်ကဲ့ ဦးလေး”

သူတို့ နှစ်ယောက်လုံး ပျော်ရွှင်သွားတော့သည် သူတို့ ပုဆိုးတွေ ရေဆိုနေလို့ အေးနေတာတွေတောင် ပျောက်ချင်ချင် ဖြစ်မိမယ်ထင်၏

“ကျော်သူ မင်းလည်းအလုပ်ကြိုးစား ပါလားကွ”

“သုတ ကလည်း မင်းလည်းဘာထူးလို့လည်း လောဘ ကြီးလိုက်တာ”

“မကြီးလို့ မရဘူးလေကွာ ငါက အိမ်မှာ အကြီး”

သုတပြောတာကို ကျော်သူလေးလေးနက်နက်နားထောင်နေပြီး

“ငါလည်း တူတူပါပဲကွာ”

သုတ နဲ့ ကိုကျော်ဌေး အိမ်သို့ ပြန်လာကြသည် သုတ ပုဆိုးတောင် လေသလပ်လို့ ခြောက်မလိုတောင် ဖြစ်နေပါပြီ

“သုတ မင်းအိမ်ရောက်ရင် ဆေးလေးဘာလေးသောက်ဦး”

“ရပါတယ်ဗျ ဘာမှမဖြစ်ပါဘူး”

“မိုးက အချိန်ခါမဟုတ်ဘူးကွ ဖျားတက်တယ် မင်းမိုးမိတာ အကြာကြီး ”

“သောက်လိုက်ပါမယ် ကိုကြီးကျော်ဌေး ကျနော့် ညီအတွက် ဖိနပ် ၀ယ်လိုက်ဦးမယ် ”

“ငါ ၀ယ်နေကျဆိုင်က ကောင်းတယ်ကွ ”

“နောက်ပြန်ပြီ ကိုကြီးကျော်ဌေးက ကျွန်‌ေတာ်တို့ လမ်းထဲ မှာ အဲ့ ဆိုင်ပဲ ရှိတယ်လေ”

“အေး ဟုတ်သားပဲကွ”

“ဟားးးးး ဟားး”

နှစ်ယောက်သား အပူပင်ကင်းမဲ့စွာ ရယ်လိုက်တော့သည် ကိုကျော်ဌေး သုတကိုကြည်ံပြီး ပျော်နေမိခြင်းဖြစ်သည် သူ့ညီအတွက် ဖိနပ်၀ယ်ဖို့ ပိုက်စံရလာသဖြင့် ပျော်ရွှင်နေသော အခုလိုအပြုံးမျိုးကို မြင်ရခဲယဉ်လှသည်မဟုတ်လား

သုတ ရဲ့ အပျော်က နည်းနည်း လျှော့ကျသွားရသည် အကြောင်းက

“ဟာ သွားပါပြီဗျာ ဆိုင်ကပိတ်ထားတယ် ကိုကြီးကျော်ဌေး”

ချက်ချင်း ညှိုးကျသွားသော သုတ မျက်နှာကို ကိုကျော်ဌေး ကြည့်လိုက်ပြီး

“သုတကလည်း ပိုက်စံ ရှိနေပြီပဲကွာ မနက်ဖြန်မှ ၀ယ်လို့ ရတာကို မနက်ဖြန်၀ယ်တော့ ပို အသစ်ရတာပေါ့ ကွ”

“ကျွန်‌ေတာ့်ညီ ကမျှော်နေမှာဗျ”

“ဆန်းထူးက သိတက်ပါတယ်ကွာ”

“သိတက်လို့ ပိုခက်နေတာပေါ့ ကိုကြီးကျော်ဌေးရေ”

နှစ်ယောက်သား စကား သိပ်မပြောဖြစ်ပဲ အိမ်အပြန်လမ်းကို ကို့အတွေးနဲ့ ကို ဆက်လျှောက်လာရင်း သုတို့ အိမ်နားအရောက်

“သုတ နောက်နေ့မှ တွေ့ မယ်ဟေ့”

“ဟုတ် ကိုကြီးကျော်ဌေး”

သုတ အိမ်သို့အ၀င်

“ကိုကြီး ပြန်လာပြီ အမေ့ ”

သက်ထား ဆိုတဲ့ ကလေးမ လေး သူမ အမေကို သတင်းပို့ပြီး သုတ ဆီပြေးလာကာ

“ကိုကြီး ညီမလေး အတွက်မုန့်ပါလား အမေပြောတာ ဒီနေ့ အကိုကြီးပိုက်စံရမှာတဲ့”

“ဒီနေ့ မိုးရွာလို့ မပါခဲ့ဘူးညီမလေးရဲ့ မနက်ဖြန်မှ ကိုကြီး အများကြီး ၀ယ်ခဲ့မယ် ”

“ဟွန်း”

မကျေမနပ်ဖြစ်သွားတဲ့ သူ့ညီမ သက်ထားလေးကို ကောက်ချီလိုက်ပြီး

“နောက်နေ့ ကိုကြီး တကယ်၀ယ်ခဲ့ ပါမယ်ကွာ”

“ရပါတယ် ယုံပါတယ်ကိုကြီး”

သုတ သက်ထားလေးကို အိမ်ပေါ်သို့ တင်ပေးလိုက်ချိန်တွင် ဆန်းထူးက သုတ အား နည်းနည်း အကဲခက်ကြည့်လိုက်ပြီး လက်ထဲမှာ ဘာမှ မမြင်သည့်အတွက် သူကျတ်နေသော စာကိုသာ ပြန်ကြည့်နေလိုက်တော့သည် ဒါကို သဘောပေါက်သွားသောသုတက

“ဆန်းထူး ”

“ဗျာအကို”

“လာပါဦးကွ”

“ဟုတ်အကို ”

ဆန်းထူး စာအုပ်လေးကို ကိုင်ပြီး သုတ လျှောက်လာသည် သုတနားရောက်တော့ သုတ က

“မင်း ငါ့ကို စိတ်ဆိုးနေတာလားကွ”

“ဟာ မဆိုးပါဘူးဗျာ”

“မညာပါနဲ့ကွာ မင်းအကို ဖြစ်တဲ့ ငါသိတာပေါ့”

“တကယ် မဟုတ်ပါဘူး အကိုရာ အကို့ကို စိတ်မဆိုး၀န့်ပါဘူး အမှန်တိုင်ပြောရရင် စိတ်မကောင်းရုံပါ”

“ငါလည်း စိတ်မကောင်းပါဘူးကွာ ဆိုင်က ပိတ်ထားလို့ ”

ဆန်းထူး သုတ အားပြုံးပြီးကြည့်နေတာကို

“ဆန်းထူး က မယုံဘူးထင်တယ် ရော့ ဒီမှာ ပိုက်စံ ညီလေးသိမ်းထား မနက်မှပြန်ပေး အကို မနက်ဖြန်မှ ၀ယ်ခဲ့ မယ်”

သုတ ပိုက်စံ ထုတ်ပေးလိုက်သောအခါ ဆန်းထူးပြာပြာသလဲ ဖြစ်သွားပြီး

“တောင်းပန်ပါတယ်အကို အကို့ကို မယုံမကြည် ဖြစ်မိတဲ့ အတွက် ”

“မလိုပါဘူး ဆန်းထူးရာ အကိုက အကြီးပါကွ အကိုလည်း အဲ့ လို ခံစားချက်တွေ ဖြစ်ဖူးပါတယ်ကွာ”

“ဟုတ်အကို ကျွန်‌ေတာ် စာကျတ်တော့မယ်”

“အေးအေး အကို မနက်ဖြန်မှ ဆတ်ဆတ်၀ယ်ခဲ့ ပါမယ်”

“ဟုတ်ကဲ့ အကို ”

သုတ အိမ်ပေါ်သို့ ရောက်ချိန်တွင် သူ့ ရဲ့ မိခင် ဒေါ်လှကြည်က

“သုတ ရေအရင်ချိုးလိုက် အမေထမင်းပြင်ထားတယ်”

“ကျွန်‌ေတာ် ရေမချိုးတော့ ဘူးအမေ ”

“မင်းကလည်း မြန်မြန်ချိုးလိုက် ပေစုတ်နေတာကို”

သုတ လည်း သူ့အမေကို ပြန်စောဒက မတက်ချင်တာကြောင့်
ရေအမြန်ချိုးရန် ဆုံးဖြတ်လိုက်တော့သည်

အိုးလေးထဲက ရေတခွက်လောင်းလိုက်ချိန်တွင်

“ဟူးးးး အေးလိုက်တာ”

ရေကို ခပ်မြန်မြန် ချိုးလိုက်ပြီး အ၀တ်စားလဲကာ သူ့အမေပြင်ပေးထားတဲ့ ထမင်းကို စားလိုက်သည်

“အမေ ကောစားပြီးလား”

“မဆာသေးလို့ စားပါ”

“အငယ်နှစ်ယောက်ကော အမေ ‘

“သူတို့လည်း မစားရသေးဘူး”

“တခါထဲ စားကြရအောင်အမေ ရယ် ဆန်းထူး သက်ထား လာကြ ထမင်းစားမယ်လေ”

“ဟုတ် ကိုကြီး”

“ဟုတ်အကို ”

သူတို့ တွေ မိသားစု ဝိုင်းဖွဲ့ လို့ ထမင်းစားနေကြတော့သည် ဟင်းမကောင်းပေမဲ့ သူတို့ ရဲ့ မျက်နှာမှာတော့ အပြုံးတွေက ကိုယ်စီ ဒါပေမဲ့ သုတ ရဲ့ ပြုံးနေတဲ့ မျက်နှာက နီရဲ နေတာ သူတို့ သတိထားမိမယ်မထင် သုတ အအေးမိလို့ ဖျားနေပါပြီ

နေလုံးကြီးက လောကကို အလင်းပေရန်အားပြုနေတာကို အာရုံတက်တယ်လို့ခေါ်ကြတာလား ဒီအချိန်မှာတော့ သုတ အစောကြီးနိုးနေပါပြီ ခေါင်းကလည်း ကိုက်နေသေးသည် ဟန်မပျက်အောင်ကလည်းနေရသေးသည်။

ဒေါ်လှကြည်ကတော့ ထမင်းချက်ရန် ပြင်ဆင်နေပါသည်

“အမေ့ ကျွန်‌ေတာ်ဘာလုပ်ကူရဦးမလဲ အမေ”

“သုတ အစောကြီးနိုးနေတာလား ရပါတယ် အမေပဲလုပ်လိုက်ပါမယ်”

“အမေ့ ဆန်းထူးက စာတော်တယ်တဲ့ သက်ထားလည်းတော်တာပါပဲ’

“ဟုတ်တယ် မင်းညီ ညီမတွေက စာတော်ကြတယ် မင်းတုန်းကလည်းတော်ပါတယ်”

သူ့အမေ စကားကြောင့် သုတ ပြုံးလိုက်မိသည် သုတ ကျောင်းတက်စဉ်က သုတ တို့ အတန်းပိုင် ဆရာမလေးက သုတ ကိုကျောင်းဘယ်အခါမှ မထွက်ခိုင်းဖို့ သုတ အဖေနဲ့ အမေ ကို တတွတ်တွတ် မှာဖူး၏

“ကျနော်ကတော့ သူတို့တွေကို ပညာတက်ဖြစ်စေချင်တယ် ကျနော့်လို မဖြစ်စေချင်ဘူး လုပ်ရတာမလွယ်ဘူးအမေ”

သုတ စကားကြောင့် ဒေါ်လှကြည် စိတ်ထိခိုက် သွားရသည် သုတ ကိုလည်းသေချာကြည့်လိုက်မိသည်

သုတတောင် အသားတွေမဲ ပြီး ပိန်နေလိုက်တာ ၁၅ နှစ်ဆိုတဲ့ နုနယ်ရမဲ့ အရွယ်မှာ သုတ တစ်ယောက်မပါဘူးလို့တောင်ထင်ရပါတယ် သုတ ငယ်စဉ်က အချိုးစားကျလှပတဲ့ မျက်နှာလေးက အခုတော့ ကြင်နာတက်တဲ့ တဲ့ မျက်လုံးကလွဲပြီး ကျန်တာတွေ က မလှပတော့ သက်တူရွယ်တူ မိန်းခလေးတွေ တချို့သူတွေ သုတ ကိုတွေ့ရင် အထူးအဆန် အကြည့်တွေကြည်နေတာကို သူဂရုမစိုက်အားတော့ ကလေးသာသာ အရွယ်လေးက သာမာန်မဟုတ်တဲ့ ၀န်ကို ထမ်းနေရလို့ ၁၅ နှစ်လို့ ပြောရင်တောင် ဘယ်သူမှ မယုံချင်တော့ ဒေါ်လှကြည် သုတ အကြောင်းတွေးပြီး ကျလုလု မျက်ရည်ကို မီးဖိုမှ ထွက်သော မီးခိုးကြောင့် ဖြစ်သလိုလိုနဲ့ လက်နဲ့ သုပ်လိုက်ရင်း

“သုတ လည်း ပင်ပန်းနေပြီးထင်တယ်”

“မပင်ပန်းပါဘူးအမေ ကျွန်‌ေတာ်ညီလေးနဲ့ ညီမလေး ကျောင်းဆက်တက်နိုင်ရင် ကျနော် မပင်ပန်းပါဘူး ဘယ်တော့မှ ပင်ပန်းမှာ မဟုတ်ဖူးအမေ”

“အေးပါသားရယ်”

“အမေ့ ညီလေး နဲ့ ညီမလေးကို နှိုးလိုက်မယ်နော် ကျွန်‌ေတာ်အလုပ်မသွားခင် သူတို့ကို နုတ်ဆက်ချင်တယ်”

“နှိုးလိုက်လေ သုတ”

သုတ အိမ်လေးပေါ်သို့တက်သွားပြီး အိပ်နေသော ဆန်းထူးအာ ပခုံးကို လှုပ်လိုက်ပြီး

“ညီလေး ညီလေး ဆန်းထူး ထ ထ”

ဆန်းထူး လူးလိမ့်ပြီး ထ လာက

“အကို့ အစောကြီးရှိသေးတယ်လေ”

“မစော တော့ဘူး အကို သွားတော့မှာ ညီလေးအတွက် ဖိနပ် ၀ယ်ရမယ်လေ”

“အရေး မကြီးပါဘူး အကိုရာ ”

“ကြီးတာပေါ့ ညီလေးရ ညီးလေးလည်း နောင်တချိန်ကျရင် ညီမလေးနဲ့ အမေ့ ကို ဂရုစိုက်ရမယ်နော်”

“စိတ်ချ ကျွန်‌ေတာ် အကို့ထက်မပိုရင်တောင် မလျှော့စေရပါဘူး”

“ဒါမှ သုတညီကွ သွား သွား မျက်နှာ သစ် တော့ အကို ညီမလေးကို နှိုးလိုက်ဦးမယ်”

သုတ လည်း သူ့ညီမလေး သက်ထားကို ခေါင်းလေးကို ပုတ်ပြီး

“ညီမလေး ထတော့ လေ တအားအိပ်ရင် ၀က်ကြီး ဖြစ်တက်တယ်ကွ”

“ဟာ ကိုကြီးကလည်း အိပ်နေတာကို အစောကြီးရှိသေးတယ် မထဘူး”

“အဲ့ ဒါဆို ညီမလေးက ကိုကြီးကို ချစ်ဖူးပေါ့ ”

“ဘာဆိုင်လို့လဲ ကိုကြီးကလည်း”

“ဆိုင်တာပေါ့ ကိုကြီးကိုချစ်ရင် ကိုကြီးစကားနားထောင်ရမယ်လေ”

“နားထောင်ပါ့မယ် ”

သက်ထားလေး မကျေမနပ် လူလဲထလိုက်သည် မျက်လုံးက ဖွင့်မရသေး ယိုင်တိုင်ယိုင်တိုင် နဲ့ လမ်းလျှောက်မလို့ လုပ်နေတာကို သုတ ပြုံးပြီးကြည့် နေရင်း

“လာပါ ညီမလေးသက်ထားရယ် လဲနေပါဦးမယ်”

သုတ သူ့ညီမလေးကို မျက်နှာသစ်ရန်ရေအိုးသို့ ခေါ်သွားပေးရန် ကောက်ချီလိုက်ချိန်တွင် ခေါင်းကိုက်နေတဲ့ အတွက် နည်းနည်း ယိုင်သွားသည် ဒါပေမဲ့ သူသက်ထားကို ကောက်ချီလိုက်သည် သက်ထားကတောင်

“ကိုကြီး အသားကြီးက တအားပူနေတယ် နေမကောင်းဘူးလား ”

လက်သေးသေးလေးနဲ့ သုတ နဖူးကို စမ်းရင်ပြောလိုက်သည် သုတကလည်း

“မဖျားပါဘူး ဆရာ၀န်မလေးရယ် မီးဖိုနားက ထ လာလို့ပါ”

“ညီမလေးက အကိုကြီးကို ချစ်လို့ ပြောတာပါ”

“ဟားးး အလုပ်က ပြန်လာရင် မုန့် တွေ အများကြီး ၀ယ်လာခဲ့ ပါမယ်ကွာ”

“‘ဒါမှ ဒို့ကိုကြီးကွ”

သက်ထား သုတ ရဲ့ ပါးကိုနမ်းပြီးပြောလိုက်လေတော့သည်

သုတ တို့ မိသားစု မနက်စာကို တူတူ စားနေကြသည် စကားတွေလည်း ပြောလိုက်ရယ် လိုက်နဲ့ တကယ့်စိတ်ချမ်းသာစရာ မြင်ကွင်းလေးပါ သူတို့ ထမင်းစား နေ ချိန်တွင် ကိုကျော်ဌေး ထုံးစံ အတိုင်းရောက်လာပြီး

“သုတ ရေ့ သွားအောင်ဟေ့”

“ဟုတ် ကိုကြီး လာပြီဗျို့”

သုတ ထမင်းချိုင့် လေးကို ယူပြီး

” အမေ့ သားသွားတော့မယ် ”

သုတ ထူးထူးဆန်းဆန်း သားလို့ နာမ်စားသုံးလိုက်သည် ဓဒါ်လှကြည်လည်း

“အေးအေး သား ဂရုစိုက်နော် သား”

“ဟုတ်အမေ”

ပြီးတော့ ညီလေးတွေ ညီမလေးတွေ ဘက်လှည့်ကာ

“ဆန်ထူး အကို ၀ယ်ခဲ့ မယ်နော်”

“ရပါတယ် အကို့ ရာ”

“ညီမလေး သက်ထား ကိုကြီး မုန့်တွေ အများ ကြီး၀ယ်ခဲ့မယ်နော်”

“ကိုကြီး ပြန်လာခဲ့နော်”

“ပြန်မလာတော့ဘူးကွာ ညီမလေးအတွက် ၀ယ်ထားတဲ့ မုန့်တွေ ကို အကုန်စားပြီး ပြန်မလာတော့ဘူး”

သုတ စကားကြောင့် သက်ထား စိတ်ဆိုးသွားပြီး

“အကိုကြီးနော် မုန့် မပါပါ အကိုကြီးပြန်လာခဲ့နော်”

“လာမှာပေါ့ ညီမလေးရယ် အကို မှ နေစရာဆိုလို့ ဒီအိမ် နဲ့ ချစ်စရာ ဆိုလို့ ညီမလေး ပဲ ရှိတာကို”

ဆန်းထူးကလည်း သက်ထားကိုပဲ ချစ်တယ်ဆိုလို့ မကျေနပ်တဲ့ ပုံစံပြနေသေသည် ဒါကိုသိတော့ သုတက

“ကိုကြီးက အမေ့ ကိုကော ညီးလေး ကိုကော ညီမလေးကိုကော အားလုံးကို ချစ်တာ”

အဲ့လိုပြောမှ ဆန်းထူး ပုံမှန် ပြန်ဖြစ်သွားတော့ သည် သုတ ရယ်နေလျှက် လက်ပြ နုတ်ဆက် ပြီး ကိုကျော်ဌေး နဲ့ အတူ လုပ်ငန်းခွင် ၀င်ရန် ထွက်သွားပါတော့သည်

သုတ ဖိနပ်ဆိုင်ရှေ့ အရောက်

“ကိုကြီး ကျွန်‌ေတာ် တခါတည်း ဖိနပ်၀ယ်လိုက်ဦးမယ် အပြန်ကျ ဆိုင်ပိတ် နေမှာ ဆိုးလို့”

“အေးပါကွာ ”

ကိုကျော်ဌေး ရပ်စောင့်နေလိုက်သည် မကြာလိုက်ပါ သုတ ဖိနပ်လေးဆွဲ လို့ ပြန်ရောက်လာပြီး

“တစ်ခုတော့ စိတ်အေးရပြီ ကိုကြီးရေ အငယ်မ အတွက်ပဲ ကျန်တော့တယ်”

ကိုကျော်ဌေး သုတကို ကြည့်ပြီး

“သုတ နေကောင်းရဲ့လား မင်းကြည့်ရတာ နေသိပ်မကောင်းသလို ပဲ”

“ကောင်းပါတယ်ဗျ”

“ဒီနေ့ကကောင်းမှပဲ လေ အပေါ်ထပ် ကျောက်လောင်းရမှာ ငါကြားတာကတော့ ပုတ်ပြတ်ပေးမယ်ဆိုလားပဲ”

“ကောင်းတာပေါ့ ကိုကြီးရ စောစောပြီးတော့ အိမ်စောစောပြန်ရတာပေါ့”

“အေးပါကွာ အေးပါကွာ”

ကိုကျော်ဌေး နဲ့ သုတ အလုပ်သို့ ရောက်ပါပြီ ထိုနည်းတူ တခြားသူတွေလည်း ရောက်ရှိနေပါပြီ သုတ လည်းသူ့ညီအတွက် ဖိနပ်လေးကို သူ့ထမင်းချိုင့်လေးနဲ့ မလှမ်းမကမ်းမှာ ထားလိုက်ပြီး အလုပ်စလုပ်ပါတော့သည် ။

သုတ တို့ အခုကျောက်လောင်းမှာဖြစ်တဲ့ အတွက် ဘိနပ်မြေ သဲတို့ကို ရောမွှေကာ ကျင်းဖြစ်အောင် လုပ်ပြီး အဲ့ ထဲသို့ ကျောက်များကို ထည့်ကာ ဝိုင်းမွှေလိုက်တော့သည် အပေါ်မှ ပန်းရံစရာကလည်း အသင့် ဖြစ်နေပြီမို့ အမျိုးသမီးတွေက ဗန်းတွေ နဲ့ သယ်ကြပြီး ကောင်လေးတွေက ဆေးပုံးတွေ နဲ့ သယ်ကြရသည် ၊ဒီလို နဲ့ တစ်ယောက် တလှည့် သယ်လိုက် ထည့်ပေးလိုက် နဲ့ ထမင်းစားနားချိန် ရောက်ခါနီး ဖျော်ထားတဲ့ သရိုးတွေက ကုန်ခါနီး သုတ အလှည်ရောက်လာသည် ။

“ကျော်သူ နှစ်ခေါက်စာလည်း မရှိဘူး ငါ့ထဲအကုန်ထည့်လိုက်ကွာ”

“သုတ အလေးကြီးပဲနော် တက်ရမှာလည်းမြင့်တယ် ”

“ရတယ်ကျော်သူ ထည့် ငါနိုင်တယ် ”

“အေးကွာ ငါသယ်ရမလား သုတ ”

“ရပါတယ်ကွ ငါသယ်နိုင်ပါတယ်”

ကျော်သူ လည်းဘာမှဆက်မပြော ပဲ ထည့်ပေးလိုက်သည် ဆေးပုံ နဲ့ ပြည့်ခါနီး ဖြစ်သွားသည်

“ကျော်သူ ပင့်ပေးဦးကွ”

“အေးအေး”

ကျော်သူလည်း သုတကို ပင့်ပေးလိုက်ပြီး ဂေါ်တွေကို ရေဆေးနေလိုက်သည်

“အားးးးးးး”

ကျော် သူ အသံလာရာဘက်သို့ လှမ်းကြည့်လိုက်မိသည် သုတ အပေါ်သို့ရောက်ခါနီး လှေခါးတစ်ထစ်အလိုကို လှမ်းတက်လိုက်ချိန်တွင် သုတ နောက်ပက်လက်လန် ကျသွားပြီး လှေကားအရင်းသို့ ကျလာကာ ကံဆိုးစွာနဲ့ ကွန်ကရစ်တွေ လောင်းတာ မကြိုက်က်လို့ ဖျက်ထားတဲ့ ကွန်ကရစ်တုံး တွေက သုတအား အသင့်စောင့်နေသယောင်

“ဒုတ် ”

“သုတ သုတ ”

အပေါ်မှ ကိုကျော်ဌေး ပြေးဆင်းလာသလို အောက်မှ ကျော်သူက သုတ ကိုပွေ့ထားကာ အလုပ်သမားတွေ အားလုံး ထိတ်လန့် စိတ်မကောင်းစွာ နဲ့ သုတ ကို ဝိုင်းကြည့်‌ေနကြသည် ၊ ကိုကျော်ဌေးရောက်သွားချိန်တွင်တော့ သုတ ကမလှုပ်တော့

သွေးတွေက မြင်မကောင်းအောင် ထွက်နေပါသည် သုတကိုပွေ့ ထားတဲ့ ကျော်သူမှာကို သွေးတွေက မနည်းလှ ကိုကျော်ဌေး ကတော့ ငိုနေပြီး

“သုတ ငါဒေါ်လေးကို ဘယ်လိုပြန်ပြောရမှာလဲကွာ”

သိပ်မကြာပါ ဆိုက်တာ၀န်ခံ ရောက်လာပြီး

“ကလေးကို ဆေးရုံ ပို့ကျအောင် ကိုကျော်ဌေးက သူ့မိဘကို ခေါ်ပြီးဆေးရုံလိုက်ခဲ့ပါ ”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ကိုကျော်ဌေး ပြေးထွက်သွားတော့သည် သုတသာစကားပြောနိုင်ခဲ့ မယ်ဆိုရင် ကိုကြီးကျော်ဌေး ဆန်းထူး ဖိနပ်လေး ယူသွားပါဦးလို့ ပြောမှာ သေချာပေသည် အခုတော့

“ဒေါ်လေး ဒေါ်လေး ”

“ကျော်ဌေး အမောတကော နဲ့ ဘာဖြစ်လို့လဲ ဟဲ့”

“ဟို သုတ သုတ”

“ငါ့သား သုတ သုတ ဘာဖြစ်လို့လဲ ”

“သု တ သု တ တိုက်ပေါ်က ပြုတ်ကျပြီး ဆုံး ပြီဒေါ်လေး”

“ဘာ ”

ဒေါ်လှကြည်တုန်လှုပ်‌ေခြာက်ချားစွာ ဖြစ်ပြီး စကားပြောချင်းငှာ သိပ်တောင်မစွမ်းနိုင်တော့ပါ

“ဒေါ်လေး သတိထားပါ ဗျာ အခုလိုက်ခဲ့ပါဗျ”

“အေးအေး”

ဒေါ်လှကြည် နဲ့ ကိုကျော်ဌေး အလျှင်အမြန်ထွက်ခွာသွားတော့သည်၊ ဒါပေမဲ့ သူတို့ မသိလိုက်တာက ဆန်းထူးတစ်ယောက် ထရံဘေးလေးမှာကပ်နားထောင်နေတာကို သူတို့ မသိလိုက်ပါ ဆန်းထူး သူ့အကို ပြောတဲ့ စကားတွေကို နားထဲမှာ ထပ်တလဲလဲ ပြန်ကြားယောင်နေမိသည် ၊ သူတို့ အပေါ် အရမ်းကြင်နာ တက်သော အကိုတစ်ယောက် ဘယ်တော့မှာ ပြန်မလာနိုင်တော့တဲ့ အတွက် မျက်ရည်တွေက ထိန်းမရအောင် စီးကျနေမိသည် ထို အချိန်တွင်

“ကိုလေး ဘာလို့ ငိုနေတာလဲ အကိုကြီးက ညီမလေး တို့အတွက် ၀ယ်လာမှာပါ တိတ်တော့နော်”

သက်ထားက ဆန်းထူးကို ဖိနပ်မ၀ယ်ရသေးလို့ စိတ်မကောင်း ဖြစ်နေတယ် အထင်နဲ့ နှစ်သိမ့် ပေးနေရှာသည်

“ညီမလေး ကိုလေးတို့ အကိုကြီးက ခရီးထွက်သွားတယ်လို့ ဦးကျော်ဌေးလာပြောတယ်”

“ကိုကြီးက ဘာမှလည်းလာမပြော ဘူး ကိုကြီးကို ချစ်တော့ဘူး”

“ညီမလေး အဲ့ လိုမပြောရဘူးလေ ကိုကြီးက ကိုလေးတို့ အတွက် ခရီး ထွက်တာနေမှာပါ သူသိရင် စိတ်မကောင်းဖြစ်နေလိမ့်မယ် ”

“ဘာဖြစ်ဖြစ် ကိုကြီး ပြန်လာရင် အကြားကြီး စိတ်ကောက်ပြစ်မယ်”

သက်ထား မကျေမနပ်နဲ့ အရုပ်ကလေးများနဲ့ ဆက်ကစားနေပါတော့သည် ။

ဆန်းထူးကတော့ သုတ မှာခဲ့ တဲ့ စကားတွေကို ပြန်ကြားရင် သူမြင်ယောင် မိတာကတော သူကျောင်းသွားနေတဲ့ လမ်းက လက်ဘက်ရည်ဆိုင်က

****စာပွဲထိုး အလိုရှိသည်****

ဆိုတဲ့ ကြော်ငြာလေးကိုဖြစ်လေပါတော့သည်။

ပြီးပါပြီ
မောင်တင်ဆန်း