————————

“အမေ ကျုပ်ကိုဖုန်းဝယ်ပေးဦး”

“သမီးရယ် အမေတို့မှာစားဖို့တောင် အနိုင်နိုင် ဘယ်လိုလုပ်ဖုန်းဝယ်လို့ရမှာလည်း။
အမေတို့မှာကသမီးအဖေလုပ်စာလေးကိုပဲအားထားနေရတာ ဝယ်မပေးနိုင်ပါဘူးသမီးရယ်”

“ဟာအမေကလည်း သမီးသူငယ်ချင်းတွေအကုန်လုံး ကိုယ်စီဖုန်းတွေနဲ့သမီးတစ်ယောက်ပဲ မကိုင်နိုင်သေးတာ ဘယ်လောက်မျက်နှာငယ်ရတယ်ထင်လဲ အမေတို့ကိုတကယ်စိတ်ပျက်တယ် သားသမီးလေးတစ်ယောက်တည်း ရှိတာတောင်ဘာမှဖြည့်ဆည်းမပေး နိုင်ကြဘူး။ အမေတို့အိမ်မှာလူလာဖြစ်ရတာ တကယ်ကံဆိုးတယ်သိလား”

“ဟင်,ဘယ်လိုများပြောလိုက်တာလဲ သမီးရယ်၊အမေတို့အိမ််မှာလူလာ ဖြစ်ရတာကံဆိုးတယ်ဟုတ်လား။ ပြောရက်လိုက်တာသမီးရယ် အမေတို့သမီးလိုချင်တာမှန်သမျှ အကုန်ဖြည့်ဆည်းပေးချင်တာပေါ့ကွယ် သမီးကိုလူတန်းစေ့ထားချင်တာပေါ့ သူများထက်တောင်ထားလိုက်ချင်သေး ဒါပေမယ့်အမေတို့ဘဝတွေက သမီးသိတဲ့အတိုင်း စိတ်ပဲရှိတယ် နောက်ကလိုက်မယ့်ငွေမှမရှိပဲကွယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲသမီးရယ်။

“ဟာမသိဘူး အခုမှမျက်ရည်ခံ လာထိုးပြမနေနဲ့။ သမီးလိုချင်တာဝယ်မပေးရင်တော့ အိမ်ကနေထွက်သွားရမှာပဲ”

“မလုပ်ပါနဲ့သမီးရယ် သမီးအဖေပြန်လာရင် အမေပြောကြည့် ပါအုံးမယ်။

“ပြီးရော မဝယ်ပေးလို့ကတော့ အိမ်မှာနေမယ်လို့တော့မထင်နဲ့”

“အေးပါသမီးရယ်”

တစ်ဦးတည်းသောသမီးဖြစ်သူ အိမ့်အိမ့်မှဖုန်းဝယ်ခိုင်းနေသဖြင့် မိခင်ဖြစ်သူ ဒေါ်တင်လှ စိတ်ညစ်နေ သည်။

ညနေ၅နာရီခန့်ရောက်တော့ ဒေါ်တင်လှ၏ခင်ပွန်းဖြစ်သူအလုပ်မှ ပြန်ရောက်လာသည်။
“ကိုသိန်းအောင် အလုပ်ကရောက်မဆိုက် ပြောရအုံးမယ် ”

“ဘာလဲ မတင်လှရဲ့”
“တော့်သမီး အိမ့်အိမ့်က ကျုပ်ကိုဖုန်းဝယ်ပေးပါလို့ နားပူနေတယ် တော့်။ အဲဒါဝယ်မပေးရင်အိမ်မှာမနေဘူးဆိုပြီး ကျုပ်ကိုပြောနေတယ်”

“ခက်တော့တာပဲကွာ ငါတို့မှာစားဖို့တောင်အနိုင်နိုင် ဘယ်လိုလုပ်ဖုန်းကဝယ်နိုင်မှာလဲကွာ။ သူ့ကိုမဝယ်ပေးနိုင်​ဘူးလို့သာ ပြောရမှာပဲ”

“ဘယ်လိုလုပ်ဖြစ်မှာလဲတော့် ရှင့်သမီးအကြောင်းလည်းသိရဲ့သားနဲ့ တော်ကြာအိမ်ကထွက်သွားရင် ဘယ်လိုလုပ်မလဲ။

“အိမ်း,ငါတော့ဒီကလေးနဲ့တော့ စိတ်ညစ်တာပါပဲကွာ။ ငယ်ငယ်ကတည်းကအလိုလိုက်ထားတော့ဆိုးချင်တဲ့အတိုင်းကိုဆိုးနေတော့ တာပါပဲ။

“ဒီလိုလုပ်ပါလား ကိုသိန်းအောင် ကျွန်မရဲ့နားကပ်လေးကိုရောင်းပြီး သမီးကိုဖုန်းဝယ်ပေးလိုက်မယ်လေ။
“ဘယ်လိုလုပ်ဖြစ်မလဲကွ အဲဒီနားကပ်လေးက မင်းနဲ့ငါရဲ့ မင်္ဂလာဦးပစ္စည်းလေ။ ငါမရောင်းရက်ပါဘူးကွာ”
“သြော်,ရှင်ကလည်း မဂ်လာဦးပစ္စည်းတွေဘာတွေထက် ကိုယ့်သမီးလောက် အရေးမကြီးဘူးမလား။ ရှိတန်ဆာမရှိဝမ်းစာပေါ့ ကိုသိန်းအောင်ရယ် ကျုပ်ပြောတဲ့အတိုင်းသာလုပ်စမ်းပါရှင် တော်ကြာသမီးလေးအိမ်ကထွက်သွား မှဖြင့် ဒုက္ခဖြစ်ရချည်ရဲ့” ”

အေးကွာ ငါမနက်ဖြန်ကြရင် ရောင်းပြီးဝယ်ပေးလိုက်မယ်ကွာ ဟုတ်ပြီလား။
“အဲဒါဆို ရှင်ခဏနားပြီး ရေချိုးလိုက် ခဏနေရင် ထမင်းစားကြတာပေါ့။
“အေးအေး”

ည၇နာရီခန့်ရောက်တော့ ထမင်းစားရန်ပြင်လိုက်ကြသည်။
“မတင်လှ မင်းသမီးရော ဘယ်သွားလဲ”
“သူ့အခန်းထဲမှာနေမှာပေါ့ စိတ်ဆိုးပြီး အခန်းအောင်းနေတာလေ ရှင်သွားပြီးချော့လိုက်ပါအုံး။
“အေး ငါသူ့ကိုထမင်းစားဖို့ ချော့ခေါ်လာခဲ့မယ်” ”

သမီးရေ သမီး အဖေဝင်လာခဲ့မယ်နော်” ဦးသိန်းအောင်လည်း အခန်းတံခါးကို အသာဖွင့်ပြီးဝင်လာခဲ့သည်။

“သမီးဘာလုပ်နေတာလဲ ထမင်းစားရအောင်လေ”
“မစားချင်ဘူး အဖေတို့ပါသာစားကြ” ”

ဘာဖြစ်နေတာလဲ သမီးရယ် အဖေ့ကိုပြောလေ”
“မပြောချင်ဘူး ပြောလည်း ဝယ်ပေးမှာကြနေတာပဲ”

“သြော်သမီးရယ် စိတ်မကောက်ပါနဲ့တော့ သမီးလိုချင်တဲ့ဖုန်းကို အ​ေဖမနက်ဖြန်ကြရင်ဝယ်ပေးမယ်နော်။ အခုတော့အဖေတို့နဲ့အတူ ထမင်းလာစားလှည့် သမီး”

“အဖေတကယ်ပြောတာလား”

“တကယ်ပြောတာပေါ့သမီးရဲ့ သမီးကသမီးလိုချင်တဲ့ဖုန်းကို ဝယ်ပေးမယ်တဲ့လေ။ ”

အင်းအဲဒါဆို စားမယ်”

“လာသမီး”
ဦးသိန်းအောင်လည်း သမီးဖြစ်သူအား ချော့ခေါ်ကာထမင်းစားရန် အခန်းထဲမှ ထွက်လာခဲ့ကြသည်။

“သမီးလေးထွက်လာပြီလား လာလာ ဟင်းတွေအေးကုန်တော့မယ် ထိုင်လိုက်ကြအုံး။

“ဟင်,ဟင်းကဒါပဲလား ကျုပ်မှကြက်ဥဟင်းမကြိုက်တာ”

“သြော်သမီးရယ် သမီးအဖေလုပ်အားခလေးနဲ့ ဆန်ဝယ်ဆီဝယ်လိုက်ရင် ဘာမှမကျန်တော့ဘူးသမီးရဲ့ အခုခေတ်ကုန်စျေးနှုန်းကိူလည်း သမီးသိသားနဲ့။ ကြက်ဥစားရတာတောင်ကံကောင်း တယ်လို့မှတ်ရမယ်သမီးရေ။

“ဟုတ်ပါတယ်သမီးရယ် ဒီနေ့တော့ဒါလေးနဲ့ပဲစားလိုက်နော် နောက်ရက်ကြရင်အဖေသမီးစားချင်တဲ့ ဟင်းကိုမေကြီးချက်ခိုင်းလိုက်မယ်။ စားစားသမီး”

ဦးသိန်းအောင်ကဝင်ပြောလိုက်မှ ထမင်းစားတော့သည်။
================

“ကိုသိန်းအောင် ရော့သေချာယူသွားနော် လမ်းမှာပြုတ်ကျနေအုံးမယ် သမီးကိုလည်းခေါ်သွားအုံး။

“အေးပါဟ ငါသိပါတယ်”
“သမီးရေ ပြီးပြီလား ပြီးရင် သွားကြမယ်ဟေ့”

“ဟုတ်လာပြီအဖေ”

သားအဖနှစ်ယောက် ဖုန်းဝယ်ရန် အိမ်မှထွက်လာခဲ့ကြသည်။ လမ်းထိပ်ရောက်တော့ အသိမိတ်ဆွေ တစ်ဦးနှင့်ဆုံမိကြသည်။

“ကိုသိန်းအောင်ဘယ်လဲဗျ”

“သြော် ကိုခင်စိန်ပါလား ကျုပ်သမီးကိုဖုန်းဝယ်ပေးဖို့ အဲဒါဖုန်းဆိုင်သွားကြမလို့လေ။ ”

အံမယ်မိုက်လှချေလား ကိုသိန်းအောင်ခင်ဗျားတို့အဆင်ပြေ နေတယ်ပေါ့လေ။

“အဆင်ပြေလို့ဝယ်တယ်ရယ်လည်း မဟုတ်ပါဘူးဗျာ။ သမီးကဖုန်းမှဝယ်မပေးရင် အိမ်မှာမနေဘူးလို့ပြောလို့ သမီးစိတ်ကြိုက်လိုက်ဝယ်ပေးရမှာဗျို့ ပိုက်ဆံရှိလို့ဝယ်ရတာလည်း မဟုတ်ပါဘူးဗျာ ဒီလိုပဲရှိတဲ့ဟာလေး ရောင်းချပြီးဝယ်ပေးရတာပေါ့။

“အဖေကလည်း လူကြားရင် သမီးကိုမကောင်းတဲ့သူဖြစ်အောင် လျှောက်ပြောနေပြန်ပြီ။

“ကဲ ကိုခင်စိန်ရေသွားလိုက်ဦးမယ်ဗျာ”

“ကောင်းပါပြီဗျာ ကောင်းပါပြီ အင်း,တော်တော်မွေးရကျိုးနပ်တဲ့ သမီးပဲ။ မိဘရှိမှန်းမသိ မရှိမှန်းမသိ ကိုယ်လိုချင်တာဇွတ်ဝယ်ခိုင်းနေတာကိုး ကိုသိန်းအောင်ကြီးကလည်း သားသမီးကိုအလိုလိုက်လွန်းပါတယ်လေ။ ကိုခင်စိန်လည်း ကိုသိန်းအောင်တို့သမီးအားစိတ်ထဲကနေပြစ်တင်နေမိတော့သည်။

“အဖေ ဖုန်းဆိုင်သွားမယ်ဆိုပြီး ဘာလို့ရွှေဆိုင်ကိုခေါ်လာတာလဲ”

“ပစ္စည်းလေးရောင်းစရာရှိလို့ပါ သမီးရယ်”

ဦးသိန်းအောင်လည်းမဝံ့မရဲဖြင့် ရွှေဆိုင်ထဲသို့ဝင်လာခဲ့သည်။

“မဂ်လာပါဦးလေး ဘာများအလိုရှိပါသလဲ”

“သြော် ဒီလိုကလေးမရဲ့ ဟိုဟာလေ ဦးလေးရွှေနားကပ်လေး ရောင်းချင်လို့ပါ။

“ဟုတ်ကဲ့ပစ္စည်းလေးကို တစ်ချက်ပြကြည့်ပါနော်” ”

ဒီမှာပါကလေးမ”

“ဟုတ်ကဲ့ ခဏလေးနော် ဦးလေး မန်နေဂျာကိုပြကြည့်လိုက်ပါအုံးမယ်”

ဆိုင်မှအရောင်းဝန်ထမ်းကောင်မလေး လည်းအတွင်းထဲသို့ဝင်သွားလေသည်။ ၅မိနစ်ခန့်ကြာတော့မန်နေဂျာဖြစ်ဟန် တူသောလူတစ်ယောက်နှင့်ပြန်ရောက် လာသည်။

“ဒီကဦးလေးကရွှေနားကပ်ရောင်းမယ်ဆိုလို့ ဘယ်လောက်လောက်ရမယ်လို့ ဦးလေးမှန်းထားလဲ။

“ဦးလေးကတော့ လေးသိန်း၅သိန်း လောက်တော့ရမယ်ထင်ပါတယ်။ ဒီရွှေကလုပ်ထားတာလည်း အတော့်ကိုကြာနေပြီလေ ရွှေသားကလည်းကောင်းတယ်ဆိုတော့ အဲလောက်တော့မှန်းထားပါတယ်။

“ဟုတ်ကဲ့ ၅သိန်းတော့မရနိုင်ဘူးဦးရဲ့ အနည်းဆုံးလေးသိန်းခွဲတော့ရမယ်ဗျ။

“၅သိန်းတော့ပေးပါလားငါ့တူရယ်”

“တကယ်မရလို့ပါ ဦး လေးသိန်းခွဲ ပေးထားတာမိုင်ကုန်ပါပဲဗျ။

“အေးပါ ဒါဆိုလည်းလေးသိန်းခွဲပေါ့ ရောင်းမယ်ငါ့တူ”

“ဟုတ်ကဲ့ ဦးလေး ကိုက်မကိုက် ရေကြည့်ပါအုံး”

“သမီးရေ ပိုက်ဆံကိုက်မကိုက် ရေကြည့်ပါအုံးကွယ်”

အိမ့်အိမ့်ကပိုက်ဆံကိုက်မကိုက် ရေတွက်ကြည့်လိုက်သည်။

“ကိုက်တယ်အဖေ”

“ဟုတ်ကဲ့အဆင်ပြေပါစေဗျာ”

“လာအဖေသွားရအောင်”

“ခဏလေးသမီး ”

“ဘာလုပ်မလို့လဲအဖေရဲ့ နောက်ကျနေပြီ”

“ဟိုကလေးမ ”

“ရှင်ဦးလေး ဘာများအဆင်မပြေလို့လဲရှင့်”

“ခုနက နားကပ်လေးကို ဦးလေးကိုခဏပြပါလို့ရမလားကွယ် အဲဒီပစ္စည်းလေးက ဦးလေးဘဝ အတွက်အင်မတန်မှ တန်ဖိုးရှိတဲ့ ပစ္စည်းလေးမလို့ ခဏလောက် ကြည့်ပါရစေနော် တူမကြီး။

“ဂျာကြီးပြလိုက်ရမလား”

မန်နေဂျာဖြစ်သူလည်း ဦးသိန်းအောင် အားသနားပြီးခေါင်းညိတ်ပြလိုက်သည်။

“ပြလိုက်ပါ”

“ဒီမှာပါဦးလေး”

ဦးသိန်းအောင်ရဲ့လက်များက တုန်တုန်ယင်ယင်ဖြင့်ရွှေနားကပ် လေးအားပွတ်သပ်ကြည့်နေသည်။ မျက်ဝန်းအိမ်မှမျက်ရည်များက ပါးပြင်ပေါ်သို့တလိမ့်လိမ့်ဖြင့် စီးကျလာသည်။
ရွှေနားကပ်လေးအားဖွဖွလေးနမ်းကာ မှန်ကောင်တာပေါ်သို့ ပြန်ချထားလိုက် သည်။ အရောင်းဝန်ထမ်းကောင်မလေးနှင့် မန်နေဂျာတို့လည်း ဦးသိန်းအောင်ကို ကြည့်ကာစိတ်မကောင်းဖြစ်နေကြ သည်။

“ကျေးဇူးပါ တူမကြီးရယ် ဒီနားကပ်လေးကဦးလေးတို့ လင်မယားရဲ့မဂ်လာဦးပစ္စည်းလေးမို့ ဦးလေးသံယောဇဥ်တွယ်နေမိတာပါ။

“ဒီလောက်တန်ဖိုးထားရတဲ့ မဂ်လာဦးနားကပ်လေးကို ဘာဖြစ်လို့ဦးလေးရောင်းတာလဲရှင့် ဟိုမသိလို့မေးတာပါနော်။

“ဟိုမှာတွေ့လား တူမကြီး အဲဒါဦးလေးသမီးပေါ့ သူကဖုန်းကိုင်ချင် တယ်ဆိုလို့၊ဒီမဂ်လာဦးနားကပ်လေးကို ရောင်းရတာပါကွယ်။ တခြားရွေးချယ်စရာလမ်းမရှိလို့ အခုလိုလုပ်ရတာပါတူမကြီးရယ်။

“စိတ်မကောင်းလိုက်တာဦးရယ်”

“ကဲဦးလေးကိုပြန်ခွင့်ပြုပါအုံး”
“ဟုတ်ကဲ့ဦးလေး”

ဦးသိန်းအောင်လည်းဆိုင်ထဲမှ ထွက်လာခဲ့တော့သည်။

“ကြည့်ပါအုံးဂျာကြီးရယ် ဖခင်တစ်ယောက်မျက်ရည်ကျရတာ တောင်သားသမီးဖြစ်သူက တစ်ချက်ကလေးမှသနားဖော်မရဘူးနော်။

“သြော်.သားသမီးတွေ သားသမီးတွေ အလိုက်ကန်းဆိုး တစ်စက်မှမသိကြပါလားနော်။ သူများဒါဝယ်ရင်လိုက်ဝယ်ချင်တဲ့စိတ် သူများဒါဝတ်ရင်လိုက်ဝတ်ချင်တဲ့စိတ် မိဘအဆင်မပြေမှန်းမသိ​ ပြေမှန်းမသိ ကိုယ်လိုချင်တာကိုဇွတ်ဝယ်ခိုင်း ဇွတ်တွေပူဆာကြ မိဘဘက်ကို တစ်စက်မှတွေးမကြည့်ကြပါလား။

“သားသမီးတိုင်းတော့ သူလိုမဟုတ်ပါဘူး ဂျာကြီးရယ် သူကိုကလွန်လွန်းတာပါ။ လူနေတော့ခြုံကြားစိတ်နေတော့ဘုံဖျား ဆိုသလိုပေါ့ ဂျာကြီးရယ်။

ကဲပါ အဲဒါတွေအသာထားလိုက်တော့ စာရင်းတွေသေချာလုပ်ထားလိုက်အုံး”

“ဟုတ်ကဲ့ဂျာကြီး” ===================

“သားအဖတတွေပြန်လာကြပြီလား”

“ပြန်လာခဲ့ပြီမတင်လှရေ”

“သမီးဖုန်းဝယ်လာတာကြိုက်ရဲ့လား”

“ကြိုက်ပါ့ အမေရယ် အခုမှပဲဖုန်းကိုင်ရတော့တယ် ခဏလေးနော် သမီးသူငယ်ချင်းတွေကို သမီးဖုန်းဝယ်လာတာ သွားကြွားလိုက်အုံးမယ်။

အိမ့်အိမ့်လည်းခုန်ပေါက်ကာ အိမ်မှထွက်သွားလေသည်။

“မတင်လှမင်းနားကပ်ရောင်းလိုက်တာ ၄သိန်းခွဲရတယ်၊ဖုန်းဝယ်လိုက်တာက ၃သိန်းခွဲ ဒီမှာတစ်သိန်းပိုသေးတယ် မင်းသိမ်းထားလိုက် ကျန်းမာရေး အတွက်ကရှိသေးတယ်မဟုတ်လား။

“အင်းပါ သမီးလေးပျော်ရင် ကျွန်မတို့ပီတိဖြစ်ရတယ်မဟုတ်လား”

“ပီတိဖြစ်ရတာကတော့ဟုတ်ပါတယ် ဒါပေမယ့်ကွာ ငါတို့သမီးလေး အလိုက်သိခဲ့ရင်ကောင်းမှာပဲ အခုတော့ငါတို့ရဲ့မဂ်လာဦးပစ္စည်းလေး ရောင်းခဲ့ရပြီ မတင်လှရဲ့။

“ရှင်ကလည်းတော် မျက်ရည်ကျမနေပါနဲ့ သမီးလေးသိရင် စိတ်မကောင်းဖြစ်နေပါအုံးမယ်။ လူပဲကြိုးစားရင်နောက်ထပ်ရွှေတွေ အများကြီးထပ်လုပ်နိုင်တာပဲမလား။ ငိုမနေပါနဲ့ရှင်”

“ငါ့ကိုသာမငိုဖို့ပြောနေတယ် မင်းကရောဘာကြောင့်မျက်ရည်ကျ နေရတာလဲမတင်လှရဲ့။

“အို,ဒါက ဒါကတော့ရှင်”

အိမ်အိုလေးထဲကဇနီးမောင်နှံ နှစ်ယောက်ကတော့မျက်ရည်ကိုယ်စီ
ဖြင့်ကျန်နေခဲ့သည်။
လိုချင်တာကိုရလိုက်သည့်သမီးကတော့ သူငယ်ချင်းတွေထံသို့ကြွားဖို့အိမ်က ထွက်သွားလေပြီ။

ပြီးပါပြီ။
မိဘများအပေါ်အလိုက်သိစိတ်ရှိသောသားသမီးများဖြစ်ကြပါစေ။
ရွှင်လန်းကြပါစေစာဖတ်သူအပေါင်း
#အောင်ဓူဝံ