———————

ကျုပ်တို့ရွာ မနှစ်ကပြဇာတ်
မှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ဒီနှစ်မှာ ပြဇာတ်လုပ်မယ် မလုပ်ဘူးနဲ့အငြင်းပွားခဲ့ကြရာ နောက်ဆုံးတော့လည်း ရွာရဲ့ထုံးလမ်းစဉ်လာကို မဖြတ်လိုတာကြောင့် ဒီနှစ်လည်း ပြဇာတ်လုပ်ဖို့ တရွာလုံးသဘောတူ ဆုံးဖြတ်လိုက်ကြပြန်တယ်။ဒါပေမဲ့ ကျုပ်တို့ရဲ့ အစီစဉ်က နောက်ကျလွန်းနေပြီ။ခုဆိုသီတင်းကျွတ်လဆန်းထဲတောင် ရောက်နေပါပြီမဟုတ်လားဗျာ။ခုလိုရာသီနောက်ကျပြီဆို မင်းသမီးငှားရတာလည်း မလွယ်ဘူးဗျို့။မင်းသမီးတွေက ဒီလဆို ပွဲကစိပ်ပါဘိနဲ့ဗျာ။ခုလိုနောက်ကျလို့တော့ မင်းသမီးရဖို့က ရွှေထက်ပင်ရှားသဗျို့။ဒါပေမဲ့ ကျုပ်ကလည်း ရွာတွက်ဆို အကျိုးကြေကြေ အရည်ခန်းခန်းပဲဗျို့။
ကျုပ်တို့ အခုရောက်နေတာ
က မြင်းခြံမြို့ပေါ်မှာဗျ။အကြောင်းကတော့ သိတဲ့အတိုင်းပဲလေ ကျုပ်တို့ရွာပြဇာတ်အတွက် ကျုပ်ရယ် ရွာလူကြီးရယ် ပြီးတော့ ဂေါပကအဖွဲ့ရယ် မြင်းခြံမြို့ဆီ အငြိမ့်မင်းသမီး လာငှားကြတာပေါ့။ကျုပ် ထင်တဲ့အတိုင်းပါပဲဗျာ။ကျုပ်တို့မှာ အငြိမ့်တွေ တစ်ငြိမ့်ပြီး တစ်ငြိမ့်ငှားလာခဲ့ ဘယ်အငြိမ့်ကမှ ဘယ်မင်းသမီးမှ တစ်လက်တစ်လေတောင် ကျုပ်တို့ မရတော့ဘူးဗျို့။ဒါလည်းသူတို့အပြစ်မဟုတ်ပါဘူး။ကျုပ်တို့က နောက်ကျတာကိုးဗျ။ကျုပ်တို့မှာလည်း နေကပူတော့ အားလုံးချွေးတမြိုက်မြိုက်နဲ့ပေါ့။ကျုပ်လည်း ရွာလူကြီး ဦးဘခိုင် ကိုလှမ်းကြည့်လိုက်တော့ သူ့နှဖူးပြင်ကျယ်ကျယ်ကြီးက ချွေးတွေက စီးလို့ကျနေပါလား။ဂေါပက ဦးမြဝင်း ကလည်းမျက်နှာက အဆီပြောင်နေပြီ သူတို့ကြည့်ရတာ ဘယ်မင်းသမီးမှ မရလို့ စိတ်ပျက်နေပြီထင်ပါရဲ့ဗျာ။ကျုပ်ကိုတောင် စကားမပြောကြတော့ဘူး။ဒါနဲ့ ကျုပ်လည်း နောက်ဆုံးမျှော်လင့်ချက်ကို သူတို့ကိုပြောလိုက်ရတာပေါ့…

!!! ကဲ..ဘထွေးခိုင် သိတဲ့အတိုင်းပဲ မင်းသမီးတွေကတော့ တစ်လက်မှ မအားတော့ဘူး။ဒီမြို့မှာ ကျုပ်တို့မရောက်သေးတာဆိုလို့ အငြိမ့်တစ်ခုပဲကျန်တော့တယ်။အဲဒီအငြိမ့်ဆီက မင်းသမီးတစ်လက်လောက်တော့ ကျုပ်တို့ မျှခိုင်းရမယ်။ဒီလိုမှမရရင်တော့ ကျုပ်တို့ရွာကိုသာပြန်ရုံရှိတော့တာပဲ ဘထွေးခိုင် !!!

ကျုပ်က အဲလိုပြောတော့ ရွာလူကြီး ဦးဘခိုင်က နောက်ဆုံးမျှော်လင့်ချက်မလို့လား မသိဘူးဗျ။သူ့မျက်လုံးက အရောင်တွေထွက်မတက် ဝင်းလက်သွားပြီး..

!!! အေးး ငမိုင်း ငါတို့က ရွာမှာအကြီးအကဲတွေမို့သာ လိုက်လာရတာ။ဒီကိစ္စမျိုးကျ မင်းလောက် ငါတို့က မကျွမ်းကျင်ဘူး။ဒီတော့ သွားစရာရှိတာသွား ငှားစရာရှိတာ အမြန်ငှားကွာ ဒီတစ်ခါ ငါတို့လက်နှေးလို့ မရရင် ရွာကိုဘယ်လိုမျက်နှာနဲ့ ပြန်ရမှန်းတောင် မသိတော့ဘူးကွာ !!

ဒီတော့မှ ဂေါပက ဦးမြဝင်း ကပါဝင်ပြီး..

!!! ဟုတ်တယ် ငမိုင်း ငါတို့သာ မင်းသမီး မရပဲရွာပြန်ရရင် တစ်ရွာလုံးရဲ့ ပြစ်တင်သံတွေထက် ရွာဦးကျောင်းဆရာတော်ရဲ့ အပြစ်တင်မှာကို ငါပိုကြောက်တယ်ကွာ။ဒီတော့ ဒီတစ်ခါတော့ ငါတို့မရ ရအောင်ကို ငှားရမှာပဲ ငမိုင်း။အို..နောက်ဆုံးကွာ အငြိမ့်ခေါင်းဆောင် မင်းသမီးကို ရှိခိုးပြီးတောင်းပန်ရ တောင်းပန်ရကွာ မင်းသမီး ရကိုရမှ ဖြစ်မှာကွ !”

ဟုတ်ပါတယ် ဦးမြဝင်း ပြောသလိုပါပဲ။ကျုပ်တို့ ခုချိန်မှာတော့ မင်းသမီးရဖို့ ဘာပဲလုပ်ရလုပ်ရပေါ့။ကျုပ်တို့ အခုသွားငှားမဲ့ အငြိမ့်က ဒေါ်သီတာစိုး ဦးစီးတည်ထောင်ထားတဲ့ အငြိမ့်ဗျ။သူကိုတိုင်ကလည်း တချိန်က မင်းသမီးကြီးပါ။ခုတော့ အရွယ်ရတာတော့ ငယ်ရွယ်သူ မင်းသမီးလေးတွေကို မွေးထားပြီး အငြိမ့်ထောင်တားတာပါ။ကဲ ပြောနေကြာပါတယ်ဗျာ။ကျုပ်တို့ အဲဒီကိုသွားကြဖို့ ခြေလှမ်းတွေက ဦးတည်လိုက်ကြပြီ။
သိပ်တော့မလှမ်းရပါဘူး။လိပ်စာအတိုင်းဆိုရင်တော့ ဟိုရှေ့က အိမ်ပဲဖြစ်မှာပါ။ဒါပေမဲ့ အဲဒီအိမ်က နည်းနည်းတော့ထူးဆန်းနေသလိုဗျ။အိမ်ထဲမှာလူတွေပြည့်နေကြတယ်။ကျုပ်တို့လည်း အခြေနေမှန် သိရအောင် ခြံနားတိုးသွားကြတယ်..

!!! ဘထွေးခိုင်..လိပ်စာအတိုင်းဆိုရင် ဒီအိမ်ပဲဗျ။ခက်တာက အိမ်ထဲမှာ လူတွေကလည်း မနည်းပါလားဗျာ။ဧကန္ဒ အလှူများလုပ်နေတာလား မသိဘူးဗျ !!!

!!! အေးးး ဖြစ်နိုင်တယ် ငမိုင်း။မင်းပြောသလို အလှူလုပ်နေတာပဲ ဖြစ်မှာပါ။ဟိုမှာ ဟိုမှာကြည့် ဘုန်းကြီးတွေတောင် ကြွလာပြီကွ။ကဲ လာကွာ ငါတို့ဗိုက်ဆာတာနဲ့ အတော်ပဲ။အလှူထမင်းဝင်စားပြီးမှ ငါတို့လာရင်းကိစ္စ ပြောကြတာပေါ့ကွာ။လာလာ ကိုမြဝင်း !!!

ဦးဘခိုင်က ဦးမြဝင်းကို ခေါ်ပြီး ပြောပြောဆိုဆို ခြံထဲဝင်ရန် ဟန်ပြင်လိုက်သဖြင့် ကျုပ် သူတို့လက်တွေကို ပြန်ဆွဲလိုက်ရတယ်ဗျ..

!!! ဘထွေးခိုင် နေပါအုံးဗျာ။အလှူ ဟုတ်မဟုတ် ကျုပ် စုံစမ်းကြည့်ပါအုံးမယ်ဗျ။ဟောဟိုမှာ လူတစ်ယောက်ခြံထဲက ထွက်လာပြီဗျ။နေအုံး ကျုပ် သူ့ကို မေးကြည့်အုံးမယ် !!

ကျုပ်လည်း ဒေါ်သီတာစိုး ခြံထဲကထွက်လာတဲ့ လူကို အကြောင်းစုံမေးကြည့်လိုက်တယ်…

!!! ဗျို့ အကို ဒီအိမ်က အငြိမ့်မင်းသမီး ဒေါ်သီတာစိုး အိမ် ဟုတ်လားမသိဘူး !!!

!!! သြော်..ဟုတ်တယ် ငါ့ညီ။ဘာလဲ ငါ့ညီက အငြိမ့်သွားငှားမလို့လား။ဒါဆိုရင်တော့ ငါ့ညီတို့ ပြန်တော့ !!

!!! ဗျာ ပြန်တော့ ဟုတ်လား။ဘာလို့လဲ မသိဘူး အကို !!!

!!! ဒီအိမ်မှာ အသုဘ ရှိတယ်ကွ။ဒီတော့ မင်းတို့ပြန်မှ သင့်တော်လိမ့်မယ် !!!

!!! ဗျာ..အသုဘ ရှိတယ် ဟုတ်လား အကို။

!! အေးး ဟုတ်တယ်။အငြိမ့်လာငှားတာဆို ဒီချိန်မသင့်တော်ဘူးလေ။ကဲကဲ အကိုလည်း သွားစရာရှိလို့ ခွင့်ပြုပါအုံး .!!!

ထိုလူက ပြောပြီးထွက်သွားသည်။ကျုပ်ကတော့ အရုပ်ကြိုးပျက်ပုံစံနဲ့ ကျန်နေခဲ့တယ်။ဘဒွေးခိုင်နဲ့ ဘဒွေးမြက ကျုပ်နားကိုခပ်သုတ်သုတ် လှမ်းလာကြတယ်။ပြီးတော့ သူတို့မျက်ဝန်းတွေက ကျုပ်ဆီက အဖြေကိုသိချင်ဇောအားကြီးနေကြသည်။ဒါကြောင့် ဘဒွေးခိုင် က..

!! ငမိုင်း ဘာတဲ့လဲကွ။အလှူဆိုတာ ဟုတ်တယ် မလား !!

ကျုပ် ဘဒွေးခိုင်ရဲ့ အမေးကို ဘယ်လိုဖြေရမလဲ။ကျုပ်တို့မှာ နောက်ဆုံးမျှော်လင့်ချက်နဲ့ ဒီနေရာအထိ ရောက်လာကြတာ။ခုတော့ ကျုပ်တုိ့ရဲ့ မျှော်လင့်ထားသမျှ သဲထဲရေသွန်ပေါ့။ဘဒွေးခိုင် တို့မျက်နှာတွေကလည်း အမိန့်ချသံနားထောင်နေတဲ့ တရားခံရဲ့ မျှော်လင့်ချက်မျက်ဝန်းတွေအလား ကျုပ်ဆီက အဖြေကို စောင့်နေကြပြီ။ဘဒွေးမြက ကျုပ်ကို ကြည့်ပြီး စိတ်မရှည်စွာနဲ့…

!! ဟေ့ ငမိုင်းး ဘာဖြစ်နေတာလဲ တို့မေးနေတယ်လေကွာ။အဲဒါ အလှူမဟုတ်လားလို့ !!

ကျုပ် ဘဒွေးမြ ဆက်ပီးမေးတော့မှ သတိပြန်လည်ပြီး..မပြောမပြီး၍ ပြောရပေတော့မပေါ့ဗျာ..

!! မဟုတ်ဘူး ဘဒွေးမြ။ကျုပ်တို့ အခုမြင်နေရတဲ့ မြင်ကွင်းတွေက ဒီအိမ်မှာ အသုဘချဖို့ စီစဉ်နေကြတဲ့ မြင်ကွင်းတွေပဲဗျ !!

!!! ဘယ်လို ဘယ်လို အသုဘ ချဖို့ ဟုတ်လား ငမိုင်း !!

!! ဒါ ဒါဆို ငါတို့က..!!

!! လာရာလမ်းတိုင်း ပြန်လှည့်ရုံပေါ့ ဘဒွေးမြရယ်။ကျုပ်တို့မှာ ရွေးစရာမှ မရှိတော့တာပဲဗျာ !!

ထိုသို့ ကျုပ် ပြောလိုက်တော့ ဘဒွေးမြတို့ မျက်နှာငယ်လေးတွေ ဖြစ်သွားတာ မြင်ရတော့ ကျုပ်ရင်ထဲ မကောင်းဘူးဗျာ။ဒါပေမဲ့လည်း ဘယ်တတ်နိုင်မလဲ။ကျုပ်တို့မှာ မျှော်လင့်စရာ မရှိတော့သလို ဘာမှလည်း လုပ်လို့မှ မရတော့တာပဲ။ဒီတော့ ကျုပ် သူတို့ကို ခေါ်ပြီး လာလမ်းကိုသာ ပြန်လှည့်ခဲ့ရတော့တာပေါ့ဗျာ..
$$$$$$$$$$$$$$$$$$$$$$$

ကျုပ်တို့ အတော်လေးလှမ်းမိတော့ နောက်ကနေ ခေါ်သံကြားလိုက်ရတယ်ဗျ။အသံက မိန်းကလေးရဲ့ အသံ။ဒါနဲ့ ကျုပ်တို့လည်းနောက်ကို လှည့်ကြည့်လိုက်တယ်။ဟုတ်ပါတယ် အသက် ၁၈၊ ၁၉ အရွှယ် ကောင်မလေးဗျ။ကျုပ်တို့နောက်ကို အတင်းပြေးလာပြီး အော်ခေါ်နေတာ။ဘာတဲ့ သူခေါ်တဲ့ အမည်က..

!!! ဦးးလေးးကြီးး ဗျို့ ဦးးလေးးကြီးး နေပါအုံး !!!

ဦးလေးကြီးလို့ ခေါ်ပြီး ကောင်မလေးက ကျုပ်တို့ အနားရောက်လာတယ်ဗျ။သူ့ကို ကျုပ်တို့ မသိပါဘူးဗျာ။ပြီးတော့ ကျုပ်တို့ကို ခေါ်တာလည်း ဟုတ်ချင်မှ ဟုတ်မှာကိုး။ဒါနဲ့ ကျုပ်တို့လည်း ကိုယ့်လမ်းကို ဆက်လျှောက်လိုက်တယ်။ဒီတော့ သူက ကျုပ် လက်မောင်းကို ဆွဲထားပြီး ထပ်ခေါ်ပြန်တယ်…

!! ဦးးလေးကြီးး နေပါအုံးဆို !!”

ကျုပ် လှည့်ကြည့်လိုက်တယ်။ကျုပ် လက်မောင်းကို ဆွဲထားပြီး ခေါ်နေတော့ ကျုပ်ကို ခေါ်တာသေချာနေပြီပေါ့ဗျာ။ဒါနဲ့ ကျုပ်လည်း မေးမိတာပေါ့…

!!! အမိ ကျုပ်ကို ခေါ်တာလားဗျ !!

ကျုပ် အဲလိုမေးတော့ ကောင်မလေးက မျက်နှာလေး စူပုတ်ပုတ်နဲ့ ကျုပ်ကို မျက်စောင်းထိုးပြီးး

!!! ဟာ..ဦးလေးကြီး ကလည်း လူကိုကိုင်ပြီးခေါ်နေမှတော့ ဦးလေးကြီးကို မခေါ်လို့ သမီးက ဘယ်သူ့ကို ခေါ်ရမှာလဲ။ဦးလေးကြီးက တကယ် စိတ်တိုစရာကြီးပဲ !!

ကောင်မလေးက ဘောက်ကျကျ ပြန်ဖြေပြီး ကျုပ်ကို စိတ်ဆိုးနေတာလား သိပါဘူး။ကျုပ်ကလည်း ဒီအရွှယ်လေးတွေနဲ့ သိပ်ပြီးစကားက မပြောတတ်ဘူးဗျ။ဒါပေမဲ့ ကျုပ်ကို ခေါ်တဲ့ကိစ္စတော့ ကျုပ်သိချင်သားဗျ။ဒါနဲ့..

!! ကဲ အမိ ဆိုစမ်းပါအုံး။ကျုပ်ကို ခေါ်ရတဲ့ ကိစ္စလေး !

!! ဟို ဟိုလေ ဦးလေးကြီးတို့က မေမေ့ဆီကို လာတဲ့ ဧည့်သည်တွေမလား !!

!! မေမေ ဟုတ်လား။မေမေ ဆိုတာက !!

!!! အော် ဦးလေးကြီး ကလည်း ဝေးလိုက်တာ။မေမေ ဒေါ်သီတာစိုး ကိုပြောတာပေါ့ ရှင့် !!

ဟင်..ဒေါ်သီတာစိုး ဆိုပါလား။ဒါဆို ဒင်းလေးက အငြိမ့်မင်းသမီး ဒေါ်သီတာစိုးရဲ့ သမီးပေါ့။ကျုပ်တို့ စကားသံတွေထဲ ဒေါ်သီတာစိုးရဲ့ နာမည်ပါလာတော့ ဘဒွေးခိုင် တို့မျက်လုံးတွေက အရောင်တွေပြန်လက်လာသလိုဗျ။သူတို့ မျှော်လင့်ချက် မကုန်ဆုံးသေးဘူး ထင်ပါရဲ့ဗျာ။ပြီးတော့ ကျုပ် နားကို သူတို့နှစ်ယောက်လုံး မသိမသာတိုးကပ်လာကြပြီး နားတွေစွင့်နေကြပြီထင်ပါရဲ့။ကျုပ် လည်း ကောင်မလေးဘက် လှည့်ပြီး..

!! ဒါဆို အမိက ဒေါ်သီတာစိုး သမီးပေါ့ !!!

!! ဟုတ်ပါတယ်။သမီးက ဒေါ်သီတာစိုး ရဲ့သမီးပါ !

ကျုပ် ကောင်းမလေးကိုကြည့်ပီး ယုံရခက်နေပါပြီဗျာ။ဒေါ်သီတာစိုး သမီးမှန်ရင် သူ့မျက်နှာမှာ ဝမ်းနည်းတဲ့အရိပ်ယောင်တော့ ကျုပ် တွေ့ရမပေါ့။အဲအိမ်မှာ အသုဘ ရှိတယ်မလား။သူ့မိသားစုထဲက တစ်ယောက်ယောက် သေတာလေဗျာ။ဒါကို ဒင်းက မျက်နှာက မချိုမချဉ်နဲ့ဗျာ။ကျုပ် မယုံတာကို ဒင်းလေးက သိနေပုံဗျ..

!! ဘာလည်း ဦးလေးကြီးက မေမေ့ သမီးဆိုတာ မယုံလို့လား။မယုံလည်း သမီး ဘာမှမတတ်နိုင်ဘူး။သမီးက မေမေ မအားလို့ ဦလေးကြီးတို့ကို ကူညီမလို့ အပြေးလိုက်လာတဲ့ဟာကို မယုံလည်း နေပေါ့ !

ကြည့်ဗျာ ဒင်းကလေးကတော့ ကျုပ်တို့ အသည်းကို ဆွဲကိုင်လိုက်ပြီ။ကျုပ်တို့ အညှာကို ဒင်းကသိတယ် ထင်ပါရဲ့။ရေဆာတဲ့သူရှေ့ ရေဗူးလှုပ်နေပြန်ပါပြီ။မင်းသမီး မရလို့ စိတ်ပျက်နေရတဲ့ ကျုပ်တို့ကို ကူညီမယ်ဆိုတဲ့ အသံကြားရတော့ ဘဒွေးခိုင်နဲ့ ဘဒွေးမြ ကျုပ်တို့နား ရောက်လာပြီပေါ့ဗျာ..

!!ဘယ်လို ဘယ်လို သူငယ်မ ဘကြီးတို့ကို ကူညီမယ် ဟုတ်လား။ကူညီမယ်ဆိုလည်း လုပ်စမ်းပါအုံး သူငယ်မရယ်။ဘကြီးတို့မှာ မင်းသမီး ငှားလို့မရရင် တစ်ရွာလုံးက အပြစ်တင်ကြမှာကွယ့်။သူငယ်မ မေမေကို သွားပြောပေးမှာလား။ဒါဆိုလည်း မြန်မြန်သာ သွားပြောပေးပါကွယ်။အဘတို့ ဒီနားကပဲ စောင့်နေပါ့မယ် !!

ဘဒွေးခိုင် ကတော့ လိုချင်အပြင်ထွက် ဆိုသလို ထင်ရာတွေစွတ်ပြောတော့တာပဲ..

!! အဲလိုတော့ မေမေ့ကို ပြောလို့မရဘူး လေးလေးရဲ့။အခုအိမ်မှာ ကိစ္စနဲ့ဆိုတော့ မေမေ စိတ်မကောင်းဖြစ်နေတယ်လေ။ဒါပေမဲ့ ဘာမှ စိတ်မပူနဲ့ လေးလေး။သမီး ကူညီပါ့မယ် !!

ဒီစကားကြားလိုက်တော့ ဘဒွေးမြ မျက်နှာက ချုံထဲကမှိုမြင်လိုက်တဲ့ မျက်နှာမျိုးနဲ့..

!! ဒါဆို အဘ တို့ကို သမီးက ဘယ်လိုကူညီမှာလဲ။အဆင်ပြေရင် ကူညီပါ သမီးရယ်။သမီးကို အဘတို့ အားကိုးပါတယ်ကွယ် !!

!! ဟုတ်ကဲ့ လေးလေး။လေးလေးတို့ မေမေ့ဆီကို အငြိမ့်လာငှားရမ်းတာ သမီးသိပါတယ်။အိမ်မှာ အသုဘ ရှိလို့ လေးလေးတို့ မငှားပဲလှည့်ပြန်သွားကြတာကို စောစောက အိမ်ကတစ်ယောက်ပြောပြလို့ သမီး လေးလေးတို့နောက်ကို ကူညီဖို့ ပြေးလိုက်လာတာပါ။သမီး မေမေ့အစား လေးလေးတို့ရွာကို သမီး လိုက် က ပါ့မယ် !!

ကောင်မလေးဆီက ဒီစကားကြားရတော့ ဘဒွေးမြတို့တော့ ပျော်ကုန်တာပေါ့ဗျာ။ဒါပေမဲ့ ကျုပ်တော့ မပျော်နိုင်သေးဘူးဗျ။ဒါကြောင့်လည်း ..

!! အမိ ဆီကဒီလို စကားကြားရတာ ကျုပ် ဝမ်းသာပါတယ်။ဒါပေမဲ့ဗျာ အမိမှာ အုပ်ထိန်းသူ မိဘရှိတယ်လေဗျာ။သူတို့ မသိပဲ အမိကို ကျုပ်တို့ ဘယ်လိုစိတ်အေးစွာနဲ့ ပြဇာတ်ဖို့ သဘောတူနိုင်မလဲဗျာ။ပြီးတော့ ဒီကိစ္စက အုပ်ထိန်းသူ မသိရင် ဖြားယောင်းသွေးဆောင်ရာရောက်တယ် မလား။နေပါစေ အမိရယ်။ကူညီတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျာ။ဒါပေမဲ့ ဒီကိစ္စ ကျုပ်လက်မခံနိုင်ပါဘူး !!

ကျုပ် အဲသလိုပြောတော့ ဘဒွေးမြ တို့ကပါ..

!! ငမိုင်းပြောတာ သဘာဝကျတယ် သမီး။အဘတို့ကို ကူညီတာ သမီးကို ကျေးဇူးတင်ပါတယ်။ဒါမေဲ့ ငမိုင်း ပြောသလို အုပ်ထိန်းသူမသိပဲ အဘတို့ သမီးကို လက်မခံပါရစေနဲ့ သမီး !

!! ဒီတွက်လည်း မပူနဲ့ လေးလေး။သမီး မေမေ မသိပေမဲ့ သမီးရဲ့ ဖေဖေ့ကို ပြောပြခဲ့မှာပါ။ဖေဖေကလည်း ခွင့်ပြုမှာပါ လေးလေး။ဖေဖေလည်း ခဏနေ ရောက်လာပါလိမ့်မယ် လေးလေး !!

ကောင်မလေးကတော့ ပေါ့ပါးစွာ ပြောနေသည်။ကျုပ်မှာဖြင့် သူ့ကို ယုံရမလို မယုံရမလိုနဲ့ဗျာ။သူ့မျက်နှာလေးကလည်း ကလေးတစ်ယောက်လို ဖြူစင်နေပါလား။ကျုပ် ခုမှသူ့ကို သေချာကြည့်မိတယ်ဗျာ။သူ့မျက်နှာလေးက ကျက်သရေရှိလိုက်တာဗျာ။မြင်ရသူအဖို့ ရင်အေးစေမဲ့ မျက်နှာကလေးပဲ။ကျုပ် ကောင်မလေးကို ဘယ်လောက်ကြာအောင် ကြည့်နေမိတယ် မသိတော့ပါဘူးဗျာ။ကျုပ် အနား တစိမ်းတစ်ယောက် ရောက်လာတာတောင် ကျုပ် သတိမမူမိဘူးဗျ။ဘဒွေးခိုင်က ဒီလူ့ကို သေချာကြည့်ပြီးမှ…

!!! ခများ ကို ကျုပ်မြင်ဖူးပါတယ်။နေပါအုံး ဘယ်မှာ မြင်ဖူးတာပါလိမ့်။အော် သိပြီ သိပြီ ခများ ကျုပ်တို့ရွာကို အငြိမ့်မင်းသမီးနဲ့ အတူလိုက်လာဖူးတယ် မလား။လွန်ခဲ့တဲ့ ၅ နှစ်လောက်ကဖြစ်မယ်ထင်တယ်။ကျုပ် မှန်းတာမှန်ရင်တော့ ခများမှ ခများ အစစ်ပါဗျာ !!

ကျုပ်ကတော့ ဘဒွေးခိုင် ပြောနေသည်ကို လုံးဝနားမလည်။စောစောက သူစိမ်းကလည်း ဘဒွေးခိုင်ကို သေချာကြည့်ပြီး..

!! သြော်..သြော် ဘယ်သူတွေလည်းလို့ဗျာ။ရိုးတန်းရွာက နောင်ကြီးတွေပဲ !!

!! ဒါဆို ခများ အစစ်ပေါ့။ကျုပ်တို့ကို မှတ်မိတယ် ဟုတ်စ !!

!!! ဘယ်မမှတ်မိပဲ နေမှာလဲ နောင်ကြီးရယ်။ကျွန်တော့်ရဲ့ ထမင်းရှင်တွေပဲ ဘယ်မှာမေ့နိုင်မလဲဗျာ !!

သူစိမ်းဆီက စကားတွေကြားတော့ ဘဒွေးခိုင် မျက်နှာကဖီးလို့ဗျာ။ပြီးတော့ သူတို့စကားတွေက မပြီးကြသေးးး ဘဒွေးခိုင် အာပေါင်အာရင်းကြီးနဲ့ ပြောနေပြန်ပြီ..

!! ဒါဆို မင်းသမီး သီတာစိုးရဲ့ အမျိုးသားက ခများလား !!

!! အစစ်ပေါ့ နောင်ကြီးရယ်။ကျွန်တော်က သီတာစိုး ယောင်္ကျား၊ဒါလေးကတော့ ကျွန်တော့်နဲ့ သီတာစိုးတို့ရဲ့ တစ်ဦးတည်းသော သမီးလေး သံစဉ်ချို တဲ့ !!!

အော် အော် လက်စသတ်တော့ ခုဏ သူစိမ်းက ဒင်းလေးရဲ့ အဖေကိုး။ကျုပ် ခုမှပဲသဘောပေါက်တော့တယ်။ဒီလူ ကျုပ်တို့ရွာကို သူ့အမျိုးသမီးနဲ့အတူ လိုက်လာဖူးတာထင်တယ်ဗျ။ဒါကြောင့်လည်း ဘဒွေးခိုင်နဲ့ ဒီလူ သိတာပေါ့။ထိုလူကပဲ ဘဒွေးခိုင် ကိုဆက်ပြီး ပြောနေပြန်တယ်..

!! နောင်ကြီးတို့ ကျွန်တော်တို့ဆီ အငြိမ့်လာငှားတာ သိပါတယ်။ဒါပေမဲ့ အိမ်မှက ကိစ္စကြီးနဲ့ဆိုတော့ သီတာစိုးနဲ့တော့ တွေ့နိုင်မယ်မထင်ဘူး။ဒါပေမဲ့ ကျွန်တော် နောင်ကြီးတို့ကို ကူညီပါ့မယ်။ဒီကျွန်တော့် သမီးလေးက သူ့အမေလို အနုပညာကို လွန်စွာဝါသနာပါတာဗျ။ဒါပေမဲ့ သူ့မေက ကျောင်းပြီးမှ ဒီအလုပ်လုပ်ရမယ် ပြောထားတော့ သမီးလေးခမျာ သူ့ဝါသနာကို ပရိတ်သတ်ရှေ့ချပြခွင့်မရခဲ့ဖူးပေါ့ဗျာ။အခုလို အခွင့်ရေးကြုံတုန်း ကျွန်တော့် သမီးလေးကို နောင်ကြီးတို့နဲ့ကျွန်တော် စိတ်ချလက်ချ အငြိမ့်ကဖို့ ထည့်လိုက်ပါ့မယ်။ပြီးတော့ နောင်ကြီးတို့ကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။နောင်ကြီးတို့ အဆင်ပြေမယ်ဆို သမီးလေးကို တစ်ခါတည်းခေါ်သွားပါ။ဒါမှ မဟုတ်လို့ သူ့မေသိရင် နောင်ကြီးတို့အတွက်ရော သမီးလေး အတွက်ပါ မကောင်းနိုင်ဘူး။ဒီတော့ ဒီနေရာကတင်ပဲ သမီးလေးကို ကျွန်တော် ယုံယုံကည်ကြည်နဲ့ ထည့်လိုက်ပါရစေ။ကျွန်တော်လည်း အခြေနေကြည့်ပြိး နောက်ကလိုက်ခဲ့မှာပါ။ကဲဗျာ အချိန်သိပ်မရှိဘူး နောင်ကြီးတို့ သမီးလေးကို ခေါ်သွးတော့ !!

သူ့ဖေဆီက ဒီလိုစကားကြားရတော့ ဘဒွေးခိုင်နဲ့ ဘဒွေးမြ မျက်နှာတွေက မှိုရသည့်မျက်နှာမျိုးနဲ့..

!! ကျေးဇူးတင်လိုက်တာဗျာ။ခများ သမီးအတွက်တော့ ဘာမှမပူပါနဲ့ဗျာ။ကျုပ်တို့နဲ့ ခများတို့က ခုမှသိကြတာမှမဟုတ်တာပဲ။ခများသာ နောက်ကနေ မြန်မြန်လေး လိုက်ခဲ့ ကျုပ်တို့လည်း နေမဝင်ခင် ရွာကို အရောက်ပြန်ရပေအုံးမလေ။ဒါကြောင့် ကျုပ်တို့ကို ခွင့်ပြုအုံးဗျာ !!

ဘဒွေးခိုင် ကတော့ မိထားတဲ့ငါး လွတ်မယ်စိုးတယ် ထင်ပါရဲ့ဗျာ။စောစောက ကောင်မလေးကို ခေါ်ပြီးရှေ့ကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ကားဂိတ်ဆီကို လျှောက်နေလေရဲ့။ကျုပ်လည်း ဘာပြောလို့ ပြောရမှန်းတောင်မသိတော့ ပါဘူးဗျာ။မနက်က တနေကုန် မင်းသမီး လှည့်ရှာနေတာ ရှားလိုက်တဲ့ မင်းသမီး။ကဲ ခုတော့လည်း မထင်မှတ်ပဲ မင်းသမီးက ကောက်ရသလိုကြီး။ကဲပါ ဒါတွေကထားပါတော့ သိပ်အရေးမကြီးလှပါဘူး။အရေးကြီးတာက အဓိကအကြောင်းရင်း ကျုပ် မမေးလိုက်မိဘူး။ခုကျုပ်တို့နဲ့အတူ ပြဇာတ်ကဖို့ဆိုပြီး လိုက်လာတဲ့ မင်းသမီး သီတာစိုး ရဲ့သမီး သံစဉ်ချို တဲ့လေ။ဒီကောင်မလေးက သူ့ဖေ ပြောပုံဆို သူ့မေက ခွင့်မပြုထားတော့ အငြိမ့်ရောကတတ်ရဲ့လား မသိဘူး။ပြီးတော့သီချင်းရောဆိုတတ်ရဲ့လား။နောက်ပြီး ပြဇာတ်တွေထဲရော သရုပ်ဆောင်တတ်ရဲ့လား မသိပါဘူးဗျာ။ဒါတွေတစ်ခုမှ မလုပ်တတ်ရင်တော့ ကျုပ်တော့ မြင်ယောင်နေသေးဗျာ..ဒီနှစ်ကမဲ့ ကျုပ်တို့ရွာ အရပ်ပြဇာတ် ပန်းချီလေးဝင်း ပြဇာတ်လို အိုးနင်းခွက်နင်း ဖြစ်နေလိမ့်မယ်ဆိုတာကိုပေါ့ဗျာ….
@@@@@@@@@@@@@@@@@@

ကျုပ်တို့လည်း ရွာကိုနေဝင်မှ
ရောက်တယ်ဗျ။ကျုပ်တို့က ဒီနေ့ချက်ချင်းကြီး မင်းသမီး ပါမယ်ဆိုတာ ကြိုမသိတော့ အကြိုကမမှာခဲ့ရဘူးလေဗျာ။ဒါကြောင့် ကျုပ်တို့ ကားလမ်းကနေ ရွာကို ၂မိုင်လောက် လမ်းလျှောက်ခဲ့ရတော့ မှောင်တာပေါ့ဗျာ။ကျုပ်တို့က ယောင်္ကျားသားတွေဆိုတော့ သိပ်တော့လည်း ပြဿနာမရှိဘူးပေါ့ဗျာ။ဒါပေမဲ့ ဟိုကောင်မလေး အဲအဲ မှားလို့ မင်းသမီးဆိုတော့ မင်းသမီးပဲ ထားပါတော့ သူ့ကိုတော့ ကျုပ် အတော်အားနာမိတယ်။သူ့ခမျာ ခြေလျင်မလျှောက်ဖူးတော့ ခြေပန်းနေပြီထင်ပါရဲ့ဗျာ။ကျုပ်တို့ကို မှီအောင်မလျှောက်နိုင်ဘူး။ဒါကြောင့် ကျုပ်ကပဲ သူ့ကို စောင့်စောင့်ပြီး ခေါ်နေခဲ့ရတာပေါ့ဗျ။ခုတော့ ကျုပ်တို့ ရွာထိပ်ကိုရောက်လာပါပြီ။ကျုပ်တို့ ရွာထဲကိုဝင်မည် အလုပ် ရွာထဲကထူးဆန်းစွာ အော်သံ ဟစ်သံတွေက ကျုပ်တို့ရှိရာ ရွာ့အပြင်ဆီကို လာနေတဲ့အသံတွေဗျ။အသံတွေကတော့ ပွက်ညံနေတာပဲဗျို့။သူတို့အော်နေတဲ့ အသံတွေကလည်း လိုက်ကြဟ…လိုက်ကြ..ဆိုပါလား။မဟုတ်မှလွဲရော ရွာထဲခွေးရူးဝင်လာလို့ ရွာက ကာလသားတွေလိုက်နေကြတာ ထင်ပါရဲ့ဗျာ။ကျုပ်လည်း ဘဒွေးမြ တို့ကို ပြောကြည့်တော့..

!! ဘဒွေးမြ ရွာထဲက အသံတွေကြားတယ်မလား !!

!! အေးကွ..ငါလည်း ဒါပဲနားထောင်နေတာ။ရွာမှာ ဒီနေ့တစ်ရက်ပဲ ငါတို့မရှိတယ် ဘာတွေများဖြစ်ကုန်တယ် မသိပါဘူးကွာ !!!

!! ဟုတ်ပါရဲ့ မြဝင်း ရာ ဒီကောင်တွေ ငါမရှိတုန်းဘာတွေများ လုပ်နေကြတယ် မသိဘူး။အောင်မာ ဟိုမှာကြည့်စမ်း ဒင်းတို့က ဓားတွေ ဒုတ်တွေနဲ့ပါလား !!

ဟုတ်ပါရဲ့ ရွာကလူတွေ ဓားတွေဆွဲပြီး တမာန်မာန် ဖြစ်နေတာ ဘာကြောင့်များပါလိမ့်ဗျာ။လူအုပ်ကြီးက တဖြေးဖြေးနဲ့ ကျုပ်တို့နဲ့ နီးလာနေပြီဗျို့။လူအုပ်ကြီးနီးလာတော့ သူတို့ကိုပါဘယ်သူဘယ်ဝါကွဲပြီပေါ့ဗျာ။ရှေ့ဆုံးက ဓားကြီးရမ်းပြီးအော်ပြေးလာတာက လှဆောင်၊သူ့ဘေးက လှံကြီးနဲ့က အုံးမြင့် သူတို့နောက်က ဝါးရင်းတုတ်ကြီးကိုင်ပြီး ညာသံပေးပြေးလာနေတာက ဖိုးတုတ် ဗျ။ကျန်တဲ့သူတွေကလည်း ကျုပ်တို့ရွာသားတွေပါပဲ။သူတို့ ဘာကို သဲကြီးမဲကြီးလိုက်နေကြတာလဲ။သူတို့ဆီက အသံတွေကလည်း မိရင်သတ်ပစ်၊ခုတ်ပစ် ရိုက်ပစ်ဆိုတဲ့ အသံတွေက တဘက်ကပြေးနေသူအဖို့ အသံကြားတာနဲ့ လိပ်ပြာလွင့်လောက်ပါရဲ့ဗျာ။ဒီအသံတွေနဲ့ မမြင်ဖူးတဲ့ လူအုပ်ကြီးကို မြင်ရတော့ မင်းသမီးလေးက ကြောက်လို့ထင်ပါရဲ့ဗျာ ကျုပ်အနားကို ပြေးကပ်လာပြီး ကျုပ် လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်ထားတော့ ကျုပ်စိတ်ထဲ ဘာဖြစ်သွားမှန်းကို မသိဘူးဗျာ။ တစ်ခုသိတာတော့ ကျုပ် မင်းသမီးလေးကို သနားနေမိသလိုပဲဗျာ။

လူအုပ်ကြီးနဲ့ ကျုပ်တို့ ထိပ်တိုက်ဆုံကြပြီ။ဒီကောင်တွေက ကျုပ်တို့အနားရောက်တဲ့ထိ အသံတွေက မရပ်သေးဘူး။မင်းသမီးလေးက ပိုနီးလာတဲ့ လူတွေကိုမြင်ပြီး ကျုပ်နားကို ပိုကပ်လာပြီး ကျုပ် လက်မောင်းကို အတင်းဆုပ်ကိုင်နေတာ ကျုပ် အရမ်းကြောက်နေတဲ့ မင်းသမီးလေးကို ကြည့်ပြီး အလိုက်ကန်းဆိုး မသိတဲ့ ဒီကောင်တွေကို စွပ်ကောမိတာပေါ့..

!! ဟေ့..လှဆောင် မင်းတို့ကောင်တွေ ဓားတွေ ဒုတ်တွေနဲ့ ဘာဖြစ်လာတာလဲ။ဒီမှာ မင်းတို့လုပ်ပုံနဲ့ ငါတို့ရွာ ကမဲ့ မင်းသမီးလေး အတော်ကြောက်နေပြီကွ။မင်းတို့ မင်းသမီးကို အားနာဖို့ကောင်းတယ် !!!

ကျုပ် အဲလိုကောလိုက်တော့ လှဆောင်တို့ လူစုက ကျုပ်နောက်မှာကွယ်ပြီး ကပ်နေတဲ့ မင်းသမီးဆီကို အကြည့်တွေအားလုံးရောက်ကုန်ကြတယ်။ကျုပ်ကလည်း မတော်သေး ဒီကောင်တွေကို ဆက်အော်မိပြန်တယ်။

!! မင်းတို့ကွာ ပြဿနာတစ်ခုတွေ့ပြီဆိုရင် ဓားဆွဲ ဒုတ်ဆွဲနဲ့ ဒီမှာဧည့်သည် မင်းသမီး ရှိတယ်ဆိုတာကိုတော့ သတိထားအုံးမှပေါ့ကွ။ဒါနဲ့ နေစမ်းပါအုံး မင်းတို့တွေ ဘာဖြစ်လာကြတာလဲ။နောက်ပြီး ဘယ်သူ့နောက်ကို ဒီလောက်သဲကြီးမဲကြီး လိုက်နေကြတာလဲ ဖြေစမ်းပါအုံး !!

ကျုပ် အဲလိုမေးတော့ အုံးမြင့်က ရှေ့ထွက်လာတယ်။ပြီးတော့ သူ့မျက်နှာက တင်းမာခက်ထန်နေပြီိးးး

!! ဘာဖြစ်ရမှာလဲ ကိုကြီးမိုင်း ရာ။စောစောက ခေါင်းပြတ်ကြီးကို ကျုပ်တို့အားလုံး လိုက်ဖမ်းနေကြတာပေါ့ဗျ !!!

အုံးမြင့်ရဲ့ စိတ်မရှည်သလိုဖြေတဲ့ အဖြေက ကျုပ်ရော ဘဒွေးခိုင် တို့နှစ်ယောက်လုံးပါ နားမလည်သလို ဖြစ်သွားရတယ်။ဒါကြောင့် ကျုပ် အုံးမြင့်ကို ဆက်မေးလိုက်တယ်..

!! ဘယ်လိုကွ အုံးမြင့် ခေါင်းပြတ်ကြီး ကိုလိုက်ဖမ်းကြတာ ဟုတ်လား !!!

ဒီတစ်ခါ မင်းနောင်က စိတ်ရှည်ရှည်နဲ့ ကျုပ်တို့ကို ရှင်းပြတယ်..

!! ဒီလို ကိုကြီးမိုင်း။စောစောကပဲ ရွာက ကလေးတွေဆော့နေကြတုန်း ရွာတောင်တံခါးပေါ်မှာ လူခေါင်းပြတ်ကြီးကို မြင်ခဲတယ်ဆိုပြီး ကလေးတွေ ကြောက်လန့်ပြီး အိမ်ကိုပြေးလာကြတယ်။ဒါနဲ့ ကျုပ်တို့လည်း ကလေးတွေပြောတာ ဟုတ်မဟုတ်သွားကြည့်တော့ ခေါင်းပြတ်ကြီးက တကယ်ပဲဟုတ်တယ် ကိုကြီးမိုင်း။ရွာတံခါးပေါ်မှာ ပျံဝဲနေတာ ကျုပ်တို့အားလုံး မြင်ကြရတယ်။ဒါနဲ့ ကျုပ်တို့လည်း ရွာတွက် နိမိတ်မကောင်းဘူးဆိုပြီး တစ်ရွာလုံး ခေါင်းပြတ်ကြီးကို ဝိုင်းလိုက်ကြတာပဲဗျာ။ကျုပ်တို့ လိုက်တော့ ခေါင်းပြတ်ကြီးက ဒီဘက်ကို ထွက်ပြေးသွားတယ်ဗျ။စောစောက ကိုကြီးမိုင်း တို့နဲ့ မဆုံခင်ထိ ကျုပ်တို့ ခေါင်းပြတ်ကြီးကို မြင်နေရတုန်း။အခု ကိုကြီးမိုင်းတို့ ရှေ့တင်ပဲ ဘယ်ပျောက်သွားမှန်း မသိတော့တာ !!

မင်းနောင် အပြောကို မကျေနပ်သလိုသဘောနဲ့ ဖိုးတုတ်က..

!!! ဟာ ဘယ်ပျောက်ရမှာလဲ မင်းနောင်ရာ အပေါ်ကနေ ဒီ ကိုကြီးမိုင်း တို့နားကို ထိုးဆင်းသွားတာ ငါမြင်လိုက်ပါတယ်ဆိုတာ။ဒီခေါင်းပြတ်ကြီး ဒီနားမှာပဲရှိရမယ်ကွာ။တွေ့လို့ကတော့ကွာ ငါ့ဓားနဲ့ နုတ်နုတ်ကိုစဉ်းပစ်မယ် !!!

ဒီတစ်ခါ နိုင်ကြီးရဲ အပြောကြောင့် ကျုပ် မင်းသမီးကို အရမ်းအားနာသွားရသည်။ဒင်းပြောပုံကိုလည်း ကြည့်လေဗျာ…

!!! ကျုပ်တို့ရွာတော့ မနှစ်ကလည်း သရဲမဝင်ပူးနေတဲ့ အစိမ်းသေ မင်းသမီးအလောင်းကို ရွာမှာ အငြိမ့်ကဖို့ ငှားမိလို့ ကျုပ်တို့ရွာ တော်တော်ဆိုးဆိုးရွားရွား ဒုက္ခရောက်ခဲ့ရပြီးပြီ။ခုလည်း ဒီနှစ်ကမဲ့ မင်းသမီး ကျုပ်တို့ရွာထဲ ဝင်မလို့ရှိသေး အခုပြဿနာက စတတ်နေပြီ။ဒီခေါင်းပြတ်ကြီးကရော ဘယ်သူခေါ်လာတာလဲ ကိုကြီးမိုင်းရာ !!

နိုင်ကြီးရဲ့ မဆင်မခြင် စကားတွေကြောင့် ကျုပ် မင်းသမီးကို ပြန်ကြည့်သည်။တော်ပါသေးရဲ့ မင်းသမီးလေးက နိုင်ကြီး ပြောတာကို နားလည်ဟန်မတူဘူးထင်တယ်။သူ့မျက်နှာမှာ ဘာအရိပ်ယောင်မှ မတွေ့ရလို့ တော်သေး။ဒါပေသိ ဘဒွေးခိုင် ကတော့ နိုင်ကြီးကို ကြိမ်းမောင်းလိုက်ပါသည်..

!!! နိုင်ကြီး မင်း စကားကို ဘယ်လိုပြောလိုက်တာလည်း။မင်းတော့ကွာ ကျပ်ကျပ်သတိထား။ကဲ မင်းတို့ပြောတဲ့ ခေါင်းပြတ်ဆိုတာကြီးလည်း ခုမရှိတော့ဘူး မလား။ရွာထဲကို ဝင်ရအောင် ဧည့်သည် မင်းသမီးလေးကို အတော်အားနာဖို့ ကောင်းနေပြီကွ !!

ဘဒွေးခိုင် ပြောလိုက်တော့ အားလုံးရွာထဲပြန်ဝင်ရန် နောက်ပြန်လှည့်ကြသည်။ကျုပ်လည်း မင်းသမီးကို ရွာထဲဝင်ဖို့ ပြောတော့ မင်းသမီးက ကျုပ် လက်လက်ကို မလွတ်တော့ပဲ ကျုပ်နောက်ကနေပဲ လိုက်လာပါတော့တယ်ဗျာ..
“”””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””

ကျုပ်တို့ရွာမှာ မင်းသမီးလည်း ရောက်နေတာ ၃ရက်ပင်ရှိနေပါပြီ။ဒီနေ့ သီတင်းကျွတ်လဆန်း ၁၀ ရက်တောင်ရောက်လာပါလား။ကျုပ်တို့ ပြဇာတ်ကရက်လည်း သိပ်မလိုတော့ဘူးဗျို့။ပြဇာတ်က ၁၄၊၁၅ နှစ်ရက်လုပ်ကြမှာဗျ။ကျုပ်မှာလည်း အစီစဉ်ကမရှိတော့ အချိန်တိုအတွင်း ပြဇာတ်ရေးရတော့ ခုထိကိုဇာတ်သိမ်းရေးလို့မပြီးသေးဘူးဗျ။မင်းသမီးကိုတော့ ထုံးစံတိုင်းပဲ ကျုပ် အိမ်မှာပဲထားကြဖို့ တရွာလုံးကသဘောတူကြတယ်လေဗျာ။ကျုပ်က ပြဇာတ်ရေး ပြဇာတ်ဒါရိုက်တာ ဆိုတော့ မင်းသမီးကို ကျုပ်အိမ်မှာထားတော့ ကျုပ်လည်း ဇာတ်ဝင်ခန်းတွေကို အနီးကပ် မင်းသမီးနဲ့ တီးလုံးတိုက်ရတာတော့ အဆင်ပြေသားမလား။ကျုပ် အိမ်မှာက အဖေ အမေရယ် ကျုပ်ရယ်ပဲ ရှိတာ။မင်းသမီး အဖော်အတွက်တော့ ရွာက နှင်းမြ လေးက လာအိပ်ပေးပါတယ်။ဒီညတော့ ကျုပ်လည်း ပြဇာတ်ကို ဇာတ်သိမ်းပြီးအောင်ရေးမယ်ဆိုပြီး အပြင်ကိုထွက်ရေးနေမိတာ အနားမှာ ဘယ်သူမှမရှိဘူး။ကျုပ် တစ်ယောက်ထဲရယ် ဗျ။ကျုပ်တို့ဘက်ရာသီဥတုကလည်း သိတဲ့အတိုင်းပဲဗျို့ ဒီနှစ်ရာသီနောက်ဆွဲတော့ တော်သလင်းရာသီက ခုမှစတယ် ဆိုရမလားပဲဗျာ။နေ့ခင်းဆို သေအောင်ပူပြီး ခုလိုညဘက်ကျ တယ်လည်းအိုက်သကိုးဗျ။ဒါကြောင့် အိမ်ထဲမှာ မနေနိုင်လို့ ကျုပ် အပြင်ဘက်ထွက်ပြီး ဇာတ်လမ်းရေးနေရတာပေါ့ဗျာ။ရေးရင်းရေရင်းနဲ့ အချိန်ကလည်း အတော့်ကိုလင့်လာပြိဗျို့။လင့်လည်း မတတ်နိုင်ဘူးဗျာ ဒီညဒီပြဇာတ် ရေးပြီးမှဖြစ်မှာ။ပြဇာတ်ကဖို့ရက် နီးပြီမလား။အိမ်ကလူတွေကတော့ အိပ်ကုန်ကြပါပြီ။စောစောက မင်းသမီးနဲ့ နှင်းမြတို့ အခန်းတွင်းတော့ မီးမြင်သေးဗျ။ခုတော့ သူတို့လလည်းအိပ်ကြပြီ ထင်ပါရဲ့ ဘာမီးမှမမြင်ရတော့ဘူး။ကျုပ်လည်း ဇာတ်ကိုပြီးအောင်ရေးပြီးတော့ ပင်ပန်းလွန်းတာကြောင့် ပက်လက်ကုလားထိုင်မှာ ခဏမှိန်းနေလိုက်တာဗျ။

ကျုပ်လည်း အိပ်ပျော်သလိုလို ဘာလိုလိုဖြစ်သွားတယ်။မကြာပါဘူး ကျုပ်နားထဲ ဌက်ပျံတဲ့အသံလိုလို ကြားလိုက်ရပြီး ကျုပ် လန့်နိုးလာတယ်။ပြီးတော့ ပတ်ဝန်းကျင်ကို ကြည့်တော့လည်း အားလုံးက ပကတိ တိတ်ဆိတ်နေပါတယ်။ဒါဆို စောစောက အသံကဘာပါလိမ့်။ကျုပ် မကျေနပ်တာနဲ့ ပတ်ဝန်းကျင်ကို ဆက်လေ့လာကြည့်တယ်။မထူးခြားပါဘူး။ဒါနဲ့ ကျုပ်လည်း အိမ်ထဲဝင်အိပ်မယ်ဆိုပြီး အိမ်ဘက်ကိုအလှည့်…တွေ့ပြီ တွေ့ပြီဗျ စောစောကြားလိုက်ရတဲ့ အသံပိုင်ရှင် ကျုပ် အိမ်ခေါင်ပေါ်မှာ ဌက်ကြီးဗျ။ဘာ ဌက်လည်းတော့ ကျုပ် မသိဘူး။ခဏနေတော့ ဌက်ကြီးက အိမ်ပေါ်ကနေ ကျုပ်ခေါင်းပေါ်အနားကနေ ပျံသွားတယ်ဗျ။ဟာ…ကျုပ်ခုမှ ဌက်ဆိုတာကြီးကို သေချာကွဲကွဲပြားပြားမြင်ရတယ်။ဒီအကောင်ကြီိးကဌက်ကြီး မဟုတ်ဘူးဗျို့။လူခေါင်းကြီးဗျ ခေါင်းပြတ်ကြီး။

ခေါင်းပြတ်ကြီးက ကျုပ်အိမ်ကနေ ရွာအနောက်ဘက်ဆီကို သွားနေတာဗျ။ဘယ်ကိုမှလည်း လှည့်မကြည့်ဘူး။ကျုပ် ကိုလည်းမြင်ပုံမပေါ်ဘူးဗျ။ဒါနဲ့ ကျုပ်လည်း အိမ်နံရံက လှံတိုကိုဆွဲပြီး ခေါင်းပြတ်ကြီးနောက်ကို လိုက်တော့တာပဲဗျာ။ခေါင်းပြတ်ကြီးက သွားနေပုံက ဘာအသံမှမကြားရတော့ဘူး။ကျုပ်တို့ရွာကလူတွေ မပြောနဲ့ ရွာထဲ ခွေးတွေတောင်သိပုံမပေါ် ဘယ်ခွေးကမှ ထပြီးမဟောင်ဘူးဗျို့။ခေါင်းပြတ်ကြီးက တဖြေးဖြေးရွာ့အပြင်ကို ရောက်သွားပြီဗျို့။ကျုပ်လည်း မထူးဘူးဆိုပြီး သိချင်တာနဲ့ ဆက်လိုက်လာတာ ခေါင်းပြတ်ကြီးက ကျုပ်တို့ရွာ သုဿန်ကုန်းပေါ်ဆီ ထိုးပြီးဆင်းသွားတာဗျ။ကျုပ်လည်း သတိကြီးကြီးထားပြီး သုဿန်ကုန်းပေါ် တက်လာခဲ့တာပေါ့။ညကလဆန်း ၁၀ ရက်ညဆိုတော့ လရောင်လေးတော့ ရှိနေသားဗျ။ခေါင်းပြတ်ကြီးလည်း သုဿန်မြေပေါ် ရောက်ရောက်ချင်းဗျာ ခွေးအူသံတွေက နားကွဲမတက် အူကြတာဗျို့။ကျုပ် ကျက်သီးတွေတောင်ဗြန်းကနဲ ထမိသေးဗျာ။ဒါပေမဲ့ ကျုပ် စိတ်ကိုငြိမ်အောင်ထိန်းပြီး ခေါင်းပြတ်ကြီး သုဿန်မှာ ဘာလာလုပ်တာကို သိချင်တာနဲ့ အသာလေး ချုံအကွယ်ကနေ ကျုပ်ချောင်းကြည့်နေလိုက်တယ်။ခဏနေတာ့ ခေါင်းပြတ်ကြီးက ဟိုနေ့ကမှ အရက်ကျွမ်းပြီးသေလို့မြုပ်ထားတဲ့ ဟိုကောင် ငတူး မြေပုံပေါ်ရောက်သွားတယ်ဗျ။ကျုပ်လည်း သူဘာလုပ်မလဲ ဆက်ကြည့်နေတယ်။

ဒီတစ်ခါ ခေါင်းပြတ်ကြီး လုပ်ပုံက သွေးမခိုင်သူဆို နေရာမှာတင် လိပ်ပြာလွင့်သေဖြစ်တယ်ဗျို့။ကျုပ်တောင် အတော်ပင် လန့်သွားခဲ့တယ်။ငတူးရဲ့ မြေပုံကိုဘယ်လိုဖော်လိုက်တယ်မသိဘူးဗျာ။အပုတ်နံ့ကြီး ကျုပ်နှာခေါင်းထဲထိုးဝင်လာမှ သေချာကြည့်မိတယ်။ငတူးရဲ့ အလောင်းကြီးကို ခေါင်းပြတ်ကြီး စားနေလိုက်တာဗျာ ကျုပ်ဖြင့် ကြည့်ရင်း ကြည့်ရင်း သွေးပျက်မတတ်ပါပဲ…….

*************************************************

အိမ်မက် ဝိညာဉ် ( ဇာတ်သိမ်း )
*********************

နောက်နေ့မနက်တော့ ကျုပ်
အိမ်ကို အစောကြီး ရွာထဲက အုံးမြင့်နဲ့ ဖိုးတုတ် ရောက်လာကြတယ်ဗျ။ကျုပ်ကလည်း ညက သိတဲ့တိုင်း အိပ်ရေးကပျက်ထားတော့ မနိုးသေးဘူးဗျ။ဒီကောင်တွေ ကျုပ်ကို အတင်းလာနှိုးတော့မှ ကျုပ် ထကြည့်မိတယ်။ဒီကောင်တွေဗျာ အလိုက်ကန်းဆိုးကို မသိဘူး။ဘာကိစ္စ ကျုပ်အိမ် အစေကြီးရောက်လာပြီး ကျုပ်ကို အတင်းနှိုးနေတယ် မသိပါဘူးဗျာ။

!! ကိုကြီးမိုင်းး ကိုကြီးမိုင်းး ထပါအုံးဗျ !!

!! ဟာ..အုံးမြင့် ဘာကိစ္စ ငါ့ကို အစောကြီး လာနှိုးနေရတာလဲကွာ။ညက ငါ အိပ်ရေးပျက်ထားလို့ အိပ်နေတာကွ။ဘာလဲကွာ ဘာလဲ !!

!!! ကိုကြီးမိုင်းကို ရွာလူကြီး ဘဒွေးခိုင်က ခေါ်ခိုင်းလိုက်လို့ပါဗျ !!

!!! ဘာ ..ဘဒွေးခိုင်က အခေါ်ခိုင်းလို့ ဟုတ်လား။ဘာကိစ္စတဲ့တုံး !!

!!! ညက သုဿန်ပေါ်က ငတူးရဲ့ မြေပုံကို ခွေးတွေဖော်ပြီး စားထားလို့ အဲဒါ ကျန်တဲ့ ဟာတွေ ပြန်မြုပ်ဖို့ ကိုကြီးမိုင်းကို လာခေါ်တာဗျ !!

ဒီတစ်ခါ ဖိုးတုတ် စကားကြောင့် ကျုပ် အိပ်ချင်တောင်ပြေသွားသည်ထိပါပဲဗျာ ..ဖိုးတုတ်ကိုလည်း ပြန်မေးမိတယ်..

!!! ဘယ်လို ဘယ်လို ဖိုးတုတ် ညက သုဿန်မှာ ငတူးမြေပုံ ခွေးတွေဖော်စားကြလို့ ဟုတ်လား။ခွေးဖော်စားတာလို့ ဘယ်သူပြောတာလဲ ပြီးတော့ သူကိုယ်တိုင် မြင်လာတာတဲ့လား !!!

!! အဲဒါတော့ မသ်ိဘူး ကိုကြီးမိုင်းး။ဘဒွေးခိုင်ကို သတင်းလာပေးတာတော့ ညက ညတောပစ်ထွက်တဲ့ ကိုငပြူး တို့အဖွဲ့လို့တော့ ပြောတာပဲဗျ။ခုဆို ငတူးရဲ့ အမေ ဒေါ်တုတ်ကြီး ကတော့ မျက်ရည်နဲ့မျက်ခွက် ဖြစ်နေပြန်ပါပြီဗျာ။သူ့သား မြေပုံခွေးဖော်စားတာ ကြားရတော့ သူ့သားကို သတိရပြီး ငိုတာနေမှာပေ့ဗျာ။ဒေါ်တုတ်ကြီး ခမျာသနားပါတယ်ဗျာ !!

ဖိုးတုတ် ပြောပုံဆို ငတူးမြေပုံ ဖော်စားတာ မြင်ခဲ့တာ တောပစ်ထွက်တဲ့ ကိုငပြူးတို့ အဖွဲ့ဆိုပဲဗျ။သူတို့ တကယ်ပဲ ခွေးတွေကို မြင်ခဲ့တား။ဒါမှမဟုတ် ညက ခေါင်းပြတ်ကြီး ဖော်စားထားတာ တွေ့ပြီး ခွေးဖော်စားတယ်များ ထင်နေကြတာလား။ခေါင်းပြတ်ကြီး ဖော်စားတာကိုတော့ ရွာထဲကလူတွေ ကျုပ်ကလွဲပြီး ဘယ်သူမှ သိပုံမပေါ်ဘူးဗျ။မသိတာပဲ ကောင်းပါတယ်။ကျုပ် ဒီနှစ်ကောင်ကိုလည်း အဖြစ်မှန်ပြောလို့ မဖြစ်သေးဘူး။ဒီကောင်တွေ ပါးစပ်က မောင်းထုတာထက် မြန်သေးတယ်။ကဲပါ ကျုပ်လည်း ကျုပ်လည်း ချောလည်းရောထိုင် အလိုက်သင့်နေမယ်ဆိုပြီး ရွာထဲကို လိုက်ခဲ့လိုက်တယ်။

ရွာလယ်လမ်းမကြီး အရောက် မှာတော့ ဘဒွေးခိုင်နဲ့ ဆုံကြတယ်။ဆုံဆုံချင်းမှာပဲ ဘဒွေးခိုင်က..

!!! ငမိုင်းရေ့ ကိစ္စကပြီးသွားပြီကွာ။ညက ငတူးမြေပုံ ခွေးဖော်တဲ့ကိစ္စ ပြန်မြုပ်ဖို့ မင်းကို အခေါ်ခိုင်းလိုက်တာကွ။ခု ရွာအနောက်ပိုင်းက လူတွေ အနံ့တွေက မခံနိုင်အောင်နံလို့ဆိုပြီး သူ့တို့ဘာသာ သွားဖို့ပြီး ငါ့ဆီကို လာပြောသွားကြတယ်။ပြီးတော့ ခွေးတွေနောက်ထပ် မဖော်နိုင်အောင် ဆူးခက်တွေပါ ထူထူအုပ်ခဲ့တယ်လို့ ပြောတာပဲ ငမိုင်းရ။ဒီတော့ မင်း အိမ်ပြန်ချင်ပြန်တော့ ပြဇာတ်ကမဲ့ရက်က ကပ်နေပြီမလား။ဒါကြောင့် မင်းသမီးကို ဇာတ်ဝင်ခန်းလေးတွေ သင်စရာရှိတာ ပြန်သင်ကွာ။ငါ ဒီနှစ်ကောင်နဲ့ သုဿန်ဘက်သွားပြီး ဟိုလူကောင်တွေ မြုပ်ထားတာ စိတ်ချရလား သွားကြည့်အုံးမယ် !!!

ဘဒွေးခိုင်က ဖိုးတုတ်နဲ့ အုံးမြင့်ကို ခေါ်ပြီး သုဿန်ဘက်ဆီ ထွက်သွားလေရဲ့ဗျာ။ကျုပ်လည်း အိမ်ပြန်မယ်ဆိုပြီး ပြန်လှည့်လာခဲ့တာ အိမ်ကို ရောက်တော့ မင်းသမီးက ခြံထဲတံမြက်စည်း လှဲနေတာဗျ။နှင်းမြတော့ မတွေ့တော့ဘူး။သူ့အိမ်သူပြန်သွားပြီး ထင်ပါရဲ့။ကျုပ် ခြံထဲရောက်တော့ မင်းသမီးကို သေချာကြည့်တယ် မဟုတ်ပေမဲ့ ကျုပ် မျက်လုံးက ဘယ်လို ဘယ်လို မင်းသမီးဆီ ရောက်သွားတယ် မသိပါဘူးဗျာ။မင်းသမီးက ရင်ဖုံးအင်္ကျီလက်ပြက်လေးနဲ့ ချိတ်ထမီလေး ဝတ်ထားတာ လှလိုက်တာဗျ။လှတယ်ဆိုတာထက် ကျက်သရေ ရှိတယ်ပြောရင် ပိုမှန်မယ်ဗျ။မင်းသမီးကို ကြည့်ပြီး ကျုပ် စိတ်တွေက ဘာတွေဖြစ်ကုန်တယ် မသိပါဘူး။ဘယ်ဘက်ရင်အုံကြီးကလည်း ပုံမှန်ထက်ပိုပြီး ခုန်နေသလိုကြီးဗျ။ကျုပ် အိမ်မှာ မင်းသမီး တော်တော်များများ တည်းခိုပြီ ပြဇာတ်ကသွားကြတာပါ။ကျုပ် ခုလိုကြီး တစ်ခါမှမဖြစ်ဖူးပါဘူး။ဟော ဟော ကျုပ်ကို မင်းသမီး မြင်သွားပြီဗျ။ဟင်… မင်းသမီးရဲ့ မျက်ဝန်းတွေက ဘာလို့စူးရှပြီး တောက်ပြောင်နေရတာလဲ။ကျုပ် မင်းသမီး မျက်ဝန်းလှလှကြီးတွေကို အကြာကြီးရင်မဆိုင်ရဲပါဘူး။ဒါကြောင့် ကျုပ် မျက်လွှာလွဲပစ်လိုက်တယ်..

!! ဟင်..ဦးးလေးကြီး ပြန်လာပြီလား။လာ ဒီနေ့ သမီး ထမင်းချက်ထားတယ်။ဦးးလေးကြီး စားတော့မလား သမီး ခူးပေးမယ်လေ !!!

ဟောဗျာ ကြည့်စမ်း သာယာလိုက်တဲ့ အသံလေး။ကျုပ်တို့ရွာက နှောင်းခင် အသံနဲ့တော့ ကွာပါ့ဗျာ။ကျက်သရေ ရှိပါပြန်ရော မင်းသမီးရယ်။ကျုပ်မှာ ဘာမှပြန်မပြောပဲ ဒီတိုင်းကြီး ကြောင်ကြည့်နေမိတယ်ဗျ။မင်းသမီးက ထပ်ပြောမှ ကျုပ် လန့်ဖြန့်ပြီး..

!!! ဦးးလေးကြီး ပြောနေတာကြားလား။ဘာတွေ ဒီလောက်ကြည့်နေတာလဲ ရှင့် !!!

!!! ဟှေ..ဟင်..သြော်..ဘာ ဘာ မှမကြည့်ပါဘူး မင်းသမီးကလည်း။အင်းအင်း စားမယ် စားမယ် ကျုပ်လည်း ဗိုက်ဆာ နေပြီဗျ !!

အရေးထဲဗျာ ကျုပ်ပါးစပ်က ဘာလို့စကားတွေ ထစ်နေတယ် မသိပါဘူး။ကျုပ်မှာ မင်းသမီးရှေ့ ရှက်လိုက်တာမှ လွန်ရောပဲ..

!! ကဲ ဒါဆို ဦးလေးကြီး လက်ဆေးလိုက်တော့ သမီး ထမင်းခူးခဲ့ပေးမယ်နော် !!

ကျုပ်လည်း ထမင်းစားဖို့ လက်ဆေးလိုက်တယ်။ပြီးတော့ မင်းသမီးက ကျုပ်တွက် ထမင်းပြင်ပေးတယ်ဗျ။ကျုပ် မင်းသမီး ပြင်ပေးတဲ့ ထမင်းကိုစားနေရင်း မင်းသမီးက …

!!! ဦးလေးကြီးး စားနော်။ပြီးရင် ဦးလေးကြီး နဲ့ သမီး ပြဇာတ်တိုက်ကြမယ်လေ။သမီးလိုတာလေးတွေ ရှိလည်း သင်ပေးပေါ့ !!!

!!! ဘယ်လို ကျုပ်နဲ့ တီးလုံးတိုက်မယ် ဟုတ်လား။ကျုပ်က ပြဇာတ်သာ ရေးတတ်တာရယ်။သရုပ်မဆောင်တတ်ဘူးဗျ။အဆင်မပြေလောက်ဘူး ထင်တယ် မင်းသမီး !!!

ကျုပ်က အဲလိုငြင်းမိတော့ မင်းသမီးက ထုံးစံတိုင်း နှုတ်ခမ်းလေးစူပြီး…

!!! ဟာ..ဦးလေးကြီးနော် ဘာလို့ သရုပ်မဆောင်တတ်ရမှာလဲ။ဇာတ်တောင်ရေးတတ်သေးတာပဲ။ဘာလဲ ဦးလေးကြီးက သမီးနဲ့ တွဲမကချင်လို့လား !!

ဟောဗျာ မင်းသမီးက စိတ်ကောက်တာလား မသိပါဘူး။နှုတ်ခမ်းကြီးစူပြီး မျက်နှာလွှဲသွားတယ်။ပြီးတော့ ကျုပ်ကို မကျေနပ်သေးဘူး ထင်ပါရဲ့။ဆက်ပြီး ကောနေပြန်ပြီ..

!! ရတယ် ရတယ် ဦးလေးကြီး မကချင်လည်းနေ။အာ့ဆို သမီးချက်တဲ့ ထမင်းလည်းမစားနဲ့ ပြီတော့ ဦးလေးကြီးတို့ ဇာတ်ခုံပေါ်လည်း သမီး မကတော့ဘူး။သမီး အိမ်ပြန်မယ် !!!

!!! ဟဟ အော်..အဲလို မဟုတ်ပါဘူး မင်းသမီးရယ်။ကျုပ်က…!!

!! တော်ပြီ ဦးးလေးကြီး အဲလိုမဟုတ်ရင်လည်း ဆက်မပြောနဲ့တော့ မြန်မြန်စား ပြီးရင် သမီးနဲ့ ဇာတ်တိုက်မယ် ဒါပဲ !!!

မင်းသမီးက ကျုပ်ကို ဘာမှပြန်ပြောခွင့်မပြုပဲ ထွက်သွားတယ်ဗျ။ကျုပ်လည်း သူပြောသလို ထမင်းမြန်မြန် စားပြီး ဇာတ်တိုက်ဖို့ပြင်ရတာပေါ့ဗျာ။ကျုပ်က မင်းသားနေရာက သရုပ်ဆောင်ပေးရမှာပေါ့ဗျာ။ခု မင်းသားလုပ်မဲ့ကောင်က မရှိတော့ ကျုပ်ပဲ လုပ်ပေးရတော့မပေါ့လေ …

!!! ကဲ မင်းသမီး ဘယ်အခန်းကို တိုက်မှာလဲ !!!

!!! ဇာတ်သိမ်းခန်း တိုက်မယ်လေ။အဲခန်းက သမီး မညက်သေးဘူး !!!

!!! ကဲ ဒါဆိုလည်း စလိုက်ရအောင် !!!
~~~~~±±±±~~~~~~±±±~~~~
!!! မောင်..ကျမ အိမ်ပြန်ရတော့မယ်။မောင့်ကို ကျမ မခွဲချင်ဘူး မောင်ရယ်,.ဖြစ်နိုင်ရင် မောင့်အနားမှာပဲ ကျမ ထာဝရနေချင်သူပါ။ဒါပေမဲ့ မတူညီတဲ့ သဘာဝတရားတွေကြောင့် မောင်နဲ့ ကျမ ခဏတော့ ခွဲနေရအုံးမယ် မောင်။ ကျမ မောင့်ကို ကတိပေးပါတယ် မောင်သာ ကျမကို သစ္စာရှိရှိစောင့်နေပေးပါနော်။မောင့်ဆီကို တစ်နေ့ ကျမ အရောက်ပြန်လာခဲ့မှာပါ။ကျမကို ယုံပါနော်။ နော် မောင်…

မောင် ကျမ ပြောနေတယ်လေ။ကြားရဲ့လား ဘာလဲ မောင်က ကျမနဲ့ ခွဲရတာ ကျေနပ်နေတာလား။ကျမ မောင့်ကို ခွဲသွားမှာ မောင့်ရင်ထဲမှာ ဘာလိုမှမခံစားရဘူးလား။ပြောစမ်းပါ မောင်ရယ်။ပြောစမ်းပါ !!!

!!! သံစဉ်ရယ်..မောင်က အသွေးအသားနဲ့ တည်ဆောက်ထား လူပါ။မောင်မှာ ခံစားတတ်တဲ့နှလုံးသားနဲ့ပါ။ကိုယ့်ချစ်သူ ကိုယ့်ကို ခွဲသွားမှာကို မောင်က ဘယ်လိုအကြောင်းနဲ့ ပျော်နေရမှာလဲ။ဒါပေမဲ့ အလွှာမတူတဲ့ တံတိုင်းတွေ မောင်တို့ နှစ်ယောက်ကြားမှာ အလွှာအထပ်ထပ် ကာရံထားတော့ မောင်က ဘယ်လိုစွမ်းမျိုးနဲ့ ကိုယ့်ချစ်သူကို အမြင့်ကနေ အောက်ကို ဆွဲချရက်မှာလဲ။ဒါတွေ မောင်နားလည်ပါတယ်။မောင့်ဘဝပေးက ခဏလေးတောင် ချစ်သူနဲ့ ဆုံဆည်းခွင့်မှ မပြုခဲ့တာပဲ။ရွှေဟသာင်္ ဆိုတာ ရွှေပင်ရွှေထက်က ရွှေနန်းတော်နဲ့သာ အနေသင့် အထိုင်သင့်တာပါ။ကေသရာဇာ ခြင်္သေ့မင်းတို့ရဲ့ အဆီအသွေးဟာလည်း သိင်္ဂီရွှေခွက်နဲ့မှ ထိုက်တန်တာပါ။ဒါကြောင့်မို့ ပြန်ပါ ရွှေဟသာင်္ ပြန်ပါ မင်းတို့ရဲ့ အဆောင်ယောင်ထက်က ရွှေစင်ဘုံနန်းကို နောက်မကြည့်ပဲ ပြန်ပါတော့။သံစဉ်နဲ့ မောင့်ဘဝကလည်း ဒီလိုပါပဲ မောင့်ကို နောက်ဆံမတင်းပဲ ပြန်လှည့်မကြည့်ကြေး မင်းပြန်ပါတော့ သံစဉ် မင်း ပြန်ပါတော့…

ကျုပ်လည်း ဇာတ်တိုက်တဲ့အထဲ ဇာတ်ရှိန်တက်ပြီး မင်းသမီး လက်မောင်းကို ကိုင်ပြီး ပြန်ဖို့ အော်မိတယ်။ဘာရယ် မသိ မင်းသမီးကပါ ဇာတ်ထဲ စျာဉ်ဝင်သွားတယ်ထင်တယ်။ကျုပ် အဲလိုပြောတော့ ကျုပ် ရင်ခွင်ထဲ အတင်းတိုးပြီး ငိုပါလေရောဗျာ။ကျုပ်ကလည်း ကယောင်ခြောက်ခြားနဲ့ မင်းသမီးကို ပြန်ဖက်ထားမိပြန်တယ်။မင်းသမီးက ကျုပ် ရင်ခွင်မှာ ကလေး တစ်ယောက်လို အသံပါထွက်ငိုနေတယ်ဗျာ။ကျုပ်လည်း ပြီးမှ သတိရပြီး မင်းသမီးကို ဖက်ထားတာ လွတ်လိုက်မိတယ်။တော်ပါသေးဗျာ ကျုပ် တို့ကိုဘယ်သူမှ မမြင်လို့။အမေက မီးဖိုချောင်ထဲမှာ ဆိုတော့ တော်သေးတာပေါ့။ဒါနဲ့ ကျုပ် မင်းသမီးကို ကျုပ် ရင်ကခွာပြီး ခေါ်လိုက်တယ် ။ကျုပ် ဆက်တိုက်ခေါ်ပေမဲ့ မင်းသမီးက ဘာသံမှပြန်မထူးဘူးဗျ။ဒါနဲ့ ကျုပ် ဘာဖြစ်တာလဲ ငုံ့ကြည့်လိုက်တော့..ဟာ….မင်းသမီးက မျက်ဖြူကြီးစိုက်နေပါလား။ဒါ ဘယ်လိုဖြစ်တာပါလိမ့်။ကျုပ်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတာကြောင့် အမေ့ကို လှမ်းခေါ်လိုက်တယ်…

!!! အမေ့ အမေ ..လာပါအုံးဗျ။ဒီမှာ မင်းသမီး ဘာဖြစ်သွားတာလဲ မသိဘူးဗျ !!

ကျုပ် အော်ခေါ်တော့ အမေက မီးဖိုချောင်ထဲက ပြေးထွက်လာတယ်။ပြီတော့ အမေ မင်းသမီးကို ခေါ်ကြည့်တယ်။မရဘူး နောက်တော့ ကျုပ်ကို မင်းသမီး ခြေမတွေ ချိုးခိုင်းလို့ ကျုပ် ချိုးလိုက်တယ်။အမေက မင်းသမီးရဲ့ ပါးစပ်ကို သူ့ပါးစပ်နဲ့ တေ့ပြီးမှုတ်လိုက်တယ်ဗျ။ခဏကြာတော့ မင်းသမီးက သတိရလာတယ်။ဒါပေမဲ့ သူသတိရတာ ပုံမှန်မဟုတ်ဘူး။မင်းသမီး မျက်လုံးတွေက ဒီတစ်ခါ မဖြူတော့ပဲ နီရဲတောက်နေတာပဲဗျာ။ကျုပ် သူ့မျက်လုံးတွေကို ကြည့်ရတာ ကျက်သီးတောင်ထတယ်။ပြီးတော့ မင်းသမီးက စကားတွေပြောတယ်။သူ့အသံတွေက အက်ကွဲကွဲကြီး။သူပြောတဲ့ စကားတွေက…

!!! ကျုပ်ကို ဒီရွာက နှင်မထုတ်ကြပါနဲ့။ကျုပ် ဒီရွာမှာနေပါရစေ။ကျုပ် ဒီရွာပါ နေပါစေ…နေပါရစေ… !!”

ကျုပ် မင်းသမီးဆီက အသံတွေကြားတော့ အတော်ကို အံအားသင့်နေတယ်။ပြီးတော့ အသံတွေက ကွဲအက်အက်နဲ့ ယောင်္ကျားတစ်ယောက်ရဲ့ အသံလိုကြီးဗျ။မင်းသမီး အသံနဲ့ လုံးဝမတူဘူး။မင်းသမီး ဘာများဖြစ်တာပါလိမ့်ဗျာ။အမေကတော့ ကျုပ်ကို ဘုရားစဉ်ပေါ်က အဘသီလ ပေးထားတဲ့ ရေမန်းရေပုလင်း သွားယူခိုင်းတယ်။ကျုပ်လည်း ရေမန်းယူပြီး မင်းသမီးရဲ့ ခေါင်းကနေခြေဖျားထိ သုံးခါပက်ဖြန်းလိုက်တယ်။ဒီတော့မှ မင်းသမီးက မျက်လုံးတွေခဏမှိတ်သွားပြီး ပြန်ပွင့်လာတယ်။ပြီးတော့ သမီး ဘာဖြစ်တာလဲတဲ့ဗျာ။ကျုပ်တော့ ရူးးချင်တော့တာပဲ။ခုနဖြစ်နေတာတွေ သူတကယ်ပဲ မသိတာလား။ဒါဆို ဘာဖြစ်တာလဲ။ကျုပ် မှာ ဘယ်လိုမှတွေးမရတော့ဘူး။အမေကတော့ မင်းသမီးကို သူ့အခန်းကိုလိုက်ပို့ပေးနေပါတယ်…..

#######################

နောက်နေ့တော့ ကျုပ်တို့ရွာက ကိစ္စတစ်ခုပေါ်လာပြန်ပြီဗျို။အကြောင်းကတော့ ကျုပ် အိမ်ကို ညနေနေဝင်တရိုးမှာ အုံးမြင့်နဲ့ မောင်မောင် အပြေးရောက်လာပြန်တယ်။ပြီးတော့ ကျုပ်ကို အော်ခေါ်ကြတာပေါ့…

!!! ကိုကြီးမိုင်းး ဗျို့ ကိုကြီးမိုင်းး !!

!!! ဟေ့.မောင်မောင် ငါ ဒီမှာကွ ။မင်းတို့ ဘာဖြစ်လာကြပြန်ပြီလည်း !!

!!! ဒီလိုဗျ ကိုကြီးမိုင်း ဟိုဘိုလှ အဖေ တောထဲမှာ ပိုးထိလို့ ဆုံးသွားလို့ဗျ !!

!!! ဘယ်လို မောင်မောင် ဦးခင်ဝင်း ပိုးထိလို့ ဆုံးပြီ ဟုတ်လား !!

!!! ဟုတ်တယ် ကိုကြီးမိုင်းး အဲဒါ တောထဲကနေ သေတာဆိုတော့ ကျုပ်တို့ရွာရဲ့ ထုံးစံအတိုင်း ဦးခင်ဝင်း အလောင်းကို ရွာထဲဝင်ခွင့်မပြုကြတော့ဘူးပေါ့ဗျာ။အခု ဦးခင်ဝင်း အလောင်းကို ရွာနောက်ဘက်က ကန်ပေါင်ပေါ်မှာ ပြင်ထားတယ်ဗျ !!!

ကျုပ်လည်း မောင်မောင့် စကား ကြားရတော့ ဦးခင်ဝင်း အတွက်အတော်စိတ်မကောင်း ဖြစ်သွားတယ်ဗျာ။သေတာတောင် ကိုယ့်အိမ်ကိုယ့်ယာမှာ မသေရဘူး။ကျုပ်တို့လို ကျေးရွာတွေကလည်း တယ်ပြီးခက်တယ်ဗျာ။ရှေးကအယူတွေက ခုထိကိုမဖျောက်နိုင်သေးကြဘူး။ရွာ့အပြင်သေတဲ့အလောင်း ရွာထဲသွင်းရင် ရွာကိုခိုက်တယ် ပြောတာပဲဗျာ။ဘယ်လိုခိုက်တာတော့ ဘယ်သူမှလည်း အတိကျမသိကြဘူး။ဒါကိုဗျာ အယူကသိပ်ပြီးကြီးကြတယ်။ကဲပါဗျာ ဒါတွေထားပါတော့ ကျုပ်ပြောနေလို့လည်း အပိုပါပဲ။တစ်ရွာလုံးက ယုံကြည်နေကြတော့ ကျုပ်က ဘာလုပ်လို့ရမှာလဲဗျ။ဒါကို ရွာရဲ့ထုံးစံပဲမှတ်ယူပေအုံးမပေါ့လေ။…

!!! ကဲကဲ အုံးမြင့် ခုမင်းတို့ကို ဘဒွေးခိုင် လွှတ်လိုက်တာမလား !!!

!!! ဟုတ်တယ် ကိုကြီးမိုင်း ရွာ့အပြင်က ဦးခင်ဝင်းရဲ့ အလောင်းကို ဒီညစောင့်ဖို့ ဘဒွေးခိုင်က ကိုကြီးမိုင်းကို တာဝန်ပေးလိုက်တာ။ပြီးတော့ လူငယ်တွေပါ စုပြီးပြီးခေါ်လာခဲ့ပါတဲ့ဗျ !!

!!! အေးးအေးး ငါသိပြီ အုံးမြင့်။မင်းတို့သွားနှင့်ကြ။ငါ ပြင်စရာရှိတာပြင်ပြီး လိုက်လာခဲ့မယ် !!!

ကျုပ် အဲလိုပြောတော့ အုံးမြင့်နဲ့ မောင်မောင် ပြန်သွားကြတယ်။ကျုပ်လည်း အိမ်မှာ အမေ့ကို မင်းသမီးကို ဂရုစိုက်ဖို့မှာပြီး အချိန်ကလည်း ညဘက်ကိုရောက်လာပြီဆိုတော့ ထမင်းစားပြီးတာနဲ့ လူယ်တွေခေါ်ပြီး ရွာ့အပြင် ဦးခင်ဝင်း အလောင်းရှိရာဆီကို ထွက်လာခဲ့တော့တာပေါ့ဗျာ..

$$$$$$$$$$$$$$$$$$$$$$$$

ဦးခင်ဝင်း အလောင်းရဲ့မလှမ်းမကမ်းမှာတော့ ကျုပ်တို့အဖွဲ့ သုံးပုံဖဲရိုက်နေကြတယ်ဗျ။အလောင်းနားမှာတော့ မီးလေးထွန်းထားပါတယ်။ဦးခင်ဝင်းရဲ့ သား ဘိုလှ ကတော့ သူ့ဖေ အလောင်းနားမှာ ငိုနေတယ်ထင်ပါရဲ့ဗျာ။ငိုမယ်ဆိုလည်း ငိုလောက်တယ်လေဗျာ။အဖေဆိုတာ အိမ်ထောင်တစုရဲ့ အိမ်ဦးနတ်မလား။ဒီတော့ သူတို့ဘဝမှာ ရွှေတောင်ကြီးပြိုသလို ခံစားနေရမှာ ကျုပ် ကိုယ်ချင်းစာပါတယ်ဗျာ။ကျုပ်လည်း ဒီကောင် နည်းနည်း စိတ်သက်သာသက်သာ ဆိုပြီး ကျုပ်တို့ ဖဲရိုက်တဲ့ဝိုင်းထဲ ခေါ်လာခဲ့တယ်။သူလည်း ကျုပ်တို့နားရောက်တော့ နည်းနည်းတော့ စိတ်ပြောင်းသွားတယ်ဗျ။ရယ်လား မောလားတော့ ဖြစ်လာတယ်။ဒီလိုနဲ့ ကျုပ်တို့ ဖဲဝိုင်းက အရှိန်တော်တော်ကောင်း လာပြီဗျို့။တစ်ပွဲပြီးတစ်ပွဲနဲ့ ပွဲပေါင်းလည်း မနည်းတော့ဘူးဗျ။ဒီလို ကျုပ်တို့ ဖဲကစားနေရင်း ဖိုးတုတ်နဲ့ လှဆောင် တို့ တီးတိုးတီးတိုး ပြောနေကြတာကို ကျုပ် မသဲမကွဲကြားလိုက်ရတယ်ဗျ…

!!! ဟေ့ကောင် လှဆောင် ဟိုမှာလာနေတဲ့သူကို ကြည့်စမ်း အဲတာမိန်းမကြီးမလား !!!

!!! ဟင် ဟုတ်တယ်ကွ။ဘယ်သူလဲ မသိဘူး ဒီလိုနေရာမျိုး ဘယ်လို မိန်းမက လာရဲတာလဲ မသိပါဘူးကွာ။မဟုတ်မှလွဲရော ဦးခင်ဝင်း မိန်းမ လားမသိဘူး !!!

!”! ဟ..ဟ ဟ..မဟုတ်ဘူး လှဆောင် အဲဒါ မင်းသမီး မလား !!

!!! ဟာ..ဟုတ်သားပဲကွ မင်းသမီးပဲ !!!

ကျုပ် လှဆောင်တို့ရဲ့ အံ့သြပြီး ပြောနေတဲ့ထဲ မင်းသမီးဆိုတာ ကြားရတော့ သူတို့ပြောနေတဲ့ ကျုပ်တို့ဆီကို လာနေတဲ့မိန်းမကို ကြည့်လိုက်မိတယ်။ဟာ…ဟုတ်ပါရဲ့ဗျာ။မင်းသမီးပါလား ကျုပ် အတော်ကို အံ့အားသင့်သွားတယ်။ဒီကို ဘာလာလုပ်တာလဲ။ပြီးတော့ မင်းသမီးက ဆံပင်ကို အောက်ကိုဖျားဖျားကြီး ဘာလို့ချလာတာပါလိမ့်ဗျာ။ညအချိန်မတော်ကြီး ခုလိုဆံပင်ကို ဖျားဖျားမချရဘူးဆိုတာ မင်းသမီး မသိပေဘူးလား။လရောင်အောက်မှာ မင်းသမီးက ထင်ထင်ရှားရှားကြီး မြင်နေရပြီ။တဖြေးဖြေးလည်း ကျုပ်တို့အနား ရောက်လာတယ်။ဒါနဲ့ ကျုပ်လည်း ဖဲဝိုင်းကထပြီး မင်းသမီးကို မေးလိုက်တယ်ဗျ..

!!” မင်းသမီး ခုလို အချိန်မတော်ကြီးဗျာ ဒီကို ဘာကိစ္စရှိလို့လဲ။ပြီးတော့ အဖော်ပါလား !!!

!!! အဖော်မပါဘူး ကိုမိုင်းး ။ကျမ အိပ်မပျော်တာနဲ့ ပျင်းလို့ ဒီဘက်ကို ထွက်လာတာ !!

မင်းသမီးက အဖော်မပါဘူးဆိုလို့ ကျုပ် အတော်အံ့အားသင့်ရပြန်ပြီ။ပြီးတော့ ထူးဆန်းတာက အရင်နေ့တွေက မင်းသမီးက ကျုပ်ကို ခုလို ကိုမိုင်းးလို့ မခေါ်ဖူးပါဘူး။ခုတော့ ကိုမိုင်းတို့ ကျမ တို့သုံးနေတာတော့ ကျုပ် စိတ်ထဲ ဘဝင်သိပ်မကျဘူးဗျ။ဒါပေမဲ့ သူ့မှာကြိုက်သလို ခေါ်ခွင့်ရှိတာပဲလေ။ကျုပ်လည်း ဒါကို ဘာမှအတွန့်မတတ်တော့ပါဘူး ..

!! ကိုမိုင်းး ကျမ ဦးခင်ဝင်း အလောင်းနား သွားချင်လို့ !!

!!! ဟာ…ဒါတော့ မဖြစ်ဘူးထင်တယ် မင်းသမီး။ဘာလို့လည်း ဆိုတော့ ပိုးထိပြီးသေတဲ့သူ ဆိုတော့ တစ်ကိုယ်လုံးက မဲတူးနေတာဗျ။မင်းသမီး ကြည့်ရဲမယ်မထင်ပါဘူးဗျ !!

!!! ရပါတယ် ကိုမိုင်းးး ကျမ ကြည့်ရဲပါတယ်။ကျမ ကြည်ပါ့ရစေနော် !!

!! ကဲဗျာ..ပြောမရလည်း ကြည့်လေ။ကျုပ် မင်းသမီးကို လိုက်ပို့ပေးပါ့မယ် !!!

!!! နေ နေ ကိုမိုင်းး ကျမ ဘာသာ သွားကြည့်ပါ့မယ် ရှင်။ကိုမိုင်း နေခဲ့ပါ !!!

မင်းသမီးက သူ့ဘာသာသွားကြည့်မယ် ပြောနေတယ်။ပြီးတော့ ဟိုကောင်တွေကလည်း တစ်အိမ်လိုနေတော့ ကျုပ်ကို ခေါ်နေကြပြီ။ကျုပ်ကလည်း ဖဲဇောကကပ်နေပြီတော့ မင်းသမီးကို လိုက်မပို့တော့ပဲ ဖဲထိုင်ရိုက်လိုက်တယ်ဗျာ။

ကျုပ်တို့ဝိုင်း တစ်ပွဲ နှစ်ပွဲလောက်ပြီးတော့ မင်းသမီးက ကျုပ်တို့နား ပြန်ရောက်လာတယ်ဗျ။

!!! ကိုမိုင်းး ကျမ ပြန်တော့မယ် !!!

!!! အာ့ဆို ကျုပ် လိုက်ပို့မယ်လေဗျာ။ကဲ မင်းတို့ပဲ ဆက်ရိုက်ကြတော့ကွာ။ငါ မင်းသမီးကို အိမ်ပြန်လိုက်ပို့ပေးလိုက်အုံးမယ်။ပြီးမှ ငါပြန်လာမယ် !!!

ကျုပ် ဒီကောင်တွေကို နှုတ်ဆက်ပြီး မင်းသမီးကို အိမ်ပြန်လိုက်ပို့ ပေးတယ်။မင်းသမီးက တစ်လမ်းလုံး ကျုပ်ကို ဘာစကားမှ မပြောဘူးဗျ။ကျုပ် များ စိုးရိမ်နေတာလား မသိပါဘူးဗျာ။ကျုပ်လည်း သူမပြောတော့ မပြောဘူးပေါ့ဗျာ။ဒီလိုနဲ့ လျှောက်လာရင်း ကျုပ်တို့ အိမ်ကိုရောက်လာတာပေါ့ဗျာ။အိမ်နားလည်းရောက်ရော ပြဿနာက တတ်ပါလေရောဗျာ။ကျုပ်တို့ အိမ်နားရောက်လို့ ဝိုင်းထဲလည်း ဝင်မယ်လုပ်ရော မင်းသမီးက ဘာဖြစ်တယ် မသိပါဘူးဗျာ အရုပ်ကြိုးပျက်သလို ပုံကျသွားတယ်ဗျ။ကျုပ်လည်း မင်းသမီးကို ပွေ့ပြီးခေါ်ကြည့်တယ်။ဘယ်လိုမှ ခေါ်မရဘူးဗျို့။ဒါနဲ့ အမေ့ကို လှမ်းခေါ်လိုက်တယ်။ကျုပ်ခေါ်တော့ အဖေရော အမေရော ထွက်လာကြတယ်။ကျုပ်လည်း အကျိုးအကြောင်းပြောပြီး မင်းသမီးကို အိမ်ထဲပွေ့လာခဲ့တယ်။အိမ်ထဲရောက်တာနဲ့ အမေက ကျုပ်ကို မေးတော့တာပဲဗျာ..

!!! နေစမ်းပါအုံး ငမိုင်း မင်းနဲ့ မင်းသမီးလေးက အဲနားမှာဘာလုပ်ကြတာလဲ။မင်းနော် မင်းသမီးလေးးကို မတော်တရော်များး!!!

!!! ဟာ..အမေ ကလည်းဗျာ။မဟုတ်တာ ပြောရော့မယ်။မင်းသမီးလေးက ရွာ့ပြင်လိုက်လာလို့ ကျုပ်က အိမ်ပြန်ပို့တာပါဗျ !!!

ကျုပ်အဲလို ပြောတော့ အမေက အတော် ဒေါဖြစ်သွားတယ် ထင်တယ်ဗျ..

! တော်စမ်း ငမိုင်းး မင်းသမီးက မင်းတို့ဆီ ဘာကိစ္စလိုက်ရမှာလဲ။ငါ တစ်ချိန်လုံး မင်းသမီးအနားပဲ အိပ်နေတာ။ခုမှခဏ အိပ်ပျော်သွားတာ။မင်း ငါအိပ်တုန်း မင်းသမီးလေးကို မကြံကောင်းမဆီရာ ကြံတာမို့လား !!!

ကျုပ်တို့ အသံတွေကြားလို့ ထင်တယ် မင်းသမီး သတိပြန်ရလာတယ်ဗျ။ပြီးတော့ ကျုပ်ကို ကြည့်ပြီးတော့..

!!! ဦးးလေးကြီးက ရွာ့အပြင်မှာ အသုဘ သွားစောင့်တာဆို ခုဘာလို့ အိမ်မှာ ရှိနေရတာလည်းဟင် !!

ကျုပ် မင်းသမီးရဲ့ အမေးကို နားမလည်။ပြီးတော့ သူ့ကို လိုက်ပို့တာကို သူမသိတာလား။ဒါနဲ့ ကျုပ် ပြောချလိုက်တယ်ဗျ..

!!! ဟာ..မဟုတ်ဘူးလေ မင်းသမီး ရွာ့အပြင်လိုက်လာလို့ အခုကျုပ် မင်းသမီး အိမ်ပြန်ပို့ပေးတာလေဗျာ !!

ကျုပ် အဲလိုပြောလိုက်တော့ မင်းသမီးက နားမလည်စွာနဲ့ ကျုပ်ကို ကြည့်ပြီးး

!!! ရှင်…သမီးက ရွာ့အပြင်ကို လိုက်လာတယ် ဟုတ်လား ဦးလေးကြီးး သမီး မလိုက်ပါဘူး။အိမ်မှာ တစ်ချိန်လုံး မေမေနဲ့ ရှိနေတာပါ။ဦးးလေးကြီး မယုံရင် မေမေ့ကို မေးကြည့်ပေါ့ !!!

မင်းသမီးက အဲလိုလဲပြောလိုက်ရော အမေက ကျုပ်ကို မျက်စောင်းကြီး ထိုးချလိုက်တယ်။ကျုပ် ကတော့ မင်းသမီးရဲ့ အဖြေကို မယုံကြည်နိုင်အောင် အံ့သြရချေပြီ။ရွာ့အပြင်ကို လိုက်လာတာ မင်းသမီးမှ မင်းသမီး အစစ်ပါ။ပြီးတော့ အိမ်ပြန်မှာ တစ်လမ်းလုံး ကျုပ်နဲ့အတူလမ်းလျှောက်လာတာပဲ မလား။ဒါကို မင်းသမီးက ရွာ့အပြင်ကိုသူမလာဘူး ပြောနေတယ်ဗျ။ပြီးတော့ အမေ ကပါ သူ့ဘက်က သက်သေလိုက်ပြနေတော့ ကျုပ် ဒီကိစ္စဘယ်လိုမှ စဉ်းစားမရတော့ဘူး။ကျုပ်တော့ ရူးချင်တော့တာပဲဗျာ။ဒါနဲ့ ကျုပ် သူတို့နားက ထွက်လာခဲ့တယ်။အချိန်ကလည်း မိုးလင်းစပြုတော့မယ်ဗျ။ဒါနဲ့ ကျုပ်လည်း ရွာ့ပြင်ကို မနက်မှသွားတော့မယ်ဆိုပြီး အိမ်မှာပဲ အိပ်ချလိုက်တယ်ဗျ။ဒါပေမဲ့ ကျုပ် စောစောကကိစ္စတွေးပြီးတော့ ဘယ်လိုမှမကို အိပ်လို့မရပါဘူးဗျာ..

±±±±±±±±±±±±±±±±±±±±±±±±±

မနက်မိုးလင်းတော့ အစောကြီး ကျုပ်အိမ်ကို ဆူသံဟစ်သံတွေကြားလို့ ကျုပ် အိပ်ယာကကုန်းထလိုက်တယ်ဗျ။အသံတွေက အတော်ကိုဆူတာဗျို့။ဒါနဲ့ ကျုပ် အပြင်ကိုထွက်ကြည့်တယ်။ကျုပ် အပြင်လည်းရောက်ရော ဟာ..လူအုပ်ကြီးက မနည်းပါလားဗျ။ပြီးတော့ သူတို့လက်ထဲမှာလည်း ဓားတွေ ဒုတ်တွေနဲ့ နောက်ပြီး ကျုပ်ကို မြင်မှ ပိုပြီး အော်လိုက်ကြတယ်…

!!! မင်းသမီးးး မင်းးသမီးး ခများ ထွက်ခဲ့စမ်းးး !!!

ဟင်..ကျုပ် အံ့သြသွားတယ်။ဒီကောင်တွေကိုကြည့်ရတာ မင်းသမီးကို မကျေနပ်နဲ့ပုံတွေဗျ။ဒါနဲ့ ကျုပ် သူတို့ကို မေးကြည်လိုက်တယ်..

!!! ဟေ့ကောင်တွေ မင်းတို့ ဘာဖြစ်လာတာလဲ။ပြီးတော့ ဘာလို့ မင်းသမီးကို ခေါ်နေတာလဲကွ !!

ဒီတော့ ဘိုလှက ဓားကြီးဆွဲပြီး ရှေ့ကိုထွက်လာပြီးးတော့..

!! ဘာဖြစ်ရမှာလဲ ကိုကြီးမိုင်းးရာ..ညက ကျုပ်အဖေ အလောင်းနား မင်းသမီး ရောက်လာတယ်လေ :)!!!

!!! အေးးလေကွာ အဲဒါ ငါလည်း သိတာပဲ။အဲဒါ ဘာဖြစ်လို့လဲ !!!

!!! ဖြစ်တယ်ဗျ ဖြစ်တယ်။ညက အဲဒီ မင်းသမီး ကျုပ် အဖေ အ လောင်းကို လာစားတာဗျ။အခု ကျုပ် အဖေ အလောင်း ဗိုက်ထဲမှာ ဘာအူမှ မရှိတော့ဗျ။အဒါ ဒီ မင်းသမီးး စားပစ်တာ။ကျုပ် သူ့ကို သတ်မယ် ကျုပ် သူ့ကို သတ်ရမှအေးမယ်ဗျာ !!!!

ဘိုလှက ပြောပြောဆိုဆို ရှေ့ကိုအတင်းတိုးလာတယ်ဗျ။ကျုပ် လည်း ဘိုလှ တားပြီးးး

!!! ဟာ..နေစမ်းပါအုံး ဘိုလှရာ မင်းဟာက ဟုတ်ရော ဟုတ်ရဲ့လားကွ။ဒါမဖြစ်နိုင်တာပဲကွာ !!!

ကျုပ်က အဲလိုပြောတော့ မောင်မောင် ဆိုတဲ့ကောင်က ဒုတ်ကြီး တရွယ်ရွှယ်နဲ့ ရှေ့ထွက်လာပြီးး

!!! ဘာလို့မဖြစ်နိုင်ရမှာလည်း ကိုကြီးမိုင်းရယ်။ညက ဒီမင်းသမီးပဲ ဦးခင်ဝင်း အလောင်းနား သွားတာဗျ။ပြီးတော့ ကျုပ်တို့အားလုံး သူ့ကို သံသယဖြစ်နေတာ ကြာပြီ။ကျုပ်တို့ရွာ သူရောက်လာမှ ဟိုခေါင်းပြတ်ကြီး ပေါ်လာတာဗျ။ပြီးတော့ သုဿန်က အလောင်းတွေဖော်စားတာလဲ ဒီ မင်းသမီး ခေါင်းပြတ်မပဲ နေမှာ။အခုကြည့် ဦးခင်ဝင်း အလောင်းကို မြေတောင်မမြုပ်ရသေးဘူး ဒီခေါင်းပြတ်မ အတင့်ရဲပြီးစားသွားပြီ။ကျုပ်တို့ရွာ မနှစ်က မင်းသမီးကို ကျုပ် ယုံမိလို့ ကျုပ် အချစ်တွေရော နောက်ပြီး ကျုပ်အဖေပါ အသက်ဆုံးရှုံးခဲ့ရတယ်။ဒီတစ်ခါတော့ ကျုပ်တို့ ရွာကလူတွေ ကျုပ်လိုတော့ လုံးဝအဖြစ်မခံနိုင်ဘူးဗျာ။ဒါကြောင့် ဒီခေါင်းပြတ်မကို ကျုပ်သတ်မယ် သတ်မယ်ဗျာ !!!

မောင်မောင်က အနာပေါ်ဒုတ်ကျသလိုဖြစ်ပြီး မျက်ရည်တွေပါထွက်၍ မင်းသမီးကို သတ်မယ်ဆိုပြီး ဒုတ်ကြီးရမ်းထဲ့လိုက်တယ်။ပြီးတော့ လှဆောင် ၊ဖိုးတုတ် ၊အုံးမြင့် တို့ကရော ဟုတ်တယ် သတ်မယ် သတ်မယ် အော်ကြတော့ အသံတွေက အတော်ကို ညံသွားတာဗျ။ဆူသံတွေကြားလို့ ထင်တယ် မင်းသမီးက အိမ်ပြင်ဘက်ကို ထွက်လာတယ်။ဒီကောင် မင်းသမီးလည်း မြင်ရော ပိုပြီးသွေးဆူကုန်တယ်ဗျို့။သူတို့ မျက်နှာတွေက ကြောက်စရာကောင်းလောက်အောင် တင်းမာကုန်ကြပြီး ပါးစပ်တွေကလည်း မင်းသမီးကို ခေါင်းပြတ်မ ၊သရဲမ နင့်ကို ငါကို ငါတို့သတ်မယ်လို့ အားလုံးက ကြိမ်းဝါးလိုက်တော့ မင်းသမီး ခမျာ ဘုမသိဘမသိနဲ့ အကြောက်လွန်ပြီး ကျုပ်နောက်ကို ကပ်လာပြီး မျက်ရည်တွေတောင် ထွက်ကျလာပြီး သူ့ကို သတ်မယ်ဆိုတဲ့ ရွာသားတွေကိုကြည့်ပြီး စကားတောင် မပြောနိုင်တော့ပဲ မျက်ရည်တွေကြားထဲကနေ လက်အုပ်ချီပြီး သူ့ကိုမသတ်ကြဖို့ ရွာသားတွေကို တောင်းပန်နေရှာတယ်ဗျာ။ကျုပ်လည်း မင်းသမီး အဖြစ်ကိုမြင်တော့ သူ့ကို အရမ်းသနားသွားပြီ ဒီကောင်တွေပေါ် ဒေါသက ထောင်းဆိုထွက်လာပြီး အော်လိုက်တယ်ဗျာ…

!! ဟေ့ကောင်တွေ .တော်ကြစမ်း တော်ကြစမ်းး မင်းတို့ကောင်တွေကွာ ပြဿနာဖြစ်ပြီဆို အဖြေကို အရင်သိအောင် အကြိုးစားချင်ဘူး။နေရာတိုင်း ဒီလိုမျိုး ဓားဆွဲ ဒုတ်ဆွဲပြီး ဖြေရှင်းလို့ ရရိုးလား ဟင်။ဒီမှာ တဘက်က မိန်းကလေးဆိုတာလည်း မင်းတို့ခေါင်းထဲ နည်းနည်းသတိထားစမ်းပါ။အေးး မင်းတို့ပြောသလို မင်းသမီးဟာ ဒီရွာက အလောင်းတွေကို စားနေတဲ့ ခေါင်းပြတ်ကြီးပဲထား ဒါဆိုမင်းတို့ သူ့ကို ဒီလိုလွယ်လွယ်နဲ့ သတ်လို့ရမယ်လို့ မင်းတို့ထင်နေလား။ငါကတော့ မင်းသမီးက ခေါင်းပြတ်ကြီးဆိုတာ ငါမယုံဘူးကွ။လက်လည်း မခံဘူး !!!

ကျုပ် အဲလိုအော်တော့ မင်းနောင်က ခုမှပေါ်လာပြီး ကျုပ်ကို အပြစ်တောင်တင်နေသေးဗျာ…

!!! ဟုတ်တယ် ကိုကြီးမိုင်း သူတို့ပြောတာ မှန်တယ်ဗျ။ဒီမင်းသမီးက ခေါင်းပြတ်သရဲမကြီး။နောက်ပြီး ခုလို ကိုကြီးမိုင်း သူ့ဘက်ကပါအောင် ဒီခေါင်းပြတ်မကြီးက အယုံသွင်း ဖြားယောင်းနေတာ။ဒါကို ကိုကြီးမိုင်း မသိဘူးလားဗျ။တကယ်ဆို ကိုကြီးမိုင်းက ကျုပ်တို့လိုလူငယ်တွေရဲ့ ရှေ့ဆောင်ကောင်း တစ်ယောက်ပါဗျာ။ခုဘာလို့ ကိုကြီးမိုင်းက ဒီခေါင်းပြတ်မရဲ့ ဖြားယောင်းတာခံနေရတာလဲ။ကျုပ်တော့ ကိုကြီးမိုင်းကို ဘယ်လိုမှနားမလည်နိုင်တော့ဘူးဗျာ။ကိုကြီးမိုင်း သိပ်ကိုမှားနေပြီဗျ !!!

!!! မင်းနောင် မင်းကပါဒီကိစ္စကို လက်ခံဟုတ်လား။အေးး ဒီမှာ မင်းနောင် ငါ မင်းပြောသလို မင်းတို့လူငယ်တွေရှေ့ကနေ အချိန်ပြည့်ခေါင်းဆောင်ကောင်း တစ်ယောက်လို အမြဲငါရှိခဲ့တယ်။ဒီကိစ္စမှာ မင်းတို့ထင်သလိုလဲ ငါမတုံးသေးဘူးကွ။လူသားနဲ့ နာနာဘာဝ မခွဲခြားတတ်လောက်အောင် ငါမတုံးသေးဘူး မင်းနောင်။အခု မင်းတို့အားလုံး ခေါင်းပြတ်သရဲလို့ ထင်နေတဲ့ မင်းသမီးရဲ့ ခန္ဓာကိုယ်မှာ လည်ပတ်နေတဲ့ အသွေးအသားရဲ့ ထိတွေ့မှု့ကို ငါခံစားလို့ရတယ်။အဲဒါ လူသားတစ်ယောက်ရဲ့ သွေးဆိုတာ ငါယုံကြည်တယ်။ဒါပေမဲ့ မင်းတို့ ဘယ်လိုမှ မယုံကြည်ဘူးဆို မင်းတို့ကြိုက်သလိုသာ လုပ်ကြတော့။တစ်ခုတော့ရှိတယ် မင်းသမီးကို မင်းတို့သတ်ရမှ အေးမယ်ဆို ငါ့ကို အရင်သတ် ပြီးမှ မင်းတို့ကြိုက်ရာလုပ်။ငါ့ကိုသတ် သတ်လေကွာ..ဘာကြည့်နေတာလဲ သတ်လှည့်လေ !!!

ကျုပ် ဒေါသမထိန်းနိုင်တော့ပဲ အော်မိတယ်။ဒီကောင်တွေကလည်း လွယ်လွယ်တော့ အလျော့မပေးဘူး…

!!! ကိုကြီးမိုင်းး နောက်ဆုတ်ဗျ။ကျုပ်တို့က ခများကိုဘာလို့သတ်ရမှာလဲ။ကျုပ်တို့ သတ်ချင်တာ ခများနောက်က သရဲမဗျ။ခများ ဘေးဖယ်ဗျာ !!!

ဒီကောင်တွေက လုံးဝအလျော့မပေးဘူး။သူတို့ရင်ထဲမှာ မင်းသမီးဟာ ခေါင်းပြတ်သရဲ ဆိုတာ ယုံကြည်နေမှတော့ ကျုပ်လည်း ဘာမှမတတ်နိုင်တော့ဘူး။ဒီပြဿနာရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ တစ်ခုသောအရာရှိနေမယ်ဆိုတာ ကျုပ် ယုံကြည်နေတယ်။ပြီးတော့ အဓ်ိကတရားခံဟာ မင်းသမီး မဖြစ်နိုင်ဘူးလို့ ကျုပ်ပြောရဲတယ်ဗျာ။ဒါကြောင့် အပြစ်မဲ့တဲ့ မင်းသမီးကို ကြားထဲကနေ မြေဇာပင်တော့ ကျုပ်အဖြစ်မခံနိုင်ဘူး။ကျုပ် ဘာကြောင့်ရယ်မသိ မင်းသမီးတွက်ပဲ ဆိုရမလား။အပြစ်မဲ့တဲ့ ဧည့်သည်တစ်ယောက် အသက်ဆုံးရှုံးရမှာ ဆိုးတာလား မသိတော့ပါဘူးဗျာ။ကျုပ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အနီးရှိနေတဲ့ ကျုပ်ရဲ့ လှံတိုကိုဆွဲယူလိုက်ပြီး မင်းသမီးကို ကျုပ် အိမ်ပေါ်တက်ခိုင်းလိုက်တယ်။ပြီးတော့ ကျုပ် ရွာသားတွေဘက်လှည့်လိုက်ပြီးး

!!! ကဲ..ဘယ်ကောင် မင်းသမီးကို သတ်ချင်တာလဲ။ထွက်ခဲ့စမ်း မင်းသမီး သတ်ချင်တဲ့ကောင် ထွက်ခဲ့လေကွာ !!!

ကျုပ် ခြင်္သေ့တစ်ကောင်လို မာန်ဖီကာ ဒေါသအဟုန်နဲ့ အော်ပစ်နေတာကို ကြည့်ပြီး ရွာသားတွေက ကြောင်ခံနေတယ်။ပြီးတော့ သူတို့ပေါ်မှာ အရင်က တကယ်ညီတွေလို ချစ်ခင်ဆက်ဆံခဲ့တဲ့ ကျုပ်ကို ဒီလိုပုံစံနဲ့ မြင်ရတော့ သူတို့တွေ အံ့အားသင့်နေကြတယ် ထင်တယ်။ကျုပ် မျက်နှာကလည်း ဒေါသအရှိန်ကြောင့် မာကျောခက်ထန်နေတယ်။ဇောချွေးတို့က ကျုပ် နားထင်ကနေ စီးကျလာကုန်ပြီ။ခဏနေတော့ ခြံတံခါးဝက ဘဒွေးခိုင်းရဲ့ အော်သံကြောင့် ကျုပ်ရော ရွာသားတွေပါ လှည့်ကြည့်လိုက်ကြတယ်ဗျ။ဘဒွေးခိုင် တစ်ယောက်တည်း မဟုတ်ဘူး။ဘဒွေးမြရယ် ပြီးတော့ အဘသီလရယ် သုံးယောက် ကျုပ်တို့ဆီကို လာနေကြတယ်ဗျ.။အနားရောက်တော့ ဘဒွေးခိုင်က…

!!! ရပ်ကြစမ်းး ဒါ မင်းတို့ဘာဖြစ်နေကြတာလဲ။ပြဿနာရဲ့ အဖြေကို သေချာမသိပဲနဲ့ ကိုယ့်တစ်ရွာတည်းသားတွေ အချင်းချင်း သွေးချောင်းစီးအောင် လုပ်နေကြတာလား။ပြီးတော့ ဧည့်သည် မင်းသမီးလေးက အဆစ်ပါရအုံးမယ်။မင်းတို့ကွာ ဒီရွာမှာ ငါလူကြီး ရှိပါတယ်။ငါ့ကိူတော့ ဘာမှမတိုင်ပင်ကြဘူးး။မင်းတို့ထင်ရာတွေ စွပ်လုပ်တယ်။ကဲ ဟို လှဆောင်တို့ အဖွဲ့ ကိုယ့်အိမ်ကို ပြန်ကြစမ်းး နောက်ထပ် ဘာသံမှ ငါမကြားချင်ဘူး !!

ရွာလူကြီးရဲ့ အမိန့်ဆိုတော့ ဒီကောင်တွေ မလွန်ဆန်နိုင်ဘူးပေါ့ဗျာ။အားလုံး အိမ်ပ်ြကုန်ကြပြီဗျ။ပြီးတော့ ဘဒွေးခိုင်က ကျုပ်နားကို ကပ်လာပြီးး

!!! ငမိုင်းး မင်းသမီးလေး ဘယ်မှလဲကွ !!!

!!! အိမ်ပေါ်မှာပါ ဘဒွေးခိုင် ဘာဖြစ်လို့လဲ !!!

!!! ကိစ္စရှိလို့ပေါ့ကွာ။ခု မင်းသမီးလေးမှာ အပ အမှီခံထားရတယ်ကွ !!

!! ဘယ်လို ဘဒွေးခိုင် အပမှီခံထားရတယ် ဟုတ်လား !!

!!! အေးး တို့ရွာက ခေါင်းပြတ်ကြီးနဲ့ ပတ်သက်ပြီး ဆရာကြီး ဦးသီလက မင်းသမီးလေးနဲ့ ပတ်သက်နေတယ်လို့ သူ့အာရုံမှာ မြင်နေတယ်ဆိုပြီး ခုမင်းသမီးကို ဟုတ်မဟုတ် စစ်မလို့ ငါတို့ မင်းအိမ်ကိုရောက်လာကြတာပဲကွ !!!

!!! ဟုတ်တယ် ဘဒွေးခိုင် ကျုပ်လည်း အဲလိုထင်တယ်ဗျာ။မင်းသမီးမှာ တစ်ခုခုတော့ အမှီခံထားရတာဗျ။ကဲဗျာ ပြောနေကြာပါတယ် အဘသီလ အိမ်ပေါ်ကို ကြွဗျာ !!

ကျုပ် အဘသီလတို့ကို အိမ်ပေါ်ကိုခေါ်ပြီး လာရင်းကိစ္စကို မင်းသမီးကို ဖွင့်ပြောရတာပေါ့ဗျာ။အစကတော့ မင်းသမီးက လက်မခံချင်ဘူးဗျ။ပြီးတော့မှ သူ့ပေါ်မှာ ရွာသားတွေရဲ့ သံသယတွေရှင်းလင်း စေချင်တာကြောင့် သူလက်ခံခဲ့တယ်။မင်းသမီး သဘောတူတာနဲ့ အဘသီလက သူ့လုပ်ငန်းစတော့တာပဲဗျို့…

@@@@@@@@@@@@@@@@@@@@@@@@@@@

ကျုပ် အိမ်မှာ မင်းသမီးကို အဘသီလ ကုသနေတယ်ဆိုတဲ့ သတင်းကပျံ့သွားပြီး ကျုပ်အိမ်ပေါ်မှာ လူတွေကအပြည့်ပဲဗျို့။လူတွေက ဝိုင်းဖွဲ့ထိုင်နေကြတယ်။အလည်မှာတော့ အဘသီလရယ် မင်းသမီးရယ် နှစ်ယောက်ထဲပါ။အားလုံးက မင်းသမီးကို အဘသီလ မည်သို့မည်ပုံ ကုသမည်ဆိုတာ စိတ်ဝင်တစားနဲ့ အပ်ကျသံကြားရမလောက်အောင် ငြိမ်သက်နေကြတယ်ဗျ။ခဏနေတော့ အဘသီလက မင်းသမီးကို ခေါ်လိုက်တယ်…

!! သမီးး အဘ မျက်လုံးကို သေချာကြည့်စမ်းး!!

မင်းသမီးလည်း အဘသီလ ခိုင်းတဲ့ အတိုင်း သူ့မျက်လုံးကို သေချာကြည့်နေလိုက်တယ်။

!!! သမီး စိတ်တွေဘယ်ကိုမှ မရောက်စေနဲ့ အဘမျက်စိကိုပဲ ကြည့်ပါ။ပြီးရင် သမီး အိပ်ချင်လာမယ်။ခဏနေ သမီး အိပ်တော့မယ်။ခု သမီးအိပ်ပြီ အိပ်ပြီ အိပ်ပြီ !!!

အဘသီလ ပြောသလိုပါပဲ မင်းသမီးက တကယ်ကို အိပ်သွားတာဗျ။မင်းသမီးက အဘသီလ ရှေ့မှာ ပက်လက်အနေအထားနဲ့ အိပ်ပျော်နေပါပြီ။ပြီးတော့ အဘသီလက ဘုရားစင်ဘက်လှည့်ပြီး ဦးသုံးကြိမ်ချကာ..ပြန်လှည့်ပြီး မတ်တက်ရပ်လိုက်သည်။ပြီးမှ အထက်ပုဂ္ဂိုလ်များကို တိုင်တည်လိုက်တယ်ဗျ..

!!! ကျွန်ုပ်သည် ငယ်စဉ်ကတည်းက ငါးပါးသီလကို စောင့်ထိန်းခဲ့၏။ဤမှန်သော သစ္စာစကားကြောင့် အဘဘိုးမင်းခေါင် နှင့်တကွ ထွက်ရာပေါက်အထက်ဆရာကြီးများ နှင့် သမာဒေဝ နတ်ကောင်းနတ်မြတ်များ ကျွန်ုပ်အား စောင့်ရှောက်ကူညီကြပါ !!!

အဘသီလက ထိုသို့တိုင်တည်ပြီး ရေခွက်တစ်ခွက်ကို ယူ၍ ပါးစပ်မှ တီးတိုးရွှတ်ဆိုကာ ထိုရေဖြင့် အိပ်ပျော်နေသော မင်းသမီးကို ပက်ဖြန်းလိုက်တယ်ဗျ။ပြီးတော့ ပါးစပ်ကလည်း ဆိုသေးဗျ..

!!! ဘုရားငါးဆူရဲ့ အမိန့် ဘိုးမင်းခေါင်ရဲ့ အမိန့်နဲ့ မင်းကို ငါချုပ်ကိုင်လိုက်ပြီ။ဒီတော့ မင်း ထစမ်း ထစမ်းး !!!

အဘသီလက အမိန့်ပေးပြီး မင်းသမီးကို အထခိုင်းလိုက်တယ်ဗျ။ကျုပ်တို့ အားလုံးကလည်း မင်းသမီး ဘာလုပ်မလဲလို့ စိတ်ဝင်ပြီးကြည့်နေကြတာပေါ့ဗျာ။ကဲ မကြာပါဘူးဗျာ မင်းသမီး မျက်လုံးတွေပွင့်လာတယ်ဗျ။ပြီတော့ ထပြီးထိုင်တယ်။နောက်ပြီး သူ့လက်တွေက သူ့ဆံပင်တွေကို ဖွပစ်လိုက်တယ်ဗျို့။ပြီးတော့ ပြီးးတော့ မင်းသမီး မျက်လုံးတွေက အရင်နဲ့လုံးဝမတူဘူးဗျို့။နီရဲပြီး ကြောက်စရာကြီးပါလား။မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နဲ့ဗျ။နောက်တော့ ခေါင်းကြီးငုံ့ပြီး တဟီးးးဟီးးနဲ့ ညည်းနေတာများဗျာ ကျောချမ်းစရာကြီး။အဘသီလက သူ့ရဲ့ချည်မန်းကြိုးကွင်းလေးကို မင်းသမီးရဲ့ လည်ပင်းကိုစွပ်ပေးလိုက်ပါလေရောဗျာ။ဒီတော့ မင်းသမီးက ပူတယ်..ပူတယ် ဆိုပြီး အော်လိုက်တာဗျာ အသံကြီးက အက်ကွဲကွဲကြီးနဲ့ တကယ်ကိုကြောက်စရာကြီးဗျာ။ထူးဆန်းတာက အသံကြီးက မင်းသမီးရဲ့ အသံမဟုတ်ဘူးဗျ။ယောင်္ကျားတစ်ယောက်ရဲ့ အသံလိုမျိုးကြီး။ကျုပ် ဒီအသံကြီးကို ကောင်းကောင်းမှတ်မိတာပေါ့ဗျာ။မင်းသမီး သတိမေ့လဲတုန်းက ပြောတဲ့အသံကြီးဗျ။အဘသီလကတော့ သူ့ကို စစ်မေးနေပါပြီ…

!!! ဟေ့..ဖြေစမ်းး မင်းဘယ်သူလဲ။ဘာ့ကြောင့် ဒီရွာကိုလာနှောင့်ယှက်ရတာလဲ ပြောစမ်းးး !!!!

အားလုံးက မင်းသမီးရဲ့ အဖြေကို စိတ်ဝင်စားနေပြီ။ဒါပေမဲ့ မင်းသမီးက ဘာမှပြန်မဖြေဘူးဗျ။ဒီတော့ အဘသီလ ဒေါသဖြစ်ပြီပေါ့ဗျာ…

!! အောင်မာ ဒင်းက မဖြေဘူးပေါ့။ဘုရားငါးဆူရဲ့ အမိန့်ကို လွန်ဆန်လို့ရရိုးတဲ့လား။နောက်ထပ် ထပ်မေးမယ် မင်းဘယ်သူလဲ ဖြေစမ်းး !!!

!!! ပူတယ်..ပူတယ်..ငါ့လည်ပင်းက ဂွင်းချွတ်ပေးကြပါ။ပူတယ် ပူတယ် !!!

!!! အေးး ပူတယ်ဆို ဖြေလေကွာ။မင်း ဘယ်သူလဲ မှန်မှန်ဖြေ !!!

!!! ငါ..ငါ..ငါက မင်းသမီးရဲ့ အဖေပါ..!!!

မင်းသမီးရဲ့ အဖြေကိုကြားတော့ အားလုံးအံ့သြကုန်ကြပြီ။ဒါဆို ခေါင်းပြတ်သရဲက မင်းသမီး အဖေပေါ့။ဒါဖြစ်နိုင်စရာလားဗျာ။မင်းသမီးကို သူ့အဖေကိုယ်တိုင် ကျုပ်တို့နဲ့ ယုံယုံကြည်ကြည်အပ်လိုက်တာပဲ။သူ့အဖေက မသေပဲ ဘယ်လိုလုပ် ခေါင်းပြတ်သရဲ ဖြစ်ရမှာလဲဗျာ။ကျုပ်တော့ မယုံနိုင်အောင်ပါပဲ။အဘသီလ ကလည်း ခေါင်းပြတ်သရဲကို သေချာချုပ်ကိုင်ပြီး နောက်ကို ဒီရွာနဲ့ မင်းသမီးကို လုံးဝမနှောက်ယှက်နိုင်အောင် သူ့ရဲ့အစီအမှန်များပြုလုပ်ပြီး နင်ထုတ်လိုက်ပါတော့တယ်ဗျာ..
××××××××××××××××××××××××××××××××××

ခုဆို ကျုပ်တို့ရွာမှာ ခေါင်းပြတ်ကြီး မရှိတော့ပါဘူး။မင်းသမီးကိုလည်း အားလုံးက ယုံကြည်သွားကြပါပြီ။ခုတော့ အားလုံးအေးဆေးပေါ့ဗျာ။မနက်ဖြန်ဆို ပြဇာတ်ကမဲ့ရက်ကလည်း ရောက်လာပြီဗျ။ရွာကလူတွေ အားလုံးပြဇာတ်ကဖို့ကိုသာ ဦးတည်နေကြပြီလေ။ဒီနေ့တော့ ကျုပ်ရော မင်းသမီးရော အိမ်မှာ စကားတွေဖောင်ဖွဲ့နေရင်း ကျုပ်တို့ ဆီကိုဝင်လာနေတဲ့ ဘဒွေးခိုင်နဲ့ အမျိုးသမီးကြီး တစ်ယောက်ကို မြင်လိုက်တော့ ကျုပ်တို့ စကားတွေရပ်သွားကြတယ်။ပြီးတော့ ဘဒွေးခိုင်တို့ ကျုပ်တို့ အနားလည်းရောက်ရော ခုန အမျိုးသမီးကြီးက မပြောမဆိုနဲ့ မင်းသမီးကို သမီးးလေးလို့ အော်ခေါ်ပြီး ပြေးဖက်ပါလေရောဗျာ။မင်းသမီးကလည်း ငိုပြီးတော့ အမျိုးသမီးကြီးကို ပြန်ဖက်ထားတယ်ဗျ။ကျုပ် သူတို့ကိုကြည့်ပြီး နားမလည်တာနဲ့ ဘာပြောလို့ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ဒါနဲ့ ကျုပ် ဘဒွေးခိုင် ဘက်လှည့်ပြီးးး

!! ဘဒွေးခိုင် ဒါ ဒါက !!

!!! ဟုတ်နယ် ငမိုင်းး။သူက မင်းသမီးရဲ့ အမေ ဒေါ်သီတာစိုး ပဲကွ။အခု သူ့သမီးကို ပြန်လာခေါ်တာ ငမိုင်း !!!

!!! ဗျာ..!!!

ဘဒွေးခိုင် စကားတွေက ကျုပ် နားကြားများ လွဲသွားသလား ထင်မှတ်ရလောက်အောင်ပါပဲ။ပြန်လာခေါ်တာဆိုတဲ့ စကားကြားရတော့ ကျုပ် ရင်ထဲ ဘယ်လိုကြီးဖြစ်သွားမှန်း မသိဘူးဗျာ။ကျုပ် မယုံကြည်နိုင်ဘူး။ဒါပေမဲ့ မင်းသမီးရဲ့ အမေ ဒေါ်သီတာစိုးရဲ့ စကားတွေက ကျုပ် ရင်တစ်ခုလုံးကို သွက်သွက်ခါအောင် တစစီပျက်ထွက်သွားအောင်ပါပဲဗျာ ….

!!! ဟုတ်ပါတယ် သားရယ်။အန်တီက သူ့ရဲ့ အမေပါ။သား နားလည်အောင် အန်တီ ဘယ်ကနေ စပြီးပြောရမှန်းတောင် မသိတော့ပါဘူးကွယ်။အန်တီ တို့မှာ မိသားစုသုံးယောက်ပဲ ရှိကြတာပါ။သမီးလေးက သူ့အဖေကို သိပ်ချစ်တာ။သူ့ဖေ ကလည်း သမီးလေးကို အရမ်းချစ်ရှာပါတယ် ကွယ်။ခုလို သမီးလေးရဲ့ အဖေ ရုတ်တရက် ဆုံးပါးသွားတော့ သမီးလေး ခမျာ အရမ်းပူဆွေး စိတ်သောကတွေရောက်ပြီး သူ့ဖေ ဆုံးတဲ့နေ့ကတည်းက ဘာမှမစားမသောက်တော့ဘူး။အန်တီ ကလည်း သူ့ဖေ နာရေးအတွက် စီစဉ်ရ ပြီးတော့ အန်တီကိုယ်တိုင်ကပါ သူ့ဖေတွက် ပူဆွေးနေရတော့ အန်တီ သမီးလေးကို ဂရုမစိုက်အားခဲ့ဘူး။ဒီလိုနဲ့ သူ့ဖေ အသုဘချတဲ့နေ့မှာ သမီးလေးက အားမရှိတာရော အဖေ့တွက် သောကတွေရော ပေါင်းပြီး သတိလစ်သွားတော့ တာပဲကွယ်။ဒီအဖြစ်ကို သေသူ အန်တီ့ ခင်ပွန်းဝိညာဉ်က သူသိပ်ချစ်တဲ့ သမီးလေးရဲ့ ခန္ဓာကိုယ်မှာ ဝင်ပူးကပ်တော့ တာပဲကွယ်။ဒါကြောင့် ဒီက အန်တီ့တူတို့ အန်တီတို့ဆီ အငြိမ့်လာငှားတဲ့နေ့က သမီးလေးနဲ့ အတူ သူ့အဖေ ဝိညာဉ်ပါ ပူးကပ်ပြီးပါသွားတော့ တာပါပဲကွယ် !!

ဒေါ်သီတာစိုးက မျက်ရည်များကြားကနေ ကျုပ်တို့ကို အကြောင်းစုံ ရှင်းပြရှောသည်။ဒီအဖြစ်တွေကြားကတော့ ကျုပ် မင်းသမီးလေးကို အရမ်းသနားရပြီဗျာ။ဒါဆို မင်းသမီးကို ဘာတွက်လာခေါ်တာပါလိမ့်။ကျုပ် ဒေါ်သီတာစိုး ရဲ့စကားတွေကို ဆက်ပြီးနားထောင်နေမိတယ်…

!!! ခုတော့ အန်တီတို့လည်း သူမရှိတော့တဲ့ ပတ်ဝန်းကျင်မှာ မနေချင်တော့ဘူး။ဆက်နေဖို့လည်း အန်တီတို့မှာ အင်အားမရှိဘူး။ဒါကြောင့် အန်တီ့ရဲ့ မွေးရပ်မြေ မန္တလေးကို အန်တီတို့ အပြီးရွေ့နေဖို့ အားလုံးစီစဉ်ပြီးပါပြီ။မနက်ဖြန် အန်တီတို့ မန္တလေးကို ပြောင်းမယ်။သမီးလေး ဒီရွာမှာ ရှိနေတယ်ဆိုတာ သူ့အဖေက ညတုန်းက အန်တီ့ကို အိမ်မက်ပေးလို့ အန်တီ သိရတာပါကွယ်။ဒါကြောင့် အန်တီ ဒီရွာကလူတွေကို တောင်းပန်ပါရစေ။အန်တီ့ သမီးကို ဒီနေ့ပဲ အန်တီ ခေါ်သွားပါရစေတော့ !!!

ဒေါ်သီတာစိုး ရဲ့စကားတွေ အပြီး ကျုပ်ကတော့ ကျောက်ရုပ်ကြီးလို အသက်မဲ့နေခဲ့ပါပြီ။ကျုပ် ဘာလုပ်ရမှာလဲ။ပြီးတော့ ဘာပြောရမှာလဲဗျာ။မနက်ဖြန်ဆို ကတော့မဲ့ ကျုပ်တို့ရွာက ပြဇာတ်က မင်းသမီး မရှိတော့ရင် ကျုပ်တို့ ဘယ်လို ဆက်ကရတော့မှာလဲ။

ခဏကြာတော့ ကျုပ် ခြံထဲကို လှဆောင်တို့ လူငယ်အဖွဲ့ ပြေးပြီး ဝင်လာကြတယ်။လူအုပ်ကြီး မြင်တော့ မင်းသမီးက ကြောက်ပြီး သူ့အမေနားကနေ ကျုပ် ဆီကို ပြေးလာပြီး ကျုပ်လက်မောင်းကြီးကို ဆုပ်ကိုင်ထားပြန်ပြီ။တော်ပါတော့ မင်းသမီးရယ် တော်ပါတော့ဗျာ။ဖိုနဲ့ မရဲ့ အသားချင်းထိတွေ့ပြီး သွေးချင်ဆက်တဲ့ အထိအတွေ့တွေကို ကျုပ် မခံစားပါရစေတော့နဲ့ဗျာ။လှဆောင်တို့က ကျုပ်တို့နားကပ်လာပြီးးး

!!! ကိုကြီးမိုင်း ကိုကြီးမိုင်း မင်းသမီးက ပြန်တော့မှာဆိုဗျ။မင်းသမီးပြန်လို့ မနက်ဖြန် ဘယ်သူကမှာလဲဗျာ။ကိုကြီးမိုင်း ပြောရင် ရမှာပါဗျာ။မင်းသမီး မပြန်ဖို့ ပြောပေးပါအုံး !!!

ပြီးးတော့ ဘိုလှ ကပါ ရှေ့တိုးလာပြီးးး

!!! ဟုတ်ပါတယ် မင်းသမီးရယ် ကျုပ်တို့ အရင်က မင်းသမီးပေါ်ကို မသိလို့ အထင်လွဲမိတာပါဗျာ။ပြီးတော့ ဟိုနေ့က ကျုပ် အဖေဇောနဲ့ မင်းသမီးပေါ် ရင့်ရင့်သီးသီး ပြောမိတာပါ။ကျုပ် တောင်းပန်ပါတယ်ဗျာ မပြန်ပါနဲ့ !!!

ဒီတစ်ခါ မျက်ရည်လွယ်လှသော ဖိုးတုတ်က မျက်ရည်တွေ သူ့ပါးပြင်ပေါ်ထိ စီးကျနေပြီး မင်းသမီးနား ကပ်သွားခါ…

!!! မင်းသမီးရယ် ကျုပ်တောင်းပန်ပါတယ်ဗျာ။မပြန်ပါနဲ့အုံး။မနက်ဖြန် ကမဲ့ ကျုတို့ရွာပြဇာတ်မှာ မင်းသမီး မရှိရင် ကျုပ်တို့ တစ်ရွာလုံး ဘယ်လို ခံစားရမလဲဗျာ။ဒီပွဲလေးကို တစ်ရွာလုံးက အားခဲနေတာပါ။ကျုပ်တို့ မင်းသမီးသာ မပြန်ဘူးဆို ဘာပဲလုပ်ပေးရပေးရဗျာ။နောက်ပြီး ကျုပ်တို့အရင်က မင်းသမီးကို အထင်မှားပြောမိတာတွေကို မင်းသမီး မကျေနပ်သေးရင် မင်းသမီး ကျေနပ်တဲ့အထိ ကျုပ်ကို ရိုက်ပါဗျာ။ရိုက်ပါ !!!

ဖိုးတုတ်က မျက်ရည်တွေကြားကနေ မင်းသမီး လက်ကိုဆွဲယူပြီး သူ့ပါးတွေကို အတင်းရိုက်ခိုင်းနေသည်။မင်းသမီးလည်း ဖိုးတုတ်ကို ကြည့်ပြီး မျက်ရည်တွေကျနေပါပြီ။ပြီးတော့ ဖိုးတုတ်လက်ထဲမှ သူ့လက်ကို ပြန်ဆွဲယူပြ်ီးးး

!!! အကို ဖိုးတုတ်ရယ်။ကျမက ဘာလို့ အကို့ကို ရိုက်ရမှာလဲ။ကျမ ဒီရွာကလူတွေကို ဘယ်သူ့ကိုမှ အပြစ်မမြင်ခဲ့ပါဘူး။ပြီးတော့ ပြဇာတ်ကိုလည်း ကျမ ကချင်ပါတယ်။ဒါပေမဲ့..ဒါပေမဲ့…!!!

မင်းသမီးက ဆက်မပြောနိုင်တော့ အသံက ဝမ်းနည်း၍ တိမ်ဝင်းသွားတယ်။ဒီတစ်ခါ မင်းနောင် စကားတွေကြောင့် ကျုပ် မျက်လုံးအိမ်ကြီးထဲမှာ မျက်ရည်တွေက ပြည့်လာကုန်တယ်။ကျုပ် မျက်ရည်တွေကို အပြင်မှာထွက်ကျမလာအောင် အံကိုကြိတ်ပြီး ထိန်းထားလိုက်တယ်..

!!! မင်းသမီးရယ် ကျုပ်တို့ မျက်နှာကို မကြည့်ရင်နေပါဗျာ။ကိုကြီးမိုင်းးရဲ့ မျက်နှာကိုတော့ ကျေးဇူးပြုပြီး တစ်ချက်လောက်ပြန်ငဲ့ ကြည့်ပေးပါဗျာ။ဒီရွာမှ ခုလိုပြဇာတ်ဖြစ်မြောက်ရေးတွက် သူကိုယ်တိုင် မင်းသမီးကို ငှားခဲ့တာပါ။ပြီးတော့ ကျုပ်တို့တွေ မင်းသမီးပေါ် အမြင်မှားကြတုန်းကလည်း မင်းသမီးဘက်ကနေ သတ္တိရှိရှိနဲ့ သူတစ်ယောက်ထဲ ရပ်တည်ပေးခဲ့တာပါ။မင်းသမီးပေါ် ထားတဲ့ ကိုကြီးမိုင်းရဲ့ သံယောဇဉ်ကို ထောက်ပြီးမပြန်ပါနဲ့လား မင်းသမီးရယ် !!!

ကျုပ် မင်းနောင်ရဲ့ စကားအဆုံးမှာ ခုနတင်းထားတဲ့ မျက်ရည်တွေက ကျုပ်ပါးပြင်မှာ အလိုလိုစီးကျလာကုန်ပါပြီ။ကျုပ် ချက်ချင်း မျက်ရည်တွေကို သုတ်ပစ်လိုက်တယ်။မင်းသမီးက ကျုပ်ကို ကြည့်ပြီး မျက်ရည်တွေကျနေတယ်ဗျာ။ကျုပ်ရင်ထဲ ဘယ်လိုမှ မခံစားနိုင်တော့လို့ ကျုပ်သူတို့နဲ့ ဝေးရာကို ထွက်လာခဲ့တယ်။ကျုပ် ခြံတံခါးနားရောက်တော့ နောက်ကနေ မင်းသမီးရဲ့ ခေါ်သံကြားလိုက်ရတော့ ကျုပ်ခြေလှမ်းတွေ ရပ်တန့်ကုန်တယ်…

!! ဦးးလေးကြီးး ဦးးလေးကြီးးး !!

မင်းသမီးက ကျုပ်ကို ဦးလေးကြီးးလို့ ခေါ်ပြီး ပြေးလိုက်လာတယ်။ပြီးတော့ ကျုပ်နားရောက်တော့ ကျုပ်နဲ့ မျက်နှာချင်း ဆိုင်ရပ်လိုက်ပြီးးး

!!! ဦးးလေးးကြီးး ဒါက ဘယ်လဲ !!

!!” ကျုပ်ကို သွားခွင့်ပြုပါ မင်းသမီးး ကျုပ် တစ်ယောက်ထဲပဲ နေပါရစေ !!!

!!! ဒါဘာသဘောလဲ ဦးလေးးကြီးး သမီး ပြန်မှာကို ဦးလေးးကြီး ဘာမှမဖြစ်ဘူးလား။ဘာမှမခံစားရဘူးလား။ပြီးတော့ သမီးကို မတားဘူးလား !!!

!!! မင်းသမီးရယ် ကျုပ် တားတော့ရော ဘာထူးမှာလည်း။ကျုပ် မတားတော့ပါဘူးဗျာ !!!

!!! ဦးလေးးကြီးး ဒါပြဇာတ်တိုက်နေတာ မဟုတ်ဘူးနော်။သမီး ပြန်သွားရင် ဒီဘဝ ဘယ်တော့မှ ဦးလေးးကြီးနဲ့ သမီး ဆုံတော့မှာ မဟုတ်တော့ဘူး။ဒါကို ဦးလေးးကြီး သိရဲ့လား !!

!! ကျုပ် မသိဘူး မင်းသမီး သိလည်း မသိချင်တော့ပါဘူးဗျာ။မင်းသမီးက ကျုပ်တို့ရွာကို လာတဲ့ ဧည့်သည်ပဲလေ။ဧည့်သည်ဆိုတာ အချိန်တန်ရင် အိမ်ပြန်ကြပဲမလား။ခုလည်း မင်းသမီး အချိန်တန်လို့ အိမ်ပြန်တာ ဘာဆန်းလဲဗျာ !!

!!! ဒါ ဒါ ဦးးလေးကြီး ရင်ထဲက စကားအမှန်တွေလား။ပြောစမ်းပါ သမီး မျက်နှာကို သေချာကြည့်ပြီး ပြောစမ်းပါ။ခု ဦးလေးးကြီး ပါးပြင်က မျက်ရည်တွေကရော ဘာတွေလဲ ဘာတွက်ကျနေတာလဲ !!

ကျုပ် ပါးပြင်က မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီ အရူးးတစ်ယောက်လို အော်ရယ်ပစ်လိုက်တယ်…

!!! ဟားးဟားး ဟုတ်တယ် ကျုပ် ငိုတယ် မျက်ရည်ကျတယ် အဲဒါ ဘာဖြစ်လဲ။ဒါပေမဲ့ ကျုပ် အခုကျတဲ့ မျက်ရည်တွေက မင်းသမီးတွက် မဟုတ်ပါဘူးဗျ။ကျုပ် ရွာသူ ရွာသားတွေကိုသနားလွန်းလို့ ကျတဲ့ မျက်ရည်တွေပါ။

မင်းနောင် ဘာလုပ်နေတာလဲ လှည်းကောက်ပြီး မင်းသမီးတို့ကို ကားဂိတ်ကို လိုက်ပို့လိုက်စမ်း။အခု လိုက်ပို့လိုက်…

ကျုပ်ကို အားလုံးက ရူးးသွားပြီလို့ ထင်နေကြတာလား မသိပါဘူး။အားလုံး ကျုပ်ကိုကြည့်ပြီး မျက်ရည်တွေ ကျနေကြပြီ။ဘဒွေးခိုင် ကပါ ကျုပ်ကိုကြည့်ပြီး သူ့မျက်လုံးအိမ်ကြီးမှာ မျက်ရည်တွေ ပြည့်လျှံနေပြီး သူ့ပါးပြင်ကြီးပေါ်ထိ စီးကျကုန်ပါပြီ။

တကယ်တော့ ကျုပ်နဲ့ မင်းသမီးရဲ့ သံယောဇဉ်က ကျုပ်ဘဝတွက် ခဏတာမက်ခဲ့ရတဲ့ အိမ်မက် ဝိညာဉ် လိုပါပဲဗျာ….

“”””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””””

ပြီးပါပြီ…
“””””””‘”””””””””

ခများတို့ရင်ထဲ တစ်ခုခု ကျန်ခဲ့ရင် တစ်ခုခုတော့ ပြောသွားကြဗျာ..

စာချစ်သူများကို အစဉ်လေးစားလျှက်


ကျုပ် နွေသမိုင်းးး