++++++++++++++++++++++++
ယောနယ်ကနေ ထွက်ခွာလာပီးနောက်ပိုင်း အိမ်မှာကျန်ခဲ့တဲ့ အမေဖြစ်သူကို သက်ခိုင်သတိရ လာတယ်။
တရားထိုင်တိုင်းလဲ အရင်ကလိုစိတ်မတည်ငြိမ် တော့ပေ။ အာရုံထဲမှာ အမေ့မျက်နှာကိုပဲ မြင်နေ မိတယ်။
ဆရာသခင်နောက်လိုက်ခဲ့တာ အခုဆို ၂နှစ်ကျော်လို့ ၃နှစ်နီးပါးပြည့်တော့မည်။
ထိုအချိန်အတွင်း.မိမိဇာတိမြေကို.တစ်ခါမှ ခြေမချရသေးသည့် သက်ခိုင်တစ်ယောက် အမေနေများ ကောင်းပါ့မလားဆိုတဲ့ အတွေးတွေတော့ ဝင်မိတယ်။
ဆရာကတော့ အမေကျန်းမာရေး ကောင်းတယ်.ပြောတဲ့အတွက် သက်ခိုင်စိတ်အေးခဲ့ရတယ်။
အခုတော့ အမေ့ဆီပြန်မည့်ကိစ္စကို ဆရာထံခွင့်တောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
……..
လေနုအေးတွေက.အရှေ့အရပ်ကနေ တစ်စိမ့်စိမ့်တိုက်နေသည့် ဆောင်းအဝင်ရာသီလေးက နေထိုင်လို့ သက်တောင့်သက်သာ ရှိလှပေသည်။
လေနုအေးတွေရဲ့ တိုက်ခတ်မှုကြောင့် ကြံတိုင်းအောင်စေတီလေးရဲ့ ဆည်းလည်းတွေလှုပ်ခတ်ပွတ်.တိုက်မိရင်း ထွက်ပေါ်လာတဲ့ သံစဉ်တွေနဲ့အတူ တနင်္ဂနွေထောင့်မှာ တရားထိုင်နေတဲ့ လူငယ်တစ်ယောက်ရဲ့ အသက်ရှူသံတွေက ထပ်တူကျနေလေရဲ့။
……
တရားထိုင်ဖြုတ်ပြီး.မျက်လုံးဖွင့်ကြည့်လိုက်တော့
ဘေးမှာ.ကျုံကျုံ့လေးထိုင်နေတဲ့ သက်ခိုင်ကို တွေ့လိုက်ရတယ်။
သက်ခိုင်က တစ်ခုခုပြောဖို့ ပြင်လိုက်ရုံနဲ့ ..
ကဲ သက်ခိုင်ရေ
မင်း အိမ်ကအမေကိုလွမ်းနေပီမလား
အေးပေါ့လေ မိဘဆိုတာ နှိုင်းယှဉ်မရတဲ့ အရာတစ်ခုပဲ။
ပြန်ချင်သပဆိုလဲ ၅ရက်လောက်ပြန်ပေါ့…
၆ရက်မြောက်နေ့မှာတော့ သတ္တဝါတွေအသက်ကို ကယ်တင်ဖို့ရှိသေးတယ်
၆ရက်မြောက်နေ့မှာ ဒီကြံတိုင်းအောင်စေတီမှာ ပြန်ဆုံကြတာပေါ့..
ငါလဲ တောထဲမှာ တရားကျင့်ကြံဖို့စဉ်းစားထားတာ
ကဲ.. အခု အိမ်ပြန်လို့ရပီ သက်ခိုင်
….
အောင်မြတ်သာရဲ့စကားအဆုံးမှာ သက်ခိုင်ဝမ်းသာပြီး မျက်လုံးအိမ်ထဲမှာ အမေ့မျက်နှာကို မြင်ယောင်နေမိလိုက်တယ်။
….
ဘူတာရုံကို လှမ်းဝင်လိုက်တော့ ခရီးသွားတွေ ပြည့်သိပ်နေတဲ့ ရထားတစ်စီးကို တွေ့လိုက်ရတယ်။
နောက်ရထားစောင့်ရင်လဲ.အချိန်ကကြာဦးမယ်ဆိုတော့ ရတဲ့နေရာတိုးစီးရင်း အိမ်အပြန်လမ်းကို ခရီးနှငိခဲ့လေတော့သည်။
…..
ဇာတိမြေကထွက်သွားတာ ၃နှစ်နီးပါးရှိပေမယ့်
ဇာတိမြေရဲ့ ပုံစံကတော့ ပြောင်းလဲမသွားခဲ့ဘူး
လမ်းထဲစဝင်လိုက်တာနဲ့ လူတစ်ချို့က အံ့သြတဲ့ အကြည့်တွေနဲ့ လှမ်းကြည့်ကြတယ်။
တစ်ချို့ကမှတ်မိပြီး နှုတ်ဆက်ကြ
တစ်ချို့က အရက်သမားကြီးပြန်လာပီလားလို့ စနောက်ကြနဲ့…
အိမ်ခြံဝကိုတောင်ရောက်လာပါလား..
…..
အမေ အမေ…
အမေ.. သားပြန်လာပီ
အော်ခေါ်သံကြားတော့ အိမ်ထဲကနေ အမေထွက်လာတယ်။
ဟယ် ..
သား. သား လူလေး
မင်းပြန်ရောက်လာပီနော်..
မင်းရောက်လာမှာသိလို့ အမေ မင်းကြိုက်တဲ့ ငရံ့အူဟင်းချက်ထားတာ
…..
ဟင်..
အမေက သားပြန်လာတာ ဘယ်လိုသိတာလဲ
လူတစ်ယောက်လာပြောတာသားရဲ့
သားကို လာခေါ်သွားတဲ့ လူငယ်လေး.မနေ့က အိမ်ရောက်လာတယ်။
သား ဒီနေ့ပြန်ရောက်မယ်ဆိုပြီးလာပြောသွားတာ
…..
သက်ခိုင် တစ်ချက်ပြုံးလိုက်ပြီး
အမေ.. ထိုင်လေ
သား.အမေကို မကန်တော့ရတာကြာပီ
အမေ့ကို ကန်တော့ရင်း အမေက ဆုတွေတသီကြီးပေးလေရဲ့..
အမေ့အိမ်လေးမှာ နေရတဲ့နေ့လေးက မေ့မရနိင်တာအမှန်ပဲ
……..
နောက်တစ်နေ့မနက်
အမလေး လုပ်ကြပါဦး
ကိုတက်ပု ဘာဖြစ်မှန်းမသိဘူး
ပါးစပ်ကအမြှပ်တွေထွက်နေတယ်
အမလေး …
ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ
မသိဘူး ကြီးဒေါ် ကိုတက်ပု ပါးစပ်ကအမြုပ်တွေထွက်နေတယ်
မျက်လုံးကလဲ ပြူးနေတာပဲ
……
သက်ခိုင်လဲ ဘုရားရှိခိုးနေရင်း
အသံကြားလို့ ကြည့်လိုက်တာ
ဘေးနှစ်အိမ်ကျော်က မရင်စိန် ငိုကြီးချက်မနဲ့
အဲဒါနဲ့ သက်ခိုင်လဲ
အိမ်ရှေ့သွားပြီး
မရင်စိန်.
ကျွန်တော်လိုက်ကြည့်ပေးမယ်
စိတ်မပူနဲ့..
……
သက်ခိုင်
မရင်စိန် အိမ်ရှေ့ရောက်တော့
ခြံစည်းရိုးထဲဝင်မလို့လုပ်လိုက်ရာ
အနောက်ကတစ်စုံတစ်ယောက်က.လှမ်းဆွဲထားသလို ခံစားရတယ်
အဲဒါနဲ့.ခြံထဲမဝင်တော့ပဲခြံပြင်ကနေ
အိမ်ထဲကိုလှမ်းကြည့်လိုက်တော့
ကိုတက်ပု ဂုတ်ကိုတက်ခွထားတဲ့ သရဲတစ်ကောင်ကိုတွေ့လိုက်ရတယ်။
အိမ်ဦးတိုင်အောက်မှာလဲ ထဘီစုတ်နဲ့ထုပ်ထားတဲ့ အထုတ်တစ်ထုတ်ကို.ထပ်တွေ့ပြန်ရော
…..
မရင်စိန်
ခင်ဗျားတို့က.ဘာအလုပ်လုပ်တာလဲ
ကျွန်မတို့ အခုငါးရောင်းတယ်
အခုတစ်လော ငါးလဲရောင်းမကောင်းဘူး
ငါးတွေဆိုင်ပေါ်တင်လိုက်တာနဲ့ အပုတ်နံ့တွေ ထွက်လာတာပဲ…
…….
သက်ခိုင် သိလိုက်ပီ
ဒါ သွေးရိုးသားရိုးမဟုတ်ဘူး
တစ်စုံတစ်ယောက်က ပြုစားထားတာ
….
မရင်စိန် ကျုပ်အိမ်ထဲကိုတော့မဝင်တော့ဘူး
ဟောဒီလမ်းမမှာပဲ ကိုတက်ပုကို ကုပေးမယ်
အလိုလေး သက်ခိုင် နင်ဘယ်လို အခုလိုကုတတ်.လာတာလဲ
အိုတော်… သက်ခိုင်က.ကုပေးမယ်ဆိုပြီးတာပဲ
စကားကြောကရှည်လိုက်တာ.
မျက်နှာချင်းဆိုင်အိမ်က မလှစိန် ဝင်ပြောမှ မရင်စိန် ငြိမ်သွားတယ်။
…….
သက်ခိုင်လဲ ခြံရှေ့မှာ ရပ်လိုက်ပြီး
အထက်ဆရာကြီးများနဲ့ ဆရာအောင်မြတ်သာကို ကန်တော့လိုက်တယ်။
ပြီးတော့ ရေတစ်ခွက်ခပ်ခိုင်းလိုက်ပြီး
ရေထဲကိုလက်ညိုးနဲ့ စမအင်း၄ကွက် ဆွဲလိုက်တယ်
…….
စမအင်းရေစင်ကို လက်နဲ့ယူပြီး.ခြံထဲကို.တောက်လိုက်ရာ..
အိမ်ပေါ်မှာ ဇာက်ကြီးတလိမ်လိမ်နဲ့ လူးလိမ့်နေတဲ့ ကိုတက်ပု ဇာတ်ခနဲ ခေါင်းထောင်လာတယ်။
ပြီးတော့ သက်ခိုင်ရှိတဲ့ ဘက်ကို.စိုက်ကြည့်ပီး
ဘယ်က လူတွေခေါ်လာတာလဲ..
ငါဂုတ်ချိုးသတ်လိုက်ရမလား
နင့်လင်ကိုရုတ်ချိုးသတ်လိုက်ရမလား
ဟီးဟီးဟီးဟီး
……
ကိုတက်ပု အသံက ပြောင်းသွားတယ်
အသံအောအောကြီးနဲ့ မျက်လုံးကလဲ နီရဲနေတာ
မရင်စိန်ခဗျာ ဘာလုပ််လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတုန်း..
အိမ်ပေါ်က မကောင်းဆိုးဝါးကောင်
ငါ့ကိုများ မမာမခန့်နဲ့
အခု ရေစင်နဲ့လောင်းချလိုက်လို့
ငရဲမီးနဲ့မြိုက်ထားသလိုဖြစ်တော့မယ်
အခုချက်ချင်း.ငါ့ရှေ့ဒူးထောက်စမ်း..
သက်ခိုင်ရဲ့စကားအဆုံးမှာ
အိမ်ပေါ်က ကိုတက်ပု လှေကားထစ်တွေကို နောက်ပြန်ဆင်းလာတယ်။
ခြံဝလဲရောက်ကော..
ဒူးထောင်ပြီး ဇာက်ကြီးလိမ်ကာ စောင်းငန်းစောင်းငန်းနဲ့ သက်ခိုင်ကို စိုက်ကြည့်နေတာ
……
ဟေ့ နင်ဘယ်သူလဲ
ဘယ်ကလဲ
ဘာလို့ သူတစ်ပါးကို ဒုက္ခပေးရတာလဲ
…..
ငါ့ကိုဒီအိမ်မှာနေဖို့ပြောလို့နေတာ
ငါ့ကိုသူတို့ကအစာလဲမကျွေးဘူး
ငါသူတို့ကိုသတ်စားမယ်
ငါဗိုက်ဆာနေပီ
……
မင်းက ဘယ်သူလဲလို့ငါမေးနေတယ်
မင်းကိုဘယ်သူနေခိုင်းတာလဲ
ပြောစမ်း…
ခြေဖဝါးကို.မြေပေါ်ဆောင့်ချလိုက်တော့
ခြံဝမှာထိုင်နေတဲ့ ကိုတက်ပု အနောက်ကို လန်ကျသွားတယ်
……
ငါ့ကို ငါ့ဆရာနေခိုင်းတာ
ငါကိုသူမခေါ်မချင်း.ပြန်မရဘူး
ငါ့ဒီလူရဲ့ အသည်းကိုစားမယ်
ငါစားရမှကျေနပ်မယ်
အဟင်းအဟင်း
……
အဟက်အဟက်
ဒီလိုစားလို့ရမလားကွ
ငါရှိနေသရွှေ့ မင်းဘာမှလုပ်မရစေရဘူး
……
လူတွေကလဲ ဝိုင်းကြည့်နေကြတာ အုံလို့ကျင်းလို့
သက်ခိုင်လဲ . ခြံဝပတ်လည်ကို ရေစင်တွေနဲ့ စည်းတားလိုက်ပြီး
ငါ၏အမိန့်…
ရေစင်တားတဲ့စည်းထဲက မည်သူမှ မထွက်စေရ
ပူပြင်းတဲ့ဒဏ်ကိုခံစားရစေ
ရုန်း၍လွတ်မြောက်ခြင်းငှါမစွမ်းသာစေရ
အထက်ဆရာများ၏.အမိန့်တော်
……
သက်ခိုင် အမိန့်ပေးလိုက်သည်နှင့်
ဝင်ပူးခံထိထားတဲ့ ကိုတက်ပု ဂနာမငြိမ်ဖြစ်လာတယ်
ပူတယ် ပူတယ် အား ပူတယ်
လွှတ်ပေး ငါသွားမယ်
ပူတယ်…
……
အဲဒါဆိုပြော..
မင်းကိုဘယ်သူခိုင်းတာလဲ
ဒီအိမ်ကိုဘာတွေလုပ်ထားသေးလဲ
…..
ငါမသိဘူး
ငါမသိဘူး
ငါ့ကိုနေခိုင်းလို်နေတာ
…..
ကဲ.ဒီလောက်ခေါင်းမာနေတာ
လှံပိုင်တွေ လှံနဲ့ခေါင်းကနေ စအိုပေါက်ထိ လှံနဲ့ထိုးစေ
ဓားပိုင်တွေ ဓားနဲ့ခုတ်စေ
လွတ်မြောက်ခြင်းငှါမတတ်နိုင်စေရ
……
အား
အား
နာတယ်
ကြောက်ပါပီ
လွှတ်ပေးပါ
…..
ပြော… ဘယ်သူခိုင်းတာလဲ
ကြိုးပိုင်က.ကြိုးနဲ့ဆွဲတုတ်ထား
မရုန်းနိုင်စေရ
အထက်ဆရာကြီးများရဲ့အမိန့်တော်
…..
ငါမသိဘူး
ငါ့အရိုးတွေကို ဒီမှာထားထားတယ်
ငါ့ဒီမှာနေတာ အဲဒီအရိုးတွေရှိလို့
….
မင်းအရိုးတွေဘယ်မှာထားလဲ
ပြောစမး်
အိမ်. အိမ်ဦးတိုင်အောက်မှာ ငါနေတယ်
ငါ့ကိုလွှတ်ပေးပါ
ပူလဲပူတယ်
နာလဲနာတယ်
ဆရာကိုလဲကြောက်ပါပီ
အား.အမလေး လွှတ်ပေးကြပါ…
…….
အေး .. နောက်တစ်ခါ ဒီလိုထပ်လုပ်ရင် ငါ့အကြောင်းသိမယ်..
မင်းသွားတော့..
ဘာမှစားရဖို့မတောင်းဆိုနဲ့
……
သွားတော့မယ် မနေနိုင်တော့ဘူး
ပူတယ် ပူတယ်လို့အော်ရင်း.ကိုတက်ပုတစ်ယောက် ဇာက်လည်ကျသွားတယ်
…..
နှာနှပ်ပြုစုပြီးတော့ ပြန်သတိရလာပြီး
အိမ်ဦးတိုင်အောက်ခြေကို တူးကြည့်တော့
ထဘီအစုတ်နဲ့ပတ်ထားတဲ့ လက်သန်းရိုးတစ်ချောင်းတွေ့လိုက်ရတယ်။
အဲဒါနဲ့ သက်ခိုင်လဲ မီးရှို့စေပြီး အိမ်အနှံ့ပရိတ်ရေတွေ ဖြန်းခိုင်းလိုက်တယ်
……
အဲဒီအဖြစ်အပျက်ပြီးတဲ့အချိန်ထိ
ရပ်ရွာထဲ နေမကောင်းလဲ.သက်ခိုင်ရေမန်း
ကလေးချောင်းဆိုးလဲ သက်ခိုင်ရေမန်း
ယုတ်စွအဆုံး ဓမ္မတာမမှန်လဲ သက်ခိုင်ဆီလာပြီး ရေမန်းလာတောင်းပါလေရောဗျာ
…..
သက်ခိုင်လဲ အချိန်၅ရက်အတွင်း သတ္တဂါတွေရဲ့ အသက်ကိုအမေ့အိမ်လေးမှာကယ်တင်ရင်း နေထိုင်ခဲ့ တယ်။
၅ရက်မြောက်နေ့မှာတော့ အမေ့ကိုရိုကျိုးစွာကန်တော့ရင်း …
အမေ ..
သား သတ္တဝါတွေရဲ့အသက်ကို ကယ်တင်ဖို့ ဆရာသခင်နဲ့လိုက်သွားရမယ်
အမေကျန်းမာရေးဂရုစိုက်ပါ
သား.သွားတော့မယ်နော်..
…..
အမေကိုကန်တော့ရင်း
လွယ်အိပ်ကိုလွယ်ကာ.အိမ်ပေါ်ကဆင်းလာခဲ့ လိုက်တယ်။
အမေကတော့ အိမ်ထရံလေးကိုမှီရင်း
မျက်စိတစ်ဆုံးကြည့်နေမယ်ထင်ပါတယ်
…..
သက်ခိုင်လဲ သတ္တဝါတွေရဲ့အသက်ကိုကယ်တင်ဖို့ ဆရာသခင်နှင့်ချိန်းဆိုထားသည့် ကြံတိုင်းအောင် စေတီလေးဆီသို့ …..
လေးစားစွာဖြင့်
ဇေယန(ရာမည)