°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ-ဇေယန(ရာမည)

ဘယ်ကောင်မိုက်လဲ မိုက်တဲ့ကောင် ထွက်ခဲ့..
သက်ခိုင်တဲ့ကွ တစ်ခိုင်ထဲရှိတယ် ။
ဘယ်ကောင်မှမကြောက်လို့ စိန်ခေါ်တာ အေ့..
သတ္တိရှိရင် ထွက်ခဲ့စမ်း.. ဘယ်ခွေးမှ လူလို့
ထင်တဲ့ကောင်မဟုတ်ဘူး အေ့.. ထွီ..
…..
ဒါကတော့ တစ်ရပ်ကွက်လုံး အောကျောလန်
ငမူးသက်ခိုင် ၊ မူးလာရင်သွေးဆိုးသလို တစ်ရပ်ကွက်လုံးအော်ဆဲနေတတ်တဲ့ ပြည်သူချဉ်ဖတ်တစ်ယောက်။
အိုကြီးအိုမ မိခင်ကြီးနဲ့ အတူနေတဲ့ သက်ခိုင်ကို တစ်
ရပ်ကွက်လုံးက မေးငေါ့ကြသော်လည်း အမေအိုကြီး
မျက်နှာကြောင့် ဘာမှမပြောကြဘူး ။
…..
သက်ခို်င်ဆိုတဲ့ကောင်ကလဲ ဘယ်လောက်မူးမူး
သူအိမ်ပြန်ရင် သူအမေအတွက် တစ်ခုခုပါလာ
တတ်စမြဲ ။ကျန်တဲ့သူကိုသာ ဆဲဆိုကြိမ်းမောင်း
နေပေမယ့် သူအမေကိုကျ အတော်ချစ်တာဗျ ။
…….
အမေ.. သား ပြန်ရောက်ပီ အေ့
သားလေးရယ် ဒီအရက်တွေ သောက်လာပြန်ပီလား ။
အမေကလဲ သားက နည်းနည်းပဲ သောက်တာပါ အေ့ ..
ဒီမှာ အမေအတွက် ခေါက်ဆွဲကြော် ၀ယ်လာတယ်
မနက်က ကုန်ထမ်းလို့ရတာနဲ့ ၀ယ်လာတာနော်
မသမာတဲ့နည်းနဲ့ယူလာတာ မဟုတ်တဲ့အတွက်
အမေ အားပါးတရစား သားက စားပီးပီ အေ့..
အမေကို ရှိခိုးပြီး အိပ်တော့မယ် ။
……
သားလေး ဘေးအန္တရာယ် ကင်းပါစေ ။
သူတော်ကောင်းတွေနဲ့ ဆုံတွေ့ပါစေ ။
ကျန်းမာပါစေကွယ် ။
…..
ဒါကတော့ သက်ခိုင်ရဲ့ နိစ္စဓူ၀အမူအကျင့်ပဲ ။
ထစ်ခနဲရှိ သက်ခိုင် ရန်ဖြစ်လိုက်လဲ သက်ခိုင်
တစ်နေ့မှာ …သက်ခိုင်အရက်ဆိုင်က ပြန်လာတဲ့
လမ်းမှာယောဂီအကျၤီ၊ ယောဂီလုံချည် ကျနစွာ၀တ်ထားတဲ့ သူနဲ့အရွယ်တူ လူတစ်ယောက်ကို တွေ့
လိုက်တယ်။ထူးဆန်းတာက အဲဒီလူရဲ့ လက်ပေါ်မှာ ခိုတွေ စာကလေးတွေ ကျီးကန်းတွေ နားနေတာပဲ ။
အောက်မှာလဲ တစ်လမ်းလုံးမှာရှိတဲ့ ခွေးလေ
ခွေးလွင့်တွေ ..
အလိုလေး ငါများမူးနေလေသလား…
မျက်လုံးများမှားတာလားလို့ သေချာပွတ်ကြည့်
တော့လဲ မမှားဘူးဗျ ။
ခွေးတွေက စည်းကမ်းရှိစွာ ယောဂီ၀တ်တဲ့
လူကို မော့ကြည့်နေကြတယ် ။
ကျီးတွေ စာတွေ ခိုတွေကလဲ အဲဒီလူအပေါ်
၀ဲတဲ့ကောင်က၀ဲ..
နားတဲ့ကောင်ကနားနေကြတာ ထူးဆန်းတယ် ။
….
သက်ခိုင် အနားကပ်သွားတော့ ယောဂီ၀တ်လူငယ်
်က တည်ကြည်တဲ့ အပြုံးလေး ပြုံးတယ်ဗျ ။
ဟေ့လူ ခင်ဗျားဘယ်သွားဖို့လဲ
အရင်က ခင်ဗျားကို ကျုပ်မတွေ့ဘူးဘူး..
ခင်ဗျားက မျက်လှည့်ဆရာလား ..
…..
ထိုလူငယ်က ခေါင်းခါပြတယ် ။
ဒါဆို ဘယ်သူလဲ ။
မင်းကို လာခေါ်တဲ့သူပေါ့ ။
ငါ့ကို ဘာလုပ်ဖို့ လာခေါ်တာလဲ ။
ငါက ဘာလို့ မင်းခေါ်တဲ့အနောက်ကို
လိုက်ရမှာလဲ ။
….
လူလောကဆိုတာ ဖြစ်ချင်တာတွေထက်..
ဖြစ်သင့်တဲ့အရာတွေကို ဦးစားပေးရတယ် ။
မင်းကဒီလို မူးရူးတဲ့ဘ၀နဲ့ နေသွားရမယ့်သူ
မဟုတ်ဘူး ။
ခုနှစ်ရက်သားသမီးတွေကို မင်း ကယ်တင်ရမယ့် ဇာတာပါလာတယ် ။
အဲဒီအတွက် မင်း ငါနဲ့လိုက်ခဲ့ရမယ် ။
ဟားဟားဟားးဟားးးး ဒီအရူးနဲ့တော့ ခက်ပီဟေ့
ဟေ့ကောင် ငါဘယ်မှမလိုက်ဘူး.
မင်းလိုအရူးပြောတဲ့စကားကိုလဲမယုံဘူး ။
ငါ့မှာ အမေရှိတယ် ငါအမေနဲ့ပဲ ငါနေမှာ ။
သွားစမ်းပါကွာ ။
…….
ကောင်းပီလေ.. မင်းကိုငါစောင့်နေမယ် ။
မင်းလာတဲ့အချိန်ကို စောင့်နေမယ် ။
ခုတော့အိမ်ပြန်လိုက်ဦး မင်းအမေ မင်းအတွက်
ဆိတ်သားဟင်းချက်ထားတယ် ။
ငပိရည်လေးလဲပါတယ် ။ ဘူးကင်းလေးတေ
ွတို့စရာလုပ်ထားပေးတယ် ။
မင်းအရမ်းကြိုက်တဲ့ ဟင်းနုနွယ်လေးပါ
ကြော်ထားပေးသေးတယ် ။
…..
ခင်ဗျား…
အော် .. ပြောရဦးမယ်.
မင်း အမေချက်တဲ့ဟင်းတွေအတွက်
ကုန်ကျစရိတ်ကို ငါပေးထားတာ ။
ဒါနဲ့ မင်း.အရက်သောက်တယ်မလား ။
သောက်တာပေါ့ အရက်နဲ့မျက်နှာသစ်တဲ့ကောင်
….
အဲဒါဆို ဒီအရက်ပုလင်းကို.ကုန်အောင်သောက်
နိုင်ရင် မင်းအတွက်နေ့တိုင်း အရက်ဖိုးပေးမယ်
ဆိုပြီး လွယ်အိတ်လေးထဲက အရကိပုလင်း
တစ်လုံးရယ် ။
ရွှေဒဂါၤးတွေထုတ်လိုက်တယ် ။
ဟားဟားဟား.
ရတယ်လေ သက်ခိုင်တဲ့..
စိန်လိုက်လေ..
ဒီအရက်ကျုပ်ကုန်အောင် သောက်ပြမယ် ။
ကျုပ်ကုန်ရင် ခင်ဗျား ရွှေဒင်္ဂါးတွေကျုပ်ကိုပေး ..
ကျုပ်မကုန်ဘူးဆိုရင် ခင်ဗျားပြောတဲ့အတိုင်း.
ကျုပ်လုပ်မယ် ။
…….
ခင်ဗျား ကတိသာတည်ပါစေ ။
မင်းလဲကတိသာတည်ပါစေနော် ။
ကဲ စသောက်လို့ရပီ။
သက်ခိုင် အရက်ပုလင်းအဖုံးကို ဖွင့်လိုက်တယ် ။
ပြီးတော့နမ်းလိုက်ပြီး…
ဟာ.. ဒါအရက်မှမဟုတ်တာ ရေတွေပဲ
ဒီကောင် ငါ့ကို လာနောက်နေတာလား
….
ရေဆိုတော့လဲ ရေပေါ့ဗျာ ဒါပေမယ့် ခင်ဗျား
ဒီရေကိုကုန်အောင် သောက်နိုင်ရင် ခင်ဗျား
လိုချင်တာပေးမယ် ။
မသောက်နိုင်ရင် ကျုပ်ခေါ်ရာ လိုက်ရမယ်
ဘယ်လိုလဲဗျ ..
သက်ခိုင်လဲ ပုလင်းထဲက ရေကို မော့ချလိုက်တယ်
ရေမှ ရေပါဗျာ ဟဟဟဟ ဒီကောင်ရူးနေတာလား
မသိဘူး ။
ဂလု ဂလု ဂလု
သုံးငုံလောက်သောက်ပီးရော သက်ခိုင် ခေါင်းထဲ ရီေ၀ေ၀ဖြစ်လာတယ် ။
၅ငုံမြောက်မှာ ကမ္ဘာတစ်ခုလုံး.ချာချာလည်ထွက်
သွားတယ် ။
ပုလင်းက တစ်၀က်မကျိုးသေးဘူး
အရာရာအားလုံးက သက်ခိုင်အမြင်မှာ
လည်နေတာမှ မွတ်နေတာပဲ ။
နောက်တစ်ငုံမော့ဖို့ပြင်လိုက်ချိန် သက်ခိုင်
ဘာဆို ဘာမှမသိတော့ဘူး ။
……
အချိန်ဘယ်လောက်ထိ အိပ်ပျော်သွားလဲမသိဘူး
နိုးလာတော့ လမ်းထိပ်က ဘုရားရင်ပြင်တော်ကို
ရောက်နေတယ် ။
ဘေးကိုကြည့်လိုက်တော့ သူ့ကို.ပြုံးပြီး ကြည့်နေတဲ့ ခုနက လူငယ် ..
ကဲ အခု ခင်ဗျားရှုံးသွားပီ..
ကတိတည်မယ်လို့တော့ ထင်ပါတယ် ။
….
သက်ခိုင် အခုမှ ဘေးက လူငယ်ကို သေချာ
ကြည့်မိလိုက်တယ် ။
နှာတံစင်းစင်း နှုတ်ခမ်းမွေးရေးရေးနဲ့
ယောကျၤားပီသတဲ့မျက်နှာပါလား ။

ခဏနေတော့ ကျုပ်ယောကျၤားပါ ပြောတဲ့စကား
တည်တယ် ။
ဒါပေမယ့် ကျုပ်အမေကို ဘယ်လိုလုပ်မလဲ ။
စိတ်မပူပါနဲ့ ခင်ဗျားအိမ်ကို ကျုပ်လိုက်ခဲ့မှာပါ
ခင်ဗျားအမေဆီက ခွင့်ပြုချက်တောင်းမှာ..
အခု ခင်ဗျားသဘောတူတယ်ဆိုတော့ အိမ်သွားကြတာပေါ့ ။
……
အိမ်ရောက်တော့
ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ် ။
သက်ခိုင် အမေက ယောဂီ၀တ်လူငယ်ကို
သိပ်မယုံကြည်သေးဘူး ။
အဲဒါနဲ့ အမေ ကျွန်တော်ကို မယုံသေးတာ
သိပါတယ် ။
ကျွန်တော်က ၇ရက်သားသမီးတွေကို ကယ်တင်
နေတဲ့ သူတစ်ယောက်ပါ ။
မကောင်းတဲ့အရာ မှန်သမျှ ကျွန်တော် မလုပ်ပါဘူး
ကျွန်တော်က သစ္စာ သီလ သမာဓိကိုပဲ အခြေခံပြီး
လူသားးအကျိုးကို ကယ်တင်ပေးတာပါ ။
အခုတစ်လော.အမေ ခြေထောက်တစ်ချက်
တစ်ချက် ထုံတာ ကျင်တာဖြစ်တယ်မဟုတ်လား ။
…..
အယ် သားလေးက ဘယ်လိုသိတာလဲ။
ဟုတ်တယ် အမေခြေထောက်က တစ်ချက်တစ်ချက် အဲလိုဖြစ်တတ်တယ် ။
အမေ ဆီပုလင်း.ရှိလား ကျွန်တော်ကုပေးမယ် ။
…..
သက်ခိုင် ဆီပုလင်းယူပေးလိုက်လေ…
ဆီပုလင်းရောက်လာတော့ ယောဂီ၀တ်လူငယ်က
တစ်စုံတစ်ခုကို ရွတ်ဖတ်ပြီး ခြေထောက်ပေါ်ကို
ဆီတစ်စက်ချလိုက်တယ် ။
လက်ဖဝါးလေးနဲ့ ပွတ်သပ်ပေးလိုက်တာ
ခြေထောက်တစ်ခုလုံး ပေါ့ပါးပြီး ထုံတာ.ကျင်တာ
မဖြစ်တော့ဘူး ။
…..
အမေ ဒီဆီပုလင်းကို သိမ်းထား ဖျားတာနာတာ
ကိုက်ခဲတာဖြစ်ရင် ဒီဆီလူးပေးပါ ။
အမေ ဘာမှမဖြစ်စေရဘူး ။
၀ဋ်နာကံနာကလွဲပြီး အကုန်ပျောက်ပါတယ် ။
…..
အမေသားကို ကျွန်တော်ခေါ်သွားမယ်နော်
အမေခွင့်ပြုပေးပါ ။
၃နှစ်နေရင် ကျွန်တော်ပြန်လာပို့ပေးပါ့မယ် ။
ပြန်လာတဲ့အချိန် အမေသားက လူစွမ်းကောင်း
တစ်ယောက်ဖြစ်နေမှာကို အမေမြင်ရဦးမှာပါ ။
….
ကျွန်တော်တို့သွားပီနော် ဆိုပြီး အိမ်ပေါ်က
ဆင်းသွားတဲ့ ယောဂီ၀တ်လူငယ်လေးနဲ့ အမေ
ခြေဖဝါးကို.ကန်တော့ပြီး အနောက်ကလိုက်သွားတဲ့ သားဖြစ်သူ ကျောပြင်ကိုကြည့်ရင်း ပြုံးလိုက်မိတယ်။
…..
သက်ခိုင်လဲ ယောဂီ၀တ်လူငယ်လေးခေါ်တဲ့
နောက်ကို ညို့ငင်ခံထားရတဲ့သူပမာ တစ်ကောက်
ကောက်လိုက်သွားရင်း ကားတစ်တန်ရထားတစ်တန
်နဲ့ ဘယ်နေရာဦးတည်လို့ ဦးတည်မှန်း မသိအောင် လိုက်ခဲ့မိတယ် ။
…..
သက်ခိုင်အတွက်က သူရှုံးလို့သာ လိုက်လာခဲ့ရတာ အခုထိ ယောဂီ၀တ်လူငယ်နာမည် ဘယ်လိုခေါ်လဲ
ဆိုတာ မသိသေးဘူး ။
ဘာတွေလုပ်လဲ ဘယ်မှာနေလဲဆိုတာ မသိဘူး ။
ဗိုက်ဆာရင် တွေ့ရာ ဆိုင်၀င်စားတယ် ။
စားပြီးတဲ့အချိန် ကျသင့်ငွေကို ဘာမှမရှိတဲ့..
အိပ်ကပ်ထဲကနေ နှိုက်ထုတ်ပြီး ပေးနေတာပဲ ။
ထူးဆန်းတာက ဘာမှမရှိပေမယ့် နှိုက်ထုတ်လိုက်
တိုင်း ငွေတွေထွက်ထွက်လာတာ.
သက်ခိုင်တစ်ယောက် အရက်သောက်ချင်စိတ်
အရမ်းဖြစ်လာတော့ ခြေတွေလက်တွေ
တုန်လာတယ် ။
အဲလိုဖြစ်တာမြင်တော့ ယောဂီ၀တ်လူငယ်က
အိပ်ကပ်ထဲက ဆေးမြစ်လေးတစ်ခုထုတ်ပြီး.
ပေးတယ် ။
…..
ဒီဆေးမြစ်ကို ဝါးစားလိုက် ခင်ဗျား အရက်ပြတ်သွားလိမ့်မယ် ။
သက်ခိုင်လဲ ဘာမှမစဉ်းစားပဲ ဝါးစားလိုက်တယ် ။
ဆေးမြစ်က နွယ်တစ်မျိုးလိုပဲ ချိုနေတယ် ။
စားလဲ စားပြီးကော အရက်သောက်ချင်စိတ်တွေ
ပျောက်ပျောက်သွားတယ် ။
….
သက်ခိုင် အရက်သောက်ချင်တိုင်း ဆေးမြစ်တစ်ခု
အမြဲတမ်းပေးတယ် ။
အဲလိုနဲ့ သက်ခိုင်တစ်ယောက် အရက်မသောက်
ဖြစ်တော့ဘူး ။
ယောဂီ၀တ်လူငယ်လေးက ညဖက်ရောက်တိုင်း
တရားထိုင်တယ် ။
တစ်ခါထိုင်ရင် ၄နာရီလောက်ကြာတယ်ဗျ ။
သက်ခိုင် တစ်ရေးနိုးလာတိုင်း လူငယ်က
တရားထိုင်နေဆဲ ။
ခုထိတော့ သက်ခိုင် ဘာမှထူးထူးခြားခြား
မတွေ့ခဲ့သေးဘူး ။
…..
တစ်ရက်မှာတော့ ထိုလူငယ်လေးရဲ့ အစွမ်းကို
မျက်ဝါးထင်ထင် မြင်လိုက်ရတယ် ။
ရွာတစ်ရွာအရောက်..
ရွာထိပ်က ညောင်ပင်အောက်မှာ ခဏနားရင်း
သက်ခိုင်…
ပြောလေ..
ရော့ ဒီဆေးမြစ်လေးကို.မျက်လုံးကွင်းထားလိုက်
ဆိုပြီး ဆေးမြစ်နီနီတစ်ခု ထုတ်ပေးတယ် ။
သက်ခိုင်လဲ ဘာမှမမေးတော့ပဲ မျက်လုံး၂လုံးကို
ဆေးမြစ်နဲ့ကွင်းလိုက်တယ် ။
ဒီအပင်ကို ကြည့်စမ်း..
ဘာမြင်လဲ…
သက်ခိုင်လဲ အပေါ်ကို.မော့ကြည့်လိုက်တာ
အလိုလေး.ညောင်ပင်ပေါ်မှာ ၀တ်ဖြူစင်ကြယ်နဲ့ အဖိုးတစ်ယောက် ညောင်ပင်ခွကြားထဲမှာ ထိုင်နေပါလား ။
…..
ဟိုဘက် သရက်ပင်ကို ကြည့်လိုက်ဦး
ဘာမြင်သေးလဲ ။
သက်ခိုင်လဲ သရက်ပင်ကို ကြည့်လိုက်တာ
ထွက်မပြေးမိအောင် စိတ်မနည်းထိန်းလိုက်ရတယ်
သရက်ပင်ပေါ်မှာ နေရာလပ်မရှိအောင် နေကြတဲ့
ပရလောကသားတွေ ။
သူမိသားစု သူမိသားစုနဲ့ တစ်ချို့က ကလေးတွေနဲ့
တစ်ချို့က လျာကြီးတွဲလောင်းကျ တစ်ချို့က
အစွယ်ကြီးတွေနဲ့ ၊ တစ်ချို့ကျတော့ မျက်လုံး
၂လုံးက သပိတ်လုံးလောက်ရှိတဲ့ နာနာဘ၀တွေ ။
…..
သက်ခိုင် မင်း ကြောက်လား
ရုတ်တရက်ဆိုတော့ လန့်တာပေါ့
ခုတော့မကြောက်ပါဘူး

သက်ခိုင် ထိုလူငယ်လေးအစွမ်းကို
နည်းနည်းယုံလာခဲ့တယ် ။
ခဏနေတော့ ရွာထဲကို ၀င်ခဲ့လိုက်တယ် ။
ရွာထဲ၀င်တော့ ရွာအ၀င် ရွာစောင့်နတ်နန်းထဲက ဓါး၂လက်ကိုင်ထားတဲ့ လူတစ်ယောက်ထွက်လာပြီး
ယောဂီ၀တ်လူငယ်ကို အရိုအသေလာပေးတယ်ဗျာ ။
….
ကျုပ်မယုံတောင် မယုံနိုင်ဘူး
ဒီလူငယ်လေးက ဘာမှန်းကျုပ်မသိသေးဘူး
ဒါပေမယ့် ကျုပ်နည်းနည်းတော့ ယုံလာတယ် ။
အဲဒါဘယ်သူလဲလို့ မေးတော့ လူငယ်က..
ဒါက ရွာတော်စောင့်နတ်တဲ့ ။
ရွာစောင့်နတ်က ခင်ဗျားကို အရိုအသေပေးရတာ
လားလို့မေးတော့ သူကပြုံးနေတယ် ။
ရွာစောင့်နတ်နဲ့ လူငယ်နဲ့ စကားနည်းနည်းပြောပြီး ရွာစောင့်နတ်က တစ်စုံတစ်ခုကို လမ်းညွှန်
လိုက်တယ် ။
….
လူငယ်လဲ ရွာထဲကို လျောက်လာရင်း အိမ်တစ်အိမ်အရှေ့ရောက်တော့ ရပ်လိုက်တယ် ။
ပြီးတော့ အိမ်ရှင်တွေကို ခွင့်တောင်းပြီး အိမ်ပေါ်
တက်လာလိုက်တယ် ။
အိမ်ပေါ်ရောက်တော့ လူတစ်ယောက် အိပ်ယာထဲ လဲနေတာ ။
ပါးစပ်လေးဟပြီး အသက်ကို မနည်းရှူနေရတာ
အဲမှာ လူနာကို တစ်ချက်ကြည့်ပြီး ကျွန်တော့်ကို
မေးငေါ့ပြတယ် ။
ဘာတွေ့လဲဆိုတဲ့ သဘောပေါ့ ။
ကျုပ်လဲ လူနာကို ကြည့်လိုက်တာ
အမလေးလေး လူနာဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့
ဘီလူးကြီးတစ်ကောင် ။
လူနာရဲ့ သွေးတွေကို ဖြေးဖြေးချင်း စုပ်နေတာ..
တော်ရုံမလန့်တဲ့ ကျွန်တော်တောင် လန့်သွားတယ် ။

အဲဒီချိန်မှာ ယောဂီ၀တ်လူငယ်လေးက
ဘုရားစင်ပေါ် ဖယောင်တိုင်ထွန်းပြီး လူနာကို
လက်ဖဝါးနဲ့သပ်လိုက်ရုံနဲ့…
၀ုန်းဆို လက်မကြီး ၂ချောင်းထောင်ပြီး လူနာက ဘီလူးခုန် ခုန်ထလာတာ ။
အိမ်ရှိလူတွေအကုန် ထွက်ပြေးတဲ့သူကပြေး
အော်တဲ့သူကအော်ပေါ့ ။
ကျုပ်တောင် လူငယ်အနားမသိမသာ
ကပ်လိုက်တယ် ။
…..
အဲဒီအချိန် လူငယ်က ခြေထောက်အောက်ခြေကို
လက်ဖဝါးနဲ့လေထဲကနေ ဖြတ်ရိုက်ချလိုက်တာ
ခုနက လက်မ၂ချောင်းထောင်ပြီး ထလာတဲ့ လူက
ဗြုန်းဆို ဒူးထောက်ကျသွားတာ ။
……
ပြီးတော့ ဟေ့ ငါ့ကို သေချာကြည့်စမ်းလို့
လူငယ်က ပြောတော့
စောနက ဘီလူး၀င်ပူးနေတဲ့ လူက
၀မ်းခေါင်းသံကြီးနဲ့ ဆရာလေးမှန်း မသိလို့ပါ
ဒီလူက ကျုပ်ကိုစော်ကားတယ် ။
ကျုပ်နေတဲ့ အပင်ကို ခုတ်တယ် ။
အဲဒါကြောင့် ကျုပ် ခုလိုလုပ်တာ ။
…..
ကျုပ် တစ်ဖြေးဖြေးချင်းသတ်မလို့
ခုဆရာရောက်လာတော့ မသတ်ရတော့ဘူး
တောက်…..
….
ကဲ ကဲ …
အဖြစ်စုံသိရတော့ ဆရာကပဲ ကြားထဲက
မေတ္တာ ရပ်ခံပါတယ် ။
အိမ်ရှင်တို့ အခု အိမ်မှာ ဘာချက်ထားလဲ..
၀က်ခြေထောက်ပြုတ်ထားတာပဲ ရှိတယ် ။
ခုမှ ပြုတ်ထားတာ ။
ကဲ ၀က်ခြေထောက် ပြုတ်စားပြီး ပြန်တော့ ။
လူနာကို လုပ်ထားတာလဲ ပြန်ယူသွား
နောက်တစ်ခေါက်မဖြစ်အောင် ဆရာကတိ
ပေးတယ် ။
နောက်တစ်ခါဆို ခွင့်မလွှတ်နဲ့ ဒီတစ်ခါ
ဆရာမျက်နှာထောက်ပီး ခွင့်လွှတ်လိုက်ဆိုတော့
သူက ခေါင်းငြိမ့်ပြတယ် ။
…..
ခဏနေတော့ ပွက်ပွက်ဆူနေတဲ့ ၀က်ခြေထောက်
ပြုတ်ရည်ယူလာတာကို တစ်ကျိုက်ထဲ ဂလု ဂလုနဲ့
သောက်ချတာဗျာ ။
ဘီလူးစား သရဲစား စားတယ်ဆိုတာ ဒီလိုဖြစ်မှာပဲလို့ တွေးလိုက်မိတယ် ။
စားလဲပြီးကော လူနာပေါ်မှာ စီးနေတဲ့ ဘီလူးကြီးက အိမ်ပေါ်ကနေ ခုန်ချပြီး အိမ်အနောက်က တောထဲ.
၀င်ပြေးသွားတာ ။
လူနာလဲ ချက်ချင်းသတိပြန်လည်လာတယ် ။
လူနာကိုလဲ ပြောဆိူဆုံးမပြီး ရွာထဲကနေ ပြန်ထွက်လာတော့ ..
ကျွန်တော်က မေးလိုက်တယ် ။
ဆရာ.. ဆရာက လူငယ်ပေမယ့် ပညာမငယ်ပါလား ။
ဆရာနာမည်သိချင်လို့ ပြောပြပါလားဆိုတော့..
လူငယ်က ပြုံးပြီး..
ကျွန်တော်နာမည်က အောင်မြတ်သာ.လို့ပြောပြီး
အရှေ့ကနေ ခပ်သုတ်သုတ် လမ်းလျောက်သွားပါ
လေရော ။
အောင်မြတ်သာရဲ့ ဘ၀ဇာတ်ကြောင်းအား
ကျွန်တော်ရေးသားခဲ့တဲ့ ဘုံဘ၀မှာဖြင့်
အပိုင်း ၁မှ အပိုင်း ၆တွင် ဖတ်ရှုနိုင်ပါသည် ။
နောက်အပိုင်းများတွင်လည်း.အောင်မြတ်သာနဲ့
တပည့် သက်ခိုင်တို့ မည်သို့မည်ပုံ ဖြစ်ကြမလဲ
ဆိုတာ စောင့်ဆိုင်းပေးကြပါဦး ။

လေးစားစွာဖြင့်
ဇေယန ( ရာမည )

မူရင်းရေးသားသူများ နှင့်
စာရေးဆရာ -ဇေယန(ရာမည)အားလေးစားလျက် မေတ္တာဖြင့်မျှဝေပါသည်။