ဥစ္စာစောင့်တွေ နေသည့်အပင်
(ဖြစ်ရပ်မှန်)

ရေးသားသူ..အောင်ဓူဝံ

“ကိုစိုး မနက်ဖြန်ရွာဘုရားပွဲသွားရအောင်
မကြီးမြိုင်က လာခဲ့ကြတဲ့
လိုက်ပို့မယ်မလား”

“ဟ လိုက်ပို့ရမှာပေါ့ သူသူ ရယ် ငါလည်း
ရွာဘုရားပွဲသွားချင်နေတာ
စိတ်ချမနက်ဖြန် ငါလိုက်ပို့မယ်”

“ဒါဆိုရင် မကြီးမြိုင်ကို ဖုန်းဆက်ပြီး
အကြောင်းကြားထားလိုက်မယ်”

“အေးအေး လာခဲ့မယ်လို့ ပြောလိုက်
နင့်အမက သိတဲ့အတိုင်း သူ့စိတ်က
ကြီးကကြီးနဲ့ မလာရင်
စိတ်ဆိုးဦးမှာ”

သူသူ ကိုစိုး မမြိုင်တို့က မောင်နှမ
တော်စပ်ကြလေသည်။

မမြိုင် တစ်ရွာသားနှင့်အိမ်ထောင်ကျပြီးသူ၏
အမျိုးသားနှင့်ရွာလိုက်သွားလေသည်။

ထို့ကြောင့် မမြိုင်က သူ၏ မောင်နှင့်ညီမကို
ဘုရားပွဲအလည်လာစေရန် ခေါ်နေခြင်း
ဖြစ်သည်။

………………………

“တက် ရပြီလား “

“ရပြီ ကိုစိုး မောင်းတော့”

“‘ဝူး ဝူး”

ဆိုင်ကယ်အားအရှိန်တင်ပြီး မောင်နှမ၂ယောက်
ရွာသို့ထွက်လာကြလေသည်။

ရွာကသိပ်မဝေးသဖြင့် သိပ်ပြီးမမောင်းလိုက်ရပေ
၁နာရီကျော်ကျော်မောင်းသည်နှင့်
ရောက်ကြလေသည်။

===============

“မမြိုင်ရေ မမမြိုင် “

“ဟယ် ငါ့မောင်နဲ့ ညီမလေးသူသူလာ
အိမ်ထဲလာကြ အိမ်ပေါက်ဝဘာရပ်
လုပ်နေတာလည်း “

“ဟုတ်ကဲ့ လာပါ့မယ် အမရယ်
ငါ့အမကလည်း လောလိုက်တာ”

“လောတာပေါ့ ငါ့မောင်ရယ်
ငါ့မှာနင်တို့ကို သတိရနေတာ
မတွေ့ရတာဘယ်လောက်ရှိနေပြီလဲ”

“ညီမလေးတို့လည်း အမကိုသတိရပါတယ်
မအားလို့မလာဖြစ်ကြတာပါ
အမေနဲ့အဖေကဆို လာချင်နေတာ
အသက်အရွယ်ကြောင့် လိုက်မလာနိုင်ကြတာ”

“အေးပါဟယ် ငါလည်းအားတဲ့တစ်နေ့မှ
အမေနဲ့အဖေဆီလာခဲ့ပါ့မယ်
ထိုင်ကြဦး အမ ညီမလေးတို့စားဖို့
စားစရာတွေသွားယူလိုက်ဦးမယ်”

“ဒါနဲ့ အမယောင်္ကျားရော ဘယ်သွားလည်း
မတွေ့ပါလား”

“မတွေ့ဆို ငါ့မောင်ရေ နင့်အစ်ကို
နင့်ယောက်ဖက ဘုရားအတွက်
လိုတာတွေလုပ်ပေးဖို့ မနက်အစောကြီး
ကတည်းကထွက်သွားလေရဲ့
ပြီးမှပြန်လာလိမ့်မယ်”

“သြော်…အင်းအင်း”

=============

“ရော့ စားကြငါ့မောင်တို့
ညီမလေးစား”

“ဟာ…မုန့်တွေမှအစုံပဲ မစားရသေးဘူး
ကြည့်တာနဲ့တင် ဗိုက်တောင်ကားလာပြီ”

“ဟား ဟား ဟား ကြိုက်လို့ကတော့
ကုန်အောင်သာစား ကုန်အောင်သာစား”

“မမြိုင် အမတို့နေတာ အုတ်ကွင်းကြီးဆိုတော့
မပူဘူးလား”

“ပူတော့ ပူတာပေါ့ ငါ့မောင်ရယ်
အရိပ်အာဝါသကသိပ်မရှိတော့
ပူတာတော့ပြောမနေနဲ့”

“ဟိုးမြင်နေရတဲ့ဘုရားအနီးက သနပ်ခါးပင်တွေလား မမြိုင်”

“ဟုတ်တယ် ညီမလေး လိမ်းလို့ရတဲ့
သနပ်ခါးပင်တွေလေ သက်တမ်းက
တော်တော်ကြာပြီလို့ပြောတယ်”

“သြော် လိမ်းလိုက်ရင်တော်တော်မွှေးမှာပဲနော်”

“အေးနော် အကြီးကြီးတွေ အပင်တွေက”

“မွှေးလားမမွှေးလား အမလည်း
မသိဘူး သူတို့က သနပ်ခါးပင်တွေကို
လက်ဖျားနဲ့တောင်အတို့ခံကြတာမဟုတ်ဘူး”

“ဟင်…ဟုတ်လား နှမြောလိုက်ကြတာနော်”

“မုန်ု့တွေ စားကြလေ စကားကောင်းနေ
ကြတာနဲ့ မေ့နေကြပြီ”

“‘ဟုတ်အမ”

================

“မမြိုင် ညီမလေး ညကြရင်ပွဲကြည့်မှာနော်
လိုက်ပို့ပေးရမယ်”

“အေးပါ လိုက်ပို့မယ်စိတ်ချ ဒါပေမယ့်
အကြာကြီးတော့မရဘူး
ခဏပဲ”

“အင်းပါ ညီမလေးကလည်း
အကြာကြီးမကြည့်ပါဘူး”

“ကျွန်တော်ကတော့မကြည့်တော့ဘူး
လိုက်ပို့ပေးမယ်နော် မမြိုင်”

“မလိုပါဘူး ငါ့မောင်ရယ် ငါသွားနေကြ
လမ်းတွေပါ နင်ပျင်းရင်တော့
လိုက်ပို့ပေါ့”

“ဟုတ်အမ”

==============

ညရောက်တော့ ခပ်လှမ်းလှမ်းဆီက
ပွဲခင်းဆီမှ ဆူဆူညံညံအသံများ
စတင်ကြားလာရလေသည်။

“မမြိုင်ပွဲစတော့မယ် ထင်တယ်သွားကြရအောင်”

“ငါ့မောင် ကိုစိုးမင်းလိုက်ဦးမလား”

“ဟုတ်လိုက်မယ်အမ “

“ဟင် နင်အရက်တွေသောက်ထားတာလား
ကိုစိုး”

“ဟီး ဟီး နည်းနည်းပါဟ ယောက်ဖ
တိုက်လို့ သောက်ဖြစ်သွားတာ”

“ဟောတော့် ဒီလူကြီးကတော့လေ
ငါ့မောင်ကိုရောက်တုန်းရောက်ခိုက်
ဖျက်ဆီးနေပြန်ပါပြီ
ကဲ ကဲ လာသွားကြရအောင်”

==============

ကိုစိုးလည်း အမဖြစ်သူနှင့်ညီမအား
ပွဲခင်းသို့လိုက်ပို့ပေးလိုက်လေသည်။

ကိုစိုးလည်းခေတ္တခဏပွဲရပ်ကြည့်ပြီး
အိမ်သို့ပြန်လာခဲ့လေသည်။

ကိုစိုးပြန်လာသည့်လမ်းက ဘုရားစေတီလေး
နံဘေးမှဖြတ်ကာအိမ်ပြန်လာခြင်းပင်
စေတီလေးလွန်ရင် သနပ်ခါးပင်များ
စိုက်ထားသည့်နေရာအားကျော်မှ
အိမ်ပြန်ရောက်မည်ဖြစ်လေသည်။

ကိုစိုး အရက်လေးသောက်ထားသည့်အရှိန်ကြောင့်
ခြေလှမ်းများကအနည်းငယ်ယိုင်ချင်နေသည်။

လေးလံနေသည့်ခြေလှမ်းများကို
အားစိုက်ထိန်းရင်းသွားနေခိုက်

ရုတ်တရက် နှာခေါင်းဝ ဆီသို့
ရနံ့တစ်ခုကလွင့်ပျံလာလေသည်။

“ဟင်…ဘာအနံ့လဲ မွှေးလှချေလား”

မွှေးရနံ့ကြောင့်လား တော့မသိ
ကိုစိုးခေါင်းထဲနောက်ကျိကျိဖြစ်နေရာမှ
အနည်းငယ်လန်းဆန်းပြီးကြည်လင်လာလေသည်။

မျက်လုံးဖြင့်ဝှေ့ဝှိုက်ရှာဖွေကြည့်မိတော့
သူ၏အရှေ့တည့်တည့်ခပ်လှမ်းလှမ်းဆီမှ
အစိမ်းရောင်ဝမ်းဆက်ဖြင့်
ခြေတလှမ်းခြင်းလှမ်းပြီးသွားနေသည့်
အမျိုးသမီးတစ်ယောက်အား
ကိုစိုးမြင်လိုက်ရလေသည်။

……………………

“ဘယ်သူလည်း ဟေ့ မင်းဘယ်သူလည်း”

အမျိုးသမီးက ကိုစိုးပြောသည်ကို
အရေးမစိုက်ပဲ တစ်လှမ်းခြင်းမှန်မှန်
သွားနေပေသည်။

ကိုစိုးစိတ်ထဲ မတင်မကျဖြစ်နေသဖြင့်
ထိုအမျိုးသမီးအားမှီရန် နောက်မှ
ခပ်သွက်သွက်လေးလိုက်လာမိသည်။

ကိုစိုးနောက်မှလိုက်လာသည်ကို
ထိုအမျိုးသမီးသိပုံရသည်။

ရုတ်တရက် အစိမ်းရောင်ဝမ်းဆက်ဝတ်ဆင်ထားသောအမျိုး
သမီးမှာ သနပ်ခါးပင်တွေနားအရောက်ပျောက်ခြင်းမလှ
ပျောက်သွားလေသည်။

“ဟင်…ဘယ် ဘယ်ပျောက်သွားပါလိမ့်
မျက်စိရှေ့ကနေ ပျောက်သွားစရာ
ဘာအကြောင်းမှမရှိပါဘူး”

ကိုစိုးလည်း အမူးပင်ပြေသွားရပေသည်။

ထို့ကြောင့်ဝေခွဲစဉ်းစားမရဖြစ်ပြီး
အိမ်သို့ပြန်လာခဲ့တော့သည်။

အိမ်သို့ရောက်တော့ ယောက်ဖဖြစ်သူက
ရေနွေးကြမ်းထိုင်ပြီးသောက်နေသည်ကို
တွေ့လိုက်ရသည်။

“ငါ့ညီပြန်လာတာစောလှချေလား”

“ဟုတ်တယ် ကိုခင်မောင် အိပ်ချင်တာနဲ့
ပြန်လာခဲ့တာ မမနဲ့ညီမလေးကတော့
ခဏနေရင်ပြန်လာခဲ့မယ်တဲ့
ဒါနဲ့ယောက်ဖက ပွဲမကြည့်ဘူးလား”

“မကြည့်ပါဘူးကွာ ဝါသနာလည်းမပါဘူး
ငါကတော့အေးဆေးပဲနေတာကွ”

“ကောင်းပါတယ်လေ”

ကိုစိုးနှင့်ယောက်ဖဖြစ်သူ ကိုခင်မောင်တို့
စကားပြောနေကြတုန်း မမြိုင်နှင့်သူသူတို့
ပြန်ရောက်လာကြလေသည်။

“ဟာ အမတို့ပြန်လာကြပြီလား”

“ဟဲ့ ကိုစိုး ငါကနင့်ကိုအိပ်နေပြီလို့ကို
ထင်နေတာ”

“မအိပ်ပါဘူး အမရာ ဒီမှာ ကိုခင်မောင်နဲ့
စကားထိုင်ပြောနေကြတာ
ဒါနဲ့ အမနဲ့ ကိုခင်မောင်တို့ကို
ကျွန်တော်မေးစရာရှိလို့ “

“ဟ ဘာများလဲ ယောက်ဖရ မေးလေ”

“မေးလေ ငါ့မောင်”

“ဒီလိုဗျ ကျွန်တော် စောနကပွဲခင်းကနေ အိမ်ပြန်
လာတော့ ဟိုဘက် စေတီလေးရှိတဲ့
လမ်းကနေ သနပ်ခါးပင်တွေကို
ဖြတ်ပြီးပြန်လာခဲ့တော့
အဲ့နားမှာထူးဆန်းတာမြင်လိုက်ရတယ်ဗျ”

“ဟင်…ဘာများလဲ ကိုစိုး”

“ဘာလဲ ဘာမြင်လို့လဲ”

ညီမဖြစ်သူ သူသူနှင့်မမြိုင်မှ မေးလိုက်လေသည်
ကိုခင်မောင်ကတော့ ကိုစိုးပြောလာမည့်
စကားကိုသာစောင့်၍နားထောင်နေသည်။

“ဒီလိုဗျ ကျွန်တော်ပွဲခင်းကပြန်လာပြီး
စေတီလေးနားရောက်တော့ ထူးဆန်းတဲ့
အနံ့တစ်ခုကိုရလိုက်တယ်
သနပ်ခါးပန်းနံ့လိုလို ဘာလိုလိုနဲ့

ဒါနဲ့အဲ့အနံ့ကြောင့်ပဲလားတော့မသိဘူး
ကျွန်တော့်ရဲ့နောက်ကျိနေတဲ့ ခေါင်းတောင်
ကြည်သွားတယ်ဗျာ

ဒါနဲ့ကျွန်တော်လည်း အနီးအနားကို
လှည့်ပတ်ကြည့်လိုက်တော့
ကျွန်တော့်အရှေ့ကနေ အစိမ်းရောင်ဝမ်းဆက်နဲ့
ကောင်မလေးတစ်ယောက်ကိုမြင်လိုက်ရတယ်
ဆံပင်ကြီးကလည်းအရှည်ကြီးပဲဗျ
ဖားလျားချထားတာ
သူဝတ်ထားတဲ့အဝတ်အစားတွေကလည်း
အလွန်ကိုရှေးကျလွန်းနေသလိုပဲ

ဒါနဲ့ကျွန်တော်လည်း နောက်ကနေ သူ့ကိုမှီဖို့
လိုက်ရင်း ရုတ်တရက် ကျွန်တော့်မျက်စိအရှေ့
ကနေ ဖျက်ကနဲပျောက်သွားတော့တာပဲဗျာ”

“ကိုစိုးရယ် နင်အမူးလွန်ပြီး လျှောက်မြင်ရတာ
နေမှာပါ”

“မဟုတ်ဘူး သူသူ ငါမမူးဘူး
ငါတကယ်မြင်လိုက်ရတာ”

“အင်း ငါ့မောင်ပြောပုံအရဆို
ဒါဟာ သနပ်ခါးပင်တွေမှာ နေတဲ့
ဥစ္စာစောင့်မတွေပဲဖြစ်မယ်”

“ဘယ်လို”

“ဟင်”

ကိုစိုးနှင့်သူသူ မမြိုင်၏ စကားကြောင့် ပါးစပ်အဟောင်းသားတွေ
ဖြစ်သွားကြလေသည်။

“ဟုတ်တယ် ကွ အစ်ကိုတို့ အုတ်ကွင်းထဲက
သနပ်ခါးပင်တွေမှာ မမြင်ရတဲ့အစောင့်တွေ
အများကြီးရှိတယ် ကွ”

မမြိုင်၏ခင်ပွန်း ကိုခင်မောင်ကဝင်ပြောလေသည်။

“ဟုတ်တယ် ငါ့မောင် မင်းတို့ညနေက
မြင်လိုက်ရတဲ့ သနပ်ခါးပင်တွေမှာ
အစောင့်တွေရှိကြတယ်လေ
သူတို့ရှိတယ်ဆိုတာ အမတောင်
မကြာသေးခင်ကမှသိရတာ”

“‘ဟုတ်လား အမ ဘယ်လိုသိတာလဲဟင်”

“အမ ကျွန်တော်တို့ကိုပြောပြပါလား”

“အေး ဒီလိုကွဲ့ အမ ကိုခင်မောင်နဲ့
စအိမ်ထောင်ကျတော့ ဒီအုတ်ကျင်းမှာ
လာနေရတာပေါ့
ကိုခင်မောင်က အမကိုပြောပြတယ်လေ
အဲ့သနပ်ခါးပင်တွေကို
လက်ဖျားနဲ့တောင်မထိနဲ့လို့ အမြဲမှာတယ်
ဒါနဲ့အမက သူ့ကိုမေးတာပေါ့
ဘာလို့လည်း ဘာလို့မထိရတာလဲ
လို့မေးတော့

ကိုခင်မောင်က အစောင့်တွေရှိတယ်တဲ့
ခုတ်လို့မရဘူးလို့ပြောပါတယ်
ဒါနဲ့အမလည်းအယုံအကြည်သိပ်မရှိတာနဲ့
သူ့စကားကိုအလေးအနက်မထားပဲ
နေလိုက်မိတယ်လေ

ဒီလိုတစ်ရက် အမ သနပ်ခါးပင်တွေနား
အမှိုက်ရှင်းရင်းလက်ကို သနပ်ခါးဆူး
စူးပါလေရော ဒါနဲ့အမလည်း
လက်ကဆူးစူးလို့အောင့်တာကြောင့်
စိတ်တိုပြီး

ဒီသနပ်ခါးပင်တွေ တစ်ပင်မကျန်
ခုတ်ပစ်ဦးမှပဲ ဆိုပြီးစိတ်တိုတိုနဲ့
ပြောလိုက်မိတယ်လေ

ညအိပ်တော့ အဲ့နေ့က ကိုခင်မောင်
မရှိဘူးလေ အလုပ်ကိစ္စနဲ့ သူအိမ်ပြန်မအိပ်ဘူး
အမတစ်ယောက်တည်းအိပ်နေတုန်း

“ဝေါ ဝေါ”

“ဝူး ဝူး “

“ရှပ် ရှပ် ရှပ်”

လေမတိုက်ပါပဲ အခန်းတွင်းသို့လေပြင်းများ
ရုတ်တရက်တိုက်ခက်သွားလေသည်။

မမြိုင်တစ်ယောက်အိပ်နေခိုက်
သူ၏ခြေထောက်အားတစ်စုံတစ်ယောက်က
လာပြီးမပြီးပြန်လွှတ်ချခြင်းကိုခံလိုက်ရလေသည်။
ဤသို့အကြိမ်ကြိမ် ပြုလုပ်နေခြင်းကို
မမြိုင်အိပ်မက်လိုလိုထင်နေမိသည်။

မျက်လုံးများလည်းမဖွင့်နိုင် သို့ပေမယ့်
အသိစိတ်ကရှိနေပြန်သည်။

သူ၏ခြေထောက်အား မလိုက် ပြန်လွှတ်ချ
လိုက်ပြုလုပ်နေခြင်းသည်အကြိမ်ရေ
အတော်များနေပြီဖြစ်သည်။

“ငါနေတဲ့ အပင်ကိုခုတ်ရဲခုတ်ကြည့်စမ်း
နင်အသေပဲ’

အစိမ်းရောင်ဝမ်းဆက်ဖြင့် အမျိုးသမီးက
မမြိုင်အားသတိပေးစကားဆိုနေခြင်း
ဖြစ်လေသည်။

မမြိုင်လည်းသူပြောထားသည့်စကားအား
သူပြန်သတိရလိုက်ပြီး အစိမ်းရောင်ဝမ်းဆက်
ဖြင့်အမျိုးသမီးအားတောင်းပန်လိုက်လေသည်။

“ကျွန်မ မသိလို့ပြောလိုက်မိတာပါရှင်
ကျွန်မကိုခွင့်လွှတ်ပါ ရှင်နေတဲ့အပင်ကိုလည်း
လက်ဖျားနဲ့တောင်မတို့ပါဘူး ခွင့်လွှတ်ပေးပါ”

“ဟင်…”

မမြိုင် အိပ်နေရာမှ လန့်နိုးလာလေသည်။

အခန်းထဲလိုက်ရှာကြည့်မိတော့
အားလုံးငြိမ်သက်တိတ်ဆိတ်နေပေသည်။

“ဟူး တော်ပါသေးရဲ့ ငါတောင်းပန်တာ
သူလက်ခံလို့သာပေါ့ မဟုတ်ရင်
မလွယ်ဘူး ငါမဆင်မခြင်ပြောမိလို့ အခုလို
ဖြစ်ရတာ”

မမြိုင်လည်း အတော်လန့်သွားရလေသည်။

“အေး အဲဒီလိုဖြစ်ပြီးကတည်းက
ငါလည်းသူတို့နေတဲ့နေရာကို
မသွားရဲတော့တာ အခုထိအောင်ပဲလေ”

“အင်း မမြိုင်ပြောသလိုဆို
ကြောက်စရာကြီးနော် “

“သူတို့က ဘာကြောင့်အဲ့ဒီသနပ်ခါးပင်တွေ
အနားမှာနေနေရတာလဲ မမြိုင်”

“‘ဒါတော့အမလည်းမသိဘူး ငါ့မောင်”

“ဒီလိုကွ သူတို့ဥစ္စာစောင့်တွေဆိုတာ
သူတို့ပိုင်ဆိုင်တဲ့ သူတို့ပိုင်နက်က
ပစ္စည်းဥစ္စာဟူသမျှ သူတို့ပိုင်ဆိုင်ကြတယ်လို့
ငါကြားဖူးတယ်
သူတို့သိုက်ကြောနဲ့မလွတ်တာမှန်သမျှ
သူတို့ပစ္စည်းအဖြစ် သတ်မှတ်ခွင့်ရှိကြတယ်

ဥပမာ ရွှေတွေကို သူခိုးဓားပြရန်က
ကာကွယ်နိုင်အောင် လူတစ်ယောက်ယောက်က
မြေကျင်းတူးပြီးမြှုပ်တယ်ဆိုပါတော့
အဲ့သလိုမြှပ်တဲ့အခါမှာ
သူတို့သိုက်ကြောနဲ့မလွတ်ရင်

အကုန်သူတို့သိမ်းသွားကြတာပဲ
နောက်ကြာလို့ ကိုယ်မြှပ်ထားတဲ့နေရာကို
ပြန်တူးကြည့်ရင် မီးသွေးခဲတွေချည်းဖြစ်နေတာတို့
အိုးချည်းပဲကျန်နေခဲ့တာတို့ပေါ့ကွာ

အခုလည်းအဲ့သလိုပဲ သနပ်ခါးပင်တွေက
တို့အုတ်ကွင်းထဲပေါက်နေပေမယ့်
သူတို့ပိုင်နက်ထဲရောက်နေတာလည်း
ဖြစ်နိုင်တာပေါ့ကွာ”

“သြော် ဒီလိုကိုး “

ကိုစိုးနားလည်သဘောပေါက်သွားဟန်
ဖြင့်ခေါင်းညိတ်ကာရေရွတ်လိုက်မိသည်။

ကျွန်တော်လည်း အစိမ်းရောင်ဝမ်းဆက်
ဝတ်ထားတဲ့ ဥစ္စာစောင့်မလေးကို
ကိုယ်တိုင်မြင်လိုက်ရသဖြင့်
လောကမှာ ကိုယ်မမြင်ရတဲ့ ကိုယ်မသိတဲ့
အကြောင်းအရာတွေ ထူးဆန်းတဲ့
အဖြစ်အပျက်တွေအများကြီးရှိနေပါလား
ဟုတွေးလိုက်မိသည်။

ကိုစိုးနှင့်သူသူလည်း ဘုရားပွဲပြီး
အိမ်ပြန်ရောက်တော့ မိဘနှစ်ပါးအား
ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များ
တစ်လုံးမကျန်ပြန်ပြောပြခဲ့လေတော့သည်။

ဇာတ်လမ်းလေးဖတ်ပြီးရင် လက်မလေးနှိပ်ခဲ့
ကြနော် စာဖတ်သူအားလုံးရွှင်လန်းချမ်းမြေ့ပါစေ။

ပြီးပါပြီ…