မူရင်းရေးသားသူ_ဆရာတာတေ
တာတေ ငယ်ငယ်တုန်းက ယင်းချောင်းဘေးက သဲသောင်ပေါ်မှာ သဲပုရစ်တွေ လိုက်ဖမ်းရတာ လွှတ်ပျော်တာဗျ။
သူငယ်ချင်းတွေ ယင်းချောင်းထဲမှာ ရေဆင်းကူး
လိုက်၊ သဲထဲမွာ ပုရစ်လိုက်ဖမ်းလိုက်ကြနဲ့ ရေတစ်
ခါချိုးရင်း နာရီနဲ့ချီပြီး ကြာတာဗျို့။ သဲပြင်မှာ ပုရစ်
တွင်းလေးတွေ လိုက်ရှာကြရတယ်။ ပုရစ်တဲ့အထဲ
မွာ အောင်စိန်က အလျင်ဆုံးဗျ။
အောင်စိန့်အကြောင်းကို ‘ကေဝပ်ံ’ စာအုပ်ထဲက
ပျော်တတ်တဲ့ ဝိညာဉ်မှာ ဖတ်ကြည့်ပါ။
အောင်စိန်က ပုရစ်ကျင်းတွေ့ရင် ပုရစ် ရွိ,မရွိ၊ အ
ရင်နေသွားတဲ့ကျင်းဟောင်းလေး အခုနေတဲ့ ကျင်း
သစ္လားဆိုတာ ကြည့်ရုံနဲ့ သိတဲ့ကောင်ဗျ။
ပုရစ်လိုက်ပြီဆိုရင်လည်း ထွက်ပေါက်ကို ရှာပြီး
အရင်ပိတ်ထားလိုက်တာ။ ပြီးမှ သဲကိုယက်ပြီး ပု
ရစ်ဖမ်းတာ။ အောင်စိန်ပါရင် ကျုပ်တို့ ပုရစ်အ
များကြီးရတာဗျ။ လွှတ်ပျော်ကြတာ။
ပုရစ်ကြော်တဲ့ နေရာမှာတော့ ရွာအရှေ့ပိုင်းမှာ
နေတဲ့ အောင်ဆင့် ဆိုတဲ့ကောင်က အကျွမ်းကျင်
ဆုံးဗ်။ အောင်ဆင့်များ ပုရစ်ကြော်လို့ကတော့ မီး
လြန္တာ။ မီးနဲတာ လုံးဝမရွိဘဲ ပုရစ်တွေက အ
ရောင်ညီပြီး ထြက္လာတာ။ စားရင်လည်း လွှတ်
အရသာ ရွိတာဗ်။ လူကြီးတွေကတော့ ထန်းရည်
နဲ့ မြည်းကြတာပေါ့ဗျာ။
ခုတော့ ကျုပ်တို့လည်း ပုရစ်မဖမ်းတာ ကြာပါပြီ။
ရွာမှာ ကျုပ်တို့က ကာလသားပိုင်းကို ရောက်ပြီ
လေဗျာ။ ရပ်ရေးရွာရေး လုပ်နေကြရမို့လား။
“ကိုကြီးတာတေ ကိုကြီးတာတေ ရွိလား”
ကျုပ် အိမ်ပေါ်က လှမ်းကြည့်လိုက်တယ်။ ဝိုင်း
ဝမွာ ရပ်နေတာ ကျောက်ခဲဗျ။
(ကျောက်ခဲနဲ့ သံမဏိအကြောင်းကို မဖဲဝါရဲ့
အိမ် စာအုပ္က တောင်ကျရေမှာ ဖတ်ကြည့်ပါ။)
“ကျောက်ခဲ လာလေ အိမ်ပေါ်ကို”
ကျောက်ခဲ ဝိုင်းထဲ ဝင်လာတယ်။ ကျုပ်အိမ်ပေါ်
မွာ ရှိမှန်းသိတော့ ဒီကောင် တန်းတက်လာတာ
ပေါ့ဗျာ။
“ဘယ်ကလှည့်လာတုံး ကျောက်ခဲရ”
“ကိုကြီးတာတေစားဖို့ ပုရစ်တွေ လာပို့တာ၊
ကျုပ်နဲ့ သံမဏိ မနေ့က လိုက်ဖမ်းထားတဲ့
ပုရစ်တွေဗျ”
“ဟေဟုတ္လား၊ မွှေးနေတာပဲကွာ”
“ဟာကိုကြီးတာတေ သံမဏိက ပုရစ်ကြော်
တာ လွှတ်ကောင်းတဲ့ကောင်ဗျ”
ကျုပ်က ပုရစ်ကြော်ဆိုရင် ဟန်ဆောင်နိုင်တာ
မဟုတ္ဘူးဗ်။ ပုရစ်တစ်ကောင်ကို ချက်ချင်း
ကောက်စားလိုက်တယ်။
“လက်ဖက်နဲ့စားရင်တော့ တော်တော်ကောင်း
မွာကြ ကျောက်ခဲရ”
“ကိုကြီးတာတေ လက်ဖက်စားချင်လို့လား၊
ကျုပ် စျေးဆိုင်မှာ ပြေးဝယ်လိုက်မယ်လေ”
ကျောက်ခဲဆိုတဲ့ ကောင်က ကျုပ်ဆို လွှတ်ခင်
တာဗ်။ သံမဏိလည်း ခင်တာပါပဲ။
“ဟဲ့ ကျောက်ခဲရဲ့ စျေးဆိုင်မပြေးရပါဘူးဟဲ့၊
အရီးငွေစိန်မှာ ဝယ်ထားတာရှိပါတယ်၊ နေဦး
အရီး လက်ဖက်နယ်လိုက်ဦးမယ်”
လို့ အေမက ဝင်ပြောရင်း အိမ်နောက်ဖက်ဝင်
သွားတယ်။ ကျုပ်က ပုရစ်နှစ်ကောင် ကောက်
ဝါးလိုက်ပြီး နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး
ဖွာတာပေါ့ဗျာ။ မကြာဘူးဗျ။ အေမက လက်
ဖက်အုပ်ကလေး ယူလာတယ်။
“ရော့ တာတေ လက်ဖက်၊ ပေးစမ်း ပုရစ်၊
တစ်ကောင် နှစ်ကောင် ငါလည်း ပုရစ်နဲ့ လက်
ဖက် စားစမ်းမယ်”
တန်းလျားမှာ အေမပါ ဝင်ထိုင်ပြီး လက်ဖက်
စားတယ္ဗ်။ အေမက ရေနွေးကြမ်းတစ်ခွက်ငှဲ့
သောက်ပြီး ထသွားတယ်။
“စားကြ ကျောက်ခဲရ၊ လက်ဖက်နဲ့ ပုရစ်ကြော်
အားကြီးလိုက်တာကွ၊ ငါတော့ ကြိုက်တယ်”
ကျောက်ခဲက ပုရစ်ကိုတစ်ကောင် ယူဝါးတယ်။
ပြီးမှ လက်ဖက်တစ်ဇွန်း ခပ်ဝါးတယ်။
“ကိုကြီးတာတေဆီကို ကျုပ်လာတာ ပုရစ်လည်း
ပေးရင်း ပြီးတော့ ရွာထဲက သတင်းလည်း ပြော
ရင်းနဲ့ လာတာဗ်”
“ဟေဘာမ်ားတုံးကြ၊ ရွာထဲမယ် ဘာဖြစ်လို့တုံး”
“ကိုကြီးတာတေ ဒီအကြောင်း မကြားသေးဘူး
ထင်တယ်”
“ဟေ့အေး ငါ ဘာမွ မကြားသေးဘူးကွ ကျောက်
ခဲရ”
“ဒီလိုဗ် မြောက်ပိုင်းက အရီးမယ်ခဝိုင်းရဲ့ ကပ်
လျက်ဝိုင်းက ဘိုးထွေးမောင်ကြီးကို ကိုကြီးတာ
တေ သိတယ်မို့လား၊ သူ့မိန်းမက အရီးမြကြည်
လေဗျာ”
“ဟာသိတာပေါ့ ကျောက်ခဲရ၊ အရီးမယ္ခ ရွိ
တုန်းက အရီးမယ်ခဆီသွားရင် ဘိုးထွေးမောင်
ကြီးက ငါ့ကိုစ,နေကြကွ၊ တာတေ ဆိုတဲ့ကောင်
ဘယ်နေ့ အူတွေ နှုတ်စားခံရမလဲ မသိဘူးလို့
အမြဲပြောတာ”
(အရီးမယ်ခအကြောင်းကို ‘စုန်းမ’ဝတ္ထုမှာဖတ်ပါ)
“ဟုတ်တယ်၊ ဟုတ်တယ် အဲဒီ ဘိုးထွေးမောင်
တို့ ဝိုင်းထဲမှာ ဖြစ်တာတဲ့ဗျ”
“အေး ဘာဖြစ်တာတုံး ကျောက်ခဲရ”
“ညဘက်၊ ညဘက်ရောက်ရင် ဝိုင်းထဲက စကား
ပြောသံတွေ ရယ်သံတွေ ကြားရလို့တဲ့ “
“ဟင်ဟုတ္လား”
“ဟုတ္တယ္ဗ်။ အစကေတာ့ လမ်းကပြောတာ
လိုလို ဘေးဝိုင်းကပြောတာလိုလို ထင်နေတာတဲ့၊
နောက်တော့ သေသေချာချာ နားထောင်တော့မှ
သူတို့ဝိုင်းထဲက ဖြစ်နေတာတဲ့ဗျ”
“ဟာ မဟုတ်သေးပါဘူးကွာ၊ ဘေးချင်းကပ်ဝိုင်း
တွေက လူတွေ ပြောကြဆိုကြတာ ရွိမွာပါကြာ”
“မဟုတ္ဘူး ကိုကြီးတာတေ ဘိုးထွေးမောင်ကြီး
ကိုယ်တိုင် ကျုပ်ကို ပြောတာ။ ဝိုင်းထဲဆင်းပြီး
နားထောင်ရင်တော့ ဘာမှမကြားရဘူးဆိုပဲဗျ။
ချက်ချင်း တိတ်သြားတာတဲ့၊ ဝိုင်းထဲမှာ လူမရွိ
တော့မှ အိမ်ပေါ်က ကြားနေရတာတဲ့ဗျို့”
“နို့ ဘာအကြောင်းတွေ ပြောတာတဲ့တုံး”
“စကားတွေပြောလိုက်၊ ရယ်လိုက်တဲ့ဗျို့၊ ဘာ
ပြောတယ်ဆိုတာကိုတော့ သိကိုမသိတာတဲ့”
“ဒါနဲ့ ဒီအသံတွေကို ဘိုးထွေးမောင်တစ်ယောက်
ပဲ ကြားတာလားကွ”
“မဟုတ်ပါဘူးဗျ၊ သူတို့တစ်အိမ်လုံး ကြားရတာ၊
အခုတော့ ရွာထဲက သူတို့နဲ့ ရင်းနှီးတဲ့လူတွေ
တောင် ညဘက် သွားသွားနားထောင်ကြတာ
ကြားရတယ်ဆိုပဲ”
“ဟေ ဘယ္လိုဟာတုံးကြ၊ တခြားရော ခြောက်
တာလှန့်တာတွေ ရွိသတဲ့ဗ်”
“ဟာ အဲဒီလိုတော့ မရွိဘူးတဲ့ဗ်”
ကျုပ်တွေးကြည့်တယ်။ဒါမျိုးတော့ ကျုပ်လည်း
တစ်ခါမှကို မကြားဘူးတာဗျ။ အရင်တုန်းက
လည်း ဘိုးထွေးမောင်တို့ဆီက ဘာမွ ပြောသံ
မကြားမိပါဘူး။ အခုမွ ထျပီး ဘယ်လိုဖြစ်တာ
တုံး။ ကျုပ်လည်း တွေးကြည့်တာ ဘယ္လိုမွ
အဖြေမပေါ်ဘူးဗျ။
“အဲဒါ ကျုပ် ဒီည သွားနားထောင်မလို့ဗျ။ ကို
ကြီးတာတေရော လိုက်မလား”
“ဟာ ငါ လိုက်လို့ မကောင်းပါဘူးကွာ၊ မင်းပဲ
သွားနားထောင်ပါကွာ၊ ထူးခြားတာတွေ့ရင် ငါ့ကို
ပြန်ပြောကွာ”
“ဟုတ်ပြီလေ ဒါဆိုရင် ကျုပ် ပြန်ပြောမယ်”
ကျုပ်ရော ကျောက်ခဲရော ပုရစ်ကြော်ကို ဇိမ္ခံ
ဝါးနေကြတာဗျို့။
“ဟဲ့ ငွေစိန်ရေ၊ ရှိကြလား”
“ဘယ်သူတုံး ဝိုင်းဝက ဝင်ခဲ့လေ”
အေမက ဝိုင်းထဲကို လှမ်းအော်တယ်။
“ငါပါဟဲ့ ထွေးမောင်ပါ၊ ကိုဥာဏ်ရော”
“အော် ကိုရင်ထွေးမောင်လား လာလေ ကိုဥာဏ်
မြို့ထဲသွားလို့တော့ “
“ဟေဟုတ္လား။ ဟိုအကောင်တာတေ ရွိလား
ဟဲ့”
“ရှိပါ့တော် ဟောဒီမှာ ကျောက်ခဲယူလာတဲ့ ပုရစ်
ကြော်တွေ ထိုင်စားလို့တော့ “
“တာတေဆိုတဲ့ကောင်ကတော့ကွာ။ .သူ့ရည်း
စားမယ္ခ မရှိကတည်းက ငါ့တို့ဘက်ကို ခြေဦး
တောင် မလှည့်တော့ဘူးဟဲ့ နင့်သားက”
ပြောရင်းဆိုရင်း ဘိုးထွေးမောင်က အိမ်ပေါ်
တက်လာရောဗျို့။ ကျုပ်ဆိုရင် လွှတ်စတဲ့ အ
ဘိုးကြီးဗျ။
“ကိုကြီးတာတေရေ၊ ဘိုးထွေးမောင်ကြီးတော့
အသက်ရှည်ဦးမှာဗျ။ ခုပဲ ကျုပ်တို့က သူ့အ
ကြောင်းကို ပြောနေကြတာ။ သူက ချက်ချင်းကို
ရောက်လာတာဗျို့။ တိုက်ဆိုင်ချက်ကတော့ဗျာ”
ကျောက်ခဲက တော်တော်အံ့သြသွားတာဗျ။
“လာဘိုးထွေးမောင် ထိုင်”
ကျုပ်က ဘိုးထွေးမောင်ကို အဘထိုင်တဲ့ ကုလား
ထိုင်မှာ ဝင်ထိုင်ခိုင်းလိုက်တယ်။
“ကိုဥာဏ်ပေါ် မြို့ဘာသွားလုပ်တုံး စျေးဝယ်
လား”
“သြော်အေး..အေး၊ တာတေ ငါ မင်းဆီကို
လာတာကြ”
“ဟုတ်ကဲ့ ဘိုးပြောပါ”
“ငါ့ဝိုင်းထဲမှာ ည ညဆိုရင် လူနှစ်ယောက် စကား
ပြောလိုက် ရယ်လိုက်လုပ်နေတဲ့အသံကို ကြား
ကြားနေရတယ်ကွ”
ကျုပ်က ကျောက်ခဲပြောလို့ သိထားပေမယ့် မသိ
သလို နေရတာပေါ့ဗျာ။
“ယောက်ျားသံလား၊ မိန်းမသံလား ဘိုးရဲ့”
“ယောက်ျားသံတွေကွ တာတေရ၊ ဘာတွေပြော
နေမှန်းတော့ မသိဘူးကြ၊ အသံတွေသာ ကြား
နေရတာ ဘာတွေပြောနေတယ်ဆိုတာ ဘယ်
လိုမွ နားထောင်လို့ မရဘူးကြ”
“ဟုတ်တယ် ဘိုး၊ ဒီလိုဟာတွေက ဒီအတိုင်းပဲဗျ”
“ဟေဟုတ္လားကြ၊ တာတေရ”
“ဟာဟုတ်ပါပြီလား ဘိုးရာ၊ ပေကုန်းကို လိုက်
ရှာတဲ့တစ္ဆေတွေတုန်းကလည်း ဒီအတိုင်းပဲဗျ၊ အ
သံတွေသာ ကြားနေရတာ၊ ဘာတွေ ပြောနေမှန်း
တော့ မသိရဘူးဗ်။ အဲဒီတုံးက ကျောက်ခဲလည်း
ကျုပ်နဲ့ ပါတယ်ဘိုးရဲ့၊ ကျောက်ခဲကို မေးကြည့်
ပါလား”
“ဒီကျောက်ခဲလား တောင်ပိုင်းက ငသိန်းသား၊
ဒီကောင့်ကို မင်းက တစ္ဆေမတစ်ကောင်နဲ့ ပေး
စားလိုက်ပြီးရော တာတေရာ”
ကျောက်ခဲက ရယ်နေတယ်ဗျ။
“ဒါဆိုရင် ငါ့ဝိုင်းထဲကို တစ္ဆေတွေ ရောက်နေ
တာပေါ့ ဟုတ္လား တာတေ”
ဘိုးထွေးမောင်က ကျုပ်ကို မေးတယ်၊ ကျုပ်
က ဘာမှပြန်မဖြေဘဲ သူ့ကိုမေးတယ်။
“နေပါဦး ဘိုးရဲ့၊ ဒီလိုကြားတာ ဘယ်လောက်
ကြာပြီတုံး”
“တစ်ပတ်လောက်မကတော့ဘူးကွ၊ ကြားကာ
စက ဘေးကပ်လျက်ဝိုင်းက လူတွေ စကား
ပြောတဲ့အသံထင်လို့၊ နောက်မှ ငါတို့ဝိုင်းထဲ
ကမှန်း သိတာ”
“ညဆိုရင် ဘယ်အချိန်တွေ
မွာ ကြားရတာတုံးဗျ”
“ဟာနေဦးကွ၊ အင်း.ညသန်းခေါင်ကြက်
တွန်ပြီးရင် မကြာဘူးဟေ့ ကြားရတော့တာပဲ
ကြ၊ တစ္ဆေက ဒီတော့မှ အိပ်ရာက နိုးလာသ
လား မသိပါဘူးကြာ၊ စကားတွေပြောလိုက်
ရယ်လိုက်နဲ့ ငါတို့အိမ်က လူတွေလည်း
ကောင်းကောင်း မအိပ်ရဲတော့ဘူးကွ၊ အား
လုံး ကြောက်နေကြပြီ”
“ဒါတော့ ဟုတ်တာပေါ့ ဘိုးရဲ့၊ တစ္ဆေဆိုရင်
လူတိုင်းကြောက်ကြတာပဲ”
“အေးပြောရဦးမယ် အခုဟာက စကားတွေ
တင် ပြောတာ မဟုတ်တော့ဘူးကွ။ ညတုန်း
က အိမ်မှာ ခ်က္ထားတဲ့ ကြက်သားဟင်းတွေ
မနက်ကျတော့ ဘာမှကို မရှိတော့ဘဲ ပြောင်
နေတာဟေ့”
“ဗ်ာဟုတ္လားဘိုး၊ ဒါဆိုရင် ဒီကောင်တွေ
အိမ်ထဲဝင်လို့ပေါ့ဗျ”
“သြော်ကြက်သားဟင်းတောင် စားသြားပါ
တယ်ဆိုမွ တာတေရာ”
“ဟင်ဒါဆိုရင်တော့ မဖြစ်တော့ဘူး ဘိုးရ”
“အေးအဲဒါကြောင့် မင်းကို လာခေါ်တာကွ၊
ဒီည မင်း ငါတို့အိမ်ကိုလာခဲ့ပြီး အကဲခတ်စမ်း
ကြာ၊ ပြီးတော့ မင်း နိုင်တဲ့ကိစ္စဆိုရင်လည်း
ဘိုးကို လုပ်ပေးပါလို့ လာပြောတာပါ”
“သြော်ကိုရင်ထွေးမောင်ရယ်၊ တာတေက
ဟိုရွာ ဒီရွာတွေတောင် အကြောင်းပေါ်ရင်
လိုက်ပြီး လုပ်ပေးနေသေးတာ၊ ကိုရင့်ကိစ္စကို
မလာဘဲ နေမလားတော်”
“အေးပါ ငွေစိန်ရယ်၊ ကဲ ဒါဆိုရင် ဘိုးပြန်မယ်
ညကျရင် ဆက်ဆက္လာခဲ့ တာတေရေ”
“ဘိုးကျုပ်လည်း လိုက်ခဲ့မှာပါဗျ၊ ဘာမှကို
မစိုးရိမ်ပါနဲ့ဗျာ”
ကျောက်ခဲက ဘိုးထွေးမောင်ကို စတယ္ဗ်။
“ဟေ ဟုတ္လား၊ သောက်ကျိုးနဲကွာ ဆရာ
ကျောက်ခဲပါ ကြွမှာဆိုပါလား၊ ငွေစိန်ရေ ကြည့်
လည်းလုပ်ပါဟာ ငါ့ဝိုင်းထဲက တစ္ဆေတွေကို
ကျောက်ခဲ ရိုက်ပုတ်နေပါဦးမယ်၊ ဟား ဟား
ဟား “
ဘိုးထွေးမောင်ကတော့ ပျော်ပျော်ပဲဗျ။ ပြော
ရင်းနဲ့ ဘိုးထွေးမောင် ထျပန္တယ္ဗ်။ ညသန်း
ခေါင် မရောက်ခင်ကတည်းက ကျုပ်နဲ့ကျောက်
ခဲ ဘိုးထွေးမောင်တို့ဝိုင်းကို ရောက်နေတာဗျ။
ကျုပ်က မျက်ကွင်းဆေး ကွင်းထားပြီးသား
ပေါ့ဗျာ။ ဟော ကြားပြီဗျို့။ ကြားပြီ။ ဘိုး
ထွေးမောင် ပြောသလိုပါပဲဗျာ။ သန်းခေါင်
ကျော်တာနဲ့ ဝိုင်းထဲက စကားပြောသံတွေ
ကြားတော့တာပဲဗျာ။ ယောက်ျားကြီး နှစ်
ယောက် စကားပြောနေတဲ့ အသံဗ်။
အောင်မာ ရယ်တောင် ရယ်လိုက်သေးဗျာ။
ကျုပ် သတိထားနားထောင်တယ်။ ဝိုင်း
မြောက်ဘက်ကပဲ ကြားရတာဗျ။ တျခား
ဘက္က ကြားရတာ မဟုတ္ဘူး။
ကျုပ်ဝိုင်းထဲကို မဆင်းဘူးဗျ။ ဘာဖြစ်လို့လဲဆို
တော့ အသံတွေပျောက်သွားမှာစိုးလို့ဗျို့။ ဘာ
တွေပြောလဲဆိုတာကို ကျုပ်ရော ကျောက်ခဲ
ရော သေသေချာချာ နားစိုက်ထောင်ကြတယ်။
ဒါပေမယ့် သဲသဲကွဲကွဲကြားရတာ မဟုတ္ဘူးဗ်။
ကျုပ်နံရံအပေါက်ကနေ ဝိုင်းထဲကို ချောင်းကြည့်
တယ်။ ဘာမှမတွေ့ဘူးဗျ။သစ်ပင်တွေပေါ်ကြည့်
လည်း ဘာမှမတွေ့ဘူး။ အသံကြားတဲ့နေရာကို
ကျုပ် သေသေချာချာ နားထောင်တယ်။
ဒါမြေကြီးထဲလာတဲ့ အသံဗ်။ ကျုပ် ဒါမျိုး တစ်
ခါမွ မကြုံဖူးဘူးဗျို့။ ဥစ္စာစောင့်တွေများလားလို့
ကျုပ်တွေးကြည့်တယ်။
ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာဗျာ။
“ဘိုးဒီညေရာ ဘိုးတို့အိမ်မှာ ကြက်သားချက်
သေးလား”
“ဟာမချက်တော့ဘူး တာတေရ၊ အေး
မင်းကို ပြောရဦးမယ်ကွ။ ဒီကောင်တွေ တို့
အိမ်မှာဟင်းကောင်းချက်တာ သိတယြ္က၊
ဟင်းကောင်းချက်မှ လာစားတာ၊ ဟင်း
ကောင်းမချက်ရင် စားတာ မဟုတ္ဘူးကြ”
“ဘိုးဒီကိစ္စကို ကျုပ်လုပ်ပေးမယ်၊ ဒါပေမဲ့ မနက်ဖြန်ညနေမှာ ထမင်းတစ်ပြည်ချက်နဲ့ ကြက်တစ်ကောင်ချက်ပြီး ထမင်းထုပ် ထုပ်
ထားဗ်ာ၊ ထမင်းတောင်းနဲ့ပေါ့ ဘိုးရာ”
“သြော်..အေးအေး သိပါပြီ၊ ဘုန်းကြီးမယ်
တော်ကြီး ဖုတ်ထုတ်တုန်းက ဆရာကျော်
တို့ လုပ်သလိုပေါ့”
“ဟုတ်တယ် ဘိုး၊ ကျုပ် အဲဒီလိုလုပ်မှာ”
“စိတ်ချတာတေ ဘိုးအားလုံးလုပ်ထားမယ်၊
မင်း ကြိုက်တဲ့ အချိန် လာယူပေတော့ “
ကျုပ်နဲ့ ကျောက်ခဲ ပြန်လာခဲ့ရတာပေါ့ဗျာ။
အမှန်မှ မသိသေးတာ။ နောက်နေ့မှာ မီး
လောင်ကုန်းက နတ်ဝင်သည် ဒေါ်တုတ်ကို
ကျောက်ခဲက လှည်းနဲ့ သွားခေါ်တယ်လေ။
ညကိုးနာရီမှာ ကျုပ်တို့ထနောင်းကုန်းသင်္ချိုင်း
ကို ထွက်ခဲ့တယ်။ ဂူပေါ်မှာ ထမင်းဟင်းတွေ
ပြင်ပြီးတော့ မဖဲဝါကို ကျုပ် ပင့်တာပေါ့ဗျာ။
“အထက်ပုဂ္ဂိုလ်ကြီးတွေရဲ့ အမိန့်နဲ့ သင်္ချိုင်း
ဟူသမ်ွ အပိုင်စားရပါတဲ့ သင်္ချိုင်းရှင်မ မဖဲဝါ
ဗ်ာ။ ထနောင်းကုန်းက တာတေက စားပြဲ
သောက်ပွဲများနဲ့ ပင့်ဖိတ်ပါတယ်။ မြန်မကြာ
ကြွလာခဲ့ပါတော့ သင်္ချိုင်းရှင်မ မဖဲဝါခင်ဗျား”
မကြာဘူးဗျ။ မြက်ခင်းလေးမှာ လက်အုပ်က
လေးချီပြီး ဆံပင်ဖားလျားနဲ့ ထိုင်နေတဲ့ နတ်
ဝင်သည် ဒေါ်တုတ်က လက်တွေကွေး
ကောက်လာပြီး တဆတ်ဆတ် တုန်နေ
တယ္ဗ်။ ဟောခုန်ပြီဗျို့။ ဒေါ်တုတ် ခုန်
တက်သွားပြီ။ ထမင်းပြင်ထားတဲ့ ဂူကြီးပေါ်
ကို ခုန်တက်ပြီ။ ဒူးခေါင်းကြီးတွေထောင်
လျက်နဲ့ စားပြီဗျို့။ မဖဲဝါကို ကျုပ်ကျွေး
နေကြပါ။
မဖဲဝါကလည်း ကျုပ်ကျွေးတာကို စားနေကြ
ပါ။ စားရင်းသောက်ရင်းနဲ့ မဖဲဝါက ကျုပ်ကို
မော့ကြည့်တယ်။ ဆံပင်ဖားလျားကြီးကြားက မျက်လုံးပြူးကြီးနဲ့ ကြည့်တာဗျို့။
“ဒီလိုပါ မဖဲဝါ၊ ကျုပ်တို့ ရွာမြောက်ပိုင်းက ဘိုး
ထွေးမောင်တို့ ဝိုင်းမှာ ညတိုင်း လူနှစ်ယောက်
စကားပြောပြီး ရယ်တဲ့ အသံတွေ ကြားနေရ
တယ်၊ အိမ်ထဲက ကြက်သားဟင်းတွေကိုလည်း
ဝင်ပြီးစားသွားတယ်၊ ကျုပ် မျက်ကွင်းဆေးနဲ့
ကြည့်တော့လည်း ဘာမှမမြင်ရဘူး မဖဲဝါ၊ အဲ
ဒါ ကျုပ် ဘာလုပ်ရမလဲ”
“ဝိုင်းထဲမှာ ကျတ်တွင်း ရှိတယ်”
“ဗ်ာ ကျတ်တွင်းဆိုတာ ဘာတုံး မဖဲဝါ”
“ပုရွက်ဆိတ်တွင်းလောက်ရှိတဲ့ တွင်းလေးထဲ
မွာ တစ္ဆေနှစ်ကောင် အောင်းနေတာ။ အပြင်
ထွက်လာရင်တော့ လူလောက်ကြီးလာတယ်။
တွင်းထဲမှာတော့ ပုရစ်လောက်ပဲရှိတယ်၊ အဲဒါ
တွင်းအောင်းတစ္ဆေတွေ အဲဒီတွင်းကို ကျတ်
တွင်းလို့ ခေါ်တယ်”
“သြော်ဟုတ္လား ကျုပ်တော့ ခုမွပဲ ကြား
ဖူးတာပါ သင်္ချိုင်းရှင်မကြီးဗျာ”
“ဒီတစ္ဆေတွေ စည်းကမ်းဖောက်တာ၊ သူတို့က တောထဲတောင်ထဲ သင်္ချိုင်းထဲမှာ နေရမှာ၊ လူ
တွေနေတဲ့ရွာမှာ မေနရဘူး ငါ့ကိုယ်ခွဲရုပ်ကို ယူ
သြား၊ တွင်းထဲက ထွက်လာဖို့ ငါ့အမိန့်ပေးလိုက်
ချက်ချင်းထွက်လာတော့မှ အမိန့်ပြန်လိုက် တာ
တေ၊ ရွာထဲကချက်ချင်းထွက်ရမယ်လို့ပြော၊ မဖဲ
ဝါ အမိန့်လို့ပြော၊ ငါ့ကိုယ်ခွဲရုပ်ကို ပြလိုက်၊ ဦး
တည်ပြီး ထွက်သွားလိမ့်မယ်”
မဖဲဝါက ကျုပ်ကိုပြောရင်း စားရင်းနဲ့ စား
သောက်ပြီးသွားတယ်ဗျ။ ရေသောက် လက်
ဆေးပြီး ပြန်ထွက်သွားတယ်။ ဒေါ်တုတ်ကို
သတိရအောင်လုပ်ပြီး ကျုပ်တို့ ရွာထဲကို ပြန်
ခဲ့တယ်။ ဒေါ်တုတ်ကို ကျုပ်တို့အိမ်မှာပဲ သိပ်
ရတာပေါ့ဗျာ။ အဘနဲ့ အမေကလည်း ဒေါ်
တုတ်နဲ့ ခင်နေကြပြီဗျ။
ညဆယ့်နာရီထိုးပြီးပြီ၊ သန်းခေါင်ကြက်တွန်
တာနဲ့ ကျုပ်နဲ့ ကျောက်ခဲလေး ဘိုးထွေးမောင်
တို့ အိမ်ဝိုင်းကို ရောက်လာကြတယ်။
ကျုပ်က မျက်ကွင်းဆေးကွင်းထားပြီဗျ။ မဖဲဝါ
ကိုယ်တူကိုယ်ခွဲရုပ်ကလေးထည့်ထားတဲ့ ကတ္တီ
ပါအိတ်အနက်ကလေးကို အင်္ကျီအိတ်ထောင်
ထဲမွာ ထည့်ပြီး ယူလာခဲ့တယ်။ ဘိုးထွေးမောင်
တို့ဝိုင်းကို ကျုပ်တို့ရောက်တော့ ကျတ်တွင်းထဲ
က တစ္ဆေနှစ်ကောင်က ခါတိုင်းလိုပဲ စကားတွေ
ပြောပြီး ရယ်နေပြီဗျ။
ကျောက်ခဲကိုတော့ အိမ်ပေါ်မှာပဲ နေခိုင်းရတာ
ပေါ့ဗျာ။ ကျုပ်တစ်ယောက်တည်း ဝိုင်းထဲ ဆင်း
ပြီး ဓါတ်မီးနဲ့ ထိုးပြီး လိုက်ရှာတယ်။
ကျုပ် ဝိုင်းထဲရောက်တာနဲ့ စကားသံရော ရယ်
သံပါ တိတ်သွားရောဗျ။ ကျုပ်က နေရာကို သေ
သေချာချာ မှတ်ထားတာဆိုတော့ မန်ကျည်းပင်
ကြီးရဲ့ တောင်ဘက်ကလေးမှာ ဓါတ်မီးနဲ့ ထိုးပြီး
ရှာတယ်။ ဟောတွေ့ပြီဗျို့ ။တွေ့ပြီ။
ပုရွတ်ဆိတ်တွင်းနဲ့လည်း မတူဘူး။ ပုရစ်တွင်း
နဲ့လည်း မတူဘူး။ တွင်းဝမှာ ကျစ်စာခဲတွေ
ဘာတွေ မရွိဘူးဗ်။ တွင်းကလေးရဲ့ အနားမွာ
တံမြိတ်စည်းနဲ့ လှည်းထားသလိုကို ပြောင်ရှင်း
နေတာဗျို့။ ကျုပ်လည်း ကတ္တီပါအိတ်ထဲက
မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို ထုတ်ယူလိုက်
တယ်။
“သင်္ချိုင်းရှင်မကြီး ကြွပါ၊ ကျုပ်တာတေ ကျတ်
တွင်းထဲက တစ္ဆေတွေကို ရွာကနေ နှင်ထုတ်
ပါတော့မယ်”
လို့ ပြောလိုက်တာနဲ့ မဖဲဝါရုပ္ကေလးက လှုပ်
လာတယ္ဗ်။
“ကဲ ကျတ်တွင်းထဲက ကျင်းအောင်းတဲ့ တ
စ္ဆေနှစ်ကောင် အခုချက်ချင်း ကျင်းထဲက ထွက်
ခဲ့ကြပေတော့ “
ကျုပ်က ကျတ်တွင်းလေးကို ဓါတ်မီးနဲ့ ထိုးထား
တာဗ်။ ဟောထွက်လာပြီဗျို့။ ပုရစ်လောက်
ရွိတဲ့ မည်းမည်း အကောင်လေးနှစ်ကောင်ဗျ။
ဟာကျတ်တွင်း အပြင်ကို ရောက်တာနဲ့ အ
ကြီးကြီးတွေ ဖြစ်သွားတာဗျို့။ ကျုပ်ကို မျက်
လုံးပြူးကြီးတွေနဲ့ ကြည့်နေကြတယ်။ ကိုယ်
ပေါ်မှာ ဘာအဝတ်အစားမှ မရွိဘူးဗ်။ အမွှေး
အမျှင်တွေ တစ္ကိုယ္လုံး ဖုံးနေတာဗျို့။
“သင်တို့ရဲ့သခင်မ မဖဲဝါကို သေသေချာချာ
ကြည့်လိုက်စမ်း”
ဟော တစ္ဆေနှစ်ကောင် ချက်ချင်း ဒူးထောက်
ပြီး မဖဲဝါရဲ့ ကိုယ်ခွဲအရုပ်ကလေးကို ရှိခိုးနေ
ရောဗျို့။
“သင်တို့ နှစ်ကောင် နားထောင်၊ သင်္ချိုင်းရှင်
မ မဖဲဝါရဲ့အမိန့် သင်တို့ဟာ လူတွေနေတဲ့
ရွာတွေမှာ နေခွင့်လုံးဝမရှိဘူး။ တောထဲတောင်
ထဲ သင်္ချိုင်းထဲမှသာ သင်တို့နေရမှကို သိလျက်
နဲ့ ရွာထဲကို လာနေတဲ့အတွက် သင်တို့နှစ်ကောင်
မွာ အပြစ်ရှိတယ်။ အခုချက်ချင်း လူ့ရပ်ရွာကနေ
ထွက်ကြရမယ်၊ မဖဲဝါရဲ့အမိန့်”
တစ္ဆေနှစ်ကောင် မျက်လုံးနီနီကြီးတွေနဲ့ မဖဲဝါ
ရဲ့ ကိုယ်ခွဲအရုပ်ကို မော့ကြည့်ပြီး တော်တော်
ကို ကြောက်ရွံ့သွားကြတာဗျို့။
ပြီးတော့ ဒူးထောက်ထိုင်နေရာကနေ ချက်ချင်း
ထလာပြီး ဖြုတ်ကနဲ ပျောက်သွားကြတယ်။
ကျုပ်လည်း ဓါတ်မီးကို ချက်ချင်း ပိတ်မပစ်
သေးပဲ ဝိုင်းထဲမှာ လိုက်ထိုးကြည့်လိုက်တယ်။
ကျတ်တွင်းထဲက တွင်းအောင်းနေတဲ့ တစ္ဆေ
တွေ မရှိတော့ဘူးဗျ။
ကျုပ်လည်း ကျောက်ခဲကို ခေါ်ပြီး ကျတ်တွင်း
ကလေးကို မြေဖို့ခိုင်းလိုက်တယ်။
“ကဲဘိုးရေ အားလုံးပြီးသွားပါပြီ၊ ဘာမွမရွိ
တော့ပါဘူး၊ ဘိုး စိတ်ရှင်းချင်ရင်တော့
ဆရာတော်တွေပင့်ပြီး ဆွမ်းကပ်ပရိတ်
နာပေါ့ဗျာ”
“အေးဟုတ်ပြီ တာတေရ၊ ငါ မင်းပြောတဲ့အ
တိုင်း လုပ်လိုက်မယ်ဟေ့”
ဘိုးထွေးမောင်က ပြောတယ်။ ကျောက်ခဲကို
သူ့အိမ် လိုက်ပို့လိုက်ပြီး ကျုပ်အိမ် ပြန်ခဲ့တာပေါ့ဗျာ။
ကိုယ်တူကိုယ်ခွဲ မဖဲဝါ စာအုပ်မှ ကောက်နုတ်တင်ပြထားပါသည်။
ုပြီးပါပြီခဗျာ
စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့အားပေးပါအုံးဗျို့။