August 1, 2025
Uncategorized

ဂမ္ဘီရမောင်ဘုန်းနှင့်ခင်ပွန်းကြီးဆယ်ပါး

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ-အံ့မင်းခန့်

ကျွန်တော် တို့သွားရမယ့် ခုနှစ်စဥ်ရွာကဝေးသေးလားဆရာ။
အင်း…….ငါတို့သွားရမယ့်ရွာနဲ့အခုနေရာယှဥ်မယ်ဆိုရင်….တော်တော်လေးကိုအလှမ်းဝေးပါသေးတယ်။ဒါနဲ့မင်းကဘာဖြစ်လို့မေးတာလည်း။

ဆရာမောင်ဘုန်း စကားကြောင့်ဖိုးထောင်ကခေါင်းကိုလက်နှင့်အသာကုပ်လိုက်ပြီး..ဒီလိုဗျ…
ကျွန်တော့်အာရုံထဲမှာ..ကလေးတစ်ယောက်က ဝူးဝူးဝါးဝါးနဲ့အော်ဟစ်နေပြီး..အမျိုးသမီးတစ်ဦးကလည်း ဘုရားမှာသားဖြစ်သူကျန်းမာရေး…ကောင်းမွန်စေဖို့အတွက်အကြိမ်အကြိမ်အခါခါဆုတောင်းနေတာကိုမြင်နေရတယ်ဆရာ။လေးငါးရက်လောက်ရှိနေပြီ တရားထိုင်လိုက်တာနဲ့ မြင်နေရတော့တာဗျ။

မောင်မင်းသူက…ဟုတ်လား..ဆရာဖိုးထောင်ဒါဆိုရင်တော့စိတ်ဝင်စားစရာကိစ္စတစ်ခုကကျွန်တော်တို့ကိုစောင့်မျှော်နေတဲ့သဘောပေါ့နော်။
ဆရာမောင်ဘုန်းရှိနေသ၍ ဘယ်လိုအန္တရာယ်မျိုးမှ ကြောက်စရာမ လိုဘူးမလား… ဟဲ..ဟဲ..။

ထိုစကားကိုကြားတော့ ဆရာမောင်ဘုန်းက ပြုံးရွှင်တဲ့မျက်နှာထားနှင့် .မင်းဟာက..အထင်ကြီးလွန်းနေပါပြီကွာ…။
ငါတို့ကူညီနိုင်တာဆိုရင်တော့..ကူညီပေးရမှာပေါ့ကွာ။

ဒီလိုဆိုရင် မင်းနဲ့ပဋ္ဌာန်းစက်ရှိခဲ့ဖူးတဲ့သူတစ်ဉီး ရဲ့ဆုတောင်းသံဖြစ်လိမ့်မယ် ထင်တယ်။မင်းကိုအထက်ကညွှန်ပြနေတော့လည်းငါတို့မျက်နှာလွှဲခဲ့ပစ်လုပ်မရတော့ဘူး…..ဖိုးထောင်ရ။
အခုလောလောဆယ် တော့ လမ်းမှာတွေ့သမျှရွာတွေကနေ စုံစမ်းပြီးသွားကြတာပေါ့ကွာ။

ဟုတ်ကဲ့ပါဆရာ…ဒါနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမယ့်ခုနှစ်စဥ်ရွာမှာရှိတဲ့ ရုပ်ပြောင်းကဝေက တော်တော်လေးအစွမ်းထက်သလား ၊သူပညာကဘယ်လောက်အဆင့်မြင့်နိုင်လည်းဗျ။ကျွန်တော်တို့ လွယ်လွယ်ကူကူဖြေရှင်းရှင်းနိုင်ပါ့လား။

ဒါကတော့…. သူ့တပည့်ရဲ့ပညာကိုကြည့်ခြင်းအားဖြင့် ပေါ့သေးသေးတော့မဟုတ်ဘူးကွ။အဆင့်မြင့် ပညာရပ်ကိုပိုင်ဆိုင်ထားပြီးမကောင်းတဲ့နေရာမှာအသုံးချနေတာ။ငါတို့ကတော့မေတ္တာရပ်ခံပြီး ပညာသိမ်းရမှာဘဲ၊နောက်ထပ်ဖြစ်လာမဲ့အကျိုးဆက်ကတော့သူ့ရဲ့ကုသိုလ်ကံ ပေါ့ကွာ။
နောက်ပြီး..ငါတို့ ပညာသိမ်းတဲ့အခါ…သူကိုယ်တိုင်
လွယ်လွယ်ကူကူလက်မခံရင်တော့ ဆိုင်ရာပုဂ္ဂိုလ်ကိုအပ်နှံပြီးဖမ်းစီးအပစ်ပေးရမှာဆိုတော့ သိပ်ကြောက်စရာတော့မလိုပါဘူးကွာ။

ဆရာမောင်ဘုန်းတို့လည်း…ဇင်းကျိုက်တောင်ပေါ်ကထွက်လာကတည်းက မနားမနေ ခုနှစ်စဥ်ရွာ ကိုခရီးနှင်နေခဲ့ကြရာအခုဆိုလျင် ခြောက်ရက်မြောက်သို့ရောက်ရှိနေခဲ့ပြီ။
နေ့ခင်းဘက်ဖြစ်တာကြောင့် အပူဒဏ်ကလည်းပြင်း၊ မောပန်းနေ တဲ့အတွက်ခဏရပ်ကာ အရှေ့ကိုမျှော်
ကြည့်လိုက်တဲ့အချိန်….

ဆရာ…ဟိုးရှေ့ကသစ်ပင်ကြီးအောက်မှာ ရေအိုးစင်တွေ့တယ်ဗျ။ခဏလောက်ရေသောက်ပြီးအမောဖြေကြရအောင်ဗျာ။ကျွန်တော်တော့တော်တော်လေးကိုမောနေပြီ တစ်လမ်းလုံးလည်းမနားရသေးဘူးလေ။
အေးလေဒါဆိုလည်း မင်းပြောတဲ့အတိုင်းလုပ်ကြတာပေါ့။

မောင်ဘုန်းတို့ဆရာ တပည့်တွေ လည်းရှေ့မှာမြင်တွေ့ နေ ရတဲ့ သစ်ပင်ကြီးအောက်မှာဝင်ထိုင်လိုက်ကြ ပါတယ်။
ထိုသစ်ပင်အောက်မှာရှိတဲ့ စေတနာရှင်တစ်ဦးကုသိုလ်ယူထားတဲ့ရေချမ်းစင်က အေးမြတဲ့ရေကိုတဝသောက်လို့အလှူ့ရှင်ကို သာဓုခေါ်လိုက်ပြီး အနားယူနေခဲ့ကြတယ်။

ဆရာမောင်ဘုန်း ကတော့နားနာနေနေထိုင်မနေဘဲ ရှိတဲ့အချိန်လေးမှာ တရာအားထုတ် နေခဲ့ပါတယ်။ဖိုးထောင်နဲ့မောင်မင်းသူကတော့ သစ်ပင်ကြီးရဲ့အောက်မှာခဏတာမှေးနေခဲ့ကြတယ်ဗျ။
………………………………………………………………
အင်း…..ကိုသန်းအေးသတင်းကြားရတာစိတ်မကောင်းလိုက်တာကွာ။ရင်ထဲတောင်မကောင်းဘူး….သူကငါ့ဆိုလွှတ်ခင်တဲ့ကောင်ဟ။အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့သေလိမ့်မယ်လို့ထင်မထားဘူး။

အော်…သူကနေ့ရောညပါ အချိန်ပြည့် အရက်သောက်နေတော့က ရောဂါရတော့မပေါ့ရှင့်။ရှင်လည်းအရက်လေးဘာလေး လျော့သောက်ဦး နို့မို့ဆိုရင် ကိုသန်းအေးနောက်လိုက်နေရဦးမယ်။

”ဟ….ဖတ်..ဖတ်.ဖတ်…မင်းကွာမပြောကောင်းမဆိုကောင်း…ကိုယ့်ယောက်ကျားကို….နမိတ်မရှိနမာမရှိပြောရက်တာကွာ။

တော်ကလည်းကျုပ်ကတော်ချင့်ချိန်နိုင်အောင်ပြောတာပါတော်။တော့်သေစေလိုတဲ့ ဆန္ဒ မရှိပါဘူးတော့။

ကိုငွေမောင်လည်းမိန်းမဖြစ်သူနှင့်မိမိသူငယ်ချင်းလည်းတစ်ဖြစ်၊….အရက်သောက်ဖော်သောက်ဘက်လည်းဖြစ်တဲ့ ကိုသန်းအေး အကြောင်းကို ပြောနေခဲ့ကြတာ…ခဏကြာတော့ အိမ်ဝိုင်းထဲကနေ
” နေလင်းဦး”ဆိုတဲ့ကောင်လေးက နာရေးလာ
ဖိတ်မှ့ဘဲပြောလက်စ စကား ရပ်သွားခဲ့ကြတယ်။

ဦးငွေမောင်…ဦးငွေမောင်..
ခေါ်မနေနဲ့တော့ကောင်လေး….မင်းလာရင်းကိစ္စငါတို့သိတယ်။
အိမ်ထဲကနေအပြင်ထွက်လာတဲ့ ကိုငွေမောင်က ထိုကဲ့သို့ပြောလိုက်တော့…နာရေးလာဖိတ်တဲ့
မောင်နေလင်းဦးက ..ဒါဆိုလည်းပြီးရောဗျာ။ခင်ဗျားသိပြီးသားဆိုရင် လင်မယားနှစ်ယောက် လုံးလာခဲ့ကြပါဦးဆိုပြီးကျုပ်အမေ ခေါ်ခိုင်းလို့ကျုပ်လာတာ။လာတာမလာတာတော့ခင်ဗျားတို့အပိုင်းဘဲ..ပြောကာပြန်ထွက်သွားခဲ့တယ်။

ခပ်မာမာပြောပြီးပြန်ထွက်သွားတဲ့လူငယ်လေးကို
ကြည့်ကာကိုငွေမောင်တစ်ယောက် ဒီကလေးရိုင်းလိုက်တာကွာ …မလာဘူးလို့ပြောလိုက်..ဟူ၍
ပါးစပ်ကနေလှမ်းအော် မိသွားခဲ့တယ်။

တော်ကလည်း မိကျူခဗျာ အားငယ်နေရှာမှာပေါ့။လာလာသွားကြရအောင် ကလေးနဲ့ဖက်ဖြစ်မနေပါနဲ့တော်။တော်ပြောတာကြားပြီး စိတ်မကောင်းဖြစ်နေမှဖြင့်။

ထိုကလေးဟာဆိုရင် ကိုသန်းအေးရဲ့သားဖြစ်ပြီး ရိုင်းပြမှု့ကလည်းရွာရဲ့နံပါတ်တစ် ဖြစ်နေခဲ့တယ်။သူဟာ…ရွယ်တူတွေနဲ့လည်းမတည့်၊ကြီးသူကိုလည်းလေးစားရကောင်းမှန်းမသိတာကြောင့် တစ်ရွာလုံးက သူ့ကိုရှောင်ကြတာများပါတယ်။အဆိုးဆုံးအချက်က လက်ချိုးရေ လို့မရတဲ့အထိ ဆဲဆိုတတ်တာကိုပါ။

ဟဲ့မိကျူ ညည်းမလည်းအေ… ဒီလောက်လည်းခံစားမနေပါနဲ့…လူပဲသေတစ်နေ့မွေးတစ်နေ့ပေါ့။ဒါကိုတရားနဲ့ဖြေပါအေ။

(ငိုသံပါဖြင့်)
”မကြီး စန်း ရယ်ကျုပ်လည်းတရားနဲ့ဖြေရမယ်ဆိုတာသိပေမယ့် ”ကျုပ်နဲ့သားလေးရဲ့ ရှေ့ရေးကိုတွေးပြီးပူမိလို့ပါတော်။ဟင့်..ဟင့်။
ကျုပ်က အခုဆိုမုဆိုးမဖြစ်နေပြီ ကျုပ်က သားလေးကိုတင့်တောင့်တင့်တယ်ထားချင်တာ။ကျုပ်ယောက်ကျားက အရက်သောက်တယ်ဆိုပေမယ့် အလုပ်ပျက်တယ်ဆိုတာမရှိသလောက်ပါ​ပဲ။အခုလိုချက်ချင်းကြီး ဖြစ်လိမ့်မယ်လို့ကျုပ်ဖြစ်မတွေးမိပါဘူးတော်။သားလေးကလည်းမကြာခင်ရှင်ပြုရမယ့်အရွယ်ကရောက်လာတော့မယ်လေ။

အင်း..ကျုပ်လည်းစိတ်မကောင်းပါဘူးအေ။
ဒါပေမယ့်လည်းစိတ်မကောင်းဖြစ်နေ လို့ပြီးမယ့်ကိစ္စမှမဟုတ်ဘဲ လတ်တလောတော့အားသာတင်းထားပါအေ။ညည်းရဲ့သားလေးလည်းအခုလိုစိတ်မကောင်းဖြစ်နေတာတွေ့ရင်ဘယ်ကောင်းပါ့မလည်း။အခုရော ညည်းသားဘယ်ရောက်နေတုန်းဟဲ့။ငါလာကတည်းကမတွေ့ပါလား။

နောက်ဖေးမှာ ရွံ့စေးတွေခူးပြီး လောက် စာလုံး တွေလုံးနေလေရဲ့။ဖအေ အခုလိုဖြစ်သွားတာတောင်ငိုရမှန်းမသိတဲ့ကောင်…။သူ့ကြည့်ရတာ ငှက်များထွက်ပစ်ချင်နေလားမသိပါဘူးတော်။
ဟင့်..ဟင့်..ဟင့်.။

ထိုအချိန်ကိုငွေမောင်နဲ့ ရွာသားအချို့ရောက်ရှိလာကြပြီး…နာရေးအိမ်မှာ လိုအပ်တဲ့ ကိစ္စတွေကိုဝိုင်းဝန်းကူညီလုပ်ဆောင်ပေးခဲ့ကြတယ်။လိုအပ်တယ်ဆိုတာထပ် လိုအပ်မှု့မရှိရလောက်အောင်လုပ်အားပေးခဲ့ကြပါတယ်။

ကိစ္စတွေပြီးလို့ ညနေလေးနာရီလောက်ရောက်မှအနားယူကာ ကိုငွေမောင် နောက်ဖေးကိုအပေါ့စွန့်ဖိုထွက်လာတဲ့အချိန်.. လေးဂွ တစ်လက်ကိုကိုင်ကာ…မြောက်ကြွား ကြွားဖြစ်နေတဲ့ မောင်နေလင်းဦး ကိုတွေ့လိုက်ရတယ်။မြင်တွေ့လိုက်ရတဲ့မြင်ကွင်းအဖို့ သိချင်လာတဲ့အတွက်အနားကပ်ကာ…

ဟျောင့်မင်းက လောက်လေးဂွ ကိုကိုင်ပြီးဘာလုပ်နေတာတုန်းဟ။

အော် ဒါလား…..ဒီလိုဗျအခုဆိုရင်ကျုပ်အဖေနဲ့ကျုပ်က ဘဝချင်းခြားသွားပြီလေဗျာ။သူကျုပ်ကိုသရဲ လာခြောက်မှာဆိုးလို့…ကျုပ်ကကြိုတင် ပြင်ဆင်ထားတာဗျ။ကျုပ်များလာခြောက်လို့ကတော့လေးခွနဲ့ကိုပစ်မှာ ။သတ္တိရှိရင်လာခြောက်စမ်းပလေစေ ကြောက်ပါပြီဆိုပြီးလေးဘက်ကုန်းထွက်ပြေးစေရမယ်။

ဟာ……ဒီကလေးကတော့မိဘကိုအဲ့လိုမပြောရဘူးဟ။ ငရဲကြီးတော့မှာဘဲ ငါလုပ်လိုက်ရ နာတော့မယ်…မင်းလောက်ရိုင်းတဲ့ကောင်ငါအခုထိမတွေ့ဘူးသေးဘူး။

ဟာဗျာ…ကျုပ်ကခင်​ဗျားမေးလို့လည်းဖြေရသေးတယ်အခုကျကျုပ်ကိုလာဆူနေတယ် သွားတော့မယ်ဟုပြောကာ မောင်နေလင်းဦး တစ်ယောက်ထွက်သွားခဲ့ပါတယ်။

ကိုငွေမောင်က ခေါင်းကိုခါရမ်းလိုက်ပြီးဒီကလေးတော့မပြောအပ်တဲ့ စကားပြောသွားတာပဲဟုတွေးကာ…စုတ်သက်လို့ နေခဲ့ပါတယ်။

သူလည်းအိမ်ရှေ့သို့ပြန်ထွက်လာပြီး….ညရောက်တဲ့အခါ…ဖဲဝိုင်းလေးနဲ့သောက်ဖို့စားဖို့ ပစ္စည်းတစ်ချို့ဝယ်ဖို့ရာ မိကျူ ထံမှာငွေအနည်းငယ်တောင်း ၍ ရွာပြင်ဘက်ကိုထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ညရောက်တော့ နာရေးအိမ်မှာ သတင်းမေးသူကမေး၊ဖဲဝိုင်းထိုင်သူကထိုင်၊ပဲလှော်အမြည်းလုပ်လို့အရက်လေး နှုပ်ခမ်းဆွတ်နေကြတဲ့အဖွဲ့တွေအသီသီနဲ့ လူစည်နေခဲ့ကြတယ်။

မိကျူကတော့ညှိုးငယ်တဲ့မျက်နှာထားနှင့် လာရောက်မေးမြန်းသူ၊အားပေးစကားပြောသူတွေကိုထိုင်ကာ
ဧည့်ခံစကားပြောနေခဲ့တယ်။

ထိုအချိန် မောင်နေလင်းဦးက အိမ်ပေါ်မှာထိုင်နေရာကနေဗိုက်နာလာတဲ့အတွက်အိမ်သာရှိရာနောက်ဖေးဘက်ကိုထွက်လာခဲ့လိုက်တယ်။သူ ထွက်သွားတာကိုတော့ ကိုယ့်အလုပ်နဲ့ကိုယ်အာရုံများနေကြတဲ့အတွက်မည်သူမျှသတိမထားခဲ့မိကြပါဘူး။

ခဏကြာတော့……နောက်ဖေးဘက်ကနေ
”အား…..အမလေး….အ့.အ မေ့ ….”

ဖဲဝိုင်းထိုင်နေကြတဲ့ ကိုငွေမောင်တို့အပြင်နာရေးအိမ်မှာရှိသမျှလူအားလုံးဟာ ထွက်ပေါ်လာတဲ့အသံ
ကြောင့် အလျင်အမြန်ပဲအသံထွက်ပေါ်လာရာ နေရာ
ကိုသွားရောက်ကြည့်ရှု့တဲ့အခါပါးစပ်ထဲကနေအမြုပ်တွေတစီစီထွက်ပြီး ၊မျက်ဖြူလန်၍
သတိလစ်နေတဲ့မောင်နေလင်းဦး ကိုတွေ့လိုက်ရတယ်။

ဒါကြောင့် အိမ်ပေါ်သို့ပွေ့တင်ကာ
ဆေးဆရာပင့်သူကပင့်ပြီး…အနားမှာမိကျူကတော့ သားဖြစ်သူကိုကြည့်၍အလန့်တကြား…ယပ်တောင်နဲ့မျက်နှာကိုခပ်ပေးနေခဲ့ပါတယ်။နာရေးအိမ်ကလူတွေလည်း ညသန်း ခေါင် ရောက်သည့်တိုင် မောင်နေလင်းဦး အခြေအနေကိုစောင့်ကြည့်နေခဲ့ကြတယ်။

ထို့နောက်မှာတော့ ဆေးဆရာကြီး ရဲ့ကုသပေးမှု့
ကြောင့် မောင်နေလင်းဦး သတိပြန်လည်လာခဲ့တယ်။သို့သော်လည်းအဲ့ဒီ့ အချိန်မှစပြီး ပါးစပ်ကြီးကရွှဲ့ကာ တဝူးဝူးတဝါးဝါးကလွဲ​ပြီး ဘာမှ့မပြောတော့ချေ။

မနက်မိုးစင်စင်လင်းတာနဲ့ ဆရာပေါင်းစုံ…ဆေးနည်းပေါင်းစုံနဲ့ကုသပါ သော်လည်းထူးခြားကောင်းမွန်လာခြင်းမရှိတဲ့အတွက်….မိကျူ တစ်ယောက်
စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တယ်။ထိုအဖြစ်အပျက်ကိုတော့တစ်ရွာလုံးက စိတ်မကောင်းခြင်းကိုယ်စီဖြစ်နေခဲ့ကြတာအမှန်ပါဘဲ။

အဲ့ဒီ့အချိန်…ကိုငွေမောင်က…မိန်းမဖြစ်သူ မိစန်းရဲ့ခိုင်းစေချက် နှင့် မိကျူအစား ဆေးဆရာ ရှာထွက်ရပါတော့တယ်။ရွာရဲ့ ကာလသား တွေကလည်းတစ်
ယောက်မှ့အားကိုးမရတဲ့အတွက်ရွာမှာမျက်စိပွင့်နား
ပွင့်ရှိတဲ့ ကိုငွေမောင်ခေါင်းပေါ်တာဝန်ကျလာတယ်ဆိုပါတော့ဗျာ။
……………………………..
မောင်ဘုန်းတို့ဆရာတပည့်တွေတစ်ရွာဝင်တစ်ရွာထွက်နှင့် ခရီးဆက်နေခဲ့တာ အခုဆိုလျင် ညနေမိုးပင်ချုပ်တော့မည်။ ဆရာဟိုးအရှေ့မှာ လူတစ်ယောက်လျောက်လာနေပါလားဗျ။ညကလည်းတဖြည်းဖြည်းနက်လာတော့မယ်။
ရှေ့မှာလာနေတဲ့သူက ဒီအနီးနားကရွာသားတစ်ယောက်ဆိုရင်တစ်ညလောက်တည်းခိုဖို့အကူအညီတောင်းရင်ကောင်းမလားဆရာ။

အင်း..အခုအချိန်ရောက်နေမှတော့သွားမေးကြည့်လို့လည်း မဆုတ်ယုတ်နိုင်ပါဘူးလေ။
ဆရာမောင်ဘုန်း စကားသံအဆုံးမှာ မောင်မင်းသူက…

ဟေ့..လူ…ဟေ့လူ…..
မောင်မင်းသူအသံကိုကြားတော့..ရှေ့ကလာနေတဲ့သူကသူ့ကို အသေအချာကြည့်လိုက်ပြီး….ကျုပ်ကိုခေါ်တာလား..။

ဟုတ်တယ်ဗျ…ကျွန်တော်တို့ ခရီးသွားတွေပါ။အခုညနေကလည်းအတော်စောင်း နေပြီဖြစ်လို့…တစ်ညလောက်တည်းခိုစရာနေရာ ဘယ်မှာရနိုင်မလည်းဗျ။ဒီအနီးအနားမှာရွာတွေရှိသလားမေးချင်လို့ပါ။ပိုက်ဆံပေးမှ အဆင်ပြေမယ်ဆိုရင်လည်းပြောပါဗျ…ကျုပ်တို့ တည်းခိုခ ပေးနိုင်ပါတယ်။

အော်…ဟုတ်လား…ဒါဆိုခင်ဗျားတို့လာတော့လမ်းမှာထမင်းနှဲ ဆိုင်တွေ့ခဲ့သေးတယ်မလား။
အင်း…တွေ့ခဲ့တယ်ဗျ။အသက်လေးဆယ်အရွယ်အဒေါ်ကြီးရောင်းနေတာမဟုတ်လား။

ဟုတ်လိုက်လေဗျာ…ဆိုင်မပိတ်သေးခင်
ကျုပ်အရင်ထမင်းနှဲသွားဝယ်လိုက်ဦးမယ်။
ခင်ဗျားတို့ဘာတည်းခိုခ မှပေးစရာမလိုဘူးကျုပ်နဲ့သာလိုက်ခဲ့ကြအခုဘဲလယ်ပြင်ကြီး ရွာထိပ်ရောက်နေပြီလေဗျာ။..တအောင့်လေးစောင့်ဦးဟုပြောကာ….တစိမ်းဖြစ်သူက ထမင်းနှဲဆိုင်ဘက်ကိုထွက်သွားခဲ့ပါတယ်။

ဒီလိုနဲ့ပဲခဏကြာတော့ ဆရာမောင်ဘုန်း တို့ သူစိမ်းဖြစ်သူရဲ့အနောက်ကနေလိုက်သွားကြရာ လယ်ပြင်ကြီး ဆိုတဲ့ရွာလေးထဲကိုရောက်ရှိလာခဲ့ကြပါတယ်။ရွာထဲရောက်တော့ ညကိုးနာရီ လောက်ဖြစ်တဲ့အတွက် ဆရာမောင်ဘုန်း တို့ကိုဘယ်သူမှ့ မမြင်ခဲ့ကြပါဘူး။တောဓလေ့ဖြစ်တာကြောင့် မိုးချုပ်ပြီဆိုတာနဲ့အိပ်ကြတဲ့အတွက်အိမ်တွေပေါ်မှာ ဖယောင်းတိုင် မီးရောင်ကိုပင်မတွေ့ခဲ့ရချေ။

ကဲ့…ဒါကျုပ်အိမ်ဘဲဗျ။ခင်ဗျားတို့လွတ်လွတ်လပ်လပ်နေလို့ရတယ်။ညစာကတော့ ထမင်းနှဲ ပဲစားရမှာနော်…ကျုပ်ကတစ်ယောက်ထဲနေတာဆိုတော့ ထမင်းချက်စားတာထက်ဘုန်းကြီးကျောင်းမှာ ဝေယာဝစ္စကူလုပ်ပေးပြီးဆွမ်းကျန်ဟင်းကျန်ကပ်စားနေကြဗျ။ဒီနေ့တောင်..လှည်းတန်းရွာက မိတ်ဆွေတစ်ဦးရောက်နေလို့ ညစာသွားဝယ်တယ်ဆိုပါတော့ဗျာ။

ဆရာဘုန်းက…နေပါစေဗျာ.. ရပါတယ်။ကျုပ်တို့အတွက်ဘာမှ ပြင်ဆင်စရာမလိုပါဘူး။
ကျုပ်တို့ဗိုက်လည်းမစာပါဘူးဗျာ။ အခုလိုနေဖို့နေရာပေးတာကိုဘဲကျေးဇူးတင်လှပါပြီ။ဒါနဲ့ခင်ဗျားနာမည်ကိုဘယ်လိုခေါ်ရမလည်း။

ကျုပ်နာမည်ကတော့ ထွန်းကြိုင်…ပါ။

ကောင်းပါပြီကိုထွန်းကြိုင် ။
ခင်ဗျားမိတ်ဆွေ လည်းမတွေ့မိပါလားဗျ။

ကျုပ် မိတ်ဆွေကအခု ရွာဦးကျောင်းက
ဘုန်းတော်ကြီးကိုသွားဖူးနေတယ်။ဆယ်နာရီမထိုးခင်ပြန်လာဖို့တော့မှာလိုက်တယ်…ဗျ။

ခဏကြာတော့ မောင်ဘုန်းတို့ ဆရာတပည့်တွေ လည်းကိုထွန်းကြိုင် လိုက်ပြတဲ့အိမ်ခန်းလေးမှာထိုင်နေခဲ့ကြပြီး..စကားစမြည်ပြောနေခဲ့ကြတယ်။
မိနစ်ပိုင်းလောက်ကြာတဲ့အခါမှာ ဆရာမောင်ဘုန်းက နောက်ခန်းထဲကနေထွက်လာပြီး ဘုရားကျောင်းဆောင် ရှေ့မှာ…ဘုရားရှိခိုး ၊ငါးပါးသီလခံယူကာ ဂုဏ်တော်ပွားများလို့ပုတီးကို တစ်လုံးချင်းညင်သာစွာစိပ်နေခဲ့ပါတယ်။

ဖိုးထောင်နှင့်မောင်မင်းသူ ကတော့
တစ်နေ့တာလုံးခရီးပန်းလာတဲ့အတွက်အိမ်ခန်းလေးထဲမှာခေါင်းချလိုက်တာနဲ့တပြိုင်နက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့ကြတယ်။

ကိုထွန်းကြိုင်ခင်ဗျား ကအခုချိန်ထိမအိပ်သေးဘဲအိမ်ရှေ့ကွပ်ပစ်မှာထိုင်ပြီးဘာလုပ်နေတာတုန်း။အိမ်ပေါ်ကဧည့်သည်ကရောဘယ်သူလည်းဗျ။

အော်…သူတို့ကခရီးသွားတွေပါမိုးချုပ်သွားလို့ လမ်းမှာအခက်တွေ့နေတာနဲ့ခေါ်လာတာ​။နောက်ထပ်နှစ်ယောက်ပါသေးတယ် အိမ်ခန်းထဲမှာအိပ်နေကြတယ်လေ။

ဒါနဲ့ ကိုထွန်းကြိုင် ဘုရားကျောင်းဆောင် ရှေ့မှာထိုင်​နေတဲ့ သူက အံ့သြဖို့ကောင်းလောက်အောင် သမာဓိအားကောင်းလိုက်လေဗျာ။
ဟုတ်တယ်… မောင် ငွေမောင်..တရားထိုင်နေတာ တော်တော်လေးကြာနေပြီကွ လုံးဝကိုမလှုပ်မယှက်ဘဲငါ့ညီရေ။

ဒါဖြင့်.. ကိုထွန်းကြိုင် သူကယောကီဝတ်စုံဝတ်ထားပုံထောက် အထက်လမ်းဆရာတွေ များဖြစ်နေမလားဗျ။ဘာမှန်းမသိဘဲအိမ်ခေါ်တင်လာတာမကောင်းဘူးထင်တယ်။ကျုပ်ကစိတ်ပူလို့ပြောပြတာနော် တစ်မျိုးမထင်နဲ့ဦး။

အဲ့ဒါတော့မသိဘူး ငါ့ညီရ သူတို့လာတော့ လွယ်အိပ်ထဲမှာ ဆေးပစ္စည်းအစုံပါလာတာကွ။ငါ့ကိုတည်းခိုခပေးရမလားဆိုပြီး ပိုက်ဆံထုတ်တော့ လွယ်အိပ်ထဲမှာ ဂမုန်းပွင့်တွေရော ၊ ဆေးမြစ်ကြီးတွေရောငါတွေ့လိုက်တယ် ညနေစောင်း မှောင်နေတော့ဘာဆေးမြစ်တွေလည်း သေချာတော့မသိပါဘူးကွာ။သူတို့ကလူကောင်းတွေပါ ငါ့ညီရာ ငါလူအကဲခတ်မညံ့ပါဘူးဟ။

အဲ့ဒါဆိုလည်း ကျုပ်မပြောတော့ပါဘူးဗျာ။
..ငါ့အထင် တော့ ဆေးဆရာတွေ ဖြစ်လိမ့်မယ်ထင်တယ်။တစ်လက်စထဲ မနက်အာရုံတက်မှ မင်းတို့ လှည်းတန်းရွာက ကလေးအကြောင်းပြောပြပြီးသူတို့ ကုနိုင်မကုနိုင်မေးကြည့်ပါလား။အဆင်ပြေရင်ဆေးဆရာကို မင်းဝေးဝေးလိုက်မရှာရတော့ဘူးပေါ့ ဟုတ်တယ်မလား။
အခုတော့ ရေးနွေးကြမ်းနဲ့ ထမင်းနှဲစားပြီးမှအိပ်…ညအချိန်စျေးသည်ထွက်တာကလည်း ဒီဘက်မှာထမင်းနှဲသည်ပဲရှိတယ်ကွ။မနက်ကျမှမနက်စာကောင်းကောင်းပြင်ပေးပါ့မယ်။

ကောင်းပါပြီ ဗျာ …ကောင်းပါပြီ။

ဒါနဲ့ နည်းနည်းလျော့စားပေါ့ကွာ ညခင်းဘက်ဆိုတော့အစာမကျေဖြစ်နေဦးမယ်။
ဟုတ်ကဲ့ပါကိုထွန်းကြိုင်။

ဒီလိုနဲ့ဘဲ စားသောက်ပြီး အိမ်ရှင်ကိုထွန်းကြိုင်နဲ့ ငွေမောင်တို့ အိမ်အောက်ဆင့်မှာ ခြင်ထောင်ထောင်လို့အိပ်ယာဝင်သွားခဲ့ကြတယ်။

မနက်သုံးနာရီအချိန်လောက်တော့ ဆရာမောင်ဘုန်းတရားဖြုတ်ကာ အပေါ်ဆင့်က ဘုရားကျောင်းဆောင် ရှေ့မှာဘဲအနားယူ လဲလျောင်းအိပ်စက်ခဲ့ပါတယ်။

နံနက်ခြောက်နာရီလောက်အရောက်မှာ မောင်ဘုန်းတို့ဆရာတပည့်တွေဦးစွာနိုးထလာကြပြီး မျက်နှာသစ်ကာ အိမ်ရှေ့ကွပ်ပစ်မှာထိုင်နေခဲ့ကြတယ်။ရှေ့ဆင့်နောက်ဆင့်ကိုထွန်းကြိုင်တို့လည်းနိုးလာကြကာ..မောင်ဘုန်းနဲ့စကားပြောဖြစ်ခဲ့ကြပါတယ်။

အကိုတို့က ဆေးဆရာတွေလားဗျ,
ကိုငွေမောင်စကားကြောင့်..မောင်ဘုန်းက ဟုတ်ပါတယ်ဗျ။ကျုပ်တို့ကနယ်လှည့်ပြီး ဆေးကုနေတဲ့သူတွေပါ။

ဒါဆိုရင်အဆင်သင့်လိုက်လေဗျာကျုပ်ကလည်း ဆေးဆရာရှာမယ်ဆိုပြီးဒီကို မနေ့ကမှရောက်တာ။ ကျုပ်တို့ရွာက ကလေးတစ်ယောက်ကိုလိုက်ကုပေးနိုင်မလားဗျ။ရောဂါကတော့ ကျုပ်လည်းအတတ်မပြောနိုင်ဘူး။ဘာပဲဖြစ်ဖြစ်
ခြေကြွခတော့ မနည်းစေရပါဘူး။

မောင်ဘုန်း နဲ့ ငွေမောင်ဆိုသူ တို့စကားပြောနေတဲ့အချိန် ဖိုးထောင်ကစကားဖြတ်ပြောခဲ့တယ်။
ကလေးကပါးစပ်ကြီးရွဲ့ပြီး စကားမပြောနိုင်ဖြစ်နေတာလားဗျ။
ဟာ..ဆရာ ကဘယ်လိုသိနေတာလည်းဗျ။အကြားအမြင်များရနေရောလားဗျာ။

မောင်ဘုန်းက…
ကဲဒီလိုဆိုရင်ရှည်ရှည်ဝေးဝေးပြောမနေတော့နဲ့..ခင်ဗျားပြန်တဲ့အခါ ကျုပ်တို့တစ်ပါတည်းလိုက်ခဲ့ပါ့မယ်။ဒါဖြင့်ခင်ဗျားကဘယ်အချိန်ပြန်မှာလည်း။
ကျုပ်က ရှာနေတဲ့ဆေးဆရာတွေ့ပြီဆိုတော့ ဒီမနက်ဘဲရွာကိုပြန်မယ်ဗျာ…ဆရာတို့အနေနဲ့ အဆင်ပြေရဲ့လား…။
အင်း…ပြေပါတယ်။
မောင်ဘုန်းတို့ဆရာတပည့်တွေလည်း မနက်စာကိုအဆင်ပြေသလိုစားကာ ကိုထွန်းကြိုင် ကိုကျေးဇူးတင်စကားပြောပြီးနှုပ်ဆက်ခဲ့ကြပါတယ်။

”ပြီးတော့မှကိုငွေမောင်ဆိုသူ
နှင့်.. လှည်းတန်းရွာရှိရာကိုခရီးနှင်လာခဲ့ကြပါတော့တယ်။
တစ်ညအိပ်နှစ်ရက်ကြာတဲ့အချိန်မှာတော့လူသွားလမ်းအတိုင်းမဟုတ်တော့ဘဲ လယ်ကွင်းတွေထဲကနေဖြတ်ပြီးလျောက်ခဲ့ကြရတယ်။ပူပြင်းလှတဲ့နေရောင်ခြည်ဒဏ်ကြောင့်ခရီးလမ်းတစ်လျှောက်မှာတွေ့ခဲ့သမျှရေချမ်းစင်တွေကနေမောင်မင်းသူကလမ်းမှာသောက်ဖို့အတွက်လွယ်အိပ်ထဲမှာပါတဲ့လက်ကောက်ဝတ်သာသာမြေအိုးလေးထဲကိုရေထည့်ကာ ယူဆောင်ခဲ့ရတယ်။
အချိန်တစ်ခုကြာမြင့်သည်အထိလျောက်လာကြတဲ့အခါ လှည်းလမ်းလေးတစ်ခုကိုတွေ့ရှိခဲ့ရပြီး …….
ထိုလမ်းလေးအတိုင်းအတော်ကြာ ဆက်သွားခဲ့ကြရပါသေးတယ်။
ထို့နောက် ကွင်းပြင်တစ်ခုမှာ အလောင်းစင်တစ်ခုပြုလုပ်ထားပြီး..ငှက်ပျောပင်တွေထူထပ်စွာပေါက်နေတဲ့နေရာကို တွေ့လိုက်ရတော့မှ ကိုငွေမောင်ခြေထောက်တွေတုန့်ကနဲရပ်သွားခဲ့တယ်။

ရောက်ပြီဗျ… ဆရာလေးတို့ဟိုရှေ့က လှည်းတန်းရွာလို့ခေါ်တယ်။ကျုပ်တစ်ခါတည်းလူနာအိမ်လိုက်ပြပါ့မယ် အနောက်ကနေသာလိုက်ခဲ့တော့ဗျို့။လှည်းလမ်းလေးရဲ့ရှေ့တည့်တည့်မှာတော့အိမ်ခြေနှစ်ဆယ်ကျော်ခန့်သာရှိပြီး..ဘေးပတ်ချလည်မှာတော့ လယ်ကွင်းတွေကမျက်စိတစ်ဆုံးတည်ရှိနေခဲ့ပါသေး တယ်။
မောင်ဘုန်းက ကိုငွေမောင်စကားကို ကြားသယောင်နဲ့ခေါင်ညိမ့်ပြ လိုက်ပြီး အလောင်းစင်ဘက်ကို အာရုံစိုက်ကြည့်လိုက်တဲ့အချိန် အလောင်းစင်ရဲ့ဘေးမှာတစ်ကိုယ်လုံးထိုးကွင်းမှင်ကြောင်တွေပြည့်နှက်နေတဲ့သူတစ်ဦး ငုတ်တုတ်ထိုင်နေတာကိုမြင်တွေ့လိုက်ရတယ်။

ဒီလိုနဲ့ရွာထဲရောက်တော့..ရွာသူရွာသားတွေက
ကိုငွေမောင် ပြန်လာပြီဟေ့ဟုပြောကာအနောက်ကနေဝန်းရံ၍လိုက်ပါလာခဲ့ကြတယ်။

”ဟဲ့ မိကျူ မိကျူ..”
ဘာတုန်းတော့… အလန့်တကြားနဲ့ဘာဖြစ်နေတာတုန်း.. ဒီမှာကျုပ်သားလေးထမင်းခွံနေတယ်..လှမ်းသာပြော မိစန်းရေ။
ငါယောက်ကျားဆရာတွေပင့်လာပြီဟဲ့။နင်သိအောင်အရင်လာပြောတာအခုလာနေကြပြီ။

”ဟုတ်လား…. ဝမ်းသာလိုက်တာတော်။
ဝမ်းသာမနေနဲ့ အိမ်ဝရောက်နေကြပြီ။
ဆရာလေးတို့ကြွပါတော်ကြွပါ။
အိမ်ဝရောက်တာနဲ့ ကိုငွေမောင်ရဲ့မယားဖြစ်သူမိစန်းကခရီးဦးကြိုပြုခဲ့ပါတယ်။

အိမ်ပေါ်ရောက်တော့….မိကျူဆိုသူက ဖျာခင်းပြီးရေနွေးကြမ်းနဲ့ထန်းလျက် ဗန်းကိုချကာ ဧည့်ခံခဲ့တယ်ဗျ။နေလင်းဦးလေးကတော့ စားလတ်စထမင်းပန်းကန်ရှေ့မှာ ပဆစ်တုတ် လေးထိုင်နေခဲ့တယ်။

ဆရာမောင်ဘုန်းက ဘုရားကျောင်းဆောင် ရှေ့မှာဝင်ထိုင်ကာ နေလင်းဦး ဆိုတဲ့ကလေးလေးကိုအနားသို့
ခေါ်လိုက်ပြီး…အသေအချာကြည့်လိုက်တော့….
အင်း…..ဖိုးထောင့်လွယ်အိပ်ထဲက ငွေရောင်ပုလင်းငါ့ကိုပေး…..နောက်ထပ် သိမ်ဝင်အပ်ချည်ကြိုးတစ်ချောင်းပါပေးကွာ။

ဟုတ်ကဲ့ဆရာ။
ကိုငွေမောင်ခင်ဗျားက ဒီအနီးနားမှာ ညနေခြောက် နာရီမထိုးမှီ ကန့်တော့ပွဲတစ်ပွဲစာရှာပေးပါ အခု သုံးနာရီခွဲလောက်ရှိနေပြီဆိုတော့ အမြန်ဆုံးရရင်ပိုကောင်းပါလိမ့်မယ်။

ဟုတ်ကဲ့ဆရာလေးကျုပ်ရအောင်ရှာပေးပါ့မယ်။
မောင်ဘုန်းက ဘုရားဦးချပြီး သောက်တော်ရေကိုစွန့်
လိုက်ပါတယ်။
ဖိုးထောင်ပေးတဲ့ပုလင်းလေးထဲက ဆံချည်ပင်တစ်ပင်ကိုရေနဲ့ရောလိုက်ပြီး..မောင်နေလင်းဦးကိုတိုက်ခဲ့လိုက်တယ်။ဘေးနားကလူတွေကတော့ မောင်ဘုန်းလုပ်နေတာကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေခဲ့ကြတယ်။မောင်ဘုန်းကသိမ်ဝင်အပ်ချည်ကြိုးကို ကလေးလည်ပင်းမှာချည်နှောင်ပေးလိုက်ပြီး ဂါထာတစ်ပုဒ်ကို မတိုးမကျယ်ရွတ်ဆိုခဲ့တယ်။

ဒါသာမာန်ရောဂါမဟုတ်ဘူးဗျ ပြုစားခံထားရတာ။
မောင်ဘုန်းစကားကြောင့် တစ်ရွာလုံး အံ့သြကုန်ကြပြီး……မိခင်ဖြစ်သူက
”ကျုပ်သားလေးပြန်ကောင်းနိုင်သေး ရဲ့လား ဟင်ဆရာ။ဒါဆိုဘယ်လိုလုပ်ရမှာလည်း…
ပြန်ကောင်းအောင်ကုသပေးပါနော်ဆရာလေး။

အမိဘာမှစိတ်မပူပါနဲ့…ပြန်ကောင်းနိုင်ပါတယ်။ကျုပ်တို့ကဒီလိုကိစ္စတွေမှာလည်းနားလည်တတ််ကျွမ်းတဲ့အတွက်ကိုငွေမောင်ပြန်လာတဲ့အခါ အတတ်နိုင်ဆုံး…ကုသပေးပါမယ်ဟုပြောလိုက်ပြီးကလေးရဲ့မိခင်ဖြစ်သူကို..နှစ်သိမ့်ပေးခဲ့ပါတယ်။

ဒီလိုနဲ့….ညနေငါးနာရီလောက်ရောက်တော့ ကိုငွေမောင်ကန့်တော့ပွဲကိုခေါင်းကနေရွက် လို့ပြန်လည်ရောက်ရှိလာခဲ့တယ်။

ကိုငွေမောင်ရောက်လာတော့.. ဆရာမောင်ဘုန်းက
”ကဲမကျူ ကျွန်တော်တို့အချိန်ဆွဲမနေဘဲ ကိစ္စကိုအမြန်ဆုံးဖြေရှင်းရလိမ့်မယ် နောက်ကျသွားရင်မကောင်းဘူးဗျ။
…မောင်မင်းသူမင်းက ဒီနောက်ကအလောင်းစင်ထားတဲ့ကွင်းမှာ ကန့်တော့ပွဲကိုအသေအချာလေးပြင်ဆင်ထား။ဖိုးထောင်ကတော့…ကလေးကိုခေါ်လာခဲ့လို့ပြောလိုက်ပြီး လူအုပ်ကြီးနှင့်အတူ အနောက်ကွင်းထဲကိုရောက်လာခဲ့ကြတယ်။ကိုငွေမောင်နဲ့မိစန်းကတော့ အမွှေး တိုင်ဖယောင်းကိုယူဆောင်ကာ အနောက်ကနေလိုက်ပါလာခဲ့တယ်။

နေရာကိုရောက်တာနဲ့ မောင်ဘုန်းက..ဟိုကောင်လေးမင်း ကိုယ့်အမှားကို သိပြီလားကွ။
ထူးထူးဆန်းဆန်းမေးလိုက်တဲ့စကားကြောင့် မိကျူ
နှင့်အတူ ရွာသူရွာသားတွေက မောင်နေလင်းဦးထံသို့အကြည့်စုံသွားခဲ့ကြပါတယ်။

မောင်နေလင်းဦးက ချက်ချင်းဆိုသလို မျက်ရည်တွေဝဲလားပြီးခေါင်းကို အကြိမ်ကြိမ်ညိမ့်ပြခဲ့ပါတယ်။

ကဲ့ဒါဆို မင်းရဲ့ဖခင်ကိုကန့်တော့ပြီးတောင်းပန်လိုက်ပါ။မောင်ဘုန်းစကားဆုံးတာနဲ့ မောင်နေလင်းဦးက အခေါင်းစင်ကို ပါးစပ်ကဝူးဝူးဝါးဝါးအသံထွက်လို့ ကန့်တော့တောင်းပန် ခဲ့ပါတယ်။

မောင်မင်းသူ ကဘေးပတ်လည်ကို စည်းချထား။
ဟုတ်ကဲ့ဆရာ။

ဖိုးထောင်မင်းက ကန်တော့ပွဲ ရှေ့မှာကလေးကိုနေရာချပေးလိုက်။
ရွာသူရွာသားတွေအားလုံးနောက်ဆုတ်နေကြပါ။
မောင်ဘုန်းပြောလိုက်တော့ ဆရာဆိုတဲ့လေးစားသမှု့နဲ့ရွာသားတွေအားလုံးနောက်ကိုဆုတ်သွားခဲ့ကြတယ်။

မောင်မင်းသူ မင်းက အသစ်အဆန်းမြင်ချင်နေတာမဟုတ်လားသေချာကြည့်ထားနော်။
ဟုတ်ကဲ့ပါဆရာ။
အထက်ဆရာ ကြီးတွေရဲ့အမိန့်….
ဤနေရာ ကိုအပိုင်းစားရထားတဲ့ ပုဂ္ဂိုလ် အခုချက်ချင်း ကျွန်ုပ်ရှေ့ရောက်စေ။

မောင်ဘုန်းအမိန့်ပြန်လိုက်တာနဲ့ မကြာခင်မှာ မိုးချုန်းသံတွေ နှင့်အတူတစ်ကိုယ်လုံးထိုးကွင်းမှင်ကြောင်တွေအပြည့်နဲ့ ပုဂ္ဂိုလ်တစ်ဦးရောက်ရှိလာခဲ့တယ်။

ရောက်ရှိလာတာနဲ့ဆရာမောင်ဘုန်းက..သင်ရောက်လာပြီဆိုရင်ကျုပ်ပြောတာနားထောင်ပေးပါ။
ငါ့ ကွင်းထဲလားပြီးငါ့ကိုအမိန့်ပေးရဲသေးတယ်။နားမထောင်ရင် သင်ကျွန်ုပ်ကိုဘာလုပ်နိုင်လည်းပြော။ဟ္အင်း ဟင်း…ကျုပ်က ဒီနေရာအပိုင်စားရထားတဲ့ကွင်းပိုင်ပဲ။

ကျုပ်က မေတ္တာသမားဖြစ်လို့ သင့်ကိုဘာမှမလုပ်ပါဘူး။သင်ကျုပ်ပြောတာကို အာရုံစိုက်ပြီးနားထောင်ရင်ဖြင့် သင်နဲ့ကျုပ်ဘာပြဿနာ မှမဖြစ်နိုင်ပါဘူး။

ကျုပ်ကဖြစ်ချင်တယ်ဆိုရင်ရော။
သင်က ကွင်းပိုင်သဘက်အဆင့်ပဲရှိတာပါ။
ဒီလိုဆိုရင်လည်း သင့်ထက်အဆင့်မြင့်တဲ့ ကွင်းပိုင်အဖိုးကိုပင့်ဖိတ်လိုက်ရုံပေါ့လေ။
ကြောက်ပါတယ်…ဆရာလေးရယ်..မသိလို့ပြောမိတာပါ..ကွင်းပိုင်အဖိုးကိုတော့ မပင့်လိုက်ပါနဲ့။သူသိရင်ကျုပ်ကို အပစ်ပေးမှာကြောက်လို့ပါ။

ဖိုးထောင်နှင့်မောင်မင်းသူက ကွင်းပိုင်အဖိုးဆိုတာနဲ့ချက်ချင်းကြောက်လန့်သွားတဲ့ရှေ့ကပုဂ္ဂိုလ်ကို
ကြည့်ပြီး…နှုပ်ခမ်းတွန့်ရုံလေးပြုံးလိုက်ကြတယ်။

ဆရာဘုန်းက ဒါ​ဖြင့် ကောင်းပြီလေ..သင့်လုပ်ရပ်ကမမှားပေမယ့်.. သူကကလေးပဲရှိပါသေးတယ်။သင်ဒီကလေးရဲ့ အိမ်မက်ထဲမှာ သူမှားခဲ့သမျှကိုအိမ်မက်ဆိုးအနေနဲ့ ခြောက်လှန့်နေတာကျုပ်သိပါတယ်။သင်ပြုစားထားတာတွေကိုပြန်နှုပ်ယူပေးပါ။
အခုခွင့်လွှတ်ပေးဖို့အချိန်တန်ပြီထင်ပါတယ်။ဒါကျုပ်ဘက်က မေတ္တာရပ်ခံတာပါ။

ဒီကလေးက အပြောအဆိုမဆင်ခြင်ဘဲ ရိုင်းပြနေတာကြာပြီ။နောက်ဆုံးအကြိမ် ကိုယ့်ဖခင်ကိုပစ်မှား ပြောလိုက်တဲ့စကားအမှားကြောင့် သူကိုအပစ်ပေးဒဏ်ခတ်ထားတာ။စကားမပြောနိုင်ရင် သူရိုင်းရိုင်းဆိုင်းဆိုင်းပြောမရတော့ဘူးမဟုတ်လား။

ဟုတ်ပါတယ် ဒါပေမယ့်လည်း သင်အပစ်ပေးတာကြာသွားရင် ကလေးကတစ်သက်လုံးစကားပြောနိုင်တော့ မှာမဟုတ်တဲ့အတွက်..သင်လုပ်သင့်မလုပ်သင့်စဥ်းစားပါဦး။

ကွင်းပိုင်ကြီးက ခေါင်းကိုမော့ကာ တစ်ခုခုကို စဥ်စားမိသွားတော့မှ…အင်း.. အခု သူ့ကို ဖခင်ကတော့ခွင့်လွှတ်ပေမယ့် ငရဲကမနေဘူးဆိုသူသိသွားလောက်ပါပြီ။ကျုပ်ဖြေလျော့ပေးပါ့မယ်။နောက် မမှားဖို့သာသင်ကြားပေးထားပါ။

ကဲဒါဆိုရင်ကောင်းပါပြီ…ကွင်းပိုင်ကြီး..ကျုပ်ရဲ့မေတ္တာရပ်ခံမှု့ကို သဘောတူလက်ခံပေးတဲ့အတွက်ကျေးဇူးပါ။ကျုပ် ပြုသမျှကုသိုလ်အဖို့ကိုလည်းသင့်ကိုအမျှပေးဝေပါ့မယ်။

ကဲမောင်နေလင်းဦး ရှေ့ကပုဂ္ဂိုလ်ကို
ကန့်တော့ပြီးတောင်းပန်လိုက်ပါဦး။
ကျွန်တော်မှားသွားပါတယ် နောက်မဖြစ်စေရပါဘူး
ခွင့်လွှတ်ပေးပါ။

ဟာ..ကျွန်တော်စကားပြောလို့ရပြီ။ဟေး..ဟေး..။
ဝမ်းသာလိုက်တာဆရာလေးတို့ရယ်။ကျုပ်သားလေးစကားပြောနိုင်သွားပြီဆရာလေးတို့ကျေးဇူးကိုမမေ့ပါဘူး။

ထိုအချိန် ရှေ့ကပုဂ္ဂိုလ်က…ဒါဖြင့် ဆရာလေးတို့ကျုပ်ကိုခွင့်ပြုပါဦးဆိုပြီးပြောလိုက်တယ်။
မောင်ဘုန်းကခေါင်ညိမ့်ပြလိုက်တော့ ကွင်းပိုင်ကြီးကအရိုအ​​သေပေးကာပျောက် ကွယ်သွားခဲ့ပါတယ်။
ဒီတော့မှ မောင်နေလင်းဦးက ဆရာမောင်ဘုန်း ကိုကန့်တော့ကာ ကျေးဇူးတင်ကြောင်းပြောကြားပြီး သူ့အမေနားသို့ကပ်သွားခဲ့လိုက်တယ်။

မောင်ဘုန်းက.. နောက်နောင်အပြောအဆိုဆင်ခြင်ပြီး…ဘုရားတရားမမေ့ဖို့၊မဆဲမဆိုစေရန်ပြောကြားခဲ့ ​တယ်။
နောက် တစ်ချက်အနေနဲ့ ခင်ပွန်းကြီးဆယ်ပါး အကြောင်းကိုအကျယ်ဖော်ပြအသိပေးခဲ့ပါတယ်။ခင်ပွန်းကြီးဆယ်ပါး ထဲမှာပါရှိတဲ့မိခင်ဖခင် ကိုပစ်မှားမိလျင် သစ်ကိုင်းပိတာကိုသာမြင်နိုင်ပြီး၊မိဘဂိုဏ်းပိလျင်မမြင်နိုင်ကြောင်း၊အပစ်ကကြီးလေးကြောင်းကိုပြောဆိုညွှန်ပြခဲ့ပါတယ်။

စာရွက်တစ်ရွက်မှာလည်း (ခင်ပွန်းကြီးဆယ်ပါး ကန့်တော့) နည်းကိုရေးသားပြီးတစ်ရွာလုံးသိရှိစေရန် ပေးအပ်ခဲ့ပါတယ်။ဘုရားရှိခိုးတိုင်း ခင်ပွန်းကြီးဆယ်ပါး အမှုးထားပြီးရွတ်ဆိုဖို့ရာတိုက်တွန်းပြီး….အကာအကွယ်ဖြစ်စေရန် သိမ်ဝင်အပ်ချည်ကြိုးတွေကိုလည်းရွာသူရွာသားအားလုံးကိုပေးလှူခဲ့ပါသေးတယ်။
ဆရာမောင်ဘုန်းတို့လည်းကိစ္စတွေပြီးလို့ ထိုရွာလေးမှာ တစ်ညတာတည်းခိုခဲ့ပြီးမနက်ရောက်တော့…
ကျုပ်တို့ကိုသွားခွင့်ပြုပါဦး.. မကျူ။

ထိုအချိန်မကျူက နေပါဦးဆရာလေးတို့မနက်စာလေးစားသွားကြပါဦးလား။
”နေပါစေ ဗျာကျုပ်တို့မစားတော့ပါဘူး အရေးကြီးကိစ္စရှိနေလို့ပါ။

ဒါဆိုရင် အခကြေးငွေဘယ်လောက်ပေးမရလည်းပြောပါဦး။
ကျုပ်တို့က အခကြေးငွေယူပြီး လုပ်စားနေတာမဟုတ်လို့ သားလေးရှင်ပြုတဲ့နေရာမှာဘဲထည့်လှူ လိုက်ပါ။

မောင်ဘုန်းတို့လည်း အနောက်ကွင်းထဲကနေ ရွာသူရွာသားတွေကိုနှုပ်ဆက်ပြီးထွက်ဖို့အလုပ် မောင်ငွေမောင်က ဆရာလေးတို့နာမည်လေးတွေသိပါရစေဆိုပြီးလှမ်းမေးခဲ့ပါတယ်။

ကျုပ်နာမည်က မောင်ဘုန်း။ဒါကကျုပ်တပည့်နှစ်ယောက် ဖိုးထောင်နဲ့မောင်မင်းသူပါ။

ဆရာလေးတို့ကို ဘယ်အချိန်ပြန်တွေ့ရနိုင်မလည်းဗျ။
ကံမကုန်လို့ ပြန်ဆုံကြတဲ့အချိန် တွေ့ကြရဦးမှာပေါ့ဗျာ..ဟုပြောကာ ထိုလှည်းတန်းရွာလေးကနေထွက်လာခဲ့ကြတယ်။
ထိုရွာလေးကတော့ ဘယ်ကလာမှန်း၊ဘယ်ကိုသွားမယ်မှန်းမသိတဲ့ဆရာသုံးယောက်ကို အမြဲသတိရနေခဲ့ကြတယ်။ထိုနေ့မှ့စလို့မောင်နေလင်းဦး.. လူယဥ်ကျေးတစ်ယောက်ဖြစ်သွားခဲ့ပါတော့တယ်။

ဆရာမောင်ဘုန်းတို့ ရွာကနေထွက်လာကြတာ သုံးရက်မြောက်နေ့မှာတော့..အနောက်ကနေတစ်ယောက်ယောက် လျောက်လာတာကိုသတိထားမိတဲ့အတွက် ဆရာတပည့်တွေလှည့်ကြည့်လိုက်တဲ့အချိန်ထူးဆန်းစွာ..နန်းဝတ်နန်းစားနဲ့သူတစ်ဦးဖြစ်နေခဲ့တယ်။
သင်ဘယ်သူလည်း…ကျုပ်တို့နောက်ကနေဘာဖြစ်လို့လိုက်နေရတာလည်း။
ဖိုးထောင်မေးလိုက်တဲ့စကားကြောင့်…

ကျုပ်က ရေအောက်နဂါးတိုင်းပြည်က တံခါးစောင့်ပါ။အခု..ဆရာဘုန်း ရဲ့အကူအညီလိုအပ်နေလို့ လိုက်ပါလာခြင်းသာဖြစ်ပါတယ်။

ဆရာဘုန်းက ဘယ်လိုအကူအညီမျိုးလည်း..သင်အလိမ်အညာတွေပြောနေမယ်ဆိုရင်တော့ ကျုပ်တို့အဆိုးမဆိုနဲ့နော်။

ကျုပ်မလိမ်ဝန့်ပါဘူး ဆရာလေးတို့ရယ်။

ဆရာလေးမှတ်မိသေးရဲ့လား။ ဘောဂဝတီ မှာဆရာလေး ကြီးစိုးစဥ်အချိန်က ဆရာလေးရဲ့ခမည်းတော်ဖြစ်သူကိုယ်တိုင် ​သဘောတူလက်ခံပေးထားတဲ့ ဆရာလေးရဲ့ ကြင်ဖက် ”စန္ဒာဟေမာန်” မင်းသမီး ဒုက္ခရောက်နေလို့ပါ။အခုချိန် ကာလ ကရေအောက်နဂါးတွေ ဥပုသ်စောင့်တည်ချိန်ဖြစ်တဲ့အတွက် သုံးလတိတိ အဓိဋ္ဌာန်ရက်ရှည်ဝင်နေကြတဲ့အချိန် မြစ်စောင့်နတ်ဆိုးတစ်ကောင် လာရောက်ဖမ်းစီးခြင်းခံခဲ့ရပါတယ်။

အင်း ဒါဆို…နဂါးမင်းရဲ့လက်အောက်ခံတွေကရောမတားစီးကြဘူးလား။
တားစီးတာပေါ့ဆရာလေးရယ်။သို့ပေမယ့်
ထိုမြစ်စောင့်နတ်ဆိုးက အလွန်အစွမ်းထက်လှပါတယ်။စန္ဒာဟေမာန် မင်းသမီး ကလည်း ဥပုသ်ရက်ဖြစ်တာကြောင့် ပြန်တိုက်ခိုက်ဖို့အခွင့်မသာခဲ့ပါဘူး။ထူးဆန်းတာက သူ့စီမှာ နဂါးပတ်ကျော့အင်း ပါရှိနေတာပါပဲဆရာလေး။သူက အနီးအနားရွာတွေ ကလာရောက်ကြတဲ့ ငါးဖမ်းလှေတွေကိုလည်း နည်းအမျိုးမျိုးနဲ့မှောက်အောင်လုပ်ပြီး..လူသားစားတဲ့နတ်ဆိုးတစ်ကောင်ပါ။နဂါးပတ်ကျော့အင်း အစွမ်းနဲ့နတ်နဂါး တွေကိုလည်း အမိန့်ပေးနိုင်ပါတယ်။
ကျုပ်က သူ့ပိုင်နက်ကိုသွားရောက်ခွင့်မရှိတဲ့
အဆင့်နိမ်တံခါးစောင့်ပါဆရာလေး..ကူညီပေးပါ။

”ကျုပ်တို့ အရင်ဘဝကပတ်သတ်ဘူးတယ်ဆိုတဲ့အချက်ကြောင့် ယခုဘဝမှာ မျက်နှာလိုက်ဖြေရှင်းပေးလို့မရဘူး။အထက်ပုဂ္ဂိုလ်တွေရဲ့ အရေးကြီးညွှန်ကြားချက်ကသာကျုပ်အတွက်တာဝန်ဖြစ်တယ်။ဒါကြောင့် ကူညီမပေးနိုင်ပါဘူး။ကျုပ်တို့ ရုပ်ပြောင်းကဝေ ကိုနှိမ်နင်းဖို့က အလွန်အရေးကြီးနေလို့ပါ။ဒါကြောင့် သင်လာရာလမ်းကိုသာပြန်ပါ။

ဆရာလေး…တို့ကူညီပေးမှ့ဖြစ်မှာမလို့ပါ..နောက်ပြီးဆရာလေးတို့ နှိမ်နင်းရမယ့် ရုပ်ပြောင်းကဝေ ခုနှစ်စဥ်ရွာမှာပုန်းခိုနေတာကျုပ်သိပါတယ်။အခု မြစ်စောင့်နတ်ဆိုး ကျက်စားနေတဲ့ မြစ်တစ်ဆင်းကိုဖြတ်ကျော်ပြီးမှ့သာလျှင် ထိုခုနှစ်စဥ်ရွာကိုရောက်ရှိနိုင်မှာပါ။နောက်ပြီးထိုမြစ်ကိုဖြတ်ဖို့ရာအတွက် ရေအောက်တရိစ္ဆာန်တွေကလွဲပြီးမဖြစ်နိုင်ပါဘူး။ဘာကြောင့်လည်းဆိုရင်မြစ်မှာ လှေစီးရဲတဲ့သူလည်းမရှိသလောက်ပါပဲ။

လမ်းကြုံနေတဲ့အတွက် ကူညီပေးပါဆရာလေးတို့ရယ်….ကျုပ်ကို ဆရာလေးရဲ့ဖခမည်းတော် ကိုယ်တိုင်စကားပါးခိုင်းတာကြောင့် ဆရာလေးကူညီမပေးရင် ကျုပ်ဘောဂဝတီ မပြန်ဝံ့လိုပါ။ဆရာလေးတို့ကူညီပေးမယ်ဆိုရင်် မြစ်ကိုဖြတ်ဖို့ကျုပ်ကူညီပေးနိုင်ပါတယ်။

ထိုအချိန် ဖိုးထောင်က..ဆရာမောင်ဘုန်းရယ်
လမ်းကြုံတယ်ဆိုရင်လည်း ကူညီပေးလိုက်ပါ။
မောင်မင်းသူကလည်း….ဟုတ်ပါတယ်ဆရာရယ် အကူညီတောင်းနေတဲ့သူလည်း သနားဖို့ကောင်းနေပါပြီ။ကူညီနိုင်တာဆိုရင်ကူညီပေးလိုက်ပါ။
နဂါးမင်းကလည်း အဲ့ဒီ့မြစ်စောင့်နတ်ဆိုး
ကိုဥပုသ်ရက်ဖြစ်နေရင် သွားရောက်နှိမ်နင်းမှာမဟုတ်ဘူးမလား။ဒုက္ခရောက်နေသူကိုကူညီလို့ ကျုပ်တို့အပစ်ပေးမခံရလောက်ပါဘူးဆရာရယ်။

အင်း….မင်းသူ…မင်းတို့ကဒီလောက်တောင်ကူညီချင်သပဆိုရင် ငါမငြင်းတော့ပါဘူး။
လမ်းကြုံတယ်ဆိုရင်တော့ ကျုပ် ကူညီဖြေရှင်းပေးပါ့မယ် တံခါးစောင့်။

ကျေးဇူးပါဆရာလေးတို့ရယ်။

”ဘဝသံသယာမှာကျင်လည်နေသမျှ ကိလေသာ၊တဏာ အမှောင်လမ်းကိုဖြတ်လျှောက်ခဲ့ရမှာပါဘဲ။ထို့အတူ အချစ်ဆိုတဲ့နိယာမကြီးကလည်း ပေါ်ပေါက်ဖူးမှာပါ။အတိတ်ဘဝက ကျုပ်စီမှာ လည်းအချစ်ဦးဆိုတာရှိခဲ့တာပေါ့ဗျာ။သို့ပေမယ့် ဘဝအဆက်ဆက်ပါရမီအဟုန်ကြောင့် ယခုဘဝကိုခက်ခက်ခဲခဲရောက်ရှိခဲ့ရတာပါ။ဒါကြောင့် ကိလေသာ.. ကုန်ခမ်းတော့မယ့်် ကျုပ်ဘဝကို အလေအလွင့်မခံနိုင်တဲ့အတွက် ဒီအကူအညီတောင်းဆိုမှု့ကို ကျုပ်ငြင်းနေရာတာဘဲ။

ကျုပ်ဘက်ကသံယောစဥ် ကြိုးဆိုတာဖြတ်နိုင်ခဲ့ပြီဆိုသော်လည်း တစ်ဖက်ပုဂ္ဂိုလ် ဥာဏ်အလင်းမရှိဘဲ ခံစားသွားရမှာကို တော့မမြင်ချင်တာ အမှန်ပါဘဲဗျ။ဒီလို ပုဂ္ဂိုလ်ရေးတွေထဲကျုပ်မဝင်ချင်တော့ဘူး။

အတိတ်ဘဝက ဖခမည်းတော်က ကျုပ်ကိုဘာအကြောင်းကိစ္စကြောင့် အကူညီတောင်းခိုင်းရတာလည်း။ဒီမြစ်စောင့်နတ်ဆိုးကရောဘာအကြောင်းကြောင့် ”စန္ဒာဟေမာန်” မင်းသမီးကို အခွင့်သာချိန်
စောင့်ဆိုင်းပြီးရယ်ရွယ်ချက်ရှိရှိဖမ်းစီးသွားရတာလည်း။နဂါးပတ်ကျော့ အင်း ရှိနေပုံထောက်
မဟုတ်မလွဲရော….နန္ဒကုမ္မာများဖြစ်နေရောလား။
ကြွေးဟောင်းလေးတော့ဆက်ချင်ပါသေးရဲ့။

..စန္ဒာဟေမာန်.. စန္ဒာဟေမာန်…ကံမကုန်တော့လည်းပြန်စုံကြရဦးမှာကိုး။တကယ်တော့ဘဒ္ဒ ကမ္ဘာကြီးဟာကျဥ်းကျဥ်းလေးပါလား။

နောက်ဇာတ်လမ်းလေးမှာ…ဆရာဘုန်းတို့ မြစ်စောင့်နတ်ဆိုးကိုဘယ်လိုဘယ်ပုံခက်ခက်ခဲခဲ ရင်ဆိုင်ရမလည်းဆိုတာကိုတော့……
(ဂမ္ဘီရမောင်ဘုန်းနှင့်မြစ်စောင့်နတ်မိစ္ဆာ)ဆိုတဲ့ဇာတ်လမ်းလေးမှာစောင့်မျှော်အားပေးကြပါဦးဗျ။

လေးစားစွာဖြင့်
#စာရေးဆရာ-အံ့မင်းခန့်

Leave a Reply

Your email address will not be published. Required fields are marked *