July 31, 2025
Uncategorized

ဂမ္ဘီရမောင်ဘုန်းနှင့် အောက်လမ်းသုံးဖော်

ဂမ္ဘီရမောင်ဘုန်းနှင့် အောက်လမ်းသုံးဖော်
~~~~~~~~~~~~~~~~~~~~~~~~~~~~

နှစ်ပေါင်းများစွာကြာမြင့်ပြီးတဲ့နောက်ပိုင်းမှာတော့ အထက်ဆရာကြီးတွေ့ရဲ့အမိန့်အရ မောင်ဘုန်းတစ်ယောက် ပြည်တော်ဝင်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။
လက်ဆက်တဲ့လေပြေ ငယ်လေးတွေနဲ့အတူ
နေရောင်ပြပြအောက်မှာမွှေးရနံ့ပေါင်းရာချီနေတဲ့ ပန်းမျိုးစုံကစိတ်ကိုကြည်လင်စေခဲ့ပါတယ်။ သဘာဝတရားကြီးရဲ့ ခရီးဦးကြိုမှုနဲ့အတူ စိတ်ကိုရွှင်လန်းလို့နေစေခဲ့ပါသေးတယ်။ဒါ့အပြင် ပထမဆုံးပြည်တော်ဝင်ရတဲ့အတွက်ကြောင့် မသိစိတ်ထဲကနေ ဝမ်းသာလို့နေခဲ့တာတော့အမှန်ပါပဲ။ဒါကြောင့် မောင်ဘုန်း တောင်ပေါ်မှ လက်ဆက်လှတဲ့လေပြေလေးတွေကို အဝရူရှိုက် လို့အပြီးမှာတော့ အရှေ့ ဆူးဆူးအရပ်ဖြစ်တဲ့ တောင်အောက်ကိုဆင်း ၍ တောတစ်တစ်ခုကိုဖြတ်ကျော်ရမည်ဖြစ်၏။

နေရဲ့အပူရှိန်ကတော့ပြင်းပြပူပြင်းနေတဲ့အတွက်ကြောင့် ကန်ငယ်တွေ၊.ချောင်းငယ်တွေတောင်မှရေတွေ ​အသည်သည် ရှေ့ဆင့်နောက်ဆင့် ခမ်းခြောက်လို့နေခဲ့ပါတယ်။ထိုအချိန် တောတစ်ခုရဲ့ အတွင်းမကျ၊အပြင်မကျ နေရာတစ်ခုမှ ပုန်းခို၍ သစ်ခုတ်နေကြတဲ့ သစ်ခုတ်သမားတစ်စုကတော့အချိန်နဲ့တပြေးညီ အလုပ်လုပ်နေခဲ့ကြပါတယ်။

“ကိုမိုး၊ကိုမိုးမြင့်၊ကိုမိုးမောင်”
တို့ညီအကိုသုံးယောက်ကတော့ နေရဲ့အပူရှိန်ကိုအံတု၍ သစ်တောအတွင်း၌သစ်ခုတ်ခြင်းလုပ်ငန်းကိုလုပ်ကိုင်နေဆဲပါ။
“ဟိုညီအကိုသုံးယောက်မနားသေးဘူးလားကွ။
“လာပါပြီကိုမင်းအောင်ရ.ဒါလေးလက်စသက်နေလို့ပါ။

“ထားလိုက်စမ်းပါ ကွ လာလာ။
လက်ဖက်သုပ် လေးလဲစားအုံးရော့။ဒီမှာရေနွေးကြမ်း၊ မင်းတို့မှာ နောက်မိသားစုပူစရာရှိတာမှမဟုတ်ဘဲကွ။အလုပ်တွေဒီလောက်ကြိုး စားစရာမလိုပါဘူး။
“မရဘူးဗျ ကိုမင်းအောင်ရ ကျုပ်တို့ ညီအကိုသုံးယောက်ရှိတယ်။စုဆောင်းရမှာကတော့ ကျုပ်တို့တာဝန်ပဲ။
ဒါကြောင့်အလုပ်ဆိုတာ ရှိတုန်းကြိုးစားရမှာပေါ့။ငွေ လေး စုပြီး စီးပွားရေးတစ်ခုလောက်တော့ရအောင်လုပ်ချင်တယ်ဗျာ။
“အေးလုပ်တာတော့ကောင်းပါတယ်။အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတာလည်းရှိသေးတာပဲ။
“ဟုတ်တယ်ဗျို့ ကိုမင်းအောင်ရ။
နောက်ပြီးငါတို့အလုပ်က တရားမဝင်ဘူးလေ။ဒါကြောင့်အခြေနေ နဲ့အချိန်အခါကိုကြည့်ပြီး လုပ်ရမှာမဟုတ်လား။အလုပ်လေးကအခြေအနေကောင်းတုန်းဆိုတော့ ဟိုစကားပုံလိုပေါ့ဗျာ၊(မိုးရွာတုန်းရေခံ)ဆိုတာလည်းရှိသေးတာပဲမဟုတ်လား။
“နေကလဲပူရောကွာ.တို့တွေကတစ်နေ့လုပ်တစ်နေ့စားဆိုတော့လဲ ဘယ်မလုပ်လို့ရမလဲကွ.။ကြိုးစားတာတော့ကောင်းပါတယ်။
“ကိုမင်းအောင်ကလည်းဗျာ နောက်ပြီး
ကျွန်တော်တို့ညီကိုတွေကတော့ အရက်လေးနက်မှန်အောင်သောက်ရရင် စားစရာမလိုဘူး။ဒီတော့ စုဆောင်းရတာအဆင်တော့ပြေသားဗျ။
“အေးပါကွာ မင်တို့ကတော့စလာပြီ.။
ဒီတဲထဲမှာ တို့ သူဋ္ဌေးရဲ့ အကောင်းစားအရက်တွေရှိတယ်နော်။မင်းတို့သိရဲ့လား၊ဒီနိုင်ငံကမဟုတ်ဘူးတဲ့။သူက သစ်တွေကိုနယ်စပ်သွားပို့ရင် ဝယ်ဝယ်လာတတ်တယ်လေ။နိုင်ငံခြားဖြစ်ဆိုတော့ဘယ်လောက်တောင်သောက်လို့ကောင်းလိုက်မလဲကွာ။
“ဤသို့ပြောရခြင်းမှာတော့ ကိုမင်းအောင်ကထိုညီအကိုသုံးယောက်ကိုကြည့်မရဘူးဗျ။သူက ဒီညီအကိုသုံးယောက်က နောက်မှလည်းအလုပ်ရသေးတယ်။ပိုက်ဆံကြတော့ တန်းတူပေးတာကိုမလိုလားဘူးဗျ။သူတို့က အလုပ်ကြိုးစားတာကြောင့် သူဋ္ဌေးကမျက်နှာသာပေးတာကို မနာလိုဘူး၊မလို့လားဘူးလေ၊ဒါကြောင့် သူဋ္ဌေး နဲ့ကတောက်ကစ ဖြစ်အောင်ချွန်နေခြင်းဖြစ်ပါသည်။

“ဟာ….ရပါ့မလား ဗျသူဋ္ဌေးကစိတ်ကကြီးကြီးရယ်။ကောင်းရင်သူများထက်ကောင်းတယ်။ဆိုရင်းလည်းသူများထက်ဆိုးတယ်မသောက်ရဲပါဘူးဗျာ။
“မင်းတို့ကကြောက်တယ်သာပြောတယ် လက်တွေကတုန်လို့ပါလားကွ။ ငါကြည့်ပြောပေးပါ့မယ်။ သောက်စရာရှိယူသောက်ကြစမ်းပါကွာ။ကိုတွေက သူတို့အလုပ်ကြိုးစားပြီးလုပ်ပေးထားတာဘဲမဟုတ်လားသူနားလည်ပေးမှာပါ။
“ကဲ ဒါဆိုလဲ ပြီးရောဗျာ.သောက်ပြီနော်။အကိုရေမြန်မြန်လေးဒီကိုလည်းပေးပါဦး။အေးပါဟ မင်းတို့ကလည်း။ကိုမင်းအောင်သောက်ဦးမလား။
“နေပါစေ ငါမသောက်တက်ဘူးကွ။

“ဒီလိုနဲ့ သောက်ရင်းသောက်ရင်းနဲ့ အရက်ကုန်ခါနီးမှာတော့ ညီအကိုတတွေ မျက်စိမဖွင့်နိုင်ဘဲ အိပ်ပျော်သွားကြပါတော့တယ်။
“..ထိုအခိုက်အတံတွင်…
ကိုမင်းအောင်က တော့ ဘေးမှာရှောင်နေလိုက်ပြီး.သူဋ္ဌေးအလာကိုမြေခွေးဉာဏ်နဲ့ပျော်ပျော်ကြီးသောင့်မျှော်လို့နေခဲ့ပါတယ်။
“မကြာမှီ .သူဋ္ဌေးရောက်လာတော့မင်းတို့က ငါ့ရဲ့အရက်တွေကိုမပြောမဆိုနဲ့သောက်ထားကြပါလားကွဟမ်။သောက်ပြီးတော့တောင်အိပ်နေလိုက်ကြသေးတယ်။ထစမ်းကွာ ဝျောင့်တွေထကြစမ်း။
“ထိုအချိန်ကိုမင်းအောင်က ဗျာ…သူဋ္ဌေးအရက်တွေကို သူတို့မလို့.. ဒါသူဋ္ဌေးကို မခန့်လေးစားလုပ်နေတာဗျ။ ဒီလိုကောင်တွေက သားရေနားအိပ် သားရေနားစားနေကြတာဗျ။အလုပ်ကြိုးစားတာကိုအခွင့်ကောင်းယူပြီးလုပ်ချင်တာလုပ်ကြတယ်ပေါ့လေ။ကြာပါတယ်အလုပ်ထုတ်ပလိုက်စမ်းပါဗျာ.။….

“ခင်ဗျား..ခင်ဗျား…..ဗျာ…

ကဲမင်းတို့တွေကို ငါရဲ့သစ်တောထဲမှာလုံးဝမမြင်ချင်ဘူး.ခုထွက်သွား…အခုနေမသွားရင် ငါ့လူတွေနဲ့ ရိုက်ပြီးလွှတ်ရလိမ့်မယ်။
“ညီအကိုသုံးယောက်ကတော့ ကိုမင်းအောင်ကိုမကျေနပ်တဲ့အကြည့်နဲ့ကြည့်ကာ.ခင်ဗျား…နဲ့ ကျုပ်တို့ အချိန်တန်ရင်တော့ပြန်တွေ့ကြရဦးမှာပေါ့ဗျာ.ထမင်းဝအောင်စားထားလိုက်ဦး။

“ပြီးတာနဲ့..စိတ်ညစ်ညစ်နဲ့ပဲ ရွာတစ်ရွာဘက်ကိုခေါင်းငိုက်စိုက်ကျ ကာထွက်လာလိုက်ကြပါတယ်။တောက်…ဒီကောင်ကွာ။အကိုကြီး ကျွန်တော်ကတော့ မကြေဘူးဗျာ။ကျွန်တော်ရောဘဲ အဲကောင်ကို နည်းနည်းတော့ပညာပြချင်သေးတယ်။(.*******သား)
စိတ်ညစ်ညစ်နဲ့ပဲ ခြေဦးတည့်ရာလျှောက်လာပြီး အိမ်လည်းမပြန်ချင်သေးတာကြောင့် အရက်သောက်ရရင်ကောင်းမှာဘဲဆိုတဲ့ စိတ်နဲ့ရွာကိုရောက်လာခဲ့ကြတယ်။
“. ရွာဘက်ကိုရောက်တာနဲ့…သူတို့ရှေ့မှာ..လွယ်အိပ်တစ်အိပ်လွယ်ထားတဲ့ လူတစ်အသက်ကြီးပိုင်းလူတစ် ယောက်က..မင်းတို့ဘယ်သွားကြမလို့လဲ.။သွားစရာမရှိသေးဘူးခင်ဗျားကဘာလုပ်မလို့လဲ။
ဒါဆိုမင်းတို့ဘာအလုပ်လုပ်လဲ.။ခင်ဗျားက ရှာတော့အရှည်သား
ကျုပ်တို့ကအရက်သောက်ရရင် အကုန်လုပ်ပါတယ်ဗျာ..။
“..ကဲဒါဆိုငါနဲ့လိုက်ခဲ့အရက်အဝသောက်စေရမယ်။ကောင်းပြီ လေ အရက်သောက်ရရင်တော့ဘာဘဲလုပ်ရလုပ်ရ လူမသတ်ရရင်ပြီးတာဘဲ။
ပြောပြောဆိုဆိုနဲ့ လွယ်အိပ်လွယ် လူနောက်ကိုမယောင်မလည်လိုက်သွားရင်းနဲ့
သင်္ချိုင်း တစ်ခုအတွင်းသို့ဝင်ခဲ့ကြပါတယ်။
သင်္ချိုင်း ထဲက အုပ်ဂူတစ်လုံးကို သန့်ရှင်းပြီး ညအချိန်အထိ စောင့်နေခဲ့ကြပါတယ်။
ညအချိန်သို့ရောက်တာနဲ့ လွယ်အိပ်လွယ်ထားတဲ့သူကြီးက အသံသြသြ ကြီးနဲ့
သင်္ချိုင်းရာဇာမဖဲဝါ အခုချက်ချင်းငါရှေ့လာခဲ့စမ်း.။အခုလာခဲ့စမ်း လို့အော်ပြောနေတာကြောက်စရာကြီးဗျာ။ညီအကိုသုံးယောက်နေစရာတောင်မရှိဘူး အကြောက်လွန်နေခဲ့ကြတာဗျ။
“ပြောပြောဆိုဆိုနဲ့ လက်ထဲ ကနေလဲ အနီရောင်အဝတ်စတစ်ခု၊အဝတ်စတစ်ခုပေါ်မှာ လည်း အင်းကွက်တွေ ဆွဲထားတာ ကြည့်ရပုံထောက် သွေးနဲ့ဆွဲထားတာဖြစ်နိုင်တယ်။

“…ဝူး……လေတွေတဝူးဝူးတိုက် လာတာဗျ။သစ်ပင်တွေရော ဝါးပင်တွေရောရိမ်းထိုးလာတယ်ဗျ။မျက်စိတောင်ဖွင့်မရဘူး။
မကြာမှီ
..ခွေးအူသံကြီးနှင့်တကွ၊.အဝါရောင်ထမီကြီးကိုရင်ရှားဝတ်စင်ထားတဲ့ မဖဲဝါကြီး ရောက်ရှိလို့လာပါတော့တယ်။
“ဘာလဲဟေ့.. …အောက်လမ်းကောင်။
“..အမယ်.ငါကိုများဒင်းကလေသံမာလှချီလားကွ.။…..ငါကအောက်လမ်း မဟုတ်ဘူး ဟေ့ အောက်လမ်းရော ကဝေ ရော တက်တဲ့ သူဘဲ။
ရော့ကွာလို့ ဆိုပြီးလွယ်အိပ်ထဲကနေ ချည်မန်းကြိုးတကွင်းကိုထုတ်၍ မန်းမှုတ်ကာ..ပစ်လွှတ်လိုက်ရာတန်းတန်းမက်မက်ကြီး မဖဲဝါကြီးရဲ့ ကိုယ်ကို သွားစွတ်ပါတော့တယ်.။….အား…နင်ကငါ့ကိုချုပ်တယ်ပေါ့လေ။ နင်ကရုံးလို့ရမယ်ထင်ရင်……လှုပ်ကြည့်လိုက်လေ မဖဲဝါကြီးကလုံးဝလှုပ်ရတဲ့ပုံမပေါ်ပါဘူး.။
“ကဲ..နင်ကိုမေးစရာရှိတယ်..အမှန်တိုင်းဖြေနော်။
“မဖြေနိုင်ဘူးဆိုရင်ရောဘာလုပ်မှာလည်း။
အော် နင်ကများ ငါ့ကိုမထိ​လေးစားနဲ့ ။နင့် ရဲ့ခွေးနက်ကြီးတွေကိုလည်း ငါ့တပည်တွေဖမ်းထားတယ်။ငါ့တပည့်တွေကလည်း အစွမ်းထက်ဘီလူးမင်းတွေပဲကွ။နင့်ခွေးလှုပ့်လို့ရလားလည်းကြည့်လှည့်ဦး။

“ထို့အချိန်လွယ်အိပ်လွယ်ထားတဲ့သူက လက်ထဲကအရုပ်တစ်ရုပ်ကိုကိုင်၍…
မန်းမှုတ်ခါ.ပစ်လွှတ်လိုက်သည်နှင့်တပြိုက်နက်။
….အား…အား…..အား..ပူလိုက်တာ ….
ထို့နောက် ဂါထာတွေကိုထက်ရွတ်တယ်။ဂါထာရွတ်လိုက်တော့ မဖဲဝါကြီး ကိုပတ်ထားတဲချည်မန်းကွင်းကနေ မီးတောက်တွေထွက်လာတာ မနည်းမနောဘဲဗျ။
“..နင်ဒီသင်္ချိုင်းထဲကနေ ဂူတစ်ဂူထဲမှာ ပရပိုက်တစ်ခုရှိတယ် ခုယူပေး..မယူပေးရင်ငါ့အကြောင်းသိမယ်။
“ကြောက်ပါပြီ
ယူပေးပါမယ်.. ။ငါအခုနေနေတဲ့..ဂူအောက်ထဲမှာရှိတယ်.။လွှတ်ပေးပါတော့။
“လွယ်လွယ်နဲ့တော့ဘယ်ရမလဲ နင့်ကိုငါ့အလုပ်ပြီးမှလွှတ်ပေးမယ်။
.
“ဟျောင့်တွေ ဒီဂူကိုတူးကြစမ်း ။
ညီအကိုသုံးယောက်လည်းကြောက်ကြောက်နဲ့ တူးကြည့်လိုက်ရာ.၊ပရပိုက်တစ်ခုထွက်လာပါတော့တယ် ။ဒီတော့ငါကိုပေးစမ်း။ရော့ဒီအဝတ်နဲ့ပတ်ပြီး တော့ပေး။
“ဘာဖြစ်လို့လဲ ဒီအတိုင်းယူလိုက်လေဗျာ။
“ဟာရှာ မရှည်နဲ့ရော့. ဒီဟာက ငါကိုင်လို့မရဘူး။
“ဆရာအဲ့ဒါဘာလဲဗျ… ဒါက…တော့ ငါ၏ဆရာ(.ဦးပေါ်ဦး)ရဲ့.ကျင့်စဥ်နဲ့နည်းလမ်းတွေဘဲ။ဒါကို ဒီမှာလာကျင့်ပြီး နည်းနည်းလွဲချော်ကာ အထက်လမ်းဆရာတစ်ယောက်နဲ့တွေ့သွားခဲ့တာဘဲ။အချိန်အခါမဟုတ်တော့ ပြန်မတိုက်နိုင်ဘဲ အရှုံးပေါ်သွားတာပေါ့ကွာ။နောက်ပြီး ဟိုအထက်လမ်းဆရာကောင် က ဒီနေရာမှာ ခုနကောင်မကို ပေးပြီးထိန်းသိမ်းစေခဲ့တာဘဲ။ငါကတော့လိုက်ရှာနေတာကြာပြီ။သတင်းရလို့လာကြည့်တော့မှန်နေတာဘဲ။
ရော့ပိုက်ဆံ အရက်ဝယ်သောက်ကြ။
“.နေပါစေဗျာ။
“ဘာလည်းနည်းလို့လား.. မင်းတို့တစ်သက်စားမကုန်ပါဘူးဟ။
“မဟုတ်ပါဘူး..ဆရာကိုတစ်ခုလောက်အကူအညီတောင်းလို့ရမလားဗျ..။
“.ဘာအကူညီလည်း….ပြောပါ.။
“.ဆရာကျွန်တော်တို့ကိုအလုပ်လက်မဲ့ဖြစ်အောင်လုပ်တဲ့.ကိုမင်းအောင်ဆိုတဲ့လူတစ်ယောက်ကိုမကျေနပ်လို့ပါ..။
“.အေး.ငါသဘောပေါက်ပြီဒီစာရွက်လေးကိုယူလိုက်နာမည် နေ့နံ..အတိအကျနဲ့မင်းတို့ဘာကိုမကျေနပ်လဲဆိုတာကိုပါရေး ပြီးရင် ဒီလူကိုဖြစ်စေချင်တဲ့ မကောင်းတဲ့ အရာမှန်သမျှ ရေး၍ ဒီစာရွက်ပေါ်မှာ.ဒီအင်းဖယောင်းတိုင်တစ်ခုထွန်းပါ.။.ဖယောင်းတိုင်မကုန်သ၍.. သူခံစားရမှာဘဲ။.စာရွက်ကိုတော့မီးမလောင်ပါစေနဲ့.။.ဖယောင်းတိုင်ကတော့ကြိုက်သလောက်ထွန်းလို့ရတယ်။ဒီမှာအင်းဖယောင်းတိုင်၊ဒါကို ဒီဖန်ခွက်ထဲကို ထည့်ပြီးလိုသလောက် ကိုတောင်းယူလို့ရတယ်။ပိုက်ဆံကိုလည်းဖန်ခွက်ထဲကိုထည့်ပြီးလိုသလောက်ပွားယူနိုင်တယ်။
.အထက်ဆရာတွေတောင်မကုနိုင်စေရဘူး။
“ကျေးဇူးတင်လိုက်တာဗျာ။ဆရာ့ကိုတကယ်ကိုကျေးဇူးတင်ပါတယ်။
“အခုတော့ ငါသွားပြီ.။နောက်ကံမကုန်ရင်ပြန်စုံကြတာပေါ့။
“ဒါနဲ့နေပါဦးဆရာ့နာမည်လေးပြောပြသွားပါဦး။
..”ငါ့နာမည်.(ဘမောင်)…ဘဲကွ…လို့ပြော၍ခရီးဆက်ကာ တ​ဖြေးဖြေးချင်းပျောက်ကွယ်လို့သွားပါတော့တယ်။

“ဘမောင် ဆိုတာကတော့ မောင်ဘုန်းပညာသင်ခန်းထဲက
ကဝေသာရဂိုဏ်း ဆိုလည်းဟုတ်တယ်လို့ပြောလို့ရပါတယ်။ပထမ ကိုအောင်နိုင်ကိုပညာသင်ပေးခဲ့တာလည်းသူပါပဲ။
သူရဲ့အစွမ်းအစ နဲ့ ထုံကူးပြီး မရေတွက်နိုင်အောင် အသက်ကိုဆွဲဆန့်နေခဲ့တာအခုချိန်ထိပါပဲ။
“အားလုံရဲ့နောက်ကွယ်မှာတော့ သူ့ရဲ့ ဆရာဖြစ်သူ မောင်ဘုန်းရဲ့ဘဝအစ ဆိုတဲ့ဇာတ်လမ်းထဲက ကိုလှမိုး ဆိုသူက လည်းကျန်ရှိနေပါသေးသည်။

.”ဒါနဲ့သူတို့လဲ…စာရွက်ကိုကြည့်လိုက်တော့..စာရွက်အောက်ခြမ်းမှာဘာမှန်းမသိတဲ့ စာလေးတွေအများကြီးကိုတွေ့လိုက်ရပါတော့တယ်.။အင်းဆိုတာဒါထင်တယ်ကွ။

ကဲဒီညဘဲလုပ်ငန်းစကြစို့ကွာ…။နေဦးဟ ဒီမှာဟိုဆရာကြီးရဲ့ လွယ်အိပ်ထဲကနေ ချည်မန်းကွင်း ယူတုန်းက စာရွက်တစ်ရွက်ကျနေခဲ့တယ်ဟ။စာတွေက ဘာတဲ့.နေပါဦး။ကျင့်စဥ်တက်လမ်း ဆိုပါလားဟ။အေးယူထားလိုက်လေကွာ။
အေး.အေး..ခုတော့သွားကြစို့ကွာ။
နေပြောက်မတိုးနိုင်အောင်စိမ်းလန်းစိုပြေနေတဲ့တောအုပ်တစ်ခုထဲမှာတော့ မောင်ဘုန်းတစ်ယောက် သမထ အားကောင်းမွန်စွာငြိမ်သက်နေခိုက်.လူလေးမင်းဒညင်းကုန်းရွာက လူငယ်သုံးယောက်သွားပြီးဆုံးမပေးလိုက်ပါ။ သူတို့က တစ်ချိန်ချိန်မှာ..လောကုတ္တရာပိုင်းမှာစိတ်အားထက်သန်၍ ပေါက်မြောက်နိုင်တဲ့သူတွေပဲဆိုတဲ့အသံကိုနားစည်အတွင်မှ ကြည်ကြည်လင်လင်ကြားလိုက်ရတယ်။ ဒါနဲ့ တရားဖြုတ်ကာဒညင်းကုန်းရွာဘက်သို့လျှောက်လာခဲ့လိုက်တယ်။.
တစ်နေရာအရောက်မှာတော့.ကျေးငှက်သာရကတို့ရဲ့နားဝင်ချိုဖွယ်အသံလေးတွေနဲ့အတူ ရေစီးသံတစ်ခုကိုစမ်းချောင်ထဲမှထွက်ပေါ်လို့နေခဲ့ပါတယ်။မောင်ဘုန်းလည်းအရှေ့သို့ဆက်သွားရာ.
တစ်နေရာအရောက်မှာတော့ လမ်းတစ်လျှောက်မှာ ခြေထောက်နဲ့တစ်ခုခုကထိမိနေသဖြင့်ကြည့်လိုက်ရာ အောက်ဖက်၌ ရေညှိ တွေရော ချည်းအထက်ထက် တက်နေတာကိုကြည့်ချင်းအားဖြင့် နှစ်မနည်းလောက်တော့ဘူး။
နှစ်ရှည်လများကြာရှိနေပေမဲ့ ရွှေရောင်တောက်၍ဆွေးမြေ့ချင်းမရှိတဲ့
ပေစာတွေကိုထူးစမ်းစွာ​တွေ့ မြင်လိုက်ရတယ်.။.ဒါနဲ့ ဖွင့်ကြည့်လိုက်တော့
{ စမ (၂၄)မျိး }
******************
!!ဘုရားလေးဆူ စမ !!
စ၊ဓ၊ဗ၊ဝ -တေဇော ၊ထွက်၊ မီး၊ အဖျက်
ဓ၊ဗ၊ဝ၊စ-ဝါယော ၊ဝင်၊လေ၊အပြေး
ဗ၊ဝ၊စ၊ဓ-အာပေါ ၊သိမ်း၊ ရေ၊ အနု
ဝ၊စ၊ဓ၊ဗ-ပထဝီ ၊ထိန်း၊ မြေ၊ ရှိန်း
လာစေ ၊ဖြစ်စေ၊ ကောင်းတဲ့ဘက်သုံး၍ရသည်။
စ= ၈
ဓ= ၁၀
ဗ= ၁၉
ဝ= ၁၇
———
၅၄
***ဂြိုဟ်သက်တွေပေါင်း (၅၄)ရောက် တစ်ဝမ်းပေါက်၏။
လောကီကိစ္စပြီးမြောက်စေသည်။***
========================
!!သကြား စမ !!
ဋ၊သ၊ည၊က
သ၊ည၊က၊ဋ
ည၊က၊ဋ၊သ
က၊ဋ၊သ၊ည
ဖျက်စေ၊ ပျက်စေ အပျက်ဘက်သုံး၍ရသည်။
တန်ခိုးအာဏာ ထက်မြက်စူးရှသည်။
========================
!!ဝိဇ္ဇာလေးပါး စမ(နတ်မင်းကြီးလေးပါးစမ)!!
က၊ဃ၊ဏ၊ဠ
ဃ၊ဏ၊ဠ၊က
ဏ၊ဠ၊က၊ဃ
ဠ၊က၊ဃ၊ဏ
ကောင်း၊ဆိုး သုံး၍ရသည်။
=======================
!!ဗွဟ်မာ စမ!!
ဋ၊သ၊ည၊ခ
သ၊ည၊ခ၊ဋ
ည၊ခ၊ဋ၊က
ခ၊ဋ၊က၊ည
ဗြဟ္မာ တွေနှင့်ပါတ်သတ်၍ စီရင်နိုင်သည်။
========================
!!လေးကျွန်းစကြာသာသနာစောင့်နတ်မင်းကြီးလေးပါးစမ!!
လ၊စ၊မ၊ဂ
စ၊လ၊ဂ၊လ
မ၊ဂ၊လ၊စ
ဂ၊လ၊စ၊မ
နဂါး၊ဂဠုန် ၊ဂုဏ်မာန်၊ယက္ခ ၊ဂန္ဓဗ္ဗနတ်အပေါင်း ချစ်ခင်စေသည်။
========================
!!ဆူးလေနတ်၊ဗိုလ်တစ်ထောင်နတ်၊မှော်ဘီနတ်၊သန်လျှင်နတ်၊
သာသနာစောင့် ၊ကမ္ဘာစောင့်နတ်မင်းကြီးစမ!!
ဝ၊ယ၊မ၊ပ
ယ၊မ၊ပ၊ဝ
မ၊ပ၊ဝ၊ယ
ပ၊ဝ၊ယ၊မ
ကွင်းပိုင် ၊နယ်ပိုင်၊တောပိုင်၊တောင်ပိုင်၊အာကာသစိုး၊ရုက္ခစိုး၊ဘုမ္မစိုး၊နတ်အပေါင်း ချစ်ခင်စေသည်။
========================
!!သူရသတီမယ်တော် စမ!!
က၊ယ၊မ၊ထ
ယ၊မ၊ထ၊က
မ၊ထ၊က၊ယ
ထ၊က၊ယ၊မ
ဒေဝီတစ်ကျိပ်နှစ်ပါးတို့စောင့်ရှောက်ကာ
ပီယသိဒ္ဓိ ပြီးတယ်….
~~~~~~~~~~~~~~~~~~~~~~~~~~
မောင်ဘုန်းကတော့ ဒီစမတွေကို ရေးတဲ့ပေစာကိုရင်းရင်းနှီးနှီးသိနေခဲ့ပါတယ်။
ပေစာတွေကို
လွယ်အိပ်ထဲ၌ထည့်၍ခရီးဆက်လာခဲ့တယ်။

(ဒီပေစာရဲ့ပိုင်ရှင်ကတော့ အားလုံးရင်းနှီးပြီးသား (ဆရာကြီး ဦးသီလ)က ကဝေ ကောင် (ပေါ်ဦး) ကိုသွားရောက်ဆုံးမစဥ် ကျနေခဲ့တာဖြစ်ပါသည်။

….ဒုတ်..ဒုတ်…ဝုန်း…..ဆိုပြီးသစ်ပင်လှဲသံကိုကြားလိုက်ရတယ်။
..ဒါနဲ့လူတွေနေတဲ့ နေရာကိုတော့ရောက်ပြီလို့တွေးကာ.ဆက်သွားနေခိုက်.ဟေ့လူ..လာပါဦးဗျ။ဘယ်များသွားမလို့တုန်းဒီတောကြီးထဲမှာ။အမောပြေ လက်ဖက်လေးစားသွားပါဦးလားဗျ။.နေပါစေဗျာ ကျုပ်သွားစရာလေးရှိနေလို့ပါ..။ခင်ဗျားကဘယ်ကိုသွားမှာတုန်းဗျ။ကျုပ်က ဒညင်းကုန်းရွာဘက်ကိုသွားမလို့ဗျ.။ကဲအဲ့ဒါဆိုရင် လူကြုံလေး မှာပါရစေ။
ဒညင်းကုန်းရွာက ဆေးဆရာဦးအောင်မောင်းကို သစ်တောထဲကိုလာခဲ့ပါလို့စကားပါးပေးစမ်းပါဗျာ.။ဘယ်သူက ဘာများဖြစ်လို့ပါလဲ.။ကျုပ်တပည့် ကိုမင်းအောင်
တစ်​ယောက်အိ မ်မှာနေရင်အကောင်း.အလုပ်ထဲရောက်ပြီဆိုရင် ဗိုက်ကအောင့်..ခေါင်းကမူး..နဲ့ ခဏခဏ ဖြစ်နေတာ သူလည်း
အခုထ ပြန်နိုင်တဲ့အနေအထားမရှိလို့ လူကြုံပါးတဲ့သဘောပါဗျ.။
ဒါဆိုကျုပ်ကြည့်ပေးပါရစေ။ခင်ဗျားက ကုတတ်လို့လားဗျ။ကျုပ်ကနယ်လှည့်ပြီးဆေးကုနေတာပါ။.ဟုတ်ကဲ့ပါဗျာအဆင်သင့်လိုက်လေခြင်း.။လာပါလာပါ တဲပေါ်တက်ခဲ့ပါဗျ.။လူနာကသူလား.ဟုတ်ပါတယ်။လုပ်ပါဦးဆရာရယ်…အား..အား..ဗိုက်ကအောင့်လိုက်တာ လူနာလှဲလျောင်းအနေအထားမှာ ဗိုက်ကိုလက်နဲ့ထောက်ကြည့်လိုက်ရာ.အပူငွေ့တွေထွက်လာတာကိုမောင်ဘုန်းတွေ့လိုရတယ်။ဒါနဲ့.အကြိုးအကြောင်းသိပြီမို့ လူနာဘေးပတ်ချလည်မှာ စည်းတစ်ခုတားခဲ့တယ်။ထို့နောက် ပါလာတဲ့ရေမန်းနဲ့.အင်းတစ်ချက်ကိုပြာချအရည်ဖျော်ပြီးတိုက်လိုက်ရာချက်ချင်းသက်သာသွားပါတော့တယ်။ကျေးဇူးတင်လိုက်တာဆရာရယ် ကျေးဇူးပါ။ချက်ချင်းပိုသက်သာသွားတာဗျို့။သင့်ဘဝမှာလုပ်ခဲ့တဲ့ အဆိုးအကောင်းနှစ်တန်ကြောင့်ပြန်ခံစားနေရတာဘဲ။လူဆိုတော့အမှားနဲ့ကင်းမှ့မကင်းကြဘဲဗျာ။ဒါပေမယ့်
ကိုယ်ပြု့သည့်ကံကိုယ့်ထံပြန်လာတတ်တယ်ဗျ။..ထိုသို့ မောင်ဘုန်းကပြောလိုက်တော့ခေါင်းလေးငိုက်သွားကာဘာပြောရမှန်းမသိဖြစ်နေခဲ့ပါတယ် ။
ဆရာကတော့…ဘာမှမပြောပေမယ်လို့ မကြာသေးတဲ့အချိန်ကဖြစ်ရပ်မို့..လိပ်ပြာမလုံဖြစ်နေခဲ့ပါတယ်။.. အခုဖြစ်နေတဲ့ရောဂါကလည်းမရိုးမှန်းသူကသိနေပါတယ် ။ဘာကြောင့်လဲဆိုတော့ ရွာပြန်စဥ်အခါတုန်းက.ဟိုညီအကိုသုံးယောက်က..မင်းငါတို့ကိုအလုပ်မရှိအောင်လုပ်သလိုမင်းလည်းဘယ်တော့မှ အလုပ်လုပ်လို့မရစေရဘူးလို့ပြောထားတဲ့စကားကြောင့်ပါဘဲ။
မောင်ဘုန်းလည်းညီအကိုသုံးယောက်ရွာကထွက်မသွားနိုင်အောင် တန်ပြန်စမနဲ့ဖယောင်းတိုင်ကိုပတ်ကာဇောက် ထိုးအနေအထားနဲ့မီးထွန်းလိုက်ပါတယ်။.ပြီးတော့ ကိုမင်းအောင်ကို အင်းပြားတစ်ချက် လည်ပင်းမှာဆွဲထားစေခဲ့ပါတယ်။
ခဏကြာတော့
ကိုမင်းအောင်တို့ကိုနှုတ်ဆက်ကာ ဒညင်းကုန်းရွာသို့အပြေးနှင်ရပါတော့တယ်။
..ညနေစောင်းတော့ရွာထဲသို့ဝင်ကာ သူကြီးအိမ်သို့သွားပြီး.. ကိုမိုး၊ကိုးမြင့်၊ကိုမိုးမောင်
တို့၏နေအိမ်ကိုမေး၍ အိမ်ဘက်သို့ထွက်လာခဲ့လိုက်တယ်။အိမ်ကိုရောက်တော့ အိမ်ဘေးပတ်လည်ကို မသိမသာ အင်းလေးချက်လိုက်လံမြုတ်လိုက်တယ်ဆိုရင်ဘဲ

အိမ်ထဲမှ အားကျွတ်..ကျွတ်..ဆိုတဲ့အသံတွေကအထင်းသားကြားနေရပါတယ်.။အားအကိုရေဗိုက်အောင့်တယ်ဗျ။အား။ငါလည်းခေါင်တွေမူးနေပြီ။ကျွန်တော်လည်း ခြေလက်တွေမသည်ချင်လောက်အောင်လေးလံ နေတယ်။လုပ်ကြပါဦးအား။
“ထိုအချိန် အိမ်ရှင်တို့ အိမ်ရှင့်တို့

ဝေ ဘယ်သူတုန်းကွ ။
ကျွန်တော် နာမည် မောင်ဘုန်းပါ။
ခင်ဗျားတို့အော်သံတွေကြားနေလို့လာမေးကြည့်တာပါ။
“ဘာမှမဖြစ်ဘူး ကွ အကောင်းကြီးဘဲ။
“ဒီမယ် ကိုယ့်လူတို့
.ခင်းဗျားတို့အခုဖြစ်နေတာသာမန်ဆရာလောက်နဲ့ကုမရမှန်းတော့သိမှာပေါ့ နော်.။
ဟမ် မင်းကဘယ်သူတုန်း ဘာတွေလာပြောနေတာလဲ။ငါတို့က ဘာရောဂါ မို့လို့လဲ။ကုမရစရာအကြောင်းမရှိဘူးကွ။
“မောင်ဘုန်းက ပါလေးတွန့်ရုံပြုံးလိုက်ပြီး ခင်ဗျားတို့က အခုထိ ကို အငြိုး ကတယ်လည်းကြီးသကိုး။ခင်ဗျားတို့ အခု ကိုမင်းအောင်ကိုလုပ်သလိုပြန်ခံရနေတာလေ။ဘာကိုမသိချင်ယောင်ဆောင်နေရတာလဲ။
ဗျာ….
“.မှားပါပြီးဆရာလေးရယ်ကျွန်တော်တို့မှားပါပြီး..
.ကဲဒါဆိုနောက်နောင်ဒီလိုမလုပ်ဖို့ သစ္စာ ဆိုရမယ်။. ခုဒီရေမန်းကိုသောက်လိုက်။
” ခင်ဗျားတို့စီမှာရှိတဲ့ စာရွက်ကိုပေးပါ။ဤသို့ ပြောလိုက်တော့ အကြီးဆုံးဖြစ်ပုံထောက်လူတစ်ယောက်က အိမ်ပေါ်တက်သွားပြီး
ဒီမှာပါ ဆရာလေး။
.”မောင်ဘုန်းက စာရွက်ကို ကြယ်ပုံအင်းကွက်အတွင်းသို့ထည့်၍ဂါထာတစ်ပုဒ်ကိုရွတ်လိုက်ရာ မီးတောက်လောင်ပျက်စီးသွားပြီးအားလုံးနေပြန်ကောင်းလာကြတယ်။”နောက်ပြီး ကျင့်စဥ် စာရွက်ကိုတော့ကျုပ်တို့ မဖတ်တတ်လို့ လွှင့်ပစ်လိုက်ပါပြီ။
“အင်းကောင်းတယ်။မီးရှို့လိုက်တာအရမ်းကောင်းတယ်။နောက်ပြီး ခင်ဗျားတို့ မကျင့်မိတာလည်းအရမ်းကောင်းတယ်ဆိုရမယ်ဗျ။
“ကျင့် မိရင်ဘာဖြစ်မှာ မို့လို့လဲဆရာလေး။
“ကျင့်မိရင် အဝီစိက တစ်ခြား သွားစရာနယ်မရှိတော့ဘူးဗျ။
“ဗျာ,ဟုတ်လား ကံကောင်းလိုက်တာ ငါ့ညီတို့ရာ။
ထိုအချိန်မောင်ဘုန်းနားအတွင်းသို့ ပေစယကိုပေးလိုက်ဆိုတဲ့အသံကို ကြားလိုက်ရတယ်။ဒါကြောင့်
“မောင်ဘုန်း က လမ်းမှာတွေ့ခဲတဲ့ ပေစာကို ထုတ်ကြည့် လိုက်တော့ ထူးထူးဆန်းဆန်း လောကုတ္တရာ စာပေတွေဖြစ်နေခဲ့တယ်။ဒါနဲ့မောင်ဘုန်းလည်း ညီအကိုသုံးယောက်ကို ပေစာပေးပြီး
ခုတော့ကျုပ်ပြန်လိုက်ပါဦးမယ်။
ကျေးဇူးတင်ပါတယ် ဆရာ။

…………………….
နောက်၁ နှစ်အတွင်းမှာတော့ညီအကိုသုံးယောက်လုံးသာသန့​ ဘောင်အတွင်းသို့ဝင်ရောက်ပြီးအေးအေးချမ်းချမ်း တောတွင်း၌
ခိုလှုံသွားကြပါတော့တယ်.။
တစ်ချိန်ချိန် မှာ လောကုတ္တရာ ရေးရာနှင့် သာသနဘောင် အတွင်း အကျိုးပြုမဲ့သူတွေဖြစ်လာမှာကိုတော့ မည်သူမှ တားလို့ရမယ်မထင်တော့ပါဘူး။
~~~~~~~~~~~~~~~~~~~~~~~~
နောက်လာမည့် အခန်းဆက်ကတော့
(ဂမ္ဘီရမောင်ဘုန်းနှင့် အာဋာဝကမှော်),

Leave a Reply

Your email address will not be published. Required fields are marked *