မောင်မှိုင်းညို့(ချောင်းဦး)

ကိုနိုင်မှာ ကားဘော်ဒီအိမ်ဆင်ထားတဲ့ ထွေလာဂျီလေး တစ်စီးရှိတယ်။
အဲဒီထွေလာဂျီလေးနဲ့ စပါးတိုက်၊ သဲတိုက်၊ အုတ်သယ်။ ဇွဲသယ် လုပ်ရတယ်။

တစ်နေ့မှာ သူ့ရဲ့ထွေလာဂျီကို အင်ဂျင်အသစ် လဲလိုက် တယ်။

အင်ဂျင်လဲပြီးကာစ အလုပ်လည်းမရှိတာနှင့် တောင်ပေါ် တက်ပြီး ဝါးခုတ်ဖို့ ကိုနိုင်စီစဉ်တယ်။

ထွေလာဂျီကျွမ်းကျွမ်းကျင်တန်း ..မောင်းတတ်တော့ အရေး အကြောင်းရှိရင် အားကိုးရတဲ့ ကိုဇော်နှင့် မောင်မာမြင့်ကိုခေါ်ပြီး ပဲခူးရိုးမပေါ် တက်ခဲ့ကြတယ်။

လှည်းစခန်းရောက်တော့ ထွေလာဂျီတို အပ်တယ်၊ ပြီးတာ နှင့် ဝါးခုတ်ဖို့ တောတိုးကြတယ်။

“တောတိုး”တယ်သာပြောရတာ .. ဟိုတုန်းက စိမ့်ကြီး၊ မြိုင်ကြီး၊ ရိပ်ချည်းတောတောင် ပဲခူးရိုးမတာ ခုတော့ ကတုံးရိုးမ ဖြစ်နေပြီ …၊

သစ်ကြီးဝါးကြီးဆိုတာ ရှားပါးပစ္စည်းဖြစ်သွားပြီ။ ခဲရာခဲဆစ် ဝေးဝေးလံလံသွားပြီး ရှာနိုင်မှရတော့တယ်။ ဒါပေမယ့်၊ ကိုနိုင်တို့အဖွဲ့ ကံကောင်းသွားတယ်။

လှည်းစခန်းနှင့် တောင်နှစ်လုံးအကျော် စမ်းမြောင်ထဲမှာ ကြသောင်းဝါးရုံကြီးတွေ တွေ့တယ်။

စမ်းမြောင်းရဲ့ အထက် ဆင်ခြေလျှောတစ်လျှောက်မှာ ဖြုတ်၊ ဖရုံ၊ သခွားစတဲ့ ဟင်းသီးဟင်းရွက်တွေနှင့် သီးမွှေးငှက်ပျောတွေ စိုက်ထားတယ်။

ဆင်ခြေလျှောရဲ့ အထက်တောင်ပေါ်မှာက ခြေတံရှည် တောင်ယာတဲလေးတစ်လုံးရှိတယ်။

့ကိုနိုင်တို့ အဖွဲ့ တောင်ယာတဲပေါ်တက်ကြည့်တယ်။ ဘာမှမတွေ့ရဘူး။ တဲအခွံပဲရှိတယ်။“လူမနေတာကြာပြီကွ …” ကိုနိုင်ကတဲကို ကြည့်ပြီးပြောလိုက်တယ်။ အမိုး၊ အကာ၊ အခင်း၊ အားလုံးပျက်စီးယိုယွင်းနေတယ်… တောင်ယာထဲမှာခဏတစ်ဖြုတ်နားပြီးတာနှင့် အောက်ဘက် စမ်းမြောင်ထဲဆင်းပြီး ဝါးခုတ်ကြတယ်။

ဝါးကြီးတွေကလည်း လုံးပတ်နှစ်ထွာလောက်ရှိတဲ့ ငါးကြီး တွေပတ်လည်မှာအပွေးတွေနှင့် သက်ရင့်ဝါးကောင်းဝါးသန့် တွေ ချည်းပဲ။
သုံးယောက်ခုတ်လိုက်တာ ကားတစ်စီးတိုက်ခဏပဲ။ ကျွဲဆိုင်းတွေငှား၊ ငါးစွပ်ဆွဲပြီး လှည်းစခန်းပို့ကြ၊ ကား ပေါ်တင်ကြတယ်။သူတို့အဖွဲ့ ဝါးတွေ ကားပေါ်တင်နေတာကို ဦးတင်အုန်း က လာကြည့်ရင်း …

“ဟ ဝါးကြီးတွေက ကောင်းလှ သန့် လှချည်လားကွ၊ ဘယ်နေရာကရလာတာလဲ။

ဦးတင်အုန်းက မင်းလမ်းကူးရွာက ဒါပေမယ့် လှည်းစခန်း မှာပဲ..အမြဲနေတယ်။

တောင်ပေါ်မီးသွေးဖိုတွေဆီက မီးသွေးအိတ်တွေဝယ်ပြီး မြို့ကလာတဲ့ကုန်သည်ကို တစ်ဆင့်ပြန်ရောင်းတယ်။ ပြီးတော့၊ တောင်ပေါ်က ပစ္စည်းတွေမြို့ ကိုသယ်ချင်ရင်လည်း အငှားထမ်းတယ်။

ပြောရရင် တောင်ပေါ်ရော၊ တောင်အောက်ရော လုပ်ကိုင် စားတဲ့သူ၊ နှံ့နှံ့စပ်စပ်သိတဲ့သူ။ဦးတင်အုန်းရဲ့အမေးကို ကိုနိုင်က ပြန်ဖြေတယ်။ “တောင်နှစ်လုံးအကျော်မှာရှိတဲ့စမ်းမြောင်း ထဲကလေ ဦးလေးရဲ့

နောက်ထပ်ကားတစ်စီးတိုက်လောက် ကျန်သေးတယ်” “ဟေ ခြေတံရှည်တောင်ယာတဲလေးရဲ့ အောက်ဘက်က စမ်းပြောင်လား ”ဦးတင်အုန်းက အလန့် တကြား၊ မျှ ကြား၊ ပျက်လုံးပြူးမျက်ဆံ နှင့်ပေးတယ်။ ဘာဖြစ်လို့တုန်း ““တုတ် “ဟ၊ . မင်းတို့ ဝါးတွေခုတ်နေတုန်းဘာမှ မဖြစ်ကြဘူး

“ကျုပ်တို့သုံးယောက်လုံး ဘာမှမဖြစ်ဘူးဗျ ပြောပါဦး ဦးလေးရဲ့ အကြောင်းကိစ္စရှိလို့လား”

“ဟ၊ ကိုနိုင်ရ၊ အကြောင်းကိစ္စမှ သေးသေးလေးမဟုတ် ဘူးကွ အကြီးကြီး၊ အကြီးကြီး”

အဲဒီဝါးတွေက ပိုင်ရှင်ရှိတယ်ကွ တောင်ယာထဲမှာ သူတို့ရှိတယ် …”

“ဦးလေးကတော့ နောက်နေပြန်ပြီ၊ တောင်ယာတဲကို ကျွန်တော်တို့ တက်ကြည့်ခဲ့ပါတယ်။ ဘယ်သူမှမရှိဘူး”

“မင်းတို့ တယ်ခက်တဲ့ကောင်တွေပဲ၊ ဒုက္ခတော့များတော့မယ် …”

အဲဒီတောင်ယာထဲမှာ ကရင်ဖထီးကြီးနှင့် အမိုးကြီးတို့ နှစ်ယောက်နေတယ်ကွ။ မင်းတို့က ဘယ်မ​ြင်ရပလဲ။ ဖထီးကြီးတို့က နာနာဘာဝတွေဥစ္စာ”

“ဗျာ နာနာဘာဝတွေဟုတ်လား””

“တုတ်တယ်ကွ၊ တောင်ယာထဲမှာနေပြီး၊ ယာစိုက်စားတဲ့ ကရင်ဖထီးကြီးနှင့် အမုိးကြီးတို့ နှစ်ယောက်စလုံး လွန်ခဲ့တဲ့နှစ် နှစ်လောက်က ဆုံးသွားကြတယ်။

အမုိး​ကြီးဆုံးပြီးတစ်လပဲကြာတယ်။ ဖထီးကြီးလည်း လိုက်ဆုံးတာပဲ။

ဒါပေမယ့် သူတို့နှစ်ယောက်စလုံး တောင်ယာတဲထဲမှာပဲနေနေကြတယ်။

ညအခါ တောင်ယာထဲမှာ သီးနှံတွေ့ခူးဆွတ်နေတဲ့သူတို့ နှစ်ယောက်ကိုတွေ့ကြရတယ်။

အေးတဲ့ညတွေကျတော့ ဖထီးကြီးနှင့်အမိုးကြီးဟာ မီးဖို လေးဖိုပြီး မီးလှုံနေတာ ပြင်ကြရတယ်တဲ့။ ပြီးတော့ သူတို့ရဲ့ယာတဲနှင့် သီးနှံတွေ၊ စမ်းမြောင်ထဲက ငါးတွေကို ဘယ်သူမှခုတ်လို့မရဘူး။ ခြောက်လွှတ်လို့ ထွက်ပြေးရတဲ့သူတွေချည်းပဲ။ တချို့ဆို သေတောင်သေသတဲ့။ မင်းတို့ကျမှ ဘာမှမဖြစ်တာ ငါတော့အံ့သြလို့မဆုံးဘူး…” “ကျွန်တော်တို့ကတော့ မသိလို့ ခုတ်မိသွားပြီဗျာ ဘာလုပ် ရင်ကောင်းမလဲဦးလေး”

“ငါ့စိတ်ထင်တော့ မင်းတို့မြို့ကို ပြန်အတက်လမ်းမှာ တစ်ခုခုလုပ်တော့မယ်ထင်တယ်။အဲဒီလိုမဖြစ်အောင်” အရင်သွားပြီးတောင်းပန်ထားကြ၊ ပြီးတော့မှ နောက်တစ်ခေါက်လာပြီး ကျွေးမွေးလိုက်။ တောင်းပန်ရင်ကျေအေးရမှာပေါ့ …”

ကိုနိုင်တို့ သုံးယောက်စလုံးတောင်ယာထဲကို ပြန်သွားကြတယ်။
တောင်ယာတဲ ရှေ့မှာထိုင်ပြီး တောင်းပန်ကန်တော့ကြ တယ်။

အဲဒီနောက်မှာတော့ ထွေလာဂျီကို သတိကြီးကြီးထား မောင်းပြီးပြန်ခဲ့ကြတယ်။

ကံကောင်းထောက်မစွာပဲ အိပ်ကိုချောချောမောဟေ ပြန်ရောက်ကြတယ်။ကိုနိုင်က နောက်တစ်နေ့မှာ တတ်ကျွမ်းနားလည်တဲ့ သူကိုလွှတ်ပြီး ထမင်း၊ အရက်၊ ကြက်ဖိုကြက်မတွေနှင့် တောင်း ပန်ကျွေးမွေးလိုက်တယ်။

လှည်းစခန်းနှင့် တောင်နှစ်လုံးအကွာ၊ စမ်းပြောင်အထက်ကတောင်ယာထဲဟာ အင်မတန်နာမည်ကြီးတဲ့နေရာပါ။ ရံဖန်ရံခါ နေ့လယ်နေ့ခင်းမှာတောင် ကရင်ဖထီးကြီးတို့ ဇနီးမောင်နှံကို တွေ့ရတယ်လို့ ပြောကြပါတယ်။

တောင်ယာသီးနှံလာခိုးသူတွေကို လူယောင်ပြလိုက်၊ ပျောက်သွားလိုက်၊ အသံပေးလိုက်နှင့် ခြောက်လွန်းလို့ ဘယ်သူမှမသွားရဲတဲ့နေရာပါ။
တကယ့်အဓိကရ နေရာကြီးကိုမှ ကိုနိုင်တို့အဖွဲ့က ဝါးတွေခုတ်မိလိုက်တယ်။ ဒါပေမယ့်ကံအားလျော်စွာ ကိုနိုင်တို့ သုံးယောက်စလုံး ဘယ်လို ဘေးအန္တရာယ်ဆိုးမှ မကျရောက်ခဲ့ကြဘူး။

ကိုနိုင်ကတော့ နာနာဘာဝဖြစ်နေရှာတဲ့ တောင်ယာစောင့် ဖထီးကြီးတို့ကို အချိန်မီတောင်းပန်ကျွေးမွေးလိုက်လို့သာ ဒုက္ခ မရောက်ရတဲ့အကြောင်း စာရေးသူကို ကြက်သီးတဖျန်းဖျန်းထရင်း ပြောပြခဲ့ပါတယ်။

#မောင်မှိုင်းညို့(ချောင်းဦး)
#ညမဖတ်ရ

See less