• June 11, 2025
  • admin
  • 0

ထူးဆန်းသောသစ်ပင်နှင့် ဘီလူးမမာယာ(စ/ဆုံး)

—————————————————–

ဆောင်းဦးပေါက်ကာလရောက်နေသည်မို့, ဆောင်းရဲ့အငွေ့
သက်လေးတွေဖြစ်တဲ့,မြောက်လေလေးများ တိုက်ခက်နေ
ပြီး အအေးဓါတ်လေးတွေကလည်း ဝင်ရောက်လို့,လာပြီ
ဖြစ်သည်။

ပဲခူးရိုးမတောင်ခြေအနီးရှိ ကျောက်စရစ်ရွာလေးအတွင်း
နေထိုင်သူ နေခန့်,တစ်ယောက်မှာတော့, ဆောင်းနံနက်ခင်း
ရဲ့,အအေးဓါတ်လေးကို ရေနွေးကြမ်းလေးသောက်လိုက်
ဆက်သားခြောက်ဖုတ်လေးမြည်းလိုက် ကြယ်နီဆေးလိပ်လေးသောက်လိုက်နှင့်, အိမ်ရှေ့ တမာပင်အောက်ကွပ်ပြစ်
ပေါ်တွင် နေပူဆာလှုံရင်း ဇိမ်ကျနေလေသည်။

ကျောက်စရစ်ရွာလေးမှာ အိမ်ခြေ၉၀နီးပါးခန့်,တည်ရှိလေ
ပြီး ကျောက်စရစ်ရွာလေးအတွင်း ရွာသူရွာသားများမှာ
တောင်ယာလုပ်ကိုင်သူတွေနှင့်,ရွာအနောက်ဖက်ရှိ ပဲခူးရိုးမ
တောကြီးကိုအမှီပြု၍,မုဆိုးအလုပ်ဖြင့်,အသက်မွေးဝမ်းကြောင်းပြုနေသူများလည်း ရှိနေကြလေသည်။

ထိုမုဆိုးများထဲတွင် နေခန့်,,တစ်ယောက်လည်း အပါအဝင်
ဖြစ်ပေ၏။

နေခန့်တို့ မိသားစုမှာ အဖေဦးဘိုးထွန်း အမေဒေါ်စန်းလေး
အကိုဖြစ်သူ အကိုဖိုးဟန် နေခန့်ရယ် လေးယောက်ဖြစ်ပြီး
နေခန့်က အငယ်ဆုံးဖြစ်လေ၏။

နေခန့်မှာ မုဆိုးဆိုသော်လည်း တစ်ခြားမုဆိုးတွေလို ဝမ်းစာ
အတွက် အမြဲတမ်းပဲခူးရိုးမတောကြီးထဲဝင်၍,တရိစ္ဆာန်များကို ပစ်ခတ်ဖမ်းဆီးနေသူတစ်ယောက်မဟုတ်ပေ။

မိဘတွေပိုင်ဆိုင်သည် ရွာအနောက်ဖက်ရှိ လယ်ဧက၁၇ဧကကို အကိုဖြစ်သူဖိုးဟန်နဲ့,အတူလုပ်ကိုင်နေပြီး
လယ်တွေပြီးချိန် အလုပ်မရှိအားနေချိန်မှ သူဝါသနာအရ
အပျော်တမ်းမုဆိုးဘဝနဲ့,အနောက်ရိုးမတောကြီးထဲဝင်၍,
သားကောင်ကြီးငယ်လေးတွေကို အိမ်အတွက်ဟင်းစားသ
ဘောမျိုးလောက်သာ ပစ်ခတ်ဖမ်းဆီးနေသူ တစ်ယောက်
ပင်ဖြစ်လေ၏။

ဟေး…နေခန့်ရေ…နေခန့်,

ခြံဝကနေ သူကိုအော်ခေါ်သံကြားလိုက်၍,ထိုင်နေရင်းသေ
ချာလှမ်းကြည့်လိုက်တော့,လင်းအောင်ဖြစ်နေသည်။

ဟေ့,ကောင်လင်းအောင် ငါဒီမှာရှိတယ်ကွ,ဝင်လာခဲ့ကွ,,

ကျွန်တော် အသံလှမ်းပေးလိုက်တော့မှ, လင်းအောင်က
ကျွန်တော် တမာပင်အောက်ကွပ်ပြစ်ပေါ်ထိုင်နေတာ တွေ့
သွား၍ ခြံထဲဝင်လာပြီး ကွပ်ပြစ်ပေါ်ဝင်ထိုင်လိုက်၏။

ကဲ လင်းအောင် ရေနွေးကြမ်းသောက်ရင်း ဆက်သားခြောက်ဖုတ်လေးစားအုံး ခုလိုဆောင်းတွင်းမနက်စောစော
အေးနေတဲ့အချိန်ဆို ရေနွေးကြမ်းပူပူလေးသောက်ရင်း
ဆက်သားခြောက်ဖုတ်လေးစားလိုက်လို့ရတော့,အရမ်းစား
ကောင်းတာကွ,

အေးပေါ့ကွာ,နေခန့်ရာ မင်းကတော့,အေးဆေးဒီမှာထိုင်ရင်း
ရေနွေးသောက်လိုက် ဆက်သားခြောက်ဖုတ်မြည်းလိုက်
ကြယ်နီဆေးပေါလိပ်လေး သောက်လိုက်နဲ့,ဇိမ်ကျနေနိုင်
တာပေါ့ကြာ,

ဟ,ကောင်လင်းအောင်ရ,ငါကအေးဆေးဒီမှာထိုင်နေနိုင်တယ်ဆိုတော့,မင်းကအေးဆေးမနေနိုင်ဖူးလို့ ဆိုလိုချင်
တာလားကြ,,

ဟုတ်တယ်နေခန့်,ရွာထဲမှာ ဘာတွေထူးထူးဆန်းဖြစ်နေလည်း မင်းမသိဖူးမလားကွ,,

ဘာတွေများထူးထူးဆန်းဆန်း ရွာထဲမှာဖြစ်နေလို့လည်းကွ
လင်းအောင်ရ,,

ဘာတွေဖြစ်နေလည်းဆိုတော့,ရွာတောင်ပိုင်းက မုဆိုးအောင်ကြီး ရိုးမတောကြီးထဲအမဲသွားပစ်တာ သုံးရက်နဲ့ပြန်
ရောက်မလာလို့, သူမိဘတွေကစိတ်ပူပြီး ရွာလူကြီး ဦးရွှေ
မောင်းကို လာပြောပြပြီး အကူညီတောင်းတော့ ဦးရွှေမောင်းက ငါနဲ့,ကျင်းသန်း စိန်တုတ်ကို တောထဲဝင်ပြီးလိုက်ရှာ
ခိုင်းလို့, ငါတို့သုံးယောက်လိုက်ရှာတော့,အောင်ကြီးကိုတွေခဲ့တယ်ကွ,,နေခန်ရ,

ဟား….ငါကအကောင်းပြောတာမှတ်နေလို့,နားထောင်နေ
တာ အောင်ကြီးလိုက်ရှာတာ တွေ့ခဲ့တာထူးဆန်းကွ,လင်း
အောင်ရ,,

ငါ့စကားဆုံးအောင် နားထောင်အုံးလေကွာ,နေခန့်ရ,
ငါတို့,အောင်ကြီးကို တွေ့ခဲ့တာ အသက်ရှင်လျှက်မဟုတ်
ဖူးကွ,မသက်မရှိတော့တဲ့,အရိုးပုံကြီးကိုတွေ့ခဲ့တာကွ,,
အစကတော့ ငါတို့သုံးယောက်လည်း အောင်ကြီးမှန်းမသိ
ကြဖူးကွ,အရိုးပုံကြီးဘေးမှာ အောင်ကြီးကိုင်နေကျ ဒူးလေး
ရယ် မြှားဗူးရယ်တွေ့တော့မှ,အောင်ကြီးမှန်းသိကြတာ နေခန့်ရ,,

ဟား…ဟုတ်လားလင်းအောင် အောင်ကြီးက အရိုးတွေပဲရှိ
တော့တာဆိုတော့ တောကောင်တစ်ကောင်ကောင်များ ကိုက်သတ်စားသွားတာဖြစ်မှာပေါ့ လင်းအောင်ရ,

အဲ့ဒါတော့,ငါတို့မသိဖူးနေခန့်, ဒါပေမဲ့,အောင်ကြီးအရိုးပုံကြီးဘေးက သစ်ပင်ကြီးကတော့,တော်တော်လေးထူးဆန်းနေတာတော့အမှန်ပဲကွာ,

သစ်ပင်က ဘာများထူးဆန်းစရာရှိလို့လည်း လင်းအောင်ရာ

ထူးဆန်းတယ်ကွ,နေခန့်ရ, အဲ့ဒီသစ်ပင်ကြီးက မိန်းခလေး
တစ်ယောက်ပုံဆန်အတိုင်းကြီးကိုဖြစ်နေတာကွ, ငါတို့သုံး
ယောက်တွေ့တော့ သစ်ပင်ကြီးတွေပြီး အံ့သြသွားတာပဲကွာ,,

ဟား…ဟုတ်လားလင်းအောင် သစ်ပင်က မိန်းခလေးတစ်ယောက်ပုံဆန်အတိုင်းဖြစ်နေတယ် ငါတော့တစ်ခါမှ မမြင်
ဖူးပါဘူးကြာ,,

အေးအဲ့တာကြောင့်,မင်းကိုလာပြောပြတာပေါ့ကွာ,,မင်းအဲ့
သစ်ပင်ကြီးကို မြင်တွေ့ချင်တယ်ဆိုရင် ငါနောက်သုံးရက်
လောက်နေရင် တောထဲအမဲပစ်သွားမလို့,မင်းလိုက်ခဲ့ချင်
လိုက်ခဲ့လေကွာနေခန့်ရ,,

ဟား…လိုက်မှာပေါ့ကွ,အိမ်မှာ လယ်တွေကလည်းအကုန်
ထွန်ပြီးလို့ ပဲတွေတောင်ကြဲပြီးကုန်ပြီကွ,,ငါလည်းခုတစ်
လောအားနေတာနဲ့, တောထဲဝင်ရင်ကောင်းမလားစဉ်းစား
နေတာ မင်းလာပြောတော့ အတော်ပဲဖြစ်သွားတယ် မင်း
သွားတဲ့နေ့ကြရင် ငါကိုလာခေါ်လေကွာ,,

အေ…အေ..ငါသွားတဲ့နေ့ကြရင် မင်းကိုဝင်ခေါ်မယ်

လင်းအောင်နဲ့,ကျွန်တော်အောင်ကြီးသေတဲ့အကြောင်းနဲ့
ပဲခူးရိုးမတောကြီးထဲက ထူးဆန်းတဲ့သစ်ပင်ကြီးအကြောင်း
ရော ဟိုအကြောင်းဒီအကြောင်းတွေရောပေါ့ဗျာ,,နှစ်ယောက်သား ပြောရင်း နေခင်းပိုင်းအချိန်လောက်ရောက်မှ
လင်းအောင်ပြန်သွား ပြန်သွားလေသည်။

ဟဲ့,နေခန့်,သား လင်းအောင်ဘာကိစ္စနဲ့,နင့်ဆီလာပြီး ဒီလောက်အကြာကြီး နှစ်ယောက်သားစကားတွေပြောနေရ
တာလည်းဟဲ့,

အမေက လင်းအောင်ပြန်သွားပြီးတော့မှ,ကျွန်တော်တို့နှစ်
ယောက် စကားပြောနေတာကြာသွားသဖြင့်,ဘာအကြောင်း
တွေ ဘာပြောနေတာလည်း သိချင်၍,မေးလိုက်ခြင်းဖြစ်၏။

ဒီလိုပါအမေရဲ့,ရွာတောင်ပိုင်းက အောင်ကြီးတောထဲမှာ
အမဲသွားပစ်ရင်း သေနေတာအရိုးတွေပဲရှိတော့တဲ့အကြောင်းရယ် အောင်ကြီးသေတဲ့နားက မိန်းခလေးတစ်ယောက်ပုံဆန်အတိုင်းဖြစ်နေတဲ့ သစ်ပင်ကြီးအကြောင်း
တွေလာပြောပြသွားတာပါ,,

ဟယ်,…ဟုတ်လားနေခန့်, အောင်ကြီးသေပြီးအရိုးပဲရှိတော့တာဆိုတော့,ဘယ်လိုဖြစ်တာလည်းဟဲ့,, ပြီးတော့
တောထဲမှာ မိန်းမပုံဆန်ဖြစ်နေတဲ့ သစ်ပင်ကြီးဆိုတာက
တစ်ကယ်ရောဟုတ်လို့,လားနေခန့်ရယ်,

အောင်ကြီးသေတာတော့,,အမဲပစ်ရင်းတောထဲမှာ သားကောင်ကြီးတစ်ကောင်နဲ့တိုးပြီး သေသွားတာဖြစ်နိုင်ပါတယ်အမေ မိန်းမပုံဆန်ဖြစ်နေတဲ့,ထူးဆန်းတဲ့သစ်ပင်
ကြီးကတော့,သားလည်းတစ်ခါမှမမြင်ဖူးလို့,လင်းအောင်က
သူနောက်သုံးရက်ကြာရင် တောထဲအမဲပစ်သွားရင် အဲ့သစ်
ပင်ကြီးကို ကြည့်ချင်ရင်လိုက်ခဲ့ဖို့ သားကိုလာပြောသွား
တာပါအမေရဲ့,

ဟား….ဟုတ်လားကွ,နေခန့်ရ,ဒါဆိုမင်းတို့ တောထဲသွားတဲ့
နေကြရင် ငါလည်းမင်းပြောတဲ့သစ်ပင်ကြီးကို လိုက်ကြည့်
ချင်တယ်နေခန့်ရာ

အကိုဖိုးဟန်းက ကျွန်တော်နဲ့,အမေစကားပြောနေတာကို
ကြားပြီး မိန်းမပုံဆန်ဖြစ်နေတဲ့,ထူးဆန်းတဲ့သစ်ပင်ကြီးကို
စိတ်ဝင်စားသွား၍,, သူပါလိုက်ကြည့်ချင်ကြောင်းပြောလိုက်သည်။

ဟုတ်ကဲ့,အကိုဖိုးဟန်လိုက်ကြည့်ချင်တယ်ဆို ကျွန်တော်
တို့သွားတဲ့နေကြရင် လိုက်ခဲ့လေ တူတူသွားကြည့်ကြတာ
ပေါ့,အကိုဖိုးဟန်,

ကျွန်တော်လည်း ညရောက်တော့,ထမင်းဝိုင်းမှာ ထမင်းစား
နေရင်း လင်းအောင်ပြောပြသွားတဲ့,အကြောင်းတွေပြန်စဉ်း
စားနေမိသေးတယ်ဗျာ,, အမေချက်ထားတာ,ဝက်သားကို
ငရုပ်သီးစပ်စပ်လေးနဲ့,,ချက်ထားတာဗျ, ငါးကြင်းကို ချဉ်
ပေါင်ရွက် ကန်စွန်းရွက် မုန်လာရွက်လေးတွေနဲ့ရောပြီး
ငရုပ်သီးစိမ်းလေးနဲ့,ချဉ်ငံစပ်လေးကလည်းချက်ထားသေး
တယ်ဗျာ,ငပိရည်တို့စရာလေးတွေကလည်း ပါသေးတော့
အမေ့လက်ရာလေးတွေကလည်း ချက်ထားတာကောင်း
ဟင်းကလည်းကောင်းတော့,စားကောင်းကောင်းနဲ့,စားလိုက်
တာ ဗိုက်လေးပြီး ထမင်းဝိုင်းကတောင်မထနိုင်တော့ပါဖူး
ဗျာ,,ထမင်းစားပြီး ခံတွင်းလေးကလည်း ချဉ်လာသေးတာကိုဗျ,,ဆေးလိပ်သောက်တဲ့သူတွေအကျင့်တစ်ခု
ပါပဲဗျာ,,ထမင်းစားပြီး ခံတွင်းအချဉ်ပြေဆေးပေါလိပ်လေး
များသုံးလေးဖွာ ဖွာလိုက်လို့ကတော့,ဘာပြောကောင်းမလည်းဗျာ, အရမ်းကိုအရသာရှိသွားတာပေါ့,ဒါကလည်း
ကျွန်တော်လို ဆေးလိပ်သောက်တက်တဲ့သူတွေ ဒီအရသာ
ခံစားချက်ကို သိမှာပါပဲဗျာ,, ကျွန်တော်လည်း ကြယ်နီဆေး
ပေါ့လိပ်ခဏထိုင်သောက်နေရင်း မျက်လုံးကလေးက
လေး၍,အိပ်ချင်လာတော့,ဘုရားစင်ရှေ့ ဦးငါးကြိမ်ချ ငါး
ပါးသီလခံယူပြီး အိပ်ရာထဲခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့,တန်းအိပ်ပျော်သွားလေတော့၏။

××××××××××××××××××××××××××××××××××××××

ပဲခူးရိုးမတောကြီးအတွင်းသို့,လူနှစ်ယောက် လက်မှာဒူး
လေးတစ်ယောက်တစ်လက်ကိုင်ထားကြပြီး ကျောမှာလည်းမြှားဗူးကိုစီလွယ်ကြ၍,တောအတွင်းသို့,သားကောင်ရှာ
ရန် ဝင်ရောက်လာလေ၏။

ထိုလူနှစ်ယောက်မှာ ကျောက်စရစ်ရွာသားတွေဖြစ်တဲ့,ပေသီးနဲ့,တက်လူဆုိသော မုဆိုးနှစ်ယောက်ပင်ဖြစ်လေ၏။

ဟေ့,ကောင်တက်လူ ငါတို့မနက်ထဲက ခုချိန်ထိဘာသား
ကောင်မှ,မတွေ့သေးပါလားကွ, သားကောင်ရှာရင်းရှာရင်း
နဲ့,တောနက်ထဲတောင် တစ်ဖြည်းဖြည်းရောက်လာပြီကွ,,

ဟာ…..ပေသီးရာ ဇွဲမလျှော့စမ်းပါနဲ့ကွာ,,ငါတို့အချိန်ရှိပါသေးတယ်ကွ,, ကဲလာထမင်းစားချိန်တောင်ကျော်နေပြီ
ငါတို့,ထမင်းစားပြီးမှပဲ ဆက်ရှာကြတာပေါ့ကွာ,,

ပေသီးမှာ ခုချိန်ထိသားကောင်မတွေ့ရသေးသဖြင့်,စိတ်ဓါတ်ကျနေ၍,သူငယ်ချင်းဖြစ်သူ တက်လူက အားပေးစကားပြောလိုက်ရင်း နေခင်းစာထမင်းစားဖို့,အရိပ်
ကောင်းမွန်သည် ကနစိုးပင်ကြီးအောက် ပါလာတဲ့,ထမင်း
ထုပ်လေးများကို ဖြည်လိုက်ပြီး နှစ်ယောက်သား ဗိုက်ရဲ့
ဆာလောင်မှုဒဏ်ကို ဖြည့်ဆည်းလိုက်ကြလေသည်။

ထမင်းစားပြီးသောအခါ

ဟေ့ကောင်တက်လူ ဟိုတစ်နေ့က, ရွာထဲက အောင်ကြီး
တစ်ယောက် တောထဲအမဲပစ်ထွက်ရင်း တော်တော်နဲု့ပြန်
ရောက်မလာလို့,လငိးအောင်တို့ကို,တောထဲဝင်လိုက်ရှာခုိင်း
တာ အောင်ကြီးသေနေတဲ့,အလောင်းပဲပြန်တွေ့ရတယ်ကွ,
အလောင်းတောင် အသားမရှိတော့ဖူးတဲ့ကွ,အရိုးတွေပဲကျန်တော့တာတဲ့,ပြီးတော့ လင်းအောင်တို့ပြောပြ
တာ အောင်ကြီးသေနေတဲ့နားက သစ်ပင်ကြီးက မိန်းမတစ်
ယောက်ပုံဆန်အတိုင်းဖြစ်နေပြီး တော်တော်ထူးဆန်းတယ်
လိုိ့,ပြောတယ်ကွ,,

ဒါကတော့,ပေသီးရာ ငါတို့မုဆိုးတွေဆိုတာ တောထဲအမဲ
ပစ်ထွက်ရင် သတိအမြဲတမ်းထားနေကတာကွ,သတိတစ်
ချက်လွတ်သွားတာနဲ့,မုဆိုးက သားကောင်ပြန်ဖြစ်သွား
တက်တာ မင်းလည်းသိရဲ့သားနဲ့ကွာ,,အောင်ကြီးလည်းဒီ
လိုဖြစ်သွားပြီး သားကောင်ကြီးတစ်ကောင်ကောင်က သူကို
စားလိုက်တာနေမှာပေါ့,မိန်းမပုံဆန်ဖြစ်နေတဲ့,သစ်ပင်ကြီး
ဆိုတာကတော့,လင်းအောင်တို့သက်သက်ပြောတာနေမှာပါ
ကွာ,,ငါတို့လည်းဒီရိုးမတောကြီးထဲ အမဲပစ်လာတာကြာပြီ
ပဲ ဘယ်နှစ်ခါ မိန်းမပုံဆန်နဲ့တူတဲ့,သစ်ပင်ကြီးတွေ့ဖူးလို့လည်းကွာ,,

ဒါတော့,ဟုတ်တယ်ကွ,,တက်လူရ,ကဲငါတို့လည်း အချိန်လေးရတုန်း သားကောင်ဆက်ရှာကြရအောင်တက်လူ,

တက်လူနဲ့,ပေသီးမှာ ခုချိန်ထိဘာတရိစ္ဆာန်တစ်ကောင်မှ,
မတွေ့သေး၍,တောနက်ထဲသို့,သားကောင်တွေ့လိုဇောနဲ့,
ရှာရင်းရှာရင်း တောကနက်မှန်းမသိနက်လာလေ၏။

တစ်နေရာရောက်သောအခါ

ဟား……ဟေ့,ကောင်တက်လူ ဟို….ဟို….မှာကြည့်စမ်းလိုက်စမ်း

ဟာ…လင်းအောင်တို့,ပြောတဲ့,မိန်းမတစ်ယောက်ပုံဆန်ုဖြစ်
နေတဲ့,သစ်ပင်ကြီးပါလားကွာ,,ငါကတော့ လင်းအောင်တို့
တွေ ရွာကလူတွေ စိတ်ဝင်စားအောင်သက်သက်မဲ့ပြော
တာလို့,ထင်ထားတာကွ,, ခုတော့,တစ်ကယ်ပါပဲလားကွာ,,

သူတို့,ရှေ့တွင်းတွေ့လိုက်ရသော သစ်ပင်ကြီးမှာ တစ်ကယ့်
မိန်းမလှလေးတစ်ယောက်ပုံဆန်အတိုင်း မျက်နှာ ကိုယ်
လုံးကိုပေါက် ဘာမှပြေားရာမလို အကုန်လုံးတူနေပြီး တော်
တော်လေး ထူးဆန်းဖွယ်ရာ ဖြစ်နေလေသည်။

တက်လူနဲ့ပေသီးမှာ သစ်ပင်ကြီးနားအနီးကပ်သေချာ လှည့်
ပတ်ကြည့်နေစဉ်

ဟင်း….ဟင်း…….ဟင်း…ကျွတ်….ကျွတ်…..ကျွတ်….အ..
နာလိုက်တာနော်…..

ဟား….တက်လူဒါမိန်းခလေးတစ်ယောက် ညည်းညူသံ
ပဲကွ,, ငါတို့ကို တောခြောက်ပြီနဲ့တူတယ်ကွ,,

ပေသီးမှာ တောနက်ကြီးထဲ မိန်းခလေးတစ်ယောက်ညဉ်း
ညူသံကြားရသဖြင့် သူတို့ကို တောခြောက်နေသည်ဟု ထင်နေလေ၏။

ဟင်း…ဟင်း…ဟင်း…အ…ကျွတ်…ကျွတ်….ကျွတ်…

ဟာ..ပေသီး ဒီအသံက တောခြောက်တာနဲ့,မတူဖူးကွ,,
ဒီအနီးနားတစ်ဝိုက်နားက မိန်းခလေးတစ်ယောက် ဒဏ်ရာ
တစ်ခုခုရပြီး နာလို့, ညည်းတွားနေတဲ့အသံကွ,, လာကွာ
ငါတို့က နှစ်ယောက်ပဲ ဘာကြောက်စရာရှိလို့လည်း အသံ
ကြားနေတဲ့နေရာ သွားရှာကြည့်ရအောင်ကွာ,,

ပေသီးနဲ့,တက်လူမှာ အသံကြားရာနေရာသို့, တစ်ဖြည်းဖြည်းချင်းတိုးကပ်လာပြီးကြည့်လိုက်တော့,,

ဟား…..မိန်းခလေးတစ်ယောက်ပါလားကွ,,ဟာ..ခြေထောက်မှာလညိး ငုတ်ဆူးထားတဲ့,ဒဏ်ရာကြီးနဲ့ပါလား သွေးတွေလည်းအများကြီးထွက်နေတယ် သွေးထွက်လွန်း
ပြီးဒုက္ခတွေတော့,ရောက်ကုန်တော့မှာပဲကွာ,,လာ..လာ….
တက်လူ ဒီမိန်းခလေးကို ခြေထောက်က ငုတ်ကိုအရင်နုတ်
ပေးလိုက်ကြရအောင်ကွာ,,

ပေသီးနဲ့,တက်လူတွေ့လိုက်ရသည် မိန်းခလေးမှာ အစိမ်း
ရောင်ဝမ်းဆက်လေးအားဝတ်ဆင်ထားပြီး ခေါင်းမှာလည်း
ဝါးခမောက်အဝိုင်းလေးအား ဆောင်းထားလေ၍, သူမ၏
အသားအရေလေးနဲ့,မျက်နှာလေးကား ဆွဲဆောင်မှုအပြည့်
ချောမောလှပနေ၏။

ထိုမိန်းခလေးမှာ အသက် ၂၀ ဝန်းကျင်လောက်သာရှိပြီးတောင်သရက်ပင်ကြီး အောက်သစ်ငုတ်ဆွေးတစ်ခုပေါ်
ခြေထောက်ဖြင့် တက်နင်းမိ၍,သစ်ငုတ်ဆွေးက ထိုမိန်းခလေးရဲ့,ခြေထောက်ကို ထိုးခွဲဖောက်ထွက်နေပြီး ထိုမိန်းခလေးခမျှ အဲ့နားတင်ထိုင်၍, နာကျင်စွာ ညည်းညူနေပြီး
ခြေထောက်ကို ထိုးခွဲဖောက်ထွက်နေသော သစ်ငုတ်ဆွေး
ကို မနုတ်ရဲဖြစ်နေလေသည်။

အကိုတို့ရယ် ညီမကို ကူညီပေးကြပါအုံးနော် ညီမခြေထောက်လေးတော့,သွားပါပြီးအကိုတို့ရယ် အဟင့်………့…အဟင့်…ဟီး…..အား…ကျွတ်….ကျွတ်…………..

ထိုမိန်းမလှပျိုလေးရဲ့,သနားစရာအသံလေးနဲ့,သူတို့ကိုအ
ကူညီတောင်း၍, နာကျင်စွာခံစား ငိုကြွေးညည်းညူသံလေးဖြင့်,စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံအောက်မှာ
ပေသီးနဲ့တက်လူရုန်းမထွက်နိုင်တော့ပေ။

ပေသီးနဲ့,တက်လူမှာ ထိုမိန်းမပျိုလေးရဲ့,ခြေထောက်ကို ထိုးခွဲဖောက်ဝင်နေသည် ငုတ်ကိုနုတ်ပေးကြရန် ခြေထောက်ကို ကိုင်လိုက်ကြချိန်မှာတော့,သူတို့တစ်ကိုယ်လုံး
ဓါတ်လိုက်သလို ခံစားလိုက်ကြပြီး မိန်းမပျိုလေးနားမှ,မခွာ
ချင်ကြတော့ပေ။

ထိုအချိန်ကြမှ,ထိုမိန်းမလှပျိုလေး၏ ရုပ်အဆင်းမှာ ချော
မောလှပနေမတော့ပဲ မျက်နှာကြီးက အဖုအထစ်ကြီးတွေ
ထွက်လာ၍,မျက်လုံးကြီးတွေမှာ အပြင်သို့ပြူးထွက်နေပြီး
ပါးစပ်အကျယ်ကြီးတွေထဲမှ,အစွယ်အဖွေးသားကြီးတွေ
ထွက်လာလေပြီး

ဟီး……ဟီး……ဟား…..ဟား….ခစ်……ခစ်..ခစ်…..ဘယ်လို
လည်း ငါရုပ်အဆင်းကို ကြည့်ကြပါအုံး ချောမောလှပသေး
ရဲ့လားလို့,ခစ်….ခစ်….ခစ်….နင်တို့,လူသားတွေ ငါ့ဘီလူးမ
မာယာစက်ကွင်းထဲက ရုန်းမထွက်နိုင်ကြတော့ဖူးမဟုတ်လား…..သေပေတော့………………………………………..

အား……အ…အား…….

ိမိန်းမလှပျိုလေးမှာ ကြောက်စရာအလွန်ကောင်းတဲ့,ဘီလူး
မ တစ်ယောက်ဖြစ်နေသည်ကိုတော့,တက်လူသေခါနီးအချိန်မှ,သိလိုက်ရလေပြီ ခုချိန်မှတော့ ဘာမှမတက်နိုင်တော့ပေ။

ဘီလူးမက ရယ်မောနေရင်း သူလက်သည်းကြီးတွေဖြင့်,
တက်လူ ရင်ကိုထိုးခွဲလိုက်ပြီး ဗိုက်ထဲမှ အူတွေအသည်း
တွေကို နှိုက်ယူ၍,အစွယ်ကြီးတွေအဖွေးသားနဲ့, ပါးစပ်
အကျယ်ကြီးထဲကို အားရပါးရ သွေးသံသရဲရဲတွေဖြင့်
ထုိးထည့်ဝါးစားနေလေ၏။

ပေသီးမှာ သူငယ်ချငိးဖြစ်သူ တက်လူသူအရှေ့ ဘီလူးမ
သတ်ဖြတ်ကိုက်စားနေသည်ကို ဘာမှပြန်မလုပ်နိုင် တစ်ကိုယ်လုံးလှုပ်လို့မရတော့ပဲ ပါးစပ်ကလည်း အော်ဟစ်အကူညီတောင်းနေပေမဲ့,အသံကထွက်မလာ ဒီအတိုင်းကြည့်နေရလေသည်။

ဘီလူးမက တက်လူဗိုက်ထဲမှ အူတွေအသည်းနှလုံးတွေ ကုန်သွားသည်နှင့်,တက်လူတစ်ကိုယ်လုံးမှာရှိတဲ့,အသား
တွေကို အားရပါးရကိုက်စားနေပြန်၏။

တစ်ခဏအတွင်း တက်လူမှာ အရိုးပဲကျန်တောလေ၏။
တက်လူအသားတွေကုန်သွားသည်နှင့် ဘီလူးမက ပေသီး
ဘက်လှည့်လာပြီး ပေသီးရင်ကို လက်သည်းကြီးတွေဖြင့်
ထိုးခွဲလိုပြန်၍,အူတွေအသည်းနှလုံးတွေကို ဆွဲဖြုတ်လိုက်
ပြန်လေသည်။

ပေသီးမှာ အရှင်လက်လက် ရင်ကိုထိုးခွဲ အူတွေအသည်း
နှလုံးတွေကို ဖြုတ်ယူလိုက်သည် နာကျင်ခံစားမှုကိုအလူး
အလဲခံစားနေရရင်း အသက်ပျောက်သွားလေသည်။

အား…..အ….အား……….

အမှန်တော့,အောင်ကြီး၊ပေသီး၊တက်လူတို့ကို ဘီလူးမမှာ
ရိုးမတောနက်ကြီးအတွင်း နှစ်ပေါင်းများစွာ သူဝမ်းစာအ
တွက် တရိစ္ဆာန်တွေကို သူပိုင်နက်ထဲဝင်လာမှ သတ်ဖြတ်
စားသောက်နေရတာဖြစ်၍, ရိုးမတောထဲ အမဲပစ်ထွက်လာ
ကြသည် မုဆိုးတွေအပြင် မှိုနုတ်၊မျှစ်ချိုး၊ဆေးဥဆေးမြစ်
တူဖော်နုတ်ယူနေသူကို သူပိုင်နက်ထဲဝင်လာအောင် ထူးဆန်းသည် မိန်းမလှပုံဆန်သစ်ပင်ကြီးတစ်ပင်ဖန်ဆင်ထားပြီး
ဘီလူးစည်း လူစည်းကမ်းအရ သူပိုင်းနက်ထဲ ထူဆန်းသည်
မိန်းမလှသစ်ပင်ကြီးအား တွေ့မြင်၍,လာရောက်ကြည့်ရှု
ကြသူတွေကို ဘီလူးမ မာယာဖြင့်ညို့ယူဖမ်းစား သတ်ဖြတ်စားသောက်နေခြင်းဖြစ်လေ၏။

××××××××××××××××××××××××××××××××××××
ဟေး….နေခန့်ရေ အဆင်သင့်ဖြစ်နေပြီလားကွ,ငါတို့သွား
ကြရအောင်လေကွာ,,

အေး…ဟေ့,ဖြစ်နေပြီကွ,,လင်းအောင်ရ,,လာပြီ..လာပြီ

ုခြံဝကနေ လင်းအောင်အသံကြားလိုက်ရသည်နှင့် ကျွန်တော်နဲ့,,အကိုဖိုးဟန်လည်း အဆင်သင့်လုပ်ထားသည် ဒူး
လေး မြှားဗူး ၉လက်မဓါးမြှောင်တစ်ချောင်း ထမင်းထုပ်
တို့ကိုယူပြီး ရိုးမတောကြီးဆီသို့,ထွက်လာခဲ့ကြလေသည်။

ဟား…လင်းအောင် ကျင်သန်းနဲ့,စိန်တုတ်လည်းပါလာတာပဲ
များလှကြည်လားကွ,,လူတွေက,

အေး…များဆို..မနေ့က ရွာမြောက်ပိုင်းက တက်လူနဲ့ပေသီး
တောထဲ အမဲပစ်ဝင်သွားတာ ပြန်မရောက်လာကြလို့,ရွာလူ
ကြီးဦးရွှေမောင်းက ငါတို့ကို တောထဲဝင်ရင် သူတို့ကိုလိုက်
ရှာကြည့်ပေးပါဆိုလို့,,ခုလိုလူတွေများနေရတာပဲ နေခန့်ရေ,

ဟား….ဟုတ်လားကွ,,လင်းအောင်ရ,ပေသီးနဲ့တက်လူ ထက်ပျောက်ပြန်ပြီလား,

အေးကွ,,နေခန်ရ,ဘာဖြစ်တယ်မသိပါဖူးကွာ,ဒီရက်ပိုင်း
တောထဲဝင်တဲ့သူတွေ ပျောက်ပျောက်နေတယ်ကွာ,,

ကျွန်တော်တို့,လူစုလည်း ပဲခူးရိုးမတောကြီးထဲသို့ ဝင်ရောက်လာသည်နှင့်,ရိုးမတောကြီးအတွင်း ကျေးဌက်သံ
လေးတွေနှင့် တောအရိုင်းပန်းပွင့်လေးတွေမှာ သာယာလှပ
လို့နေပြီး စိတ်ကိုကြည်နူးပျော်ရွှင်လန်းဆန်းစေလေသည်။

ရိုးမတောကြီးအတွင်းသို့,ဝင်ရောက်လာသည်နှင့်,သား
ကောင်းမရှာတော့ပဲ လင်းအောင်က ထူးဆန်းသည် မိန်းမပုံ
ဆန်သစ်ပင်ကြီးဆီသို့,့တန်းသွားလေတော့၏။

ကျွန်တော်တို့,လူစုငါးယောက်သစ်ပင်ကြီးရဲ့,မလှမ်းမကမ်း
နားရောက်သည်နှင့်,

ဟော…ဟိုမှာ ငါတို့တွေ့ခဲ့တဲ့ သစ်ပင်ကြီးပဲနေခန့်,

ဟား….ဟုတ်တာပေါ့ဗျာ,သစ်ပင်ကြီးက တစ်ကယ့်မိန်းမလှ
တစ်ယောက်ပုံဆန်အတိုင်းဖြစ်နေပါပဲဗျာ,,အကိုဖိုဟန်းနဲ့
ကျွန်တော်လည်း ထိုမိန်းမလှပုံဆန်သစ်ပင်ကြီးကိုကြည့်
၍,အံသြနေကြတာပေါ့ဗျာ,,

ကျွန်တော်တို့,သစ်ပင်ကြီးနား အနီးကပ်သေချာကြည့်ရန်
သွားမည်အလုပ်

ဟင်း….ဟင်း…..ဟင်း….ကျွတ်….ကျွတ်….အား..ကျွတ်..
ကျွတ်..

ဟား…နေခန့်,ဒါမိန်းခလေးတစ်ယောက် ဒဏ်ရာတစ်ခုခုရ
နေလို့,ညည်းတွားနေတဲ့ အသံပဲကွ,,ငါတို့သေချာသွားကြည့်
ရအောင် ဘာဖြစ်နေတာလည်းမသိဖူးကွ,,

အေး…သွားကြည့်ကြတာပေါ့ကွာ,အခက်ခဲဖြစ်နေရင်းလည်းကူညီပေးလို့,ရတာပေါ့ကွာ,လင်းအောင်ရာ

ကျွန်တော်တို့လည်း အသံကြားရာ နေရာဆီသို့,သွားမည်
အလုပ် လူတစ်ယောက်အားတွေ့လိုက်ရသည်။

ဟား…ဟေ့ကောင်လင်းအောင် ဟိုမှာ ငါတို့ရွာက မုဆိုးငမိုး
မလား သူလည်းအမဲလာပစ်ရင်း ဒီနားရောက်လာတာဖြစ်
မယ်ကွ,,

အေး..ဟုတ်တယ်ကွ,,နေခန့်ရ,

ကျွန်တော်တို့လည်း ငမုိးအနားကို လျှောက်လာကြရင်း..

ဟင်း….ဟင်း….အား….ကျွတ်…ကျွတ်..အကိုရယ်..ညီမကို
ကူညီပေးပါအုံးနော် ညီမခြေထောက် ငုတ်ဆူးနေလို့ နုတ်
ပေးပါအုံးအကိုရယ်…ဟီး…ဟီး…အဟင့်..အဟင့်..ညီမခြေ
ထောက်လေးတော့,သွားပါပြီအကိုရယ်……..

ဆွဲဆောင်မှုအားကောင်းပြီး သနားစရာငိုနေသောမိန်းခလေး
တစ်ယောက်အသံကို ကြားလိုက်ရသည် ကျွနိတော်တို့လူစု
တောင် ထိုမိန်းခလေ့းသံလေးကို ဆွဲလမ်းမိသွားကြလေ၏။

အသံကြားရာကြည့်လိုက်တော့, တောင်သရက်ပင်ကြီး
အောက် အစိမ်းရောင်ဝမ်းဆက်လေး ဝတ်ဆင်ထားပြီး ခေါင်းမှာ ဝါးခမောက်လေးကိုဆောင်းထားသည် အရမ်းချောမောလှပသည် မိနိးမပျိုလေးအားတွေ့လိုက်ရလေ၏။

ထိုမိန်းမလှပျိုလေးနားတွင် ငမိုးမှာထိုင်ရငိး မိန်းမလှပျို
လေးခြေထောက်တွင် ဆူနစ်နေသော သစ်ငုတ်ကိုနုတ်ပေးရန် ခြေထောက်လေးအား ကိုင်ထားရင်း ကျောက်ရုပ်
တစ်ရုပ်လို့ မလှုပ်မခတ်ဖြစ်နေလေသည်။

ဟား….လငိးအောင်ဒါ သွေးရိုးသားရိုးတော့မဖြစ်နိုင်ဖူး ငါ
တို့ဒီက သေချာစောင့်ကြည့်နေရအောင် ဘာဆက်ဖြစ်မလည်းလို့,

ကျွန်တော်တို့ လူစုစောင့်ကြည့်ေိတုန်းမှာပဲ ထိုမိန်းမလှပျို
လေးမှာ ချောမောလှပတဲ့အသွင်ပျောက်ပြီး ကြောက်စရာ
အရမ်းကောင်းသည် ပုံဆန်ကြီးဖြစ်လာလေပြီး ရယ်မော၍
ငမိုး ရင်ကို လက်သည်းအရှည်ကြီးတွေဖြင့် ထုိးခွဲချလိုက်
ပြီး အူတွေအသည်းတွေကို သွေးသရဲရဲသံသရဲရဲ ဖြုတ်ယူ
စားနေလေ၏။

ဟီး…..ဟီး…..ခစ်….ခစ်…..ခစ်…..ဘယ်လိုလည်း ငါဘီလူး
မ မာယာစက်ကွင်းအောက် ငါပိုင်နက်ထဲမှာ နင်တို့လူသားတွေ ဆင်းသက်ရပြီမလား..ခစ်….ခစ်…..ခစ် ….ဟီး…..
​….ဟီး…..ဟီး….ဟား…..ဟား….

အား……အား….အ…အ..

ငမုိးမှာ နာကျင်စွာခံစားရင်း အသက်ပျောက်သွားလေ၏။

ဟား…..ဟေ့,ကောင်နေခန့်,ငါတို့ပြေးမှ,ရတော့မယ်ကွ,ဒါ
ဒါ……ဒီဘီလူးမ ပိုင်နက်တဲ့ကွ,,ငါတို့ပါ ငမိုးလိုဒုက္ခရောက်
ကုန်ကြမယ်ကွ,,

ဘာပြောကောင်းလိုက်မလည်းဗျာ, ဒီလောက်ကြောက်စရာ
ကောင်းတဲ့ပုံဆန်ကြီးနဲ့ လူကိုအရှင်လက်လက် ရင်ခွဲအူတွေ
အသည်းနှလုံးကို အစိမ်းလိုက်ကြီး ဖြုတ်၍,သွေးသရဲရဲသံ
သရဲရဲကိုက်စားနေတဲ့ ဘီလူးမကြီးကိုကြည့်ပြီး ရွာရောက်
တဲ့ထိ ရှေ့ဆုံးကအပြေးသမားက ကျွန်တော်ပေါ့ဗျာ,,

အနောက်မှာတော့ ဘီလူးမရယ်မောသံကြီးတွေက ကျယ်လောင်စွာနဲ့ ကျန်နေခဲ့တော့တာပေါ့ဗျာ,

ရွာရောက်တော့အမောတွေတောင်စို့တယ် တော်သေးတာပေါ့ဗျာ,ရိုးမတောနဲ့ ကျွန်တော်တို့ရွာက ၃မိုင်လောက်ပဲဝေး
လို့,ပေါဗျာ, ရွာရောက်တော့ ကျွန်တော်တို့လူစုလည်း ရိုးမ
တောထဲ ဖြစ်ပျက်ခဲ့တာတွေကို ရွာကလူတွေကိုပြောပြပြီး
နောက်ဆို ရုိးမတောနက်ထဲက မိနိးမလှပုဆန်ဖန်ဆင်းထားတဲ့ ထူးဆန်းတဲ့ သစ်ပင်ကြီးနား ဘီလူးမပိုင်နက်ထဲ
တစ်ယောက်မှ မသွားရဲကြတော့ဖူးပေါဗျာ,,

မိန်းမလှပုံဆန်သစ်ပင်ကြီးနဲ့ မာယာများတဲ့ ဘီလူးမအကြောင်းကိုတော့ ကျွန်တော်တို့တစ်သက် မေ့မရနိုင်အောင်
ဖြစ်နေတော့တာပေါ့ဗျာ,,

ပြီး

*ရှိုင်း*

*စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်*

*၂၁ကြိမ်မြောက်ရေးသားဖော်ပြသည်*

*အမှားတွေလိုအပ်ချက်တွေရှိနေပါသဖြင့် စာဖတ်သူတွေအနေနဲ့ ထိုမှားတွေလိုအပ်ချကိတွေကို ပြန်လည်ပြင်ဖတ်ပေးကြပါလို့,တောင်းပန်ပရစေ စာဖတ်စူအပေါင်း စိတ်ချမ်း
သာ ကိုကျန်းမာနဲ့ နေုနိုင်ကြပါစေလို့ ကျွန်တော် ရှိုင်း ကဆု
တောင်းပေးလိုက်ပါတယ်*

စာရေးပြီးတင်ချိန် 5:45.p.m

3.10.2021. တနင်္ဂနွေနေ့

Leave a Reply

Your email address will not be published. Required fields are marked *