July 30, 2025
Uncategorized

ဖုတ်ဝင်သွားတဲ့ ကိုယ်ဝန်သည်[စ/ဆုံး]

ဖုတ်ဝင်သွားတဲ့ ကိုယ်ဝန်သည်[စ/ဆုံး]
——————————————-

လူတို့နေထိုင်ရာဒေသအသီးသီးတွင် သူတို့ ယုံကြည်ရာ ကိုးကွယ်ခြင်းများ ရိုးရာအစဉ်အလာအရ လိုက်နာရသည့် ဓလေ့ထုံးတမ်းများရှိကြလေသည်။

အချို့သောနေရာများတွင် အစဉ်အလာများကို မလိုက်နာဘဲဆန့်ကျင်မိသူတို့သည်မမျှော်လင့်ဘဲ ကျရောက်လာသော ဒုက္ခများကိုတွေ့ကြုံရလေ၏။ အချို့သည်လည်းမတူညီသောအယူအဆတို့ကြောင့် မှားယွင်းရာမှ ဒုက္ခရောက်ကြရလေတော့ ၏။

ယခုကျွန်တော်ရေးသားမည့်အကြောင်းကတော့ လွန်ခဲ့တဲ့အနှစ်၂၀ကျော်လောက်ကရှမ်းပြည်နယ်တောင်ပိုင်းဒေသတစ်ခုမှာတာဝန်ထမ်းဆောင်ခဲ့သည့် ဦးလေးတော်စပ်သူ အငြိမ်းစားဗိုလ်မှူ း တစ်ဦးပြောပြခဲ့တဲ့ဖြစ်ရပ်မှန်လေးတစ်ခုပါခင်ဗျာ။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိနောင်အိုင်းကျေးရွာလေးသည်အိမ်ခြေ၁၅၀ခန့်ရှိသော ရွာလေးတစ်ရွာဖြစ်ပြီးရှမ်း လားဟူ ကယန်း လီရှောအစရှိသည့်လူမျိုးစုံနေထိုင်လျှက်ရှိသည်။

ရွာသူရွာသားတို့အများစုမှာအခြားဘာသာ ကိုးကွယ်ကြသူများဖြစ်ပြီးဗုဒ္ဓဘာသာကိုးကွယ်သူကအနည်းငယ်သာရှိသည်။မြို့နှင့်လည်းအလှမ်း ဝေးကွာပြီးလမ်းပန်းဆက်သွယ်ရေးခက်ခဲသည်။

တစ်ရက်ရွာထဲမှအခြားဘာသာကိုးကွယ်သူလီရှောအမျိုးသမီးကိုယ်ဝန်သည်တစ်ဦးသည်မီးဖွားရာ ကောင်းမွန်စွာမဖွားနိုင်ဘဲ သေဆုံးသွားခဲ့ရသည်။

ထိုကိုယ်ဝန်ဆောင်အမျိုးသမီးကိုသူတို့ကိုးကွယ်သည့်ဘာသာထုံးတမ်းအတိုင်း သင်္ဂြ ိုဟ်ပေးလိုက်ကြ ၏။ သို့သော်လည်းမှားယွင်းမှုတစ်ခုကို သူတို့သတိ မပြုခဲ့မိသောကြောင့် မကြာမီမှာပင် ဒုက္ခဆိုးတစ်ခုကျရောက်လာခဲ့လေတော့သည်။

ညအချိန်တွင်ခွေးအူသံများဆူညံစွာကြားရပြီး မနက်လင်းလျှင်မွေးမြူထားသည့်ကြက်ဘဲ အစရှိသည်တို့ပျောက်ဆုံးလာခဲ့ကြလေ၏။ ထိုမှတစ်ဆင့်၂ပတ်ခန့်ကြာသောအခါခွေးဝက်ဆိတ်အစရှိသောအိမ်မွေးတိရစ္ဆာန်များကောင်းကောင်းသားကနေသေဆုံးလာတတ်ကြ၏။

အဆိုးဆုံးမှာရွာထဲမှလူများသည်ဖျားနာခြင်း သွေးဝမ်းသွားခြင်းတို့ကြောင့်သေဆုံးမှုများရက်ဆက်ဖြစ်ပေါ် လာခြင်းပင်ဖြစ်သည်။

ဆက်ခါဆက်ခါသေဆုံးမှုများဖြစ်လာသည့်အခါ လူသေများကိုအခေါင်းဖြင့်ပင်ထည့်မမြှုပ်နိုင်တော့ပဲဖျာနှင့်လိပ်ကာသင်္ဂြ ိုဟ်ရ၏။သင်္ချ ိုင်းတွင်လည်း အသုဘချထားသည့်မြေပုံများတဖြည်းများပြားခဲ့ရသည်။

ရွာသားများမှာလည်း မကြာခဏ သေဆုံးမှုများဖြစ်ပေါ်လာသည်ကတစ်ကြောင်း လမ်းပန်းဆက်သွယ်မှုကခက်ခဲသည့်အတွက် ကူညီပေးမည့်အားကိုးရာမဲ့နေသည်ကတစ်ကြောင်းကြောင့်များစွာထိတ်လန့်ပြီးစိတ်အားငယ်ကြရလေ၏။

ထိုရွာသို့လုံခြုံရေးဆောင်ရွက်နေသည့် ဗိုလ်ကြီးအောင်နိုင်၏တပ်ခွဲဝင်ရောက်လာခဲ့လေသည်။ သူတို့သည်ရွာတွင်ဖြစ်ပျက်နေသောကိစ္စများ ကိုစုံစမ်းပြီးနေမကောင်းဖျားနာနေသူတို့ကိုပါလာ သောဆေးဝါးတို့ဖြင့်ကုသပေးသည်။

သို့သော်သေဆုံးမှုတို့က ရပ်မသွားချေ။ ညအချိန်ခွေးအူသံများခြောက်ခြားဖွယ်ရာကြားရပြီးတစ်ရွာလုံးတိတ်ဆိတ်နေသည်။

မနက်ခင်းတစ်ခုတွင်ဗိုလ်ကြီးအောင်နိုင်သည်
အတွေ့အကြုံများစွာရှိသည့် တပ်ခွဲတပ်ကြပ်ကြီး လှရွှေကိုခေါ်ယူပြီး-

“ဆရာကြီးဒီရွာကဘယ်လိုတွေဖြစ်နေတာလဲ လူတွေကဆက်တိုက်ကိုသေနေတာ အဲဒီလိုအဖြစ်အပျက်တွေတစ်ခါမှကျွန်တော်မကြုံဖူးခဲ့ဘူး ထူးဆန်းနေသလိုပဲခင်ဗျား စုံစမ်းကြည့်တာ ရောအခြေအနေသိရပြီလား”

“ကျွန်တော်စုံစမ်းကြည့်လို့ရသမျှကတော့သူတို့အမှားအယွင်းတစ်ခုလုပ်ထားလို့ပဲထင်တယ် ဗိုလ်ကြီး”

“ဘယ်လို အမှားအယွင်းလဲ ဆရာကြီး”

“သူတို့သင်္ချ ိုင်းမှာလုပ်ထားခဲ့တယ်လို့ထင်တယ်”

“ဘယ်လို…သင်္ချ ိုင်းမှာဟုတ်လား”

“ကျွန်တော်အရင်တုန်းကဒီလိုအဖြစ်တစ်ခုကြုံခဲ့ဖူးတယ်ဗိုလ်ကြီး အဲဒီတုန်းကတော့ လူတွေသေပါများ လို့ရွာပါဖျက်ပြေးကြရတဲ့အထိဆိုးဝါးခဲ့တယ်”

ထိုစဉ်မှာပင်ညကကင်းလှည့်ပြန်လာသောတပ်ကြပ်တင်ရွှေ ရောက်လာပြီး-

“ဗိုလ်ကြီးမနေ့ကစမှောင်ခါစအချိန်လောက်တုန်း က ရွာသင်္ချ ိုင်းဘက်ကနေ အလင်းတန်းတစ်ခု ရွာဘက်ကျလာတာတွေ့လိုက်ရတယ်။ အဲဒါထူးဆန်းနေလို့ကျွန်တော်တို့သင်္ချ ိုင်းနား သွားပြီးစောင့်ကြည့်နေကြတယ် မနက်စောစော အရုဏ်မတက်ခင်မှာလည်းရွာဘက်ကနေအလင်းတန်းတစ်ခုထွက်လာပြီးသင်္ချ ိုင်းထဲကျလာတာတွေ့ရတယ်”

“ဘယ်လို အလင်းတန်းတွေ့ရတယ်ဟုတ်လား
ဒါဆိုငါတို့အဲဒီကိစ္စကိုဖော်ထုတ်ရမှာပဲ ဆရာကြီး
လာဗျာ ရွာထဲကလူကြီးအိမ်ကိုသွားပြီး
ဖော်ထုတ်ဖို့တိုင်ပင်ကြည့်ရမယ်”

ရွာလူကြီးအိမ်တွင်သူတို့ထိုကိစ္စပြောပြကြသော အခါဘာသာခြားဖြစ်သောရွာလူကြီးက ရယ်မောပြီး-

“ဗိုလ်ကြီးတို့ဆရာကြီးတို့ပြောတဲ့ ကျွန်တော်တို့ရွာကလူတွေသေတာ သရဲက စားတယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဗျ ဒီရွာမှာသရဲဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူး ဒီကလူတွေကရောဂါ ကြောင့် သေနေကြတာပါဗျာ”

ဗိုလ်ကြီးအောင်နိုင်ကရွာလူကြီးစကားကို
ရုမစိုက်တော့ဘဲ

“ဒီရွာမှာပယောဂဆရာမရှိဘူးလားပယောဂဆရာကိုကျွန်တော်တို့လိုချင်တယ် အဲဒီအခါကျမှ ကျွန်တော်တို့ပြောတာဟုတ်မဟုတ် ဆုံးဖြတ်ပေါ့ဗျာ”

ရွာလူကြီးကပယောဂဆရာ ဒီရွာမှာမရှိကြောင်း လိုချင်ပါက တစ်ခြားရွာသို့သွားရောက်ခေါ်ပေး မည်ဖြစ်ကြောင်းပြောကြားလေ၏။ ရွာလူကြီးသည်ရွာသားတစ်ယောက်ကိုချက်ချင်းပင် တစ်ခြားရွာသို့ ပယောဂဆရာသွားခေါ်ရန် စေလွှတ်လိုက်သည်။

ဗိုလ်ကြီးအောင်နိုင်တို့အဖွဲ့သည်လည်း ပယောဂဆရာအလာကိုစောင့်ဆိုင်းနေကြ၏။

နေ့လယ်၂နာရီအချိန်ခန့်တွင်အခေါ် လွှတ် လိုက်သောရွာသားနှင့်အတူပယောဂဆရာရောက်ရှိလာခဲ့၏။ ပယောဂဆရာကြီးသည် ဗိုလ်ကြီးအောင်နိုင်နှင့်ခွဲတပ်ကြပ်ကြီးလှရွှေတို့ပြောပြသည်များကိုနားထောင်ပြီး-

“”အင်း..အချိန်သိပ်မရှိဘူး ဒီနေ့နေမဝင်ခင်သူ့ကိုအပြီး
အပိုင်နှိမ်နင်းရမယ်။နေရောင်ကျသွားရင်သူ့အားတွေပြန်ပြည့်
လာပြီးကိုနှိမ်နင်းဖို့ပိုခက်သွားလိမ့်မယ်။မြန်မြန်လေးသာသွား
ကြစို့””

ဗိုလ်ကြီးအောင်နိုင်တို့သည်တပ်စိတ်တစ်စိတ်နှင့်ရွာသားအချို
ကိုဓါးပေါက်ပြားယူစေပြီးသင်္ချ ိုင်းဘက်သို့ထွက်လာခဲ့တော့၏
ဘာသာခြားရွာလူကြီးကိုလည်းဟုတ်မဟုတ်ဆုံးဖြတ်နိုင်ရန်
လိုက်ပါလာစေခဲ့သည်။သင်္ချ ိုင်းသို့ရောက်သောအခါပယောဂ
ဆရာသည်သဂြိုလ်ထားသောမြေပုံများအုတ်ဂူများကိုတစ်ခုခြင်း
လိုက်ကြည့်လေသည်။ထိုနောက် အပေါ်တွင်မြက်ပင်များပေါက်
နေသောမြေပုံတစ်ခုရှေ့တွင်ရပ်ကာ-

“”ဒီလူသေတာဘယ်လောက်ကြာပြီလဲ””

“”၂လလောက်တော့ရှိပါပြီဆရာကြီး””ဟုရွာသားတစ်ယောက်က
ဖြေသည်။၂လလောက်ရှိပြီဆိုသည့်မြေပုံသည်အခြားမြေပုံများ
ကဲ့သို့အောက်သို့ကျွံကျပျက်စီးခြင်းမရှိပေ။အပေါ်မှမြက်ပင်များ သာပေါက်လာသည်ကလွဲ၍ပုံမပျက်သေးချေ။ပယောဂဆရာ
ကြီးသည်အိတ်ထဲမှဆေးစီရင်ထားသည့်ကြိုးများထုတ်၍မြေပုံ
ပတ်လည်တွင်တိုင်များစိုက်ပြီးစည်းတားလိုက်သည်။ထို့နောက်
ရွာသားတို့အား ပေါက်ပြားဖြင့်ထိုမြေပုံကိုတူးစေသည်။မြေဖို့
ထားသောမြေကြီးများအောက်မှခေါင်းတလားတစ်လုံးပေါ်လာ
သည်။

ခေါင်းတလားကိုကြိုးများဖြင့်ဆိုင်း၍အပေါ်သို့ဆွဲယူမတင်
ကြ၏။အပေါ်သို့ရောက်လျှင်ပယောဂဆရာကြီးကအခေါင်းအ
ဖုံးကိုဖွင့်ခိုင်းလိုက်ရာမသတီစရာတွေ့ရမည့်အစားအံ့သြစရာ
ကိုတွေ့လိုက်ကြရ၏။အထဲကအလောင်းသည်ကိုယ်ဝန်ဆောင်
အမျိုးသမီးဖြစ်ပြီးပုပ်ပွပျက်စီးခြင်းမရှိပဲပကတိအသားအရေအ
တိုင်းပင်ဖြစ်၏။လက်သည်းများရှည်ထွက်နေ၍ပါးစပ်တွင်လည်း
သွေးများပေကျံလျှက်ရှိ၏။အခေါင်းထဲတွင်လည်းကြက်မွှေးများ
ဘဲမွှေးများရှုပ်ပွနေသည်။ဆရာကြီးကထိုအမျိုးသမီး၏ပါးစပ်ကို
ဖြဲကြည့်လိုက်သောအခါအစွယ်ရှည်ရှည်တို့ကအဖွေးသားနဲ့
ဖြစ်နေလေ၏။

“”ဟာ””

“”ဟင်””

“”အမလေး အစွယ်တွေနဲ့””

“”ဘယ်လိုဖြစ်တာပါလိမ့်””

မြင်ရသူအားလုံးအံသြထိတ်လန့်ကုန်ကြသလိုရွာလူကြီးသည်
လည်းများစွာမျက်နှာပျက်သွား၏။ဆရာကြီးက-

“”ဒီအနားမှာဝါးပင်ရှိရင် ခုတ်ယူလာခဲ့။ခုတ်တဲ့အခါမှာခပ်စောင်း
စောင်းအချွန်ဖြစ်အောင်တစ်ချက်တည်းနဲ့ပြတ်အောင်ခုတ်ခဲ့ပါ။
ပြီးတော့ဓါးထက်ထက်တစ်ချောင်းရယ် ထင်းပုံကြီးကြီး၂ပုံ
ရယ်မြန်မြန်လိုချင်တယ်အချိန်သိပ်မကျန်တော့ဘူး။မြန်မြန်သာ
လုပ်လိုက်ကြ””

ရွာသားများနှင့်စစ်သားများဆရာကြီးပြောသည့်အတိုင်းအမြန်ဆုံးလုပ်ဆောင်ကြလေတော့၏။မကြာမီမှာပင်ထင်းပုံကြီး၂ခုလည်းပုံပြီးသွား၏။ အသွားထက်သောဓါးတစ်ချောင်းနှင့်ဝါးအချွန်တစ်ခု
လည်းရောက်ရှိလာခဲ့လေသည်။ဆရာကြီးကရွတ်ဖတ်စရာရှိ သည်များကိုရွတ်ဖတ်နေသည်။ပြီးသည်နှင့်ဝါးချွန်ကိုကိုင်ကာ
ဖုတ်ဝင်နေသောကိုယ်ဝန်ဆောင်အမျိုးသမီး၏ ရင်ဝကိုဆောင့် ထိုးချလိုက်လေရာရဲရဲနီနေသောသွေးများမြင်မကောင်းအောင်
ပန်းထွက်လာ၏။ဆရာကြီးက-

“”ရပြီ ခုဏကယူခိုင်းတဲ့ဓါးနဲ့သူ့ဗိုက်ခွဲပြီးအထဲကကလေးကို
ရအောင်ထုတ်ယူပါ။ပြီးရင်အဲဒီကလေးကိုပါ ဓါးနဲ့အပိုင်းပိုင်းဖြစ်
အောင်ခုတ်လိုက်။ခွဲတဲ့အခါ တစ်ချက်တည်းနဲ့ပြီးအောင်ခွဲပါ””

ဗိုက်ကိုခွဲလိုက်သောအခါတွင်လည်းသွေးများမြင်မကောင်း
အောင်ထွက်လာ၏။ကလေးကိုလည်းထုတ်ယူပြီးဓါးနှင့်အပိုင်း
ပိုင်းဖြစ်အောင်ပိုင်းသောအခါ၌သွေးများပန်းထွက်၏။ပြီးသည်နှင့်
အလောင်းနှစ်ခုကို ထင်းပုံတစ်ခုစီတွင်တင်ကာမီးရှို့ပစ်လိုက်
ကြတော့၏။အားလုံး ပြာကျသည့်အထိမီးနှင့်ရှို့ကာကိစ္စအား
လုံးပြတ်မှရွာသို့ပြန်လာခဲ့ကြ၏။ပယောဂဆရာကြီးသည်
ရွာလူကြီးအား –

“”ရွာထဲကလူတွေသေသေနေတာသူကညဘက်ထွက်ထွက်ပြီး
စားနေတာလေ။သူကဖုတ်ဘီလူးအဆင့်ကိုရောက်တော့မှာ။
သူကြီးတို့ကသင်္ဂြ ိုလ်ကတည်းက သူ့ဗိုက်ထဲကကလေးကို
ခွဲထုတ်ပြီးတစ်ခြားစီမသင်္ဂြ ိုလ်ပဲဒီအတိုင်းသင်္ဂြ ိုလ်တော့အခု
လိုပြဿနာတွေဖြစ်လာတာပေါ့။သူ့ပါးစပ်အစွယ်တွေမေးစေ့
အထိရှည်လာရင်ဖုတ်ဘီလူးဖြစ်ပြီ။အဲဒါဆိုကျုပ်လည်းမနိုင်
တော့ဘူး။ဘယ်ဆရာနဲ့မှလည်းမနိုင်တော့ဘူးဗျို့။အခုတော့
အားလုံးပြီးသွားပါပြီ ဘာမှမပူကြပါတော့နဲ့””

ထိုနေ့ညကခွေးအူသံများလည်းမကြားရတော့ပဲအားလုံးကောင်း
မွန်စွာအိပ်စက်နိုင်ကြ၏။သို့သော်ဗိုလ်ကြီးအောင်နိုင်ကတော့
အိပ်မက်ဆိုးတစ်ခုကိုမက်နေ၏။အိပ်မက်ထဲတွင်ကိုယ်ဝန်ဆောင်အမျိုးသမီးသည်သွေးသံရဲရဲနှင့်အပိုင်းပိုင်းဖြစ်နေသော
ကလေးငယ်ကိုပိုက်ထားပြီးဗိုလ်ကြီးအောင်နိုင်ကိုလက်ညှိုးဖြင့် ငေါက်ငေါက်ထိုးကာ…

“”နင်တို့ရောက်လာလို့ငါအကုန်လုံးကိုမစားရတော့ဘူး
ဘာမှန်းမသိတဲ့အကောင်ကိုခေါ်လာပြီးတော့ ငါ့ကလေးကို
လည်း ဒီလိုဖြစ်အောင်ရက်ရက်စက်စက်လုပ်ပစ်တဲ့နင်တို့ကို
ငါဘယ်တော့မှမကျေနပ်ဘူး””

ထိုသို့ပြောဆိုနေစဉ်မှာပင်ခက်ရင်းခွအရှည်များကိုင်ထားသည့်
အမည်ရောင်ဝတ်လူကြီး၂ဦးပေါ်လာကာထိုအမျိုးသမီးအားတ
ဘက်စီမှဆွဲပြီးမီးထဲသို့အတင်းဆွဲခေါ်သွားကြလေသည်။အမျိုး
သမီးမှာငယ်သံပါအောင်အော်ဟစ်ရင်းလူကြီး၂ယောက်နှင့်အတူ
မီးထဲတွင်ပျောက်ကွယ်သွားလေတော့၏။

မနက်လင်းသောအခါ ဗိုလ်ကြီးအောင်နိုင်ဆီသို့ ရွာလူကြီးရောက်လာကာ-

“ဗိုလ်ကြီးတို့ပြောတာကိုအစက မယုံဘူးဗျာ အခုလက်တွေ့့မြင်ရတော့မှ ယုံတော့တာ အခုလိုဒုက္ခကနေလွတ်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့အတွက်လည်း အများကြီးကျေးဇူးတင်ပါတယ်”

“ရပါတယ်ဗျာ ခင်ဗျားတို့ကကြုံမှမကြုံဘူးသေးတာကိုဗျ။
အခုကြုံဘူးသွားတာပေါ့ဗျာ မဟုတ်ဘူးလား”

“ဟားဟားဟား ဟုတ်တာပေါ့ဗိုလ်ကြီးရာ ဗိုလ်ကြီးတို့သာ ရောက်မလာခဲ့ရင် တစ်ရွာလုံးသရဲစားလို့သေရင်သေ မသေရင်
ရွာပါဖျက်ပြီးပြေးရတော့မှာပဲဗျ”

ရွာလူကြီးပြန်သွားပြီးနောက် တပ်ခွဲတပ်ကြပ်ကြီး လှရွှေ ရောက်လာသည့်အတွက် လူမမာများအခြေအနေမေးကြည့်ရာ အားလုံးသက် သာလာကြောင်းသိရသဖြင့်ဝမ်းသာမိသည်။ညက
အိပ်မက်အကြောင်းပြောပြရာတပ်ခွဲတပ်ကြပ်ကြီးလှရွှေက-

“”ဗိုလ်ကြီးရေ အဲဒါဘာမှစိတ်ထဲထားမနေနဲ့ကျွန်တော်တို့က စစ်သားတွေပဲ လုပ်သင့်လုပ်ထိုက် တာမို့လုပ်တာပါ ဒီအတိုင်း မသိချင်ယောင်ဆောင် နေရင် သူ့အတွက်လည်းအကုသိုလ်ပိုများနေဦးမှာ လူတွေလည်းဒုက္ခအများကြီးရောက်မှာလေ”

“အေးဗျာ အဲဒါတော့ဟုတ်တယ် ဒါနဲ့ဘာဖြစ်လို့
ကိုယ်ဝန်ဆောင် သေတဲ့အခါ တခြားစီ ခွဲမမြှုပ်ရင် ဖုတ်ကောင်ဖြစ်ရတာလဲ”

“အဲဒါတော့ကျွန်တော်ကြားဖူးတာကဗိုက်ထဲကကလေးကိုမိခင်နဲ့တခြားစီ မခွဲဘဲမြေမြှုပ်သင်္ဂြ ိုဟ် လိုက်ရင်မိခင်ရဲ့လိပ်ပြာကပူးနေ့တဲ့အတွက်ကလေးကလည်းသရဲဖြစ်သွားရောတဲ့ ကလေးကိုစွဲလမ်းပြီး သေလို့သူ့အမေကလည်းသရဲဖြစ်ပြီးကလေးကို အစာရှာကျွေးတတ်တယ်တဲ့ဗျ။အဲဒါကြောင့်တခြားစီ ခွဲမြှုပ်ရတာလို့အယူအဆရှိခဲ့တာပေါ့။

အခုသူတို့က အဲဒီလိုမှမသိဘဲဒီအတိုင်းသင်္ဂြ ိုဟ်လိုက်လို့့ဖုတ်သရဲဖြစ်သွားပြီး ရွာကလူတွေဒုက္ခကြုံရတာပေါ့ ဗိုလ်ကြီးရာ ဒါကြောင့်ရှေးထုံးလည်းမပယ်နဲ့စျေးသုံးလည်းမကြွယ်နဲ့လို့စကားပုံရှိခဲ့တာပေါ့ဗျာ”

အတွေ့့အကြုံဗဟုသုတကြွယ်ဝသည့်စစ်သားအိုကြီး၏ ပြန်လည်ပြောပြမှုကို ဗိုလ်ကြီးအောင်နိုင်တစ်ယောက်ဗဟုသုတအဖြစ် မှတ်ယူရင်း ဘယ်လောက်ပဲခေတ်မီ တိုးတက်နေပါ စေ ရှေးလူကြီးများပြောဆိုကျင့်သုံး လိုက်နာခဲ့သော ဓလေ့ထုံးတမ်းများကိုလည်းပစ်ပယ်၍မရကြောင်းနားလည်သဘောပေါက်လိုက်လေသည်။

( ပြီး )

အားလုံးကိုချစ်ခင်လေးစားလျက်

Credit – Nay Myo Aung ✍

Leave a Reply

Your email address will not be published. Required fields are marked *