————————
“သန်းသန်းရေ နင့်သား ရဲ့ ချစ်သူ ဆိုတဲ့ ကောင်မလေး အိမ်ရောက်နေတယ် ၊ နင့်သားအနောက် ကို လိုက်လာတာ ၊ ရွှေစင် တဲ့ ”

ဒေါ်သန်းသန်းသည် အလုပ်က ပြန်ရောက်ရောက်ချင်း ယောင်းမဖြစ်သူ ဒေါ်ခင်မော် ၏ စကားကို ကြားတော့ ရင်ထဲ ပူပင်သွားမိသည် ။ ဒေါ်သန်းသန်း၏ ယောက်ျား ဒေါ်ခင်မော်၏ မောင်သည် ဒေါ်သန်းသန်းကို ကလေးနှစ်ယောက်နှင့်ထားခဲ့ပြီး နောက်မိန်းမယူသွားတာ ဖြစ်သည် ။ မောင်ဖြစ်သူက ဖောက်ပြန်သွားတာကြောင့် ဒေါ်ခင်မော်သည် ‌‌ေဲါ်သန်းသန်းအပေါ် အားလည်းအားနာ သနားလည်းသနား သည် ။ ထို့ကြောင့် ဒေါ်ခင်မော်ကတော့ ဒေါ်သန်းသန်းနှင့် အတူနေထိုင်ပြီး ဒေါ်သန်းသန်း၏ ကလေးနှစ်ယောက်ကို အတူပြုစုစောင့်ရှောက်ပေးခဲ့လေသည်။ ဒေါ်သန်းသန်း၏ သမီးကြီး သက်သက် က ဦးနှောက်ပိုင်းဆိုင်ရာ မကျန်းမာသော သူတစ်ယောက်ဖြစ်၍ ကျောင်းမနေရပေ။ သားငယ် ကျော်ကျော်ကတော့ ပညာရေးကို စိတ်မဝင်စားတာကြောင့် ၈ တန်းအထိသာ ကျောင်းနေခဲ့သည်။

အိမ်၏ ဝင်ငွေအတွက် ဒေါ်သန်းသန်းက ထမင်းဆိုင်မှာ အလုပ်လုပ်သည်။ ဒေါ်ခင်မော်က သူများအိမ်မှာ အိမ်အကူလုပ်သည် ။ သက်သက်က ဖရဲသီးရောင်းသည် ။ ကျော်ကျော်ကတော့ ကားဝပ်ရှော့ပ်မှာ အလုပ်လုပ်၏ ။ မိသားစုဝင်အားလုံး အလုပ်လုပ်ကြပေမဲ့ စားစရိတ်နှင့် အိမ်လခအတွက် လောက်ငှရုံသာ ရှိပြီး မပိုလျှံပေ ။ သက်သက် အူအတက်ပေါက်တုန်းက ဗိုက်ခွဲထားရသည့် ကုန်ကျစရိတ်လည်း အကြွေးတင်နေတာမို့ သူတို့ဆပ်နေရသေးသည်။ ဒေါ်သန်းသန်းသည် ကျော်ကျော် ကို သေချာမှာထားသည် ။

” ကျော်ကျော်ရေ ၊ သား … အမေတို့မှာ မင်းအစ်မ ဆေးရုံတက်ရတုန်းက ဗိုက်ခွဲတာ အကြွေး ၁၀ သိန်းလောက် တင်ထားတယ် ၊ အကြွေးလေး ကျေမှ သား အိမ်ထောင်ပြုချင်ပြုနော် ၊ သားမှာ ချစ်သူရှိနေတယ်လို့ အမေကြားတယ် ၊ အမေက မတားမြစ်လိုပါဘူး ၊ ဒါပေမဲ့ အကြွေးလေးကျေမှ သားယူမယ့် မိန်းမအတွက် ‌တင်တောင်းဖို့ စုပေးနိုင်မှာ ၊ လောလောဆယ် အမေတို့မှာ မရှိဘူး ၊ အကြွေးလေးကျေရင်တော့ သားလည်း သားရတာ သားစု ၊ အမေတို့လည်း ကူစုပေးမယ်‌ ”

ထိုအချိန်က ကျော်ကျော်သည် ဒေါ်သန်းသန်း၏ ဆန္ဒအတိုင်း လိုက်နာမည်ဟု ကတိပေးထားခဲ့သည် ။ သို့သော် ခုတော့ … ။

” အမေ ၊ သူက ချောင်းသာမြို့ကပါ ၊ သူက ဘွဲ့လည်း ရထားပြီးသား ၊ ပညာတတ်တစ်ယောက်ပါ ”
” အမေ့ချွေးမက ပညာတတ်ဖို့မလိုပါဘူးသား ၊ ကိုယ့်ကျင့်သိက္ခာကောင်းရင် ရပါပြီ ၊ ဒါပေမဲ့ ခု ပညာတတ်တယ်ဆိုတော့လည်း အမေက ဂုဏ်ယူရမှာပေါ့ ၊ ဒါပေမဲ့ အမေတို့မှာ သူ့မိဘတွေ ကျေနပ်နိုင်လောက်တဲ့ တင်တောင်းပစ္စည်းမျိုး ဘာမှမရှိဘူး သား ”

ဒေါ်ခင်မော်ရယ် ဒေါ်သန်းသန်းရယ် နှင့် ကျော်ကျော်တို့ သုံးယောက် ခေါင်းချင်းဆိုင်ကြရသည်။ ဒေါ်ခင်မော်က …

” သားရယ် ၊ သူက ဘာလို့ ဒီကို လိုက်လာရတာလဲ ၊ ချောင်းသာနဲ့ ဒီနဲ့ ဆိုတာ အဝေးကြီးလေ ၊ လွန်လွန်ကျူးကျူးတွေ ဖြစ်လို့ ဗိုက်ပေါ်လာပြီး ဖုံးမရဖိမရနဲ့ ဆို မပြောလိုပါဘူး ၊ ခု တော့ သားတို့က တစ်လနေတောင် တစ်ခါတွေ့ကြရတာ မဟုတ်ဘူး ၊ အမေမော်က သားတို့ကို မယူစေချင်လို့ပြောနေတာ မဟုတ်ဘူးနော် ၊ သူ့အနေနဲ့ သားဘက်က သူ့ကို ယူနိုင်တဲ့ အစွမ်းအစရှိပြီလား ဆိုတာ အရင်မေးသင့်တယ်လေ”

ကျော်ကျော်က ခေါင်းသာ ကုတ်နေသည် ။

” သားလည်း မမျှော်လင့်ထားပါဘူး အမေမော်ရယ် ၊ သူက မပြောမဆိုနဲ့ လိုက်လာတာ ၊ ဘာလို့လဲ လို့ မေးတော့ သူ့အိမ်နဲ့ ပြသနာဖြစ်လာလို့ လို့ပြောတယ် ”

ဒေါ်ခင်မော်ရော ဒေါ်သန်းသန်းရော သက်ပြင်းသာ ချမိကြလေသည် ။

” အမေရယ် တစ်ခုခု လုပ်ပေးပါဦး ၊ ကျွန်တော် သူ့ကို ပြန်ပို့လိုက်လို့လည်း မရတော့ဘူး ၊ သူ့မိဘတွေက သူ ကျွန်တော့်နောက်လိုက်လာတာကို သိသွားကြပြီ ”

ဒေါ်‌သန်းသန်းသည် စိတ်မောစွာနှင့် သက်ပြင်းရှည်ကြီးချလိုက်မိသည် ။

” အေးလေ ပြန်ပို့ရင် အမေတို့လည်း စိတ်ဓာတ်မကောင်းရာ ကျသွားမှာပေါ့ ၊ သူ့မိဘတွေနဲ့ အဆင်ပြေအောင်ပဲ ညှိကြရအောင် … ”

ဒေါ်ခင်မော်နှင့် ဒေါ်သန်းသန်းတို့က ရွှေစင်၏ မိဘများဆီ ဖုန်းလှမ်းဆက်ကြသည် ။ ကျော်ကျော်နှင့် ရွှေစင်က ဘေးမှာ အတူ ထိုင်နေကြ၏ ။

” ကျွန်မတို့သမီးက ဘွဲ့ရပညာတတ်လေ ၊ သိန်း ၅၀ လောက်မှ မတင်ရင် မပေးစားနိုင်ဘူး ”

ရွှေစင်၏ အမေက အထက်စီးက ပြောလာသည် ။ အဖေဖြစ်သူကတော့ ဘာမှဝင်မပြောပါ ။ အနားမှာတော့ ရှိနေမည် ထင်သည် ။

” အစ်မရယ် ကျွန်မတို့က လက်လုပ်လက်စားသမားတွေပါ ၊ သိန်း ၅၀ ကြီး ဘယ်လိုလုပ်တင်နိုင်မှာလဲ ၊ကျွန်မစိတ်ကူးထားတာက ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းလေး ကျွေး … ”
” အမယ်လေး ဘယ်ဖြစ်မှာလဲ ၊ ကျွန်မတို့မှာ ဒီသမီးတစ်ယောက်ပဲရှိတာ မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား လုပ်ပေးရမှာပေါ့ ”
” ကျွန်မ မလုပ်ပေးချင်လို့ ပြောနေတာ မဟုတ်ပါဘူး အစ်မရယ် ၊ လုပ်ပေးဖို့မတတ်နိုင်လို့ တောင်းဆိုနေရတာပါ … ၊ ပြီးတော့ ရွှေစင် က မပြောမဆိုနဲ့ ရောက်ချလာတော့ ၊ ကျွန်မတို့ ဘာမှပြင်ဆင်ချိန်မရဘူး ၊ ကျွန်မတို့မှာ အကြွေးလည်း ဆပ်နေရသေးပါတယ် ၊ အိမ်ကလည်း ငှားနေနေရတာပါ ”
” ဒီမှာ အဲ့တာ နင်တို့ကိစ္စလေ ၊ နင်တို့သား နဲ့ငါ့သမီးက အခု တစ်အိမ်တည်းနေနေပြီ ၊ ငါတို့ ကျေနပ်အောင် လုပ်ပေးရမှာပဲ … ”

ဒေါ်သန်းသန်းက စိတ်ဆင်းရဲသွားကာ ကျော်ကျော့်ကို လှမ်းကြည့်သည် ။ ရွှေစင်က မျက်စိမျက်နှာ ပျက်နေ၏ ။ ‌

” အဲ့ကောင်မကိုပဲ သ တ်ချင်တယ် ၊ ကိုယ့်အဆင့်အတန်းနဲ့များ အနုတ်စု တ် ဂုတ်စု တ်က ကောင်ကို ရွေးယူရတယ်လို့ ”
” ဒီမှာ အစ်မ ၊ ကျွန်မသားကို အဲ့လိုမပြောပါနဲ့ ၊ ကျွန်မ တို့က ဆင်းရဲပေမဲ့ သိက္ခာရှိရှိနေတာပဲ ”
” ဘာသိက္ခာလဲ ၊ မွဲပြာကျနေတဲ့ ဆင်းရဲသားတွေကများ ”

ဒေါ်ခင်မော်သည် စိတ်တို၍ ဒေါ်သန်းသန်း လက်ထဲက ဖုန်းကို ဆွဲယူလိုက်သည် ။

” ဟဲ့ ဒီမှာ ၊ နင့်သမီးကို ငါတို့သားက လှမ်းခေါ်တာ မဟုတ်ဘူးနော် ၊ နင့်သမီးဘာသာ လိုက်လာတာ ၊ ငါတို့ကို နင်ဒီလို ‌ပြောစရာ မလိုဘူး ၊ ငါတို့မတတ်နိုင်လို့ တတ်နိုင်တဲ့အနေအထားကို ပြောပြနေတာ ၊ နင်ဘာသာ မကျေနပ်လို့ မပေးစားနိုင်ဘူး ပြောနေလည်း နင့်သမီးက ဒီရောက်နေပြီ ၊ ငါတို့က မပေးစားချင် နေဆိုပြီး ပြန်ပို့ပေးလိုက်လို့ရတယ်နော် ၊ ငါတို့သား သိက္ခာကျမှာ စိုးလို့ ”
“ဟားဟား ၊ သိက္ခာကျမှာစိုးလို့ ဆိုပဲ ၊ ဒါဆို သိန်း ၅၀ တင်တောင်းပါတယ်ဆိုပြီး ပိုက်ဆံ သိန်း ၅၀ ယူပြီး သိက္ခာရှိရှိ လာခဲ့လိုက်လေ၊ မဟုတ်ရင်တော့ ရှင်တို့သားက သော က်ဖြစ်မရှိတဲ့ အနုတ်စု တ်ဂုတ်စု တ်ကောင်လို့ပဲ ကျွန်မက သ တ်မှတ်ရမှာပဲ ”

ဒေါ်ခင်မော်သည် အံကိုကြိတ်ကာ မခံချင်စိတ်နှင့် …

” အေး ရတယ် သိန်း ၅၀ တင်တောင်းမယ် ”
” အစ်မ … ”

ဒေါ်သန်းသန်းက ထိတ်လန့်စွာ ခေါ်တော့ ဒေါ်ခင်မော်က အသာနေဆိုသည့်သဘောဖြင့် လက်ကာပြသည် ။

” နင်ဖြစ်စေချင်တဲ့အတိုင်း မင်္ဂလာလည်းဆောင် ဆောင်ပေးမယ် ”

ဒေါ်ခင်မော်က ထိုသို့ပြောကာ ဖုန်းချပစ်လိုက်တော့ ရွှေစင်၏ မျက်လုံးများ အရောင်လက်သွားသည် ။ ဒေါ်ခင်မော် ဖုန်းချလိုက်တော့ ဒေါ်သန်းသန်းက ပြူးပြူးပြာပြာနှင့် …

” အစ်မရယ် ဘာလို့ အဲ့လိုပြောလိုက်တာလဲ ၊ ကျွန်မတို့ သိန်း ၅၀ ကြီး ဘယ်ကသွားရှာမှာလဲ ၊ မင်္ဂလာဆောင်ရင်လည်း ၂၀ ၊ ၂၅ သိန်းလောက်ကုန်မှာ ဘယ်ကပိုက်ဆံ ရမှာလဲ အစ်မရယ် ၊ စိတ်ညစ်ပါတယ် ”

ဒေါ်သန်းသန်းက စိတ်ပျ က်ညစ်ညူးစွာ ထိုင်ချရင်း ငိုချင်သွားသည် ။ ဒေါ်ခင်မော်သည် မခံချင်စိတ်နှင့်သာ မာနထားပြီး ပြောလိုက်ပေမဲ့ အပြီးသ တ်ကျတော့ ဘယ်လို လုပ်ရမှန်း မကြံစည်တတ်တော့ပါ။

ရေစက်ကုန်တဲ့နေ့ -အပိုင်း ၂
+
ဒေါ်ခင်မော်သည် အတော်တန်ကြာအောင် စဉ်းစားပြီးကာမှ ဒေါ်သန်းသန်း အနားသို့ကပ်ကာ …

” ဟဲ့ သန်းသန်း ၊ နင့် အစ်မတွေနေတဲ့ခြံက ဘိုးဘွားပိုင်ခြံဆို ၊ နင့်အမေအိုကြီး ဆုံးရင် အမွေရမှာမဟုတ်လား ”

ဒေါ်သန်းသန်းသည် ဒေါ်ခင်မော်ကို ထိတ်လန့်စွာ ကြည့်လိုက်မိ၏ ။ ဘိုးဘွားပိုင်ခြံ ဟုတ်ပေမဲ့ အဖေသာဆုံး၍ အမေက အသက် ၈၀ နှင့် သက်ရှိထင်ရှားရှိနေသေးတာမို့ အမွေမတောင်းရက်နိုင်ပါ ။ အမေ ဖြစ်သူ နေမကောင်းသည့်သတင်းကြားလျှင် နှုတ်၏ဆောင်မခြင်းသာ လုပ်ပေးနိုင်ခဲ့တာမို့ အမေ ဖြစ်သူထံ အမွေမတောင်းရက်ပါ ။ အမေဖြစ်သူသည် သတိလည်းမကောင်း၍ နှလုံးလည်း မကောင်းတာကြောင့် ခြံထဲမှာ ကျန်ခဲ့‌ေသာ တခြားမောင်နှမ များက စောင့်ရှောက်ထားရသည် ။ ဒေါ်သန်းသန်းက ယောက်ျားရကတည်းက ယောက်ျားဖြစ်သူ မြို့ကို လိုက်နေခဲ့တာကြောင့် အပြင်ရောက်သွားတာ ဖြစ်သည် ။ အလှမ်းဝေးသည့်မြို့မို့ အမေဖြစ်သူ ဆီတစ်နှစ်နေလို့တစ်ခါမရောက်ပါ ။ ခုချိန်ကျမှ အမွေလိုချင်၍ သွားလျှင် ‌တခြားမောင်နှမတွေက စိတ်ဆိုးကြမှာ ‌ေ သချာသည် ။

” အစ်မရယ် အမေမှ မဆုံးသေးတာ ၊ ကျွန်မ ဘယ်လိုလုပ်ပြီး အမွေတောင်းရမှာလဲ ”
” ဟဲ့ ဘာပဲဖြစ်ဖြစ် နင်ရစရာရှိတာပဲလေ ၊ နင့်အမေဆုံးရင်လည်း ရမယ့်အတူတူ ရစရာရှိတာ ခု ကတည်းက ကြိုတောင်းထားလိုက်တော့ ဘာဖြစ်လို့လဲ၊ ဒီက အခြေအနေကို ပြောပြလိုက်ပေါ့ ”

ဒေါ်သန်းသန်းသည် တွေဝေငေးမောစွာ စဉ်းစားကြည့်မိသည်။ မဖြစ်ပါ ။ “အမေတောင်မဆုံးသေးဘဲ အမွေတောင်းတယ်” ဆိုပြီး မောင်နှမတွေ ဝိုင်း အပြစ်တင်ကြမည့် အဖြစ်မျိုး အဖြစ်မခံရက်နိုင်ပါ။

ဒေါ်သန်းသန်း စားလည်း ဒီစိတ် အိပ်လည်း ဒီစိတ်ဖြင့် စားမဝင် အိပ်မပျော် ဖြစ်လာသည် ။ ရွှေစင် အိမ်ကို ရောက်နေတာလည်း တစ်လ ကျော်လာပြီ ။ ရွှေစင်၏ မိဘတွေကလည်း

“ဘယ့်နှယ်လဲ၊ ဘယ်မလဲ၊ သိန်း ၅၀ တင်တောင်းပြီး မင်္ဂလာဆောင်ပေးမှာဆို ” ဟု အတွင်တွင် ဖုန်းဆက်ပြီး ခနဲ့သည် ။ နှိမ်ကြသည် ။ ရွှေစင့်ဆီကိုလည်း ဖုန်းဆက်ပြီး ဆဲဆို အပြစ်တင်ကြတော့ ရွှေစင်က ကျော်ကျော့်ကို မဲတော့သည်။

” မောင် ၊မောင့်အဒေါ်ပြောတော့ ဆင်ဖမ်းမလေး ကျားဖမ်းမလေး ဆို ၊ ခုတော့ ရွှေစင်ရောက်နေတာ တစ်လ ကျော်လာပြီ ၊ ခု ထိ ဘာသံမှထပ်ထွက်မလာဘူး ၊ ဘယ်လိုလုပ်ပေးမှာလဲ ”

ကျော်ကျော်သည် စိတ်ညစ်၍ အမေဖြစ်သူဆီသာ အပူကပ်လေ၏ ။ ထိုအခါ ဒေါ်သန်းသန်း မတတ်နိုင်သည့်အဆုံးမှာ အစ်မတွေဆီကို ဖုန်းဆက်ရတော့သည်။

” ဟယ် သန်းသန်းရယ် အမေရှိနေသေးတယ်လေ ၊ အမေမရှိတော့လို့ ဒီစကားပြောတယ်ဆို ထားပါတော့ဟယ် ”

အစ်မအကြီးဆုံးက စိတ်မကောင်းစွာ ပြောလာတော့ ဒေါ်သန်းသန်း မျက်ရည်ဝဲမိသည် ။

” မမရယ် ငါလည်း ဒီဘက်မှာ အဲ့လိုအခြေအနေဖြစ်နေလို့ပါဟာ ”
” နင့်ယောင်းမက လျှာရှည်တာ သူဘယ်နှပြားရှာနိုင်လို့ သိန်း ၅၀ တင်မယ်ပြောရတာလဲ ၊ မင်္ဂလာပဲဆောင်မာ်ဆိုရင်တောင် ငါတို့ဝိုင်းကူပေးလို့ရသေးတယ် ၊ခုတော့ ”
” ဟုတ်တယ် မမရယ် ၊ ငါလည်း စိတ်ညစ်တယ် ၊ ပြောပြီးသားက ဖြစ်နေတော့ တခြား ပြောင်းပြီးပြန်ပြောရင် ငါတို့ကို ထပ်နှိမ်တော့မှာ ”

‌အစ်မအကြီးဆုံးက သက်ပြင်းသာ ချလေသည်။

” ငါတို့ မောင်နှမတွေက ၈ ယောက်လေ ၊ တစ်ယောက်ကို ပေ ၂၀ ပတ်လည်လောက်ပဲ ရမှာပေါ့ …. ၊ ရောင်းရင် ၁၀၀ လောက်ရမယ်ထင်တယ် … ”
“မမရယ် ငါရောင်းတော့ မရောင်းရက်ဘူးဟာ နင့်အသိတွေဆီမှာ ပေါင်ပေးကြည့်ပါလား ၊ ၇၀ လောက်ရရင် ငါကျေနပ်ပါတယ် … ”
” ဟယ် … ပေါင်တာကို ၇၀ လောက် ဘယ်ရမလဲ သန်းသန်းရယ် … ”
” ဘယ်လောက် ရမလဲဟာ ၊ ရသလောက်နဲ့သာ ပေါင်ပေးပါ … ”

တစ်ပတ်လောက်ကြာတော့ ခြံပေါင်တာ သိန်း ၄၀ ပေးသည်ဟု အစ်မကြီးဖြစ်သူက ဖုန်းဆက်လာသည် ။ ခြံအပေါင်စာချုပ်ကို ဓာတ်ပုံရိုက်၍ ဒေါ်သန်းသန်း၏ ဖုန်းထဲ Viber ကနေ လှမ်းပို့သည် ။

” သန်းသန်းရေ ၊ သူက အချိန် တစ်နှစ်ပေးထားတယ်နော် ၊ တစ်နှစ်အတွင်း ပြန်မရွေးနိုင်ရင် နင်ဆုံးမှာ ၊ နင်အဆင်ပြေပါ့မလား ”
” လောလောဆယ်တော့ ဒီဘက်ကို အဆင်‌ပြေအောင်အရင်လုပ်ရမှာပေါ့ မမရယ် ၊ ငါ ဆုံးတော့ မဆုံးချင်ဘူးဟာ ”

‌ေဒါ်သန်းသန်းသည် ခြံပေါင်၍ ရသော သိန်း ၄၀ ကို ၁၀ သိန်းချေးကာ ဖြည့်လိုက်ပြီး ထမင်းဆိုင်ကနေလည်း ပိုက်ဆံကြိုထုတ်လိုက်သည် ။ မင်္ဂလာဆောင် ဖို့ စရိတ်စုံစမ်းကြည့်တော့ သိန်း ၂၀ လောက် ကုန်မည်။ ကျော်ကျော်က သူ့ကားဝပ်ရှော့ပ် သူဌေးဆီက ၁၀ သိန်းချေးခဲ့သည် ။ ဒေါ်ခင်မော်က သူငယ်ငယ်ကတည်းက ဝတ်ထားသည့် နားကပ်လေးကို ချွတ်ရောင်းပေးသည် ။ ဒေါ်သန်းသန်းသည် ရှိသမျှ အပြု တ်ခံ ၊ အကြွေးတင်ခံပြီး သားဖြစ်သူကို မင်္ဂလာဆောင်ပေးရမည့် အဖြစ်အတွက် ယူကျုံးမရပေ ။

” အမေရယ် ၊ သား အကြွေးတွေ ကူဆပ်ပေးပါ့မယ် ”
” သားရယ် မင်းက အိမ်ထောင်သည် ဖြစ်ပြီ ၊ မင်းရှာသမျှ မင်း မိန်းမက သုံးချင်တော့မှာ ၊ အမေ ဘယ်လိုလုပ် ရမှာလဲ ”
” ဘာဆိုင်လဲ အမေရာ ၊ သူ့ကို မတတ်သာလို့သာ ချက်ချင်းယူလိုက်ရတာ်ဆိုတာ သူလည်း သိတာပဲ ၊ အမေ့ကို အကြွေးဆပ်ပေးတာကိုတော့ သူနားလည်ရမှာပေါ့ ”

မင်္ဂလာဆောင်ကို ချောင်းသာက ရွှေစင်တို့ဘက်မှာ သွားဆောင်ရသည် ။ ထိုအခါ ဒေါ်သန်းသန်းတို့ ဆွေမျိုးတွေ တစ်ယောက်မှ မလာနိုင်ကြသည့်အခါ မင်္ဂလာဆောင်က ရှုံးလေသည် ။ မင်္ဂလာဆောင်က ရသမျှကို ဒေါ်သန်းသန်းတို့ ယူရပေမဲ့ တင်တောင်းသော သိန်း ၅၀ ကို ရွှေစင့်မိဘတွေက ၁၀ သိန်းသာလက်ဖွဲ့၍ ကျန်တာသူတို့ ယူထား‌ေလသည်။ ဒေါ်သန်းသန်းမှာ တစ်နှစ်အတွင်း ခြံကို ပြန်မရွေးနိုင်တော့ ခြံလည်း ဆုံးရှုံးရ လေသည် ။ ဒေါ်သန်းသန်းသည် မိဘအမွေလေး ဆုံးရှုံးရတော့ အစ်မကြီးဖြစ်သူဆီ ဖုန်းဆက်၍ ငိုမိသည်။ အစ်မကြီးဖြစ်သူမှာလည်း ထပ်တူ စိတ်မကောင်းပေ ။

ကျော်ကျော်နှင့် ရွှေစင်သည် ဒေါ်သန်းသန်းတို့နှင့်ပဲ အတူနေကြ၏ ။ ကျော်ကျော်သည် ချေးထားသော ၁၀ သိန်းကြောင့် လကုန်လျှင် လစာထဲက ၁ သိန်း နှုတ်ခံရသည် ။ ကျန်သည့်လစာကို ရွှေစင်သုံးဖို့နှင့် ရွှေစင် ကျောင်းဆရာမလုပ်ဖို့ သင်တန်းတက်သည့်အခါ သင်တန်းကြေးထောက်ပံ့ရ‌ေလသည် ။ ဒေါ်သန်းသန်းသည်လည်း ကြိုထုတ်ထားသောပိုက်ဆံကြောင့် လစာထဲက ၅ သောင်း၊၅ သောင်း အနှုတ်ခံသည်။ အရင်လို လူ ၄ ယောက် အလုပ်လုပ်ပေမဲ့ စားတော့ လူက ၅ ယောက်မို့ အိမ်စရိတ်မလောက်ချင်ပါ ။ ထို့အပြင် ကျော်ကျော်၏ လစာကိုလည်း အိမ်လခအတွက် ကလွဲလျှင် အရင်လို အပြည့် မရသည့်အခါ ကြပ်တည်းလာကြ‌ေလသည်။

ငွေရေးကြေးရေး အဆင်မပြေလျှင်နေ ၊ မိသားစုရေး အဆင်ပြေနေလျှင် တော်သေးသည် ။ သို့သော် မိသားစု‌ေရးကပါ အဆင်မပြေပေ ။ ကျော်ကျော်နှင့် ရွှေစင်သည် အတွင်တွင် စကားများ ရန်ဖြစ်ကြ၏ ။ ရွှေစင်သည် ကျော်ကျော့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတတ်သည် ။ ဒါကို သက်သက်က မကြိုက်ပါ။ ညာဏ်ရည်မကောင်းပေမဲ့ သက်သက်သည် သူ့မောင်ကို ဆဲဆိုလျှင် စိတ်ဆိုးတတ်လေသည် ။ ထိုအခါ ရွှေစင် နှင့် ရန်ဖြစ်ရ၏ ။ ‌

” သမီးရေ ၊ သူတို့က လ င်မယားတွေ ၊ သမီး ဝင်မပါနဲ့နော် ၊ ယောင်းမက မကောင်းဘူး ဖြစ်မယ် ”

ဒေါ်သန်းသန်း က သက်သက်ကို ထိုသို့ပြောထားတော့လည်း သက်သက်က နားလည်နိုင်စွမ်းရှိသည်။ နောက် ကျော်ကျော်နှင့် ရွှေစင်တို့ စကားများကြလျှင် သက်သက်က ငြိမ်သာနေတော့သည် ။ ဒေါ်သန်းသန်းတို့ ဒေါ်ခင်မော်တို့လည်း အစပိုင်း ဝင်ပြောကြပေမဲ့ နောက်ပိုင်းကျ ” ချွေးမအပေါ် မကောင်းဘူး” ဟု အထင်ခံရမှာ စိုးတာကြောင့် ဝင်မပြောကြတော့ပေ။ ထိုအခါ ရွှေစင်က ရောင့်တက်လာသည်။

” ခွေ း သူ တောင်း စား ၊ သော က် ကြွေး ပတ်လည်ဝိုင်းနေတဲ့ကောင် … ”

ရေစက်ကုန်တဲ့နေ့ -အပိုင်း ၃(ဇာတ်သိမ်း)
+
တစ်ညတော့ ကျော်ကျော်နှင့် ရွှေစင်တို့ ရန်ဖြစ်ကြသည် ။ ညဉ့်အတော်နက်‌နေလေပြီ ။ ၁၁ ခွဲလောက် ရှိလိမ့်မည်။ ‌ေဒါ်ခင်မော် ၊ ဒေါ်သန်းသန်းနှင့် သက်သက်တို့က ဘုရားခန်းမှာ အိမ်ကြပြီး ၊ ကျော်ကျော်နှင့် ရွှေစင်တို့က မီးဖို‌ချောင်ဘေးက တံခါးရှိသည့် အခန်းမှာ အိပ်ကြတာဖြစ်သည်။ ‌သူတို့ ရန်ဖြစ်တာကို အခန်းတံခါး မပိတ်ထားတာ‌ေကြာင့် လှမ်းမြင်နေရသည်။ ရွှေစင်သည် အိပ်ရာခုတင်ပေါ်မှာထိုင်နေပြီး ၊ ကျော်ကျော်က မတ်တပ်ရပ်နေသည်။

” နင့်လို ကောင်ကို မပေါင်းဘူး ၊ နင့်ထက် သာတဲ့ကောင် ယူပြမယ် ”
” ဟားဟား ယူလေ … နင်က ငါ့ကိုမပေါင်းရင် တစ်ခုလပ် ဖြစ်မှာ ၊ ငါ့ထက်သာတဲ့ကောင်နဲ့တွေ့မလား ငါ့ထက်နိမ့်တဲ့ကောင်နဲ့တွေ့မလား စောင့်ကြည့်ကြသေးတာပေါ့ ”
” ခွေ း သူတောင်း စား ၊ သော က်ကြွေး ပတ်လည် ဝိုင်းနေတဲ့ ကောင် ”

ဒေါ်ခင်မော်သည် မနေနိုင်တော့၍ …

” ရွှေစင် … ညည်း ငါတို့သားလေးကိုတော့ ခွေး သူ တောင်း စား လို့မဆဲပါနဲ့အေ ၊ တခြားလို ဆဲချင်ဆဲပါ ၊ သူက ခွေး သူ တောင်း စား ဆို ညည်းလည်း သူ့ယူထားတော့ အတူတူပဲလေ ၊ ငါတို့သားလေးက အရင်က သော က်ကြွေး ပတ်လည် ဝိုင်းနေတဲ့သူ မဟုတ်ပါဘူး ၊ ညည်းကို ယူလိုက်လို့ အကြွေး ဝိုင်းသွားတာပါ … ”

ဒေါ်ခင်မော်က ဝင်ပြောတော့ ရွှေစင်သည် ဆတ်ဆတ်ခါသွားပြီး မျက်နှာက အကျည်းတန်စွာ ရှုံ့မဲ့သွား၏ ။

” အမယ်လေး မပြောမိလိုက်နဲ့ ပြောမိလိုက်တာနဲ့ ၊ အကုန် ဝိုင်းပြောကြတော့တာပဲ ၊ စိတ်ပျ က်တယ် ”
” ညည်း ကို ဘယ်သူတွေကများ ဝိုင်းပြောနေလို့လဲ ၊ ငါပဲ ပြောနေတာလေ ”
” အစ်မ‌ရယ် ၊ တော်ပါတော့ ၊ ထားလိုက်ပါ ၊ ပတ်ဝန်းကျင်မှာ မကောင်းဖြစ်မယ် ”

ဒေါ်သန်းသန်းက ဒေါ်ခင်မော်ကို တားလိုက်သည် ။ ဒေါ်ခင်မော်က မကျေမနပ်နှင့် ခေါင်းအုံးပေါ်လှဲချရင်း …

” တစ်ယောက်တည်း ပြောတာတောင် အကုန်ဝိုင်းပြောတယ်တဲ့ ၊ အကုန်သာ ဝိုင်းပြောမိရင် ဒီကော င်မ က ဘယ်လိုတောင် ပြောဦးမယ်မသိ ”

ဒေါ်သန်းသန်းသည် ရင်လေးစွာဖြင့် သက်ပြင်းသာ ချလိုက်မိလေသည် ။ မနက်ရောက်တော့ ရွှေစင်သည် မထစဖူး ၅ နာရီလောက်ကြီး ထလာသည် ။ ဒေါ်သန်းသန်းက ထိုအချိန် ထမင်းအိုးတည်နေ၏ ။ အိမ်သာထသွားတယ် အထင်နှင့် ကြည့်ပဲ နေလိုက်ရာ ရွှေစင်သည် ပြင်ဆင်၍ အဝတ်အစားတွေ ထည့်နေလေသည် ။ ၆ နာရီလောက်နေတော့ သူမက ကားငှားကာ ဘာမှမပြောဘဲ ထွက်သွားလေသည် ။

” သားရေ မင်းမိန်းမ အထုပ်အပိုးတွေနဲ့ ကားငှားပြီး ထွက်သွားတယ် ၊ ဘယ်သွားတာလဲ မသိဘူး ၊ ဖုန်းဆက်ကြည့်ဦး … ”

ဒေါ်သန်းသန်းက ရွှေစင်ထွက်သွားသွားချင်းပဲ ကျော်ကျော့်ကို နှိုး၍ ပြောလိုက်တော့ ကျော်ကျော်က အလူးအလဲထ၍ ဖုန်းဆက်သည် ။ ဖုန်းမကိုင်ပါ ။ တစ်နေ့လုံး စိတ်ပူကာ ‌ဖုန်းခေါ်ကြည့်နေပေမဲ့ ဖုန်းက လုံးဝခေါ်မရပေ ။ ညနေလောက်နေတော့ ရွှေစင့်မိဘတွေဆီ ဖုန်းဆက်၍ ရွှေစင် လာ လား ဟု လှမ်းမေးကြည့်ကြသည် ။ မိဘတွေက မလာကြောင်းပြန်ပြော ကြသည်။ သူတို့ ဖုန်းဆက်တော့လည်း မကိုင်ကြောင်း ပြောပြကြ၏ ။ နောက်တစ်ရက်ကျမှ ရွှေစင့်မိဘတွေက ဖုန်းပြန်ဆက်လာကြသည်။

” ရန်ကုန်က အထည်ချုပ်မှာ လုပ်နေတဲ့ သူ့သူငယ်ချင်းဆီ သွားနေနေတာလို့ ပြောတယ် ကျော်ကျော်ရေ ”

ရွှေစင် မရှိကာမှ ပတ်ဝန်းကျင်ကလည်းသူတို့သိထားသော ရွှေစင်၏ အကြောင်းတွေကို ပြောပြလာကြသည် ။

” ကျော်ကျော့်မိန်းမက သင်တန်းမှာ ကောင်လေးတစ်ယောက်နဲ့ ရှုပ်နေတယ်လေ ၊ ကျွန်မသမီးကလည်း အဲ့သင်တန်းမှာမလို့ သိတာ ၊ သမီးက ခဏခဏပြောတယ် ၊ ကျွန်မက အားနာလို့ လာမပြောပြတာ ”

ဒေါ်သန်းသန်းက စိတ်ရှုပ်ထွေးသွားပြီး ကျော်ကျော့်ကို ပြန်ပြောပြတော့ ကျော်ကျော်က …

” မပေါင်းဘူး ၊ ကွာမယ် အမေ ၊ ကျွန်တော်က ပြ တ်နိုင်တယ် ၊ ကျွန်တော့်ကို ဆဲ ဆို သွားတဲ့ မိန်းမ ကျွန်တော်မပြ တ်နိုင်စရာ မရှိဘူး ”

ထိုအခါ ကျော်ကျော်၏ သူငယ်ချင်း အောင်အောင်ကလည်း ထောက်ခံသည် ။

” ယောက်ျားအပေါ်လေးစားမှု မရှိတဲ့ မိန်းမ ကွာလိုက် ဟေ့ကောင် ၊ တကယ်ချစ်တဲ့မိန်းမက ကိုယ့်ယောက်ျားကို မဆဲဘူး ၊ မင်းဘက်က သူ့အပေါ် တာဝန်မကျေတာ ၊ မင်းမှားတာမလို့ သူဆဲတယ်ဆို လက်ခံတယ် ၊ ခုတော့ သူက သူသာမင်းကို ရစရာမရှိအောင် ပြောဆိုပြီး မင်းပြန်ပြောရင်ကျ ရန်လုပ်ပြီး ဆဲဆိုနေတာ ”

ဒေါ်သန်းသန်းနှင့် ဒေါ်ခင်မော်တို့ကတော့ ဘာမှဝင်မပြောချင်ကြပါ ။တော်ကြာ “သူ‌တို့သားကို မြှောက်ပေးတယ် ” ဆိုတယမျိုး ဖြစ်‌မှာ စိုးရသည် ။ ကျော်ကျော်သည် သူ့ကို ရွှေစင်က ပြန်ဆက်သွယ်လာသောအခါ …

” ငါ နင်နဲ့မပေါင်းတော့ဘူး ကွာမယ် ”

ထိုအခါ ရွှေစင်သည် ငိုချင်းချ၍ “မောင်မရှိလို့မဖြစ်ဘူး” တွေ ဖြစ်ကုန်သည်။

” ကွာမပေးနိုင်ဘူး မောင်၊ မောင်မရှိလို့မဖြစ်လို့ပါ ၊ ရွှေစင်တောင်းပန်ပါတယ် မောင်ရယ် ”

ကျော်ကျော်သည် ဟားတိုက်ရယ်ပစ်လိုက်မိ၏ ။

” ဘာ ၊ ခုမှငါမရှိလို့ မဖြစ်ဘူးဟုတ်လား ၊ နင် ငါ့ကို ပြောခဲ့တုန်းက တော့ ငါ့ထက်သာတဲ့ကောင် ယူပြမှာဆို ၊ ဘယ်လိုလဲ ခုကျ ငါ့ထက်သာတဲ့ကောင် မတွေ့ဘူးလား ၊ နင့် ယူမယ့် အကောင်မရှိဘူးလား ”

ရွှေစင့်မိဘတွေသည် ကျော်ကျော့်ကို သူတို့သမီးနှင့် ပြန်‌ေပါင်းဖို့ ပြောလာကြ၏ ။ ဒေါ်ခင်မော်ကပါ ကျော်ကျော့်ကို အိမ်ထောင်ကွဲမဖြစ်စေချင်တာကြောင့် ရွှေစင်နှင့် ပြန်ပေါင်းစေချင်နေသည် ။ ကျော်ကျော်က လက်မခံပါ ။

” အမေ ၊ အမေ တစ်ခုခု ဆုံးဖြတ်ပေးပါဦး ၊ သား သူ့ကို ပြန်မပေါင်းနိုင်ဘူး ၊ ကွာလိုက်တော့မယ် ၊ သူအရင် သားကို မပေါင်းဘူး ပြောတာ ၊ သားကအရင်ကွဲမယ် ကွာမယ် ပြောခဲ့တာ မဟုတ်ဘူး ”

ဒေါ်သန်းသန်းသည် စိတ်ညစ်ညူးစွာနှင့် သက်ပြင်းသာ ချနေမိလေသည်။ ရွှေစင်က …

” မောင် ၊ ရွှေစင် မောင်နဲ့ ကွာမပေးနိုင်ဘူး ၊ တကယ်လို့ မောင် သိပ်ကွာချင်နေတယ်ဆိုရင် ရွှေစင့်ကို လျော်ကြေးပေးရမယ် ”

ရွှေစင်သည် ကျော်ကျော်တို့ဘက်က လျော်ကြေးမပေးနိုင်မှန်း သိတာကြောင့် ချည်ပြီးတုပ်ပြီး ပြောလိုက်လေသည် ။ ထိုအခါ ကျော်ကျော် စိတ်ညစ်ရတော့သည်။ ‌

” အမေရယ် သူကလေ တစ်ခုလပ်ဖြစ်မှာတော့ ကြောက်သားဗျ ၊ ဟင်း တစ်ခုလပ်ဖြစ်ရင် သူ့ကို ဘယ်သူမှမယူဘူးဆိုတာ သူသိမှာပေါ့ ”

ကျော်ကျော်သည် မချိစွာ ရယ်ရင်း ပြောနေသည် ။ သူ့ရင်ထဲမှာမကျေမနပ်နှင့် နာကျင်နေတာကို သူ့မျက်ဝန်းတွေကတဆင့် ဒေါ်သန်းသန်း မြင်နေရသည် ။

” ဘယ်တတ်နိုင်မလဲ သားရယ် မင်းရဲ့ အိမ်ထောင်ရေးကံပဲ၊ မင်းနဲ့ သူရေစက် မကုန်သေးသ၍ အတူရှိကြရဦးမှာ‌ေပါ့၊ ရေစက်ကုန်တဲ့နေ့ ဘယ်သူ့အကူအညီမှ မလိုပဲ ကွဲကွာသွားပါလိမ့်မယ် ၊ သားသူ့ကို တစ်နေ့ ခွင့်လွှတ်ချင်လည်း ခွင်လွှတ်လာနိုင်မှာပဲ ”
” ပြ တ်တောက်သွားတဲ့ ကြိုးကို ပြန်ဆက်တော့လည်း အဖုအထစ်ကြီး ကျန်နေမှာပဲ အမေ ၊ သားကတော့ ရေစက်ကုန်တဲ့နေ့ကိုပဲ စောင့်နေမှာပါ ”

+
#JoJo