`လယ်စောင့်ခွေးနက်ကြီး´
မာယာတို့အဖိုးမသေခင်က ဆေးကုပေးတဲ့ဆရာတျောက်ကပြောပြသွားတာ
ဆရာကအစိုးရဝန်ထမ်းဆရာဝန်တော့မဟုတ်ဘူး
အပြင်လက်မှတ်ယူပီးအပြင်မာဆေးကုနေတဲ့ဆရာဝန်
ဆရာဝန်လို့သာပြောတယ် အောက်လမ်းမိတဲ့သူတေဆို သူမီးထွန်းပေးလို့လဲတတ်တယ်
ဆရာကအသက်တော့ကြီးပြီး ဘက်စုံတတ်တယ်
ဒါမယ့်သူများအမြက်မာတော့ သာမန်ဆေးကုနေတဲ့ဆရာတယောက်ဘဲနေနေတယ်
ဒါကြောင့် ဆရာက မီးထွန်းတာ အောက်လမ်းပါယ်ပေးတာ အင်းချတာ တို့ဆိုတာလူတေသိပ်မသိကြဘူး
တနေ့ ဆရာက မြိုငိကြီးငူဘက်အရေးပေါ်လို့သွားတယ်
အ့ဒီမာတိုက်ဆိုင်ချင်တော့ ဦးလေးကြီးတယောက်က
“ဟိုဘက်လူနာကြည့်ပြီးရင် ကျွန်တော်မြေးလေးခနလာကြည့်ပေးပါလို့ပြောတယ်´´
ဆရာလဲ ဟိုဘက်လူနာကြည့်ပြီးတော့
အဲ့ဒီဦးလေးကြီးဆီသွားတယ်
သူ့မြေးကရိုးရိုးဖျားတာမှမဟုတ်တာ
တကိုယ်လုံးခြွေးတေထွက်ပီးအေးစက်နေတာ
ကိုယ်အပူချိန်တိုင်းကြည့်တော့ အမြင့်ဆုံးမှာရောက်နေတရ်
ဆရာလဲနှဖူးခြွေးပါပျံရော
ဘာလုပ်ရမလဲအရင်စဉ်းစားတယ်
ပီးမှ
“ဟေ…….ဒီလိုဖျားဖူးတာဘယ်နယောက်ရှိပီးလဲ´´မေးတယ်
ဦးလေးကြီးလဲ အမှန်တိုင်းပြောပြလေသည်
“လွန်ခဲ့တဲ့၂/၃နှစ်လောက်က ဦးတို့ လယ်ကွက်ဝယ်တယ်
အ်ဲဒီလယ်ကွက်ထဲမှာစပါးစိုက်တယ်
ဒါပေမယ့်ထူးဆန်းတာက အဲ့ဒီလယ်ကွက်ကစပါးတေရိတ်ပီး
ကြိတ်ပီးတဲ့အချိန်မှာ မြေးမလေးတယောက်က
အခုလိုဘဲ မပြောပြတတ်တဲ့အဖျားခံစားနေရတယ်
သိပ်မကြာဘူး ၁ရက်၂ရက်ဘဲဖျားတယ် ပီးတော့
သေသွားရောဦးတို့လဲသာမန်အဖျားကိုဆေးတိုက်မှားတာလို့ဘဲထင်တယ်
နှောက်နှစ်လဲဒီလိုဘဲ စပါးကရိတ်ပြီးကြိတ်ပြီး ဆို
၁ရက်၂ရက်အကြာမှာ မြေးယောက်ျားလေးတယောက်က သေသွားပြန်ရော
အခုလဲမြေးလေးကဖျားပြန်ပီး´´
ဆိုပီးတော့ဝမ်းနည်းစွာပြောရင်း ကျလုနီးပါးမျက်ရည်တေကို လက်နဲ့ အမြန်သုတ်လိုက်သည်
ဆရာလဲ ဟိုဦးလေးဝယ်ထားတဲ့ လယ်ကို ကြည့်လို့ရမလားဆိုပီးတောင်းဆိုတယ်
ဦးလေးကြီးလဲ“ ရတာပေါ့ဆရာရယ်´´ဆိုပီးသူ့လယ်ကွက်ကိုသွားပြတယ်
လယ်ကွယ်ကတော်တော်ကျယ်သားဟ
အ့နဲ့ဘဲဆရားက ဦးလေးကြီးကို ကန်တော့ပွဲပြင်ခိုင်းတော့တယ်
ဦးလေးကြီးလဲကြောင်အမ်းအမ်းနဲ့
“ဘာလို့ကန်တော့ပွဲပြင်ခိုင်းရတာလဲဆရာ´´ဆိုပီးပြန်မေးတယ်
ဆရာလဲ“ပီးမှပြောပြမယ်´´ဆိုပီး ပြန်ပြောတယ်
ဆရာကဦးလေးကြီးကို“အမြှန်ကန်တော့ပွဲပြင်နော်
ပီးရင် ဖယောင်းတိုင် အကြီးတထုတ်ရာ် ဗလာစာရွက်ရယ်
ခဲတံဖြစ်ဖြစ်ဘောပင်ဖြစ်ဖြစ် ဦးလေးရဲ့မြေးအသက်
ကိုလိုချင်ရင် ညမရောက်ခင်အမြန်အဆင်သငမ့လုပ်ထား´´
ဆိုပီးသတိပေးလိုက်တယ်
ဦးလေးကြီးလဲ ဘုမသိဘမသိ ဆရာခိုင်းတာအကုန်အပြေးအလွှားပြင်ဆင်နေလေသည်
ညရောက်တော့ ဆရာက ဦးလေးကြီးကိုခေါ်ပီး
လယ်ကွက်ထဲသို့ကန်တော့ပွဲရယ်
ဖယောင်းတိုင်ကြီးရယ်
စာရွက်နဲ့ခဲတံရယ်
ယူပီးသွားလေသည် လယ်ကွက်ထဲရောက်တော့
အားလုံးစနစ်တကျစီစဉ်လေသည်
ပီးတော့ဆရာက အင်းစချလေသည်
နောက်တော့ ကန်တော့ပွဲပေါ်မာဖယောင်းတိုင်အမွှေးတိုင်ထွန်းသည်
ဆရာက“ကဲဦးလေးကြီး ခင်ဗျားမျက်လုံးနဲ့သေချာကြည့်နော် မျက်တောက်တောင်မခတ်နဲ့သေချာကြည့်´´ဆိုပီး
ကန်တော့ပွဲဘက်မျက်နှာပြန်လှည့်ကာ
ပါးစပ်က ဂါထာတေရွတ်တော့သည်
တအောင့်လောက်အကြာမှာတော့ လယ်ကွက်ရဲ့ထောင့်တနေရာကနေပီး မီးခိုးငွေ့များ ဝုန်းဆိုပီးထွက်လာတယ်
မီးခိုးငွေ့နဲ့အတူခွေးကြီးတကောင်ကလဲပေါ်လာသည်
ခွေးကြီးကတကိုယ်လုံးမဲနက်နေတာဘဲ မျက်လုံးကလဲနီရဲနေလို့
ခွေးနက်ကြီးကဆရာနဲ့ဦးလေးကြီးကိုရန်ရှာချင်ပေမယ့်
ဆရာကအင်းချထားတဲ့အတွက်ဘယ်လိုမှလုပ်လို့မရဘူး
ဆရာကမန္တာ ဂါတာနဲ့ပြန်ရွတ်တော့ ခွေးကြီးကမခံနိုင်
မခံနိုင်တော့ထွက်ပြေးပါလေရော
အ့ချိန်မာဦးလေးကြီးကမျက်လုံးကြီးပြူးလို့
မနက်လဲရောက်ရော လယ်ကွက်ထဲထပ်သွားတယ်
လယ်ကွက်ရဲ့ထောင့်တနေရာမှာခွေးအရိုးလို့ထင်ရတဲ့
အရိုးတေပေါ်လာတယ်
ဆရာလဲ“အ့အရိုးတေကိုအသင်္ချိုင်းမာသွားပစ်´´ဆိုပီး
ဦးလေးကြှးကိုပြောတရ် ဦးလေးကြီးလဲဆရာခိုင်းတဲ့အတိုင်း
ခွေးအရိုးတေကို သင်္ချိုင်းမာသွားပစ်လေသည်
နောက်တော့ဆရာကပြောပြသည်
ဦးလေးတို့မြေးတွေသေတာ ဒီလယ်စောင့်ခွေးကစားလို့တဲ့
ဒီခွေးကသေပီးနောက်ပိုင်းဒီလယ်ကွက်ရဲ့ထောင့်တ
နေရာမှာမြုပ်ထားတာ ဘယ်သူကဘယ်သူ့ကိုမကြေနပ်
လို့မြုပ်ထားတာလဲတော့မသ်ိဘူး
ဒီလိုခွေးရူးဖြစ်ဖြစ် ခွေးမဲဖြစ်ဖစ်
သေပြီးလယ်ကွက်ထဲ ခြံထဲမာ မြုပ်ထားရင် မကောင်းဘူး
အကယ်၍လယ်ထဲမှာမြုပ်ထားရင်
မြုပ်တဲ့လယ်ကွက်မှာစိုက်ထားတဲ့ဘယ်အရာမဆို
မိသားစုစုံစုံလင်လင်မစားရဘူး
တယောက်မဟုတ်တယောက် အရင်သေရတယ်
လို့ပြောပြလေသည်
သူ့မြေးလေးလဲချက်ချင်းနေပြန်ကောင်းလာလေသည်
ဆရာလဲအလုပ်ကိစ္စပြီးပြီးမို့
မာယာတို့နေတဲ့ရွာကိုပြန်လာလေသည်
ဆရာက မာယာတို့အိမ်နဲ့မဝေးတဲ့
ကိုရင်ကြီးတည်ထားတဲ့ ဘုရားစေတီမာနေတာ
ဗဟုသုတအနေနဲ့
ခွေးရူးဖြစ်ဖြစ် မဲနက်နေတဲ့ခွေးဘဲဖစ်ဖြစ်
အဲ့ခွေးတွေသေရင်အတတ်နိုင်ဆုံးမြေမမြုပ်တာအကောင်းဆုံးပါဘဲ
ပြီးပါပြီး
စာရေးသူ……မာယာ
Uncategorized