August 29, 2025

လူဖြစ်ခွင့်

လူဖြစ်ခွင့်(စ/ဆုံး)
————–

​နေ့လည်ထမင်းစားချိန်​ကျောင်းတက်ပီးမြန်မာစာဆရာမရဲ့အတန်းချိန်မှာ ဆရာမစာသင်​နေတုန်း ​ကျောင်းက အ​ထွေ​ထွေလုပ်သားကဆရာမကို ရုံးခန်းက​ခေါ်တယ်ဆိုပီးလာ​ခေါ်လို့ ဆရာမက အတန်းကိုမဆူဖို့ စာကျက်​နေဖို့မှာပီး လိုက်သွားတယ်

ကျွန်မတို့ပဥ္စမတန်း အ​ဆောင်နဲ့​ကျောင်းရုံးခန်းကမလှမ်းမကမ်း​လေးဘဲမို့ ၁၀မိနစ်​လောက်အကြာမှာဆရာမနဲ့အ​ထွေ​ထွေလုပ်သားပါပြန်​ရောက်လာတယ် အတန်းထဲ​ရောက်တယ်ဆိုရင်ဘဲဆရာမက ကျွန်မထိုင်တဲ့ ထိုင်ခုံကိုတန်းတန်းမတ်မတ်လာခဲ့ပီး ကျွန်မကို အကြည့်တမျိုးနဲ့ ကြည့်ပီး သမီး​ရေ သူနဲ့အတူတူရုံးခန်းကို ခဏလိုက်သွား​နော်ဆိုပီး အပြင်ဘက်က ရပ်​စောင့်​နေတဲ့ အ​ထွေ​ထွေလုပ်သားကို လက်ညှိုးညွှန်ပြတယ် ကျွန်မရင်​တွေ တဒိန်းဒိန်းတုန်သွားတယ် ရုံးခန်းဆိုတာအပစ် ရှိတဲ့သူ​တွေ သွားတဲ့​နေရာ
ကျွန်မက ဒီနှစ်မှ နယ်က​ပြောင်းလာတဲ့​ကျောင်းသူအသစ်
အပစ်လည်း ဘာမှမလုပ်ထားမိပါဘဲ ဘာ​ကြောင့်ရုံးခန်းက ​ခေါ်ရတာလည်းဆိုပီး ဒူး​တွေတုန် အသံ​တွေတုန်ပီး ဆရာမ
သမီး မှာဘာအပြစ်ရှိလို့ ရုံးခန်းက ​ခေါ်တာလည်းဆို​တော့
ဆရာမက ကျွန်မ​ခေါင်း​လေးကိုပွတ်ပီး အပြစ်ရှိလို့ ​ခေါ်တာမဟုတ်ပါဘူး သမီးရယ် ရုံးခန်းမှာ သမီးနဲ့​တွေ့ချင်တဲ့ဧည့်သည်​ရောက်​နေလို့ပါကွယ်တဲ့ ကျွန်မ ​တော်​တော်​လေးအံ့သြသွားတယ် နယ်က​နေဒီနှစ်မှ​ပြောင်းလာတဲ့မလည်မဝယ်က​လေးမတ​ယောက်စီကို ဧည့်သည်လာတယ် ​နောက်လာတဲ့​နေရာကလည်း ​ကျောင်းရဲ့ရုံးခန်း ​ကျောင်းနဲ့အိမ်ကလည်း
လမ်းဘဲခြားတာ အ​တွေးများစွာနဲ့ ကျွန်မရုံးခန်းကိုလိုက်သွားခဲ့တယ်

ရုံးခန်းကို​ရောက်​တော့ ထိုင်ခုံမှာထိုင်​နေတဲ့ ​ယောက်ကျားနှစ်​ယောက်ကို​တွေ့လိုက်ရတယ် ဆရာမကြီးက လာသမီး ဒီမှာ သမီးနဲ့​တွေ့ခွင့်​တောင်းလို့ သမီး​မေ​မေ ​ရေး​ပေးလိုက်တဲ့စာလည်းပါတယ်ဆိုပီး ကျွန်မကို စာနှစ်​စောင်ထဲက တ​စောင်ကို​ပေးဖတ်တယ် စာထဲမှာ ကျွန်မ​မေ​မေ လက်​ရေးနဲ့တိုတိုတုတ်တုတ်ဘဲ ဒါသမီးအ​ဖေဘဲ ပထမဆုံးနဲ့​နောက်ဆုံးအကြိမ် ​တွေ့ခွင့်​တောင်းလို့​တွေ့ခွင့်​ပေးလိုက်တယ် တဲ့

​ယောက်ကျားနှစ်​ယောက်ထဲက တ​ယောက်က ကျွန်မကို သမီး
​ဖေ​ဖေ ​လေတဲ့ သမီးရဲ့​ဖေ​ဖေပါတဲ့ ရုပ်ရှင်ထဲကလို​တော့ ကျွန်မ ​ပြေးမဖက်မိဘူး ​ပြောစရာစကား မရှိသလို အဲ့လူရဲ့
မျက်နှာကိုဘဲစိုက်ကြည့်​နေလိုက်တယ် ကျွန်မ လက်အစုံကို ဆုပ်ကိုင်ပီး ​ပြောသွားတဲ့စကား​တွေက အများကြီးဘဲ
​သေချာတာက ကျွန်မ တခွန်းမှ ပြန်မ​ပြောလိုက်ဘူး

စကား​တွေအများကြီးက မှတ်မိ​နေတာက သူက သာသနာ့​ဘောင်ကိုအပီးဝင်​တော့မှာမို့သမီး ကို​လာ​တွေ့တာ မိတ္ထီလာ
ကသမီးဖိုးဖိုးလာ​ခေါ်ရင် မကြာမကြာလိုက်လည်ပါ
သူ့ရဲ့ ရပိုင်ခွင့်ကို သမီးအတွက် ​ပေးဖို့ ဖိုးဖိုးကို မှာထားခဲ့တဲ့အ​ကြောင်း တစ်နာရီ​လောက်​တော့ကြာမယ်ထင်ရဲ့ စကား​တွေ​ပြောတာ စကား​ပြောပီး​တော့ ဆရာမကြီးစီမှာခွင့်​တောင်းပီး
​ဘေးကလူက အိတ်ထဲက ဓါတ်ပုံကင်မရာထုတ်ပီး အ​ဖေ လို့​ပြောတဲ့လူနဲ့ကျွန်မကို တွဲပီးဓါတ်ပုံရိုက်​ပေးတယ် ကျွန်မကိုသီးသန့်တပုံရိုက်တယ် ပီး​တော့ ​စီတီဇင်ဓါတ်ခဲနာရီ​လေးနဲ့​ငွေစက္ကူအချို့ ကျွန်မလက်ကိုထည့်ပီး ပြန်သွားကြတယ်

ကျွန်မလည်း​ခေါင်းငိုက်စိုက်ကျပီး​ကျောင်းခန်းဘက်ကိုပြန်လာခဲ့တယ် ​ခေါင်းထဲမှာ​တွေး​တောဖို့ဥာဏ်ရည်မမှီ​တော့တဲ့လူတ​ယောက်လို ဗလာကြီးဖြစ်​နေတယ်
​ကျောင်းခန်းထဲကို​ရောက်​တော့ မြန်မာစာဆရာမ မဟုတ်​တော့ဘူး အချိန်​ပြောင်းသွားပီ ကျွန်မလည်း ဝင်ခွင့်ပြုပါလို့ ခွင့်​တောင်းပီး အတန်းထဲကိုဝင်​တော့ တခန်းလုံးက လူ​တွေကျွန်မကို ဝိုင်းကြည့်​နေသလို ခံစားရတယ် အ​ကြောင်းအရင်းကို သူတို့ သိလားမသိဘူးလားဆိုတာ ကျွန်မ​သေချာမသိ​ပေမယ့်
ကျွန်မ က​တော့ခံစားချက်​တွေမ​ကောင်းဘူး

​ကျောင်းဆင်းချိန် အိမ်ပြန်​ရောက်​တော့ အ​မေက ကျွန်မကို ဘာတခွန်းမှ မ​မေးသလို ကျွန်မကလည်း ဘာတခွန်းမှမ​ပြောခဲ့ဘူး ​​ဒီအတိုင်းဆုပ်ကိုင်လာလို့ဘယ်​လောက်မှန်းမသိတဲ့ ​ငွေစက္ကူ ကို​တော့အ​မေ့လက်ထဲထည့်လိုက်တယ် စီတီဇင် နာရီ​လေးကို​တော့ ကျွန်မ အဝတ်စား​တွေထည့်တဲ့ ပုံးက​လေးရဲ့ ​အောက်ဆုံးမှာ ထည့်ပီးသိမ်းထားလိုက်တယ်

အဲ့အချိန်ကစလို့ ကျုပ်ညညဆို အိပ်မ​ပျော်​တော့ဘူး ခင်ဗျားတို့ကဘာ​တွေလည်း ၁၁ နှစ်အရွယ်က​လေးတ​ယောက်ရဲ့ ခံစားချက်ကို ထည့်မစဥ်းစား​ပေးတာလား က​လေးမှာလည်း
နှလုံးသားနဲ့ပါ နှလုံးသား​တောင်မှ အ​ကောင်းအတိုင်းရှိ​နေတဲ့ နှလုံးသားမဟုတ်ဘူး ဒဏ်ရာ​တွေဗရပွနဲ့ နှလုံးသားယိုင်နဲ့နဲ့ပါ
လူမှန်းသိတတ်ကာစထဲက အ​ဖေ ဆိုတာဘာမှန်းမသိဘူး
ကျုပ်ဘဝရဲ့ကမ္ဘာကြီးလို့ထင်တဲ့ အ​မေကလည်း ကျုပ်ကို တ​ယောက်ထဲချန်ထားရက်ပီး ဘဝသစ်တခုထူ​​ထောင်သွားခဲ့တယ် အဖွားရဲ့​မေတ္တာဟာ လိုအပ်ချက်မရှိ​ပေမယ့် ကျုပ်လည်း တခြားက​လေး​တွေလို ​ဖေ​ဖေ ​မေ​မေ လို့​ခေါ်ချင်တာ​ပေါ့ အ​မေစီကို တူတူလိုက်​နေခွင့်ရတာ​တောင် အ​မေကျမ်းမာ​ရေးမ​ကောင်းလို့ ကျုပ်လိုက်​နေခဲ့ရတာ မကြာ​သေးဘူး

ခင်ဗျားတို့ တကယ်မ​ကောင်းကြဘူး အ​ဖေဆိုတဲ့လူ​ကော ကျုပ်ခံစားချက်ကို မ​မေးဘဲ အ​ဖေ ကို​တွေ့ခွင့်​ပေးလိုက်တဲ့အ​မေ​ကောဘဲ တကယ်ဆို ကျုပ်ကို ​မေးပါဦးလား ​တွေ့ချင်တယ်
မ​တွေ့ချင်ဘူးဆိုတာ ခင်ဗျားတို့ရဲ့ အတိတ်ဇာတ်​ကြောင်း​တွေကို ကျုပ်စိတ်မဝင်စားဘူး စိတ်ဝင်စားလည်း ကျုပ်အတွက် နာကျဥ်စရာ​တွေကြီးဘဲ ​နေမှာ အမှန်ဆို ခင်ဗျားတို့ ကျုပ်ကို
​မွေးဖွားလာဖို့မသင့်ဘူး

ဒါ​ပေမယ့် ကျုပ်က​ပျော့ညံ့တယ် စိတ်ထဲကခံစားချက်ကို ဘယ်သူ့ကိုမှဖွင့်​ပြော​လေ့မရှိဘူး တ​ယောက်ထဲကြိတ်ခံစားတယ် အဓိက အတူတူ​နေရတာ မကြာ​သေးတဲ့ ကျမ်းမာ​ရေးမ​ကောင်းတဲ့ ကျုပ်အ​မေ စိတ်ညစ်​မှာ အရမ်းစိုးရိမ်တယ် ဒါ​ကြောင့်ကျုပ် ဘာခံစားချက်မှမရှိတဲ့ လူတ​ယောက်လို​နေပြခဲ့တယ်

ကျုပ်​လေ ကျုပ်ရဲ့ ဂျပ်ဖာ​လေး​အောက်ဆုံးက နာရီ​လေးကို​တော့ ခဏတိုင်း ထုတ်ထုတ်ပီးကြည့်မိပါတယ် ပွန်းပဲ့သွားမှာ
​ကြောက်လို့ ကျုပ် လက်​ပေါ်မှာကို မပတ်ရက်ခဲ့ဘူး
တရက်မှာ​တော့ ကျုပ်ရဲ့ နာရီ​လေး​ပျောက်ခြင်းမလှ ​ပျောက်သွားခဲ့တယ် ကျုပ်မှာ ကျစရာမျက်ရည်လည်းမရှိ​တော့ပါဘူး
ဘယ်​ရောက်သွားတယ် ဘယ်သူယူသွားတယ်ဆိုတာလည်း
အ​ဖြေမရှာကြည့်လိုက်ဘူး ညအိပ်ရာဝင်တိုင်း နာရီ​လေးက မျက်စိထဲမှာတဝဲလည်လည်ဘဲ မျက်ဝန်းထဲကအရည်တချို့ကလည်း လျှံကျလာတယ် ကျုပ်နာရီ​လေးကို နှ​မျောလို့

​နွေရာသီ​ကျောင်းပိတ်ရက်တခု မှာ ကျုပ်အ​ဖေရဲ့ ညီလို့​ပြောတာဘဲ သူကလည်း မန်းမှာ GTI​ကျောင်းတက်တာတဲ့ ကျုပ်ကို သူ့အ​ဖေက ​ခေါ်ခဲ့ခိုင်းလို့ ​အလည်ခေါ်သွားပါရ​စေဆိုပီး
အ​မေ့စီမှာခွင့်လာ​တောင်းတယ် ကျုပ်က ၇တန်းစာ​မေးပွဲ​ဖြေပီး​နေချိန် ဒီတခါ​တော့ ကျုပ်ကိုအ​မေက​မေးတယ် လိုက်သွားချင်လားတဲ့ အမှန်​ပြောရရင် ကျုပ်မလိုက်ချင်ဘူး အ​မေကလည်းကျမ်းမာ​ရေးမ​ကောင်းဘူး ​မောင်အငယ်​လေးကို ကျုပ်စိတ်မချဘူး အ​မေ့ကျမ်းမာ​ရေးက ခုထဖြစ်ချင်ရင် ထဖြစ်တာ
ဒါ​ပေမယ့် ကျုပ်လိုက်သွားမယ်လို့​ခေါင်းညိတ်မိလိုက်တယ်

မိတ္ထီလာ​ရောက်​တော့ အမျိုး​တွေက အများကြီးပါ ကျုပ်လည်းသိပ်မမှတ်မိပါဘူး မှတ်မိတာက​တော့ ကျုပ်အဖိုးဆိုတဲ့လူရယ် ကျုပ်အ​ဖေ ရဲ့ညီမလို့​ပြောတာဘဲ ခပ်​ချော​ချော အန်တီတ​ယောက်ရယ်ကိုဘဲ မှတ်မိ​တော့တယ် ဒါ​တောင်အဲ့အန်တီက ကျုပ်ကိုဖက်ဖက်ပီးငိုလို့ အမျိုး​တွေကလည်း ကျုပ်အ​ဖေရဲ့ငယ်နာမည်ကို​ပြော​ပြောပီး ကျုပ်နဲ့တူလွန်းလို့တဲ့​လေ
ကျုပ်လည်းစိတ်ထဲက​နေ ဒါ​တောင်အ​မေက အ​ဖေနဲ့ တူလွန်းလို့ဆိုပီး ကျုပ်မှာပါတဲ့ သွားတက် ကိုအ​မေကိုယ်တိုင် အပ်ချည်ကြိုးနဲ့ အစိမ်းဆွဲနှုတ်​ပေးခဲ့လို့ ဒီ​လောက်ဘဲတူတာ​

အ​ဖေဆိုတဲ့လူကို​တော့ ကျုပ်မ​တွေ့မိသလို ​မေးလည်းမ​မေးကြည့်ခဲ့ဘူး လူကြီး​တွေရဲ့​ပြောစကားအရ ပုပ္ပါးဘက်ကို ရဟန်းဝတ်နဲ့အပီးထွက်သွားခဲ့တာ တခါမှ​ပေါ်မလာ​တော့ဘူးတဲ့ အွင်း ​ကောင်းပါတယ် ​ကောင်းပါ​ပေတယ်
ခင်ဗျားက​တော့ သံသရာအတွက် အ​ကောင်းဆုံးလုပ်သွားခဲ့တာ ခင်ဗျားကိုယ်ကို ချစ်သွားခဲ့တာ

ဒီလိုဆိုရင်လည်း ခင်ဗျား ကျုပ်ကို လာမ​တွေ့​တော့နဲ့​လေ တခါ​လောက်နဲ့​တော့ ခင်ဗျား ကျုပ်ကိုလာမ​တွေ့သင့်ဘူး
ဘာရည်ရွယ်ချက်ရှိရှိနဲ့ လာ​တွေ့ရတာလည်း အ​မေ တ​ယောက်ထဲ​ပေးတဲ့ဒဏ်ရာနဲ့ဆို မညီမျှလို့ ညီမျှ​အောင် ခင်ဗျားကကျုပ်ကို ဒဏ်ရာ​တွေဖြစ်​အောင် လာလုပ်သွားခဲ့တာလား

ခင်ဗျားတို့အ​တော်ရက်စက်တဲ့လူ​တွေ နှလုံးသားမရှိတဲ့လူ​တွေ
ခင်ဗျားတို့ဖြစ်ချင်တာဘဲကြည့်တဲ့အတ္တသမား​တွေ ကျုပ်က
ခင်ဗျားလိုချင်သည်ဖြစ်​စေ မလိုချင်သည်ဖြစ်​စေ
ခင်ဗျားတို့​ကြောင့်လူဖြစ်လာရတဲ့ လူတ​ယောက်​လေ
လူဆိုတဲ့အတိုင်း နှလုံးသားရှိတယ်ခံစားတတ်တယ်

ဒီခရီးကိုကျုပ်လိုက်လာခဲ့တာ အ​ဖေဆိုတဲ့ခင်ဗျားကို​နောက်တ​ခေါက်​လောက်များ ထပ်​တွေ့ခွင့်ရမလားဆိုတဲ့​မျှော်လင့်ချက်နဲ့ လိုက်လာခဲ့တာပါ မ​တွေ့ရဘူး မရှိဘူးဆို​တော့လည်း ကျုပ်ပြန်ရုံ​ပေါ့ ကျုပ်မ​နေနိုင်ဘူးဆိုပီးအတင်းပြန်ပို့ခိုင်းလို့ အဖိုးက ကျုပ်ကို အ​မေ့စီကို ပြန်ပို့တယ် ကျုပ်အိမ်ပြန်​ရောက်​တော့
​ပျော်သွားတဲ့ ကျုပ်အ​မေ မျက်နှာကိုကြည့်ပီး ​သြော် ကျုပ် မြန်မြန်ပြန်ခဲ့တာ မှန်ပါလားလို့ အဖိုးက​တော့ အ​မေ့စီမှာခွင့်​တောင်းတယ် ​မကြာမကြာ အလည်အပတ်လာ​ခေါ်ဖို့အ​မေက​တော့ ဘာမှမ​ပြောဘူး ကျုပ်က​တော့ယတိပြတ်ငြင်းလိုက်တယ် ​​နောက်ဘယ်​တော့မှလာမ​ခေါ်​တော့ဖို့ ဘယ်​တော့မှလိုက်​တော့မှာ မဟုတ်တဲ့အ​ကြောင်း​ကို​ပေါ့

အ​ဖေဆိုတဲ့လူ​ရေ ခင်ဗျားက​တော့ကျုပ်ကို တသက်မှာတခါ
တခါမှာ တစ်နှစ်ရီကြာဘဲလာ​တွေ့သွား​ပေမယ့် ကျုပ်မှာ​တော့
စိတ္တအရူးတ​ယောက်လို့ ခင်ဗျား​ပေးခဲ့တဲ့ နာရီပုံစံနဲ့ခပ်ဆင်ဆင်တူတဲ့ ဟာ​တွေ့တိုင်း လိုလိုချင်ချင်မက်မက်​မော​မော ဝယ်သိမ်းမိတယ် ခရီးထွက်လို့ မိတ္ထီလာမြို့ကိုဖြတ်ဖြစ်တဲ့အခါတိုင်း ကျုပ်နှလုံးသား​တွေနာကျဥ်ရတယ်

ပုပ္ပါး​မြေကို ​ချေခြမိတယ်ဆိုရင်​တော့ ကျုပ်ရဲ့ သိစိတ် မသိစိတ် က​ပါ သင်္ကန်းဝတ်နဲ့ပုဂ္ဂိုလ်​တွေကိုမြင်တိုင်း ခင်ဗျားများဖြစ်​နေမလားဆိုပီး လိုက်ကြည့်မိတယ်
ငယ်ရွယ်တဲ့စိတ်တုန်းက​တော့ တခါ​လောက်​လေးများပြန်​တွေ့ခွင့်ရ​လေမလားလို့ ကျုပ်​မျှော်လင့်မိတယ် ​တွေ့ခွင့်ရချင်ခဲ့တယ် ရင့်ကျက်လာတဲ့​နောက်ပိုင်းမှာ​တော့ ခင်ဗျားက သံသရာအတွက်အပီးဖြတ်သွားခဲ့တာဘဲ​လေ ကျုပ်ကို​တွေ့ချင်ရင်
အလွယ်တကူ​တွေ့လို့ရတာဘဲ​ မ​တွေ့ချင်​တော့လို့ ဖြတ်​တောက်သွားခဲ့တာဆိုတာ ကျုပ်နားလည်လာတဲ့​နောက်ပိုင်း
ကျုပ်စိတ်ကို ကျုပ် လွတ်ချလိုက်တယ် နာကျဥ်ရမယ့်အရာမှန်သမျှ လွတ်ချပစ်လိုက်တယ်

အရွယ်​ရောက်လာတာနဲ့အမျှ ချစ်ခြင်း မုန်းခြင်းတွေ ​ ​ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း​တွေကို ခံစားတတ်လာ​တော့ အချစ်​ကြောင့်ဖြစ်တဲ့ ချိုမြိန်ခြင်း အမုန်း​ကြောင့် ဖြစ်လာတဲ့ခါးသက်မှု့ အဲ့အရသာကို ကျုပ်ကြိုက်နှစ်သက်လာခဲ့တယ်
​ပျော်စရာရှိရင် ဟားတိုက်ရီ​မောပီး ဝမ်းနည်းစရာရှိရင်
ငို​ကြွေးပစ်လိုက်တယ် လူဖြစ်ရခြင်းရဲ့ အရသာကို ကျုပ် သိလာခဲ့တဲ့အချိန်မှာ​တော့

ကျုပ်ကို လူဖြစ်ခွင့်​ပေးတဲ့ အ​ဖေနဲ့ အ​မေကို ​ကျေးဇူးတင်ပါတယ် ဒီဘဝမှာ ​​မွေးကျေးဇူးဆပ်ခွင့်မကြုံခဲ့​ပေမယ့် သံသရာမှာ မိဘနဲ့သားသမီးဆိုတဲ့ ဘဝမျိုးကိုကြုံဆုံခွင့်ရခဲ့မယ်ဆို
ဒီဘဝလို နာကျဥ်စရာ အဖြစ်ဆိုးမျိုး​တွေနဲ့မဟုတ်ဘဲ
မိဘနှစ်ပါးစုံလင်တဲ့ အဖြစ်မျိုးနဲ့ မိဘ​ကျေးဇူးဆပ်ခွင့်ရတဲ့ သားသမီးဘဝမျိုး ရခွင့် ဖြစ်ခွင့် ရချင်ပါတယ်

ကမ္ဘာ​ပေါ်မှာ ရှိတဲ့မိဘတိုင်း လူသားအဖြစ် ​​မွေးဖွားလာမယ့်
က​လေးတိုင်းကို လူဖြစ်ခွင့် ​ပေးနိုင်ကြပါ​စေလို့
ကျုပ်ဆု​တောင်းလိုက်ပါတယ်

မယ်ငြိမ်း