ဝိညာဉ် ခရီးသည်(စ/ဆုံး)
အချိန်က ည (၇)နာရီကျော်ရုံရှိသေးသည်။
မိုးကလည်း အားကုန်ရွာချနေသည်။ ကား
လမ်းကို မီးထိုးထားသော်လည်း အဝေးတိုင်
အောင်မမြင်ရ။ ကားမီးက သဲသဲမဲမဲရွာနေ
သော မိုးစက် မိုးပေါက်တို့ကို ထိပြီး အလင်း
ပြန်လာခြင်းကြောင့် ရှေ့ကို အဝေးထိမမြင်
ရ။မျက်လုံးထဲမှာ မိုးရေများနှင့် ကားမီးရောင်
ကိုသာ မြင်နေရသည်။
သို့ကြောင့် ကားကိုအရှိန်နှင့် မမောင်းတော့ဘဲ၊
အနည်းငယ် အရှိန်လျော့ပြီး မောင်းခဲ့သည်။
ကားလမ်းက အမြန်လမ်းမဟုတ်၍ တော်သေး
သည်။ ရန်ကုန်မန္တလေး လမ်းဟောင်းအတိုင်း
မောင်းလာခဲ့ခြင်း ဖြစ်သည်။ကျော်တင့် ဘီယာ
နည်းနည်းမူးနေသည်။
မျက်နှာချင်းဆိုင်မှလာသော ကားကြီးများ၏
မီးရောင်ကို သတိထားပြီး မောင်းနေရသည်။
ကျောက်တံခါးမြို့သို့ ကိစ္စရှိ၍ ရန်ကုန်မှ ည
နေပိုင်း ထွက်လာခဲ့ခြင်းဖြစ်သည်။ ပဲခူးအလွန်
နှင့်၊ မှောင်နေပြီ ဘုရားကြီးကျော်သည်နှင့်
အမှောင်ထုက ပိုလာသလို မိုးကလည်း အ
ရှိန်ကောင်းကောင်းနှင့် ရွာနေသည်။
ဝါခေါင်မိုးက နေ့စဉ်မပြတ် ရွာနေသည်။ အချို့
အရပ် ဒေသများ၊ ရေကြီးသဖြင့် ကယ်ဆယ်
ရေးတွေပါ လုပ်ဆောင်နေကြရသည်။ ဝါဆိုလ
ပြည့်ကျော်ကတည်းက မိုးပုံမှန်ရွာလာသည်။
မိုးရွာကတည်းက တစ်ရက်မှ မိုးတိတ်သည်မရှိ။
ယခုဝါခေါင်လမှာ မုန်တိုင်းငယ်များ အဖျားခတ်
သဖြင့် မိုးက ပိုပြီးသဲသဲမဲမဲ ရွာနေခဲ့သည်။
မိုးများလွန်သဖြင့် ညဘက်ခရီးမသွားချင်သော်
လည်း၊ မလာ၍မဖြစ်သဖြင့် ညခရီးထွက်ခဲ့သည်။
ကားကို မှန်မှန်မောင်းခဲ့သည်၊ ရန်ကုန်က မထွက်
ခင်၊ မိုးကလည်းအေး ခရီးကလည်း မိုင်တစ်ရာ
ကျော်မောင်း ရမည်။
အပေါင်းအသင်း မိတ်ဆွေကလည်းမပါ။ သို့
ကြောင့် ဘီယာသံဘူး သုံးလုံးဝယ်လာပြီး
လမ်းမှာ နည်းနည်းချင်း သောက်လာခဲ့သည်။
ဘီယာအရှိန်လေးနှင့် မိုးအေးအေးမှာ ကား
ကို ပဲခူးအဝင်ဆယ်မိုင်ကုန်းမှာ တစ်ခါရပ်ပြီး
ဆီးသွားလိုက်ရသေးသည်။ ပဲခူးအထွက် မော်
လမြိုင်ရထားလမ်းဆုံအလွန်မှာ မိုးဖွဲဖွဲလေးရွာ
နေသဖြင့် ခဏရပ်ကာ၊ ဒုတိယအကြိမ် ဆီး
သွားလိုက်ရသေးသည်။
ထိုအချိန် ဘီယာသုံးဘူးလည်း ကုန်သွားပြီ။
မိုးကလည်း သွားလိုက်၊ ကားကို မြန်မြန်မောင်း
လိုက် မိုးသည်းခိုက် ကားကို ဖြည်းဖြည်းလေး
မောင်းလိုက်နှင့် လာခဲ့ရာ ကျိုက်စကော
မရောက်ခင် ရထားနှင့် ကားလမ်းဆုံရာ နေ
ရာသို့ ရောက်သဖြင့် ကားကို အရှိန်လျော့ပြီး
မောင်းလိုက်သည်။
ကားကို အရှိန်လျော့ပြီး သံလမ်းကို ကျော်ဖြတ်
မောင်းနှင်လိုက်သည်။ သံလမ်းတစ်ဖက်ခြမ်း
ရောက်သည်နှင့် ကားကို အရှိန်တင်ရန် ဂီယာ
ပြောင်းမယ်အကြံနှင့် ကလပ်ကို နင်းလိုက်စဉ်
ကားရှေ့တည့်တည့်မှာ မိန်းကလေးတစ်
ယောက် ထီးဆောင်းပြီး ရပ်ကာ ကားကို
တားနေသည်ကို တွေ့လိုက်သဖြင့် ဘရိတ်
ကိုပါ နင်းလိုက်ရသည်။
ထိုအချိန် မိုးကလည်း သဲသဲမဲမဲမရွာတော့ဘဲ ပုံမှန်
အနေအထားနှင့် မှန်မှန်လေးရွာနေသည်။ကားက
မိန်းကလေး က ကားနားကို လျှောက်လာသည်။
ထီးပါပေမင့် မိုးမလုံ၍ အောက်ပိုင်းတစ်ဝက်ခန့်
မျှ စိုရွှဲနေသည်။ မိုးရေရွှဲနေသည့်အောက်ပိုင်းက
အသားနှင့် ကပ်နေသည်။
မိန်းကလေးအသက်က နှစ်ဆယ်ခန့်သာ ရှိမည်
ဟု ကျော်တင့် ခန့်မှန်းလိုက်မိသည်။ ဤနေရာ
မှာ မီးရထားလမ်းကူးဖြစ်၍ ရထားတံခါးပိတ်
သော ဝန်ထမ်းမိသားစုရှိကြသည်။ ထိုမိသား
စုထဲက တစ်ယောက် ဖြစ်နိုင်သည်။
“ဟေ့ မိန်းကလေး ကားလမ်းလယ်မှာ ဘာ
ကြောင့် ရပ်နေတာလဲ..ဘာလဲ..သေချင်အောင်
စိတ်ညစ်နေလို့လား”
“ရှင်တိုက်လို့ သေသွားလည်း ကောင်းပါတယ်”
” မင်းဟာမင်း …သေချင်လို့ ကားအတိုက်ခံ
ပေမယ့် ငါအမှုပတ်တော့ မခံနိုင်ဘူး …ဘာ
ကိစ္စနဲ့ ရပ်ပြီး ကားတားတာလဲ”
“ကျမ ဒီမှာ မနေချင်လို့ …ကျမအမျိုးတွေရှိတဲ့
ရွာကို သွားမလို့ …ဘယ်သူမှ မသိအောင်
ထွက်လာခဲ့တာ”
“မင်းက ဘယ်ကို သွားမှာလဲ”
“ညောင်လေးပင်ကို သွားမလို့ “
“ဒီအချိန်ကြီး ညောင်လေးပင်ကို သွားမလို့
မင်း…အမျိုးတွေရှိတဲ့ ရွာက ညောင်လေး
ပင်နဲ့ နီးလို့လား”
“ညောင်လေးပင် မရောက်ခင် လမ်းမှာပဲ၊ အဲဒီ
ရောက်ရင် ကျမ ပြောပါ့မယ်၊ ကားလမ်းကနေ
တစ်ခေါ်လောက်ပဲ ဝေးပါတယ်”
“အင်းလေး ဟိုကိုရောက်မယ့်အချိန်က ကိုးနာ
ရီနဲ့ ဆယ်နာရီဝန်းကျင်ဆိုတော့ လူတွေမအိပ်
နိုင်သေးပါဘူး”
“ဘာပဲဖြစ်ဖြစ် ..ဒီကဝေးဘို့ အဓိကပဲ …ကျမကို
တာဝန်မကြီးရင် ခေါ်သွားပေးပါ၊ ကားခလည်း
တောင်းပါ၊ ပေးပါ့မယ်။ ကျမကျေးဇူးမမေ့ပါဘူး
ကျမ မိကောင်းဖခင် သားသမီးပါ”
ကျော်တင့်လည်း မြင်စကတစ်မျိုး ထင်သော်
လည်း မ်ိန်းကလေးကို ကြည့်ရသည်မှာ ကြောက်
လန့်စရာ တစ်ခုခုကြောင့် အနိုင်အထက်ကျင့်သူ
တစ်ယောက်ယောက်ကြောင့် ယခုလို မိုးသည်း
ညမှာ အကြောက်တရားကို အန်တုပြီး ထွက်လာ
ပုံ ရသည်ဟု ထင်ကာ ကားတံခါးဖွင့်ပေးလိုက်
သည်။ မိန်းကလေးက နောက်အခန်းမှာ ဝင်
ထိုင်လိုက်သည်။
“အစ်ကိုရဲ့ကား ဆိုဖာတွေ စိုကုန်ပြီ”
“ရပါတယ်…မင်းမှာ အဝတ်အစားလည်း အပို
မပါဘူး၊ မင်းသွားရမယ့် ခရီးက နည်းနည်းဝေး
သေးတယ်”
“မိုးစိုရုံနဲ့တော့ မသေနိုင်ပါဘူး ဒီမှာနေရရင်
ကျမ သေသွားနိုင်တယ်”
ကျော်တင့်လည်း ကားကို မောင်းထွက်လာသည်။
တစ်နာရီကို မိုင်သုံးဆယ်နှုန်းခန့်သာ မောင်းလာ
ခဲ့သည်။ အသွားအလာ ကားရှင်းသည်။ မိုးက
မှန်မှန်သာ ရွာနေသည်။ အချိန်က ညရှစ်နာရီ
ခွဲနေပြီ။ ကျိုက်စကောရွာအဝင်မှာတော့၊ လမ်း
ဘေးရပ်ထားသော ကားနှင့် လမ်းလျှောက်နေ
သော လူအချို့ရှိနေသဖြင့် သတိထားပြီး မောင်း
ခဲ့သည်။ ကျိုက်စကော လွန်သည်နှင့် မိုင်လေး
ဆယ်နှုန်းတင်ပြီး မောင်းခဲ့သည်။
ကားအတွင်း မီးရောင်နှင့် နောက်ကြည့်မှန်မှ
တစ်ဆင့် မိန်းကလေးကို ကြည့်လိုက်သည်။
“အင်း…ရုပ်လေးကတော့ မဆိုးဘူး”
ထို့နောက် ကားကိုသာ သတိထားနေနေလိုက်
သည်။ မိန်းကလေး ကားပေါ်ရောက်ပြီး စကား
မပြောဖြစ်တော့၊ ကျော်တင့်ကတော့ မိန်းက
လေးအကြောင်းကို အမျိုးမျိုးတွေးနေမိသည်။
‘ဒီမိန်းခလေး…ဘာကြောင့် သူ့အိမ်က ထွက်လာ
ရတာလဲ ငါမေးကြည့်ချင်လိုက်တာ၊ သူများကိစ္စ
စပ်စုလို့လည်း မကောင်းဘူး”
“အစ်ကို စကားမပြောဘဲ ကျမအကြောင်းတွေးနေ
တာလား”
“အမှန်အတိုင်းဝန်ခံရရင် …ဘာကြောင့်တစ်
ယောက်တည်း အချိန်မတော်အိမ်က ထွက်ပြေး
လာလည်း ဆိုတာ စပ်စုချင်တဲ့စိတ်နဲ့ တွေးနေ
မိတာပါ”
“အမှန်အတိုင်း ဝန်ခံရရင်…ဘာကြောင့်တစ်
ယောက်တည်း အချိန်မတော်အိမ်က ထွက်ပြေး
လာလည်းဆိုတာ စပ်စုချင်တဲ့စိတ်နဲ့ တွေးနေ
မိတာပါ”
“ဒီလောက်ကတော့ …စပ်စုစရာမလိုပါဘူး
ကျမပြောပြမှာပါ…ဒီလိုအစ်ကိုရေ…ကျမမှာ
အစ်မတစ်ယောက်ရှိတယ်…ဒီကမီးရထား
ဝန်ထမ်းနဲ့ အိမ်ထောင်ကျနေတယ် ကလေး
က နှစ်ယောက်ရှိတယ် ကျမက ရွာမှာ နေ
တယ်။ လွန်ခဲ့တဲ့သုံးလလောက်က အစ်မ
နေမကောင်းဘူးဆိုတာနဲ့ ကလေးတွေကို
လည်း ကြည့်ပေး၊ အစ်မကိုလည်း ပြုစုဖို့၊
အမေက ဒီကိုလွှတ်လိုက်တယ်။ ကျမယော
က်ျားက အမြဲမူးနေတယ်။ သူနဲ့အတူနေတဲ့
အသက်(၇၀)လောက်ရှိတဲ့ သူ့ရဲ့အဖေလည်း
ရှိသေးတယ်။ အစ်မက နေမကောင်းရာက
ရောဂါပိုဆိုးလာပြီး လွန်ခဲ့တဲ့လက ဆုံးသွား
တယ်။ အစ်မဆုံးသွားတော့ အသက်သုံးနှစ်
တစ်ယောက် တစ်နှစ်အရွယ်တစ်ယောက်၊
ကလေးနှစ်ယောက်ကျန်ခဲ့တယ်၊ ရွာကအ
မေက သူတို့ခေါ် ပြုစုပျိုးထောင်ပေးမယ်ဆို
တာ အစ်မယောက်ျားက ကလေးတော့
မပေးနိုင်ဘူး။ ကျမကို တစ်လတန်သည်၊
နှစ်လတန်သည်၊ ကလေးတွေအထာကျ
အောင် နေပေးပါ၊ ပြီးမှရွာပြန်ပါဆိုတာနဲ့
အမေက သဘောရိုးနဲ့ပြောတယ် ထင်ပြီး
နှစ်လသုံးလလောက်နေပေးဘို့ ဒီမှာထား
ခဲ့တယ် ကျမကလည်း အစ်မရဲ့ယောက်ျား
မှာ အမေကြီးရှိနေတာနဲ့ အန္တရာယ်မရှိနိုင်
ဘူးထင်လို့ တစ်လလောက်နေပေးမယ်ဆို
ပြီးနေတာမှာ အန္တရာယ်စက်ကွင်းထဲဝင်မိ
တော့တာပဲ၊ အဘိုးကြီးကတော့ သူ့သား
အရက်ပဲ သောက်တာ၊ မကောင်းတဲ့စိတ်
မွေးမှာ မဟုတ်ဘူးလို့ မှတ်ထင်နေမှာပေါ့
သူက အကြံသမား စောစောမအိပ်တဲ့ သူ့
အဖေကို ဘာဆေးတွေကျွေးလည်းမသိဘူး။
အဲဒီရက်ပိုင်းအဘိုးကြီး မှောင်တာနဲ့ အိပ်ရာ
ဝင်တော့တာပဲ၊ အိပ်ပြီဆိုလည်း တစ်ရေးထဲ
အိပ်တာ မိုးလင်းမှနိူးတယ်။ အဘိုးကြီးအိပ်
တာနဲ့ အရက်မူးနေတဲ့ ခဲအိုက ကျမကို အ
တင်းကြံတော့တာပဲ၊ ကျမ ဘယ်လိုအော်
ဟစ် ရုန်းကန်ပေမယ့် အားချင်းမမျှတော့
သူပြုသမျှ နုခဲ့ရတယ်၊ တစ်ရက်က၊ နှစ်
ရက်၊ နှစ်ရက်က သုံးရက်၊ ပိုဆိုးလာတာနဲ့
အရက်မူးပြီး အနားကပ်လာတာနဲ့ တုတ်နဲ့
ခေါင်းကို ရိုက်ပြီး ထွက်ပြေးလာခဲ့တာ”
“ဒါဆို မင်းရိုက်ခဲ့တာ၊ သူသေသွားပြီလား၊
သေပြီဆိုရင် ကျုပ်က တရားခံကို ကူညီ
ပေးတဲ့လူ ဖြစ်နေပြီ”
“သူမသေပါဘူး …ခေါင်းကွဲသွေးထွက်ရုံပါ
သူက ပြန်သတ်မယ်ဆိုလို့ ကြောက်လန့်ပြီး
ပြေးထွက်ခဲ့တာ”
“ကဲ …ပါ ..မင်းရဲ့အဖြစ်ကြားရတာ စိတ်မ
ကောင်းပါဘူး။ မင်းအခု …သူ့လက်ကလွတ်
ပြီမဟုတ်လား၊ မင်းမိဘဆီ ပြန်ရောက်ရင်
…သူကို ရဲတိုင် တရားစွဲလို့ရတာပဲ”
” တစ်ရှက်က နှစ်ရှက်အဖြစ်မခံတော့ပါဘူး”
“ကဲ…မိန်းကလေး စိတ်ထဲ ဘာမှ တွေးမနေ
နဲ့တော့ မကြာခင် မင်းမိဘဆီပြန်ရောက်
တော့မှာပဲ”
“ဒီကျိုက်စကောလမ်းဆုံမှာ၊ သရဲတွေ၊ တစ္ဆေ
တွေ၊ မှင်စာ၊ ကျတ်တွေပေါတယ်၊ ခရီးသွားရင်
တော့ သတိထားပေါ့”
“မင်းက သရဲ၊ တစ္ဆေတော့မဟုတ်ပါဘူးနော်”
“မဟုတ်ပါဘူး အစ်ကိုရယ်…ကျမက တကယ်
ဒုက္ခသည်ပါ တစ်ခုတော့ ပြောစရာရှိတယ် အဲ
ဒီရထားနဲ့ကား လမ်းဆုံတဲ့နေရာမှာ ကျမကား
တားတဲ့ နေရာ မရောက်ခင်လေးမှာ လွန်ခဲ့တဲ့
တစ်ပတ်က ကျမအရွယ်လောက်ရှိတဲ့ မိန်းက
လေးတစ်ယောက် ကားတိုက်သေသွားသေး
တယ်။ သူက ညပိုင်းခရီးသွားတဲ့ကားတွေကို
ကားလမ်းပေါ်တက်လာပြီး ခြောက်လှန့်တယ်
လို့လူပြောများနေတယ်”
“ကဲပါ မိန်းကလေးရယ် အချိန်မတော်ကြီး
ကားပေါ်မှာ သရဲ တစ္ဆေ အကြောင်း မပြော
ပါနဲ့လား”
“ကြောက်လို့လား…အခြားစကားလည်း ပြော
စရာ မရှိတော့၊ ပြောမိပြောရာပြောလိုက်တာ
ပါ။ ကျမကတော့ အစ်ကို အဖော်ရှိနေတဲ့အ
တွက် မကြောက်တော့ပါဘူး”
“မင်းက သရဲ၊ တစ္ဆေကို ယုံလို့လား”
“ယုံတာပေါ့ ကျမတို့နေတဲ့ တန်းလျားမှာ၊ အ
လုပ်သမား မိသားစုငါးစုနေတယ်၊ အားလုံး
တစ်ခန်းစီပါ၊ အဲဒီလမ်းဆုံမရောက်ခင် ကား
လမ်းချောင်းကူးတံတားရှိတယ်။ အရင်က တံ
တားက ကားကြီးတစ်စီးစာပဲ အကျယ်ရှိတယ်
ညဘက်အမြန်မောင်းလာတဲ့ ကားတွေ တံ
တားအုတ်ခုံနဲ့ ဆောင့်မိတဲ့ကဆောင့်၊ ချောင်း
ထဲကျတဲ့ ကားကကျနဲ့၊ မရဏတံတားလို့
နာမည်ဆိုး ထွက်ခဲ့တယ်၊ အခုတော့ အဲဒီ
တံတားကို ဖျက်ပြီး လေးလမ်းသွား တံတား
ပြင်ဆောက်လိုက်ပြီး တံတားဟောင်းကြောင့်
သေခဲ့ရတဲ့ သူတွေရဲ့ဝိညာဉ်အတော်များများ
မကျွတ်မလွတ်ဘဲ ကုက္ကိုပင်တွေမှာ အစိမ်း
သရဲအဖြစ်နဲ့ နေကြတယ်”
“ဒါဆို အမြဲခြောက်လှန့်နေမှာပေါ့”
“ဟုတ်တယ် မကြာမကြာအခြောက်ခံရတယ်”
“မင်းလည်း အခြောက်ခံရဖူးမှာပေါ့”
“သရဲအခြောက်ခံရဖူးလို့ သရဲတစ္ဆေရှိတာ
ယုံတယ်လို့ပြောတာပေါ့”
သရဲအကြောင်းမပြောပါနဲ့ဆိုကာမှ၊ ကျော်
တင့်ရော မိန်းကလေးပါ သရဲအကြောင်း
ပဲ ပြောနေမိသည်။ မိုးက ယခုတိုင် မတိတ်
သေး၊ ရွာကောင်းတုန်းပင်၊ ကားကိုတော့
မှန်မှန်ပင် မောင်းခဲ့သည်။ လမ်းဘေးမှာ
လူနေသည့်ရွာလေးများ ခပ်စိပ်စိပ်တွေ့
လာရသည်။ အချိန်က ကိုးနာရီကျော်ပြီ။
ဒိုက်ဦးကို လှမ်းမြင်လိုက်သည်။ လျှပ်စစ်
မီးရောင်များ ထိန်ထိန်လင်းနေသည်။
ဒိုက်ဦးကို ဝင်သည်။ ထို့နောက် ကားကို
ဆက်မောင်းခဲ့သည်။ မြို့အတွင်းဝင်သည်
နှင့် လမ်းဘေးမှာ စားသောက်ဆိုင်များ၊
လက်ဖက်ရည်ဆိုင်များကို တွေ့ရသည်။
ညလုံးပေါက် ဖွင့်ဟန်ရှိသည့် ဆိုင်ကြီး
တစ်ဆိုင်မှာ၊ ခဏနားပြီး တစ်ခုခုစားရန်
စိတ်ကူး၍ ကားကိုရပ်လိုက်သည်။
“မိန်းကလေး…တစ်ခုခုစားပြီး ဗိုက်ဖြည့်
လိုက်ရအောင် ဆင်းဦးလေ”
“မဆင်းတော့ဘူး…ညဘက် အစာမစားတတ်ဘူး
ညစာကို ခြောက်နာရီလောက်က စားထားတယ်”
“လာပါ မစားလည်း တစ်ခုခုသောက်ပါ”
“နေ…နေ ကျမကိုအားမနာပါနဲ့ ကျမကားပေါ်
မှာပဲ ထိုင်နေခဲ့ပါ့မယ်”
ကျော်တင့်လည်း အတင်းမခေါ်တော့ဘဲ
ကားအောက်ဆင်းကာ ဆိုင်းအတွင်းဝင်ခဲ့ပြီး
စားစရာမှာစားလိုက်သည်။
“အင်း …ကားခမပေးဘဲစီးလာတာဆိုတော့
အလကားလိုက်စားရမှာ အားနာလို့ဖြစ်မယ်
ပြီးမှ…သူအတွက်စားစရာတစ်ခုခုဝယ်သွားရယ်”
စားသောက်ပြီးတော့ မုန့်နှစ်ထုပ်ဝယ်ကာ
ပိုက်ဆံရှင်းလိုက်သည်။
“ဘယ်လိုလည်းပျင်းနေပြီလား”
“မပျင်းပါဘူး”
“အင့်…ကြိုက်လား မကြိုက်လား မသိဘူး စား”
“ရပါတယ် ကျေးဇူးပါပဲ”
ကားပေါ်ပြန်တက်ပြီး ကားမောင်းထွက်ခဲ့သည်။
ပြွန်တံဆာမှ ထွက်တော့ ကိုးနာရီခွဲပြီးပြီ
ကားထဲမှ ထူးခြားသောမွှေးကြိုင်လှသည့်
အနံ့တစ်မျိုးသိသိသာသာကြီးမွှေးလာသည်
“မိန်းခလေး…မင်းရေမွှေးဆွတ်ထားလား
စောစောကတော့ ဒီအမွှေးနံ့မျိုးမရပါဘူး
အခုမှထူးခြားခြား အမွှေးနံ့ရတယ် အောက်ဆင်းပြီး
မုန့်စားနေတုံး ရေမွှေးဆွတ်လိုက်တာလား”
“ကျမကားပေါ်စတက်ကတည်းက ထီးတစ်ချောင်းပဲ
ပါတယ် ဘယ်ကရေမွှေးပုလင်းပါလို့လဲ”
“မသိဘူး စောစောက ဒီလောက်မမွှေးဘဲ
အခုမှ သိသိသာသာကြီး မွှေးလာလို့”
“အော် ဒါလား မထူးဆန်းပါဘူး လူခန္ဓာကိုယ်က
မွှေးချင်လည်း မွှေးတာပဲ နံချင်လည်းနံမှာပဲ
ပုပ်ချင်လည်း မခံနိုင်အောင် ပုပ်မှာပဲ”
“အံမာ မင်းကတရားသဘောတွေပြောလို့ပါလား
ငယ်ငယ်လေးနဲ့ တရားပေါက်လို့ မဖြစ်သေးဘူး
ထင်တယ်”
“ဘာကြောင့်လဲရှင့်”
“အော် အသက်နှစ်ဆယ်ကျော်အရွယ်က တရား
ပေါက်ရာမယ်အရွယ် မဟုတ်သေးဘူးလေ
လူစည်းစိမ်ခံစား သင့်သေးတယ်ထင်တယ်”
“တော်ပါပြီ လူတွေကိုကြောက်လှပါပြီ လူတွေကြောင့်
ဘဝပျက်ခဲ့ရတာ ကျမလည်းဘဝပျက်ခဲ့ရပြီ
အသိအချို့လည်း ဘဝပျက်ခဲ့ကြတယ် လူဘဝကြီးက
ဘယ်မှာပျော်ရွှင်စရာ ကောင်းလို့လဲ အကိုက
ကျမကို အခုလို လှလှပပလေး ချောချောလေး
မြင်ရတော့ သနားတယ် ကြင်နာတယ် ဂရုဏာ
သက်တယ် မလှမပတဲ့မိန်းကလေးတစ်ယောက်ကို
အစ်ကိုမြင်ရင် အခုလို ကားပေါ်ခေါ်တင်လာပါ့မလား”
“အဲဒီလို အထင်မသေးပါနဲ့ဒုက္ခရောက်နေတာတွေ့ရင်
ကူညီချင်စိတ်ရှိပါတယ်”
“ဒါက တကယ်မကြုံသေးလို့ပါ တကယ်လို့ကျမက
လူမဟုတ်ဘဲ တစ္ဆေသရဲဆိုရင် အစ်ကို အခုလို
ကူညီပါ့မလား”
“တစ္ဆေသရဲဆိုရင်တော့ ဘယ်သူက ခေါ်တင်ပါမလဲ”
“အင်း ဒါပေမယ် ကျမကိုတော့ အစ်ကိုက
ကားပေါ်ခေါ်တင်ခဲ့ပြီးပြီလေ”
“မင်းက သရဲမှမဟုတ်ဘဲ။လူဖြစ်နေတာဆိုတော့
ကူညီခဲ့ရတာပေါ့”
ထိုစဉ်ကားပေါ်မှာ မွှေးသောအနံ့များပျောက်သွားပြီ
ပုံမှန်ပြန်ဖြစ်သွားသည်
“ဟင် စောစောကမွှေးရနံ့လည်း မရှိတော့ဘူး
ဘယ်လိုဖြစ်တာလဲ”
“တကယ်လို မမွှေးတော့ဘဲ အပုပ်နံ့ထွက်လာရင်
ကျမကို ဘယ်လိုဆက်ဆံမှာလဲ”
“ဟာဗျာ ခင်ဗျာကလည်း အခြားအကြောင်းတွေ
ပြောစမ်းပါ ဒီတစ္ဆေသရဲ အကြောင်း မပြောစမ်းပါနဲ့”
မပြောလို့မဖြစ်ဘူးရှင့် တကယ်တော့ ကျမက
ရှင်ထင်သလို လူမဟုတ်ဘူး”
“ဘာ ဘာပြောတယ်”
“ဟုတ်တယ် ကျမက သရဲတစ်ကောင်ပဲ”
“မနောက်ပါနဲ့ကွာ အချိန်မတော်ကြီး”
ထိုအချိန်ကားအတွင်းမှာ အပုပ်နံ့ကြီးလှိုင်လာသည်
ထိုအပုပ်နံ့ကြောင့် ကျော်တင့်ခေါင်းနားပန်ကြီးသွား
သည်။နှလုံးများ တဆတ်ဆတ်ခုန်လာသည်။
ကားကိုရပ်လိုက်ရမလား မောင်းပြေးရမလား
မစဉ်းစားနိုင်တော့။
ရပ်လိုက်လျှင် သရဲဖြစ်ပါက ဘာလုပ်မည်မသိ
မရပ်ပေးလျှင်လည်း ဘာလုပ်မည်မသိ
ရင်တဒိတ်ဒိတ်ခုန်လာသည်။
ထိုအချိန်မှာပဲ မခံနိုင်အောင်ပုပ်ဟောင်နေသော
အနံ့က ယူပစ်လိုက်သလို ပျောက်သွားသည်
အမွှေးနံ့လည်းမရ အပုပ်နံ့လည်းမရ
ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်
“ကဲ ယုံပြီလား ကျမက ဟိုကျိုစကောလမ်းဆုံမှာ
ပြီးခဲ့တဲ့သုံးရက်က ကားတိုက်ခံရပြီးသေသွားတာ
ခဲအိုရဲ့လက်က လွတ်အောင်ပြေးရင်း ကားတိုက်
ခံလိုက်ရတာ”
“မင်း…မင်း …သရဲ ဆိုရင် ကားပေါ်က ဆင်းပါတော့”
“ဆင်းမှာပါ ရှေ့နားက လမ်းဆုံနှစ်ဆစ်ချိုးကျရင်
ဆင်းမှာပါ အဲဒီနားမှာ ကျမနေရမှာ ဒီသရဲဘဝက
မကျွတ်မချင် ဒီမှာနေဖို့ အကြောင်းဖန်လာတယ်
ဒါကြောင့် ရှင့်ရဲ့ကားကြုံနဲ့ လိုက်ခဲ့တာ
ရောက်ရော့မယ် ရှေ့နားအကွေ့ဆိုရင်ရောက်ပီ
အဲဒီအကွေ့ကို ဒီအနီးအနားလူတွေက
“အာလောကွေ့”လို့ခေါ်ကြတယ်
ကားမှောက်ပြီး အလောဆိုတဲ့ တရုတ်ကြီးသေ
သွားရာက စပြီး အာလောကွေ့လို့ခေါ်ခဲ့တာ
ဒီနေရာလည်း ကားလမ်းက နှစ်ဆစ်ချိုးဖြစ်နေတာ
မကြာခဏ ကားမှောက်တယ်
ဟော…ရောက်ပြီ …ရပ် ရပ်”
ကားရပ်လိုက်သည်နှင့် ကားတံခါးပွင့်သွားသည်
ထိုမိန်းခလေး ကားပေါ်ကဆင်းသွားသည်
“ကဲ အခုလို ကားပေါ်က လိုက်ခွင့်ပြုတဲ့အတွက်
ကျေးဇူးတင်ပါတယ်”
မိန်းခလေးကပြောအပြီး လမ်းဘေးဆင်းမည်အပြု
ကျော်တင့်က ကားစထွက်လိုက်စဉ်
“နေ အုံး နေအုံး
ကျမလက်တစ်ချောင်းကားပေါ်မှာ ကျန်ခဲ့တယ်
အဲဒီလက်က ကားဘီးနဲ့ကျိတ်မိလို့ ပြတ်ထွက်သွားတာ”
ကျော်တင့်က နောက်ထိုက်ခုံဘက်သို့ ကျော်ကြည့်
လိုက်သည်။သူတွေ့လိုက်သည် ပုပ်ပွလုဆဲဆဲ
လက်ပြတ်ကြီး။သူကားမှန်ချပြီး ဖုံသုတ်သည့်
အဝတ်နှင့် ကိုင်ရန် စိတ်ကူးလိုက်သည်
ကောက်ကိုင်ပြီး ကားအတွင်းမှ လှမ်းပေးရန်
စိတ်ကူးနှင့် မှန်ကိုချခြင်းဖြစ်သည်။
တကယ်ကောက်မည်ကြံတော့ မကိုင်ရဲ
“လာ ကိုယ်လက်ကိုယ့်ပြန်ယူ ကျုပ်မကိုင်ရဘူး”
“ဒါလေးများ ဘာခက်တာမှတ်လို့”
သရဲ မိန်းခလေးက ကားတံခါးဖွင့်ပြီး
သူ့ကိုကျောပေး အနေအထားနှင့်
လက်ကိုလှမ်းယူသည်။
“အမလေး”
သူထိတ်လန့်ကာ အော်သံထွက်သွားပြီ
“ဝူး”
ထိတ်ထိတ်လန့်လန့်နှင့် ကားကို မောင်းထွက်လိုက်သည်
လက်ပြတ်ကြီးကိုင်မိရုံသာရှိသေးသော သရဲမ ကားနှင့်
ရိုက်ပြီးတစ်ပတ်လည်ကာ ကျန်ခဲ့သည်
ကျော်တင့်သရဲမ၏နောက်ကျောကိုမြင်ရသည်
ဦးနှောက်တွေထွက်ကျနေသည့်ခေါင်းနောက်ပိုင်း
ပွင့်လျက်ကြီးကို မြင်လိုက်ရသည်။
ကျောပြင်ကြီးကိုလည်း အဝတ်အစားများစုတ်ပြတ်
သတ်ကာ သွေးအလိမ်းလိမ်းဖြင့်မြင်လိုက်ရပြန်သည်
ကျော်တင့်လည်းသရဲမနှင့်ဝေးအောင် ကားလီဗာနင်း
ပြီး အမြန်မောင်းထွက်လိုက်သည်
သရဲမ ဖွင့်လိုက်သောကားတံခါးက ပွင့်လျက်ရှိနေရာက
ကားလေတိုး၍ တံခါးပြန်စေ့သွားပြီး ဂျက်မကျဘဲ
ဂျိန်းဂျိန်းမြည်ကာ ပါလာသည်။
ညောင်လေးပင်အဝင်နားရောက်မှ ကားကိုအရှိန်လျော့၍
ကားတံခါးကို ဆွဲပိတ်လိုက်ရသည်။
“ဟူး ငါနှယ့်သရဲမတစ်ကောင်လုံး ကားပေါ်ခေါ်တင်
လာရတယ်လို့”
ထိုအချိန်ထိ ကျော်တင့်တစ်ကိုယ့်လုံး အကြောက်တရား
တို့ကြောင့် တဆတ်ဆတ်တုန်နေတုန်းရှိသေးသည်။
“င့ါကို ဘာမှမလုပ်သွားသေးလို့ တော်သေးတယ်
လမ်းတစ်ဝက်လောက်မှာများ အခုပုံစံမြင်လိုက်ရရင်
ငါသေမှာပဲ”
အချိန်မတော် ကားမောင်းကြသူတစ်ယောက်မဟုတ်
တစ်ယောက်ကတော့ သူကဲ့သို့ ကြုံဖူးပေလိမ့်မည်
ကားလေးက ညောင်လေးပင်မြို့ထဲ ဝင်လာခဲ့သည်
ညလုံးပေါက်ဖွင့်သော ဆိုင်ရှေ့မှာ ကားကိုရပ်လိုက်ပြီး
ကားနောက်ပိုင်းကို မီးရောင်ဖြင့် အသေအချာအကဲ
ခတ်စစ်ဆေးကြည့်လိုက်သည်။ထူးခြားချက်မတွေ့
တော့မှ စိတ်ချလက်ချနှင့် စိတ်လှုပ်ရှားမှုကို
လျော့ချရင်း ဆိုင်အတွင်း ဝင်ခဲ့ လိုက်တော့သည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Uncategorized