သရဲစီးတဲ့ ကျွဲနှစ်ကောင်(စ-ဆုံး)
မောင်မှိုင်းညို့(ချောင်းဦး)
ဟာ .. သစ်ခွဲသားတွေကွ ပွတာပဲ …” ပဲခူး ရိုးမရဲ့ တောနက်တစ်နေရာမှာ ဖြစ်ပါတယ်။ ကိုနိုင်နှင့်ထွန်းထွန်းဝင်းတို့ဟာ လျှိုချောက်တစ်ခုထဲမှာ ပြိုကျနေတဲ့ လွှစင်ဟောင်းတစ်ခုနှင့် ခွဲစိတ်ထားတဲ့ဆိုက်စုံသစ်ခွဲ သားပုံကို သွားတွေ့လိုက်တယ်။ပြိုနေတဲ့ လွှစင်ပေါ်မှာလည်း ကြီးမားဖြောင့်တန်းတဲ့ သစ်လုံးကြီးရှိနေတယ်။
လွှစင်နေရာတစ်ဝိုက်မှာရှိတဲ့ သစ်ပင်ခြုံနွယ်အနေအထား ကိုကြည့်တာနှင့် စွန့်ပစ်ခဲ့တာကြာပြီဆိုတာ သိသာလှတယ်။ ခွဲသားတွေပုံထားတဲ့ သစ်ပုံမှာလည်း ခြုံနွယ်တွေဖုံးအုပ် နေတယ်။ ဖုံးအုပ်ထားတဲ့အထဲကမှ သစ်ခွဲသားတွေကို မြင်နေရတယ်။
ကိုနိုင်နှင့်ထွန်းထွန်းဝင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြတယ်ပဲခူးရိုးမ တောနက်ကြီးထဲကိုလာ၊ ပင်ပင်ပန်းပန်း သစ်တွေခွဲစိတ်ပြီးကာမှ ဘာလို့သယ်ယူမသွားကြတာလဲ …
ဘာလို့စွန့် ဖစ်ထားခဲ့ကြတာလည်း နှစ်ယောက်စလုံး စဉ်းစားလို့မရဘူး၊ နားမလည်ဘူး ဖြစ်နေတယ်။တကယ်တော့ သူတို့လာရှာတာက သင်ဂဒူသစ်အမျိုးအစားဘယ်နိုင်ငံ၊ ဘယ်ဈေးကွက်နှင့် ဘယ်လို အကြံအဖန်ပီးထားကြလဲမသိဘူး
သင်ဂဒူသစ်ကို သစ်ပွဲစားတွေ အသည်းအသန်လိုချင်နေ ကြတယ်သစ်သမားလွှသမားတွေကို ကြိုတင်ငွေတွေ၊ ရိက္ခာတွေပေးပြီး ရိုးမပေါ်အတင်းတက်ခိုင်းနေကြတယ်။ တောသစ်ချင်းအတူတူတောင် သင်ဂဒူက တစ်သိန်းပို တယ်…
သင်ဂဒူခေတ်လို့ တောင်တင်စားလောက်ရဲ့ … တက်လိုက်တဲ့ သစ်သားလွှသမားတွေ၊ တင်လိုက်တဲ့ ကျွဲဆိုင်းတွေ ပဲခူးရိုးမကြီးထဲမှာ ပွဲတော်ကြီးကျနေတာ။ ဆူလို့ညံလို့၊ ပဲပဲလှုပ်လို့။
ကိုနိုင်နှင့် ထွန်းထွန်းဝင်တို့ နှစ်ယောက်လည်း သင်ဂဒူရဲ့ သားကောင်တွေပါပဲ။
ဓားတစ်ချောင်းစီခါးထိုး၊ လေးပေငါးပန်းလွှကိုယ်စီထမ်း၊ စားအိုးစားခွက်၊ အပြည့်အစုံနှင့် ကျွဲတစ်ရှည်းယူပြီး ရိုးမထဲ ဝင်ခဲ့ကြတယ်။ကျွဲကို လှည်းစခန်းမှာ ထားခဲ့ပြီး တစ်တောင်ဆင်း၊ တစ်တောင်တက် သင်ဂဒူရှာကြတယ်။
သင်ဂဒူရောဂါထနေတဲ့ခေတ်မို့ ထင်ပါရဲ့။ သင်ဂဒူတစ်ပင် တွေ့ဖို့တောင် ခက်နေတယ်။ဒီအခြေအနေမှာ သူတို့နှစ်ယောက် သစ်ခွဲသားပုံကို တွေ့လိုက်ကြရတာပါ။
“ဒါ ပန့်သကူပစ္စည်းကွ၊ ဘယ်သူ ယူယူရတယ် ထွန်းထွန်းဝင်းက လောဘစိတ်နှင့် ပြောလိုက်တယ်။ တကယ်တော့၊ တောထဲမှာလည်း ရပ်ရွာဓလေ့နားလည် မှုနှင့် စည်းကမ်းတွေရှိတယ်။သစ်ပင်တစ်ပင်ကိုတွေ့ ပေမယ့် မခုတ်နိုင်သေးရင် ဓားနှင့် ထစ်ပြီးအမှတ်အသားလုပ်ပေးထားရတယ်။
အဲဒီသစ်ပင်ကို အခြားဘယ်သူမှ မခုတ်ကြတော့ဘူမှိုတွေပေါက်နေတဲ့ မှိုကျင်းတွေ့တယ်။ မှိုတွေကမပွင့် သေးဘူး။ အငုံပဲရှိသေးရင် စည်းဝိုင်းပြီး အမှတ်အသားလုပ်ထား ခဲ့၊ နောက်လာတဲ့လူက မှိုကျင်းကိုတွေ့ ပေမယ့် နှုတ်ယူမသွား တော့ဘူး။
အမှတ်အသားလုပ်မထားရင်တော့ ပိုင်သူမရှိဘူး။ ခုတ်လို့ ရတယ်။ နှုတ်လို့ရတယ် ´ဆိုတဲ့အဓိပ္ပါယ်ရှိတယ်။ အခုသူတို့တွေ့တာက ခွဲသားတွေ၊ မြို့ပေါ်ရောက်ရင် အနည်းဆုံး တစ်သိန်းဖိုးတော့ရှိမယ်။ ဓလေ့စည်းကမ်းအရဆိုရင်တော့ မယူရဘူး။ ဆွေးမြည့်ပြီး ပျက်စီးချင်ပျက်စီးသွားပါစေ၊ ယူလို့ မရဘူး။
ဒါပေမယ့် သူတို့နှစ်ယောက်က လူငယ်တွေ။ သည်လွှစင်နှင့်ခွဲသားတွေက စွန့်ပစ်ထားတာကြာနေပြီ။ ပြီးတော့ သူတို့ လိုချိင်တဲ့ သင်ဂဒူကလည်း လုံးဝမတွေ့ဘူး။
ဒီတော့ နှစ်ယောက်စလုံး စဉ်းစားကြတယ်။ သစ်ခွဲသားတွေကို ယူသင့်၊ မယူသင့်တိုင်ပင်ကြတယ်။ စားရမှာလည်းသဲနှင့်ရှုပ်ရှုပ်၊ ပစ်ရမှာလည်းအဆီနှင့် တဝင်း ဝင်းဖြစ်နေတယ်။
နောက်ဆုံးမှာတော့ ကိုနိုင်ရော၊ ထွန်းထွန်းဝင်းရော နှစ်ဦး သဘောတူဆုံးဖြတ်လိုက်ကြတယ်။ “ငါးမရတဲ့အတူတူ၊ ရေချိုးပြန်ကြမယ်” တဲ့။
သရဲစီးတဲ့ ကျွဲနှစ်ကောင် လျှိုက ပေနှစ်ဆယ်လောက်နက်တယ်။ အတက်အဆင်းကလည်း ကြမ်းသလားမမေးနဲ့။ လှေကား ထောင်ထားသလို မတ်နေတယ်။
ကိုနိုင်နှင့် ထွန်းထွန်းဝင်းတို့ နှစ်ယောက်စလုံး သစ်ခွဲသား တွေကို ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်းသယ်ပြီး အပေါ်ကို တင်ကြ ရတယ် …
လျှိုပေါ်ရောက်မှ စွပ်စွဲလို့ရအောင် အသင့်ပြင်ထားကြပြီးတာနှင့်လှည်းစခန်းမှာ အပ်ထားခဲ့တဲ့ ကျွဲတစ်ရှည်းကို သွားယူရင်း စွပ်ဆွဲဖို့လမ်းကြောင်းရှာရတယ်။ သစ်ခွဲသားတွေတွေ့ တဲ့နေရာကနေ လှည်းစခန်းအထိ လမ်းမရှိဘူး။
ဒါပေမယ့်အဆင်ပြေမယ့် လမ်းတစ်ခုတော့ သူတို့ ရှာတွေ့တယ်။
နက်တဲ့ချောက်တစ်ခုခံနေတယ်။အဆင်ပြေမယ်ဆိုတာတောင် လမ်းမှာဆယ်ပေလောက်စွပ်ဆွဲလာလို့ အဲဒီနေရာကို ရောက်ရင်၊ သစ်စွပ်ကိုဖြုတ် ပြီး ကျွဲတွေချည်းချောက်ရဲ့ အောက်ဘက်ကို အရင်ပို့ရမယ်။
ကျွဲတွေအောက်ရောက်မှ ခွဲသားစွပ်ကို ချောက်ပေါ်ကနေတွန်းချရပယ်။
ပြီးမှ သစ်စွပ်ကို ကျွဲနှင့်ပြန်ဆွဲသွားရမယ်။ သစ်ဆွဲလမ်းပေါ်က ချောက်ကိုဒီလိုနည်းနှင့် ကျော်ဖြတ်ပြီးရင်ရပြီ။
သူတို့နှစ်ယောက်လှည်းစခန်းမှာ ထမင်းစား၊ တစ်ရေး အိပ်ပြီးမှ ကျွဲတွေကိုယူလာကြတယ်။ သစ်ခွဲသားစွပ်ကိုဆွဲဖို့ ့ ကျွဲနှစ်ကောင်ရဲ့ ပုခုံးပေါ်မှာ တင်ပြီးသား။
ထမ်းပိုးတုံး ထမ်းပိုးတုံးမှာလည်း သစ်စွပ်ကိုဆွဲဖို့သံကြိုးပတ်ထားပြီး သားအဆင်သင့်ပဲ။
လူတွေလည်းမမြင်၊ မသိအောင်။ကျွဲတွေလည်းအေးအောင်၊ ညဘက်မောင်းဖို့ စီစဉ်ထားကြတယ်။
ညရှစ်နာရီလောက်မှာ သစ်ခွဲသားတွေထားတဲ့ လျှိုထိပ်ကိုရောက်တယ်။
ဘာကြောင့်လဲမသိဘူး။ဒီနေရာမရောက်ခင်ကတည်းက ကျွဲတွေဂနာမငြိမ်ဖြစ်နေတယ်။
နှာတရှူးရှူးမှုတ်ပြီး ရှေ့မတိုးချင်သလို ပေကပ်ကပ်လုပ်နေကြတယ်။
လျှိုနားနီးလာလေပိုပြီးဂနာမငြိမ်ဖြစ်လေနှင့် လျှိုထိပ်လည်း ရောက်ရော ထိန်းမရတော့ဘူး။အတင်းရိုက်၊ အတင်းထိန်းပြီး သစ်စွပ်ကိုသံကြိုးနှင့် မနည်း ထိန်းရတယ်။
ကျွဲတွေကတော့ လန့်ပြီးတဝုန်းဝုန်းရုန်းနေတုန်းပဲ။ ကိုနိုင်က ကျွဲနှစ်ကောင်ရှေ့ကနေ ထမ်းပိုး၊ ဖုန်းကိုထွန်းထားရတယ်။ထွန်းထွန်းဝင်သော နောက်ကနေကျွဲတွေရဲ့ နဖားကြိုး တွေကို အတင်းဆွဲနေရတယ်။
ကျွဲတွေကလည်း ဘာကိုလန့် တာလဲမသိဘူး။ ဗြောင်းဆန်အောင်ကို တဝုန်းဝုန်းရုန်းလို့ပဲ။နောက်ဆုံးမှာ ကျွဲကြီးနှစ်ကောင်ရဲ့ အားကို သူတို့နှစ် ယောက်မထိန်းနိုင်တော့ဘူး။ ကိုနိုင်က ရှေ့မှာ ထိန်းနေရာကနေ မနိုင်တော့လို့ ဘေးကို ခုန်ထွက်လိုက်ရတယ်။
ရှေ့ကထိန်းတဲ့သူမရှိတော့ ကျွဲနှစ်ကောင်ကြောက်အား လန့်အားဒုန်းပိုင်းပြေးတယ်။
ထွန်းထွန်းဝင်းက နဖားကြိုးတွေကို လွှတ်လိုက်ရတယ်။ ကျွဲနှစ်ကောင်သစ်စွပ်တန်းလန်းနှင့် ဒုန်းစိုင်းသွားတဲ့နောက် ကိုသူတို့ နှစ်ယောက် ခွေးပြေးဝက်ပြေးပြေးပြီး လိုက်ကြရတယ်.. “ကိုနိုင်၊ အမြန်လိုက်၊ အမြန်လိုက် နဖားကြိုးကို ဆွဲထားမှ ဖြစ်မယ်။ ရှေ့မှာ ချောက်ရှိတယ်။ ဟုတ်တယ်ရှေ့မှာ ၁၀ ပေလောက်နက်တဲ့ ချောက်ရှိတယ်”
နဖားကြိုးကိုအချိန်ပီဆွဲထားနိုင်မှဒီတောင်ပေါ်မှာ ခြေကျိုးလက်ကျိုးဖြစ်ရင် ဘယ်လိုမှ မသယ်နိုင်ဘူး။
ကျွဲဖြစ်ဖြစ်၊ နွားဖြစ်ဖြစ်၊ အမဲပေါ်ပြီး ထမ်းသွားမှပဲရမယ်။ ကိုနိုင်ကျွဲစွပ်နောက်ကိုမီအောင် အတင်းပြေးလိုက်တယ်။ အဲဒီအချိန်မှာ ရုတ်တရက် သူ့ရှေ့ကို ဖြူဖြူအကောင်ကြီး တစ်ကောင် ခုန်ကျလာတယ်။
ဖြူဖြူအကောင်ကြီးက အရပ်ခြောက်ပေနီးပါးရှိတဲ့ ကိုနိုင် ကတောင် မော့ကြည့်ရတယ်။ကိုယ်လုံးကိုယ်ထည်ကလည်း ကိုနိုင်ထက် နှစ်ဆလောက်ကြီးတယ်။ထူးခြားတာက လူပုံသဏ္ဌာန်ဖြူဖြူအကောင်ကြီးဆိုတာပဲသိရတယ်။
မျက်နှာကို သေသေချာချာ မမြင်ရဘူး။ ပြေးရင်း၊ လွှားရင်းမှာ ရှေ့ကို ရုတ်တရက် ကျလာတာဆိုတော့ ကိုနိုင်လန့်သွားတယ်။ဒါပေမယ့် လက်ကလည်း အလိုလို တုန့်ကနဲလိုက်တယ်။ အပြေးသွားရင်းကပဲ လက်ထဲမှာ ကိုင်ထားတဲ့ ဝါးတုတ်နဲ့ ရိုက်ချလိုက်တယ်။
ဖြူဖြူအကောင်ကြီး ဖျတ်ခနဲ ပျောက်သွားတယ်။ အဲဒီအချိန်မှာ ကျွဲစွပ်က တဝုန်းဝုန်း ပြေးနေတုန်းပဲ။ “ချောက် … ချောက် … ချောက်ထဲကျတော့မယ် ကျတော့မယ်။
ကိုနိုင်အလန့် တကြား အော်နေတုန်းမှာပဲ ကျွဲတွေက ချောက်ထဲ ခုန်ချသွားတယ်။ သစ်စွပ်ကလည်း ဝေါခနဲ၊ ဝေါ်ခနဲ ကျွဲတွေဆွဲရာနောက်ကို ပါသွားတယ်။
လွှစင်စောင့်သရဲချောက်ထဲကို ကျွဲတွေကျသွားတဲ့အသံ၊ သစ်စွပ်တွေ ကျသွားတဲ့အသံကို ကြားရတယ်။နည်းတဲ့အသံကြီးမဟုတ်ဘူး၊ ဖုန်းခနဲ၊ အုန်းခနဲပဲ။ ချောက်ထဲကို ကျလို့ ကျွဲတွေလဲသွား၊ ရပ်သွားတာနဲ့ နောက်ကအရှိန်နှင့်ပါလာတဲ့ သစ်စွပ်က ကျွဲတွေကို ပြေးဆောင့်မှာ- သေရင်သေ၊ မသေရင်ခြေကျိုး တစ်ခုခုပဲ။ ကျွဲတွေလန့်တာ၊ ဗြောင်းဆန်အောင် ထိန်းမရ ခဏ ကြုံဖူးပါတယ်။
သရဲသစ္ဆေတွေ့လို့ လန့်ပြီးပြေးတာလား … တစ္ဆေသရဲကပဲ ကျွဲတွေကို မောင်းနေတာလား … ဒါမှမဟုတ် ကျွဲတွေကို သရဲဝင်ပူးနေလို့ ထိန်းသိမ်း မရအောင် ဗြောင်းဆန်နေတာလား …။
ပြီးတော့၊ နာနာဘာဝ ဖြူဖြူအကောင်ကြီးကလည်း ဘာလဲ၊ ထူးခြားတယ်ဆိုတာ သိပေမယ့် ဘာဆိုတာ စဉ်းစားလို့ကို မရဘူး။ ချောက်ထဲခုန်ချတဲ့ ကျွဲတွေကလည်း ကံကောင်းလို့ အစ်ကိုရေ …
ဒီလောက် အမြင့်ကြီးက ကျွဲအရှည်းလိုက်၊ သစ်စွပ်နှင့် ကျတာတောင် ဘာမှမဖြစ်ဘူး။ချောက်ထဲကျပြီးတာနှင့် ဆက်ပြေးသွာလိုက်တာလှည်း စခန်းရောက်မှပဲ ရပ်တော့တယ်။
အဲဒီတော့မှ ကျွဲတွေလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်..ကျွန်တော်တို့လည်း ကျွဲတွေကို ခဏအနားပေးပြီးမှကညွတ်ကွင်းကို ညတွင်းချင်းရောက်အောင် ပြန်ခဲ့ကြတယ်။ နောက်နေ့ကျ အဘဆီသွားပြီး ညက အဖြစ်အပျက်ကို ပြောပြတယ်။ဘကယ်တော့ ကျွန်တော်တို့ကသာ ဘာမှမသိတာ။
အဘက အကုန်သိနေတာပဲ။အဘပြောပြလို့ ကျွန်တော်တို့ လည်း အကျိုးအကြောင်းစုံစုံလင်လင် သိရတာ။
တောင်ခြေရွာက သားအဖသုံးယောက် သင်္ကန်းပင်ကြီး တစ်ပင်လှဲပြီး၊ ကျွန်တော်တို့ တွေ့ တဲ့ လျှိုကြီးထဲမှာ လွှစင်ထောင်ပြီး ခွဲနေကြတာတဲ့။
ပထမတစ်တုံးကို ခွဲသားတွေ ခွဲပြီးပြီ။ဒုတိယသစ်တုံး ခွဲနေတုန်းမှာ လွှစင်ပြိုကျသွားတယ်။သစ်တုံးအောက်က လွှဲဆွဲနေတဲ့ သားအကြီးကောင် သစ်တုံးပိပြီး ဆုံးသွားရှာတယ်။
သူ့အလောင်းကို အဲဒီ လျှိုထဲမှာပဲ မြှုပ်ထားပြီး မြေပုံ ပေါ်မှာ သစ်ခွဲသားတွေ ပုံထားခဲ့တာတဲ့။သေသူကလည်း သစ်သားတွေနှင့် လွှစင်ကို စွဲလန်း သွားတော့ အဲဒီနေရာမှာပဲ သစ်ပုံကိုစောင့်တဲ့ နာနာဘာဝဖြစ်သွား ရရှာတယ်။
အဲဒီနားရောက်တိုင်း တစ္ဆေခြောက်ခံရလွန်းလို့ ဘယ်သူမှ မသွားကြဘူးတဲ့။ကျွန်တော်တို့ကသာ ဘာမှန်းမသိ၊ ညာမှန်းမသိ ယူလာခဲ့ကြတာ။
သေတော့မလို့၊ ကံကောင်းလို့သာပေါ့။
ကျွန်တော်တို့ နှစ်ယောက်လည်း အဲဒီသစ်တွေကို မရောင်းလိုက်ဘူး။
သေသူကုသိုလ်ရအောင်ဆိုပြီး ဘုန်းကြီးကျောင်းကို လှူပစ် လိုက်ကြတယ် …”
ကိုနိုင်က လွှစင်စောင့်သရဲနှင့် သူတို့နှစ်ယောက်ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို အဆုံးသတ်လိုက်ပါတယ်။
စာရေးသူနှင့် ကိုနိုင်တာ ပြိတ္တာဘုံသား တစ္ဆေသရဲ၊ နာနာဘာဝတွေအကြောင်းဆက်ပြီး ပြောနေကြတယ်။
စကားပြောနေကြရင်း သူဟာ တစ်စုံတစ်ရာကို သတိရသွားတန်တူပါတယ် … ပြီးခဲ့တဲ့ တစ်လလောက်ကလည်း သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့နေရာကို ကျွန်တော်ရောက်သွားခဲ့သေးတယ် … အဲဒီနေရာကလည်း တောင်ပေါ်မှာ တကယ့်ကို နာမည်ကြီးပဲတဲ့။
ဒါပေမယ့်၊ ကျွန်တော်ကတော့ ဘယ်သိမှာတုန်း၊မသိလို့ လုပ်မိတာကြောင့်လည်း၊ ကျွန်တော့်ကို ခွင့်လွှတ် လိုက်တာနှင့်တူပါတယ်။
#မောင်မှိုင်းညို့(ချောင်းဦး)
Uncategorized