August 29, 2025

အိုဖော်ကြင်ဖက်

အိုဖော်ကြင်ဖက်(စ/ဆုံး)

———————-
တရက်ကလှည်းတန်းကနေအိမ်အပြန်မှာဘတ်စ်ကားပေါ်ကိုသက်ကြီးပိုင်းအဖိုးအဖွားစုံတွဲတက်လာပါတယ်။
အဖိုးကတုန်ချိချိနဲ့။အဖွားခမျာသူ့ကိုလဲဆွဲရ။အထုတ်တွေစုံစီနဖာတွေကတို့လို့တွဲလန်း။
ဒါနဲ့ကားပေါ်ကအမြင်မတော်သူတွေကဝိုင်းဆွဲကူပီးနေရာချထားပေးရတာပေါ့။အဖိုးကသံယာတွေထိုင်တဲ့နေရာမှာ။
အဖွားကကိုယ့်နောက်ကထိုင်ခုံမှာ။ပထမတော့လူသိပ်မများသေးတော့စောင်းငဲ့ကြည့်ရင်တယောက်နဲ့တယောက်မြင်နေရတာပေါ့။မှတ်တိုင်တခုရောက်တိုင်းလဲအဖိုးက
ရောက်ရင်ပြောနော်လို့မကြာခဏလှမ်းပြောနေတော့မနေနိုင်တဲ့ကိုယ်ကနောက်လှည့်ပီး
အမေတို့ဘယ်သွားမှာလဲဆိုတော့ရွေပြည်သာ
သံဒင်းအထိဆိုဘဲ။
ကိုယ်ကအဖိုးရေ။
အဝေးကြီးလိုသေးတယ်။ကားဆရာကိုလဲလှမ်းပြောမိတယ်။သံဒင်းရောက်ရင်သေချာရပ်ပေးပါအုန်း။
သက်ကြီးပိုင်းပါလို့ပေါ့။
ကိုယ်လဲသက်ကြီးပိုင်းထဲပါတာဘဲ။ဘာထူးလို့လဲ။
ဒါပေမဲ့‌ေလးကန်မနေသေးတာကိုကျေးဇူးတင်ရမှာ။ကိုယ့်ကိုကိုယ်။
အမေကြီးကနောက်နေ။ကျေးဇူးပါသမီးရယ်။ညည်းအဘကလေဖြတ်ထားတာတဲ့။
အော်။စိတ်မကောင်းလိုက်တာ။
ကိုယ်လမ်းသွားရင်လူတွေအတော်များများကိုဘာရယ်မဟုတ်ကြည့်မိတယ်။
ကြည့်တယ်ဆိုတာကျန်းမာတဲ့လူလား။
မကျန်းမမာဖြစ်နေတာလားကိုပါ။
ဒီခေတ်မှာကျန်းမာရေးအတော်ချို့တဲ့သူတွေကိုခပ်စိတ်စိတ်တွေ့လာရတယ်။
အထူးသဖြင့်လေဖြတ်ထားတဲ့သူတွေပေါ့။တချို့ဆိုအရွယ်ကောင်းတွေပါ။အသက်သုံးဆယ်ကျော်လောက်နဲ့လေဖြတ်ထားသူတွေကိုပါတွေ့ရတယ်။
ရောဂါရလာရင်ဘာရောဂါရရအဆိုးဘဲ။
ဒါပေမဲ့လေဖြတ်တာကအဆိုးဆုံးထင်တာပါဘဲ။
လူတကိုယ်လုံးကိုမသန်မစွမ်းဖြစ်သွားစေလို့ပါဘဲ။
ကိုယ်လဲလေဖြန်းဘူးပါတယ်။
အသက်သုံးဆယ်ကျော်လောက်က။အဲ့ဒီအချိန်က
သွေးတိုးမရှိသေးပါဘူး။
အအေးဖွဲ့လွန်းပီးဖြစ်သွားတာ။အညာမိုးစွေမိုးကရွာချိန်။ကျန်းမာရေးဗဟုသုတကနည်းနေသေးတော့နေ့တိုင်းအ၀တ်တွေလျှော်တာများတဲ့အပြင်မိုးသည်း
သည်းရွာတာကိုခေါင်းလျှော်မိတယ်။
ညကြတော့တအားထိုးကိုက်နေပီးမျက်ရည်ပူတွေကျနေတာ။
ဘယ်လောက်ဆိုးလဲနော်။မနက်အစောကိုရေငါးခွက်နေ့စဉ်သောက်တဲ့အကျင့်ရှိတော့ရေသောက်လိုက်ချိန်မှာရေတွေကပါးစပ်ကနေပြန်ပြန်ထွက်ကျလာပါတယ်။မသကာ်လို့မှန်ကြည့်မိတော့အတော့ကိုတုန်လှုပ်သွားပါတယ်။
နှုတ်ကသိသိသာသာရွဲ့နေတယ်။မျက်လုံးတဖက်ကပြူးနေတယ်။နားလဲမကြားတော့ဘူး။လက်တွေကတွဲလျောင်းကျနေပီးပြန်မရုပ်နိုင်သလိုခံစားရတယ်။သွားဘီ။
‌ေလဖြန်းသွားတာပါ။ဆေးခန်းကိုသွားပြပီးနှစ်ရက်ဆေးထိုးပါတယ်။မသက်သာတဲ့အပြင်မျက်လုံးတွေကဝါးချင်လာတယ်။ဒါနဲ့ရန်ကုန်ကိုအမြန်ဆင်းလာပီးဦးနှောက်နဲ့အာရုံကြောအထူးကုဒေါက်တာဒေါ်
မိမိချိုနဲ့ပြသပါတယ်။
သိပ်တော်တဲ့ဆရာ၀န်ကြီးပါ။
ကိုယ့်ကိုမဂိုလမ်းကဆေးခန်းမှာအဲ့ခေတ်ကဓါတ်နှိပ်ခိုင်းတယ်။စားဆေးတွေကျွေးတယ်။ကံကောင်းထောက်မစွာနှခမ်းတွေကနှိပ်ပီးနှစ်ရက်နေတော့ပြန်တည့်သွားပါတယ်။ညအိပ်ရင်မျက်စိတလုံးကပွင့်နေရာကပြန်မှိတ်သွားတယ်။လက်တွေမလေးလံတော့ဘူး။
နောက်ရက်ချိန်းကြတော့ဆေးခြောက်လစာပေးပီးပြန်လာပြခိုင်းပါတယ်။အတော်သက်သာတော့ပြန်ခဲ့ပါတယ်။စားဆေးတနှစ်တိတိစားခဲ့ရတယ်။
အမှန်ကမဖြစ်ခင်ကကြိုတင်လက္ခဏာကပြပါတယ်။
ကိုယိကမသိခဲ့တာပါ။ပစ္စည်းတွေဘာကိုင်ကိုင်လွတ်ကျတယ်။အထူးသဖြင့်တိုက်ပန်းကန်ပြားတွေဆိုကိုင်လိုက်တိုင်းမမြဲဘဲလွတ်ကျပီးကွဲတယ်။တချက်တချက်မျက်စိအကြည်မှာမည်းနေသလိုခံစားရတယ်။ညဆိုခြေထောက်တွေကြွက်တက်တယ်။နောက်ဆုံးပြယုဒ်ကတော့အတော်ဆိုးဆိုးပြတယ်။
ဈေးချင်းကိုလွတ်ကျပီးဘယ်လိုမှကိုင်လို့မရတော့လို့ပြန်လာရတာ။
ဒါတွေကိုရှေ့ပြေးပြရဲ့သားနဲ့သတိမမူခဲ့တာလေ။
နောက်တော့ကိုယ့်ကိုကိုယ်စိတ်မချမှု့များစွားနဲ့
မန်းလေးကမုဒါတိုင်းရင်းဆေးခန်းမှာတနှစ်ခွဲတိတိပြန်ပြခဲ့တယ်။ဆေးခနိးကလဲအလွန်ကောင်းပါတယ်။ဆရာဦးကြည်လွင်မြင့်နဲ့ပါ။
တကဲ့သမားတော်ဆရာကြီးပါ ။ယခုစာရေးရင်းဦးတင်ရှိခိုးပါတယ်။အကြောတွေဖွင့်ပေးတယ်။သစားးဆေးလိမ်းဆေးပေးတယ်။ဆောင်ရန်ရှောင်ရန်တွေပေးတယ်။
အဆင်ပြေပါတယ်။ကိုယ်ကသားကြီးငါးကြီး
တွေမစားတတ်သူမို့။ကျန်းမာရေးအရနေ့ခင်းနှင့်ဆယ့်နှစ်နာရီကျော်ရင်ရေမချိုးဘို့။ခေါင်းလျော်တဲ့နေ့ဂရုစိုက်ဘို့။
သွေးတက်စာဆိုတရက်ထဲနှစ်မျိုးသုံးမျိုးစုံပီးမစားမိစေဘို့။အခက်အခဲမရှိပါဘူး။
နဂိုလ်ထဲကလဲအနံ့ပြင်းတဲ့ဒူးရင်းသီး။ဆူးပုတ်ရွက်။ဒညင်းသီးတွေမကြိုက်တတ်ဘူး။ငယ်ထဲကလဲမစားခဲ့ဘူး။အသက်လေးဆယ်ကျော်တော့အသက်အရွယ်အရသွေးတိုးက၀င်လာပီ။
အဲ့ဒီတော့ပိုရှောင်ပီပေါ့။အဆီအငံအချိုလွန်ကဲတာတွေတိကနဲဖြတ်ချနိုင်ခဲ့ပါတယ်။
ကျန်းမာရေးအသိကလဲ။ငါလဲရင်ငါ့ကိုဘယ်သူမှပြုစုနိုင်မှာမဟုတ်ဘူး။ငါလဲကျသွားလို့မဖြစ်ဘူး။
အစားတလုတ်အတွက်နဲ့လဲဒုက္ခကြီးကြီးမခံစားနိုင်ဘူး။မကြိုက်ရင်မစားဘူး။မတည့်ရင်မစားဘူး။
မစားဘူးတာဆိုပါးစပ်ထဲမထည့်ဘူးဆိုတဲ့သည်းကမ်းချက်တွေနဲ့နေထိုင်လာတာကြာခဲ့ဘီ။
ဆုံးပါးသွားတဲ့အမတွေကကိုယ့်ကိုပြောဘူးတယ်။
ညည်းလေးကအသက်ရှည်မှာတဲ့။မတည့်ဘူးဆိုတို့တောင်မကြည့်ဘူးတဲ့။အဲ့တော့ညည်းကလူ့ဘ၀လာရတာမတန်ဘူးတဲ့။ဒို့ကတော့အသက်တိုရင်တိုပါစေ။
အကြိုက်စားပီးအကြိုက်တန်အောင်နေသွားမှာတဲ့။ပြောတဲ့အတိုင်းဘဲ။ငါးဆယ်ကျော်လေးတွေနဲ့ဆုံးပါးသွားကြတယ်။အဲ့လိုခံယူချက်ရှိတဲ့သူကရှိသေး။

အစကပြန်ကောက်ရမယ်ဆိုရင်မှတိတိုင်ရောက်တော့ကားပေါ်ကလူတွေကဝိုင်းကူညီပီးဆွဲကြကူကြရတာပေါ့။
သက်ပြင်းချမိပါတယ်။အော်။
အရွယ်တွေအိုမင်းနေဘီ။ဘယ်လိုများမပြေလည်တဲ့အကြောင်းတရားတွေကြောင့်အကူအရွယ်မပါဘဲသွားလာ‌ေနကြရပါလိမ့်။
ကားဂိတ်မှာဆင်းနေခဲ့တဲ့ပုံရိပ်ကိုမျက်စိထဲကမထွက်ပါဘူးဆို။
ဒါ့ကြောင့်လူတွေမှာအရေးကြီးဆုံးကအိုမင်းချိန်ပါဘဲ။
ကိုယ့်ကိုဆွဲကူမဲ့လက်တစုံရှိရင်တော်သေးတယ်။မရှိတော့ယိုင်လဲရင်လဲအရာရာကကိုယ့်ကံတရားပါဘဲ။
ရေသောက်ချင်လို့မှအိပ်ယာထဲမှာပက်လက်။
ခပ်တိုက်မဲ့သူကမရှိ။အဲ့လိုဘ၀တွေအများကြီးနော်။ဘာအလုပ်လုပ်လုပ်သတိတမန်ဉာဏ်မြေကတုတ်တဲ့။အရွယ်ကောင်းစီးပွားရှိချိန်မှာပျော်မော်သောက်စားနေပီးအသက်ကြီးလာမှစားရမဲ့ငသာက်ရမဲ့ဖြစ်နေရင်လဲအဆင်မပြေနိုင်ပါဘူး။
ဒါ့ကြောင့်နိင်ငံခြားမှာတချို့သက်ကြီးပိုင်းတွေဂေဟာဖွဲ့ပီးစုနေထိုင်ကြတယ်ဆိုတာတဦးနဲ့တဦးယိုင်းပင်းဘို့။
ကူညီစောင့်ရှောက်ကြဘို့ပါ ။
ကိုယ့်မေမေပြောသလိုဘဲ။ငှက်ကလေးတကောင်လိုဖြုတ်ကနဲပျံသန်းသွားနိုင်ရင်အကောင်းဆုံးပေါ့။
‌ေ-သခြင်းတရားဆိုတာကလဲဆန်းကျယ်လှပါတယ်။
နေချင်းတိုင်းနေ။‌ေ-သချင်းတိုင်း‌ေ-သလို့မှမရတာကိုး။ကိုယ့်ကံတရားကဘယ်လိုနောက်ဆုံးအကြိမ်ကိုဆုံးဖြတ်ပေးလိုက်မလဲဆိုတာမှမသိနိုင်တာကို။
တကယ်ပါ။
ကိုယ့်အညစ်အကြေး။ကိုယ့်ရဲ့ပြင်းပြတဲ့ဝေဒနာတွေကိုသူများတွေကပြုစုပေးနေရတဲ့သူမဖြစ်ရပါစေနဲ့အမြဲဆုတောင်းပါတယ်။
လူတိုင်းကအံ့ဩလောက်အောင်ငှက်လေးတကောင်လိုအသာအယာဖြုတ်ဆိုပျံသန်းသွားချင်ပါတယ်။
နေရသခိုက်ကတော့ကျန်းမာရေးအသိသတိနဲ့နေတာအကောင်းဆုံးပါဘဲ။
ရှေးဟောင်းသီချင်းကစာသားလိုပါဘဲ။
သံသရာ၀ဠ်ကြွေးတွေမကုန်သေးသမျှတော့ဒို့များ
အရွယ်ညောင်းခဲ့ရင်ကွယ်။

အရင်တုန်းကလိုနုပျိုမှု့တွေနဲ့ချစ်
များချစ်နိုင်ပါ့မလားကွယ်။
ဆိုတာလေးလိုပါဘဲ။