အောင်မြတ်သာနှင့်ဆရာမနိုင်နှစ်ဆောင်ပြိုင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
အိမ်ကနေထွက်လာခဲ့တဲ့ သက်ခိုင်တစ်ယောက် ဆရာသခင်စောင့်နေမယ့် ကြံတိုင်းအောင်စေတီသို့ ပြန်လာခဲ့တယ်
စေတီပေါ်ရောက်တော့ တနင်္ဂနွေထောင့်မှာ တရားထိုင်နေတဲ့ ဆရာသခင်ကို လှမ်းတွေ့လိုက်တော့ သက်ခိုင် ပြုံးလိုက်မိတယ်
သက်ခိုင်လဲ အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ မိမိနေ့နံဖြစ်တဲ့ သောကြာထောင့်မှာထိုင်ပြီး လက်စွဲတော်စိပ်ပုတီးကို စိပ်နေလိုက်တယ်
အချိန်ဘယ်လောက်ကြာသွားတယ်မသိဘူး စေတီမှာချိတ်ဆွဲထားတဲ့ ခေါင်လောင်းသံမြည်တော့မှ သက်ခိုင် သတိပြန်ဝင်ပြီး ပုတီစိပ်ခြင်းအမှုကို ဖြုတ်လိုက်တယ်
မျက်လုံးဖွင့်လိုက်တော့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ ဆရာသခင်ကိုတွေ့ပြီး ပုတီးကိုလွယ်အိတ်ထဲ.ထည့်ကာ ဆရာအနားသို့ လှမ်းခဲ့လိုက်တယ်
….
ဆရာ .. ခုနက ခေါင်းလောင်းတီးလိုက်တာ ဆရာလား..
မဟုတ်ဘူး သက်ခိုင်
ဒါဆျို ဘယျသူတီးတာလဲမသိဘူး
ဘုရားပေါ်မှာလဲ သက်ရှိဆိုလို့ ဆရာနဲ့ကျွန်တော်ပဲ ရှိတာကို..
…
ထိုအခါ.အောင်မြတ်သာက
ငါတို့လဲမဟုတ် လူတွေတီးတာလဲမဟုတ်ရင်
ဒီဘုရားမှာစောင့်ကြပ်နေတဲ့ အစောင့်အရှောက်တွေ တီးတာနေမှာပေါ့.
ထိုအခါသက်ခိုင်က
ဆရာ .. ကျွန်တော်ကဆရာလောက် ပညာလဲမရှိဘူး၊ ဆရာလိုပါရမီလဲမပါတော့ တစ်ချို့ဖြစ်ရပ်တွေကို သိပ်နားမလည်သေးဘူးဆရာ
ဥပမာ လူတစ်ယောက်က ကိုယ်ပျောက်နိုင်တဲ့အစွမ်းရှိရင် အဲလိုကိုယ်ပျောက်နိုင်တဲ့စွမ်းအားကို ဘာလို့ ခေါ်လဲဆရာ..
….
အိမ်း အဲလိုကိုယ်ပျောက်နိုင်တဲ့ စွမ်းအားကို ဣဒ္ဓိဝိဓသိဒ္ဓိ လို့ခေါ်တယ်။
လောကမှာ သာမန်လူတွေမသိနိုင်တဲ့အရာတွေ မြောက်များစွာရှိတယ်။
အဲဒီထဲကမှ အဓိကကျတဲ့ စွမ်းအား ၁၀မျိုးရှိတယ်
ငါတို့အခေါ်အဝေါ်ကတော့ သိဒ္ဓိပေါ့ကွာ
အဲဒီ သိဒ္ဓိ၁၀မျိုးကတော့
၁)ယောဗ္ဗနသိဒ္ဓိ – အိုမင်းသောရုပ်ကိုလွန်မြောက်နိုင်သောသိဒ္ဓိဖြစ်တယ်
၂)အာရောဂျသိဒ္ဓိ – အနာရောဂါကိုကင်းရှင်းစေသောသိဒ္ဓိထူးတစ်မျိုးဖြစ်တယ်
၃)အာယုသိဒ္ဓိ – အသက်အရမ်းရှည်တဲ့သိဒ္ဓိဖြစ်ပါတယ်ဒီသိဒ္ဓိကိုရရင်အသက်ရာတန်းကနေထောင်သောင်းထက်ပိုလွန်ပြီးအသက်ရှည်တယ်။
၄)ဓနသိဒ္ဓိ – ရွှေငွေမဟုတ်တဲ့ဓာတ်ပိုရွှေငွေဖြစ်အောင်ပြုလုပ်နိုင်တဲ့ဓနသိဒ္ဓိစွမ်းအင်ထူးဖြစ်တယ်
၅)ပီယသိဒ္ဓိ – သတ္တဝါအပေါင်းကြည်ညိုချစ်ခင်စေတဲ့သိဒ္ဓိထူးတစ်မျိုးပါ၊၁၅၀၀အချစ်မဟုတ်ပါ၅၂၈အချစ်မျိုးသာဖြစ်ပါတယ်
၆)ကာယသိဒ္ဓိ – ဒီနေ့ခေတ်မှာတော့ဒုတ်ပြီးဓားပြီးတာကိုကာယသိဒ္ဓိလို့ခေါ်တယ်၊တကယ်တော့လက်နက်ကိုင်လာတဲ့သူလက်နက်ချရင်ကာယသိဒ္ဓိပဲ။
၇)ပထဝီသိဒ္ဓိ – မြေတောင်တို့ကိုဖောက်ထွင်းသွားလာနိုင်ခြင်း၊မြေကြောကိုရှုံနိုင်တဲ့ပထဝီသိဒ္ဓိတန်ခိုးဖြစ်တယ်။
၈)အာကာသိဒ္ဓိ – ကောင်းကင်မှာပျံသန်းသွားလာနိုင်တဲ့တန်ခိုးစွမ်းအားသိဒ္ဓိကိုတော့အာကာသသိဒ္ဓိလို့ခေါ်တယ်။
၉)ဥဒကသိဒ္ဓိ – ရေပြင်ခရီးကိုကောင်းမွန်စွာသွားလာနိုင်တဲ့တန်ခိုးကိုတော့ဥဒကသိဒ္ဓိလို့ခေါ်တယ်။
၁၀)ဣဒ္ဓိဝိဓသိဒ္ဓိ – ကိုယ်ပျောက်စေနိုင်ခြင်း၊မိမိအလိုရှိတဲ့ ရုပ်ကလာပ်ကိုဖန်ဆင်းနိုင်ခြင်းစတဲ့တန်ခိုးအမျိုးမျိုးကိုပြနိုင်တဲ့သိဒ္ဓိကိုတော့ဣဒ္ဓိဝိဓသိဒ္ဓိလို့ခေါ်တယ်။
…..
သက်ခိုင်.. မင်းအဲလိုသိဒ္ဓိလိုချင်လို့လား
ဟာ
ဆရာကလဲ လိုချင်တာပေါ့
လိုချင်ရင် ကျင့်ကြံယူရတယ်
ကျင့်ကြံအားထုတ်ရင် ဘုရားတာင်ဖြစ်နိုင်သေးတာပဲ
မင်းလဲမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲကွာ ဟားဟားဟား
…..
ကဲကဲ အချိန်လဲလင့်နေပီ
ခရီးဆက်ကြစို့..
သက်ခိုင်လဲ.လွယ်အိတ်ကောက်လွယ်ပြီး.ဆရာသခင်အနောက်ကနေ ခပ်သုတ်သုတ်လိုက်သွား.လိုက်တယ်။
ဆရာ ဒီတစ်ခါ ဘယ်ကိုခရီးဆက်မှာလဲ
….
ဒီတစ်ခါတော့ ဒီမြို့ထဲမှာပဲ သက်ခိုင်
ခုနက တရားထိုင်နေတုန်း အာရုံထဲမှာ အိမ်အိုကြီး တစ်လုံးကိုမြင်လိုက်ရတယ်
တော်တော်လေးကိုဟောင်းနွမ်းနေပီ
အဲဒီအိမ်ဘယ်မှာရှိလဲတော့ မသိဘူး
ဒီမြို့ထဲမှာပဲလို့တော့ထင်တယ်
တစ်ခုခုတော့ထူးခြားမှာသေချာတယ်
လာကွာ.. ရှေ့က လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ရင်း အကျိုးအကြောင်း မေးမြန်းကြည့်တာပေါ့..
…..
ဆရာတို့..
ဘာသောက်မလဲ..
ကျွန်တော်က ကော်ဖီ
ဆရာဘာသောက်မလဲ..
ကော်ဖီပဲပေးကွာ သကြားမထည့်နဲ့..
…..
ခဏနေတော့.စားပွဲထိုးလေး ကော်ဖီနှစ်ခွက်ကိုင်ပြီး ရောက်လာတယ်
ဆရာတို့ကဒီမြို့ကမဟုတ်ဘူးထင်တယ်
တစ်ခါမှမတွေ့ဘူးလို့
….
ဟုတ်တယ်ကွ
တို့က ခရီးသွားတွေ
ဒီမြို့ကိုခဏဝင်တာ
ဒါနဲ့တစ်ခုလောက်မေးမလို့
ဒီမြို့မှာ ရေနံချေးတွေသုတ်ထားတဲ့အိမ်အိုတစ်လုံး ရှိလား
……
ထိုအခါ.စားပွဲထိုးကောင်လေးက
ဆရာတို့က.အိမ်လိုက်ဝယ်နေတဲ့သူတွေလား
အဲဒီအိမ်ကိုတော့မဝယ်နဲ့နော်
အဲဒီအိမ်ကသရဲအရမ်းခြောက်တာ
လာသမျှ ဆရာတွေအကုန်ပြန်ပြေးရတယ်
ဒီမြို့မှာ ဆရာမနိုင်နှစ်ဆောင်ပြိုင်လို့တောင် အမည်ပေးထားတာဆရာတို့ရဲ့.
……
အေးပါကွာ
ငါတို့လဲ မဝယ်ပါဘူး
သိချင်လို့မေးကြည့်တာ
ဒါနဲ့ အိမ်ပိုင်ရှင်တွေကမရှိတော့ဘူးလား
….
မရှိတော့ဘူးထင်တယ်
အဲဒီအိမ်ကိုပစ်ထားတာ.တော်တော်ကြာနေပီ
ဘယ်သူမှမနေရဲလို့ နေရဲတဲ့သူရှိရင် အလကားပေးမယ်လို့တောင် ကြေညာထားတာဆရာ.
….
ဟေ. ဟုတ်လားကွ
ကဲ သက်ခိုင်ရေ တို့တော့ကုသိုလ်ရတော့မယ် ထင်ပါရဲ့ကွာ..
ကဲ.. ဒါဆို ဒီမြို့မှာ အကြီးဆုံးက ဘယ်သူလဲ
ဒီမြို့မှာတော့ ဦးဘဟန်ဆိုတာ မြို့အရာရှိပဲ
ကျွန်တော်တို့်က မြို့သူကြီးလို့ခေါ်တယ်
…..
သူက.ဘယ်မှာနေတာလဲ
သူက မြို့လယ်က တိုက်နီနီအကြီးကြီးမှာနေတာ
ဆရာတို့ သူ့ဆီသွားမလို့လား
ကျွန်တော် မြင်းလှည်းတစ်စီးခေါ်ပေးမယ်
……
အဆင်သင့်လိုက်လေကွာ
ကဲ သက်ခိုင်.ကော်ဖီသောက်လိုက်ဦး
ရော. ဒါကမင်းအတွက် မုန့်ဖိုးဆိုပြီး စားပွဲထိုးကောင်လေးအိတ်ထဲပိုက်ဆံ ၂၀၀ထည့်ပေးလိုက်တယ်
ခဏနေတော့ မြင်းလှည်းရောက်လာပြီး မြို့သူကြီးနေတဲ့အိမ်ဆီကိုခေါ်သွားလေတော့သည်။
…..
ဆရာ
ဆရာ
ဒီကလူနှစ်ယောက်က.ဆရာကိုတွေ့ချင်လို့််တဲ့
လာကြ.လာကြ
ဒီမှာထိုင်
ဘာများကိစ္စရှိလို့ပါလဲ
….
ကိစ္စကတော့ နှစ်ဆောင်ပြိုင်အိမ်ကြီးပါပဲ
ကျွန်တော်တို့က ဆေးဆရာတွေပါ
ဒီမြို့မှာခဏဝင်နားရင်း
နှစ်ဆောင်ပြိုင်အိမ်ကြီးမှာနေရဲရင် အလကားပေးတယ်ဆိုပြီးပြောလို့ပါ
….
ထိုအခါ.မြို့သူကြီးက
တကယ်တော့ အဲဒီအိမ်မှာ ဘယ်သူမှမနေရဲဘူး
ဒါကြောင့် ခုလိုပြောနေကြတာ
ကျွန်တော်က အဲဒီနေရာမှာ စာသင်ကျောင်းလေး ဆောက်ချင်တာ
ပိုင်ရှင်တွေက မရှိကြတော့ဘူး
အဲဒါကြောင့် ပယောဂနိုင်တဲ့ဆရာတွေခေါ်ပြီး ဒီအိမ်မှာရှိနေတဲ့ အစောင့်အရှောက်တွေကို ဖယ်ရှားဖို့ ကြိုးစားသေးတယ်
ဒါပေမယ့်လဲ အချည်းနှီးပါပဲဗျာ
အိမ်ထဲဝင်သမျှ ဆရာတွေအကုန်လုံး.လွယ်အိတ်ကျန်တဲ့သူကကျန်
ဖိနပ်ကျန်တဲ့သူကကျန်ပြီး ပြေးရတာပဲ
အဲဒီထဲက.နှစ်ဆောင်ပြိုင်အိမ်ဆိုရင် ဘယ်ဆရာမှ မလာရဲတာ
….
ဒါပေမယ့် ဆရာတို့က နေမယ်ဆိုတော့ တော်တော်လေးအံ့သြမိတယ်
ကျွန်တော်တို့ကမနေပါဘူး
တကယ်လို့ ဒီအိမ်ကြီးမှာရှိတဲ့ အစောင့်တွေကို ဖယ်ပေးနိုင်ရင် ဒီနေရာကို အကျိုးရှိတဲ့နေရာလေး တစ်ခုဖြစ်စေချင်တယ်။
မြို့သူကြီးဘက်က သဘောတူရဲ့လား
…..
ဟာ.ဖြစ်တာပေါ့ဗျာ
ဒီနေရာသာရလို့ကတော့ စာသင်ကျောင်းတစ်ကျောင်းဆောက်ဖို့စဉ်းစားထားတာ
အခုဆို.ကျွန်တော်တို့မြို့က ကလေးတွေဆိုရင်.ဟိုဘက်မြို့မှာ အထက်တန်းပညာသွားသင်ကြရတာ
……
အဲဒါဆို ကျွန်တော်တို့ သွားလိုက်ဦးမယ်
မနက်ဖြန် သတင်းကောင်းယူလာပေးပါ့မယ်
….
အောင်မြတ်သာနဲ့သက်ခိုင်တို့လဲ
အိမ်အိုကြီးရှိတဲ့နေရာဆီကို ထွက်လာခဲ့လိုက်တယ်
အချိန်က.ညနေနေဝင်ရီတစ်ရောတောင်ဖြစ်နေပါကောလား..
အိမ်အိုကြီးကတော့ ရေနံချေးတွေနဲ့မဲနက်နေပြီး တစ်ချို့နေရာတွေပြိုကျပျက်စီးနေတာကို တွေ့လိုက် ရတယ်.
…..
ကဲ သက်ခိုင်
တို့တော့လုပ်ငန်းစရအောင်
အောင်မြတ်သာလဲ အိမ်အိုကြီးအရှေ့ရောက်တော့ အိမ်ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
လမ်းသွားလမ်းလာတွေက အထူးအဆန်းသဖွယ် ရပ်ကြည့်နေကြတယ်။
…..
အောင်မြတ်သာနဲ့သက်ခိုင်လဲ
အိမ်အိုကြီးပရဝဏ်အတွင်းဝင်မလို့ ဟန်ပြင်လိုက်ရုံနဲ့..
နှစ်ယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက် ကြည့်ပြီး ရပ်လိုက်ကြတယ်။
ဆရာ ဒီအိမ်ကမသန့်ဘူးဆရာ
အညှီနံ့တွေလဲရနေတယ်
အိမ်ထဲဝင်ဖို့မသင့်ဘူး
….
ဟုတ််တယ် သက်ခိုင်
အိမ်ထဲဝင်တာနဲ့ ငါတို့ဘုန်းကံတွေ ကျဆင်းအောင် စီမံထားတာ
ဒါကြောင့်လဲ ယခင် ပယောဂကုတဲ့သူတွေ ရှုံးနိ်မ့်ရတာကိုး
….
ဆရာ.အိမ်အဝင်ဝ တံခါးအပေါ်က.ဘောင်ကိုကြည့်ဦး
ဘောင်ထဲမှာ တစ်ခုခုရှိနေတယ်
အဝတ်စလိုလို ထဘီစလိုလို မြင်ရတယ်
….
ဟုတ်တယ်.
အဲဒါမီးနေသည်ထဘီပဲ
ဝင်သမျှလူရဲ့ဘုန်းကံကျဆင်းအောင် တမင်လုပ်ထားတာ
တော်တော်ယုတ်မာကြတဲ့သူတွေပဲ
….
အချိန်ကားတစ်ဖြေးဖြေးနဲ့မှောင်စပြုလာခဲ့ပြီ
ခဏလေး.ခဏလေး
မြို့သူကြီးက အောက်လင်းမီးတွေ ပို့ခိုင်းလိုက်လို့
မြို့သူကြီးတပည့်တွေလာပို့တဲ့ အောက်လင်းမီးတွေကို အိမ်ပတ်လည်မှာဆင်လိုက်တော့
လင်းထိန်သွားတယ်။
ကြည့်နေကြတဲ့လူတွေကလဲ တော်တော်များလာတယ်။
….
သက်ခိုင်
တို့အိမ်ထဲဝင်တာနဲ့ မင်းကောငါကော အရင်ဆရာတွေလိုပြန်ပြေးရလိမ့်မယ်
အဲဒီတော့ ငါတို့အိမ်ရှေ့ကနေပဲ ရင်ဆိုင်ကြတာပေါ့
ဒီအိမ်က အတိုက်အခိုက်ရှိတဲ့ အိမ်ပဲ
အစီအရင်လုပ်တဲ့သူကိုယ်တိုင် ဒီအိမ်ထဲမှာပဲ ရှိနေသေးတယ်။
မကျွတ်ကြသေးဘူး
…….
အောင်မြတ်သာလဲ မြို့ခံလူထုကို.ခြံစည်းရိုးအပြင်မှာသာ နေပေးကြဖို့မေတ္တာရပ်ခံပြီး..
သက်ခိုင်
မင်းက ဒီစည်းထဲကနေ ငါပြောသလိုလုပ်
ငါကလဲ ဒီဘက်စည်းကနေ မောင်းထုတ်မယ်
….
ဆရာတပည့်နှစ်ယောက် စည်းတားလိုက်ပြီး
ပထမဦးစွာ ဘုရားရှိခိုးတိုင်တည်ပြီး ဂိုဏ်းနတ်တွေ ဂိုဏ်းစောင့်ပုဂ္ဂိုလ်တွေကို ပင့်ဖိတ်လိုက်တယ်။
ထိုသို့ပင့်ဖိတ်ပြီးတဲ့အချိန်မှာ အောင်မြတ်သာတို့ ဘေးမှာ..
တင်းပုတ်တွေကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ
လှံကိုင်ထားတဲ့သူတွေ
ဓားလွယ်ထားတဲ့သူတွေ ဖွားခနဲပေါ်လာတယ်
….
ထိုအခါ အောင်မြတ်သာက
အိမ်မှာရှိတဲ့ အစောင့်အရှောက်တွေ ဒီအိမ်ကနေ ထွက်သွားဖို့ အမိန့်ပြန်လေတော့သည်။
အမိန့်ပြန်ပြီးချိန်မှာ အိမ်ထဲကနေ လေးဘက်ကုန်ကြီး ကွတကွတထွက်လာတဲ့ သူတစ်ယောက်ကို သက်ခိုင်ကော.အောင်မြတ်သာပါတွေ့လိုက်တယ်
…..
လက်နှစ်ဖက်က သားရည်တွေလန်ကာ
အနာရည်တွေသွေးတွေ တစ်စက်စက်ကျနေပြီး
မျက်နှာမှာ လက်သည်းနဲ့ကုတ်ခြစ်ထားသလို စုတ်ပြတ်သတ်နေပုံက သာမန်လူတွေ့လိုက်ပါက လိပ်ပြာ လွင့်သွားနိုင်တယ်
ထိုသူကား အောင်မြတ်သာတို့်ကို စူးစူးရဲရဲကြည့်ပြီး
တစ်ရှိန်ထိုးပြေးဝင်လာတယ်
အရှိန်နဲ့ပြေးအလာ
စည်းဝိုင်းအနားလဲရောက်ရော
.ဖောင်းခနဲမြည်ကာ.
အနောက်ကို ၁၅ပေလောက်လွင့်ထွက်သွားတယ်
……
လွင့်ထွက်သွားပြီး လဲကျနေရာမှ ပြန်ပြီးကုန်းထလာတယ်။
ထိုစဉ် အိမ်ထဲကနေ ထွက်လာကြတဲ့ မကောင်းဆိုးဝါးတွေ..
ဗိုက်ပွင့်ပြီး အထွေးလိုက်ကျနေတဲ့ အူတွေက တန်းလန်းနဲ့ မိန်းမတစ်ယောက်
မျက်လုံးနှစ်လုံးပေါက်ထွက်ပြီး မျက်လုံးအိမ်ထဲကနေ သွေးတွေပန်းထွက်နေတဲ့ ယောကျၤားတစ်ယောက်
မျက်နှာတစ်ပြင်လုံး ဘာမှမရှိပဲ မျက်လုံးပေါက် နှာခေါင်းပေါက် ပါးစပ်ပေါက်သာပါတဲ့ လူတစ်ယောက်
စုစုပေါင်း၃ယောက် အိမ်တံခါးဝမှာ ရပ်ပြီး အောင်မြတ်သာတို့ရှိရာကို လက်တွေဆန့်ကာ တစ်စုံတစ်ခု ပြောချင်နေတာ..
…..
ထိုအခါအောင်မြတ်သာက
နှုတ်ပွင့်စေ
ပြောနိုင်ဆိုနိုင်စေလို့ အမိန့်ပြန်လိုက်တော့
နင်တို့ ဘာလာလုပ်တာလဲ
ငါတို့အိမ်ထဲက အခုထွက်သွားဆိုပြီး ဒေါသတကြီး ပြောပါလေရော..
….
ထိုအခါအောင်မြတ်သာက
မင်းတို့က ဘယ်သူတွေလဲ
ဘာကြောင့် ဒီအိမ်ကိုလာတဲ့သူတိုင်းကို အနှောင့်အယှက်ပေးရတာလဲ
….
ငါ..ငါတို့က ဒီအိမ်ပိုင်ရှင်တွေပဲ
ငါတို့ကို ဒီအိမ်မှာပေးနေထားတာ
ငါတို့ရဲ့နေရာဆိုပြီး အစီအရင်တွေနဲ့ နေရာချထားခဲ့တာ
ငါတို့မသွားဘူး
….
ငါတို့လူ့အသွေး.လူ့အသားမစားရတာကြာပီ
ငါတို့ကို ဒီအိမ်မှာနေခိုင်းပြီး အစာမကျွေးတဲ့ မိန်းမကိုလဲ သတ်စားပီးပီ
သူ့ယောကျၤားကိုလဲ သတ်မယ့်အချိန်မှာ လွတ်သွားတယ်။
ငါတို့ရဲ့အရိုးတွေ ငါတို့ရဲ့အသားတွေ ဒီအိမ်မှာမြှုပ်.ထားတယ်
ငါတို့အိမ်ထဲဝင်လာတဲ့သူမှန်သမျှ သတ်ပစ်မယ်ဟေ့
…….
ထိုအခါ.သက်ခိုင်က
မင်းတို့အိမ်အဝင်တံခါးဘောင်မှာ မြှပ်ထားတဲ့.ထဘီစက ဘယ်သူလုပ်တာလဲ
အဲဒါ ဒီအိမ်က ပိုင်ရှင်မိန်းမလုပ်တာ
ငါတို့ကိုခေါ်ခဲ့တာလဲသူပဲ
ငါတို့ကို ဒီအိမ်မှာနေခိုင်းပြီး နေ့တိုင်း.အသားစိမ်းငါးစိမ်းတွေကျွေးမယ်လို့ ပြောပြီး တကယ်လဲ မကျွေးဘူး
အခု သူ့ကို ငါတို့ခေါ်ထားတယ်
သူ့ဝိဉာဉ်ငါတို့ရှိနေသရွှေ့ မလွတ်စေရဘူး..
…..
ကဲ.. ပိုင်ရှင်မိန်းမ
ငါ၏အရှေ့ရောက်စေ
မည်သူမျှ.မချုပ်နှောင်စေရ
နှောင့်ယှက်ဟန့်တားမည့်သူရှိပါက
ဂိုဏ်နတ် ဂိုဏ်စောင့်ပုဂ္ဂိုလ်များမှ မဟန့်တား နိုင်စေရန် စောင့်ရှောက်ကြ.
ကဲ…လာစမ်း..
ငါရှေ့
….
ထိုသို့ခေါ်လိုက်တော့
အိမ်ထဲကနေ.အမျိုးသမီးတစ်ဦး.မလာရဲ.လာရဲနဲ့.ထွက်လာတယ်
ခုနက သူတွေကိုတော့ ဂိုဏ်စောင့်ပုဂ္ဂိုလ်တွေက.ချုပ်ထားတာတွေ့လိုက်ရတယ်
…..
ထွက်လာတဲ့အမျိုးသမီးရဲ့ ဗိုက်တွေကိုဖောက်ထားပြီး အူတွေအသည်းတွေ ဘာဆိုဘာမှမရှိတော့
ဟောင်းလောင်းပေါက်ကြီးဖြစ်နေတယ်
သွေးတွေကလဲ.တစ်စက်စက်နဲ့ မျက်နှာတစ်ခုလုံး ခြောက်ကပ်နေပြီး တော်တော်အော်ဂလီဆန်စရာ ကောင်တယ်။
..
ထိုအမျိုးသမီးက အောင်မြတ်သာတို့နဲ့ မလှမ်းမကမ်း မှာထိုင်ပြီး
ကျွန်မကို ကယ်ပါ
ကျွန်မမှားခဲ့တယ်
ဒီအိမ်ကိုအပိုင်လိုချင်လို့ ဆွေမျိုးတွေကို မနေနိုင်အောင်လုပ်ခဲ့တာ
ကျွန်မကို သူတို့ သတ်ခဲ့တယ်
ကယ်ပါဆရာတို့ရယ်
…..
ဒါဆို မင်းအောက်လမ်းဆရာနဲ့ပေါင်းလုပ်ခဲ့တာပေါ့
ဟုတ်ပါတယ်
အိမ်တံခါးဘောင်မှာ.အစိမ်းသေသွားတဲ့ မီးနေသည်ထဘီစကိုထည့်ပြီး အဲဒီသရဲမကို ဒီအိမ်မှာနေခိုင်း ခဲ့တာ
အိမ်တစ်ခုလုံးကိုအပိုင်လိုချင်လို့ ဦးလေးတွေ အဒေါ်တွေမနေနိုင်အောင်လုပ်ခဲ့တာ
သူတို့မနေနိုင်ပဲအိမ်ပေါ်ကဆင်းသွားတော့ ကျွန်မတစ်ယောက်ထဲကျန်ခဲ့တယ်။
ဒီအိမ်ကိုအပိုင်ရပီလို့ တွေးထားခဲ့တာ
….
မွေးထားတဲ့သရဲတွေက.ညဘက်တွေဆို အသားစိမ်းငါးစိမ်းတွေကျွေးဖို့ သောင်းကျန်းတယ်
ကျွန်မလဲ ကိုယ်လိုချင်တာရတော့ သူတို့်ကို ဂရုမစိုက်ပဲ နေခဲ့တယ်။
ဒီသရဲတွေကို နေခဲ့ခိုင်းတဲ့ အောက်လမ်းဆရာလဲ သူမွေးထားတဲ့သရဲတွေက သူ့ကိုပြန်သတ်လိုက်တယ်။
ဟိုမှာရပ်နေတဲ့ မျက်လုံးပေါက်ထွက်နေတဲ့သူက အောက်လမ်းဆရာ
ဟိုမိန်းမက မီးနေသည်သရဲမပါ
…..
ကျန်တဲ့ကောင်တွေက.ဘယ်သူလဲ
ကျန်တဲ့နှစ်ယောက်က အောက်လမ်းဆရာနဲ့ပါလာတဲ့ မကောင်းဆိုးဝါးတွေပါ
ကျွန်မလွတ်ရာကျွတ်ရာသွားချင်နေပါပီ
ကူညီပါဦးဆရာတို့ရယ် ဟီးဟီးဟီး..
…..
ထိုအခါအောင်မြတ်သာက
အခုအိမ်မှာနေတဲ့ မကောင်းဆိုးဝါးတွေ
ဒီအိမ်ထဲကနေ ထွက်ပေးဖို့ သတိပေးမယ်
မထွက်ဘူးဆိုရင် ပညာစွမ်းနဲ့နှင်ရလိမ့်မယ်
….
မထွက်ဘူးဟေ့
မထွက်ဘူး
သတ္တိရှိရင် အိမ်ထဲဝင်လာခဲ့လေ
….
ကဲ မထွက်ဘူးဆိုရင်တော့
နှင်ရလိမ့်မယ်
ဂိုဏ်စောင့်နတ်တွေ မထွက်တဲ့ မကောင်းဆိုးဝါးတွေကို ကြိမ်စင်္ကြာနဲ့ရိုက်စေ..
ဖြန်..ဖြန်..ဖြန်..ဖြန်…ဖြန်…ဖြန်..
အား အား အမလေး နာတယ်
နာတယ်ဟဲ့ နင့်ကိုငါသတ်မယ်
အား.အား နင်တို့လုပ်နိုင်တုန်းလုပ်ထားပေါ့
….
ဘယ်လိုလဲ ထွက်သွားမလား
အနာခံမလား
မထွက်ပေးနိုင်ဘူးဟေ့..
ကြိုက်သလိုလုပ်..
….
တော်တော်ခေါင်းမာတဲ့သူတွေပဲ
ကဲ..ဒီလောက်ဖြစ်တဲ့ဟာဆိုပြီး
၈ကွက်အင်းတစ်ဖြစ်လဲ လောင်မီးအင်းကို ဆွဲကာ အိမ်ရှေ့ကိုပစ်လွှတ်လိုက်တယ်
အင်းကွက်ကား.ထိုသူတို့ကိုယ်ပေါ်ကျပြီး မီးစွဲလောင်ပါလေရော..
အမလေး.ပူတယ်
ပူတယ် အား အား
တောက်.. ငါတို့အကွက်ထဲရောက်ရင် နင်အသေပဲ
အခုတော့ ငါတို့ရှုံးပီ
အမလေး.ပူတယ်
အား…
လွတ်ပေးတော့ဟေ့.မနေတော့ဘူး သွားမယ်
ပူတယ်.အား
ကတိပေးတယ်.ငါတို့သွားတော့မယ်…
ပူတယ်.လွှတ်ပေးတော့ဟဲ့
…….
အောင်မြတ်သာလဲ လက်ဖဝါးနဲ့ ဖယ်ထုတ်လိုက်ရာ
တောက်နေတဲ့မီးတွေ ငြိမ်းသွားတယ်
ကဲ.. မင်းဝိဉာဉ်ကိုမချုပ်ထားတော့ဘူး
မင်းတို့အားလုံး ကိုယ့်အပြစ်ဒဏ်ကိ်ုယ်ခံကြပေတော့…
ခုနက.အောင်မြတ်သာအရှေ့မှာ ရှိနေတဲ့ မိန်းကလေးကား ဖြတ်ခနဲ မျက်လုံးရှေ့က ပျောက်သွားတယ်
……
အိမ်မှာရှိနေတဲ့ မကောင်းဆိုးဝါးတွေကိုတော့ ဂိုဏ်စောင့်နတ်တွေကဖမ်းချုပ်ကာ သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ပေးဖို့ သက်ဆိုင်ရာပုဂ္ဂိုလ်အသီးသီးကို အပ်နှံပေးခဲ့လိုက်တယ်
…..
အားလုံးပြီးဆုံးတော့ ည၉နာရီကျော်နေပီ
လူအုပ်ကြီးကတော့..
ဆရာတို့ခုနက အိမ်ကနေနှင်ထုတ်တဲ့အသံကိုပဲ ကြားရတာ
ခဏနေတော့ အော်သံကြီးတွေပဲကြားနေရတာ
ကြောက်စရာကြီး..
အခုသူတို့မရှိတော့ဘူးလား
ဒီအိမ်ကြီးမှာ ဘာမှမရှိတော့ဘူးလား
…..
ဟုတ်တယ် ဒီအိမ်ကြီးမှာ.ဘာမှမရှိတော့ပါဘူး
နောက်နေ့ ဒီအိမ်ကြီးကိုဖျက်ကြပါ..
ဘာပဲတွေ့တွေ့မီးရှို့ကြပါလို့မှာကြားရင်း
ဆရာတပည့်နှစ်ယောက် မြေနီလမ်းကလေးအတိုင်း အဝေးပြေးလမ်းမပေါ်သို့ လျှောက်လာခဲ့လိုက်တယ်။…….
လေးစားစွာဖြင့်
ဇေယန(ရာမည)