အောင်မြတ်သာနှင့်မုခလိနတ်ဆိုး (စ/ဆုံး)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
#စာရေးဆရာ -ဇေယန(ရာမည)
” မရင်စန်း.
“မအိမ်လှ
“မလုံးတင်
တော်တို့အဆင်သင့်ဖြစ်ပီလား
နောက်ကျလို့ရှိရင် တောင်တော််အရှင် စိတ်ဆိုးလိမ့်မယ်နော်
ပီးပီ အမစန်းရင်ရဲ့
တောအရက်နဲ့ တောကြက်ကြော်လေး ယူနေလို့ပါ
ကဲ သွားကြရအောင်
ဟဲ့ ညက ဘေးအိမ်က ဦးသာရင်ကို တောင်တော်အရှင်ဝင်ပူးပီးပြောတာ ကြောက်စရာကြီးအေ
မျက်လုံးတွေကပြူးပြီး နီရဲနေတာ
ဦးသာရင်ရဲ့ပုံကိုပျောက်သွားတာပဲ
ကျုပ်တိ့ုတစ်လတစ်ခါဆက်သနေကြဖြစ်တဲ့
စားဖွယ်ရာတွေမဆက်လို့တဲ့အေ
အိမ်ကကလေးတွေရဲ့အသက်ကိုတောင်ယူမယ်လ့ို အံတကြိတ်ကြိတ်ပြောတာ ငါဖြင့်ကြောက်လိုက်တာမပြောနဲ့တော့
အခုတောင် ရွာထဲကမစိန်ပုဆီက ငွေချေးပြီး ဒီအရက်နဲ့ ကြက်ကြော်လေး လုပ်လာရတာ
ကျုပ်တို့လဲဘာထူးလို့လဲအေ ရှိစုမဲ့လေးနဲ့ ပူဇော်ရတာပေါ့
မပူဇော်ရင် ရွာအလယ်က မရီစိန် သားလို အသေဆိုးနဲ့ သေနေရဦးမယ်
ကဲ တော်ကြတော့ ဟိုမှာ နတ်ကွန်းရောက်ပီ
ပါလာတာတွေနဲ့ပူဇော်ပီး အမိုက်အမဲတွေကိုဗွေမယူဖို့ တောင်းပန်ရမှာပေါ့
ဒါကတော့ ထန်းတစ်ပင်ရွာမှာ လူတိုင်းနီးပါး ကြောက်လန့်ကိုးကွယ်နေရတဲ့ တောင်တောင်အရှင် တစ်ဖြစ်လဲ မုခလိနတ်ပဲဖြစ်တယ်
မကိုးကွယ်လို့လဲမရဘူးလေ သူ့ကိုမပူဇော်ရင် တစ်ရွာလုံးကို သတ်မယ်လို့ ဝင်ပူးပြီးခြိမ်းခြောက် ထားတဲ့သာဓကရှိခဲ့ဖူးတာကိုး
..
မုခလိနတ်ကွန်းစဖြစ်လာတဲ့အကြောင်းကတော့
ကိုထွန်းလှနဲ့မရီစိန်တ့ိုလင်မယားကစတာပဲ
ထင်းခွေသွားရင်းနဲ့ တောထဲမှာ မျက်စိလည်နေတဲ့အချိန် တောဓလေ့အယူအဆတိုင်း
ညောင်မုတ်ဆိတ်ပင်အောင်ဝင်ပြီး ဤအပင်မှာ စောင့်ကြပ်တဲ့ ရုက္ခစိုးနတ်မင်းကြီး
ကျုပ်တို့ကိုလမ်းတွေ့အောင် ကူညီပေးပါ
ကူညီပေးပါက အရှင့်ကိုတစ်လတစ်ကြိမ် လာရောက်ဆက်သပါမယ်ဆိုတဲ့ကတိကိုပေးမိလိုက်တယ်
တကယ်တမ်းသူတို့ပြောလိုက်တဲ့အပင်မှာနေတာက သူတို့ထင်သလိုရုက္ခစိုးမဟုတ်ပဲ ဝါအတော်ရင့်နေပီ ဖြစ်တဲ့မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေတာကို သူတို့ိမသိခဲ့ဘူး
နာနာဘာဝတို့မည်သည် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ အပိုင်စားနယ်မြေတွေကို စတုမဟာရာဇ် နတ်မင်းတွေကပေးထားလေ့ရှိတယ်
သူတို့နယ်မြေအတွင်းမှာ သူတို့ရဲ့အာဏာစက်က သက်ရောက်တယ်။ အခုလဲ အပင်မြင်တိုင်း ရုက္ခစိုး ရှိ်မယ်ထင်တဲ့အတွေးက ထန်းတစ်ပင်ရွာကို ဒုက္ခပေးခဲ့တယ်။
ကိုထွန်းလှနဲ့မရင်စိန်တို့ဟာ ထိုသို့ပြောရင်း ခရီးဆက်ခဲ့ရာ ကံကောင်းစွာဖြင့် ရွာအဝင်လမ်းကြောကို တွေ့သွားခဲ့တယ်
ဒါဟာရုက္ခစိုးနတ်မင်းမစလို့တွေ့တာဆိုပြီး
နောက်နေ့မှာရှိတာလေးနဲ့ သွားရောက်ဆက်သကြတာပေါ့
ရွာမှာလဲ တစ်ယောက်စကားတစ်ယောက် နားနဲ့ ရုက္ခစိုးနတ်မင်းကို ယုံကြည်သူရှိသလို မယုံကြည်တဲ့ လူလဲရှိခဲ့တယ်
နောက်ဆုံး ရွာထိပ်မှာ နတ်ကွန်းဆောက်ပီး ပူဇော်ကြတဲအဆင့်ထိရောက်လာတယ်
အရင်ဆုံးခေါ်လာတဲ့ကိုထွန်းလှနဲ့မရင်စိ််န်တို့က အဆိုးဆုံး
်နည်းနည်းဖြစ်တာနဲ့ နတ်မင်းကြီးထံသွားဆုတောင်းရတာအမော
တစ်ရက်မှာ ရွာထဲက အရက်သမားနက်ကျော် အရက်မူးပြီး နတ်ကွန်းမှာဆက်ထားတဲ့ ကြက်ကြော်ကို ယူစားလိုက်မိတာကစပြီး ပြဿ နာစတက်ခဲ့တယ်
ကြက်ကြော်ယူစားပီး ညမှာပဲ ဇက်ကြီးလ််ိမ်လို့ ထူးဆန်းစွာသေဆုံးခဲ့တယ်
တစ်ရွာလုံးကလဲ ဒါတောင်တော်အရှင်ကိုစော်ကားလို့ဆိုပီး မှတ်ယူခဲ့တယ်
နောက်နေ့ ရွာထဲက ကလေးတစ်ယောက် ဗိုက်နာပြန်ရော ဘယ်လိုဆေးနဲ့ကုကု မပျောက်
ညရောက်တော့ အိမ်မက်ပေးပါလေရော
ရွာထိပ်ကနတ်ကွန်းမှာ အရက်နဲ့ကြက်ကြော်ဆက်ရင်ပျောက်မယ်ပေါ့
နောက်နေ့သွားဆက်လိုက်ရင် ရောဂါက ယူပစ်သလိုကောင်းသွားရော
တစ်နေ့မှာ ကိုထွန်းလှနဲ့မရင်စိန်တို့ရဲ့ သား ကောက်ကာငင်ကာ.ဗိ်ုက်နာပါလေရော
တစ်နေ့လုပ်တစ်နေ့စား ဘဝမို့ထမင်းစားဖို့တောင် အနိုင်နိုင်ဖြစ်တဲ့အတွက် နတ်ကွန်းမှာ ဆက်နေကြ ဖြစ်တဲ့ အရက်နဲ့ကြက်ကြော်ကိုမဆက်နိုင်ခဲ့ဘူး
ဖယောင်းတိုင်အမွှေးတိုင်နဲ့ဆုတောင်းပြီး အိမ်ပြန်လာတော့
ကိုထွန်းလှကို ဝင်ပူးပါလေရော
ငါ့ကိုမဆက်သရင် နင်တို့ကလေးအသက်ကို ယူမယ်ဆိုပီး ကြိမ်းဝါးခဲ့တယ်
အဲမှာမရင်စိန်က အမြဲတမ်းဆက်သလာတာကိုမှ မထောက် ဒီလိုပြောတယ်ဆိုပြီး လုံးဝမဆက်ပဲ နေတာ
နောက်ဆုံး မရင်စိန်ရဲ့သားလေးဟာ အဲရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့တယ်။
အဲကစပြီး စားချင်ရင် ကလေးတွေကို ပြုစားလိ်ုက် စားသောက်လိုက်နဲ့ တစ်ရွာလုံးကို အကြောက်တရားဖြင့် ပြုစားခဲ့တယ်
တစ်ချိ့ုကလေးတွေက အစားမှားလို့ နေမကောင်းတာ ဗိုက်အောင့်ရင်တော့ ကျန်းမာရေးဌာနကပေးတဲ့ဆေးနဲ့ပျောက်သွားသလို
တစ်ချို့ကလေးတွေကျတော့ ဆေးတိုက်လဲမပျောက်ပဲ နတ်ကွန်းမှာ ပသမှပျောက်တာတွေလဲရှိတယ်။
တစ်နေ့တော့ ထန်းတစ်ပင်ရွာထဲကို မျက်နှာစိမ်းလူနှစ်ယောက်ရောက်လာခဲ့တယ်
ဗျို့ နောင်ကြီး
ဒါကထန်းတစ်ပင်ရွာလား
ဟုတ်တယ် တူမောင်တို့က ဘယ်ကလဲ
ကျုပ်တို့က ခရီးသွားတွေပါ
ရွာမှာခဏဝင်နားချင်လို့ပါ
ရွာထဲမှာဝင်နားကြလေ
ရတယ်ဗျ ရွာထိပ်ကဇရပ်မှာပဲ နားပါရစေ
ကျုပ်တိ့ုက ခရီသွားဆိုတော့ ခွင့်တောင်းတာပါ
အေးဆေးနားကြနော် ကျုပ်နွားကျောင်းဦးမယ်
…
လူငယ်နှစ်ယောက်လဲ
ဇရပ်ပေါ်နားနေရင်း
ဆရာ
ဒီရွာမှာ ဘုန်းကြီးကျောင်းလဲမတွေ့ဘူး
သံဃာတော်တွေလဲမတွေ့ဘူး
ရွာရဲ့အငွေ့အသက်တွေက တစ်မျိုးပဲ
အိမ်း
ဒီရွာမှာ၂ရက်လောက်တော့နေရဦးမှာပေါ့
ဒီရွာသားတွေရဲ့အခက်အခဲကို ကူညီပီးမှ ငါတို့ခရီးဆက်ရလိမ့်မယ်
ဆရာပြောတဲ့အဓိပ္ပါယ်က…
မကြာခင် သိရမှာပေါ့ ခဏစောင့်လိုက်
ခနနေတော့ ရွာထဲက မိန်းမတစ်ယောက် အင်ဖက်တွေနဲ့ အသားတွေထမင်းတွေ ထုပ်ပီး ရွာပြင်က နတ်ကွန်းမှာ လာပုံသွားတာ သက်ခိုင်ရော အောင်မြတ်သာပါ မြင်လို်က်ရတယ်
ထိုအခါ အောင်မြတ်သာက မဲ့ပြုံးလေးပြုံးလိုက်တယ်
ထို့နောက်..
သက်ခိုင် ဒီရွာကလူတွေ သူခိုးကိုဘဏ္ဍာစိုးခန့်ထားကြတယ်ကွ ဟားဟား
ဘယ်လိုလဲဆရာ
ကျွန်တော်သိပ်နားမလည်လို့
ဟိုမှာလေ နတ်ကွန်းမှာ ထိုင်နေတဲ့ ကောင်ကို ကြည့်လိုက်
ထိုအခါ သက်ခိုင်က နတ်ကွန်းသို့ကြည့်လိုက်ရာ
ဆရာ နတ်ကွန်းပေါ်မှာ ဘာကောင်ကြီးလဲဗျ
နတ်တော့မဟုတ်ဘူး ကျွန်တော့်အမြင်တော့ မကောင်းဆိုးဝါးတစ်ကောင်ကောင်ပဲဖြစ်မယ်
ဟုတ်တယ် သက်ခိုင်
အရင်ကတော့ နာနာဘာဝမကောင်းဆိုးဝါးပေါ့
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သေပီးသား လူတစ်ယောက်ပဲ
အချိန်တွေကြာလာတော့ နှစ်ချို့သရဲကြီးဖြစ်လာပြီး နယ်မြေတွေအပိုင်စားရ ၊ တောတွေအပိုင်စားရပီး တန်ခိုးအနည်းငယ်ရှိလာတတ်တယ်။
အဲလိုအချိန်မှာ သူတို့ကိုယ်သူတို့ မကောင်းဆိုးဝါးလို့မထင်တော့ဘူး
သူတို့ကိ်ုယ်သူတို့ စတုမဟာရာဇ် အောက်နတ်အငယ်တွေဆိုပီး ခံယူလာကြတယ်။
အခုလဲ ဒီရွာကလူတွေ သရဲကို နတ်ထင်ပီး နေမယ့် ဗိမ္မာန်တောင်ဆောက်ထားပေးကြတယ်
တယ်လဲ အသိဉာဏ်မဲ့လိုက်လေချင်း
ငါတို့ဒီကိစ္စကို ဖြေရှင်းပေးရဦးမယ်ထင်တယ်
ဆရာ ဒါဆို သူလဲ စတုမဟာရာဇ်နတ်မင်းတွေရဲ့ ငယ်ကျွန်ပေါ့
ဟုတ််တယ် သက်ခိုင်
နာနာဘာဝ၊ ဘီလူး၊ သဘက်၊ ဇော်ဂနီ၊ ဇော်ဂနက်၊ မောက်လုံး၊ မောက်ပြား၊ ကဝေ၊ စုန်းစတဲ့ ပုဂ္ဂိုလ်တွေအားလုံးရဲ့အချုပ်က စတုမဟာရာဇ်နတ်မင်းတွေပဲ
ဒါဆို သူတို့ရဲ့ငယ်သားတွေ ဒီလိုမကောင်းတာလုပ်နေတာကို ဘာကြောင့်မတားရတာလဲ
မတားတာမဟုတ်ဘူး မသိတာလို့ပြောရင်ပိုမှန်မယ်
နာနာဘာဝလောကသားဆိုတာ အပ်ချစရာနေရာမရှိအောင်များပြားတဲ့အတွက် အားလုံးရဲ့အရေးကိစ္စကို အကုန်သိဖို့ဆိုတာ မလွယ်ဘူး
ဒါကြောင့် သိတဲ့သူတွေက သူတို့ကို အကြောင်းကြားပေးဖို့လိုတယ်
အခုတော့ အတတ်နိုင်ဆုံး ဖျောင်းဖြကြည့်မယ်
မရတဲ့အဆုံး ခြေလက်ချုပ်နှောင်ပြီး ဝေသဝဏ်နတ်မင်းထံ အပ်ရမှာပေါ့
ဒီညလူခြေတိတ်ချိန် ရွာသားတွေမသိအောင် ဒီကောင်ကိုမောင်းထုတ်ရမယ်
အခုလောလောဆယ် ဒီကောင်စားပါစေဦးကွာ
အောင်မြတ်သာလဲ နတ်ကွန်းရှိရာ လှည့်ကြည့်လိုက်ရာ .
အောင်မြတ်သာတို့ကိုရှိတယ်လို့တောင် မထင်ပဲ
အင်ဖက်နဲ့လာတင်ထားတဲ့ ထမင်းနဲ့ဟင်းကို ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက်နဲ့ ကျုံး၍ ပလုပ်ပလောင်းစားနေသော တောင်တော်အရှင်ကို တွေ့လိုက်ရသည်။
မိုးကားတစ်ဖြေးဖြေးချုပ်လာခဲ့သည်..
ပိုးကောင်းများရဲ့အော်မြည်သံက တစ်ကျီကျီထွက်ပေါ်လာသလို
ညဦးပိုင်းက ရွာထဲကလူတွေလာထွန်းခဲ့တဲ့ ဖယောင်းတိုင်မီးအလင်းရောင်က နတ်ကွန်တစ်ဝိုက် လင်းထိန်နေသည်။
အောင်မြတ်သာလဲ ဇရပ်ပေါ်က မတ်တပ်ရပ်လိုက်တော့ သက်ခိုင်ကအနောက်ကနေ အလိုက်သတိ ကပ်လိုက်ခဲ့တော့သည်။
အောင်မြတ်သာလဲ
ဖြေးဖြေးချင်းနတ်ကွန်းဆီသို့ ဦးတည်လာခဲ့လိုက်သည်
နတ်ကွန်းအရှေ့ရောက်သောအခါ
ကဲ တောင်တော်သခင် အစားကောင်းသောက်ဖွယ်တွေစားပြီး အဆီရစ်နေပီထင်ပါ့
ထိုအခါ နတ်ကွန်းအနောက်ကနေ လူနှစ်ယောက်ဖက်မျှ ကြီးမားသော လက်တစ်ချောင်း ထွက်လာခဲ့တယ်။
ထိုအခါအောင်မြတ်သာက
သင့်ကိုယ်တိုင်ထွက်လာခဲ့ပါ
သင်ထွက်မလာရင် ကျုပ်အတင်းကျပ်ခေါ်ရလိမ့်မယ်
ထိုအခါ အသံသြသြဖြင့်
ဘယ်သူလဲကွ ဒီ််နယ်တစ်ပိုင်မှာ မုခလိ ဆိုတဲ့ ငါ့ကို ခံပြောရဲတာ ဘယ်သူမှမရှိဘူးကွ
ထိုအခါ.အောင်မြတ်သာက
ငါကတော့ဒီနယ်ကမဟုတ်ဘူး
ဒါကြောင့် မင်းကိုလဲမကြောက်ဘူး
မင်းသာ ထွက်လာခဲ့စမ်းပါလို့ ပြောလိုက်တယ် ဆိုရင်ဖြင့်..
ခြေသံတဒုန်းဒုန်းနဲ့ မြေကြီးပေါ်ကနေ လျောက်လာတာကို ကြားလိုက်ရတယ်
အောင်မြတ်သာက မည်သို်အသံကိုမျှ ရွာသားများ မကြားစေရ ငါ့အမိန့်လို့ အမိန့်ပြန်လိုက်ပီး
ခြေသံကြားရာ ဘက်ကို လှည့်လိုက်တယ်
သက်ခိုင်တွေ့လိုက်ရတာက
တစ်တောင်လောက်ရှိတဲ့ ခြေဖဝါး
တစ်ထွာလောက်ရှိတဲ့ခြေသည်းတွေ
ထိုအခါအောင်မြတ်သာက
မင်းရဲ့အစွမ်းတွေနဲ့ခန္ဓာကိုယ်ကို ကြီးအောင်ဖန်တီးထားတာကို ငါကြောက်လိမ့်မယ်မထင်နဲ့
သင်ရဲ့မကောင်းမှုတွေကို ငါယနေ့ညမှာ ဖျောက်ဖျက်ရလိမ့််မယ်။
သင်ဒီရွာနဲ့ဝေးရာကို ထွက်သွားပေးပါလို့ ငါမေတ္တာရပ်ခံပါတယ်
ထိုအခါ
ဟားဟားဟားအဟစ်အဟစ်
မင်းလိုနှပ်ချေးတွဲလောင်းကလေးသာသာလောက်က ငါ့ကိုအမိန့်ပေးရလောက်အောင်
ငါဘာကောင်လဲဆိုတာမသိဘူးလား
ငါက မုခလိနတ်ပဲ
ငါ့ကိုနတ်မင်းတွေကိုယ်တိုင်
အောက်နတ်အဆင့်ပေးပြီး နယ်အပိုင်ပေးထားတာ
မင်းကငါမွေးရင် ငါမြေးဆယ်ပြန်စာလောက် ငယ်သေးတယ်
အသက်မသေချင်ရင် ထွက်သွားပါ
ငါစိတ်တိုလာရင် သတ်မိလိမ့်မယ်
ကဲ ဟုတ်ပီလေ
ဒါဆို.သင်ကျုပ်ကို သတ်ပါ
သင်သတ်လို့ကျုပ်မသေရင်
သင့်ကိုပြန်ဖမ်းပီး သင့်ကိုဒီအပိုင်နယ်ပေးခဲ့တဲ့ နတ်မင်းတွေထံ ပြန်အပ်ရမှာပဲ
ထိုအခါ
အောင်မြတ်သာအား စိစိညက်ညက်ကျေစေရန် ဖဝါးကြီးနဲ့နင်းချလိုက်တယ်
ဖြောင်း…
အောင်မြတ်သာ ရှိရာနေရာသို့ ခြေဖဝါးကြီးက အရှိန်နဲ့ကျတဲ့အသံက ကြောက်မက်ဖွယ်ကောင်းလှသည်။သို်သော် ထိုအသံကို ရွာသားတွေမကြားရအောင် အမိန့်ပြန်ထားပီဖြစ်သည်။
နင်းချပြီးပြန်ကြည့်လိုက်တော့ အောင်မြတ်သာကို မတွေ့
အောင်မြတ်သာကို မတွေ့တော့
ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ သက်ခိုင်ကို
ဖမ်းဖို့အရှေ့တိုးလိုက််တယ်ဆိုရင်ဖြင့်
ဟေ့ မုခလိ
မဆိုင်သူကို မကြည့်နဲ့
ငါ့ကိုသာသင်သတ်နိုင်အောင်သတ်ပါ
ဒီတစ်ခါမှာတော့ မုခလိက သူ့ရဲ့လက်အောက်ငယ်သားတွေဖြစ်တဲ့ ပုံသဏ္ဍန်မျိုးစုံနဲ့နာနာဘာဝတွေကို ဆင့်ခေါ်လိုက်တယ်
ထိုနာနာဘာဝကောင်တွေက အောင်မြတ်သာကို တစ်စစီဖဲ့မယ့်အတိုင်း ကြောက်မက်ဖွယ်အသံမျိုးစုံနဲ့ အော်ပြီး ပြေးဝင်လာတယ်
အောင်မြတ်သာက
အပြုံးမပျက်ပဲ လက်ဖဝါးနဲ့ခါထုတ်လိုက််တယ်ဆိုရင်ပဲ ပြေးလာတဲ့နာနာဘာဝအားလုံး အဝေးကို လွှင့်ထွက်ကုန်တယ်
ထိုသို့အချင်းအရာကိုမြင်လိုက်ရတဲ့ မုခလိမှာ
အနည်းငယ် အံ့သြသွားတယ်
ထို့နောက်
သင်ဘယ်သူလဲ
သင်ရဲ့အစွမ်းက သာမန်တော့မဟုတ်ဘူး
သင်နဲ့ကျုပ်က ဘာရန်ငြိုးမှမရှိပဲ
ဘာလို့ကျုပ်နေတဲ့နေရာကို လာဖျက်စီးရတာလဲ
အောင်မြတ်သာက
ကျုပ်နဲ့အငြိုးမရှိပါဘူး
လမ်းသွားရင်း မကောင်းတာမြင်လို့
ရှင်းပေးတဲ့သဘောပါ
သင့်ကျူးလွန်ထားတာတွေ သင်သိမှာပါ
သင်ရွာသားတွေအပေါ် ပြုစားထားတာတွေက
သင်ဒီဘဝပီးရင် နောက်ဘဝမှာ ငရဲကိုထပ်သွားဖို့ သေချာသလောက်ရှိပီ။
သင်ငရဲကို ထပ်သွားချင်လား
ကျုပ်မသွားချင်ဘူး
ကျုပ်ဒီရွာမှာပဲနေမယ်
ကောင်းပီ
သင်ကိုကတိတစ်ခုတောင်းမယ်
သင်ကျုပ်ပြောတာလက်ခံမယ်ဆိုရင်
သင့်ကိုဒီရွာမှာဆက်ထားဖို့ ကျုပ်မေတ္တာရပ်ခံပေးမယ်
ဘာပြောမှာလဲ ပြော
သင် ဥပုဒ်စောင့်ရမယ်
သတ်သတ်လွတ်စားရမယ်
သူတစ်ပါးကို မပြုစားရဘူး
သူတစ်ပါးအသက်မသတ်ရဘူး
အရက်သေစာမသောက်စားရဘူး
အဲ၅ချက်ကို လိုက်နာရင် ကျုပ်သင့်ကို ဒီမှာဆက်ထားဖို့ အာမခံပေးမယ်
ကျုပ်လက်မခံနိုင်ဘူး
ကျုပ်လုံးဝလက်မခံနိုင်ဘူး
ကောင်းပီလေ
ဒါဆိုလဲ သင့်အထက်က နတ်မင်းတွေကို ကျုပ်ဆင်ခေါ်ရတော့မှာပဲ
ပွင့်လေပီးသော ဘုရားလေးဆူတို့၏ အမိန့်တော်
လောကပါလကိုစောင့်ကြပ်နေသော နတ်မင်းကြီးလေးပါး၏ အမိန့်တော်
ထွက်ရပ်ပေါက်ကုန်ပီဖြစ်သော ဆရာသမားတို့၏ အမိန့်တော်
ငါအောင်မြတ်သာ၏ အမိန့်တော်အရ
ဆင့်ခေါ်သည်..
ဤငမိုက်သားအား ဆုံးမရန် ပုဂ္ဂိုလ်များ ဤနေရာသို့ ရောက်စေသတည်း လို့ခေါ်လိုက်ရုံနဲ့
အမှောင်ထုကောင်းကင်ယံမှာ ဖြိုးခနဲဖျက်ခနဲ့ အလင်းတန်းတစ်ခုပေါ်လာခဲ့တယ်
သေချာကြည့်လိုက်တော့
သံလျက်လက်နက်နှစ်လက်ကိုင်ထားသော
ယက္ခနှစ်ပါး
အိုး…
အသင် မုခလိ
သင်ရဲ့အပြစ်တွေကို သင်သိပါပေသလား
ထိုအခါ မုခလိက
ကြောက်အားလန့်အားဖြင့်
အသင်ယက္ခမင်းတို့အား မလွန်ဆံဝံ့ပါ
ကျုပ်အမှားကိုသိပါပီ
သယ်… ရာရာစစ
လုပ်ချင်တိုင်းလုပ်ပီး ခုမှနောင်တရနေစရာလား
သင့်ကိုအောက်နတ်ရာထူးကဖြုတ်ပီး အပယ်ငရဲသွားစေဖို့ ငါတို့၏ သန်လျက်လက်နက်ဖြင့် သင်၏ ဦးခေါင်းရှစ်စိပ်ကွဲဖို့ ခွဲချုလိုက်မယ်..ဆိုပြီး လက်အမြောက်..
အောင်မြတ်သာက
ယက္ခညီနောင် သည်းခံတော်မူပါဦး
ကျုပ်က သူတစ်ပါးအသက်သေစေလိုခြင်းလုံးဝမရှိပါ
ထို့ကြောင့် မုခလိကို ကျုပ်တပည့်အဖြစ် သွတ်သွင်းခွင့်ပြုပါလို့ ဝေသဝဏ်နတ်မင်းထံ အကြောင်းကြားပေးပါ။
ကျုပ်ကသူ့ကိုလိမ်မာယဉ်ကျေးအောင် ဆုံးမပေးပါ့မယ်။
ထိုအခါ ယက္ခညီနောင်က
လက်အုပ်ချီပြီး ဆရာသခင်အမိန့်ကို နာခံပြီး မုခလိကို အပ်နှံပါတယ်
မုခလိ
သင်ဟာ ယနေ့ကစပီး ဒီကဆရာသခင်ရဲ့ တပည့်ဖြစ်သွားပီ
သင့်ဆရာသခင် စကားကိုလိုက်နာပါ
သင်နောက်တစ်ခေါက်ထပ်မှားရင် သင့်ခေါင်းဆယ့်နှစ်စိတ်ကွဲအောင် ငါတို့ခွဲရလိမ့််မယ်လို့ ပြောလိုက်တော့..
မုခလိခဗျာ.ကြောက်အားတကြီးနဲ့
အောင်မြတ်သာကိုလှမ်းကြည့်တယ်
ထိုအခါအောင်မြတ်သာက
မုခလိ သင်ကျုပ်စကားကိုနာခံမလား
ဟုတ်ကဲ့ နာခံပါ့မယ်ဆိုပြီး လက်အုပ်ချီရှာတယ်
ကဲ အသင်ယက္ခမင်းတို့ သွားနိုင်ပါပီလို့ပြောလိုက်ရုံဖြင့် ကောင်းကင်ယံကနေ ဖြတ်ခနဲ ပျောက်ကွယ် သွားခဲ့တယ်
သက်ခိုင်လဲ ဆရာဖြစ်သူရဲ့အစွမ်းကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့ ပိုပြီးလေးစားရိုသေမိသွားတယ်
အောင်မြတ်သာက
မုခလိ သင့်ကို ကျုပ်ဒဏ်ပေးမယ်
သင်ယနေ့ကစပီး သတ်သတ်လွတ်စားရမယ်
ဥပါဒ်သီလစောင့်တည်ရမယ်
သင် ဒီညကစပြီး လူသူကင်းဝေးတဲ့ တောထဲမှာ ဥပါဒ်သီလစောင့်တည်ပြီး သင့်ရဲ့အပြစ်တွေကိုပြန်ဆင်ခြင်ရမယ်။သင်လုပ်နိုင်မလား
ဟုတ်ကဲ့ တပည့်လုပ်နိုင်ဖို့ ကြိုးစားပါ့မယ်
ကောင်းပီ သင့်နေရာမှာနေဖို့ ပုဂ္ဂိုလ်တော့ရောက်လာပီ
သင်သွားလို့ရပီ ကျုပ်လိုအပ်ရင် သင့်ကိုခေါ်လိုက်မယ်။
သင့်ကိုယက္ခညီနောင်ရော ကျုပ်ပါ အမြဲစောင့်ကြည့်နေတာတော့သတိရပါ။
သင်မဟုတ်တာလုပ်တာနဲ့ ကျုပ်လဲနောက်တစ်ခါကယ်နိုင်မှာမဟုတ်ဘူး။
ထိုအခါ မုခလိက တပည့်နားလည်ပါပြီဟုပြောပြီး
အောင်မြတ်သာရှေ့ကနေ ဖြတ်ခနဲ ပျောက်ကွယ် သွားခဲ့တယ်။
နောက်နေ့မနက်မှာတော့
ထန်းတစ်ပင်ရွာထိပ်ကနတ်ကွန်းထဲမှာ
ပိတ်ဖြူ အဝတ်တွေပတ်ပြီး တောင်ဝှေးထောက်ကာ ရပ်နေတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ရုပ်ထုနဲ့
စာတစ်ကြောင်းအား ထူးဆန်းစွာတွေ့လိုက်ရ
လေတော့သည်။(ထိုရုပ်ထုက မုခလိမဟုတ်ပါ)
ထိုစာကား..
” မုခလိလိမ်မာသွားပီ “
လေးစားစွာဖြင့်
ဇေယန(ရာမည)
27.5.2018(11:17PM)
Uncategorized