September 10, 2025

သံယောဇဉ်​၏ အမျှဉ်တန်းကလေး

ကျော်ထင်သံယောဇဉ်​၏ အမျှဉ်တန်းကလေးခင်မင်မှုနှင့် သမုဒယသည် ဒုက္ခဖြစ်ကြောင်းပင် ဖြစ်၏။ သို့သော် သတ္တဝါတို့သည် သမုဒယကို မပယ်နိုင်ကြ။ သိမ်းဆည်းခြင်းလည်း မပြုနိုင်ကြ။ ထို့ကြောင့် ဒုက္ခဆင်းရဲ ဖြစ်ကြရ၏။xxx xxx xxxကြာတော့လည်း ကြာခဲ့ပါပြီ။ ကြာဆို နှစ်ပေါင်း ငါးဆယ်ကျော်ခဲ့ပြီ။ သည်အကြောင်းအရာကလေးက ကျွန်တော်တို့ရွာနှင့် ပတ်ဝန်းကျင်တွင် ယခုထိ မမေ့နိုင်ကြသေး။ပြောနေကျ၊ …

နဒီအတွင်းမှာ

လင်းယုန်တင့်ဆွေနဒီအတွင်းမှာရွာတန်းရှည်ဘက်မှ မီးရောင်မြင်လိုက်ရသဖြင့် အားစိုက်လှော်ရန် အားယူထားသော လှော်တက်ကိုင်ထားသည့် ကိုရင်မောင့်လက်တွေ တန့်သွားသည်။ မီးရောင်မြင်ရာကို ကိုရင်မောင် စူးစိုက်ကြည့်သည်။မီးရောင် အပေါ် မြောက်လာသည်။ ဘယ်ညာဝေ့ယမ်းနေသည်။သေချာပါပြီ။ မြစ်ထဲတွင် ပိုက်ချထားကြောင်း မော်တော် သို့မဟုတ် သင်္ဘောအား မီးအုပ်ဆောင်းဖြင့် အချက်ပြနေခြင်း ဖြစ်သည်။ကိုရင်မောင် စိတ်ဓာတ်ကျသွားသည်။ သူများထက်ဦးအောင် အိမ်က စောစောထွက်လာကာမှ …

ကလဲ့စား

ခိုင်ဇာထွန်း (ကျောက်ဖြူ)ကလဲ့စားအဝေးကိုမျှော်ကြည့်လိုက်လျှင် တမျှော်တခေါ် ရိုး ပြတ်တော့များနှင့် တောတန်းတောင်စွယ်အနီး အရိပ် ကောင်းသော နေရာများတွင် စပါးနယ်နေကြသော မိန်းမများကို တလှုပ်လှုပ် မြင်နေရသည်။စပါးပုံများကလည်း ကြီးသည်လည်း ရှိ၏။ ငယ်သည်လည်း ရှိ၏။ဤအထဲတွင် သိန်းဟန်နှင့် မအေးကြိုင်တို့၏ အပုံမှာ ကြီးမားသောအပုံတို့၏ ထိပ်ဆုံးဖြစ်နေသည်။ ကြီးရခြင်းအကြောင်းကလည်း ရှိနေသည်။မြစ်ကျယ်ကြီးမှ ထိုးတက်လာသော …

ယောကျ်ားပီသတဲ့မုဆိုး

မောင်စံထွန်း(ဥက္ကံ)ယောကျ်ားပီသတဲ့မုဆိုး(၁)တောလိုက်ဝါသနာပါသည်ဆိုသော လူငယ်နှစ်ဦး ဘန့်ကွေးစခန်းသို့ ရောက်ရှိလာသည်။ ယာဉ်မောင်းဦးလောကြီးနှင့် ခင်မင်သိကျွမ်းပြီး ရောက်ရှိလာကြခြင်းဖြစ်လေ၏။မှတ်မှတ်ရရ တောင်ကုန်းအမှတ် (၃) သစ်တောစခန်းမှ သစ်တောဝန်ထောက်ကြီး ဦးဖြိုးအောင် တည်ခင်းဧည့်ခံသော မီးပုံပွဲည၏ သာယာလှပသော ဧည့်ခံပွဲညမှာ အားလုံး ဆုံဖြစ်သွားကြ​၏။နံနက်ခင်းအစောကထည်းက ရောက်ရှိလာကြသည်ဖြစ်၍ ဘန့်ဘွေးကုန်းသစ်ထုတ်လုပ်ရေးစခန်းရှိ အင်မတန် သဘောကောင်းလှသော မန်နေဂျာကြီး ဦးကျော်လင်းနှင့်တကွ ကျောက်ချောင်း …

မှိန်းမိတဲ့ငါး

မောင်ခြိမ့်မှိန်းမိတဲ့ငါးကွေ့ကွေ့ကောက်ကောက် ချောင်းကလေးတစ်လျှောက် လှေကလေးကို ရေစုန်တွင် လှော်လာခဲ့သည်မှာ တစ်နာရီခန့်ရှိပြီ။ သို့သော် မြစ်မကြီးနှင့် ဆုံတွေ့ရာ ချောင်းဝသို့ မရောက်နိုင်သေးပါ။ည ဆယ်နာရီခန့်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်လုံး တိတ်ဆိတ်မှုက ဖုံးလွှမ်းလျက်ရှိ၏။ ချောင်းကလေး ဘယ်ညာကမ်းနှစ်ဖက်တွင် ပေါက်ရောက်လျက်ရှိသော လမုပင်များ၊ မိုးမခပင်များ၊ သပြေပင်များတွင် မှိတ်ချည်လင်းချည်ဖြင့် ဟိုမှသည်မှ သွားလာရွေ့လျားနေသော …

ကျွန်ုပ် အိမ်သို့မပြန်နိုင်

ကုမုဒြာကျွန်ုပ် အိမ်သို့မပြန်နိုင်ဒိုက်သရောကင်းခြင်းဖြင့် အသရေတင့်သော မြစ်ပြင်သည် လရောင်အောက်ဝယ် ပြန့်ပြူးရှင်းသန့်နေ၏။အဝေးပျပျမှ ချိုးကူသံသဲ့သဲ့သည် နက်ရှိုင်းသော မြစ်ပြင်ကို သတ္တိကင်းစိမ့်သောငှာ မတတ်နိုင်ခဲ့။ဗေဒါအုပ်စုတို့သည် ဣန္ဒြေကြီးစွာဖြင့် ရွေ့လျားနေ၏။ ဗေဒါသည် မြစ်လယ်ကို ကြောက်လန့်ဟန်ဖြင့် ခပ်ဖယ်ဖယ်ပြုနေ၏။ စုန်ဆင်းရသည်မှာ ပညာပါလှ၏။ တစ်ဖန် ဆန်တက်ရသည်မှာလည်း ထို့ထက်ပို၍ ရင်ခုန်စရာ ကောင်းပြန်၏။မိုးနှင့်ဆောင်း ရောသော …

အန္တရာယ်နှင့် လက်တစ်ကမ်း

ခင်မောင်အေး (မန္တလေး)အန္တရာယ်နှင့် လက်တစ်ကမ်းမိုးကလေး နည်းနည်းပြတ်ပြီဆိုလျှင် နှမ်းပင်များက တစ်ထွာတစ်ထောင်မျှ မြင့်တက်လာခဲ့ပြီ ဖြစ်၏။အညွန့်အညှောက်ကလေးက တလူလူဖြင့် လေအဝှေ့တွင် ဝေ့ကာဝိုက်ကာ ဘယ်ညာယိမ်းလျက်ရှိသော နှမ်းပင်ပေါက်ကလေးများကို တောတိုးမုဆိုးတစ်ဦးအဖို့မူ လှုပ်ရှားလျက်ရှိသော အနှီနှမ်းပင်လေးများက တောအမဲသတ္တဝါ ချေ၊ ဒရယ်နှင့် ဆတ်ဖားကြီးများအား မျက်စပစ်၍ ညှို့ခေါ်လျက် ရှိပြီဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ရပေသည်။နှမ်းခင်းများအကြား …

ရေသာခိုသူ

မောင်သိက္ခာရေသာခိုသူ(၁)ဧရာဝတီမြစ်ရေသည် ဒေါမာန်ထနေသော မြွေနဂါးကြီးနှယ် ဟိန်းဟောက်ကာ တရကြမ်း စီးနေ၏။နွေရာသီတုန်းကကဲ့သို့ ရေပြင်မှာ မကြည်လင်။ နောက်ကျိနေ၏။ မြစ်ရေပြင်တွင် မှုတ်ဝဲကြီးများမှာ ပွက်ပွက်ဆူနေသည်။ စုပ်ဝဲကတော့ကြီးများကလည်း အနားသို့ ရောက်လာသမျှ မလွတ်တမ်း ရေအောက်သို့ စုပ်ယူပြီး ဆွဲနှစ်နေသည်။အထက်မှ ကမ်းပြိုကာ မျောလာသော၊ လူကြီးလက်တစ်ဖက်ခန့်ရှိ သစ်ပင်ကြီးတစ်ပင်သည် စုပ်ဝဲကတော့ကြီးတစ်ခု၏ နှုတ်ခမ်းသားဘေးတွင် …

ကိုယ်တိုင်ဖမ်း ကိုယ်တိုင်ချက်သည့် ငါးလိပ်ကျောက်ဟင်းတစ်ခွက်

မောင်မောင်မိုးအောင်ကိုယ်တိုင်ဖမ်း ကိုယ်တိုင်ချက်သည့် ငါးလိပ်ကျောက်ဟင်းတစ်ခွက်“ဆရာတာဝန်ထမ်းဆောင်ရမယ့် ကျောင်းက ဟောဒီနေရာမှာ ရှိတာ”ကော့သောင်းမြို့နယ် ပညာရေးမှူးက မြေပုံကားချပ်ပေါ် ထောက်ပြရင်း ကျွန်တော့်ကို ဆက်၍ ရှင်းပြသည်။“ဒီကျွန်းက ဖလော်ကာကျွန်းလို၊ ဒါက ပြာနီကျွန်း၊ ဟောဒီကျွန်းကြီးက ဇာဒက်ကြီးကျွန်းပဲ။ တွဲဖက်အလယ်တန်းကျောင်းက ဇာဒက်ကြီးကျွန်းပေါ်မှာ ရှိတယ်”မြေပုံအရ မြန်မာပြည်တောင်ဘက်အစွန်းတွင် တည်ရှိသည့်နေရာ ဖြစ်သည်။ ထိုနေရာသို့ ကျွန်တော် …

မြေထိုင်ဝက်ဝံ

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)မြေထိုင်ဝက်ဝံညနေစောင်းဘက်သို့ ရောက်ရှိခဲ့သည်ကြောင့် နေလည်း ချိုလာသလို အိပ်တန်းနီးကပ်နေသော အောင်လောင်ငှက်ကြီးတွေက တဝေါဝေါအော်မြည်ကာ တကောင်နှင့် တကောင် အသံပြုနေကြလေပြီ။မြိုင်ဆန်လှသော တောတပြင်၏ အခြေအနေတွေကလည်း နှင်းရိပ်လိုက်ကာ အေးမြသောကာလကို ဖန်တီးစ ပြုလာပါသည်။ကျွန်တော်သည် လမ်းပြ တောကျွမ်းကျင်သူ ကိုတိုက်မောင်ကို ခေါ်ယူကာ ညနေ အိပ်တန်းထချိန် အမဲသားကောင် ရှာဖွေခြင်း၊ …