August 6, 2025
Uncategorized

ဗုံး

ကျောင်းကုန်းဧည့်မှူးဗုံး(၁)“ကျောက်ခွေးကြီးနော်… အဖမ်းခံနေရမယ်၊ ကြည့်လုပ်ဦး”ကျောင်းခြံဝကနေ၍ လှမ်းနောက်ပြောင်လိုက်သော ကျောင်းဆရာ ကိုဘချောကို ကျောက်ခွေး “အဟဲ” ဟူသော တစ်ချက်ရယ်ပြနိုင်သည်။စကားခွန်းတုံ့ မပြန်နိုင်။ ငါးထောင်မည့်နေရာသို့ အမြန်ရောက်ရေးကိုသာ ကျောက်ခွေး စိတ်စောနေသည်။သူသည် ပုစွန်ဆီရောင်ပြေးနေသော ကောင်းကင်ကို မျှော်ကြည့်ရင်း ခြေလှမ်းကို မပြေးရုံတမယ် လှမ်းသည်။ ပခုံးထမ်းပေါ်က ငါးဖမ်းကိရိယာတို့၏ ဝန်ကြောင့် စိတ်ဆောင်သလောက် …

Uncategorized

ပင်လယ်မှာ ပျော်ဝင်တဲ့ည

မိချမ်းဝေပင်လယ်မှာ ပျော်ဝင်တဲ့ညလှုပ်လှုပ်ခတ်ခတ်ဖြင့် လက်လက်ဖြာနေသော ရေပြင်တွေ ဘော့ကွင်းထိပ်မှ ဒရဝမ်မီးအိမ်ကလေးက ဝေလကို မျက်စပစ်ပြနေသည်။ လရထားသည် တိမ်ဇာလွှာပါးနောက်တွင် တရွေ့ရွေ့ သွားနေသည်။ကြည့်လေမြင်လေရာတိုင်းတွင် ရေပြင်ကျယ်ကြီး များသာ မြင်ရသော်လည်း ဝေလ၏စိတ်ကို လှုပ်ခါခြင်းငှာ မစွမ်းသာတော့။ အတွေ့အကြုံသည် စိတ်ဓာတ်ကြံ့ခိုင်မှုအတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ပြီ။နောက်အားဆေးတစ်ခွက်က ‘ရေချို’၊ ရေပြင်ထဲ ရက်ရှည်ထွက် …

Uncategorized

လူသာလျှင်

မောင်လွမ်းသူလူသာလျှင်တစ်နေ့က မိတ်ဆွေတစ်ဦးနှင့် ဆုံမိ၍ သူက စကားဆန်းတစ်ခု ပြောသည်။“ခင်ဗျားတို့မုဆိုးတွေဟာ ဖဲသမားနဲ့ အတူတူပဲ”“ဟာ… ဘာကြောင့်လဲဗျာ”“ဖဲသမားဟာ သူနိုင်ခဲ့တာတွေပဲ ပြောတတ်တယ်။ ရှုံးခဲ့တာတွေတော့ ထည့်မပြောဘူး။ ခင်ဗျားတို့လဲ အတူတူပဲ။ ဘယ်တုန်းက ဘာကောင်ကြီး ပစ်လို့ ရလိုက်တယ်၊ ဘယ်လို ခက်ခက်ခဲခဲ စွန့်စွန့်စားစား ပစ်လိုက်ရတယ်ဆိုတာပဲ ပြောတတ် ရေးတတတ်တယ်။ …

Uncategorized

ဇွဲကျွတ်ခပန်းမှာ ဝေတဲ့နှင်း

မောင်ဧရာ(ရာမည)ဇွဲကျွတ်ခပန်းမှာ ဝေတဲ့နှင်းစာစဉ် (၁)ငွေနှင်းရည်တချို့ကတော့ ဝါးရွက်တွေပေါ်တွင် ယီးလေ့ခိုတွဲရစ်ကြသည်။မကြာ… ဆောင်းလေသုတ်အဖြူးတွင် ခိုတွယ်ခြင်းငှာ မစွမ်းသာတော့ဘဲ မြေပေါ် တဖြုတ်ဖြုတ်ကြွေသက်ကုန်ကြ၏။ထိုခဏ၌ နုထွေးထွေး နေခြည်သစ်က ဆောင်းပုဝါကိုလှစ်ဖို့ရာ မြစ်သောင်ရင်း အရှေ့ကမ်းက တောင်တန်းအချို့ပေါ် မေးတင်လာချေတော့သည်။ပါးလျသည့်ထုထည်သည် စူးထက်သော ထွင်းဖောက်မှုကို မခံနိုင်သည့်အဆုံး ဇွဲကျွတ်တောင်မင်းဆီမှ ဇာချည်လွှာပဝါပါးသည် လျော့တိလျော့ရဲနိုင်စွာ ပြေကျလာခဲ့သည်။စင်စစ် နှင်းသည် …

Uncategorized

မေတ္တာအရှင် ကရုဏာသခင်

မောင်သွေးချွန်မေတ္တာအရှင် ကရုဏာသခင်စကားဆိုတာ စကားလောက်ပဲ ပြောရင် ကောင်းတယ်။ ပိုလာလို့ ကားသွားရင် အလကား ဖြစ်သွားတော့တာပဲ။ကြွားတဲ့စကားမှန်သမျှ နားကြားပြင်းကတ်စရာ ကောင်းတယ်။ မနေ့တစ်နေ့ကမှ ကျုပ်တို့ဆင်ဝိုင်းကို ပြောင်းလာပြီး ပြောလိုက်တဲ့ ဆင်တွေအကြောင်း ဆင်ခေါင်းကြီးတောင် ခေါင်းနောက်နေပြီ။ဘယ်လောက်များ မသိသား ဆိုးရွားလိုက်တဲ့ ကောင်လဲ။ ဆင်ဦးစီးချင်းအတူတူ ဘိန်းတစ်လုံး ပိုရှူချင်တဲ့ကောင်။ လူက …

Uncategorized

အင်းသူကြီး ဗူးသီးစား

ပုသိမ်လှမိုးအင်းသူကြီး ဗူးသီးစားဆည်တိုင်များပေါ်ရှိ ကြက်လျှာသဏ္ဌာန် ပိတ်စ အလံနီ၊ အလံဖြူစကလေးများသည် နုသစ်စနေခြည် အောက်တွင် လှုပ်လူးလျက်ရှိသည်။အလံစကလေးများ၏ အောက်ခြေရှိ အင်းချောင်းကို ဖြတ်ကာထားသော ယင်းချပ်များ၏ အ ရိပ်သဏ္ဌာန်သည် အင်းရေပြင်ထက်ဝယ် ခပ်စွေစွေ ထင်ဟပ်နေသည်။“ရေငုတ်ကြီး” (အင်းနတ်) အား ပသထားသော တောအရက်ပုလင်း၏ဘေး ဆည်တိုင ငုတ်ပေါ်တွင် ငှက်ခါးတစ်ကောင်သည် …

Uncategorized

ဒီးကလုတ်က ဖြူဖုတ်ပွဲ

ဝန်းရံခဒီးကလုတ်က ဖြူဖုတ်ပွဲလံထင်းသယ်ယူရေးအတွက် ရက်ချိန်းယူရန် ဒီးကလုတ်တောင်အနီးရှိ မြေနီကွင်းရွာသို့ ရောက်ရှိနေသော ကိုရဲလေးတစ်ယောက် ရွာလယ်ရှိ စောသာဦးအိမ်သို့ ဝင်လေရာ ကိုရဲလေးအား ခြေတံရှည် အိမ်ကလေးပေါ်မှ စောသာဦး မြင်သည်နှင့် ချက်ချင်းပင် အိမ်ပေါ်က ပြေးဆင်းလာပြီး ခရီးဦးကြိုလေသည်။“ဝေ့ ကိုရဲလေး ဘယ်တုန်းကရောက်သလဲ ဟ”“ဒီနေ့ပဲ ကိုကြီးစောရေ။ မြင်းခြံသားဆီက သီဟိုဠ်ကိုင်းခြောက်တွေ …

Uncategorized

သမုဒယ ဒီရေတော

ရဲရင့်ကျော်သမုဒယ ဒီရေတော“ဟေ့ကောင် … ရေသံမကြားအောင် လှော်နော်”လှေဦးကနေ၍ သတိပေးလိုက်သော တာတီး၏ အသံကို ကြားတော့ အောင်ဒိုးတစ်ယောက် စိတ်ထဲမှာ ထောင်းခနဲဖြစ်ပြီး ဒေါသတွေ အလိပ်လိုက်ထတော့သည်။အိမ်ကထွက်မလာမီက သူ့ကို ဆူလိုက်၊ ပြောလိုက်၊ ဟောက်လိုက် လုပ်နေခဲ့သော ဖအေကို မကျေနပ်ရသည့်အထဲ အချင်းချင်း ဆရာလုပ်ခံရသောအခါ ပို၍ စိတ်တိုနေမိသည်။ဘယ့်နှယ် …

Uncategorized

ကျားနို့ခဲ

ကျော်မင်းညွန့်(လှည်းကူး)ကျားနို့ခဲလေကလေးက တစ်ချက်သိမ့်လိုက်သည်။ကိုမျိုးနှင့် မစ္စတာသောမတ် (စ်) ရှေ့တွင် ပေနှစ်ရာခန့် ရေလွှာလျှောစီးပုံသဏ္ဌာန် မြင့်၍ သွယ်လျလာ သည့် ဖြူဖွေးနေသည့် ကျောက်နံရံကြီး။ ကျောက်နံရံကြီးမှာ မိုးကာလက တောင်ကျရေများ စီးဆင်းသည့် ရေတံခွန်ပုံစံ ဖြစ်ခဲ့ပုံရသည်။ ရေစီးရာ ကျောက်သားများမှာ ဖြူဖွေးနေပြီး ချုံအနည်းငယ်သာ ပေါက်နေသည်။ကိုမျိုးက အပေါ်သို့ မော့ကြည့်လိုက်သည်။တဖြည်းဖြည်း …

Uncategorized

ဟင်းမျိုးနှင့် သတင်းဆိုး

မောင်မြင့်မား(ဘိုကလေး)ဟင်းမျိုးနှင့် သတင်းဆိုးတောင်ကျချောင်းရေက အရှိန်အဟုန်နှင့် စီးနေသည်။ ချောင်းတစ်လျောက် သစ်ကိုင်း၊ သစ်ခက်၊ သစ်တုံး၊ တောတိရစ္ဆာန်နှင့် အမှိုက်သရိုက်များပါမကျန် ရေလုံးနှင့် မျောပါလာသည်။တောင်ပေါ်တွင် မိုးညိုလာပါက သတိထားရသည်။ မိနစ်ပိုင်းအတွင်း တောင်ကျရေများ ဒလဟော ထိုးဆင်းလာတတ်သောကြောင့် ဖြစ်သည်။ဦးတက်ခေါင်နှင့် စောဂျိမ်းက မိုးရွာလာလျှင် အဆင်သင့်ဖြစ်အောင် စစ်မိုးကာကြီးနှစ်ခုကို စပ်ကာ အောက်မှ …